Monday, January 12, 2015

"Globalization"



Sociology of Globalization အတန်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းကို ဒိုင်းမင်းရှင်းတွေနဲ့ လေ့လာရတယ်..။ Political Dimension, Economic Dimension, Cultural Dimension, Environmental Dimension စသဖြင့်ပေါ့...။ တကယ်တော့လည်း ဒီ ဒိုင်မင်းရှင်းတွေဟာ တစ်ခုနဲ့ တစ်ခု အတွင်းကျကျ ဆက်စပ်ယှက်လိမ်နေတာ...။
ဒီလောက်ကြီးတဲ့ ဘာသာရပ်ကြီးကို အတန်းတစ်ခုတည်းက ရတဲ့ ဗဟုသုတနဲ့ ဘယ်လိုလုပ်ငုံမိပါ့မလဲနော့....။ ဒါပေမယ့် ဒီအတန်းက seminar class အတန်းပဲ။ ဒီလိုအတန်းတွေက ဘာ စာမေးပွဲမှမရှိ။ စာတွေနင်းကန်ဖတ်ရပြီး တပတ်တစ်ခါ ပေပါ တစ်ခုရေးရတာပဲ..။ အတန်းချိန်မှာလည်း ဆရာက ဘာမှ လက်ချာမရိုက်။ စည်းဝေးခန်းမထဲမှာ အားလုံးဝိုင်းထိုင် ခေါင်းစဉ်တစ်ခုကို တည်ပြီး တစ်ယောက်တစ်ပေါက် ဆွေးနွေးရတဲ့အတန်းမျိုး..။ ဘိုလို ဖူးဖူး ....ဖူးဖူး...နဲ့ နေအောင် မှုတ်ရတာဆိုတော့ ကိုယ်လို သျှင်သုမန (ဘီအေ) နဲ့ အင်္ဂလိပ်စာ သင်ခဲ့ရတဲ့သူအတွက်က အလိုလို တပန်းရှုံးပီးသားပေါ့လေ..။ ကိုယ်ပြောနိုင်တဲ့ ဘိုသံကလည်း သစ်စ် အစ်စ် အေ ဘွတ်ခ် နဲ့ သစ်စ် အစ်စ် အေ ဂဲလ် ပဲထွက်နိုင်တာကိုး..။ ဒါပေမယ့် ပေပါ ရေးရင်တော့ သူများတွေထက် မသာတောင် မညံ့အောင် တွယ်ခဲ့နိုင်တာကို မှတ်မိနေတယ်...

ငြင်းကြခုန်ကြတဲ့ ခေါင်းစဉ်တွေ၊ အစ်ရှူးတွေကလည်း ကိုယ် နေ့ တဓူဝ ရင်ဆိုင်နေရ၊ ကြားနေရ၊ မြင်နေရ တဲ့ ပြဿ နာတွေ အစ်ရှူးတွေ...။ ဒီအတန်းမှာ တင်တဲ့အစ်ရှးတွေကတော့ ကနေ့ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ အကြေင်းအရာတွေ...Terrorism, Islamization, Westernization, Climate Change, Capitalism, စသဖြင့်ပေါ့...။ အတန်းတစ်ခုမှာ ကျောင်းသားတစ်ယောက်က အလှည့်ကျ ဦးဆောင်ပြီး ဆွေးနွေးရတာ..။
ဒီလိုဆွေးနွေးကြတဲ့ အရာတွေထဲမှာ အမှတ်ထင်ထင်ဖြစ်နေတာကတော့ Climate Change လို့ ဘိုလိုခေါ်တဲ့ သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲလာတာကို ထောက်ခံပြီး ဆွေးနွေးတဲ့ ယန်းကီးတစ်ကောင်ပဲ...။ သူကလည်း သုတေသနပေပါတွေ ဘာတွေနဲ့  ကိုးကားပြီးတော့ကို တွယ်တာ...။ ဥပမာ- သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာတဲ့အတွက် ကမ္ဘာကြီးပူနွေးလာတာဟာ ကောင်းကျိုးတွေအများကြီးရှိပါတယ်တဲ့..။ သူတို့ လို အေးတဲ့အရပ်မှာ လမ်းပေါ် ဆီးနှင်းတွေကျတဲ့အတွက် ယဉ်တိုက်မှု တွေ ခနခန ဖြစ်၊ လူတွေသေ ဖြစ်ကြတယ်မဟုတ်လားတဲ့..။ ကမ္ဘာကြီးက ပိုပူလာတော့ လမ်းပေါ်က ရေခဲတွေ မြန်မြန်အရည်ပျော်ပြီး ယဉ်တိုက်မှု လျော့ သွားမယ်..လူအသေအပျောက်နဲသွားမယ် စသဖြင့် ကိန်းဂဏန်းအချက်အလက် တွေနဲ့ ကို လာတာ...။ သူပြောတဲ့အတိုင်းကတော့ ဟုတ်နေတာပဲ...။
