Tuesday, January 13, 2015

ဟာသအတိုအထွာများ (၁၃-၁)

1. မြင်သူရှိလို့
=========
ငညိုကြွားတတ်တာ သူငယ်ချင်းတွေ အကုန်သိတယ်။
တရက် လဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း ငညိုက ပြောတယ်... ...
"မနေ့က ငါ ငါးသွားမျှားတာ ၂ ပိသာလောက်ရှိတဲ့ ငါးကြီးမိတယ်ကွ"
"၂ ပိသာတောင် ရှိတယ်? ယုံဘောင်"

"တကယ်ပြောတာ"
"မင်း အဲ့ငါး မိတာကို မြင်တဲ့လူ ရှိလား ပြော"
"ဟ... မြင်တဲ့လူရှိလို့ ၂ ပိသာ၊ နို့မို့ အဲ့ငါး ၄ပိသာဖြစ်တယ်"
"ငင်..."
.
.
2. ကိုယ့်သားအကြောင်းကိုယ်သိတယ်
=========================
"ရှင်တို့သား မောင်ကျေးညို တက်တဲ့ကျောင်းမှာ ကျမသားကိုလည်း ထားမလားလို့"
"ဟာ... မထားနဲ့၊ အဲ့ကျောင်း မစွံဘူး"
"ဟင်... ဘာလို့လဲ၊ ရှင်တို့သားက အဲ့ဒီကျောင်းတက်မှ လစဉ် အဆင့် ၁ ချည်း ရတယ်ဆို"
"ဒါ့ကြောင့် ပြောတာလေ၊ ကျုပ်သားလိုကောင်တောင် '၁' ဖြစ်နေတယ်ဆိုမှတော့..."
.
.
3. မပေါင်းဘူး
=========
မြို့မှာ သင်တန်းသွားတက်တဲ့ သားမောင်ကျေးညိုကို သူ့အမေက ဖုန်းဆက်မေးတယ်... ...
"သားလေး... အဆောင်မှာနေရတာ အဆင်ပြေရဲ့လား"
"ပြေပါတယ်အမေ၊ ဒါပေမယ့် လူထူးလူဆန်းတွေတော့ တွေ့ရတယ် အမေရဲ့"
"ဟုတ်လား... ဘယ်လိုထူးဆန်းတာလဲ"
"ကျနော့် အခန်းဖော်က ကြမ်းပြင်ပေါ်လူးလှိမ့်ပြီး အမြဲတမ်း ညည်းညူနေတယ်၊ ဘေးခန်းက ကောင်က တနေကုန် ဆဲဆိုနေတယ်၊ ရှေ့အခန်းကကောင်ကတော့ နံရံနဲ့ သူ့ခေါင်းနဲ့ ဆောင့်ဆောင့်နေတယ် မေမေ"
"ဟင်... ဟုတ်လား... အဲ လူတွေနဲ့ မပေါင်းနဲ့နော် သားလေး"
"ဟုတ်... မေမေ၊ ပေါင်းချိန်ကို မရှိတာ၊ သားဟာသား အခန်းထဲ တနေကုန် ဒရမ်တီးလေ့ကျင့်နေရတာနဲ့ ..."
"ငင်..."
.
.
4. ပစ်မှတ်
=======
တစ်ညမှာ...
မိုးတွေရွာနေတုန်း ကလေးနှစ်ယောက် စကားပြောနေကြတယ်... ...
"မိုးကြိုးမပစ်ခင် ဘာလို့ လျှပ်စီးလက်ရတာလဲ"
"မှောင်နေတော့ ပစ်မှတ်ရှာတာလေ"
.
.
5. ကြုံဖူးမှသိမယ်
============
ဆရာမက ကျေးညိုလေးကို စာမေးတယ်... ...
"လင်းနို့တွေဟာ မျက်စေ့မမြင်ဘူးဆိုတာ ဘယ်လိုသက်သေပြနိုင်မလဲ မောင်ကျေးညို"
"ဆရာမ... ထုပ်တန်းကနေ ဇောက်ထိုးဆွဲ နေကြည့်လိုက်ပါ၊ မျက်စေ့အမြင်အာရုံ ဘာဖြစ်သွားမယ်ဆိုတာ သိသွားမယ်"
"ငင်..."
.
.
.
သန်၎ကို - ရမ်းဘာသာပြန်ထားတာပါ။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...