Tuesday, January 27, 2015

2014 ၏ အထက်မြက်ဆုံး အသက် ၄၀ အောက် အယောက် ၄၀


Myanmar B2B Management Magazine added 8 new photos.
Fortune က နှစ်စဉ်ရွေးချယ်ပေးတဲ့ အသက် ၄၀ အောက်၊ အယောက် ၄၀ စာရင်းဟာ ဘာအကြောင်းတွေများဖြစ်ပါသလဲ။ လုပ်ငန်းတစ်ခုကို စပြီးလုပ်တဲ့လူတွေဟာ အင်အား၊ သြဇာတိက္ကမနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာစွန့်စားမှုတွေကိုစမ်းပြီးလုပ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ၂၀၁၄ ကြယ်ပွင့်တွေကတော့ နောက်ဆုံးအရာကို ကမ်းကုန်အောင်ဖက်တွယ်ထားပြီး ပထမအရာနှစ်ခုကို ရယူအောင်မြင်ခဲ့ကြတာဖြစ်ပါတယ်။
ပြီးတော့ သူတို့ဟာ အဲဒီအလုပ်ကို သူတို့ရဲ့ အသက်အရွယ်တော်တော်ငယ်တုန်းမှာပဲ လုပ်ခဲ့ကြပါတယ်။ အောက်မှာ ဆက်ပြီးဖတ်ကြည့်လိုက်ရင် အဲဒီပါရမီရှင်တွေကို တွေ့ရမှာဖြစ်ပါတယ်။ ပြီးရင် တော့ နေရောင်ခြည်စွမ်းအင်နဲ့ ကြီးကျယ်ခမ်းနားလာခဲ့တဲ့ Mr. Sunshine (ဦးနေခြည်) လို့ခေါ်တဲ့ Solar City (နေရောင်ခြည်မြို့တော်)ရဲ့ Lyndon Rive (အမှတ်စဉ်-၅၁) ကို သိအောင်လုပ်ပါ။ သမ္မတအိုဘားမားရဲ့ လေလုံးမိုးလုံးတွေ ကို လက်တွေ့ဖြစ်လာအောင် ပိုင်ပိုင်နိုင်နိုင်လိုက်ပြီးဖန်တီးပေးနေတဲ့ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေးအရာရှိ Ben Rhodes (အမှတ်စဉ်-၁၃) အတွက် အချိန်ပေးပါ။ S’well &JU Sarah Kauss (အမှတ်စဉ် ၃၆) က သာမန်ရေတစ်ပုလင်းကို မရှိမဖြစ် လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းဖြစ်လာအောင် ဘယ်လိုပြောင်းလဲပေးခဲ့တယ်ဆိုတာကိုလေ့လာပါ။ နောက်ဆုံးအနေနဲ့ နောက်ထပ်သီတင်းပတ် နည်းနည်းလောက်ကြာသွားတဲ့အခါ ကျွန်တော်တို့ရဲ့ အသက် ၄၀ အောက် အယောက် ၄၀ နဲ့ပတ်သက်ပြီး နောက်ထပ်ရှိသေးတဲ့ဖြစ်ရပ်တွေကို Fortune. com မှာ ရှာကြည့်လိုက်ပါ။
၁။Travis Kalanick
အသက် ၃၈ နှစ်၊ ပူးတွဲတည်ထောင်သူနှင့် CEO ၊ Uber
Brian Chesky
အသက် ၃၃ နှစ်၊ ပူးတွဲတည်ထောင်သူနှင့် CEO၊ Airbnb
သူတို့နှစ်ယောက်ဟာ လုပ်ငန်းအမျိုးမျိုးကိုတော်လှန် ပြောင်းလဲပစ်နေပါတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ အင်တာနက်စီးပွား ရေးအဆောက်အအုံကြီးရဲ့စွမ်းအားနဲ့ စီးပွားရေးအဆောက်အအုံ ဟောင်းကြီးရဲ့စည်းမျဉ်းစည်းကမ်းတွေကြားမှာ ဆက်လက်ဖြစ်ပွား နေတဲ့ပဋိပက္ခတွေအတွက် Kalanick နဲ့ Chesky တို့က ပြယုဂ် တွေဖြစ်လာတဲ့နှစ်ဖြစ်ပါတယ်။ အင်တာနက် စီးပွားရေးအဆောက် အအုံထဲမှာ Web ဟာ ကျွန်တော်တို့ကို Network တွေနဲ့ ချိတ် ဆက်ပေးနိုင်ပါတယ်။ အဲဒီ Network တွေထဲမှာ ကျွန်တော်တို့ဟာ သာမန်ထက်ပိုတဲ့အသေးစိတ်စာရင်းတွေနဲ့ လိုချင်တာတွေကို ကိုယ့် ဘာသာ ကိုယ်လုပ်ယူနိုင်ပါတယ်။ တစ်ယောက်ယောက်ရဲ့အိမ်ထဲက ပိုနေတဲ့ အိပ်ခန်းတစ်ခန်းကိုငှားချင်တာပဲဖြစ်ဖြစ်၊ သင်လိုချင်တဲ့ အချိန်မှာ အားနေတဲ့အငှားယာဉ်မောင်းတစ်ယောက်ကို ခေါ်ချင် တာပဲဖြစ်ဖြစ် အဲဒီမှာရပါတယ်။ အမှန်တကယ်ဖြစ်နေတဲ့ စီးပွားရေး မှာတော့ အဲဒီစွမ်းရည်ဟာ ဒီပုဂ္ဂိုလ်နှစ်ယောက်တွေ့နေရသလို အခိုင်အမာအမြစ်တွယ်နေတဲ့အကျိုးစီးပွားတွေ၊ ဆယ်စုနှစ်တွေနဲ့ ချီပြီးကြာလာခဲ့တဲ့ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိပ်တိုက်တိုးမိ နိုင်ပါတယ်။ Kalanick ရဲ့ပုံစံက ဈေးကွက်တစ်ခုထဲကိုအရင်ဝင်ပြီး အဲဒီနောက်မှ မေးခွန်းတွေကိုမေးပါတယ်။ Chesky ကတော့ ပိုပြီး လိမ္မာပါးနပ်ပါတယ်။ သူတို့နှစ်ယောက်မှာတူနေတာက ကြီးပွား တိုးတက်မှုပါပဲ။အခုဆိုရင် Uber (အငှားကားဝန်ဆောင်မှုလုပ်ငန်း) ဟာမြို့ကြီးပေါင်း ၁၇၀ မှာ ၀န်ဆောင်မှုပေးနေပါတယ် (သင့်အတွက် Hyderabad နဲ့ Abu Dhabi မြို့တွေမှာ Uber ရှိပါတယ်)။ ဇွန်လ တုန်းက ဒီကုမ္ပဏီရဲ့တန်ဖိုးဟာ ဒေါ်လာ ၁၇ ဘီလီယံရှိပြီး ၀င်ငွေ အားဖြင့် ဒေါ်လာ ၁.၂ ဘီလီယံရခဲ့ပါတယ်။ Airbnb (ယာယီ အိပ်ခန်းအငှားဝန်ဆောင်မှုလုပ်ငန်း) ဟာ လူပေါင်းသန်း ၂၀ အတွက် နားခိုစရာနေရာပေးခဲ့ပါတယ်။ ဒီနှစ်နွေရာသီရဲ့အငှားရဆုံး ညမှာ လူပေါင်း ၄၂၅,၀၀၀ ဟာ ကမ္ဘာပေါ်မှာရှိတဲ့နေရာတစ်ခုခုက Airbnb တစ်ခုထဲမှာနေခဲ့ကြပါတယ်။ ပြိုင်ဘက်ဖြစ်တဲ့ Lyft ဘက်က Uber ဟာမျှမျှတတယှဉ်ပြိုင်မှုမရှိဘူးဆိုတဲ့စွပ်စွဲခဲ့မှုတွေ ရှိခဲ့သလို တခြားစိန်ခေါ်မှုတွေလည်းရှိပါသေးတယ် (မကြာသေး ခင်က Uber ဟာ မူဝါ၏နဲ့မဟာဗျူဟာပိုင်းမှာဦးဆောင်ဖို့ သမ္မတ အိုဘားမားရဲ့စည်းရုံးလှုံ့ဆော်ရေးမန်နေဂျာ David Plouffe ကို ငှားရမ်းခဲ့ပါတယ်)။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးဟာ သွေးမနည်း ကြပါဘူး။ ““ကျွန်တော်တို့အပေါ် စည်းမျဉ်းစည်းကမ်းနဲ့ထိန်းသိမ်း တာကို ကျွန်တော်တို့လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကိုအသိမှတ်ပြုတာကို ကျွန်တော်တို့လိုချင်လို့ပါ”” လို့ Chesky ကပြောပါတယ်။
၂။ Mark Zuckerberg
အသက် ၃၀၊ တည်ထောင်သူနှင့် CEO ၊ Facebook
ဒီဧရာမလူမှုကွန်ရက်ကြီးမှာ သူ အရင်လုပ်ခဲ့သလောက်တော့ သုံးစွဲသူ (User) တွေ မြန်မြန်ကြီးထပ်တိုးမလာ တော့ပါဘူး။ ဒါပေမဲ့ သူတို့ဆီက၊ အထူး သဖြင့် လက်ကိုင်ဖုန်းတွေဆီကရတဲ့ ၀င်ငွေ တွေကတော့ စက်နဲ့လုပ်သလိုရနေပါတယ်။ ဒီနှစ်ရဲ့ဒုတိယသုံးလပတ်မှာ လက်ကိုင်ဖုန်း ကြော်ငြာတွေကရတဲ့ဝင်ငွေဟာ ကြော်ငြာ တွေကရတဲ့ ၀င်ငွေစုစုပေါင်းရဲ့ သုံးပုံနှစ်ပုံ ရှိပြီး လက်ကိုင်ဖုန်းတွေနဲ့သုံးတဲ့ User တွေရဲ့အရေအတွက်ဟာ သန်းပေါင်း ၆၅၀ ဖြစ်လာခဲ့ပါတယ်။
၃။ Matteo Renzi
အသက် ၃၉ နှစ်၊ အီတလီဝန်ကြီးချုပ်
အီတလီနိုင်ငံသမိုင်းမှာ အသက် အငယ်ဆုံးဖြစ်တဲ့ ဒီဝန်ကြီးချုပ်ဟာ လေဘာ ပါတီနဲ့အဆက်အသွယ်ဖြတ်ဖို့နဲ့ ဥရောပရဲ့ ခြိုးခြံချွေတာဖို့စိတ်အားထက်သန်နေမှုကို ဆန့်ကျင်ဖို့ပေးထားတဲ့ ကတိတွေတစ်သီ ကြီးနဲ့ အာဏာရလာခဲ့ပါတယ်။ သူ့ရဲ့ အစီ အစဉ်တွေဟာ လွှတ်တော်တွင်း ဆန့်ကျင်မှု တွေနဲ့ ရင်ဆိုင်ခဲ့ရသလို ကြီးမားတဲ့ ကြေးမြီ ၀န်ထုပ်ဝန်ပိုးတွေနဲ့ ရှုပ်ထွေးနေတဲ့အတွက် အဆင့်သုံးဆင့်အထိ စီးပွားရေး ကျဆင်းမှု တွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ Renzi ကတော့ သူ့ကို အာဏာရအောင် လုပ်ပေးခဲ့တဲ့ အကောင်းမြင်ဝါဒကို စနစ် တကျထိန်းပြီး ပြတ်ပြတ်သားသားဆက် လုပ်မယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။
၎။ Andriy Kobolyev
အသက် ၃၆ နှစ်၊ CEO ၊ Naftogaz
