Friday, January 16, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၁)

သစ်ထူးလွင်


Posted: 16 Jan 2015 06:47 AM PST
လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အလွန်ကာလမှာ နိုင်ငံရေး ဦးဆောင်မှု ဆက်လက်ရရှိဖို့ အတွက် ကြိုးစား ဆောင်ရွက်ကြဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းက ဗဟိုကော်မတီဝင်တွေကို ဒီနေ့ တိုက်တွန်း ပြောကြား လိုက်ပါတယ်။ နေပြည်တော် ပါတီဗဟိုဌာနချုပ်မှာကျင်းပတဲ့ တတိယအကြိမ်မြောက် ဗဟိုကော်မတီဝင် အစည်းအဝေးမှာ သူရဦးရွှေမန်းက အခုလို ထည့်သွင်းပြောကြား လိုက်တာ ဖြစ်ပါတယ်။ ယခုအခါ ပြည်ေ
Posted: 16 Jan 2015 06:39 AM PST
ဘယ်လ်ဂျီယံ နိုင်ငံ အရှေ့ပိုင်းက ဗာဗီရေးမြို့မှာ ကြာသပတေးနေ့ ညက အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စုလို့ သံသယ ရှိသူတွေကို ရဲက ဝင်ရောက် စီးနင်းရာမှာ ၂ ယောက်ကို အသေ ဖမ်းဆီးမိခဲ့ပြီး အခြား လူ ၁၃ ယောက်ကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စစ်သွေးကြွတွေလို့ သံသယ ရှိတဲ့ အဲဒီ အုပ်စုဟာ ရဲစခန်းတွေကို တိုက်ခိုက်ဖို့နဲ့ လမ်းပေါ်က ရဲတွေကို ပစ်ခတ် သတ်ဖြတ်ဖို့ စီစဉ် ထားကြတယ်လို့ ဘယ်လ်ဂျီယံ အစိုးရ ရှေ့နေတွေက ပြောပါတ
Posted: 16 Jan 2015 06:02 AM PST
ပြောင်းလဲနေတဲ့ မြန်မာပြည်အကြောင်း နိုင်ငံသူနိုင်ငံသားတွေ ဘယ်လောက် နားလည်သဘော ပေါက်တယ်ဆိုတာကို သိရှိနိုင်ဖို့အတွက် အမေရိကန်အခြေစိုက် Asian Foundation အဖွဲ့က စုံစမ်းပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာလက စာမျက်နှာတရာကျော် စစ်တမ်းကို ထုတ်ဝေထားပါတယ်။ မေလ က ဇွန်လအထိ တိုင်းနဲ့ပြည်နယ် (၁၄) ခုမှာ လူပေါင်း သုံးထောင်ကျော်ကို စိတ်ရှည်လက်ရှည် တွေ့ဆုံမေးမြန်းပြီး ရေးထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ ပြည်သူလူထုဟာ စိတ်ထဲရှိတာ
Posted: 16 Jan 2015 05:58 AM PST
ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်သစ် နိုင်ငံ ပဲရစ်မြို့မှာ လူ ၁၇ ဦး သေဆုံး ခဲ့ရတဲ့ တိုက်ခိုက် မှုတွေနဲ့ ပတ်သက်ပြီး လူ ၁၂ ဦးကို ဖမ်းဆီး လိုက်တယ်လို့ ပြင်သစ် ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့ဟာ သေနတ်သမားတွေကို လက်နက် ဒါမှ မဟုတ် မော်တော်ယာဉ်တွေ အကူအညီ ပေးခဲ့တယ်လို့ ယူဆရတဲ့ အတွက် စုံစမ်း စစ်ဆေး နေတာလို့ ဆိုပါတယ်။ သေနတ်သမား တစ်ယောက် ကြီးပြင်းခဲ့ရာ ပဲရစ်မြို့ တောင်ဘက် ဆင်ခြေဖုန်း အရပ်မှာလည်း ရဲတွေက ရှာဖွေမှုတွေ
Posted: 16 Jan 2015 05:47 AM PST
မြန်မာအနေနဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး အားလုံး ပါဝင်တဲ့ ပွင့်လင်းမြင်သာ အများလက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် မြန်မာအပေါ် ချမှတ်ထားတဲ့ ကျန်နေသေးတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ ပိတ်ပင်ကန့်သတ်မှုတွေ အားလုံးကို အဆုံးသတ်သွားအောင် ဆက်လုပ်သွားမယ်လို့ အမေရိကန်က ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီလ ၁၄ – ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာ- အမေရိကန် လူ့အခွင့်အရေးဆွေးနွေးပွဲ
