Tuesday, January 13, 2015

တစ်ချို့သော ပြောမကောင်းတဲ့  ဘ၀များ


၂၀၀၅ ၂၀၀၆ ခုနှစ်လောက်ကအထိ ဒီရွာ ရဲ့ ရဲမူခင်းမှတ်တမ်းတွေရှိပါတယ် ဘုန်းကြီးက ကလေး အလောင်းတွေ အချင်းတန်းလန်း နဲ့  ချောင်းထဲကို စွန့် ပစ်ထားတာတွေ့တော့ ရင်ထဲမကောင်းဘူး ဒကာရယ်... ဒါနဲ့ ပဲ ဖြစ်ချင်တာဖြစ် ငါကယ်မယ်ဆိုတဲ့  စိတ်နဲ့ အယောက် ၆၀ ကို စကယ်ရင်းနဲ့  ဒီကျောင်းဖြစ်လာတာပါပဲ။

အရှင်သုမနက ကျတော် တို့ သွားရောက်လှူဒါန်းခဲ့  စဉ်တုန်းက သူ့ရဲ့ဖြစ်စဉ်ကို လေးလေးတွေးတွေး ပြောပြခဲ့ ပါတယ်။ ကလေးတွေကို မွေးပြီပြီးချင်း မကျွေးနိုင်လို့  ချောင်းထဲမှာ စွန့် ပစ်ကြတဲ့  အဖြစ်ကို ပြောပြရင်တောင် ယုံနိုင်စရာမရှိလောက် အောင် ကိုပဲဘ၀တွေက ဆိုးလှပါတယ်။အခုဆိုရင် ၁၅ ရက်သားလေးက စလို့  နို့ တိုက်ကလေးငယ် ၉ ဦး အပါအ၀င် မိဘမဲ့ ကလေး ၂၁၁ ယောက်ကို ကယ်တင်ထားပါတယ်။မူလတန်းအထိ ကျောင်းမှာ စာသင်ပေးပြီး အလယ်တန်း ကလေးတွေကို မြို့ကျောင်းမှာ ထမင်းချိုင့် ထည့် ပေးကာပို့ လွတ် စာသင်စေပါတယ်။
ထို မိဘမဲ့  ကလေးကျောင်း ဟာ ကြို့  ပင်ကောက် မြို့  နဲ့  တောလမ်း မိုင် ၂၀ အကွာ ပဲခူးရိုးမ တောင်ခြေ ဘော်ဘင် ရွာမှာ တည်ရှိပါတယ်။ သွားလာရခက်ခဲ လို့  တော်ယုံ အလှူ ရှင် လှူ ဒါန်းဖို့  ထား ကြို့  ပင်ကောက် မြို့  ခံ တစ်ချို့  တောင် မသိ ကြလို့  အလှူရှင် ခိုင်ခိုင် မာမာမရှိပါဘူး ။ လမ်းခရီး က ကြမ်း လို့  မိုင် ၂၀ အကွာ တောလမ်း ကို ၂ နာရီ ခန့်  သွားရပါတယ် (ပျှမ်းမျှ တစ်နာ ရီ ဆယ်မိုင်နှုန်း သာ သွားလို့  ရတဲ့  တောင်ခြေ လမ်း ပါ)
ဒီကျောင်းလေးကို ကြို့  ပင်ကောက် ရပ်မိ ရပ်ဖ တစ်ချို့  နဲ့  အစိုးရ ၀န်ထမ်း တစ်ချို့  ကသာ ထောက်ပံ့  ပေး ထား ခြင်း ဖြစ်ပါတယ်.။
တစ်ရက် ကို စားစရိတ် ၇၀၀၀၀ ကုန် ကျလို့  တစ်လ ကို ၂၁ သိန်း ကုန် ကျလျက် ရှိပေမဲ့  အလှူရှင် ငွေပဒေသပင် ခိုင်ခိုင်မာမာ မရှိ ဘဲ ဆရာတော် ကနေ တစ်လ စရိတ် ကို တစ်လ အနိုင်နိုင် အလှူခံ နေရတဲ့  အဖြစ်ပါ ...တကယ်လို့  များ တစ်လ စာရိတ်သာအချိန်မှီ မရခဲ့  ရင် တော့ ကလေး ၂၁၁ ယောက် အတွက် မတွေးဝံ စရာပါပဲ
တစ်ရက် ကို ၇၀၀၀၀ ကုန်ကျတဲ့  စာရိတ်ဟာ ကလေးငယ် ၂၁၁ ယောက် အတွက် ဖြစ်လို့  ကလေးငယ်တစ်ဦး အတွက် ၃၃၂ကျပ် ခန့် သာ ဖြစ်ပါတယ်.. တစ်နပ် ဆိုရင် တစ်ရာ ကျော်လောက် ပဲ ရှိတာပါ။
ဒီလို စာရိတ်လောက်င အောင်ကလေးငယ်များဟာ လည်ပင်းနင်လောက် တဲ့  ဆန်ကြမ်းထမင်း ၊ ချည်ရေဟင်း ကျဲ ကျဲ ၊ ငပိ ၊ ငရုတ်သီးကြော် တို့  နဲ့  ဖြစ်သလို စား ရင်း စာသင်ကြား နေရခြင်းပါ