သူ့ရှေ့ကပုဂ္ဂိုလ်ကို အကျင့်ပျက် ခြစားမှုနဲ့ ဖမ်းဆီးလိုက်ပြီးတဲ့နောက် မတ်လ မှာ Kobolyev ဟာ ယူကရိန်းနိုင်ငံရဲ့ နိုင်ငံပိုင်ဓာတ်ငွေ့ကုမ္ပဏီကို ၀င်ပြီးကိုင် တွယ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီနိုင်ငံဟာ သူ့ကိုဓာတ်ငွေ့အဓိကပေးသွင်းနေတဲ့ ရုရှားနိုင်ငံနဲ့ ပဋိပက္ခတွေဖြစ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒီလိုပေါက်ကွဲနိုင်တဲ့ နိုင်ငံရေး အခြေအနေတွေအပေါ်မှာ ထပ်ပြီးဆောင်း ပေးခဲ့တာကတော့ (Naftogaz ရဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတွေအပေါ်မှာ မှီခိုအားထား နေရတဲ့) ဥရောပရဲ့စွမ်းအင်လုံခြုံမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေပဲ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့မပေးချေရသေးတဲ့ ဓာတ်ငွေ့အကြေး တွေဟာ ဒေါ်လာ ၅.၃ ဘီလီယံရှိပြီး ရုရှား Gazprom ကုမ္ပဏီက ဇွန်လမှာ သူ့ရဲ့ဓာတ်ငွေ့ပေးသွင်းမှုကို ဖြတ်တောက်လိုက်တဲ့အတွက် အဲဒီမှာ နေထိုင်သူတွေဟာ အပူဓာတ်ကို သက်သက် သာသာရအောင် သူတို့ရဲ့ ပြတင်းပေါက် တွေကို ဖွင့်ထားလိုက်ကြပါတယ်။ အခုအခါ Kobolyev အနေနဲ့ဆောင်းရာသီမတိုင်ခင် ဓာတ်ငွေ့ပေးသွင်းမှုကို အားဖြည့်ပေးထားဖို့ လိုအပ်နေပါပြီ။
၅။ Jan Koum
အသက် ၃၈ နှစ်၊ ပူးတွဲတည်ထောင်သူနှင့် CEO ၊ WhatsApp
ယူကရိန်းနိုင်ငံမှာမွေးဖွားခဲ့တဲ့ ဒီအင်ဂျင်နီယာဟာ ဆယ်စုနှစ်တစ်ခုနီးပါး Yahoo မှာ ပင်ပင်ပမ်းပမ်းကြိုးကြိုးစားစား လုပ်ခဲ့ပြီး WhatsApp ကို ဖော်ထုတ်ခဲ့ပါ တယ်။ WhatsApp ဟာ သမားရိုးကျ Message ပို့တဲ့အလုပ်မျိုးကို အများကြီး လုပ်ပေးတဲ့ အခမဲ့လက်ကိုင်ဖုန်း Application တစ်ခုဖြစ်ပါတယ်။ အထူး သဖြင့် ပြည်ပမှာလူကြိုက်များတဲ့ ဒီလုပ်ခါစ လုပ်ငန်းဟာ သုံးစွဲသူတွေ သန်းပေါင်းရာနဲ့ ချီအောင် မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီလ မှာ လွန်ခဲ့တဲ့ နှစ်တော်တော်ကြာက Koum ကို အလုပ်တစ်ခုမှာခန့်ဖို့ ငြင်းခဲ့တဲ့ Facebook က အဲဒီလုပ်ငန်းကို ဒေါ်လာ ၁၉ ဘီလီယံနဲ့ ၀ယ်လိုက်ပါတယ်။ စွန့်စား မှုကိုအခြေခံပြီး စလုပ်တဲ့ လုပ်ငန်းတစ်ခုကို ၀ယ်တဲ့ ၀ယ်ယူမှုတွေထဲမှာ ဒါဟာ ဈေး အများဆုံး ၀ယ်ယူမှုပါပဲ။ Koum ဟာ တစ်ချိန်တုန်းက အခမဲ့ထမင်းစားလက်မှတ် ကလေး တောင်းဖို့ သူရပ်စောင့်ခဲ့ရတဲ့ လူမှုရေးဝန်ဆောင်မှုရုံးရှိတဲ့နေရာမှာ အဲဒီ အရောင်းအ၀ယ်စာချုပ်ကြီးကို လက်မှတ် ရေးထိုးခဲ့ပါတယ်။
၆။ Marissa Mayar
အသက် ၃၉ နှစ်၊ President နှင့် CEO ၊Yahoo
Yahoo ကို အပြောင်းအလဲလုပ်ဖို့ ဆိုတာဟာ လွယ်တယ်လို့ ဘယ်သူကမှ မပြောခဲ့ဖူးပါဘူး။ အဲဒါကြောင့် သူ့ရဲ့အစု ရှယ်ယာ တစ်စိတ်တစ်ပိုင်းကို တရုတ်ဧရာမ အင်တာနက်ကုန်သွယ်ရေးလုပ်ငန်းကြီး Alibaba ကိုရောင်းခဲ့ပြီးတဲ့နောက်ပိုင်းမှာ ကြော်ငြာဝင်ငွေဟာ စိန်ခေါ်မှုတွေကို ဆက် ပြီးခံနေရတဲ့အတွက် Mayer အနေနဲ့ ဂဏာမငြိမ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ရင်ဆိုင်နေရပါတယ်။ Yahoo ဟာ အဲဒီ ရောင်းချမှုက ၀င်ငွေဒေါ်လာ ၉.၄ ဘီလီ ယံ ရခဲ့တဲ့အတွက် အဲဒီဝင်ငွေရဲ့ တစ်စိတ် တစ်ပိုင်းကို လွန်ခဲ့တဲ့နှစ်နှစ်တာကာလ အတွင်းမှာ သူလုပ်ခဲ့တဲ့ဝယ်ယူမှုပေါင်း ၄၀ လောက်ထဲမှာ ထပ်ပြီးဖြည့်စွက်ဖို့ သုံးချင် သုံးမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမဟာ ဗျူဟာနဲ့ ၀င်ငွေတွေကိုဖန်တီးမယ့် သူ့ရဲ့ အရည်အချင်းအပေါ်မှာ ရင်းနှီးမြှုပ်နှံသူ တွေက မေးခွန်းထုတ်နေကြပါတယ်။ ဒီကုမ္ပဏီကြီးရဲ့ ပင်မလုပ်ငန်းရဲ့တန်ဖိုးဟာ အခုဆိုရင် Alibaba နဲ့ Yahoo Japan မှာရှိတဲ့အစုရှယ်ယာတွေထက် နည်းနေပြီ ဖြစ်ပါတယ်။
