Thursday, January 1, 2015

အစာအိမ်နဲ့အူလမ်းကြောင်းကင်ဆာအတွက် သဘာဝဆေး


ဘန်ကောက်မြို့မှာ အလွန်နာမည်ကြီးနေတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ အထူးကု သမားတော်ကြီးတစ်ဦး ရှိပါတယ်။
မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်ငံများမှ လာရောက်ကုသနေကြတဲ့ ဝေဒနာရှင်များကို အာမခံနဲ့ ပျောက်ကင်းတဲ့အထိ ကုသပေးနေပါတယ်။ ဆေးဖိုးဝါးခ ကုန်ကျစရိတ်ကလည်း အင်မတန်ကြီးပါတယ်။

မြန်မာတွေကတော့ အဲဒီသမားတော်ကြီးကို ဒေါက်တာဟူစိန်လို့ ခေါ်ကြပါတယ်။ အစာအိမ်၊ အူလမ်းကြေင်းနဲ့ပတ်သက်လာရင် အခြားဆရာဝန်များက လက်လျှော့ပြီး ဆေးရုံမှ ဆင်းလာတဲ့ ကင်ဆာရောဂါအပါအ၀င် အားလုံးကို လက်ခံပြီး ပျောက်ကင်းတဲ့အထိ ကုသပေးပါတယ်။
လူနာရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး သူကိုယ်တိုင် ထုတ်လုပ်ထားတဲ့ ဆေးတွေကို အပြာ၊ အနီ၊ ရွှေရောင် စသဖြင့် အဆင့်ဆင့် ခွဲခြားထားတဲ့ ဆေးများနဲ့ တိုက်ပါတယ်။ ရောဂါမပြင်းသူများဆိုလျှင် အပြာရောင်ဆေး၊ ရောဂါပြင်းလျှင် အနီရောင်ဆေး၊ ရောဂါကျွမ်းနေသူများဆိုလျှင် ရွှေရောင်ဆေးတို့ကို တိုက်ပါတယ်။
သူ့ဆေးဟာ ရောဂါသိပ်မပြင်းသူများဆိုလျှင် ၁ ပတ်၊ ပြင်းလျှင် ၁ လနဲ့ ပျောက်ပါတယ်။ ရောဂါသိပ်ပြင်းလျှင် ၃ လ၊ ၆ လ စဖြင့် ပုံမှန်သောက်သွားလျှင် ပျောက်ပါတယ်။ သူ့ဆေးဖိုး တစ်လစာကို ဘတ် ၃ သောင်းခန့်ရှိပါတယ်။ မြန်မာငွေနဲ့ ပြန်တွက်ကြည့်ရင် ၉ သိန်းနဲ့ ၁၀ သိန်းဝန်းကျင်ရှိပါတယ်။
မြ၀တီမှ မြန်မာတစ်ဦး ကိုသားနောင် ( ဖေ့ဘုတ်အကောင့် Tharr Naung ) မှ လည်း ထိုဒေါက်တာဟူစိန်၏ ဆေးတစ်လစာကို လက်တွေ့သောက်ပြီး ရောဂါပျောက်ကင်းခဲ့ပါတယ်။ သူ၏ ကိုယ်တွေ့ဖြစ်ရပ်ကို မိမိတို့ မြန်မာလူမျိုးများ သိရှိနိုင်အောင် သူ၏ ကိုယ်ပိုင်ဖေ့ဘုတ်အကောင့်ပေါ်မှာ ရေးတင်ထားပါတယ်။
ဒေါက်တာဟူစိန်၏ ဆေးများကို ဖွင့်ပြီးကြည့်လိုက်တဲ့အခါ သိပ်အထူးအဆန်းကြီးမဟုတ်ပဲ လူတိုင်းသိပြီးဖြစ်တဲ့ နနွင်းမှုန့်စစ်စစ်ကို Capsule လေးအုပ်ထားတာ ဖြစ်နေပါတယ်။
