Monday, January 26, 2015

အလှူရှင်များ နှင့် ကျွန်တော်

လာဘ်ပေး၊လာဘ်ယူစနစ်ကိုမုန်းတီးတာက တစ်ကြောင်း၊လာဘ်ပေးမဲ့အစား သာသနာ့အကျိုးအတွက်လှူဒါန်းမယ်လို့ခံယူထားတဲ့ ပါမောက္ခသမားတော်ကြီးဒေါက်တာဒေါ်မမကြီး ဟာ ၁၉၈၈ခုနှစ်မတိုင်မီက ချင်းပြည်နယ်ကိုအပို့ခံခဲ့ရတဲ့ အင်္ဂလန်က MRCP ဘွဲ့ရ သမားတော်ကြီးဖြစ်ပါတယ်။

၁၉၈၉ခုနှစ် မြစ်ကြီးနားခရီးစဉ်ကအပြန်မှာ ဒေါ်အောင်ဆန်းစုကြည် ဝမ်းလျောလာတာမို့ မန္တလေးရောက်စဉ်မှာ သမားတော်ကြီးဒေါက်တာဒေါ်မမကြီးကို သွားပင့်ပြီးဆေးကုသခံယူခဲ့လို့ သက်သာပျောက်ကင်းသွားပါတယ်။ပျောက်ကင်းမသွားဘဲ အူပွလို့ကျန်နေခဲ့တာကတော့ အဲဒီအချိန်တုန်းက စစ်ထောက်လှမ်းရေးတွေပါပဲ။ပထမကတော့ ဆေးရုံအုပ်ကြီးကနေတဆင့် ဆရာမကြီးကို နန်းတွင်းထဲလာတွေ့ဖို့လှမ်းခေါ်ပါတယ်။ဒါကို ဆရာမကြီးက ငြင်းဆန်ခဲ့တာကြောင့်ဆရာမကြီးနေအိမ်ကို လူကိုယ်တိုင်လာတွေ့ပါတယ်။ထုံးစံအတိုင်းပဲ ဘာဖြစ်တာလဲ၊ဘယ်သူတွေနဲ့တွေ့သေးလဲ...စတဲ့မေးခွန်းတွေအပြင် ဘာဆေးတွေပေးလဲလို့ မေးလည်းမေးရော ဆရာမကြီးက ဆရာဝန်က လူနာကို ဘာဆေးတွေပေးတယ်လို့ပြောတာကြားဖူးလား။မင်းကိုယ်တိုင်ဆေးကုခံရင်ရော ဆရာဝန်က ဘာဆေးတွေပေးလိုက်တယ်လို့အပြောခံဘူးလားလို့ပြန်မေးလိုက်တော့မှ အဲဒီထောက်လှမ်းရေးက မကျေမနပ်နဲ့ ပြန်သွားသတဲ့...။
အဲဒီလို သတ္တိရှိတဲ့၊အမှန်တရားကိုချစ်မြတ်နိုးတဲ့၊တရာဓမ္မကိုအားထုတ်နေတဲ့၊ဒေါ်အောင်ဆန်းစုကြည်ကိုတန်ဖိုးထားလေးစားတဲ့ ပါမောက္ခ သမားတော် ဒေါက်တာဒေါ်မမကြီး က အထက်မြန်မာပြည်၊ပညာရေးကွန်ရက်အခမဲ့စာသင်ကျောင်းများရန်ပုံငွေအတွက် အလှူငွေ ကျပ်တစ်သိန်းလှူဒါန်းတဲ့အတွက် ပညာရေးကွန်ရက်ကော်မတီကိုယ်စား ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...