၇။ Tom Farley
အသက် ၃၈ နှစ်၊ President ၊ NYSE
သူ့အသက် ၃၀ ပဲ ရှိသေးတဲ့ အချိန်မှာ Farley ဟာ နယူးယောက် ကုန်သွယ်ရေးဘုတ်အဖွဲ့(NYBOT) ရဲ့ အကြီးအကဲအဖြစ်အရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီအလုပ်ဟာခက်ခဲတဲ့အလုပ်တစ်ခုဖြစ် ပါတယ်။ Wall Street မှာ ကျန်တဲ့လူတွေက အီလက်ထရွန်နစ်နဲ့လုပ်နေကြတဲ့အချိန်မှာFarley ဟာ သူ့ရဲ့အရောင်းအ၀ယ် အများစုကို သူ့ရဲ့ဒိုင်မှာပဲ လူကိုယ်တိုင် လုပ်နေတဲ့ မအောင်မြင်တဲ့ အရောင်းအ၀ယ် ဒိုင်တစ်ခုဖြစ်နေခဲ့ပါတယ်။ အသက်ငယ်ပြီး ကွန်ပျူတာနည်းပညာမှာ ကျွမ်းတဲ့အတွက် င်္မေူနပ ဟာ ရှေးရိုးစဉ်လာ ကုန်သည်ကြီး တွေထဲက သူနဲ့အနီးဆုံးရန်သူတွေကို အနိုင် ရခဲ့ပါတယ်။ ဒါပေမဲ့ နောက်ငါးနှစ်အကြာ မှာတော့ ICE Futures U.S. လို့ နာမည် ပြောင်းလိုက်တဲ့ NYBOT ရဲ့ အရောင်း အ၀ယ်ဟာ နှစ်ဆတက်လာခဲ့ပြီး ၀င်ငွေ ခြောက်ဆတိုးလာခဲ့ပါတယ်။ Farley ရဲ့ လုပ်ငန်းတာဝန်အသစ်ဟာ အဆပေါင်း များစွာ ပိုကြီးမားလာခဲ့သလို ပိုပြီးလည်း အရေးပါလာခဲ့ပါတယ်။ မေလမှာ သူ့ကို နယူးယောက် အစုရှယ်ယာဒိုင်ကြီးရဲ့ President အဖြစ်ရွေးချယ်လိုက်ပါတယ်။ Wall Street ရဲ့လူဟောင်းကြီးကို ဆီလျော်မှုရှိအောင်ထိန်းသိမ်းပေးမယ့် သူ့ရဲ့အစီအစဉ်ကတော့ ရောင်းဝယ်ရေး စနစ်တွေကစပြီး ရုံးနေရာထိုင်ခင်းအထိ အရာရာကို ခေတ်မီအောင်နဲ့ လွယ်ကူ အောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ စီမံခန့်ခွဲမှု ကိုတော့ သူက အလုံးစုံစစ်ဆေးပြုပြင် ခဲ့ပြီးပြီဖြစ်ပါတယ်။ မနှစ်တုန်းက NYSE ကို ၀ယ်လိုက်တဲ့Intercontinental Exchange ကုမ္ပဏီ ရဲ့ CEO က““ ဒါဟာ သူ့ရဲ့ပွဲပါပဲ”” လို့ပြောပါတယ်။
၈။ Kevin Systrom
အသက် ၃၀၊ ပူးတွဲတည်ထောင်သူနှင့် CEO ၊ Instagram
ဓာတ်ပုံရိုက်ဝါသနာပါတဲ့ Systrom ဟာ တာဝန်ယူလက်ခံထားတဲ့ ကြော်ငြာတွေအပေါ် သူ့ရဲ့ပထမဆုံး ကြိုးပမ်းမှုကို မနှစ်တုန်းက စလုပ်ခဲ့ပြီး ဓာတ်ပုံမျှဝေတဲ့လုပ်ငန်းအပေါ်မှာ Mark Zuckerberg ရဲ့ ဒေါ်လာတစ်ဘီလီယံ လောင်းကြေးထပ်ထားမှုကြီးကိုတော့ အခုမှ အောင်မြင်အောင် ဆောင်ရွက်ခါစပဲ ရှိပါ သေးတယ်။ သူ့ကိုဝယ်ယူသိမ်းသွင်းလိုက် ကတည်းကစပြီး Instagram ဟာ အရွယ် အစားမှာရော ပရိသတ်မှာပါ ဆယ်ဆ ကြီးထွားလာခဲ့တဲ့အတွက် ဒီဝယ်ယူမှုဟာ WhatsApp (ဒေါ်လာ ၁၉ ဘီလီယံ)၊ Oculus VR (ဒေါ်လာနှစ်ဘီလီယံ) နဲ့ Snapchat (ဒေါ်လာသုံး ဘီလီယံ) လို စပြီးတည်ထောင်ခါစလုပ်ငန်းတွေကို Facebook က ပိုပြီးကြီးမားတဲ့ ၀ယ်ယူရေး ကမ်းလှမ်းမှုတွေလုပ်ဖို့အတွက် လမ်းခင်း ပေးခဲ့ပါတယ်။ သူ့မှာအခုဆိုရင် လစဉ် တက်တက်ကြကြသုံးစွဲနေတဲ့ user ပေါင်း သန်းနှစ်ရာကျော်ရှိပြီး ၀န်ထမ်း ၁၅၀ လောက်ရှိနေပါပြီ။ Systrom ဟာ ကမ္ဘာ ပေါ်မှာဖမ်းစားမှုအရှိဆုံးနဲ့ အဆက်မပြတ် ကူးယူမှုအခံရဆုံး Application တစ်ခုကို လိုသလိုညှိပြီး Instagram Direct နဲ့ တစ်ယောက်ချင်း message ပို့တာလို၊ ဓာတ်ပုံတွေကို ပြုပြင်တဲ့ ဖန်တီးမှုကိရိယာ သစ်တွေလို အစီအစဉ်အသစ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့လက Wal-Mart ရဲ့ဒါရိုက်တာအဖွဲ့အတွက် သူ့ကိုရွေးချယ်လိုက်တဲ့အခါမှာလည်း သူဟာ အဲဒီလုပ်ငန်းအတွက် တိုးတက်မှု တချို့ကို လုပ်ပေးခဲ့ပါတယ်။
