Friday, January 16, 2015

''''' ပန်းပွင့်လေးရဲ့ အပြုံး ""'


ကမ္ဘာပေါ်မှာ အဓိက ကိုးကွယ်ကြတဲ့ ဘာသာကြီးလေးရပ်ရှိတယ် သမီး... နောက်ပြီး အခြားသော ကိုးကွယ်မှုတွေလည်း အများကြီး ရှိပါသေးတယ်။
ဒါပေမယ့် ဖေဖေတို့ ကိုးကွယ်ကြတဲ့ ဗုဒ္ဓ ဘာသာမှာတော့ အနန္တော အနန္တ ငါးပါးဆိုတဲ့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးရယ်၊ မြင့်မိုရ်တောင်ဦး မကကျူးတဲ့ ကျေးဇူးအရှင် မိဘနှစ်ပါးနဲ့ ဆရာသမားတွေရဲ့ ကျေးဇူးတရားတွေ... ဂုဏ်တော်တွေကို တိတိကျကျ ဖွဲ့ဆိုပြထားပြီး ဆိုဆုံးမ ပြောပြတတ်ကြတယ်။

ဒါက ဖေဖေတို့ရဲ့ ကုသိုလ်လို့ ပြောရမှာပေါ့....
ကျေးဇူးတရားတွေကို သိခွင့်ရတယ်၊ နားလည်ခွင့်ရတယ်။
ကျေးဇူးတရားတွေကို ခံစားရင်း စာနာခွင့်၊ ကြည်နူးခွင့်၊ ကျေးဇူးတုန့်ပြန်ခွင့်ရတယ်၊ နောက်ထပ် ဆက်လက်ပွါးများခွင့်တွေရကြတယ်လေ။
ဒီကျေးဇူးတရားတွေအားလုံးက စေတနာနဲ့ မေတ္တာကို အရင်းခံပြီးမှ တသွင်သွင်စီးဆင်းလာတဲ့ စမ်းရေလေးပါပဲ... ဘယ်တော့မှ ခမ်းခြောက်မသွားနိုင်တဲ့ အသန့်စင်ဆုံး စမ်းရေလေးတွေပေါ့..။
အဲဒီတော့ သမီးရယ်.. စဉ်းစားကြည့်ပါ။
ကျေးဇူးတရားကို နားလည်တဲ့သူ...
ကျေးဇူးတရားကို တန်ဘိုးထားတတ်သူ၊
ကျေးဇူးတုန့်ပြန်နိုင်ဖို့ ကြိုးစားအားထုတ်နေသူတွေရဲ့ စိတ်ထားတွေ၊ နှလုံးသားတွေက ဘယ်လို ပူလောင်နေတော့မလဲ။
ကျေးဇူးတရားဆိုတဲ့ အမြဲတမ်း အေးမြသန့်စင်တဲ့ စမ်းရေလေးက သူ့နှလုံးသားလေးထဲမှာ နူးညံ့စွာ အမြဲစီးဆင်းနေတယ်လေ...
အဲဒီလို အေးချမ်းနေတဲ့ လူတစ်ယောက်ဟာ သူ့ကိုယ်သူရော...
သူ့ပတ်ဝန်းကျင်ကိုရော...
အခြား အခြားသော သတ္တ၀ါလေးတွေ အပေါ်မှာရော..
ကုန်ကုန်ပြောရရင် ကျေးဇူးတရားနဲ့ ပတ်သက်တဲ့ သက်ရှိသက်မဲ့ အရာမှန်သမျှကို တန်ဘိုးထားတတ်လာမယ်၊
စာနာနားလည်တတ်လာမယ်၊
ကောင်းမွန်စေချင်တဲ့ စေတနာတွေ၊ မွန်မြတ်တဲ့ မေတ္တာတရားတွေ ထားတတ်လာမယ်လေ...။
( ရေးလက်စ ''''' ပန်းပွင့်လေးရဲ့ အပြုံး ""' ၀တ္ထုမှ စာသားတစ်ချို့ပါ... ၊ မကြာမီ ထွက်ရှိလာပါဦးမယ်)....
ကွန်ဆူးမား (၁၆-၁-၂၀၁၅)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...