Wednesday, January 14, 2015

အင်္ဂလိပ်ဘာသာဖြင့် ယဉ်ကျေးစွာပြောဆိုခြင်း


ဘယ်ဘာသာစကားနဲ့ပြောတာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်နဲ့ သဘောမတူကြောင်းကို ယဉ်ယဉ်ကျေးကျေး ပြောလိုတဲ့အခါ အသုံးပြုတဲ့စကားအသုံးအနှုန်းတွေကို ဘယ်လိုအသုံးပြုရတယ်၊ ဘယ်အခါမှအသုံးပြုရတယ် ဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘာသာစကားတစ်ခု (သို့) ယဉ်ကျေးမှုတစ်ခုမှာ စကားအသုံးအနှုန်းတစ်ခုဟာ ပုံမှန်အသုံး အနှုန်းဖြစ်ပေမဲ့ အခြားဘာသာစကား (သို့) ယဉ်ကျေးမှုအတွက်တော့ မယဉ်ကျေးသော အသုံးအနှုန်းဖြစ်နေနိုင်လို့ပါပဲ။
I'm sorry, Excuse me (သို့) Pardon me ဆိုတဲ့ အသုံးအနှုန်းတွေ ဟာ အချက်အလက်တောင်းဆိုခြင်း၊ အနှောက် အယှက်ပေးခြင်းနှင့် သဘောမတူခြင်း အစရှိတဲ့ မတူညီသော အခြေအနေအမျိုးမျိုးတွင် ယဉ်ကျေးခြင်းကို ဖေါ်ပြရာတွင် သုံးနိုင်သော အသုံးအနှုန်းများ ဖြစ်ပါတယ်။
Sorry / Excuse me, do you know what the time is? (တဆိတ်လောက်၊ ဘယ်နှစ်နာရီလဲဆိုတာ သိပါသလား?)
I'm sorry, but I don't see how you expect us to finish by lunch time. (စိတ်မရှိပါနဲ့ခင်ဗျား။ ဒါပေမယ့် ခင်ဗျားက ဘယ်လိုလုပ်ပြီး (ကျွန်တော်တို့ကို) ထမင်းစားချိန်အမီ အဆုံးသတ် စေချင်တယ်ဆိုတာကို သဘော မပေါက်ဖူးဗျာ။)

