Monday, January 12, 2015

ဟာသ အသုတ်စုံ (၁၂-၁)


‪#‎လောကမှာ‬ ကျွန်တော်တို့ ယောင်္ကျားလေးတွေ ဒုက္ခရောက်ရတာ မိန်းမတွေကြောင့်ဗျ သေချာစဉ်းစားကြည့်ရင် မိန်းမကြောင့် ဒုက္ခရောက်ခဲ့ အသေဆိုးခဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ယောင်္ကျားတွေ ဒုနဲ့ဒေး ကဲ လက်တွေ့ပြမယ်ဗျာ...
ဒဿဂီရိ - သူ့ဟာသူ တရားကျင့်ပြီး အေးဆေးနေတာ မယ်သီတာနဲ့တွေ့မှ သီချင်းထဲပါရ ၁၄ရာစုအထိ ဗီလိမ်ဖြစ်ခဲ့ရ။
ဟစ်တလာ -ငပု --- အေးဆေးသမား မိန်းမကြောင့်ပဲ လူမိုက်ဖြစ်ခဲ့ရ နာမည်ဆိုးနဲ့ လူ့ချဉ်ဖတ် ဖြစ်ခဲ့ရ
နပိုလျှံ-- ဟစ်တလာလိုပဲ လူမုန်းခံခဲ့ရ ။။။
ကျန်စစ်သား - သူ့ဟာသူ သူရဲကောင်းအဖြစ် လက်မထောင်နေတားးးးးမဏိစန္ဒာနဲ့တွေ့မှ ခွက်စွဲရမယ့်ကိန်း ဆိုက်ခဲ့ရ ။။။
မင်းနန္ဒာ - သူ့ဟာသူ လမ်းစရိတ်မကုန်ပဲ မိချောင်းစီးနေတာ ဟို အုန်းမွှေးလုံးမနဲ့တွေ့မှ အောက်စီဂျင်ပျက်ရ...
ရိုမီယို - ဂျူးလီယက် ကမြင်းကျောထလို့ မာလကီးယားရ ။။။
အာဒံ - သူ့ဟာသူ အေးဆေးနေတာ ဧဝ ငတ်ကြီးကျလို့ လူ့ပြည်ကန်ချခံရ ။။။
Titanic မင်းသား - ရေခဲထုတ်ဖြစ်ခဲ့ရ ကဲ ဒါတွေက ကျုပ်တို့ယောင်္ကျားတွေ အပြစ်လားးး 

Credit : အဂ္ဂ

#‪#‎ကိုမောင်ပု‬..ခင်ဗျားဗျာ.လူငယ်ခေါင်းဆောင်လုပ်နေပြီး ဟို.မူးရူးသောက်စားနေတဲ့.လူကိုဘာလို့ အုပ်ချုပ်ရေးမှူးမဲပေးခိုင်းတာလဲ သူအိမ်ကမိန်းမနဲ.ကလေးနှစ်ယောက်ကိုတောင်.နိုင်အောင်မအုပ်ချုပ်နိုင်တဲ့လူကို ခင်ဗျားမို့ .မဲပေးခိုင်းတယ်..အံ့ရော........................... .
 ငတုံးရယ်..ခေါင်းမရှိပဲလျှာမရှည်စမ်းပါနဲ... မင်းရွာထဲက.လူတွေကို..နွေရာသီမှာ.လမ်းသွားရင်းဆေးလိပ်မသောက်ရဘူးလို့  တစ်အိမ်ဆင်း.တစ်အိမ်တက်.လိုက်ပြောရဲလား............. .
ဟင့်အင်..ပြောရဲပါဘူး........ .
အေး..အဲ့..ငမူး..ပြောရဲတယ်.မင်းမပြောရဲတာကို..... . ဟာဗျာ..ခင်ဗျားဟာက..အရူးကို.တစ်ရွာလုံးဝိုင်းကိုးကွယ်ရမဲ့..ကိန်း .. . 
ဟကောင်..မင်း.သူလို့ .အရှက်မရှိပြောရဲလား. . 
မပြောရဲပါဘူး. .
အေး.မင်းမပြောရဲတာ.သူပြောရဲတယ်..အေးဆေးနေ.. . . ကျနော်တော့..ခင်ဗျားကို..နားမလည်နိုင်တော့ဘူး.ဗျာ.ခင်ဗျားအုပ်ချုပ်ရေးမှူးဝင်ရွေး လဲရနေတာကို..မူးရူးနေတဲ့လူကို..အရူးဘုံမြောက်သွားလုပ်နေတယ်လို့ ... . . အေး..မင်းသိတာ.အဲ့လောက်လေးပဲ...ငါတို့ .မပြောထွက်တဲ့စကား သူကပြောထွက်တယ်ငါတို့ .ပြောဖို့ တောင်.မစဉ်းစားရဲတဲ့. အယုတ္တ..အနတ္တတွေ.သူပြောရဲတယ်.. ငါတို့ က.အသာလေး လက်ခုပ်တီးပေးရုံပဲ..ကျန်တာ.သူဟာသူ..ဆက်ကလိမ့်မယ် . . 
ဟင်...ဒါဆို..ခင်ဗျားက.သူ့ ကို.. အသုံးချတာပေါ့..အဲ့လိုလား. . . ရှူးးးးးးးတိုးတိုး...အာပြဲ..မင်းက.နာမည်နဲ.လိုက်အောင်ပြဲတာပဲ.. . ဒီမှာ..ငါပြောပြမယ်.အငှားဗိုက်နဲ..ဓားထိုးခံတယ်ဆိုတာ.မင်းကြားဖူးတယ်မလား . . 
ကြားဖူးတာပေါ့ဗျ... . 
အေး..အဲ့ဒါပဲ..ငါတို့ က.သူဘာပြောပြော..လက်ခုပ်တီးမယ်..ထောက်ခံမယ် . ပြီးရင်..ငါတို့ မပြောရဲတဲ့.စကားတွေကို.သူကို..ပြောခိုင်းမယ်.ငါတို့မလွဲသာလို့  . ပြောရတော့မယ်.ဟေ့ဆိုရင်တောင်..အုပ်ချုပ်ရေးမှူးပြောတာ.ပါ.လို့  . ကာဗာယူလို့ ရတယ်.....ဟဲဟဲ....ဒါဆို...တို့ ဆန္ဒတွေပြည့်ဝပြီပေါ့.. အတွေး.မခေါင်.စမ်းပါနဲ..ခေါင်းလေးဘာလေး.သုံးစမ်းပါ.အာပြဲ..ရဲ့..၊ . . ဟိုက်.ကောင်းလိုက်.တဲ့..ရွှေဥာဏ်တော်..ဗျာ...ဟားးးးးးဟားးးးးးးးးး။ 
. .
ချစ်ငြိမ်း ဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...