Posted: 16 Jan 2015 05:45 AM PST
သောက်သုံးရန်မသင့်သော ရေသန့် တံဆိပ် (၂၂)မျိုးကို အမည်နာမနှင့်တကွ ဖော်ပြပေးသင့်ကြောင်း၊ စားသုံးသူများ ဘက်က အမြဲကာကွယ် ပြောဆို နေသော စာသုံးသူ ကာကွယ်ရေး အသင်းဥက္ကဌ ဦးဗအုပ်ခိုင်က New Watch သို့ ပြောကြားသည်။ ယခုလအစောပိုင်းက မြန်မာနိုင်ငံ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) က မြန်မာနိုင်ငံတွင် သောက်သုံးရန်အသင့်သော ရေသန့် အမှတ်တံဆိပ် ၂၂ မျိုးရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အမည်နာမများကို
Posted: 16 Jan 2015 05:42 AM PST
 (KAF) တပ်မတော်တွင် ရာထူးခန့်အပ်ခြင်းခံရသည့် ကရင်တပ်မှူးနှစ်ဦး။ ကော်သူးလေတပ်မတော် (KAF) တွင် အဆင့်မြင့် ရာထူးများခန့်အပ် ဇန်န၀ါရီ - ၁၆ - ၂၀၁၅ ယခင်နှစ်ကုန်ပိုင်းက ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) ဌာနချုပ်တွင် ဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော် KAWTHOOLEI ARMED FORCES (KAF) တွင် ယခင်က ဒီကေဘီအေနှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီမှ တပ်မှူးဟောင်းနှစ်ဦးကို အဆင့်မြင့်ရာထူးနှင့် တာဝန်များ
Posted: 16 Jan 2015 12:45 AM PST
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း ရွာလယ်ခါင်က အစိုးရ ရဲစခန်းဝင်း မနေ့ ညဦးပိုင်းက ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ မိသားစုဝင် ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ အမည်မသိ ဆိုင်ကယ်သမားက လမ်းပေါ်ကနေ ဗုံးနဲ့ ပစ်ပေါက်သွားတဲ့အတွက် ၀င်းအတွင်း ထိုင်စကားပြောနေတဲ့ ရဲမိသားစုဝင်တွေ ထိမှန်သွားတယ်လို့ စခန်းမှူး ရဲအုပ်တင်ကိုကိုက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့ညနေ ၆ နာရီခွဲက  ဗုံးက ရဲစခန်းရှေ့ကို ကျလာတာ။ ရဲ
Posted: 16 Jan 2015 12:44 AM PST
ဆီးရီးယားတွင် ISIS က ၆လခန့် ပြန်ပေး ဆွဲထားခြင်း ခံခဲ့ရသည့် အီတလီလူမျိုး ကူညီ ထောက်ပံ့ရေး အလုပ်သမား အမျိုးသမီး ၂ဦး လွတ်မြောက်လာ ပြီးနောက် နေရပ်သို့ ပြန်လည် ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း အီတလီ အစိုးရ က ကြေငြာသည်။ ဆောင်းရာသီ အ၀တ်အစားများနှင့် ကျောပိုး အိတ်များ လွယ်လျက် လေယာဉ်ပေါ်မှ ဆင်းလားသည့် ဂရက်တာ ရာမယ်လီ နှင့် ဗနက်ဆာ မာဇူလို တို့ကို နိုင်ငံခြားရေးဝန်ကြီး ပေါ်လိုဂျန်တီလိုနီ အပါအ၀င် တာဝန်ရှိသူများက
Posted: 16 Jan 2015 12:38 AM PST
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗဟို ဥက္ကဋ္ဌ ဆရာတော်ဖြစ်သည့် အရှင်တိလောကာဘိဝံသမှ သီတဂူ ဆရာတော် ဘုရားကြီးသည် မဘသဗဟို ဒုဥက္ကဋ္ဌ ဆရာတော် အဖြစ်မှ အကျိုးတော် ဆောင်နေဆဲ ဟု News Watch သို့ ဇန်န၀ါရီ ၁၄ရက်နေ့ က မိန့်ကြား လိုက်သည်။ မဘသ ဗဟိုဥက္ကဋ္ဌ ဆရာတော် အရှင်တိလောကဘိဝံသမှ မိန့်ကြားချက်အပြည့်အစုံမှာ“ဇာစ်မြစ်က စပြောရမယ်ဆိုရင် မဘသဖွဲ့ဖို့ ဆရာတော်တွေတိုင်ပင်ပြီးတော့ ဆရာတော်ကြီးကို သွားတိုင်ပင် လျှောက်ထား ခဲ့ကြတ