၉။ Elizabeth Holmes
အသက် ၃၀၊ တည်ထောင်သူနှင့် CEO ၊ Theranos
Holmes ရဲ့ ပြုပြင်ပြောင်းလဲ တော်လှန်ရေးသွေးသရုပ်ခွဲကုမ္ပဏီဟာ ၀န်ထမ်းပေါင်း ငါးရာကျော်ကို အလုပ်ပေး ထားပြီး ရင်းနှီးမြှုပ်နှံသူတွေထည့်ဝင်ထား တဲ့ငွေက ဒေါ်လာကိုးဘီလီယံလောက်ရှိပါ တယ်။ Theranos ဟာ မနာမကျင်အောင် လက်ထိပ်ကိုဖောက်တဲ့မူပိုင်နည်းကိုသုံးပြီး ပြိုင်ဘက်တွေကတောင်းတဲ့ ဈေးနှုန်းရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကိုပဲယူပြီး သွေး စမ်းသပ်စစ်ဆေးမှုတွေကိုလုပ်ပေးနေပါ တယ်။ သူ့ကုမ္ပဏီရဲ့ဒါရိုက်တာအဖွဲ့ထဲမှာ Henry Kissinger ၊ George Shultz ၊ အထက်လွှတ်တော်အမတ်ဟောင်း နှစ်ယောက်နဲ့ တခြားအထင်ကရပုဂ္ဂိုလ်တွေ တော်တော်များပါပါတယ်။
၁၀။ Jesse Cohn
အသက် ၃၄ နှစ်၊ အမေရိကန် အစုရှယ်ယာ ရေးရာလှုပ်ရှားတက်ကြမှုဌာန အကြီးအကဲ၊Elliott Management Cohn ဟာ Elliott ဆိုတဲ့ Hedge Fund ရဲ့ဒေါ်လာငွေ ၂၅ ဘီလီယံ ကို ကိုယ်စားပြုပြီး သြလနူ ၊ ဃသာစကတမေန နဲ့ နဃြ တို့လို ဧရာမနည်းပညာကုမ္ပဏီ ကြီးတွေကိုယှဉ်ပြိုင်တဲ့ အစုရှယ်ယာရှင်ရရှိ ရေးစည်းရုံးလှုံ့ဆော်မှုပေါင်း ၃၀ ကျော်ကို ဦးဆောင်လုပ်ကိုင်ခဲ့ပါတယ်။ အခြေအနေ တွေကို လှုပ်လှုပ်ရှားရှားဖြစ်သွားအောင်လုပ် ပေးနိုင်ခဲ့တဲ့ ဃသ့ည အတွက် အခန်းကဏ္ဍအသစ်တစ်ခုကို နူငသအအ က ဖန်တီးပေးခဲ့ ပါတယ်။
၁၀။ Mason Morfit
အသက် ၃၉ နှစ်၊ President ၊ Valueact Capital
ပြီးခဲ့တဲ့နှစ်က စတော့ရှယ်ယာ တွေကိုရွေးချယ်တဲ့ ဒီပုဂ္ဂိုလ်ဟာ အိပဲ့အိပဲ့ ဖြစ်နေတဲ့ Microsoft ကုမ္ပဏီကို ဘယ်လို ကုစားမလဲဆိုတဲ့ ချီးကျူးလောက်တဲ့ အစီရင်ခံစာတစ်စောင်ကို ထုတ်ခဲ့ပါတယ်။ ဒီဧရာမနည်းပညာကုမ္ပဏီကြီးရဲ့ထိပ်ပိုင်းမှာ ပြောင်းလဲမှုတစ်ခုလုပ်ပြီး CEO အသစ် တစ်ယောက်ကိုထည့်ဖို့ အားလုံးရဲ့ နောက်ကွယ်မှာ သူက ထောက်ခံချက် ပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ Microsoft ငခမသျသ်အ က သူ့ရဲ့ဒါရိုက်တာအဖွဲ့ထဲမှာ Morfit ကို ထည့်လိုက်တဲ့အတွက် Morfit ဟာ ဆယ်စု နှစ်တစ်ခုနီးပါးအတွင်းမှာ ကုမ္ပဏီရဲ့ အသက်အငယ်ဆုံးဒါရိုက်တာ ဖြစ်လာခဲ့ပါ တယ်။
၁၁။ Jack Dorsey
အသက် ၃၇ နှစ်၊ ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌ၊ Twitter
ယှဉ်ပြိုင်မှုအသစ်တွေရှိနေပေမဲ Dorsey ရဲ့ လက်ကိုင်ဖုန်း ငွေပေးချေမှု လုပ်ငန်း Square ဟာ ရှေ့ဆက်တိုးတက် ကြီးထွားခဲ့တဲ့အတွက် မတည်ရင်းနှီးငွေ တန်ဖိုးဒေါ်လာခြောက်ဘီလီယံရှိသွားပြီလို့ ပြောပါတယ်။ (ဒါပေမဲ့ အများကြီးအမွှန်း တင်ထားခဲ့တဲ့ IPO ကတော့ နှောင့်နှေးနေ တယ်လို့သိရပါတယ်) Dorsey ဟာ မနှစ် တုန်းက Disney ကုမ္ပဏီရဲ့ဒါရိုက်တာ အဖွဲ့ထဲကိုဝင်ခဲ့ပြီး ဒီနှစ်နွေရာသီမှာတော့ ကန့်ကွက်ဆန္ဒပြမှုတွေကို (Twitter က တစ်ဆင့်) မှတ်တမ်းတင်ရိုက်ကူးမှုတွေလုပ် ဖို့အတွက် မစ်ဇူရီပြည်နယ်က Ferguson မြို့ကို ခရီးသွားခဲ့ပါတယ်။
၁၁။ Ben Silbermann
