Friday, January 30, 2015

သံသယဖုန်း

ညသန်းကောင်ချိန်
အိပ်ပျော်နေတုန်း အသံတစ်ခုကြားလိုက်လို့ ရုတ်တရက် နိုးလာတယ်
ဘေးဘီကို ဆန်းစစ်ကြည့်တော့ ဖုန်းမြည်တာ
အမှောင်ထဲမှာ ဖုန်းစခရင်က လင်းနေတယ်
အော... ငါ့ဖုန်း မဟုတ်ဘူး
ဘေးမှာ ခွေခွေလေး အိပ်ပျော်နေတဲ့ ချစ်ဇနီးရဲ့ဖုန်း

ပြည်သူလူထုရဲ့  ပါးစပ်ပြော၊ စာအရေးဟာ ဖော့တုံးနဲ့ ပေါက်သလောက်သာ

အမှုသွားအမှုလာ ကြည့်ရပုံထောက်တော့ ကချင်တိုင်းရင်းသူ ဆရာမလေး ၂ ဦးကို
မုဒိမ်းကျင့် သတ်ဖြတ်သွားတဲ့ လူယုတ်မာ တရားခံတွေ ဘယ်သူလဲဆိုတာ
စစ်တပ်ဘက်က တိတိကျကျ မဟုတ်တောင် ရာခိုင်နှုန်းတ၀က်ကျော်လောက်ကို
ခြေရာခံမိပြီး ဖြစ်လိမ့်မယ်။ စစ်တပ်ပိုင် မြ၀တီ သတင်းဌာနကနေ "တပ်မတော်အပေါ်
ပုတ်ခတ်စွပ်စွဲမှုတွေကို မှတ်သားထားပြီး တကယ့်တရားခံအစစ်ဟာ တပ်ဘက်ကလူ
မဟုတ်ဘူးဆိုရင် အသရေဖျက်မှုနဲ့  တရားဥပဒေအရ အရေးယူပစ်မယ်"ဆိုပြီး
ဓားကြိမ်းကြိမ်း ထွက်လာတာကိုကြည့်ရင် မကြာခင် ပေါ်လာတော့မယ့်အဖြေကို
တစွန်းတစ လှစ်ဟပြလိုက်သလိုပါဘဲ။ ခက်တာက ဗမာပြည် ရဲတပ်ဖွဲ့ နဲ့  ဥပဒေဆိုင်ရာ
တရားရုံး၊ ကော်မတီ ကော်မရှင်တွေကို ပြည်သူတွေက မယုံရေးချမယုံ ဖြစ်နေခြင်းကို
အာဏာပိုင်တွေဘက်က ဘယ်လိုရှင်းမလဲဆိုတာ အရင်းခံပြဿနာတရပ်ဖြစ်တယ်။
သတင်းထောက် ကိုပါကြီး အသတ်ခံရတာက စစ်တပ်ကြောင့်၊ တောင်သူ ဒေါ်ခင်ဝင်း
အသတ်ခံရတာက ရဲလက်ချက်ကြောင့်ဆိုတာ ရှင်းတယ်။ ကချင် ဆရာမ ၂ ယောက်
အသတ်ခံရတာဟာ အဲဒီလူတွေလောက် သဲသဲကွဲကွဲ မရှိပေမယ့် ပြည်သူအများစု
ထင်မြင်နေကြသလို ဒီကိစ္စရဲ့ လက်သည်ဟာ စစ်သားတွေဘဲလို့  ၀ိုင်းဝန်းသမုတ်
ပြစ်တင်ကြတာကို စစ်တပ်ဘက်က တော်တော် မကျေမချမ်း ဖြစ်နေပုံရတယ်။

“ဘဝရှင်မင်းတရားကြီးကျွန်ုပ်နှင့် ဘိုးလောင်းတော်ဘေးလောင်းတော်တို့၏ အရှုပ်တော်ပုံ”


ကံထမ်းလာသည်ကိုကြိုတင်မမြင်နိုင်လေသည့်၊ဤဒွန္နယာကြီးတွင်၊
ကျွန်ုပ်သည်ကြံစည်မျှော်လင့်၊ စိတ် ကူးထားခြင်းအလျဉ်းမရှိပါပဲ၊မရွယ်ပဲစော်ကဲမင်းဖြစ်ဆိုဘိသကဲ့သို့၊
တိုင်းပြည်အုပ်ချုပ်မင်းလုပ်သည့်ဘဝ ရှင်မင်းတရားကြီး
အဖြစ်သို့ရောက်ခဲ့ရခဲ့ဖူးလေသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁)