ပဲခူးရိုးမ တောင်ခြေ မှာ တည် ရှိတာ ဖြစ်လို့  ကလေးငယ်တွေ ဟာ ဆောင်းတွင်း ရဲ့  အေးချမ်း လှ တဲ့ ရာသီဥတု မှာခိုင်မာသော အဆောက်အဦး လုံလောက်မှု မရှိဘဲ အေးစက်စက် အိပ်စက်ကြရပါတယ်
သောက်သုံးရေဟာ လည်း အ၀ါရောင် အဆင်းရှိတဲ့  ရေတွေ သာ သောက်သုံးကြရပါတယ်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲ တဲ့  အတွက် အရေးပေါ် ကျန်းမာရေး ကိစ္စ အတွက်လည်း စိုးရိမ်စရာပါပဲ
ကလေးတွေ ဟာ လောက ဆို တာ ဘာမှန်းမသိခင်မှာ ပဲ လောကဓံက အသင့် စောင့်ကြို နေတာပဲ ဖြစ်ပါတယ်
ဒါပေမဲ့  ကလေးတွေ ဟာ အခုထိ စာသင်ကြားနေကြတုန်း ပါ .. သူတို့  ဘ၀ ကို အကောင်းဆုံးထုဆစ်နေကြတဲ့  အနာဂတ် တွေပါ .. နေ/စား ဘယ်လောက်ခက်ခဲ ခက်ခဲ ဆရာတော် ရဲ့  အဖေ လို အမေ လို နွေးထွေးတဲ့  မေတ္တာတရား အောက်မှာ ရှိနေပါတယ်
ဒီလိုအခက်အခဲများစွာကြားထဲကနေ ကလေးငယ်တွေ ရဲ့  အနာဂတ်တွေ အခက်အခဲမရှိ ပုံဖော်နိုင် အောင် သူ့ တို့  ဘ၀ ကို မကယ်တင်နိုင်ရင်တောင်မှ တက်နိုင်တဲ့  ဘက်ကနေ ကျတော်တို့  ဖေးမ ကြစေချင်ပါတယ်။ကလေးငယ်တွေ အားတက်စေချင် လို့ ပါ ။
ကျတော်တို့  Myanmar's Heart Charity Group ဟာ Donation Partner Company များ နှင့် လာမယ့် ဖေဖော်ဝါရီလ တတိယ အပတ်မှာ သွားရောက်လှူဒါန်းဖို့  စီစဉ်ထားပါတယ်..။
အနည်းအများ မဆို ကုသိုလ်ပါဝင်လှူဒါန်း လိုသူများ ပြည်ပ နယ်ဝေး မှ အလှူရှင်များ လှူဒါန်း လိုပါက ကျတော်တို့  အသင်း ရဲ့  ဘဏ် အကောင့်  -
0041220069336(Lanmadaw Branch )(KBZ Bank )
သို့  ငွေလွဲ လှူဒါန်းနိုင် ပါတယ် . အလှူပစ္စည်း လှူဒါန်း လိုပါ က အောက်ပါဖုန်း နံပါတ်များ သို့  ဆက်သွယ်ပြီး လှူဒါန်း နိုင်ပါတယ်.
ကြို့ ပင်ကောက် အလှူ အတွက် ၁၅ .၂.၂၀၁၅ နေ့ ကို နောက်ဆုံးထားပြီး လှူဒါန်းစေလိုပါတယ် .။
ထို့  အပြင် လွယ်ကူစွာ လှူဒါန်းနိုင်ရန် အတွက် ကျတော် တို့  ရဲ့  Myanmar's Heart 100% Donation စာတန်းပါ စတေကာကပ်ထား သော [ Ve Ve Gold , Alpine ,Mistine White accent powder ,Life Skin Care ,ရွေနဂါးဖိနပ် ] များ ကို ၀ယ်ယူခြင်းဖြင့် လည်း တိုက်ရိုက် လှူ ဒါန်း နိုင်ပါတယ်။စတေကာကပ်ထားသော ကုန်ပစ္စည်းများ ဟာ ကျတော် တို့  အသင်း သို့  ကုန်ပစ္စည်း၏တန်ဖိုး 100 % ကို လှူဒါန်းပြီးသားဖြစ်ပါတယ်။
ကျတော် တို့ ဟာ ဒုက္ခတွေ့ နေသူ ကို တက်နိုင်သလောက် ဖေးမ တက်သော ချစ်စရာ့ ဓလေ့ ရှိတဲ့  မြန်မာလူမျိုး တွေ ပဲ ဖြစ်ပါတယ်။ကျတော်တို့ အားလုံး ဘ၀ မှာ အဓိပ္ပါယ်ရှိသော လုပ်ရပ်တစ်ခုကို အတူတူလုပ်ကြဖို့  တိုက်တွန်း လိုပါတယ်ဗျာ။တစ်နိုင်တစ်ပိုင်ပါပဲ။
Myanmar's Heart

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...