Friday, January 2, 2015

အတိုဆုံးဝတ္ထုတိုပြိုင်ပွဲ


အင်္ဂလန်မှာ အတိုဆုံးဝတ္ထုတိုပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့ပါသတဲ့။ အဲဒီဝတ္ထုတိုက စကားလုံး၆လုံးသာ(Six Word Stories) အသုံးပြုရပါတယ်။ ဝတ္ထုတွေဟာတိုပေမယ့် ဝတ္ထုပါစကားလုံးတွေက လူကို ကျယ်ပြန့်တဲ့တွေးတောမှုတွေဖြစ်စေပြီး ရင်ကိုထိရှခံစားစေပါတယ်။ ဖတ်ခဲ့မိတဲ့စကားလုံးလေးတွေကို မျှဝေပါတယ်။
(၁) Sorry soldier,shoes sold in pairs.

စိတ်မကောင်းပါဘူး ရဲဘော်.. ဖိနပ်တွေကို စုံလိုက်ပဲရောင်းပါတယ်။
(စစ်ပွဲမှာ ခြေတစ်ဖက်စတေးခံလိုက်ရတဲ့ရဲဘော်ကို မြင်ယောင်ကြည့်လိုက်ပါ)
(၂) Birth certificate. Death certificate. One pen.
မွေးစာရင်း၊ သေစာရင်းကို ဘောလ်ပင်တစ်ချောင်းပဲသုံးတယ်။
(ရင်သွေးငယ်က မွေးဖွားပြီးတာနဲ့သေဆုံးသွားတာဖြစ်နိုင်သလို ကလေးမွေးဖွားပြီးတာနဲ့ မိခင်သေဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။)
(၃) Mom taught me how to shave.
မုတ်ဆိတ်ဘယ်လိုရိတ်ရမယ်ဆိုတာ ကျွန်တော့်ကို မေမေသင်ပေးခဲ့တယ်။
(ဖခင်စောစောစီးစီး ကွယ်လွန်သွားတာဖြစ်နိုင်ပါတယ်။)
(၄) Finally spoke to her. Left flowers.
နောက်ဆုံးမှာ သူနဲ့စကားပြောခွင့်ရခဲ့ပါတယ်။ ပန်းတွေသာ ချန်ထားနိုင်ခဲ့တယ်။
(ကိုယ်တွေ့ချင်တဲ့လူကို နောက်ဆုံးမှာ အုတ်ဂူရှေ့မှာပဲပြောခွင့်ရပြီး ပန်းစည်းတစ်စည်းသာ ချန်ထားနိုင်ခဲ့တယ်။)
(၅) Siri,delete Mom from my contacts.
Siri, ကျွန်တော်ရဲ့ဆက်သွယ်ရေးနံပါတ်တွေထဲက အမေရဲ့နံပါတ်ကို ဖျက်ထုတ်လိုက်ပါ။
(အမေသေဆုံးသွားပါပြီ)
(Siri= Apple iSOမှာရှိတဲ့ လူကိုယ်တိုင်ရဲ့စကားပြောနဲ့ ဆယ်သွယ်ရှာဖွေလို့ရတဲ့ဆော့ဝဲလ်တစ်ခု၊ voice command လိုလားမသိဘူး.. မပြောတတ်ဘူး)
(၆) Introduced myself to mother again today.
ဒီကနေ့ အမေကို ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးခဲ့ပြန်တယ်။
(အမေဟာ အကြိုဇရာရောဂါ၊ မှတ်ဉာဏ်ချွတ်ယွင်းတဲ့ရောဂါကို စွဲကပ်နေခဲ့ပါပြီ)
(၇) Strangers. Friends. Best friends. Lovers. Strangers.
သူစိမ်း၊ သူငယ်ချင်း၊ အကောင်းဆုံးသူငယ်ချင်း၊ ချစ်သူ၊ သူစိမ်း။
(သူစိမ်းမှ သူငယ်ချင်း၊ သူငယ်ချင်းမှ အကောင်းဆုံးသူငယ်ချင်း၊ ပြီးတော့ ချစ်သူ၊ အဲဒီနောက်မှတော့ သူစိမ်းတွေဖြစ်ခဲ့ကြပြန်တယ်။ အရင်းနှီးဆုံး သူစိမ်းတွေပေါ့.. လူတိုင်းမှာ ရှိခဲ့ဖူးကြပါလိမ့်မယ်)
နိုင်းနိုင်းစနေ (Dec. 31. 2014)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...