Posted: 15 Jan 2015 11:59 PM PST
ရန်ကုန်၊ ဇန်န၀ါရီ ၁၆ ၁၅.၁.၂၀၁၅ ရက်နေ့ ၂၀၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ရွေပေါကံ္က နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေပေါကံ္က၊ (၁၂)ရပ်ကွက်အတွင်း အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျပြီး ကလေးအလောင်းအား စွန့်ပစ်ထားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ အသက် (၃၃)နှစ်ရှိ အမျိုးသမီးသည် အရပ်လက်သည် အသက်(၅၀)နှစ်ရှိ အမျိုးသမီးဖြင့် ကိုယ်ဝန် အားဖျက်ချခဲ့ပြီး မွေးကင်းစ ယောင်္ကျာလေး အလောင်း
Posted: 15 Jan 2015 11:55 PM PST
ရန်ကုန်၊ ဇန်န၀ါရီ ၁၆ ၁၆.၁.၂၀၁၅ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်း ရပ်ကွက်နေ ဒေါ်ရင်မေမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ ကိုနိုင်ဖြိုး(ခ) နိုင်အောင်ဖြိုး၊ (၂၃)နှစ်မှာ ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ ရောက်ရှိသေဆုံး သွားကြောင်းကြား သိရသဖြင့် သွားရောက်ကြည့်ရှုပြီး စုံစမ်းရာ မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလော့ ဘုရားပွဲဈေးရှိ လ္ဘက်ရည်ဆိုင်တွင် သားဖြစ်သူနှင့် တစ်ရပ်ကွက် တည်းနေ ကိုသက်(ခ
Posted: 15 Jan 2015 11:22 PM PST
KIA တပ်ရင်း ၆ ရှေ့တန်းစခန်း အောင်ဘာလေမှာ နေရာယူထားတဲ့ အစိုးရ တပ်မ ၆၆ စစ်သား ၂ ဦး ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်နှင့် အစိုးရ စစ်တပ်တို့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီမှစတင်၍ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆန့်က ပြောသည်။ “တိုက်ပွဲက ဒီမနက် ၆ နာရီခွဲကနေစဖြစ်တာ။ အောင်ဘာလေရွာဘက် ဝင်လာလို့ တိုက်ပွဲ ဖြစ်တာလား၊ အားလုံး ၃၀၀
Posted: 15 Jan 2015 11:18 PM PST
ဓာတ်ပုံ - bangkokpost ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင်က ကာရာအိုကေ ဘား ၃ ခုမှာ မြန်မာနဲ့လာအို အမျိုးသမီး ပြည့်တန်ဆာ ၆၀ နီးပါးကို ဇန်ဝါရီ ၁၄ ရက်နေ့ညက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် သည်နေရှင်း သတင်းစာမှာ  ဖော်ပြပါတယ်။ သူတို့တတွေဟာ အသက် ၁၈ နှစ်ကနေ ၂၂ နှစ်အကြား အမျိုးသမီးတွေဖြစ်တယ်လို့ လူကုန်ကူးမှုတားဆီးရေးဌာန လက်ထောက် အကြီးအကဲ ဗိုလ်မှူးကြီး ၀ိုရာပေါင် သောင်ပိုင်ဘွန်းက ထုတ်ဖော်ပြောကြားပါတယ်။ By 
Posted: 15 Jan 2015 10:48 PM PST
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ သားအငယ် ဦးတိုးနိုင်မန်းသည် ၂၀၀၁ ခုနှစ် မတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဗထူးတပ်မြို့၌ ကားတိုက်မှုတခု ဖြစ်ပွားခဲ့ပြီး လူစားထိုး ထောင်ဒဏ်ကျ ခံစေခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတဦးက ပြောသည်။ ဇန်န၀ါရီ ပထမပတ်အတွင်း ဦးရွှေမန်းကို ယခင်စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ရန်ကုန်ဟိုတယ်တွင် တိတ်တဆိတ်တွေ့ ဆုံရန် ဦးတိုးနို
