Tuesday, January 6, 2015

"အဖော်"


[သတိ ... ၁၈+]

"အဖော်"
======

မိုးကြီးက လူလည်လူရှုပ်
မဲလုံးက ကျပ်မပြည့်ရှာဘူး။
မဲလုံးခမျာ နဂိုကမှ ကျပ်မပြည့်ရတဲ့အထဲ လူလည်မိုးကြီး မွှေသမျှခံနေရတော့ ခု ရူးကြောင်ကြောင်ကို ဖြစ်နေတော့တာ။

တရက်
မိုးကြီး နဲ့ မဲလုံး လမ်းထိပ်မှာတွေ့ကြတယ်... ...

"ဟေ့ရောင် မဲလုံး... ဘယ်တုန်း"
"ပူစီပေါင်း သွားဝယ်မလို့"

"ပူစီပေါင်း ဘာလုပ်ဖို့တုန်း"
"မနက်ဖန် င့ါညီမ မင်္ဂလာဆောင်လေ၊ အိမ်မှာပဲ မင်္ဂလာအခမ်းအနားလုပ်မှာဆိုတော့၊ ပူပေါင်းတွေ ချိပ်မလို့ကွ"

"အော်... ဟုတ်လား၊ အာ့ဆို အဖော်တံဆိပ် ပူပေါင်းတွေ ကောင်းတယ်ကွ၊ အဲ့ဟာ ဝယ်"
"ဟုတ်လား... ဘယ်ဆိုင်မှာ ရောင်းတုန်း"

"ဒီ လမ်းထိပ်က ဆေးဆိုင်မှာတင် ရှိတယ်၊ အဖော် ရှိလားလို့ မေးဝယ်လိုက်၊ ဦးထုပ်ဆောင်းထားတဲ့ ပုတ်သင်ညိုပုံလေးနဲ့"
"အေး... အေး... "

"ဈေးတော့ နည်းနည်းပိုပေးရမယ်နော် ဟကောင်၊ ဒါပေမယ့် ကွာလတီကောင်းတယ်"
"ကောင်းရင် ဈေးကြီးတာ ကိစ္စမရှိပါဘူး၊ ရပါတယ်ကွ.. သွားဘီဟေ့"

ဒီလိုနဲ့ မဲလုံးတစ်ယောက် လမ်းထိပ်ဆေးဆိုင်ကို ရောက်သွားတယ်။
ကောင်တာက စာရေးမလေးကို သူက မေးတယ်... ...

"ညီမလေး အဖော် ရှိလားဟင်... ပုတ်သင်ညိုပုံလေးနဲ့လေ"
"ရှိတယ်... ဘယ်နှစ်ခု ယူမှာလဲ၊ ဘယ် ဆိုဒ်လဲ"

"အကြီးဆုံး ဆိုဒ်ပဲ ပေးပါ၊ အခု ၁၀၀ လောက်ပေါ့"
"ငင်... အခု ၁၀၀ တောင်"

"အေးလေ... မရှိဘူးလား ဆိုင်မှာ"
"ရှိပါတယ်... အဲ့လောက်အများကြီး ဘာလုပ်မို့လဲ၊ ကြာကြာသိမ်းထားလို့ မရဘူးနော်"

"မကြာဘူး၊ မနက်ဖန် င့ါညီမ မင်္ဂလာဆောင်မှာလေ၊ အဲဒီမှာ သုံးဖို့ ဝယ်တာ၊ ဒီတညထဲနဲ့တင် ကုန်ပါတယ်"
"ဘုရား ဘုရား"

အံ့သြနေတဲ့ အရောင်းစာရေးမကိုကြည့်ပြီး မဲလုံးက တွေးနေသေးတယ်... ...
'ဘာလဲဟ ဒီအရောင်းစာရေးမ ကြောင်တောင်တောင်နဲ့' .... လို့။

အဲဒါ...
ညဘက်ကျတော့ မဲလုံးတစ်ယောက် လက်တစ်ဖက်ကို အုတ်နီခဲ တစ်လုံးစီကိုင်ပြီး မိုးကြီးကို လိုက်ရှာနေလေရဲ့။
ပါးစပ်ကလည်း ပွစိပွစိနဲ့ ရေရွတ်လို့... ...

"ခွေးမသား မိုးကြီး၊ တွေ့လို့ကတော့ အသေပဲ၊ သူမြောက်ပေးလို့ ပူစီပေါင်းမှတ်ပြီး ဝယ်သွားတာ ကွန်ဒုံတွေလေ၊ ငါ့တစ်အိမ်လုံးက လူတွေကလည်း ဘုမသိဘမသိနဲ့ ဝိုင်းမှုတ်လိုက်ကြတာ... သိတဲ့လူက လာပြောတော့ အလုံး ၈၀ လောက်ရနေပြီ၊ ကတောက်စ်ကွာ... ဒါ့ကြောင့် ထင်တော့ထင်သား၊ ဒီ ပူစီပေါင်းက ဆီလေးစိုစွတ်စိုစွတ်နဲ့ အဆင့်မြင့်လှချည်လားလို့..."
.
.
.
နာမည်များ တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ပါခညား
ထိုသူတို့ကိုပဲ ရည်ရွယ်ပါတယ် ငိ ငိ
.
သန်၎ကို - ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

မိုးကြီးက လူလည်လူရှုပ်
မဲလုံးက ကျပ်မပြည့်ရှာဘူး။
မဲလုံးခမျာ နဂိုကမှ ကျပ်မပြည့်ရတဲ့အထဲ လူလည်မိုးကြီး မွှေသမျှခံနေရတော့ ခု ရူးကြောင်ကြောင်ကို ဖြစ်နေတော့တာ။
တရက်  မိုးကြီး နဲ့ မဲလုံး လမ်းထိပ်မှာတွေ့ကြတယ်... ...

