Wednesday, January 28, 2015

မျက်ရည်စတွေနဲ့ မေးခဲ့ပါရစေ


အို---သခင်
ငါ့နို့ရည်ကိုသောက်ပြီး
ငါ့ကို မိခင်အဖြစ်
သဘောမထားနိုင်ဘူးလား ?


အို---သခင်
ငါ ပင်ပင်ပန်းပန်း ရှာကျွေးတာကိုစား
ငါ့ကို ဖခင်အဖြစ်ရော
သဘောမထားနိုင်ဘူးလား ?
အို---သခင်
ဒိုးတူဘောင်ဘက် ငါတို့လုပ်ကိုင်ခဲ့ကြတာ
ငါ့ကို လုပ်ဖော်ကိုင်ဖက်လို့ရော
သဘောမထားနိုင်ဘူးလား ?
အို---သခင်
ဘီးတွေကိုတပ် ငါတို့ခရီးအတူ ထွက်ခဲ့ကြတာ
ငါ့ကို ခရီးသွားဖော်အဖြစ်ရော
သဘောမထားနိုင်ဘူးလား ?
ငါ့အသက်ကိုသတ် ငါ့အသားကိုစား
ငါ့အသွေးကိုသောက် ငါ့အရေးကို နေမှာလှန်းပြီး
ပိုတာကို အကုန်ရောင်း ငါ့တကိုယ်လုံး
မစင်ပါမကျန်ရလေအောင်
သခင်တို့အကျိုးအတွက်
ဆောင်ကျဉ်းခဲ့ကြတယ်နော်---။
အို---သခင်ရယ်
ငါ့ဘဝ နေဝင်ခါနီးမှာ
စကားလေးတစ်ခွန်းသာ
ပြောခွင့်ရခဲ့မယ် ဆိုရင်
သခင့်အတွက် ဘယ်လိုအချက်လေးများ
အပြစ်ဖွဲ့မိခဲ့လေသလဲ လို့ပဲ
မျက်ရည်စတွေနဲ့ မေးခဲ့ပါရစေလားကွယ်---။
Myatsushin Sayardaw

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...