သစ်ထူးလွင်


Thursday, January 29, 2015

ည အချိန်မတော် အပြင်မထွက်သင့်သည့် အကြောင်း


အလုပ်အကြောင်းအရာ ကိစ္စ မရှိပဲ အပျော်သက်သက်ရှာရန် ညအပြင်ထွက်ခြင်း အလေ့အထဟာ ဗုဒ္ဓဘာသာ လူမျိုး တို့ ယဉ်ကျေးမှုတွင် မရှိပဲ တိုင်းတစ်ပါးမှ လာသော အလေ့အထ တစ်ခုသာ ဖြစ် ပါတယ်။ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ပြီးသော တိုင်းပြည်များတွင်တောင် ညအပြင်ထွက်လည်သူများ အတွက် နေရာများများရှိသည့်တိုင် လုံခြုံမှု ထားသည့်တိုင်

မင်းကွန်းရှာပုံတော်

သခင် စိုးကြီး

မန္တလေးမြို့ အနောက်မြောက်ဘက် ၇မိုင်အကွာ၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းမှာ မင်းကောင်ဆိုတဲ့ ရွာလေးကိုလွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာကျော် (၁၇၉၀ ခုနှစ်) မှာ အမရပူရ နန်းတည် ဘိုးတော်ဘုရားမင်း၊ မင်းမိဖုရား၊ သားတော်သမီးတော်များ ခေတ္တခိုနားရာနေရာအဖြစ် မင်းကွန်းလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ရာက အခုအခါမှာ ကမ္ဘာကျော် ရှေးဟောင်းအမွေအနှစ်ဒေသတခု ဖြစ်နေပြီဖြစ်တဲ့ မင်းကွန်းဒေသကို သွားရောက်လေ့လာခဲ့တဲ့ ပုံရိပ်တွေကိုဖော်ပြလိုက်တာပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁)

သစ်ထူးလွင်


Wednesday, January 28, 2015

ကျော်ညဏ်နှင့် ပန်းရုံ

ခုတလော အားကိုးထိုက်လှသော လွှတ်တော်အမတ်မင်းများ လစာဆယ်သိန်းကိစ္စ ရေပန်းစားလှပါ၏။
သဘောကျတာလေးတစ်ခုလောက်ပြောစမ်းပါရစေ။
နိုင်ငံခြားတိုင်းတပါးရောက်လို့လွှတ်တော်ကိုယ်စားလှယ်ခြင်းယှဉ်လျင် လစာရတာနည်းလို့ရှက်သတဲ့။
ပြည်သူပြည်သားအားလုံး ဘယ်လိုရုန်းနေကြရသလဲ။ ဝန်ထမ်းတွေ ဘယ်လောက်ခက်ခဲနေကြသလဲ။

မျက်ရည်စတွေနဲ့ မေးခဲ့ပါရစေ


အို---သခင်
ငါ့နို့ရည်ကိုသောက်ပြီး
ငါ့ကို မိခင်အဖြစ်
သဘောမထားနိုင်ဘူးလား ?

"Student Union"


၁) "ကျောင်းသားသမဂ္ဂ" ဆိုတဲ့အသုံးအနှု န်းရယ်...၊ ၂) သမိုင်းဝင် အဆောက်အဦကို ပြန်လည်ဆောက်လုပ်ခွင့်ရယ်...၊ ၃) တပြည်လုံး တက္ကသိုလ်တိုင်းမှာဖွဲ့ စည်းခွင့်ရယ်...၊ စတဲ့ right to association နဲ့ right to participation ကို ခြွင်းချက်မရှိ ခွင့်ပြုတယ်ဆိုရင် ကျောင်းသား သပိတ်အောင်မြင်တယ် ပြောရမယ်...

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁)

သစ်ထူးလွင်


Tuesday, January 27, 2015

ရေကလည်း ကုန်နေပြီ

‪#‎သူခိုးတစ်ယောက်သည်‬ အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ်
အရွယ်ရှိ ချာတိတ်တစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လေသည်။ 
“ ဟေ့ ချာတိတ် ...မင်းအဖေနဲ့အမေ အိမ်မှာ ရှိလား ”
“ မရှိဘူး ”

"ကိုယ် နဲ့ ကို"