မြန်မာ့ဆေးကျမ်းများနှင့် အခြားတိုင်းရင်းဆေးများ၊ သက်ဆိုင်ရာနိုင်ငံများ၏ ရိုးရာဆေးမြီးတိုများမှာလည်း နနွင်းဟာ ထိပ်ဆုံးက ပါဝင်နေတဲ့ ဆေးစွမ်းကောင်းတစ်မျိုးပါပဲ။ နနွင်းကို အချို့ဆေးကျမ်းတွေထဲမှာ ဒီလိုဖော်ပြထားပါတယ်။ နနွင်းကို ပါဠိဘာသာဖြင့် ဆန၀ လို့ခေါ်ပါတယ်။ ဆ ဆိုတာ ၆ ဂဏန်း၊ န၀ဆိုတာ ၉ ဂဏန်း၊ ပါဠိဘာသာမှာ သချာင်္ကို ပြောင်းပြန်ယူရပါတယ်။ အဲဒီတော့ ၉၆ လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒါ ၉၆ ပါးရောဂါအတွက် ဆေးလို့ အဓိပ္ပါယ်ရပါတယ်။
အခုဆိုရင် မြ၀တီမှ ကိုသားနောင်လည်း ရောဂါပျောက်ကင်းပြီး သူ၏ မိတ်ဆွေများကို ထိုဆေးနည်းကို ပြောပြ၍ နနွင်းဆေးမှုန့်စစ်စစ်ကို တစ်နေ့ ၃ ဇွန်းခန့် သောက်သုံးလာကြရာ မိတ်ဆွေအမြောက်အများလည်း ခံစားနေရတဲ့ ရောဂါများ သက်သာပျောက်ကင်းသွားကြတယ်လို့ ဆိုပါတယ်။ သောက်ခါစ တစ်ခါနှစ်ခါလောက်ကတော့ နနွင်းဟာ အပူဓါတ်မို့ ဗိုက်ထဲမှာ ပူလောင်တဲ့ ဒဏ်ကို ခဏတော့ ခံစားရပါတယ်။ စိုးရိမ်စရာ မလိုပါ။ ဆက်သောက်နိုင်ပါတယ်။
နနွင်းဟာလည်း ဆေးစွမ်းကောင်းတစ်လက်မို့ ယခုဆိုလျှင် ကရင်ပြည်နယ်တ၀ှိုက်မှ နနွင်းများကို ထိုင်းနိုင်ငံမှ တိုင်းရင်းဆေးသမားများက ရသလောက် ၀ယ်ယူနေပြီး ဆေးအမျိုးမျိုး ဖော်စပ်နေကြသလို အမေရိကန်နိုင်ငံမှာလည်း ကင်ဆာရောဂါတစ်မျိုးအတွက် နနွင်းဖြင့် ဖော်စပ်နေတဲ့ ဆေးတစ်မျိုးလည်း အောင်မြင်စပြုနေပြီမို့ နနွင်းဟာ ဆေးလောကရဲ့ ဈေးကောင်းရ ပစ္စည်းတစ်မျိုး ဖြစ်လာနေပါပြီ။
ဒါ့ကြောင့် အစာအိမ်နဲ့အူလမ်းကြောင်း ရောဂါဝေဒနာနဲ့ ကင်ဆာကို ခံစားနေရတဲ့ ဝေဒနာရှင်များကို ဒီ နနွင်းဆေးအကြောင်းကို ပြောပြပေးကြဖို့ တိုက်တွန်းပါတယ်။
ငွေကြေးတတ်နိုင်လို့ ဒေါက်တာဟူစိန်ဆီ သွားကုရင်လည်း ပျောက်နိုင်ပါတယ်။ ငွေကတော့ ဆေးတစ်လစာကို ၁၀ သိန်း၊ ဆေး ၃ လစာ၊ ၆ လစာဆိုလျှင်တော့ သိန်း ၃၀၊ သိန်း ၆၀ ခန့် ကုန်ရမှာပါ။
ငွေကြေးမတတ်နိုင်ပဲ ကုသစရိတ်မရှိ၍ သေဖို့စောင့်နေရတဲ့ ကင်ဆာဝေဒနာရှင်များအတွက်တော့ နနွင်းဆေးဟာ အသက်ကို ကယ်တင်ပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်တယ်ဆိုတာကို အများသိရှိရလေအောင် မျှဝေပေးလိုက်ပါသည်။
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Tharr Naung ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...