ကိုယ့်အလုပ်က လည်း ဒီ Climate Change နဲ့ ပတ်သက်ခဲ့လေတော့...ဒီဘာသာရပ်မှာ အမှတ်ထင်ထင်ဖြစ်နေတဲ့ စကားတစ်ခွန်းက "Climate Change is no more Santa Claus " ပဲ..။ ဒီစကားက အကြောင်းမဲ့ မဟုတ်ဘူး..။ အင်အားကြီးနိုင်ငံတွေ ဥပမာ-အမေရိကန် လိုနိုင်ငံက ပညာရှင်တွေက Climate Change ဆိုတာ ထင်မြင်ချင်သက်သက်ပါ။ ဘာမှ သက်သေမပြနိုင်ဘူး ဘာညာ အော်နေတာ ကြာလှမင့်ကိုး..။ ကိုယ်ကတော့ ဒီကောင်ဟာ အမေရိကန်ဖြစ်လို့ သာ နိုင်ငံရေးအရ ဇွတ်ကာကွယ်နေတယ်လို့ မှတ်ချက်ပြုမိတာပလေ..။ ဂလိုဘယ်လိုက်ဇေးရှင်းမှာ Environmental Dimension နဲ့ Political Dimension ဆက်စပ်မိတဲ့ နမူနာပေါ့..။
နောက်တစ်ခုမှတ်မိနေသေးတာကတော့ Terrorism နဲ့ ယဉ်ကျေးမှု တွေ တိုးတိုက်မိတဲ့အကြောင်း..။ ဒီထဲမှာ တစ်ယောက်က တာလီဘန်တွေ၊ ဘင်လာဒင်တို့ တတွေ အစရှိတဲ့ အကြမ်းဖက်ဝါဒ ဖြစ်တည်လာတာဟာ ပညာမသင်ရတဲ့ အခြေအနေတွေကြောင့်ဖြစ်ကြောင်း ဆွေးနွေးတာကိုး။ အဲတော့..အခြားကျောင်းသားတစ်ယောက်က ဘင်လာဒင်သည်ပင်လျှင် ပညာတတ်ဘွဲ့ ရဖြစ်ကြောင်း၊ မိုဟာမက်အတ္တားသည်ပင်လျှင် အမေရိကန်ပညာတတ်ဖြစ်ကြောင်း ဘာညာနဲ့ ဝင်ကလန့် ခံတာပဲ..။ နောက်တစ်ယောက် က...ထပ်လောင်းပြီး.. ထောက်လိုက်သေးတာက "တာလီဘန်" ဆိုတဲ့ ဝေါဟာရ ကို က ကျောင်းသား လို့ အဓိပါယ်ရတော့ ပညာ ဆိုတာ ဘာပညာကို ဆိုလိုတာလဲကလည်း အရေးကြီးတယ်တဲ့..။ ဒါက ကြတော့ ဂလိုဘယ်လိုက်ဇေးရှင်းမှာ Political Dimension နဲ့ Cultural Dimension ဆက်စပ်မှု ကို ထင်ထင်ရှားရှားပြလိုက်တဲ့ အစ်ရှူး။
အဲဒီတုန်းကတော့...ကိုယ့်ဆီမှာ ဘာ အဓိကရုဏ်းမှမဖြစ်သေး..။ မဟုတ်မဟတ် လုပ်ကြံဖန်တီးထားတဲ့ နာမည်ကို လည်း မကြားမိသေးတာအမှန်ပဲ..။ အဲ...မကြာပါဘူး..မသီတာထွေး၊ မိတ္ထီလာ၊ Hidden Genocide၊ စသဖြင့် အတွဲလိုက် လာတော့တာပဲ...။ စီမံကိန်းစီမံခန့် ခွဲ (project management) မှာ assessment => formulation=> implementation => M&E => Feed back mechanism စသဖြင့် အကောင်အထည် ဖေါ်လာသလိုမျိုး။ အခုဆိုရင် ကုလ ကလည်း ဖိအားပေး၊ အမေရိကန်ကလည်း တုတ်နဲ့ မုန်လာဥ နည်းကိုသုံး၊ လန်ဒန်မှာဆိုရင် Genocide Campaign တောင် လုပ်နေကြမင့်ကိုး..။ မြန်မာအစိုးရ Genocide လုပ်နေပါတယ်ပေါ့..။ သူတို့ စွပ်စွဲသလို မျိုးတုန်းသတ်ဖြတ်မှု မြောက်ရင် နိုင်ငံတကာက ၀င်စွက်ဖက်ခွင့်ရှိသွားအောင် လော်ဘီတာပေါ့လေ..။
