Wednesday, January 7, 2015

''မြန်မာပြည်လူဦးရေသန်းခြောက်ဆယ်မှာ သီချင်းတိုင်းကို ကော်ပီလား၊ ကိုယ်ပိုင်သံစဉ်လားဆိုတာ ခွဲသိတဲ့သူဟာ ၂ဝရာခိုင်နှုန်းတောင်မရှိပါဘူး'' ဖြူဖြူကျော်သိန်း


မြန်မာနိုင်ငံလက်ရှိထိပ်တန်းအမျိုးသမီးအဆိုတော် တွေထဲမှာပါဝင်နေတဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းနဲ့ တွေ့ဆုံပြီး လတ်တလော ဂီတရေစီးကြောင်းအခြေအနေ နဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး - မဖြူ ဂီတလမ်းကြောင်းပေါ် စတင်လျှောက်လှမ်း တဲ့အချိန်တုန်းက ဂီတရေစီးကြောင်းဟာ ပရိသတ်လက်ခံ ဖို့ခက်ခဲခဲ့ပါသလား။ ဘယ်လို အခက်အခဲတွေနဲ့ ကြိုးစား ခဲ့ရတယ်ဆိုတာပြောပြပေးပါ။

ဖြေ- ဒီမေးခွန်းကို ဟိုအရင်ကတည်းကအမေးခံရရင် ပရိသတ်ဟာ ဂီတရေစီးလမ်းကြောင်း အသစ်ကို လက်ခံ ဖို့ခက်ခဲတယ်လို့ဖြေမိမယ်ထင်တယ်။ ဒါပေမဲ့ ခုလိုအခြေ အနေအရပ်ရပ်ကို နားလည်သုံးသပ်နိုင်လာတဲ့အခါမှာတော့ ကျွန်မအဖြေဟာ ခုလိုဖြစ်လာတယ်။ တကယ်တော့ ကျွန်မတို့ရဲ့သန်းချီသော ပရိသတ်ဟာဂီတကိုခံစားတဲ့ ရေချိန်မနိမ့်လှဘူး။ တကယ်ကောင်းရင်၊ တကယ်ထူး ခြားရင်၊ တကယ်ရိုးသားရင်၊ တကယ်ကို သောင်းသောင်း ဖြဖြအကြာကြီး လက်ခံနိုင်တယ်။တော်ရုံတန်ရုံတွေလောက် ကို လက်ခံခဲ့ရှာတယ်ဆိုတာကလည်း ရွေးချယ်စရာမရှိခဲ့ လို့မတတ်သာလို့ပဲ။ ပရိသတ်ပြည်သူမှာ ထုတ်ဖော်ပြော ကြားခွင့်အသံမှ မရှိခဲ့ကြရဘဲ ပေးတာကိုပဲယူခဲ့ရတာ။ပြတာကိုပဲကြည့်ခဲ့ရတာ။ သူတို့သိပေမယ့်လည်း ရွေးချယ် ခွင့်မရှိတဲ့အခါ ရှိတာလေးကိုပဲ သည်းခံ အားပေးခဲ့ရတာ ပေါ့။
မေး - အခုနောက်ပိုင်း ဂီတဟာပုံစံအမျိုးမျိုးနဲ့လူငယ် တွေကြားမှာ ရေပန်းစားလာပါတယ်။ သူတို့ အရည် အချင်းတွေကို အလွယ်တကူ ဖော်ထုတ်ခွင့် ရလာတာနဲ့ အမျှဂီတကိုလည်း ရူးသွပ်လာကြပါတယ်။ အဲဒီလိုလူငယ် တွေအတွက် အားသာချက် အားနည်းချက်တွေကို ထောက် ပြပြီးအကြံပြုပေးပါဦး။
ဖြေ - အင်မတန်ကျေနပ်အားရစရာကောင်းတဲ့ အခြေ အနေပါ။ အကြာကြီး ဖိနှိပ်တိုက်ပိတ်ခံရတဲ့ အခြေအနေ ကလည်း ရုတ်တရက် လွတ်လပ်သွားရတဲ့အတွက် ဖန်တီး မှု၊ ရူးသွပ်မှုဒီရေတွေလည်း မြင့်မားနေမှာပါ။ အဲဒီထဲမှာ ရင့်ကျက်မှုပါဖို့ဆိုတာကတော့ (အသက်ကြီးခြင်း၊ အတွေ့ အကြုံများခြင်းကို ဆိုလိုတာမဟုတ်ပါဘူး)ကိုယ့်ဖန်တီး မှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ပါပဲ။ အဲလိုဖြစ်ဖို့ ဆိုရာမှာလည်း နောက်ကျောမှာစိတ်ဓာတ်၊ စည်းကမ်း၊ ပညာများများတွဲပါလာလေလေ ကိုယ့်အတွက်ရော၊ ပရိ သတ် အတွက်ရော၊ ကိုယ့်ဂီတလောကအတွက်ရောပိုကောင်း လေလေပါပဲ။
