Friday, January 2, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၁)

သစ်ထူးလွင်


Posted: 02 Jan 2015 06:58 AM PST
VGastro Bar အမှုရဲ့ (၄)ကြိမ်မြောက် ရုံးချိန်းမှာ ဆိုင်ပိုင်ရှင် မြန်မာ အမျိုးသားနဲ့ ဆိုင်မန်နေဂျာ တို့ကို စစ်ဆေးခဲ့ပြီး သူတို့ နှစ်ဦးစလုံးက နယူးဇီလန်သား ဆိုင်မန်နေဂျာ ဖိလစ် ဘလက်ဝုဒ် မှာပဲ အပြစ်ရှိကြောင်း ထွက်ဆို ခဲ့ကြပါတယ်။ မြန်မာ နိုင်ငံသား (၂)ဦးရဲ့ မိဘ ဆွေမျိုးတွေ အပြင် နယူဇီးလန် နိုင်ငံသား Philip Blackwood ရဲ့ ဇနီးသည်တို့ လာရောက် ခဲ့ကြတဲ့ ဒီကနေ့ တရားခွင်ကို မီဒီယာတွေ ကလည်း နားထောင်ခွင့်ရခဲ့
Posted: 02 Jan 2015 06:44 AM PST
“ဒီဇင်ဘာလပဲရှိသေးတယ် တရွာလုံးအားထားရတဲ့ သောက်သုံးရေကန်က ခန်းပြီဆိုတော့ ရေအ တွက် ဘယ်လိုပြင်ဆင်ကြမလဲ”ဆိုတဲ့ အတွေးသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ခက်လန်း ကန်ရွာသူရွာသားများအတွက် ခြောက်အိပ်မက်ပမာ ဖြစ်နေလေသည်။ ရွှံ့ညွန်အိုင်ပျက်တခုကဲ့သို့ ညစ်နွမ်းနေသော လက်ကျန်ရွှံ့ရေကို ခက်လန်းကန်ရွာသူရွာသားများ သည် အချိန်ရသရွေ့ တနိုင်တပိုင် ထမ်းပိုးသယ်ယူ ခြင်း၊ ရေစည်လှည်းများဖြင့် သယ်ယူခြင်းများဖြင့် ရေ သယ်ြ
Posted: 02 Jan 2015 06:43 AM PST
စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး တိုးချဲ့ခတ်ရာမှာ ပါသွားတဲ့ လယ်မြေဧက ၈ဝဝ မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေအတွက် လျော်ကြေးငွေကို ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်က တောင်သူတွေထံ ပေးအပ် သွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက ပြောပါတယ်။ 
Posted: 02 Jan 2015 06:42 AM PST
စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်း ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အမိန့်ကို နောက်ထပ် သက်တမ်း ၂ လ တိုးမြှင့် ထုတ်ပြန်လိုက်ပါ တယ်။ ပုဒ်မ ၁၄၄ ကို ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလကုန်အထိ ၂ လ သက်တမ်းတိုးလိုက်တာဖြစ်တယ်လို့ ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က ပြောပါတယ်။ "ပုဒ်မ ၁၄၄ က သက်တမ်းရှိတယ်လေ၊ နှစ်လတစ်ကြိမ်၊ အဲ့ဒါ
Posted: 02 Jan 2015 06:46 AM PST
ဗုဒ္ဓရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ Buddha Bar လို့ အမည်ပေးထားတဲ့ ပါတီပွဲကြေငြာ လက်ကမ်းစာစောင်။ V Gastro Bar ပိုင်ရှင်နဲ့ မန်နေဂျာကို ရုံးထုတ်စစ်ဆေး။ (ဇန်နဝါရီ ၂၊ ၂၀၁၅) ဗုဒ္ဓရုပ်ပုံတော်ကို အရက်ဆိုင် ကြော်ငြာအဖြစ် အသုံးပြု ခဲ့တာကို မိမိတို့ မသိလိုက်တဲ့ အကြောင်း V Gastro ဘားပိုင်ရှင်နဲ့ ဆိုင်မန်နေဂျာတို့က ဒီကနေ့ ဗဟန်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် 
Posted: 02 Jan 2015 05:52 AM PST
