Wednesday, February 18, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၂)

သစ်ထူးလွင်


Posted: 18 Feb 2015 08:00 AM PST
ယူကရိန်းနိုင်ငံမှာ အပစ်ရပ်သဘောတူညီချက် ရပြီးတဲ့နောက်အထိ တိုက်ပွဲတွေဆက်ဖြစ်နေခဲ့တဲ့ Debaltseve မြို့ကနေ အစိုးရတပ်ဖွဲ့တချို့ စပြီး ရုပ်သိမ်းနေပြီလို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က ဗွီဒီယိုကတဆင့် ပြောတဲ့ကြေညာချက်မှာ သမ္မတ Petro Poroshenko က ယူကရိန်းတပ်ဖွဲ့တွေနဲ့ အရံတပ်ဖွဲ့တွေဟာ Debaltseve ကနေ စနစ်တကျ ဆုတ်ခွာနေပြီလို့ ပြောဆိုထားပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင် ၈၀ ရာခိုင်နှုန်းလောက် မြို့ကထွက်ခွာ
Posted: 18 Feb 2015 07:54 AM PST
ရှမ်းပြည်နယ်တိုက်ပွဲမှာ နေရပ်ပြန်သူတွေကို ကူညီပို့ဆောင်ရင်း သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် (၂) ဦးကို ကွမ်းလုံဆေးရုံကနေ လားရှိုးဆေးရုံကို ပြောင်းရွှေ့ကုသပေးနေတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြောပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း အမှုဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်လှက “သူတို့ကို ဒီကနေ့မနက်ကိုတော့ ကွမ်းလုံဆေးရုံကနေပြီးမှ လားရှိုးပြည်သူ့ဆေးရုံကြီးကို ပို့လိုက်ပြီလို့ သိရ
Posted: 18 Feb 2015 07:51 AM PST
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ် နဲ့ နမ့်ခမ်းသွား ကားလမ်းပေါ်မှာ အစိုးရတပ်ယာဉ်တန်းတခု ဆွဲမိုင်းမိပြီး အစိုးရတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရသွားပါတယ်။ မူဆယ်မြို့ အနောက်ဘက် ၅ မိုင်အကွာ ဆိုက်ခေါင်ကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၄ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ မူဆယ်မြို့နယ်ရဲစခန်း တာဝန်ကျ ဒုရဲအုပ်တဦးက ဒီဗွီဘီကို ပြောပါတယ်။ အစိုးရတပ်ဖွဲ့ဝင် ဒဏ်ရာရသူ ၂ ဦးဟာ ပေါင်၊ နားထင် နဲ့ ပါးတွေ
Posted: 18 Feb 2015 07:44 AM PST
အာဖဂန်နစ္စတန်နိုင်ငံက အကြမ်းဖက် ပဋိပက္ခတွေအတွင်း အရပ်သားသေဆုံးသူ အရေအတွက် လွန်ခဲ့တဲ့နှစ်ကထက် ၂၅ ရာခိုင်နှုန်း ပိုများလာပြီး ဒါဟာ ၂၀၀၉ ခုနှစ်ကစလို့ အမြင့်ဆုံး အနေအထားကို ရောက်လာတာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ တိုက်ပွဲတွေအတွင်း သေဆုံးသူအရပ်သား ၃၇၀၀ လောက်ရှိခဲ့ပြီး ၆၈၀၀ ကျော် ဒဏ်ရာခဲ့ကြတဲ့ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်အရေအတွက် အတော်များများလည်း 
Posted: 18 Feb 2015 07:41 AM PST
တိုက်ပွဲပြင်းထန်နေတဲ့ လောက်ကိုင်မြို့က စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးတဲ့ ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ဒါဟာ နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖောက်ရာကျပြီး မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပြောဆိုလိုက်ပါတယ်။ ဒီတိုက်ခိုက်ခံရမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြန်မာသတင်းသမားတဦးကတော့ အရပ်သားတွေကို တိုက်ခိုက်တာဟာ လူမဆန်တဲ့ လုပ်ရပ်အဖြစ် ရှုတ်ချလိုက်ပါတယ်။ အျ
