Tuesday, January 13, 2015

သိက္ခာရှိသောနိုင်ငံရေးစကားလုံးများနှင့် ရှင်သန်နေထိုင်ခြင်း


သားရေ တော်ကြာ မိုးရွာရင် မီးပြတ်တော့မယ် ။" ကိုကိုလှိုင် "တထုပ် သွားဝယ်ချေ စမ်း ။
ဟုတ် မေမေ ။
ယောကျာ်း ရှင် ဆိုက်ကား သိမ်းတာ စောလှ ချေလား ။
အေးကွာ မိုးကရွာ ရေကကြီး မိုးရွာချက်က " ဥာဏ်ဝင်း" စီး လို့ရတယ်။
ပါစင်ဂျာက လည်းမလာ ။ ရော့ ဒီနေ့ ဈေးဖိုး " ဥာဏ်ထွန်း" ပဲယူ လိုက်မိန်းမရေ။


.
ယောကျာ်း ဒီနေ့ အိမ်မှာ ဆန်ကုန် နေပီ ။ ဝယ်စရာ ပိုက်ဆံကလဲ ပြတ်နေပီ ။ ဒီရက်တော့ မနက် ည ပေါင်းပီး ထမင်း" မြင့်လှိုင်" ပဲစားလိုက်ပါကွယ် ။ ထမင်းကိုကုန် သလောက်ပဲစား ။ တော်ကြာ "ဇော်မင်း" ဖြစ်လို့ သွန်ပစ်နေရရင် သမြောစရာ ။
.
ကဲ ယောကျာ်း ရေ အိမ် က ခုလ စာချုပ် စေ့လို့ အိမ်ရှင်က ဆင်းခိုင်းနေပီ ။
မဆင်းချင်ရင် စပေါ်ပျောက် ၆ လစာ " သိန်းစိန် " ပေးရမယ်ဆိုပဲ ။
မပေးနိုင်ရင် ဆင်းခိုင်းနေပီ ။
တော်ကြာ ကျုပ်တို့ကို မဆင်းရင် " အုန်းမြင့် " မယ်ချည်း ပြောနေတယ် ကြံစမ်းပါ့တော် ။ ကျုပ်လဲ ကြည့်ကျက် ပီး " ရဲထွဋ် " လိုက်ကသေးတယ် ။
ကျုပ်တို့မှာ အိမ်ရှင် လဲ " အောင်မင်း " ရတာ တဒုက္ခ ။
လုပ်ကိုင်စား သောက်ရတာအဆင်မပြေတာ တဒုက္ခ ။
ကျုပ်တော့ " အောင် သိန်းလင်း " ချင်တာပါပဲ တော် ။
.
(ခက်ဆစ်)
ကိုကိုလှိုင် = ဖယောင်းတိုင်
ဥာဏ်ဝင်း = လှေစီးသည်
ဥာဏ်ထွန်း = ၂၀၀၀ ကျပ်
မြင့်လှိုင် = ထမင်း တနပ်
ဇော်မင်း. = ပိုလျံခြင်း
သိန်းစိန်. = သုံးသိန်း
အုန်းမြင့် = ပါးရိုက်သည်
ရဲထွဋ်. = လိမ်ညာ ဖြီးဖြန်း ရွှီးရွှမ်းသည် ။
အောင်မင်း = ကြောက်ရွံ့သည်။
အောင်သိန်းလင်း = ရူး သွားသည်

ဗမာ့ သားကောင်း ခံစားခြယ်မှုန်းသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...