Wednesday, January 7, 2015

ဘယ်လိုအကြောင်းပြချက်ပဲရှိရှိ ကိုယ့်ကိုယ်ကို မနှိပ်စက်ပါနဲ့...


အို မိန်းကလေး!!! ဘယ်လိုအကြောင်းပြချက်ပဲရှိရှိ ကိုယ့်ကိုယ်ကို မနှိပ်စက်ပါနဲ့... ဘယ်လောက်ပဲ စိတ်ညစ်ညစ် ကိုယ့်အပေါ်ကိုယ် ကောင်းပါ မငြင်းဆဲပါနဲ့...
ဘယ်မိန်းကလေးမှ မွေးကတည်းက ရင့်ကျက်သန်မာတဲ့ မိန်းမစွမ်းအဖြစ် မွေးမလာဘူး... မိန်းမစွမ်းဆိုတာ ကိုယ့်ကိုလေ့ကျင့်ယူရတာ...
ခုရေးတဲ့စာလေးဖတ်မိပြီး ခုကတည်းက ကိုယ့်ကိုပြန်သုံးသပ်ကြည့်... နောင်တနေ့မှာသင်လည်း အားလုံးက အားကျရတဲ့ မိန်းမစွမ်းတစ်ယောက်ဖြစ်လာမှာပါ...
#############################
မိန်းမကိုယ်ဝန်ဆောင်တဲ့အခါ သူတို့ကပြောတယ် “၉လ လောက်ပဲ သည်းခံလိုက်ပါ မွေးပြီးရင် ပြီးပါပြီ”တဲ့...
ခုမွေးပြီးတော့ သူတို့က ထက်ပြောတယ် “ နောက်၎လပဲ အားတင်းလိုက်ပါဦး ကလေးနို့ပြတ်ရင် ပြီးပါပြီ”တဲ့...
နောက်ကလေးနို့ပြတ်ပြီးတဲ့အချိန်ကြရင် သူတို့ကနောက်ထပ်ပြောကြဦးမယ်... နောက်၃နှစ် ကလေးမူကြိုတက်ရင်ပြီးပြီ... ဒီလိုအားတင်းနေရင်းက နောက်ကလေးက ကျောင်းတက် ဘွဲ့ရ အိမ်ထောင်ကျ သားမွေးတဲ့အထိ ဘယ်အချိန်ထိ ဆက်တောင့်ခံပြီး နေသွားရပါဦးမလဲ??? အားတင်းတောင့်ခံရင်းနဲ့ တဘဝလုံးကုန်သွားရတာပဲမလား!!!
သင်အိမ်ထောင်ပြုပြီး သန္ဓေတည်တဲ့အချိန်ကစပြီး အရာအားလုံးဟာ တစ်ဘဝလုံးစာဖြစ်သွားပါပြီး... အဖြစ်က ရွှံ့နွံထဲမှာ ကျသွားသလိုပါပဲ ရုန်းထွက်ဖို့ခက်ခဲသွားပါပြီ...
တခါတလေလေး ပြန်တွေးမိကြသလား??? “ငါအိမ်ထောင်ပြုတာ ဘာအကျိုးများရလာသလဲ”လို့... အချစ်မှာ သာယာယစ်မူးပြီး သူအတွက်နဲ့ပဲ မိဘတွေနဲ့ ခွဲလာရတယ်... ကိုယ့်မိသားစုကို ပစ်ပြီး သူ့မိသားစုထဲ ဝင်လာခဲ့ရတယ်... သူ့မိသားစု အကြိုက်ဖြစ်အောင် အရိပ်သုံးပါးနားလည်စွာနဲ့ ကြိုးစားနေပေးရတယ်... သူစိမ်းကနေ မိသားစုဖြစ်လာတဲ့ သူတွေကြားမှာ အားငယ်စွာနဲ့ မာန်ကိုလျှော့ပြီး အလိုက်အသင့်နေပေးရတယ်... တခါတလေ အခန့်မသင့်လို့ အဆင်မပြေတာလေးရှိခဲ့ရင်တောင် ကိုယ်ရယ် သူ့မိသားစုတွေ ကြားမှာ သူအနေရမကြပ်အောင် ခံစားချက်ကို မြိုသိပ်ခံရင်း အလျှော့ပေးပေါင်းရတယ်... မျက်ရည်တွေကို အပြုံးတုနဲ့ ဖုံးကွယ်တတ်ခဲ့ရတယ်... အဖြစ်က လမ်းပျောက်သွားတဲ့ ကလေးတစ်ယောက်လိုပဲ... အနှစ် (၂၀)လောက် ဖြတ်တမ်းခဲ့ရတဲ့ လမ်းကိုမြေမြုပ်လိုက်ပြီး ဘဝအသစ်ကို စတင်ခဲ့ရတယ်...