AirAsia ခရီးသည်တင် လေယာဉ် အစိတ်အပိုင်းတွေနဲ့ သေဆုံးသူ အလောင်းတွေကို ဆယ်ယူနိုင်ဖို့ ဒီနေ့ ရာသီဥတု အနည်းငယ် ပြန်ကောင်းလာခဲ့ပြီး တဲ့နောက် ရေအောက် ရှာဖွေရေး ကိရိယာတွေ ချပြီး ဆက်ရှာဖို့ပြင် နေတယ်လို့ ရှာဖွေရေး လုပ်သားတွေ ထုတ်ပြော လိုက်ပါတယ်။ အင်ဒိုနီးရှား အရာရှိတွေက ဒီနေ့ အလောင်းတချို့ ထပ်မံရှာတွေ့ ခဲ့တာကြောင့် စုစုပေါင်း အလောင်း ၂၂ လောင်း ရရှိထားပြီလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ရေဒါထဲကနေ
Posted: 02 Jan 2015 04:54 AM PST
စစ်တွေ၊ ဇန်န၀ါရီ ၂။ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် တိုက်တွန်းမှုအား ပြည်တွင်း အင်အားစုများနှင့် ပူးပေါင်း၍ ခုခံသွားမည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က Rakhine News Agency သို့ပြောသည်။ “ကျွန်တော်တို့ရဲ့ သမိုင်းပေး အခြေအနေအရ ကျွန်တော်တို့လူမျိုး တည်တံ့ ခိုင်မြဲဖို့ အတွက် အချုပ်အခြာ အာဏာရဲ့ ရပိုင်ခွင့် အရ ကျွန်တော်တို့
Posted: 02 Jan 2015 04:54 AM PST
ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း အဖွဲ့နဲ့ ရဲဘော်သံခဲဦး ဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (အေဘီအက်စ် ဒီအက်ဖ်) တို့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ ကျောင်းသား တပ်မတော်ရဲ့ နိုင်ငံရေး သဘောထားကို ဆွေးနွေးသလို၊ နှစ်ဘက်အကြား စာချုပ်တွေနဲ့ လုပ်ငန်းပိုင်း ဆိုင်ရာတွေ ဆွေးနွေးခဲ့ကြတယ်
Posted: 02 Jan 2015 04:44 AM PST
ရန်ကုန် ဇန်နဝါရီ ၁ ငြိမ်သက်နေသော အိမ်ခြံမြေ ဈေးကွက်သည်၂ဝ၁၅ခုနှစ်အတွင်း ဈေးနှုန်းများ ကျဆင်းဖွယ်ရှိနေပြီး အမြင့်ဆုံး ၂၅ရာခိုင်နှုန်းခန့်လျော့ ကျဖွယ်ရှိကြောင်း အိမ်ခြံမြေလုပ် ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင် မောင်အေးကပြောသည်။ ''အိမ်ခြံမြေဈေးကွက်က၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းတုန်းက အရောင်း အဝယ်ကောင်း နေပါတယ်။ နှစ် လယ်လောက်မှာ ငြိမ်သက်လာပြီး နှစ်ကုန်ပိုင်းနဲ့ ၂ဝ၁၅အတွင်းမှ ဈေးလျှော့ ရောင်းရမယ့် အခြေ
Posted: 02 Jan 2015 04:39 AM PST
ဝါရှင်တန်၊ ဇန်န၀ါရီ ၁ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (ISIS) အဖွဲ့ဝင် နယူးဇီလန်နိုင်ငံသား တိုက်ခိုက်ရေးသမား တဦးက တွစ်တာစာမျက်နှာတွင် ၎င်းရောက်ရှိသည့် လျှို့ဝှက်တည်နေရာအား မတော်တဆ ဖော်ပြမိရာ လုံခြုံရေး သုတေသီတဦးက တွေ့ရှိသွားသည်။ မာ့ခ်တေလာဟုလည်း သိကြသော အဘူအက်ဘ်ဒူလ်ရာမန်သည် နယူးဇီလန်မှ စွန့်ခွာ၍ ၂၀၁၂ မေလတွင် ISIS အဖွဲ့သို့ ၀င်ရောက်ခဲ့သည်။ ထို့နောက် မကြာမီပင် ဆီးရီးယားသို့ လာရောက်ရခြင်းမှာ 
Posted: 02 Jan 2015 04:38 AM PST
