Sunday, January 11, 2015

မျှော်လင့်ခြင်း ဧကရီ


(၁)
စုသည် ငယ်စဉ်အခါက ယောက်ျားဆန်ဆန် နေတတ်သည်။ အကိုဖြစ်သူ အောင်ဆန်းလင်းနှင့် တခန်းတည်း အတူနေခြင်းက အကြောင်းရင်း ဖြစ်ပေလိမ့်မည်။ အရင်းနှီးဆုံးနှင့် အချစ်ဆုံး မောင်နှမ ၂ ယောက်သည် ခြံဝန်း အတွင်း နေရာလပ်မကျန် ပြေးလွှား ဆော့ကစားတတ်သည်။ အရင်းနှီးဆုံး အကိုဖြစ်သူ ရေနစ်သေဆုံးမှုက စုအား ထိခိုက် နာကြင်စေခဲ့သည်။

မိခင်ကဲ့သို့ စိတ်ဓာတ်ခိုင်မာသူ ဖြစ်သည့်အလျောက် စိတ်ဖြေနိုင်ခဲ့သည်။
-- သူမရှိတော့တာဟာ ကျမအတွက်တော့ မဟာဆုံးရှုံးမှုကြီးပါ။ တကယ့်ကို စိတ်ထိခိုက်ခဲ့တယ်။ ဒါပေမယ့် မဖြေဆည်နိုင်လောက်တဲ့ အရာတော့ မဟုတ်ခဲ့ပါဘူး--
မိခင်၏ သွန်သင်မှုနှင့်အတူ စုသည် ငယ်စဉ်ကတည်းက စာအုပ်များစွာကို ဖတ်ခဲ့သည်။ ဘာသာရေး၊ ဂန္တ၀င်စာပေ စသဖြင့် စုံလင်ခဲ့သည်။ နိုင်ငံရေး၊ စစ်တပ်အသိုင်းအ၀ိုင်းတွင် ကြီးပြင်းခဲ့သူ ပီပီ စစ်ထဲဝင်ပြီး တိုင်းပြည်အတွက် တာဝန်ထမ်းမည်ဟု ဆုံးဖြတ်ထားသော်လည်း စာဖတ်များလာသည့်အလျောက် စာရေးဆရာ ဖြစ်ချင်လာပြန်သည်။ အသက် ၁၂ နှစ်တွင် မြန်မာ့ဂန္တ၀င် စာပေများကို ဖတ်ရှုနေပြီဖြစ်သည်။ သေးသေးသွယ်သွယ် ကလေးမကို စာအုပ်တအုပ်နှင့် အမြဲလိုလို ပူးတွဲ တွေ့နိုင်သည်။
မိသားစုသည် ဘာသာရေးနှင့် ပတ်သက်လျှင် အမြင်ကျယ်ကြသည်။ အမေဘက်က အဘိုးသည် ခရစ်ယာန်ကိုးကွယ်သူတဦး ဖြစ်သည့်အလျောက် စုသည် ကျမ်းစာကို အဘိုဖြစ်သူအား ဖတ်ပြသည်။ အဘိုးဖြစ်သူက အခြား ဘာသာတရားများကို လေးစားတန်ဘိုးထားရန် သင်ပြလေ့ရှိသည်။
အကြောက်တရားကို ရင်ဆိုင်နိုင်ရန် မိခင်က သင်ပြသည်။ စုသည် အမှောင်ကို အလွန်ကြောက်သည်။ အသက် ၁၂ နှစ်အရွယ်တွင် ညအချိန် တဦးတည်း အောက်ထပ်ဆင်းပြီး နို့ထယူကာ အကြောက်တရားကို အံတုခဲ့သည်။ အမှောင်ခန်းများသို့ လမ်းလျှောက်ခြင်းဖြင့် ကြောက်ရွံ့ခြင်းကို ကျော်လွှားနိုင်ခဲ့သည်။
မူလတန်းတွင် စုသည် စာလုပ်ရသည်ကို ပျင်းလှသည်။ အချိန်ပြည့် ကစားချင်သည်။ စာလုပ်စေချင်သောကြောင့် ရှောင်နေသော စစ်သားများကိုပင် စိတ်ခု တတ်သေးသည်။ ကြီးပြင်းလာသော အခါတွင်မူ စုသည် စာတော်သည်။ ဘာသာစကားသင်ယူမှုတွင် ပါရမီထုံသည်။ အခန်းထဲတွင် အမြဲတမ်း ထိပ်တန်းဖြစ်နေလေသည်။
Bettina Ling. Aung San Suu Kyi: Standing Up for Democracy in Burma, Burmese Childhood. Women Changing The World 1999.
Photo: Suu at the age of six, Freedom from Fear

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...