သူ့အတွက်နဲ့ (၁၀)လကြာလောက် ကိုယ်ဝန်ဆောင်ရထားရတယ်... မနက်ကည တနေ့သာလုံး သူဘယ်လိုမှ မခံစားနိုင် မသိနိုင်တဲ့ နာကျင်မှုဝေဒနာကို အံကြိတ်ခံခဲ့ရတယ်... ရင်သွေးလေးကို မွေးပြီးတော့ ကိုယ်ခန္ဓာပုံပျက်သွားရတာတွေ အရင်လိုမနုပျိုနိုင်တော့တဲ့အခါ သူငြိုငြင်သွားမှာလည်း ပူပန်ခဲ့ရတယ်...
သူ့အတွက်... သားသမီးအတွက်နဲ့... ကိုယ့်သူငယ်ချင်း အပေါင်းအဖော်တွေနဲ့ ဝေးကွာပြီး အဆက်အသွယ်ပြတ်ခဲ့ရတယ်... ကလေးအရွယ်မရောက်ခင်အထိ အိမ်ထဲမှာပဲနေပြီး ကလေးရဲ့ ဝတ်ကြီးဝတ်ငယ်တွေ အိမ်မှုကိစ္စတွေ မနားတမ်းလုပ်ရတယ်... နောက် သူပြန်လာမယ့်အချိန်ကို တမျှော်မျှော်နဲ့ စောင့်ရသေးတယ်...
တချိန်က သင်လည်း မာန်မာနကြီးခဲ့ဖူးမှာပဲ... စိတ်ကူးယဉ်အိပ်မက်တွေလည်း ရှိခဲ့ဖူးမှာပဲ... တချိန်က လူတိုင်းလိုချင်ကြတဲ့ အလှပဆုံးပန်းကလေးတစ်ပွင့် ဖြစ်ခဲ့ဖူးမှာပဲ... သူ့တစ်ယောက်အတွက်နဲ့ပဲ သင့်အိပ်မက်တွေ အလှအပတရားတွေ မာန်မာနတွေ ခဝါချ စွန့်လွှတ်ပေးခဲ့ရတယ်...
အရင်က ကိုယ်အိမ်မှာ နေချင်သလိုနေ... စိတ်ပါမှ အိမ်မှုကိစ္စတွေ လုပ်... အသုံးအဖြုန်းအတွက် ဖိအားမရှိဘဲ သက်သက်သာသာနေနေရာက... သင့်အတွက်နဲ့ သင့်မိသားစုအကြိုက်လိုက်နေပေးရတယ်... နေမကောင်းရင်တောင် အလုပ်မနားရဲဘူး... ဝင်ငွေမရှိတော့တဲ့အတွက် သင်ပေးတဲ့ငွေကို ခြိုးခြံချွေတာပြီး နောင်ရေးအတွက် စုဆောင်းခဲ့ရတယ်...
