Wednesday, January 14, 2015

ကျောင်းတတ်ချိန်။


အချိန်ကား..... ခရစ်နှစ် 2020 ၏ တစ်ခုသော တနင်္လာနေ့ မနက် 8နာရီခွဲခန့် ခလေးများ တန်းစီချိန်။
နေရာကား..... မူလွန်ကျောင်းတစ်ကျောင်း၏ တန်းစီရာကွင်းပြင်။
ကျောင်းဝတ်စုံအဖြစ် အင်္ကျီအဖြူနှင့်ယောဂီရောင်ပုဆိုးကို ၀တ်ထားသော
သုံးတန်းကျောင်းသား မောင်ဘွန်တစ်ယောက် မနက်ကျောင်းတတ်ချိန်တွင် တန်းစီနေသည်။ ပြီးခဲ့တဲ့နှစ်အထိကိုတော့ ကျောင်းဝတ်စုံကအဖြူနှင့်အစိမ်းဖြစ်သည်။ ဘာလို့ပြောင်းသွားတာကိုတော့ မောင်ဘွန်မသိ။ သူ့အဖေပြောသံကြားတာကတော့ ရွေးကောက်ပွဲဆိုလား ဘာလား တွင် မဘသ ပါတီမှအနိုင်ရသွားပြီး နိုင်ငံမှာပြောင်းလဲမှုတွေဖြစ်ကုန်သည်ဟုပြောသည်။
ဘာတွေပြောင်းတာလဲဆိုတာကို သုံးတန်းကျောင်းသားမောင်ဘွန်မသိ။ လူကြီးတွေပြောင်းလဲတယ်လို့ပြောလို့ ဘာတွေပြောင်းတာလဲလို့ သူသိသလောက်လိုက်ကြည့်တော့ အရင်နိုင်ငံတော်အလံနေရာမှာ သာသနာအလံလွင့်ထားသည်ကိုတော့ သတိထားမိသည်။ နောက်ထပ် ရှိသေးသည်။ ဆရာမကပြောသည် နိုင်ငံတ်ာသီချင်းအသစ်ဆိုရမည်ဟုပြောပြီး နိုင်ငံတော်သီချင်းအသစ်ကိုလည်း သင်ပေးသည်။ ပြီးရင်သူကျောင်းဝတ်စုံယောဂီလုံချည် အသစ်ရသည်ကိုပဲသိသည်။ ဒီဝတ်စုံကိုမြင်တာ့ မောင်ဘွန့်အဖွားတရားစခန်းဝင်ဝတ်စုံနှင့်တူသည်ဟု တွေးမိသေးသည်။
'' နိုင်ငံတော်သီချင်းဆိုရန် အစပြု ''
နိုင်ငံတော်သီချင်းဖြင့်အလေးပြုရန် အရှေ့မှကျောင်းသားကြီး၏ အော်သံကြောင့် မောင်ဘွန်အတွေးလွန်နေရာမှ လန့်သွားပြီး နိုင်ငံတော်သီချင်းအသစ်ကို အခြားကျောင်းသားများနည်းတူ ကျယ်လောင်စွာ သံပြိုင်အော်ဆို လိုက်လေ၏ ။
'' ♫♫♫♫...ဆိုပါလေ လူအများ လိုက်ပြီးရွတ်ကြ ♫♫♫♫...ဗုဒ္ဓံသရဏံ ဂစ္စာမိ...... ဗုဒ္ဓံသရဏံဂစ္စာမိ ဓမ္မံသရဏံဂစ္စာမိ .. သံဃံသရဏံဂစ္စာမိ.......♫♫♫♫♫ ..... ''
( အဟေဟေး..... )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...