Thursday, January 8, 2015

' ခု ဆယ် ရာ ထောင် သောင်း သိန်း သန်း ကုဋေ ''

မနေ့ညက အိပ်မက်ထဲမှာ သမ္မတကြီးနဲ့ ဆုံတယ်..။ အဲ့သဟာနဲ့ သမ္မတကြီးတို့ အစိုးရရဲ့ ပေါ်လစီကို သိချင်မိပါတယ်လို့ တောင်းဆိုတော့.. '' မောင်ရင်တို့ အင်ဂျင်နီယာတွေ နားလည်တဲ့ကိန်းဂဏန်းတွေနဲ့ အစိုးရ ရဲ့  ပေါ်လစီကို ရှင်းပြမယ် '' ဆိုပြီး.. အစိုးရရဲ့  ပေါ်လစီက
'' ခု ဆယ် ရာ ထောင် သောင်း သိန်း သန်း ကုဋေ '' တဲ့..။

++++++++++++++++++++++++++++++++++++++
+++++
တဆက်တည်း.. အသေးစိတ်အဓိပ္ပါယ်ကို အောက်ပါအတိုင်း ရှင်းပြသွားလေရဲ့ ..။
ခု = ခုကစလို့ ..။
ဆယ် = ဆယ်နှစ်.. ဆယ်နှစ်..။
ရာ = ရာထူးကနေ လုံးဝမဆင်းပေးဘူး..။
ထောင် = ရာထူးကနေဆင်းခိုင်းတဲ့သူတွေကို အားနာနာနဲ့ ထောင် ချမယ်..။
သောင်း = ကျုပ်တို့အစိုးရအဖွဲ့မှာ အဲ့နာမည်ပါတဲ့သူတွေ တစ်ယောက်မှ မကောင်းဘူး..။
သိန်း = ဟဲဟဲဟဲ.. ကျုပ်လက်ထက်မှာ.. သိမ်းထားတဲ့မြေတွေတောင် ပြန်ပေးနေပါတယ်ဗျာ.. ဟဲဟဲဟဲ ( ဘယ်လောက်ကျန်နေသေးလဲတော့ ကျုပ်လည်း မသိဘူး ဟဲဟဲဟဲ )
သန်း = အဟမ်း အဟမ်း.. ပြည်သူသန်းခြောက်ဆယ်ကို ကျောသားရင်သားမခွဲခြားဘဲ အားလုံး တန်းတူမွဲအောင် လုပ်သွားတာ သူပေါ့.. အဟမ်းအဟမ်း..
ကုဋေ = ကျုပ်တို့မလဲ မလွှဲမရှောင်သာ တိုင်းပြည်ကို ကယ်တင်ရင်းနဲ့ မလွှဲမရှောင်သာ ကုဋေကြွယ် ချမ်းသာလာခဲ့ကြတယ်ပေါ့နော်.. ဘယ်လိုပြောရမလဲပေါ့နော်.. ကျုပ်တို့က ဒီလောက် မချမ်းသာပါဘူး.. တကယ်က သားတွေသမီးတွေကလွှတ်တော်တော့ ချမ်းသာတာပါနော်..
+++++++++++++++++++++++++++++++++++
အဲ့ဒါပြီးတာနဲ့....
နောက်ဆုံးအနေနဲ့ ပြည်သူတွေကို သမ္မတကြီး ဘာများပြောချင်ပါသေးသလဲ ခင်ဗျာ့.. ဆိုတော့..
'' မိဘ ပြည်သူများခင်ဗျား.. ကျုပ်လို သမ္မတကြီးနဲ့ မဆုံဆည်းခဲ့ရဖူးလို့သာ မှတ်လိုက်ကြပါ ''
ဆိုပြီး မောင့်ကျက်သရေခေါင်းပေါင်းကြီး ငိုက်စိုက်ငိုက်စိုက်နဲ့ ဆင်းသွားလေရဲ့ ..။
(ဆောင်းတွင်းအိပ်မက်ပါဗျာ.. ဂယ်ဟုတ်ပါဝူးးးးးးးး သမ္မတကြီး ကျန်းမာချမ်းသာပါစေဗျားးးးး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...