နောက်ဆုံး ကလေးမလိုချင်တော့လို့ သန္ဓေတားရင်တောင် ဆေးသောက် ဆေးထိုးတာ သားကြောဖြတ်တာတောင် မိန်းမဘက်က လုပ်ရတယ်... ကိုယ်ကမလုပ်ရင် ကလေးလွယ်ရင်လွယ် မလွယ်ရင်ဖျက်ချဖို့ပဲရှိတော့တယ်... ဘယ်ယောကျာ်းတွေကများ ကိုယ့်မိန်းမအတွက် သားကြောဖြတ်တယ်ဆိုတာ ကြားဖူးသလဲ???
မိန်းမဘဝဖြစ်ရတာနဲ့ပဲ ရှိသမျှ ဒီဒုက္ခတွေ ခံရတော့မယ်တဲ့လား??? ကိုယ်ဒီလို အနစ်နာခံတိုင်း ယောကျာ်းတွေက သင့်ကိုသေတဲ့အထိ နစ်နစ်ကာကာ ကြင်ကြင်နာနာ သစ္စာရှိရှိ ချစ်သွားမယ်လို့ ထင်နေသလား??? အဲ့ဆိုသင်အမှားကြီး မှားသွားပြီ... သင်လုပ်သမျှအရာတိုင်းက သင်လုပ်ကိုလုပ်သင့်လို့ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်အရာတွေကို သင်လုပ်နေတာလို့ မှတ်ယူကြမှာပါ... (မယုံရင် အောက်မှာ comment တွေရေးလာတဲ့အခါ ပြန်ဖတ်ကြည့်ကြ...) မြက်စားတဲ့ကျားမရှိသလို သင့်ကိုမခွဲသေးတာ သင်ကသူ့အတွက် အသုံးဝင်နေသေးလို့... သင့်ထက်သာတဲ့သူ မတွေ့သေးလို့... သင်ကလွဲပြီး သူ့ကိုကြိုက်မယ့်သူ မရှိသေးလို့ဆိုတာမှတ်လိုက်ပါ... သင်နဲ့သူ့ကြားမှာ တတိယလူပေါ်လာတဲ့အခါ သင်ရိုးအေးလှပါတယ်ဆိုတဲ့ ကျားတွေက ဘယ်လိုကောင်လဲဆိုတာ သင်တွေ့လာပါလိမ့်မယ်...
အခုလောလောဆယ် သင့်အပေါ်ကောင်းနေတာ သူ့ကိုဆွဲဆောင်ထားတဲ့ သင့်မှာရှိတဲ့အရာက ရှိနေသေးတာရယ်... သင်ကတရားဝင်ယူထားတဲ့ ဇနီးဆိုတာဖြစ်နေသေးတာကြောင့်ပါပဲ...
သူက သင့်အပေါ် လစဉ်လတိုင်း သင်ဝေဒနာခံစားနေရတဲ့ ၃/၄ ရက်အချိန်လေးမှာ အိမ်အလုပ်ကူလုပ်ပေးဖူးလား??? သင့်ကိုပြုစုပေးဖူးလား??? သင်လိုအပ်တဲ့အရာတိုင်း မငြီးမငြူ ဖြည့်ဆည်းပေးဖူးလား??? သင့်အနားမှာနေပြီး သင့်ကိုအားပေး နှစ်သိမ့်ဖူးသလား???
သင်လိုချင်တာ ကြာနေပေးမယ့် မဝယ်ရက်တဲ့ပစ္စည်းကို သူဝယ်လာပေးဖူးသလား???
သူ့ရဲ့ဝင်ငွေတိုင်းကို သင့်လက်ထဲအပ်ပြီး သင်လိုအပ်သလိုသုံးဖို့ လိုလိုလားလားခွင့်ပြုဖူးသလား???
မိန်းကလေးဆိုတာ romantic ဆန်တာကို ကြိုက်ကြတာပဲလေ... ယောကျာ်းတွေရဲ့ အီစီကလီပြောစကားတိုင်းမှာ သာယာတတ်ကြတာ မိန်းမတွေရဲ့သဘာဝပါ... သင်တို့ရဲ့ အနည်းငယ်မျှသော ဂရုစိုက်မှုတွေ ကြင်နာမှုတွေပြလိုက် ယုံနဲ့တင် သင့်နောက်ကို သေအတူရှင်မကွာ တကောက်ကောက်လိုက်ကြမယ့် သူတွေကြီးပါ...