Posted: 18 Feb 2015 07:38 AM PST
ကချင်ပြည်နယ်မှာ စစ်တပ်တစ်ခု တပ်စွဲထားစဉ် / Photo: RFA ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ ကပ်မှော်ဇွပ်ကျေးရွာအနီးမှာ အစိုးရ စစ်ယာဉ်တန်း တိုက်ခိုက်ခံရတဲ့အတွက် အနီးဝန်းကျင်က ခရီးသွား တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိတယ်လို့ ကချင်ပြည် နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖားကန့်ကနေ မိုးကောင်းကိုလာတဲ့ စစ်ယာဉ်တန်းဟာ မနေ့က တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦး
Posted: 18 Feb 2015 07:35 AM PST
ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်မြို့ကို ချီတက်လာစဉ် / Photo: Hset Paing Toe/RFA ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ကို ရောက်ရှိနေတဲ့ ပညာရေးဥပဒေ သပိတ်မှောက် စစ်ကြောင်းဟာ သပိတ်ကို ဒီလ၂၆ ရက်နေ့အထိ ယာယီရပ်နား လိုက်ပါတယ်။ မနက်ဖြန်ကစပြီး အခြေခံပညာကျောင်းတွေမှာ စာမေးပွဲဖြေဆိုကြမှာဖြစ်တာကြောင့် စာမေးပွဲပြီးမယ့် ဒီလ ၂၆ ရက်နေ့အထိ လက်ပံတန်းမြို့မှာ သပိတ်ကို ရပ်နားထားမှာဖြစ်တယ်လို့ သပိ
Posted: 18 Feb 2015 05:53 AM PST
ရက် ၄၀ အတွင်း တရုတ် လူမျိုး သန်း ၃ ထောင်လောက် ခရီးထွက်ကြမယ်လို့ ဆို အာရှတိုက် တဝန်းမှာ တရုတ် ရိုးရာ သိုးနှစ်ကို ကြိုဆိုဖို့ နှစ်သစ်ကူး ပွဲတော်တွေကို စတင် ကျင်းပ နေကြပါတယ်။ တရုတ် နိုင်ငံမှာတော့ မြို့ကြီးတွေမှာ အလုပ်လုပ်နေ ကြတဲ့ သန်း ထောင်ချီတဲ့ တရုတ် လူမျိုးတွေ ဇာတိ ရပ်ရွာတွေဆီ အပြန်ခရီး အသီးသီး ထွက်ခွာ နေကြပါတယ်။ ရက်ပေါင်း ၄၀ အတောအတွင်း လေယာဉ်၊ ရထားနဲ့ ကားလမ်း တွေကနေ တရုတ် ခရီးသွား သန်း ၃ေ
Posted: 18 Feb 2015 05:28 AM PST
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာတော့ ရှစ်လေးလုံးကာလ စစ်အစိုးရအနေနဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်တို့နဲ့ အပေးအယူ လုပ်ခဲ့တာဟာ နောင် ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ကို ထည့်မစဉ်းစားဘဲ ဆူလွယ်နပ်လွယ် သဘောမျိုး လုပ်ခဲ့တာလား၊ နိုင်ငံရေး ပြေလည်မှုမရှာဘဲ ဘာကြောင့် စစ်ရေး စီးပွားရေး အခွင့်အရေးတွေ ပုံအောပေးခဲ့ရသလဲဆိုတာကို ထိုစဉ်က စစ်ထောက်လှမ်းရေးအရာရှိ ဦးအောင်လင်းထွဋ် နဲ့ ဦးေ
Posted: 18 Feb 2015 05:11 AM PST
သက်ကြီးရွယ်အိုတွေ အပါအ၀င် မိကျောင်းကန်ဆန္ဒပြသမား ၁၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် စုစုပေါင်း ၆ လ စီ ဒီကနေ့ ချမှတ်လိုက်ပါတယ်။ ရန်ကုန်မြို့တော်ခန်းမ အ၀င်လမ်းကို ပိတ်ဆို့ဆန္ဒပြတဲ့အတွက် ထောင်ဒဏ်ချခံရတာဖြစ်ပြီး ထောင်ကျသွားသူတွေထဲမှာ အသက် ၆၈ နှစ်အရွယ် အဘွားအိုတွေလည်း ပါဝင်တယ်လို့  ဆန္ဒပြသူတွေရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ “မိကျောင်းကန်ကသူတွေကို ဒုရဲမှူး ဦးတင်လှကနေပြီးတော့ြ
