Sunday, January 25, 2015

"အကြံကောင်း"


မြို့စွန်ဘက်မှာ အဖွားကြီးတစ်ယောက်ဟာ တစ်ကိုယ်တည်းနေတယ်။
ညဘက်ညဘက် ရပ်ကွက်ထဲ သူခိုးသောင်းကျန်းနေတော့ သူခမျာ ကောင်းကောင်းမအိပ်ရရှာဘူး
အိမ်ပတ်ပတ်လည်လည်း လုံခြုံရေးကင်မရာတွေ တပ်ထားရတော့ ငွေကုန်ကြေးကျ များတာပေါ့
နောက်ဆုံး ခင်မင်တဲ့ရှေ့နေတစ်ယောက်က အကြံပေးတာနဲ့... ...

သူ့အိမ်တံခါးမှာ ဆီးရီးယားအလံ| ခြံထောင့်မှာ ပါကစ်စတန်အလံ နဲ့ ဝရံတာမှာ အယ်ကေဒါအလံချိပ်လိုက်တာ....
ခုဆို အိမ်ပတ်ပတ်လည်မှာ FBI, CIA, NSA, နယ်မြေခံရဲ, လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ နဲ့ လျှပ်တပြက်တန်ပြန်တိုက်ခိုက်ရေး အထူးကွန်မန်ဒို တပ်စိပ်တစ်စိပ်ပါ လာပြီးတပ်စွဲထားတယ်
အဖွားကြီးက ပြောတယ်... ...
"ညည အိပ်လို့ကောင်းချက်တော်"... တဲ့
သန်၎ကို-ရမ်းဘာသာပြန်သည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...