Posted: 15 Jan 2015 06:47 PM PST
မယ်လ ဒုက္ခသည်စခန်း (REUTERS/Chaiwat Subprasom) ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ချ်ျစီအာ) က ထိုင်း-မြန်မာ နယ်စပ် တကြောက ဒုက္ခသည်စာရင်းကို မကြာခင် ပြန်လည်စိစစ်မယ်လို့ ဒုက္ခသည် ကော်မတီ တွေက ပြောပါတယ်။ တချိန်မှာ ဒုက္ခသည်တွေ နေရာ အပြောင်းအရွှေ့တွေရှိရင် ကူညီပေးနိုင်အောင် ဆောင်ရွက်တာပါလို့ အုန်းဖျန်ဒုက္ခသည်စခန်းက ကရင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ နော်ဘော်ညော က ပြောပါ တယ်။ ဒီတကြိမ်က ပထ
Posted: 15 Jan 2015 04:32 PM PST
ဗယ်ရ်ဗီရေး မြို့ စီးနင်းမှု မှာ အစ္စလာမ်မစ် အစွန်း ရောက် တွေ လို့ ယူဆရသူ ၂ ဦး သေဆုံး။ ဘယ်လ်ဂျီယမ် နိုင်ငံ တဝှမ်းက မြို့တွေမှာ အကြမ်းဖက် သမားတွေ လို့ သံသယ ရှိခံရသူ တွေကို ဝင်ရောက် စီးနင်းမှု စုစုပေါင်း ၁၀ ကြိမ် ပြုလုပ် ခဲ့ကြပါတယ်။ ဗယ်ရ်ဗီရေး မြို့ မှာ လုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ ရဲ့ စီးနင်းမှု အတွင်း အစ္စလာမ်မစ် အစွန်းရောက် တွေ လို့ ယူဆရသူ ၂ ဦး သေဆုံး ခဲ့ကြောင်း ဘယ်လ်ဂျီယမ် ရဲ့ ဗဟို အစိုးရ ရှေ့နေ တွေက ပြော
Posted: 15 Jan 2015 04:30 PM PST
ပြည်ခိုင်ဖြိုး ဟာ စည်းရုံးမှု အနေအထား မှာ လူထုနဲ့ နီးနီးစပ်စပ် ရှိနေတယ် လို့ ဦးအောင်သောင်း က ဆိုပါတယ်။ အာဏာရ ပြည်ခိုင်ဖြိုး ပါတီ ရဲ့ နှစ်ပတ်လည် ဗဟို ကော်မတီ အစည်းအဝေး ကို ဇန်နဝါရီ ၁၆ ရက်က စလို့ နေပြည်တော် မှာ ၃ ရက်ကြာ ကျင်းပ ပါလိမ့်မယ်။ ဒီ အစည်းအဝေး မှာ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှု အနေနဲ့ အောင်နိုင်ရေး လုပ်ငန်းစဉ် တွေ အကြောင်း ဆွေးနွေးမှာ ဖြစ်ပြီး လောလောဆယ် မှာ ခေါင်းဆောင်ပိုင်း အပြောင်း 
Posted: 15 Jan 2015 04:28 PM PST
နေပြည်တော်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် အမေရိကန်-မြန်မာ လူ့အခွင့်အရေး ဆွေးနွေးပွဲ။  မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski နဲ့ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Anne Richard တို့ ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ် အဖွဲ့ဟာ ဇန်နဝါရီလ ၁၄ နဲ့ ၁၅ ရက် ၂ ရက်ြ
Posted: 15 Jan 2015 04:28 PM PST
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ် နေပြည်တော်တွင် အစိုးရ-လွှတ်တော် တာဝန်ရှိ သူတွေနဲ့တွေ့ဆုံ။ (သတင်းဓာတ်ပုံ-United Nations Information Centre Yangon) မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ ရှိတဲ့ မျိုးစောင့် ဥပဒေ တွေ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က ဥပဒေကြမ်း ကော်မတီ နဲ့ တွေ့ဆုံချိန် မှာ မေးမြန်းခဲ့တယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး က ပြောပါတယ်။ မစ္စယန်ဟီးလီးအနေ