အသက် ၃၂ နှစ်၊ ပူးတွဲတည်ထောင်သူနှင့် CEO ၊ Pinterest
အင်တာနက်ပေါ်က Board ပေါင်း သန်းပေါင်း ၇၅၀ ပေါ်မှာ ‘Pin’ ပေါင်း ဘီလီယံ ၃၀ ရထားပြီဆိုတာကို သူ့ရဲ့ e-cork Board က အခိုင်အမာ ပြလိုက်ပါတယ်။ ဒီလုပ်ငန်းဟာ Facebook နဲ့ YouTube ကိုကျော်လွှားပြီး လက်လီ အရောင်း Site တွေကိုညွှန်းပေးတဲ့ ထိပ်ဆုံး က လူမှုကွန်ရက်တစ်ခုဖြစ်လာခဲ့ပါတယ်။
၁၂။ Nick Woodman
အသက် ၃၉ နှစ်၊ တည်ထောင်သူနှင့် CEO ၊ GoPro
သူ့မှာရှိတဲ့အားကစားစွမ်းရည် တွေကို အမိအရ သိမ်းဆည်းထားဖို့ဆိုတဲ့ Woodman ရဲ့ဆန္ဒနဲ့စခဲ့တဲ့အရာဟာ သုံးပျော်ပြီး ရေရှည်ခံတဲ့ ဗီဒီယိုကင်မရာ တစ်ခုဖြစ်လာခဲ့သလို အများကြီးရောင်း ရတဲ့ပစ္စည်းလည်းဖြစ်လာခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ သူ့ရဲ့ဆယ်သန်းမြောက် GoPro ကို ဒီနှစ်ရောင်းခဲ့ရပြီး ဇွန်လမှာ IPO (အများ ပိုင်) လုပ်ခဲ့ပြီးကတည်းကစပြီ GoPro ရဲ့အစုရှယ်ယာတွေဟာ တန်ဖိုး သုံးဆတက်ခဲ့ပါတယ်။
၁၃။ Ben Rhodes
အသက် ၃၆ နှစ်၊ ဒုတိယအမျိုးသားလုံခြုံရေး အကြံပေးအရာရှိ၊ အိမ်ဖြူတော်
Team Obama ဆိုတဲ့ အိုဘားမားအဖွဲ့ကို စပြီးဖွဲ့စည်းကတည်းက ပါဝင်ခဲ့ပြီး အိမ်ဖြူတော်မှာ ဒီနေ့အထိ နောက်ဆုံးကျန်နေတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ Rhodes ဟာ သမ္မတအိုဘားမား ကို နိုင်ငံခြားရေးရာနဲ့ပတ်သက်တဲ့လမ်း ကြောင်းတွေကို ပုံဖော်ပေးနေရပါတယ်။ ကမ္ဘာကြီးရဲ့အခြေအနေတွေ ဆိုးဝါးနေတဲ့ အခုလိုအချိန်မှာ ဒီအလုပ်ဟာ မလွယ်ကူ လှတဲ့အလုပ်တစ်ခုပါပဲ။
၁၄။ Evan Spiegel
အသက် ၂၄ နှစ်၊ ပူးတွဲ တည်ထောင်သူနှင့် CEO ၊ SnapChat
Spiegel ဟာ SnapChat ဆိုတဲ့ ပေါ်ပင် Message ပို့တဲ့ Application ကို ပူးတွဲတည်ထောင်လုပ်ကိုင်ခဲ့ပါတယ်။ ဒီလုပ်ငန်းမှာ သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး (အခုတော့ ဖြေရှင်းပြီးသွားပြီဖြစ်တဲ့) တရား စွဲထားတဲ့အမှုတစ်ခုနဲ့ အငြင်းပွားစရာဖြစ် နေတဲ့ e-mail တွေရှိခဲ့သလို ဒေါ်လာသုံး ဘီလီယံနဲ့ဝယ်ဖို့ Facebook ဆီက ကမ်းလှမ်းလာမှုကိုလည်း ငြင်းခဲ့ရပါတယ်။ အခုအခါ ဒီလုပ်ငန်းဟာ လစဉ်သုံးစွဲသူ ပေါင်းသန်းတစ်ရာထိကြီးထွားလာပြီဖြစ် ပါတယ်။ ဒီ Application မှာ ရုပ်ရှင် ဇာတ်ညွှန်းတစ်ခုအတွက် လိုအပ်တဲ့အဆာ ပလာတွေ အစုံအလင်ပါပါတယ်။
၁၄။ Emily White
အသက် ၃၆ နှစ်၊ COO ၊ SnapChat
White ဟာ Facebook ကို ပြောင်းမသွားခင် Google မှာ ဒေသဆိုင်ရာ နဲ့ ရောင်းဝယ်ရေးလုပ်ငန်းတွေကို ကူညီ လုပ်ကိုင်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အသစ်ဝယ်ယူလိုက်တဲ့ Instagram ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင် ဘာလကတော့ သူဟာ COO အဖြစ်နဲ့ SnapChat ထဲကိုဝင်သွားခဲ့ပါတယ်။ သူဟာ ဒီလုပ်ငန်းကို မိမိဘာသာရှင်သန် နိုင်ပြီး အလားအလာရှိတဲ့လုပ်ငန်းတစ်ခု ဖြစ်အောင်ပြောင်းလဲပေးဖို့ တာဝန်ပေးခံခဲ့ရ ပါတယ်။ သူဟာ Lululemon ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ထဲမှာလည်း ပါနေပါတယ်။
၁၅။ Lyndon Rive
အသက် ၃၇ နှစ်၊ ပူးတွဲတည်ထောင်သူနှင့် CEO ၊ SolarCity