ယောကျာ်းတွေ ဒီအနည်းငယ်လေးကိုတောင် မလုပ်နိုင်ကြဘူးလား??? သင်တို့ကတော့ ပြောကြမှာပေါ့ “ငါတို့အပြင်မှာ ဒီလောက်ပင်ပင်ပန်းပန်းနဲ့ ပိုက်ဆံရှာနေရတာ မောနေပြီ”လို့... ဒါပေမယ့် သင်တို့စဉ်းစားမိကြရဲ့လား??? မိန်းမတွေရဲ့ တနေ့တာက အိမ်မှာဘယ်လို ကျော်ဖြတ်နေရသလဲလို့...
အိမ်ထောင်ပြုတယ်ဆိုတာ မိန်းမတွေအတွက် တာဝန်ပိုကြီးလာတယ်... ပိုပင်ပန်းရမယ်... လွတ်လပ်ခွင့် ဆုံးရှုံးမယ်... နောင်ရေးအတွက် ဖိအားများလာမယ်... အရင်လို ပေါ့ပေါ့ပျက်ပျက်နေတတ်တဲ့ အကျင့်စရိုက်တွေ မထားရတော့ဘူး...
တခုခု အားငယ်စိတ်ဝင်တာ အလိုမကျတာ အဆင်မပြေတာနဲ့ပဲ ကိုယ့်ကိုယ်ကို မနှိပ်စက် မငြင်းဆဲရဘူး... ကိုယ့်ကိုယ်ကိုမှ တန်ဖိုးမထားရင် တခြားဘယ်သူကမှ တန်ဖိုးထားမှာမဟုတ်ဘူး... ကိုယ်ကဒီလမ်းကိုလျှောက်ဖို့ ရွေးချယ်လိုက်ပြီးမှတော့ အားကိုးရှိရှိမရှိရှိ စိတ်ဓာတ်ကျကျမကျကျ လမ်းအဆုံးထိကို အားတင်းကြိတ်မှိတ်ပြီး လျှောက်လှမ်းသွားရမှာပဲ... ကိုယ့်ဘဝတစ်ခုလုံးတောင် ရင်းပြီးမှတော့ ဘာကိုကြောက်နေဦးမလဲ!!!
#############################
(အခုစာက တဖက်သက်ဆန်တယ်လို ထင်ကြလိမ့်မယ်... ကျွန်တော့အတွက်တော့ ဘဝဆိုတာ နားလည်မှုနဲ့ တည်ဆောက်ရတာလို့ မှတ်ယူပါတယ်... အမျိုးသမီးတွေဘက် အလေးပေးရေးထားတယ်ဆိုပေမယ့် အမျိုးသားတွေက သူတို့ရဲ့ဒုက္ခတွေကို နားလည်စေဖို့ ရည်ရွယ်ပါတယ်... သူတို့လေးတွေက အချစ်နဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကို မချစ်တတ်ကြပါဘူး... အဲ့အတွက် သူတို့လေးတွေကို ကြင်နာပါ ညာတာပါ စာနာပါ ယုယပါ သစ္စာရှိပါ... ဘယ်လောက်ပဲ ဆိုးတဲ့မိန်းမဖြစ်နေပါစေ ကုတင်ပေါ်တစ်ခုအတွက်နဲ့ပဲ အသုံးမချလိုက်ပါနဲ့... သူတို့ဘဝက စာရွက်ဖြူတစ်ရွက်လိုပဲ ရေးခြစ်သွားတဲ့သူအပေါ်မှာပဲ မူတည်ပါတယ်... အနာဂါတ်ရဲ့ မိန်းမကောင်းလေးတွေအတွက် ယောကျာ်းကောင်းတွေဖြစ်ကြပါစေ...)
(‪#‎iMiMi‬ >> အိပ်မပျော်လို့ စိတ်ထဲရှိရာချရေးသည်...)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...