"ဟေ့ရောင် မဲလုံး... ဘယ်တုန်း"
"ပူစီပေါင်း သွားဝယ်မလို့"
"ပူစီပေါင်း ဘာလုပ်ဖို့တုန်း"
"မနက်ဖန် င့ါညီမ မင်္ဂလာဆောင်လေ၊ အိမ်မှာပဲ မင်္ဂလာအခမ်းအနားလုပ်မှာဆိုတော့၊ ပူပေါင်းတွေ ချိပ်မလို့ကွ"
"အော်... ဟုတ်လား၊ အာ့ဆို အဖော်တံဆိပ် ပူပေါင်းတွေ ကောင်းတယ်ကွ၊ အဲ့ဟာ ဝယ်"
"ဟုတ်လား... ဘယ်ဆိုင်မှာ ရောင်းတုန်း"
"ဒီ လမ်းထိပ်က ဆေးဆိုင်မှာတင် ရှိတယ်၊ အဖော် ရှိလားလို့ မေးဝယ်လိုက်၊ ဦးထုပ်ဆောင်းထားတဲ့ ပုတ်သင်ညိုပုံလေးနဲ့"
"အေး... အေး... "
"ဈေးတော့ နည်းနည်းပိုပေးရမယ်နော် ဟကောင်၊ ဒါပေမယ့် ကွာလတီကောင်းတယ်"
"ကောင်းရင် ဈေးကြီးတာ ကိစ္စမရှိပါဘူး၊ ရပါတယ်ကွ.. သွားဘီဟေ့"
ဒီလိုနဲ့ မဲလုံးတစ်ယောက် လမ်းထိပ်ဆေးဆိုင်ကို ရောက်သွားတယ်။
ကောင်တာက စာရေးမလေးကို သူက မေးတယ်... ...
"ညီမလေး အဖော် ရှိလားဟင်... ပုတ်သင်ညိုပုံလေးနဲ့လေ"
"ရှိတယ်... ဘယ်နှစ်ခု ယူမှာလဲ၊ ဘယ် ဆိုဒ်လဲ"
"အကြီးဆုံး ဆိုဒ်ပဲ ပေးပါ၊ အခု ၁၀၀ လောက်ပေါ့"
"ငင်... အခု ၁၀၀ တောင်"
"အေးလေ... မရှိဘူးလား ဆိုင်မှာ"
"ရှိပါတယ်... အဲ့လောက်အများကြီး ဘာလုပ်မို့လဲ၊ ကြာကြာသိမ်းထားလို့ မရဘူးနော်"
"မကြာဘူး၊ မနက်ဖန် င့ါညီမ မင်္ဂလာဆောင်မှာလေ၊ အဲဒီမှာ သုံးဖို့ ဝယ်တာ၊ ဒီတညထဲနဲ့တင် ကုန်ပါတယ်"
"ဘုရား ဘုရား"
အံ့သြနေတဲ့ အရောင်းစာရေးမကိုကြည့်ပြီး မဲလုံးက တွေးနေသေးတယ်... ...
'ဘာလဲဟ ဒီအရောင်းစာရေးမ ကြောင်တောင်တောင်နဲ့' .... လို့။
အဲဒါ...
ညဘက်ကျတော့ မဲလုံးတစ်ယောက် လက်တစ်ဖက်ကို အုတ်နီခဲ တစ်လုံးစီကိုင်ပြီး မိုးကြီးကို လိုက်ရှာနေလေရဲ့။
ပါးစပ်ကလည်း ပွစိပွစိနဲ့ ရေရွတ်လို့... ...
"ခွေးမသား မိုးကြီး၊ တွေ့လို့ကတော့ အသေပဲ၊ သူမြောက်ပေးလို့ ပူစီပေါင်းမှတ်ပြီး ဝယ်သွားတာ ကွန်ဒုံတွေလေ၊ ငါ့တစ်အိမ်လုံးက လူတွေကလည်း ဘုမသိဘမသိနဲ့ ဝိုင်းမှုတ်လိုက်ကြတာ... သိတဲ့လူက လာပြောတော့ အလုံး ၈၀ လောက်ရနေပြီ၊ ကတောက်စ်ကွာ... ဒါ့ကြောင့် ထင်တော့ထင်သား၊ ဒီ ပူစီပေါင်းက ဆီလေးစိုစွတ်စိုစွတ်နဲ့ အဆင့်မြင့်လှချည်လားလို့..."
.
.
.
နာမည်များ တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ပါခညား
ထိုသူတို့ကိုပဲ ရည်ရွယ်ပါတယ် ငိ ငိ
.
သန်၎ကို - ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...