ဆိုတော့ ...ကိုယ့်နိုင်ငံမှာ ဒီဂလိုဘယ်လိုက်ဇေးရှင်းရဲ့ သေလောက်တဲ့ ရိုက်ပုတ်မှု အောက်မှာ ရောက်နေတာပဲ....။ ခက်တာက ကိုယ့်အစိုးရ၊ ကိုယ့်နိုင်ငံရေးပါတီတွေ၊ ကိုယ့်နိုင်ငံသားတွေ၊ စသဖြင့် သက်ဆိုင်သူ အားလုံးမှာ....နိုင်ငံရေးအားဖြင့်ရော၊ စီးပွားရေးအားဖြင့်ရော၊ ယဉ်ကျေးမှု အားဖြင့်ရော၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအားဖြင့်ရော..ဘာမှ သဲသဲကွဲကွဲ မရှိ။ မမြင်။ ပြင်ဆင်ရကောင်းမှန်းလည်းမသ။ တစ်ကောင်နဲ့ တစ်ကောင် လှည့်ပတ်ထိုးဆိတ်နေတဲ့ ဈေးကျီးကန်းအုပ်လို ဖြစ်နေတော့တာပဲ..။ တကယ်က ဒီ ရခိုင်အရေးကနေစလိုက်တဲ့ ပဋိပက္ခတွေမှာ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ မျက်နှာစာအားလုံးပါဝင်နေတိာု ကြည့်တတ်ဖို့ က သက်ဆိုင်သူအားလုံးရဲ့ အဓိက လိုအပ်ချက်ပဲ..။ အပြင်ကမ္ဘာနဲ့ ဆယ်စုနှစ် ငါးခုကျော် ကင်းကွာခဲ့တဲ့ မြန်မာအတွက် "ကုလားအရေးတော့ ဒါးမသွေးလောက်" လစ်ဗြဲ လုပ်နေလို့ လည်းမရ။ Face of Terror ဆိုတာကို မခံမရပ်နိုင်တာနဲ့ ဗလီဖျက် မီးရှို့ လုပ်တဲ့ မျိုးညစ် နဲ့ လည်းမဖြစ်။ ဘက်ပေါင်းစုံက...ရည်ရွယ်ချက်ပေါင်းစုံ နဲ့ လာနေတဲ့ အင်အားစုတွေကို...မျ က်စိရှင်ရှင်နဲ့ ကြည့်..စံနစ်တကျ တုန့် ပြန်တတ်ဖို့ လိုနေတာပဲ..။
တကယ်က နိုင်ငံတကာအကူအညီ မှန်သမျှမှာ ကြိုး တစ်ချောင်းချောင်းကတော့ ပါတာပဲမဟုတ်လား..။ ဒါမှမဟုတ် ဖွက်ထားတဲ့ ကြိမ်တစ်ချောင်းပါ စမြဲပဲ..။ ဒါက နိုင်ငံတကာဆက်ဆံရေးရဲ့ မပြောင်းလဲတဲ့ ရိုးရာပဲ..။ ပြောရရင် ကနေ့ မြန်မာပြည်က ရခိုင်အရေး၊ ကုလားဗမာ အဓိကရုဏ်းတွေကို ကမ္ဘာမှာဖြစ်နေတဲ့ အကြမ်းဖက်ဝါဒ နဲ့ ဆက်စပ်ကြည့်ဖို့ လိုနေတာ....။ ဒီလို ကြည့်ရာမှာ ပြည်တွင်းနေတွေက အကြမ်းဖက်ဝါဒီတွေဖြစ်လာဖို့ ထက် ကုလားတိုင်းပြည်တွေ မျက်နှာသာရဖို့ အရေးအတွက် ...မြန်မာပြည်လို အစစအရာရာ ကျရှုံးနေတဲ့ အင်အားသေး တိုင်းငယ်ပြည်ငယ်လေးအပေါ်ကို အကောင်ကြီးကြီးတွေ ယိုချ မယ့် မစင်ပုံတွေ က မနည်းမနောဆိုတာကို မြင်နိုင်ဖို့ ပဲ...။
ကိုယ်ကတော့ ရှင်ဝီရသူ တို့ ကို သာသနာသုံးရပ် အပြင်က အပိုအလုပ်တွေ လုပ်လို့ မနှစ်သက်လှပေမယ့် ဂျီဟဒ်၊ ခါလီဖိတ်၊ IS စသဖြင့် ဆူပွက်သံတွေ တနေ့ တခြားပြင်းထန်လာတဲ့ ဒီကနေ့ ခေတ်ကာလမှာ မဘသ ကမြင်သလို Islamization is no more Santa Claus လို့ တော့ဖြင့် မြင်တာပါဘဲ....။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...