တောင်အာဖရိကနိုင်ငံမှာ မွေးဖွား ခဲ့တဲ့ (Tesla ကုမ္ပဏီရဲ့ CEO ဖြစ်သူ Elon Musk နဲ့ ညီအစ်ကိုဝမ်းကွဲတော်တဲ့) Rive ဟာ အမေရိကန်နိုင်ငံမှာ ဆိုလာပြားတွေ တပ်ဆင်ပေးတဲ့ အကြီးဆုံး ကုမ္ပဏီကြီးဖြစ်တဲ့ SolarCity ရဲ့တည်ထောင်သူနဲ့ CEO ဖြစ် ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် San Mateoမြို့က (သူ့လုပ်ငန်းကို အဓိက မောင်းနှင်ပေးနေတဲ့) ငှားရမ်းခ၀င်ငွေဟာ ပြီးခဲ့တဲ့ နောက်ဆုံးသုံးလပတ်ကာလမှာ ၁၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အစုရှယာတစ်ခုကို ရှစ်ဒေါ်လာနဲ့ အများပိုင်လုပ်ခဲ့ပြီးတဲ့နောက် မကြာသေး ခင်ကအဲဒီရှယ်ယာတွေကို ဒေါ်လာ ၆၀ နဲ့ အရောင်းအ၀ယ်ဖြစ်ခဲ့တဲ့အတွက် ကုမ္ပဏီရဲ့ ကာလတန်ဖိုးဟာ ဒေါ်လာ ၅.၅ ဘီလီယံ ဖြစ်သွားခဲ့ပါတယ်။
၁၆။ Raj Chetty
အသက် ၃၅ နှစ်၊ ဘောဂဗေဒ ပါမောက္ခ၊ Harvard တက္ကသိုလ်
စီးပွားရေးဆိုင်ရာ ရွှေ့ပြောင်း နိုင်မှုကိုအဓိကလေ့လာနေတဲ့ Harvard က ပညာရှင် Chetty ဟာ ရုတ်တရက်တစ်ဟုန် ထိုးနာမည်ကြီးလာနေပါတယ်။ State of the Union မိန့်ခွန်းအပေါ် သူလုပ်ခဲ့တဲ့ သုတေသနလုပ်ငန်းကို အိုဘားမားကချီးကျူး ခဲ့ပြီးတဲ့နောက် ၂၀၁၂ ခုနှစ်မှာ ဆရာတွေရဲ့ တန်ဖိုးကိုဖြည့်စွက်ပေးတဲ့ သူ့ရဲ့အလုပ်က သူ့ကို “Mac Arthur ပညာထူးချွန် ထောက်ပံ့ငွေ” ရအောင် အထောက်အကူပြုခဲ့ ပါတယ်။ မနှစ်ကသူဟာ အသက် ၄၀ အောက် စီးပွားရေးပညာရှင်တွေကိုပေးတဲ့ (နိုဘယ်ဆုအသေးစားလို့သိထားကြတဲ့) John Bates Clark ဆုကိုရခဲ့ပါတယ်။ မ ကြာသေးခင်ကလည်း သူဟာ အိုဘားမားရဲ့ စီးပွားရေးအကြံပေးအရာရှိချုပ်နဲ့ ရီပတ် ဘလစ်ကန်အောက်လွှတ်တော်အမတ် Paul Ryanတို့နှစ်ယောက်ကို တူညီတဲ့ တင်ပြချက်တွေပေးခဲ့ပါတယ်။ အခုဆိုရင် Chetty ဟာ သုတေသီဆယ်ယောက်ပါတဲ့ ၀န်ထမ်းအဖွဲ့တစ်ဖွဲ့ကို ကြီးကြပ်ကွပ်ကဲနေ ပါတယ်။ အဲဒီအလုပ်ကိုသူကတော်တော် အလေးနက်ထားပါတယ်။““ကျွန်တော့်မှာ အမြဲမက်နေတဲ့ အကြီးမားဆုံးအိပ်မက် ဆိုးကြီးကတော့ ဒီစီမံကိန်းတွေထဲမှာပါနေ သလို အများပြည်သူဆိုင်ရာမူဝါဒ တစ်ခုခုထဲမှာလည်းပါနေတဲ့ ထောင်နဲ့ချီနေ တဲ့ သင်္ကေတ၀ှက်တွေထဲမှာ တစ်ယောက် ယောက်က အမှားတစ်ခုခုလုပ်လိုက်မှာ ကိုပဲဖြစ်ပါတယ်”” လို့ သူကပြောပါတယ်။
၁၇။ Peter Wallace
အသက် ၃၉ နှစ်၊ အထက်တန်း အုပ်ချုပ်မှုဒါရိုက်တာ၊ Blackstone
Blackstone မှာ Wallace ရဲ့ ကြီးမားတဲ့ပထမဆုံး ရင်းနှီးမြှုပ်နှံမှုကြီးဟာ မအောင်မြင်ခဲ့ပါဘူး။ အစည်းအဝေးပြီး တဲ့ အခါ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က Allied Bartonလုံခြုံရေးလုပ်ငန်းရဲ့ ရှယ်ယာအများစုကိုဝယ်မယ့် Wallace ရဲ့ စိတ်ကူးကို မိုက်မဲတယ်လို့ပြောခဲ့ပါတယ်။ Wallace ကတော့ ဇွဲမလျှော့ပါဘူး။ နောက်နှစ်လအကြာမှာတော့ Blackstone က Allied ကိုဝယ် လိုက်ပါတယ်။ အခု ဆိုရင် အဲဒီလုပ်ငန်းက ကုမ္ပဏီအတွက် အမြတ် ဒေါ်လာသန်းငါးရာကျော်ရဖို့မျှော် လင့်ထားနိုင်ပါပြီ။ သူ့ကိုယ်သူအတွက် စဉ်းစားတဲ့ သူ့ရဲ့အဲဒီအရည်အချင်းကြောင် Wallace ဟာ Blackstone မှာ ပရိသတ် တွေအများကြီးရခဲ့ပါတယ်။ သူရှယ်ယာ တွေအများကြီးဝယ်ထားတဲ့အဲဒီလုပ်ငန်းမှာ သူဟာ အဆင့်အမြင့်ဆုံးအမှုဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အရောင်း အ၀ယ်တွေ အကြီးအကျယ်အောင်မြင် အောင်လည်း အဲဒီလုပ်ငန်းက အထောက် အကူပြုခဲ့ပါတယ်။ Allied အပြင် SeaWorld ၊ the Weather Channel နဲ့ Vivint Solar ကုမ္ပဏီတွေရဲ့ရှယ်ယာ အများစုကို Blackstone က၀ယ်တဲ့ နေရာမှာလည်း Wallace က ဦးဆောင် ခဲ့ပါတယ်။ မိသားစုလုပ်ငန်းထဲကိုဝင်တာကို Wallace ကဆန့်ကျင်ခဲ့ပါတယ်။ အဖိုးဖြစ် သူ Mike ဟာသတင်းထောက်တစ်ယောက် ဖြစ်ပြီး ဖခင်ဖြစ်တဲ့ Chris ကတော့ Fox News ကမှီခိုအားထားရသူတစ်ယောက် ဖြစ်ပါတယ်။