ပင်လယ်ပြင်မှာ ပျက်ကျသွားတဲ့ အဲအေးရှားလေယာဉ်ကို ရှာဖွေရန် ရေအောက် ရှာဖွေရေး လုပ်ငန်းတွေမှာ ကျွမ်းကျင်တဲ့ ပြင်သစ်အဖွဲ့တွေက ရှာဖွေရေးလုပ်ငန်းသုံး ကိရိယာတွေနဲ့ လေယာဉ်ရဲ့ Black Box လို့ခေါ်တဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကရိယာက အချက်ပြတဲ့ လှိုင်းတွေကို ဇန်န၀ါရီ ၂ ရက်နေ့မှာ ရှာဖွေသွားမှာဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။ လေယာဉ် ပျောက်ရှာတဲ့ ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးဝါးနြေ
Posted: 02 Jan 2015 04:35 AM PST
အစိုးရတပ် စစ်ကြောင်းကားများ တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Military) ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ က အစိုးရ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဒဏ်ရာရသူနဲ့ သေဆုံးသူတွေ ရှိခဲ့ပါတယ်။ မန္တလေး တပ်သား စုဆောင်းရေး တပ်က တပ်သား သစ်တွေကို လားရှိုးမြို့နယ် ကုန်းညောင် စစ်သင်တန်းကျောင်းကို ပို့ဆောင်ဖို့အသွား ကျောက်မဲမြို့နယ် လုံဝယ်ကျေးရွာ ဘုန်းကြီးကျော
Posted: 02 Jan 2015 04:27 AM PST
ရန်ကုန်၊ ဇန်န၀ါရီ ၂ ၁.၁.၂၀၁၅ ရက်နေ့ ၂၃၀၀ အချိန်တွင် ဗဟန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးအနောက်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းတွင် အမျိုးသား တစ်ဦး မိုတယ်အပေါ်ထပ်(၄)လွှာမှ ပြုတ်ကျသေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းမိုတယ်မှ ၀န်ထမ်းဖြစ်သူ ကြည့်မြင်တိုင်မြို့နယ်နေ မောင်အောင်ဇော်၊ (၁၉)နှစ်မှာ ဦးခေါင်းထိပ်ကွဲအက်၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများထွက်ကာ သေဆုံးနေ
Posted: 02 Jan 2015 04:15 AM PST
ရုပ်မြင်သံကြားမှာ မြန်မာ့ဂီတတခေတ်ပေါ်ထွန်းခဲ့သော ကာလပေါ်တေးဂီတများကို “ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ”ဟူသောကဏ္ဍမှာ တပတ်တခါ တင်ဆက်နေသူက ငယ်စဉ်ကလေးဘ၀ကတည်းက ဂီတလောကရုပ်ရှင်လောကမှာ ကျင်လည်ကျက်စားခဲ့သူ စန္ဒယားတင်ဝင်းလှိုင်။ သူ့ကဏ္ဍလာလျှင် မြန်မာသီချင်းကို ချစ်ခင်စွဲလန်းသူများ၊ တခေတ်က ထိုသီချင်းများကို စွဲလန်းခဲ့သူများသည် တကူးတကအချိန်ပေး၍ စောင့်မျှော်ကြည့်ရှုရသည်။ တခေတ်ကတေးသံရှင်များကိုလည်း မြင်ရတွေ့ရသည်မှာ ပီ
Posted: 02 Jan 2015 04:13 AM PST
သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။ ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။ ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖောက်လှဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း။ ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊
Posted: 01 Jan 2015 10:05 PM PST
ဓာတ်ပုံ - လှိုင်မျိုးထွန်း ဒုက္ခလော၊ ပြဿနာလော ဝန်ထမ်းတွေ လစာတိုးရင်တော့ ပြဿနာပဲဟုမိတ်ဆွေတစ်ယောက်ကပြော လာသဖြင့် ဘာပြဿနာလဲဟု ပြန်မေးမိ သည်။ သူက ''တကယ်တော့ ပြဿနာ ထက် ဒုက္ခမှဒုက္ခ၊ ဒုက္ခကိုပြောတာဗျ'' ဟု တုံ့ပြန်ဆိုလာသည်။ မေးလိုက်သည့် သူ စာရေးသူမှာ အစိုးရဝန်ထမ်းဖြစ်နေပြီး ပြန်ဖြေသည့် မိတ်ဆွေက ပုဂ္ဂလိကကုမ္ပဏီ ဝန်ထမ်းဖြစ်သည်။ အယူအဆတိုက်ပွဲငယ် ကစတော့မည်။ အစိုးရဝန်ထမ်းလစာ တိုး မြှင့်မှုကြောင့် ကုန်ဈေးနှုန်း