Posted: 18 Feb 2015 05:06 AM PST
မနေ့က ဆန္ဒပြနေကြစဉ်- ဓာတ်ပုံ အိမမမွန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက လုပ်ခလစာတိုမြင့်ရေး အလုပ်သမား ဆန္ဒပြမှုတွေအတွင်း ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့  ဥပဒေအရ အရေးယူမယ်လို့ သတိပေး ချက်ထုတ် ပြန်ပါတယ်။ ရန်ကုန်၊ ရွှေပြည်သာနဲ့ လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံတချို့က အလုပ်သမားဆန္ဒပြပွဲတွေကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကိုယ်တိုင် မနေ့က ကြားဝင်ညှိနှိုင်းပြီး နာရီပိုင်းအကြာ မှာ ထုတ်ပြန်ခဲ့တာပါ။ 
Posted: 18 Feb 2015 12:34 AM PST
လောက်ကိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာပြမြေပုံ။ Photo: Hmuu Zaw မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ကိုးကန့်ဒေသ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပြည်တွင်းက တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ဝေဖန်ပြောကြား လိုက်ပါတယ်။ ဒီပြသနာရဲ့ နောက်ကွယ်မှာ လက်ပံတောင်းတောင် ၊ မြစ်ဆုံစတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေတွေ
Posted: 18 Feb 2015 12:34 AM PST
မြန်မာကြက်ခြေနီဝန်ထမ်းတဦး ပြင်းထန်စွာ ဒဏ်ရာရရှိ။ ကိုးကန့်ဒေသ ပဋိပက္ခ ပိုမိုဆိုးရွားလာတာကြောင့် ဖွဲ့စည်းပုံအရ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို သမ္မတ ဦးသိန်းစိန်အစိုးရက ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကြေညာလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနယ်စပ်ဒေသ ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေတွေ ပြင်းထန်လာတဲ့အပေါ် အထူးစိုးရိမ်နေကြောင်း ကုလသမဂ္ဂကလည်း အင်္ဂါနေ့က ပြောလိုက်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ကိုးကန့်ပဋိပ
Posted: 18 Feb 2015 12:34 AM PST
ထိခိုက်ဒဏ်ရာရသူ ၄ ဦး (ဓာတ်ပုံ - မိုးထက်အာကာ) မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်အချို့ (ဓာတ်ပုံ - မိုးထက်အာကာ ဖေ့စ်ဘွတ်ခ်) ပန်ကိုင်ကျေးရွာ (ဓာတ်ပုံ – မိုးထက်အာကာ) ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တိုက်ပွဲ ဖြစ်လို့ တိုက်ပွဲအနီး ပန်ကိုင်ရွာသား ကလေးငယ် လက်နက်ကြီးစ ၉ စထိမှန်ဒဏ်ရာရခဲ့သလို အမျိုး သမီး ၁ ဦးနဲ့ ရွာသား ၂ ဦးလည်း  ဒဏ်ရာရပါတယ်။ လားရှိုးကနေ 
Posted: 18 Feb 2015 12:33 AM PST
အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်ပြီး ချီတက်နေတဲ့ ပင်မ ကျောင်းသား သပိတ် စစ်ကြောင်းက ပဲခူးတိုင်း မင်းလှမြို့ကနေ လက်ပံတန်းမြို့ကို ဆက်လက် ချီတက်နေပြီး တိုင်းနဲ့ ပြည်နယ်အသီးသီက ကယန်းနဲ့ ချင်းတိုင်းရင်းသား သမဂ္ဂတွေနဲ့ တခြား သမဂ္ဂ၀င် မဟုတ်သူတွေကလည်း လာရောက် ပူပေါင်းမှုတွေကို ရှိနေတယ်လို့ ဆိုပါတယ်။ တနင်္သာရီ၊ မွန်၊ မြေလတ် သပိတ်စစ်ကြောင်းက ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းနဲ့ ဧရာဝတီစစ်ကြောင်းကတော့