မေး - လတ်တလောဂီတရေစီးကြောင်းဟာ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ် ဘယ်လိုပုံစံမျိုးက ပရိသတ်ပိုလက်ခံဖို့ လွယ် ကူသလဲ။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ်ရဲ့အားသာချက်၊ အား နည်းချက်တွေကိုလည်း သုံးသပ်ပေးပါဦး။ တချို့ဆိုရင် ကော်ပီဖြစ်ပေမယ့်လည်း မြန်မာပရိသတ်ရဲ့နားနဲ့အံဝင် ခွင်ကျဖြစ်နေတာမျိုးတွေကြောင့် ပရိသတ်ပိုလက်ခံတယ် လို့ထင်ပါသလား။
ဖြေ - တကယ်တော့ မြန်မာပြည်လူဦးရေသန်းခြောက် ဆယ်မှာ သီချင်းတိုင်းကိုကော်ပီလား၊ ကိုယ်ပိုင်သံစဉ် လားဆိုတာခွဲသိတဲ့သူဟာ ၂ဝရာခိုင်နှုန်းတောင်မရှိပါ ဘူး။ ဒီလိုပြောလို့ လူများစုကမှမသိတာ၊ ငါတို့ကြိုက်သလို လုပ်လို့ရတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ပိုင်သံစဉ် ဆိုရာမှာလည်း မိရိုးဖလာဂီတပုံစံနဲ့နိုင်ငံတကာ ခေတ်ပေါ် ဂီတပုံစံ ဆိုပြီးရှိသေးတယ်လေ။ ကျွန်မတို့ဆိုရင် နိုင်ငံ တကာဂီတပုံစံကိုပဲ ပိုအားသန်တဲ့အတွက် ကိုယ်ပိုင်သံစဉ် ဆိုရင်လည်း နိုင်ငံတကာဂီတပုံစံထဲကပဲ ဆိုချင်တယ်။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်မှာက နိုင်ငံတကာဂီတကို အားပေး အားမြှောက်ပြုပြီး စနစ်တကျတက္ကသိုလ်နဲ့ကျောင်းနဲ့ သင်ကြားမွေးမြူပေးတာမှ မရှိဘဲ။ တေးရေးသူ၊ တီးခတ် သူတွေဟာလည်း ကော်ပီတွေကမှတစ်ဆင့် ကိုယ့်ဘာသာ ကိုယ် Self-Study သင်ယူကြရတဲ့အခါဖန်တီးထုတ်လုပ်နိုင် စွမ်းအား ပေါပေါများများမထွက်နိုင်ဘူးပေါ့။ အဲလိုရှား ရတဲ့အထဲမှာမှ အသံကောင်းသော၊ Theme အင်မတန် ရွေးသောအဆိုတော်များအတွက်ဆိုရင် ကိုယ်ပိုင်သံစဉ် သီချင်းကောင်းတစ်ပုဒ်ရဖို့က ပိုလို့တောင်ခက်ပါတယ်။
မေး - အခုနောက်ပိုင်းခေတ်စားလာတဲ့ဂီတပုံစံနဲ့အစ်မ ဂီတလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းစဉ်ကခေတ် စားခဲ့တဲ့ဂီတပုံစံတို့ ဘယ်လိုကွာခြားသွားပြီလဲ။
ဖြေ - အဲဒီအချိန်က နိုင်ငံတကာရဲ့ ဂီတလမ်းကြောင်းပုံစံ ထက် ပြည်တွင်းမှာ ဖြစ်နေခဲ့တဲ့ဂီတလမ်းကြောင်းပုံစံကို အဓိကထား ပြောပြချင်ပါတယ်။ အခုရှိနေတဲ့ဂီတလမ်း ကြောင်းနဲ့ယှဉ်ရင် သိသိသာသာကွာခြားခဲ့ပါတယ်။ တစ် ကိုယ်တော်ခွေတွေထက် စုပေါင်း စပ်ပေါင်းအခွေတွေ အထွက်များခဲ့တယ်။(အထူးသဖြင့် မိန်းကလေးအဆိုတော် သစ်တွေရဲ့ တစ်ကိုယ်တော် ဆိုတာ မရှိသလောက်၊ မလုပ်ရဲ သလောက်ပဲ)။ သီချင်းကောင်း၊ သီချင်းခန့်ဆိုတာထက် ဆိုလွယ်တေးတွေကိုပဲ အလုပ်များခဲ့ကြတယ်။ ကော်ပီ သီချင်းရေစီးကြောင်း ပိုပြီးအားကောင်းခဲ့တယ်။
မေး - အစ်မကိုအားပေးနေတဲ့ ပရိသတ်အတွက်စကား လက်ဆောင်လေးပြောပေးပါဦး။
ဖြေ - ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။
CCT
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yangon Media Group ----------──────-|
|─────----------------Yangon Media Group ----------──────-|

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...