Thursday, January 22, 2015

ရွှေချိုးဖြူဖြူ ကူပါ့လေး


ခေါင်းအုံးကြီ ခေါင်းအုံးကြီး
မြင်းပျံလုပ်လို့စီး
ခေါင်းအုံးကြီးကမိုးပေါ်ပျံ
မိုးကခြင်ထောင်ခံ
ခြင်ထောင်ခံလို့မြေမှာပြေး သားသားအိပ်ပါလေး။ 

မီးမီးမဲ့ရင်သွေး
မေမေ့တေးသံနွေး။ ။

အိပ်ပုတ်ကြီး အိပ်ပုတ်ကြီး
သားသားအိပ်ပုတ်ကြီး
အိပ်ပုတ်ကြီးတဲ့မီးမီးရေ
ကျောင်းသွားရမယ်လေ
ပန်းတွေသီလို့မေမေပြုံး သားသားပွေ့ပိုက်ကြုံး
မီးမီးအချစ်ဆုံး
ဖေဖေပီတိဖုံး။ ။

ချိုးဖြူလေး ချိုးဖြူလေး
ဖြူစဉ်ပုစုကွေး
ချိုးဖြူလေးကဟိုအဝေးပျံ
မွကျဲအမြောက်ဆံ
သေနပ်သံဆူညံဝုန်း မေမေအသက်ဆုံး
ဘေးလွတ်ရာရှောင်ပုန်း
ပန်းခင်းလေးဆိပ်သုန်း။ ။

ခေါင်းအုံးယူခဲ့ ညီမလေးရယ်
စီးပြီးပြန်ချင်တယ်
ချိုးဖြူငယ် ဘယ်မှာမှန်း မွေးမေမေကိုတမ်း
မျက်ရည်တွေတွေစမ်း
ကျောင်းခန်းလေးကိုလွမ်း။ ။

ပေါ်ထွန်းမြိုင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...