Posted: 18 Feb 2015 12:33 AM PST
ဘဂ္ဂဒက် ၊ ၁၈-၂-၂ဝ၁၅ ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ အနောက်ပိုင်းရှိ မြို့တစ်မြို့တွင် လူပေါင်း ၄၅ ဦးကို မီးရှို့သတ်ဖြတ် ခဲ့ကြောင်း သိရသည်။ အဆိုပါ ISIS စစ်သွေးကြွ များသည် ယခု သတ်ဖြတ်ခြင်း ခံရသူများကို မည်သည့် အကြောင်းအရင်း ကြောင့် သတ်ဖြတ်ခဲ့ခြင်း နှင့် သတ်ဖြတ်ခံ ရသူများမှာ မည်သူတို့ ဖြစ်ကြောင်းကို အတိအကျ မသိရသေး သော်လည်း မီးရှို့ သတ်ဖြတ် ခံရသူများမှာ ISIS စစ်သွေးကြွ အဖွဲ့က လွန်ခဲ့သည့် ရ
Posted: 18 Feb 2015 12:19 AM PST
အစ္စလာမ္မစ် (အိုင်အက်စ်)အဖွဲ့က လူခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြုတ်ယူပြီး စစ်ဆင်ရေး အတွက် ငွေကြေး ထောက်ပံ့ဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ စွဲချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စုံစမ်းပေးဖို့ အီရတ်နိုင်ငံဆိုင်ရာ ကုလ ကိုယ်စားလှယ်က လုံခြုံရေး ကောင်စီမှာ တောင်းဆိုလိုက်ပါတယ်။ ခွဲစိတ်ရာတွေနဲ့ ကျောက်ကပ်နဲ့ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပျောက်ဆုံးနေတဲ့ အလောင်းတွေ မြုပ်ထားတာကို အရင်အပတ်က တွေ့ခဲ့ရတယ်လို့ သံ
Posted: 18 Feb 2015 12:17 AM PST
ဓာတ်ပုံ – ရိုက်တာ ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့က ရဲဌာနချုပ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပေါက်ကွဲမှုကြီးတခုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၇ ဦး သေဆုံးတယ်လို့ ရဲက ပြောပါတယ်။ ရဲအဆောက်အဦနားက ကားကနေ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး အသေခံဗုံးခွဲတိုက်ခိုက်တာ ဟုတ်၊ မဟုတ် မသိရသေးဘူးလို့ ရဲပြောခွင့်ရ နာဘီးလာ ဂါဇန်ဖာက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ဘယ်နှယောက်က ရဲတွေလဲဆိုတာ ရှင်းရှင်း လင်းလင်း မသိရေ
Posted: 17 Feb 2015 05:59 PM PST
အမေရိကန် ကာကွယ်ရေး ၀န်ကြီးသစ်အဖြစ် Ashton Carter ကို အင်္ဂါနေ့က ကျမ်းသစ္စာကျိန်ဆို ခန့်အပ်လိုက်ပါတယ်။ အသက် ၆၀ အရွယ် မစ္စတာ Carter ဟာ အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားရဲ့ ၆ နှစ်တာ သမ္မတသက်တမ်း ထမ်းဆောင်ခဲ့တဲ့ကာလအတွင်း စတုတ္ထမြောက် ခန့်အပ်ခြင်းခံရတဲ့ ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်ပါတယ်။ မစ္စတာ Carter ဟာ ကာကွယ်ရေးဝန်ကြီးဟောင်း Chuck Hagel ရဲ့နေရာကို အစားထိုးမှာဖြစ်ပါတယ်။ ၀ါရှင်တန်မြို့တော်မှာ နှ
Posted: 17 Feb 2015 05:53 PM PST
ကိုးကန့်ဒေသမှ ထွက်ပြေးလာကြသည့် စစ်ပြေးဒုက္ခသည်များ မြန်မာအစိုးရ တပ်တွေနဲ့ ကိုးကန့် တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ပြင်းထန် နေတာကြောင့် ဒေသခံပြည်သူတွေ တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်ထဲက ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ တရုတ်အစိုးရက အပစ်အခတ်ရပ်စဲဖို့ အကြိမ်ကြိမ် တောင်းဆို နေတဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တရုတ်နိုင်ငံ ဘက်မှာလည်း စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း 