Excuse me, but I never said I'd pay for everything. (အားတော့နာပါတယ် ဒါပေမယ့် အားလုံးအတွက် ငွေရှင်းပေးမယ်လို့ ကျွန်တော် ဘယ်တုန်းကမှမပြောခဲ့ပါဘူး။)
Excuse me, but there's a phone call for you. (ခွင့်ပြုပါခင်ဗျာ၊ ဒါပေမဲ့ ခင်ဗျားအတွက် ဖုံးလာနေပါတယ်။)
Excuse me for a moment, I have to make a phone call. (ခဏလောက် ခွင့်ပြုပါဦး ကျွန်တော်ဖုံးခေါ်စရာလေးရှိလို့ပါ။)
Pardon me , but those numbers aren't right. (စိတ်မရှိပါနဲ့ ဒါပေမဲ့ အဒီဂဏန်းတွေက မမှန်ဘူး။)
Pardon me for interrupting, but there's a phone call for you. (နှောင်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်၊ ဒါပေမယ့် ခင်ဗျားအတွက် ဖုံးလာနေပါတယ်။)
I'm sorry, Excuse me နဲ့ Pardon me တို့ကို တစ်စုံတစ်ယောက်ကို သူပြောလိုက်တဲ့ စကားကို နောက်ထပ် ပြန်ပြောဖို့ ယဉ်ကျေးစွာ တောင်းဆိုတဲ့အခါမှာလည်း အသုံးပြုပါတယ်။ Excuse me နှင့် Pardon me တို့ကိုတော့ အမေရိကန်စကားမှာ အဓိက အသုံးပြုပါတယ်။
Is this your coat? Excuse me/ Pardon me? (ဒါခင်ဗျားကုတ်အင်္ကျီလား? ခင်ဗျား/ပြန်ပြောပါဦး။)
I'm sorry , what was your name again? (စိတ်မရှိပါနဲ့ ခင်ဗျားနာမည်ပြန်ပြောပါဦး ။)
သင့်အနေနဲ့ ကျော်ဖြတ်သွားနိုင်ဖို့ရာ တစ်စုံတစ်ယောက်ကို ဘေးဖယ်ပေးဖို့ ယဉ်ကျေးစွာ တောင်းဆိုတဲ့အခါ Excuse me နှင့် Pardon me တို့ကို အသုံးပြုပါသည်။ Excuse me သည် ဗြိတိသျှစကားအသုံးအနှုန်းဖြစ်ပြီး Pardon me ကတော့ အမေရိကန်စကားအသုံးအနှုန်းဖြစ်ပါတယ်။
I don't know, I see/take your point နဲ့ That's true တို့ကိုတော့ တစ်စုံတစ်ယောက်နဲ့ အပြည့်အ၀မဟုတ်ပဲ အတိုင်းအတာတစ်ခုအထိသာ သဘောမတူကြောင်းကို ပြောလိုတဲ့အခါ အသုံးပြုနိုင်ပါတယ်။
It'll be boring. Oh, I don’t know. It might be fun. (အဲဒါက ငြီးငွေ့စရာကောင်းလိမ့်မယ်။ အို မသိဘူးလေ ၊ ပျော်စရာကောင်းချင်လည်း ကောင်းမှာပေါ့။)
I see your point , but I don't think there's anything we can do at the moment. (ခင်ဗျားပြောတာကို လက်ခံပါတယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ကျွန်တော်တို့ဘာမှ မလုပ်နိုင်ဘူး ထင်တယ်။)
With (the greatest) respect, with all (due) respect နဲ့ I beg to differ တို့ ကတာ့ တစ်စုံတစ်ယောက်နဲ့ သဘော မတူကြောင်း ပြောတဲ့အခါမှာ အလွန်ယဉ်ကျေးပြီး ခန့်တဲ့အသုံးအနှုန်း ဖြစ်ပါတယ်။
With all due respect , you're missing the point. (လေးစားပါတယ်ခင်ဗျာ၊ ဒါပေမယ့် ခင်ဗျားနားလည်မှု လွဲနေပါတယ်။)
He argues that young people would benefit from parenting courses, I beg to differ. (လူငယ်တွေဟာ သားသမီးပြုစုစောင့်ရှောက်ရေးသင်တန်းတွေကနေ အကျိုးကျေးဇူး ရနိုင်တယ်လို့ သူကတော့ စောဒက တက်ပါတယ်။ ကျွန်တော်အနေနဲ့ သဘောမတူကြောင်း ပြောပါစေခင်ဗျာ။)
Actually ကိုတော့ တစ်စုံတစ်ယောက်ကို သူနဲ့သဘောမတူကြောင်း ယဉ်ကျေးစွာ ပြောလိုတဲ့အခါ (သို့) ထိုသူကို အမှန်ပြုပြင်ပေးလိုတဲ့အခါ အသုံးပြုပါတယ်။
I find James a bit dull. He's actually very nice when you get to know him. (ဂျိမ်း(စ)က နည်းနည်းတော့ ငြီးငွေ့ဖို့ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ သူနဲ့ရင်းနှီးလာတဲ့အခါ သူဟာ တကယ်တော့ သဘောကောင်းတဲ့သူ တစ်ယောက်ပါ။)
That Picasso is amazing. Actually it's by Braque. (အဲဒီပီကာဆိုရဲ့ အဲဒီပန်ချီကားက အံ့သြစရာကောင်းလိုက်တာ။ တကယ်တော့ အဲဒါဘရက်(ခ)ဆွဲတာ။)
I'm afraid ကတော့ တစ်စုံတစ်ယောက်ကို စိတ်မကောင်းဖြစ်စေမဲ့ (သို့) စိတ်ပျက်စေမဲ့ (သို့) စိတ်အနှောက်အယှက် ဖြစ်စေမဲ့စကားကို ပြောရာတွင် အသုံးပြုသော ယဉ်ကျေးတဲ့စကား အသုံးအနှုန်းဖြစ်ပါတယ်။
Things haven't been going well here, I'm afraid. (စိတ်မကောင်းပါဘူး။ ဒီမှာတော့ အရာရာတိုင်းဟာ အဆင်မပြေဖြစ်နေတယ်။)
I'm afraid that I can't accept this job. (စိတ်မကောင်းပေမဲ့ ဒီအလုပ်ကို ကျွန်တော်လက်မခံနိုင်ပါဘူး။)
I'm afraid to say that I found the book very dull. (အားနာပေမဲ့ စာအုပ်က ပျင်းစရာကောင်းတယ်လို့ ပြောရမှာပဲ။)
Did the forget to do it? I'm afraid so. (သူလုပ်ဖို့မေ့သွားသလား? စိတ်မကောင်းပေမဲ့ ဟုတ်ပါတယ်။)
Will John be there? I'm afraid not. (ဂျွန်ရောအဲဒီမှာ ရှိမှာလား? စိတ်မကောင်းပါဘူး၊ ရှိမှာမဟုတ်ဘူး။)
Macmillandictionaryblog.com မှ Liz Potter ၏ Ways of being polite မှ ကောက်နှုတ် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...