Posted: 15 Jan 2015 04:28 PM PST
ဒီဗီဒီချပ် တွေ ဖြန့်ချီတဲ့ ဗိုလ်တထောင် နဲ့ လသာမြို့နယ် ကို တနင်္လာနေ့ တုန်းက ရဲကနေ ဝင်ရောက် ရှာဖွေစီးနင်းမှုတွေ လုပ်ခဲ့။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျွန်အန် ကို လုပ်ကြံဖို့ ကြိုးစားတယ် ဆိုပြီး ဟာသလုပ် ရိုက်ကူး တဲ့ The Interview ဆိုတဲ့ ရုပ်ရှင် ရဲ့ ဒီဗီဒီချပ် တွေကို ရန်ကုန် မှာ လိုက်လံ ဖမ်းဆီး နေကြောင်း သတင်း တွေ ထွက်ပေါ် ခဲ့ပါတယ်။ မြောက်ကိုရီးယား သံရုံး ကနေ ပြီးခဲ့တဲ့ တနဂင်္နွေ နေ့ တုန်းက ရ
Posted: 15 Jan 2015 04:26 PM PST
အင်တာနက်မှာ အခုလို ကပ်ထားတဲ့ ပုံ ပျံ့နှံ့ ခဲ့ပြီး နောက် ရဲက ဖမ်းဆီး အရေးယူ တာမွေ မြို့နယ်မှာ နေထိုင်သူ မွတ်ဆလင် အမျိုးသား တဦးဟာ သူ့ရဲ့ ကား နောက်မှန် မှာ အစ္စလာမ် ဘာသာရေး အကြောင်း အနက်ရောင် အောက်ခံမှာ အဖြူ ရောင် အာရပ်ဘီ စားလုံးနဲ့ စတစ်ကာ ကပ်ပြီး ကားကို အသုံး ပြုနေတဲ့ အတွက် ယာဉ်ထိန်း ရဲက သူ့ကို ဖမ်းဆီးပြီး အမှုဖွင့် လိုက်ပြီ ဖြစ်ပါတယ်။ တာမွေမြို့နယ် နယ်ထိန်း အရာရှိ ရဲအုပ် ခင်ဝင်း ကတော့ ဒီစာသား ဟာ
Posted: 15 Jan 2015 04:18 PM PST
ကွန်ဂရက် အဆောက်အဦ ဗုံးခွဲဖို့ကြံသူ-Christopher Lee Cornell။ အမေရိကန်နိုင်ငံ ၀ါရှင်တန်မှာရှိတဲ့ US Capitol အဆောက်အအုံနဲ့ ၀န်ထမ်းတွေ ကို သေနတ်နဲ့ ပစ်ဖို့ကြံစည်တယ်လို့ စွပ်စွဲခံထားရတဲ့ Ohio ပြည်နယ်က လူတဦးကို ဗဟိုထောက်လှမ်းရေး အေဂျင်စီFBI ကဖမ်းဆီးလိုက်ပါတယ်။ Christopher Cornell ကို Cincinnati သေနတ်ဆိုင်ကနေ လက်နက် ခဲယမ်းတွေကို ဗုဒ္ဓဟူးနေ့မှာ ၀ယ်ယူအပြီးမှာ ဖမ်းဆီးလိုက်တာပါ။ အမေရိကန် အစိုးရ အရာရှိ
Posted: 15 Jan 2015 04:15 PM PST
သာသနာ ညှိးနွမ်းစေမှုနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးက ချောင်းဦးမြို့နယ် တရားရုံးအနီးမှာရှိတဲ့ ကမ္ဘာအေးဆုတောင်းပြည့် ရဲတပ်ဖွဲ့ဓမ္မာရုံမှာ မြို့နယ်မဟာဓမ္မာရုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော် ဥူးဝရသဗ္ဗောဓိ ဦးဆောင်တဲ့ သံဃာတော်အပါး ၃၀ နီးပါးကို ဒီနေ့ ကန်တော့ တောင်းပန်ခဲ့ပါတယ်။ သံဃာတော်တွေကို ကန်တော့တောင်းပန်တာဟာ အပြစ်ရှိလို့တောင်းပ
Posted: 15 Jan 2015 04:14 PM PST
ဖိလစ်ပိုင်မှာ လူဦးရေ အများစုက ကက်သလစ် ဘာသာဝင်တွေ ဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရိုမန် ကက်သလစ် ဘာသာဝင် သန်း ၈၀ ရှိတဲ့ ဖိလစ်ပိုင် နိုင်ငံကို ၅ ရက်တာ အလည်အပတ် ခရီးအဖြစ် ဒီကနေ့ ကြာသပတေးနေ့မှာ ရောက်ရှိ လာပါတယ်။ ဖိလစ်ပိုင် သမ္မတ Benigno Aquino က ပုပ်ရဟန်းမင်းကို မနီလာ လေဆိပ်မှာ ဆီးကြို ခဲ့ပြီး နိုင်ငံ အနှံ့က ခရစ်ယာန် ဘုရားကျောင်း တွေကလည်း ခေါင်းလောင်းတွေ ထိုးပြီး ဆီးကြို ခဲ့ကြပါတယ်။ လာမယ့် တနဂ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...