၁၈။ Olivia Garfield
အသက် ၃၉ နှစ်၊ CEO ၊Severn Trent
Garfield ဟာ လွန်ခဲ့တဲ့တစ် နှစ်က British Telecom မှာအင်တာ နက်ဌာနခွဲကိုကွပ်ကဲတဲ့ ထိပ်တန်းအမှု ဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုနှစ် မှာတော့ U.K. ရဲ့တတိယအကြီးဆုံး အများပြည်သူနဲ့ရောင်းဝယ်တဲ့ရေလုပ်ငန်း ကုမ္ပဏီကြီး ဖြစ်တဲ့ Severn Trent က သူ့ကို CEO အသစ်အဖြစ်ခန့်အပ်လိုက် ပါတယ်။ ဒီလုပ်ရပ်ကြောင့် Garfield ဟာ FTSE ထဲမှာ အသက်အငယ်ဆုံးအမျိုး သမီး CEO ဖြစ်လာခဲ့ပြီး (ငါးဦးထဲရှိတဲ့ အမျိုးသမီးတွေထဲကတစ်ဦးလည်းဖြစ်ပါ တယ်) သူ့အလုပ်ရဲ့နောက်ထပ်တက်ဦးမယ့် အလားအလာကိုပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် မှာ သူဟာ ဧရာမကုန်စုံဆိုင်လုပ်ငန်းကြီး ဖြစ်တဲ့ Tesco မှာ ဒါရိုက်တာအဖြစ်ခန့် အပ်ခြင်းခံခဲ့ရပါတယ်။
၁၉။ Anthony Watson
အသက် ၃၇ နှစ်၊ CIO ၊ Nike
လန်ဒန်မှာမွေးဖွားခဲ့ပြီး Barclaysကုမ္ပဏီကြီးမှာ ဥရောပ၊ အရှေ့ အလယ်ပိုင်းနဲ့ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်း တွေရဲ့ ပြန်ကြားရေးအရာရှိချုပ်လုပ်ခဲ့တဲ့ Watson ဟာ ဧပြီလတုန်းက အနောက် ဘက်မှာရှိတဲ့ Nike ရဲ့ထိပ်တန်းနည်းပညာ လုပ်ငန်းတစ်ခုဆီကို ပြောင်းရွှေ့သွားခဲ့ပါ တယ်။ အဲဒီမှာသူဟဲာJuniper Networks နဲ့ကြီးမားတဲ့ အရောင်းအ၀ယ်ကြီးတစ်ခုကို ဦးဆောင်လုပ်ကိုင်ထားခဲ့ပါတယ်။ င်္Fortune 500 စာရင်းဝင်ကုမ္ပဏီတစ်ခုရဲ့ ထိပ်တန်းဝန်ထမ်းထဲက ရှားရှားပါးပါး ပွင့်ပွင့်လင်းလင်း Gay တစ်ယောက်ဖြစ် နေတဲ့ Watson ဟာ မနှစ်တုန်းက GLAAD ရဲ့ ဒါရိုက်တာအဖွဲ့ထဲကို ရောက်လာတဲ့ အမေရိကန်နိုင်ငံသား မဟုတ်တဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ ပါတယ်။
၂၀။ Megan Ellison
အသက် ၂၈ နှစ်၊ ထုတ်လုပ်သူနှင့် တည်ထောင်သူ၊ Annapura Pictures
Oracle ကိုတည်ထောင်ခဲ့တဲ့ Larry ရဲ့သမီးဖြစ်ပြီး အရှက်အကြောက် ကြီးတယ်လို့နာမည်ထွက်နေတဲ့ Megan Ellisonကို ၂၀၁၀ ခုနှစ်က True Grit ဇာတ်ကားမှာ အမှုဆောင်ထုတ်လုပ်သူ တစ်ယောက်အဖြစ် ဟောလိဝုဒ်က ပထမဆုံးအာရုံစိုက်မိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီးလုပ်ကိုင်ခဲ့တဲ့ သူ့ရဲ့ Annapura Pictures ကုမ္ပဏီက လူကြိုက်များတဲ့ဇာတ်ကားတွေ တသီ တတန်းကြီး ပုံမှန်ထွက်ပေါ်လာခဲ့ပါ တယ်။ မနှစ်တုန်းက သူဟာ တစ်နှစ် ထဲမှာ အကောင်းဆုံးရုပ်ရှင်ကားအဖြစ် အရွေးခံရတဲ့ ရုပ်ရှင်နှစ်ကား (American Hustle နဲ့ Her) ကိုထုတ်လုပ်သူ ပထမဆုံးအမျိုးသမီး ပရိုဂျူဆာဖြစ်လာခဲ့ ပါတယ်။
Ref : FORTUNE
ရှေ့လဆက်ရန်
ရေးသူ-ဇော်ဝင်းကြူ (ပျဉ်းမနား) ‪#‎zawwinkyu‬
‪#‎b2bprofile‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...