Posted: 01 Jan 2015 09:59 PM PST
အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးအရာရှိတွေက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်နေ့အထိ အလောင်း ၉ လောင်း ရှာတွေ့ထားပြီလို့ ပြောပါတယ်။ Airasia planeအဲအေရှားလေကြောင်းလိုင်းပိုင် QZ8501 လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာ ကနေ စင်ကာပူကို ပျံသန်းစဉ်ပျက်ကျခဲ့တာပါ။ အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ ခေါင်းဆောင် ဖရန့်စစ်ကော့စ် ဘန်ဘောင် စိုးလစ်စ်ယို (Fransiskus Bambang Soelistyo)က ပြီးခဲ့
Posted: 01 Jan 2015 07:20 PM PST
မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေကို ပြန်လည် ရေးဆွဲမယ်လို့ ရှန်ဟိုင်း နေ့စဉ်သတင်းက ဖော်ပြပါတယ်။ ဒီဥပဒေကို လွန်ခဲ့တဲ့ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလက အတည်ပြု ပြဌါန်း ခဲ့တာပါ။ ဒါပေမဲ့ ဥပဒေရဲ့ ကဏ္ဍတိုင်းမှာ ချို့ယွင်းချက်တွေ ရှိနေပြီး၊ နိုင်ငံ တဝှမ်းမှာလည်း လူကုန်ကူးမှုတွေ ပိုမိုများပြား လာတာကြောင့် ပြန်လည် ရေးဆွဲမှာ ဖြစ်ပါတယ်။ ပြန်လည်ရေးဆွဲမယ့် ဥပဒေမူကြမ်းကို ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူတွေ
Posted: 01 Jan 2015 07:15 PM PST
နယူးဒေလီ ၊ ၂-၁-၂ဝ၁၅ အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရူဂျာရတ် ပြည်နယ် ဆူရတ်မြို့တွင် ခင်ပွန်းဖြစ်သူ ချက်ပြုတ် နေသည်ကို နောက်ပြောင် ကျီစယ် ခဲ့သည့် အမျိုးသမီးမှာ ဓားဖြင့် အထိုးခံ ခဲ့ရကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ ဂန်ပတ်ဗက်ဇ် အမည်ရှိ အသက် ၄ဝ နှစ်အရွယ် အမျိုးသား တစ်ဦးသည် မီးဖိုချောင်အတွင်း ဟင်းရွက်ကြော် တစ်ပွဲကို ပြင်ဆင်နေစဉ် ဆူမန် အမည်ရှိ အသက် ၃၈ နှစ်အရွယ် ဇနီး ဖြစ်သူသည် ခင်ပွန်း ဖြစ်သူ၏ အချက်အပြု
Posted: 01 Jan 2015 07:15 PM PST
ဖမ်းဆီးရမိ တရားခံ ၊ မော်တော်ယာဉ် နှင့် ကျောက်စိမ်းတုံးများကို တွေ့ရစဉ် ဖားကန့် ၊ ၂-၁-၂ဝ၁၅ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါလမ်းဆုံတွင် တပ်မတော် နှင့် ပူးပေါင်း စစ်ဆေးရေး အဖွဲ့ဝင်များက လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်စဉ် ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာ ၃ဝ ရက် မွန်းတည့် ၁၂ နာရီ တွင် ဆိုင်းတောင် မှ မန္တလေးဘက် သို့ ယာဉ်မောင်း ထွန်းမင်းလတ် ၃၃ နှစ် (ဘ) ဦးသိန်းထွန်း  မောင်းနှင် လာသည့်ယာဉ်အမှတ်၊ ၉ယ/၂၈၈၃ 
Posted: 01 Jan 2015 07:13 PM PST