Posted: 17 Feb 2015 05:42 PM PST
တောင်းဆိုချက် အတည် မဖြစ်မချင်း သပိတ် ဆက်မယ် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ကို ကန့်ကွက် ဆန္ဒပြတဲ့ ကျောင်းသား ပင်မ သပိတ် စစ်ကြောင်း ဟာ မနေ့ က မင်းလှမြို့ က ဆက်လက် ချီတက် ပြီး လက်ပံတန်း မြို့မှာ ညအိပ် ရပ်နား ခဲ့ပါတယ်။ ဒီနေ့ အခြေခံ ပညာ ကျောင်း စာမေးပွဲ တွေ စ ဖြေချိန် ဖြစ်တဲ့ အတွက် ပင်မ သပိတ်စစ်ကြောင်းက ချီတက်မှုတွေ ရပ်နား ထားမယ်၊ နောက်ရက် ဆက်ချီတက် မယ် ဆိုရင်လည်း ကြွေးကြော်သံ အော်ဟစ်တာလို တောင်း
Posted: 17 Feb 2015 03:09 PM PST
ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၅ ဖေဖေါ်ဝါရီ ၉ ရက်နေ့မှ စ၍ ယနေ့အထိ သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း ဖြစ်ပွားနေသော မြန်မာ အစိုးရ တပ်မတော်နှင့် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲကြောင့် လားရှိုးမြို့ဘက်စစ်ဘေး ရှောင် လာသည့် သူများစာရင်း ၄၀၀၀ ကျော်ပြီဖြစ်ကြောင်း လားရှိုးမြို့ မန်ဆူကျောင်းထိုင် ဆရာတော် က မိန့်ကြားတော်မူသည်။ သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ကိုးက
Posted: 17 Feb 2015 11:57 AM PST
ရာဂျက်စသန် ဖေဖော်ဝါရီ ၁၇ အိန္ဒိယနိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ရထားတွဲသန့်စင်ခန်းတစ်ခန်း တွင် ကလေးမွေးဖွားခဲ့ပြီးနောက် မွေးကင်းစကလေးမှာ ရထားသံလမ်းများကြား ကျရောက်သွားခဲ့သော်လည်း အသက်ရှင်ခဲ့သည်။ မာနူအမည်ရှိ အမျိုးသမီးသည် ရထားတွဲသန့်စင် ခန်းအတွင်း ကလေးမွေးဖွားပြီး နောက် သတိလစ်နေခဲ့သည်။ မာနူသည် ယခုအခါ သူ၏ သားငယ်နှင့် ပြန်လည်ဆုံတွေ့ခဲ့ရပြီဖြစ်သည်။ ရထားလမ်းအနီးရှိ ကုန်လှောင်ရုံ စောင့်တစ်ဦးက ကလေး
Posted: 17 Feb 2015 11:49 AM PST
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇ ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နေ ဒေါ်***(၅၃)နှစ်သည် မင်္ဂလာဆောင်သွားပြီး နေအိမ်သို့ ပြန်ရောက်စဉ် သမီးဖြစ်သူ မ****(၁၄)နှစ်မှာ အိမ်ခန်းအတွင်း တံခါးများပိတ်ကာ တစ်ဦးတည်း နေသဖြင့် မေးမြန်းခဲ့သည်။ မေးမြန်းချက်အရ ဒေါ်*** မင်္ဂလာဆောင်သို့ သွားနေစဉ် မ****မှာ အိမ်နီးချင်းနေ ဦးအိုက်လှိုင် (၅၆)နှစ်၏ နေအိမ်သို့ TV ကြည့်ရန် 
Posted: 17 Feb 2015 11:43 AM PST
ကြည်းမြင့်တိုင် တဖက်ကမ်း အေးရွာ ဘလုပ်ညွန့်ကျေးရွာ မီးလောင်ရာတွင် ငွေကျပ် သိန်းနှစ်ရာကျော် ဆုံးရှုံးခဲ့ပြီး လူဦးရေ(၈၃၇)ဦးနှင့် အိမ်ထောင်စုပေါင်း(၂၄၇)စု အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကြည့်မြင့်တိုင်မြိုနယ်တဖက်ကမ်း၊ အေးရွာဘလုပ်ညွန့် စက်ကလေးရပ်ကွက်၊ ကံအေးသာ ၁ လမ်းမှ အိမ်ရှင်ရန်နိုင်ထွန်း (ခ) ထွန်းထွန်ဝါးခင်းအိမ်မှ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ည ၇ နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...