ဟာသတွေချည်းရေးနေတော့ အီလာကြမယ်
တခါတလေ တွေးစရာလေးတွေ
တခါတလေ ဗဟုသုတလေးတွေ
တခါတလေ အတင်းပြောတာလေးတွေ
... ဆိုတော့... ... အပြောင်းအလဲလေး ဖြစ်တာပေါ့။
ခု...
တွေးစရာလေးတစ်ခု ဆွေးနွေးကြည့်ရအောင်။
မြန်မာစာအရေးမှာ အငြင်းပွားဖွယ် သတ်ပုံတစ်ခုရှိနေပါတယ်။
"ကိုယ့်ကိုယ်ကိုယ်"... လား
"ကိုယ့်ကိုကိုယ်"... လား ဆိုတာ။
တချို့လည်း ရေးကြတယ်... ..
'ကိုယ့်ကိုကို'... တို့၊ 'ကိုယ့်ကိုယ်ကို'... တို့
အဲဒါတွေကိုတော့ စာရင်းထဲထည့်မနေတော့ဘူး။

အသင့်စားအစားအစာများနှင့် ကျန်းမာရေး


ယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်ဖွံဖြိုးလာတာနဲ့အမျှ လူ တွေရဲ့နေထိုင်မှုပုံစံတွေပြောင်းလဲလာကြပါတယ်။ ပြောင်းလဲလာတဲ့ လူနေမှုပုံစံမှာ ကျွန်တော်တို့ရဲ့စားသောက်မှုပုံစံပါ ပြောင်းလဲလာ ခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့အချိန်မပေးနိုင်မှုတို့ကြောင့် အသင့် စားအစားအသောက်တွေကိုသာ ပိုမိုခုံမင်ခဲ့ကြပါတယ်။

“ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်”

Soe Min
          အခုရက်ပိုင်းအတွင်းမှာ စကာင်္ပူအမျိုးသားတက္ကသိုလ်က ကျွမ်းကျင်သူဆရာဝန်များလာရောက်ပို့ချတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ဖြစ်ပါတယ်။ လူနာများ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းများဘက်က စွမ်းဆောင်ရည်တွေကို ဘယ်လိုမြှင့်တင်ကြမလဲ ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးနှီးနှောကြတာပေါ့။ လိုအပ်တယ်လေ။ လူနာတွေက အဆမတန်တိုးပွားလာ၊ အလုပ်တွေကမနိုင်မနင်းဖြစ်၊ သူရောကိုယ်ရော သည်းခံနိုင်မှုအတိုင်းအတာ ကုန်ဆုံးလုလုရောက်နေတဲ့အခါမို့ ဘယ်ဘက်ကမှ အမှားမခံနိုင်တော့ဘူး။ ဆေးရုံဆေးခန်းဆိုတာ ခါကာဘိုရာဇီ တောင်တက်ရသလောက်၊ မျှော်စင်ထိပ်ဖျားကနေ ခြေနှစ်ချောင်း ကြိုးချည်ပြီး ဇောက်ထိုးခုန်ဆင်းရသလောက်ကို အသက်ကိုဖက်နဲ့ထုပ်ထားရတဲ့အလုပ်ပါ လို့ သူတို့က ဆိုတယ်။ အလွတ်ကြီးပြောနေတာ မဟုတ်ဘူး။ သူတို့အနောက်နိုင်ငံကလူတွေ သေသေချာချာ စစ်တမ်းကောက်ပြီး ထုတ်ပြန်ထားတာ။ ကိုယ်တွေဆီမှာတော့ သူတို့လို ရေရေရာရာ ဘာဒေတာမှ ရှိတာ မဟုတ်လို့ ချက်နဲ့လက်နဲ့တော့ မပြောနိုင်ပါဘူး။ ဒါပေသိ ပညာရှိပီပီ နန်းတော်အောက်ခွေးတွေ ပြေးရေနေစရာ ဘယ်လိုပါ့မလဲ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိသပ။ လူနာတွေ လှံဖျားပုစဉ်းနားပေါင်းများလို့ ကိုယ်တို့ ကျီးကန်းတွေတောင် ပါစရာချေး မကျန်တော့ဘူး။ ကိုယ်တွေဘက်မှာ သည့်ထက်ပိုပြီးမတတ်နိုင်ဘူး ဆိုတဲ့အချိန်မှာ သူများနိုင်ငံကလူတွေ ဘယ်လိုကြိုးစား ကာကွယ်နေကြသလဲ၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းနေကြသလဲ၊ ဆိုတာ သိဖို့ကောင်းတာမို့ ဆြာကြီးများပြောသမျှ တပည့်ခံရတော့တာပဲ။