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ မြန်မာနိုင်ငံရှိ လူထုပရိသတ် အားပေးမှု အရှိဆုံး ပွဲတစ်ပွဲဖြစ်သည့် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုပေးပွဲကို ရန်ကုန်မြို့၊ Myanmar Event Park ၌ ဒီဇင်ဘာ(၂၇)ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆုပေးပွဲပြုလုပ် နေစဉ် အတောအတွင်း ဖြစ်ပေါ်ခဲ့သည့် လွဲချော်မှုများအတွက် ဝေဖန်မှုများစွာ ထွက်ပေါ်လျက် ရှိသည်။ ထိုင်းနိုင်ငံမှ တာဝန်ယူ ဆောက်လုပ်ပေးခဲ့သည့် အကယ်ဒမီ စင်မြင့်ထက်တွင် အကယ်ဒမီ 
Posted: 01 Jan 2015 07:10 PM PST
လက်ရှိအစိုးရသည် အုပ်ချုပ်ရေး မကောင်းဘဲ ခိုင်မာသော နိုင်ငံရေး လမ်းစဉ်မရှိဟု သိကြသောကြောင့် လူထုနှင့် ထိပ်တိုက်ရင်ဆိုင်မှုကို ၂၀၁၄ ခုနှစ်ထက်ပင် ပို၍ ရင်ဆိုင်ရဖွယ်ရှိ . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ယခုဆိုလျှင် ၂၀၁၅ ခုနှစ် အတွင်းသို့ ၀င်ရောက်လာပေပြီ။ အဟောင်းဖြစ်သော ၂၀၁၄ သည် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီး နှစ်သစ်သို့ ရောက်လာသော ၂၀၁၅ တွင် အဘက်ဘက်မှ အကောင်းကို မျှော်လင့်ကာ တိုင်းပြ
Posted: 01 Jan 2015 07:07 PM PST
ပေကျင်း ၊ ၂-၁-၂၀၁၅ တရုတ်နိုင်ငံ ကျဲကျန်းပြည်နယ် ၌ လူခြောက်ဦး ကြက်ငှက်တုပ်ကွေး ရောဂါပိုး ကူးစက်ခံရပြီး တစ်ဦး သေဆုံး ခဲ့ကြောင်း ဒေသတွင်းရှိ အစိုးရက ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန် ခဲ့သည်။ ရောဂါပိုး ကူးစက်ခံရသူ များမှာ ရှာရှင်း၊ ကျင်းဟွာ နှင့် ရှောင်ရှင်မြို့ များမှဖြစ်ပြီး ၄င်းတို့သည် ရောဂါပိုး ကူးစက်ခံရ သည်ကို ဒီဇင်ဘာ ၃ဝ ရက်က အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်နယ် ကျန်းမာရေး အာဏာပိုင် များက
Posted: 01 Jan 2015 07:07 PM PST
ဂျေရုဆလင် ၊ ၂-၁-၂၀၁၅ အစ္စရေး အစိုးရသည် ဂါဇာကမ်းမြောင် အနီးရှိ ဒေသများ၌ ဖြန့်ကြက် ထားသည့် ၄င်း တို့၏ တပ်ဖွဲ့ဝင်များ အနက် အချို့ကို ဇန်နဝါရီ ၁ ရက်တွင် ပြန်လည် ရုပ်သိမ်း ခဲ့ကြောင်း အစ္စရေးစစ်ဘက် က ထုတ်ပြန် ခဲ့သည်။ သို့ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင် အချို့ကို ၄င်းနယ်စပ်နှင့် ဘေးချင်းကပ် တည်ရှိနေသော ဒေသသုံးခု အတွင်း လုံခြုံရေး စောင့်ရှောက်မှုများ ဆက်လက် ဆောင်ရွက်ရန် အတွက် ဖြန့်ကြက် သွားမည် ဖြစ်ကြော
Posted: 01 Jan 2015 07:05 PM PST
အီရတ်နိုင်ငံတွင်း အသေခံဗုံးခွဲမှုကြောင့် သေဆုံးရသူများ။  အီရတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း အရပ်သားနဲ့ လုံခြုံရေးဝန်ထမ်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ရတယ်ဆိုတာ အစိုးရ ကိန်းဂဏန်း တွေက ပြနေ တာကြောင့် ဒါဟာဖြင့် ၂၀၀၇ ခုနှစ်ကတည်းကဆိုရင် အသေအပျောက် အများဆုံးနှစ်ဖြစ်ပါတယ်။ ကျန်းမာရေး၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေ ပူးတွဲပြုစုထားတဲ့ ကိန်းဂဏန်းအရ သေဆုံးသူအရေအတွက်ဟာ ၁၅၅၃၈ ဦး ရှိပါတယ်။ ဆွန်နီ-ရှီးယား 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...