2014 ၏ အထက်မြက်ဆုံး အသက် ၄၀ အောက် အယောက် ၄၀


Myanmar B2B Management Magazine added 8 new photos.
Fortune က နှစ်စဉ်ရွေးချယ်ပေးတဲ့ အသက် ၄၀ အောက်၊ အယောက် ၄၀ စာရင်းဟာ ဘာအကြောင်းတွေများဖြစ်ပါသလဲ။ လုပ်ငန်းတစ်ခုကို စပြီးလုပ်တဲ့လူတွေဟာ အင်အား၊ သြဇာတိက္ကမနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာစွန့်စားမှုတွေကိုစမ်းပြီးလုပ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ၂၀၁၄ ကြယ်ပွင့်တွေကတော့ နောက်ဆုံးအရာကို ကမ်းကုန်အောင်ဖက်တွယ်ထားပြီး ပထမအရာနှစ်ခုကို ရယူအောင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁)

သစ်ထူးလွင်


Monday, January 26, 2015

တမလွန်မှ အမေသို့



အမေ့စိတ်ထား
''ပတ္တမြားစစ် '' နွံမနစ်ခဲ့။ ။

အမေ့မေတ္တာ
''ဂရုဏာအနှစ်'' အကြင်နာရစ်ခဲ့။ ။

ပြက်လုံးများ(၂)


၁။ တိုင်းပြည်ကိုအနှစ်လေးဆယ်ကျော်မုဒိန်းကျင့်ပြီး၊
မသမာနည်းမျိုးစုံနဲ့ထင်တိုင်းကြဲခဲ့တဲ့
သူဌေးဘွဲ့ရဓားပြသူခိုးကြီးစားတွေဟာ၊ 
တိုင်းပြည်ကောင်းစားမယ်ထင်လို့
လုပ်ခဲ့ကြတာပါလို့ဝန်ခံလိုက်ပြီတဲ့။

အလှူရှင်များ နှင့် ကျွန်တော်

လာဘ်ပေး၊လာဘ်ယူစနစ်ကိုမုန်းတီးတာက တစ်ကြောင်း၊လာဘ်ပေးမဲ့အစား သာသနာ့အကျိုးအတွက်လှူဒါန်းမယ်လို့ခံယူထားတဲ့ ပါမောက္ခသမားတော်ကြီးဒေါက်တာဒေါ်မမကြီး ဟာ ၁၉၈၈ခုနှစ်မတိုင်မီက ချင်းပြည်နယ်ကိုအပို့ခံခဲ့ရတဲ့ အင်္ဂလန်က MRCP ဘွဲ့ရ သမားတော်ကြီးဖြစ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၂၆)

သစ်ထူးလွင်


Sunday, January 25, 2015

"အကြံကောင်း"


မြို့စွန်ဘက်မှာ အဖွားကြီးတစ်ယောက်ဟာ တစ်ကိုယ်တည်းနေတယ်။
ညဘက်ညဘက် ရပ်ကွက်ထဲ သူခိုးသောင်းကျန်းနေတော့ သူခမျာ ကောင်းကောင်းမအိပ်ရရှာဘူး
အိမ်ပတ်ပတ်လည်လည်း လုံခြုံရေးကင်မရာတွေ တပ်ထားရတော့ ငွေကုန်ကြေးကျ များတာပေါ့
နောက်ဆုံး ခင်မင်တဲ့ရှေ့နေတစ်ယောက်က အကြံပေးတာနဲ့... ...

#‎ပြည့်တန်ဆာတစ်ယောက်လည်း‬ ချစ်တတ်တယ်မောင်#

ခေါင်းပုံအထပ်ထပ်ဖြတ်ခံပြီးမှ
ရလာတဲ့ ရှိစုမဲ့ပိုက်ဆံနဲ့
မောင်ပူဆာတဲ့ ဟန်းဖုန်းဝယ်ပေးဖို့
ကျမလက်မတွန့်ခဲ့ဖူးဘူးမောင်
အရက်မူးလာတိုင်းတော့
ကျမကို"အပျက်မ"လို့မဆဲပါနဲ့

အမှုမှန် ပေါ်ပေါက်လာစေကြောင်း

(မြန်မာနိုင်ငံမှာ အင်မတန်မှ ထူးခြားဆန်းကြယ်တဲ့ မှုခင်းဖြစ်ပွားရာ နေရာ ဆန်းစစ်ချက်တွေ ပေါ်ထွက်လာတတ်ပါတယ်။ မဟုတ်ပဲ ဆိုတဲ့ စကားလုံးတွေပါတဲ့ ဆန်းစစ်ချက်တွေပါ။ ဥပမာအားဖြင့် ဒီကနေ့ ပေါ်ထွက်လာတဲ့ ကောင်းခါးမှုခင်း ဆန်းစစ်ချက် စာမှာ စစ်ဖိနပ်ရာ မဟုတ်ပဲ၊ aerosoft ဖိနပ်ရာ ဆိုတဲ့ စာလုံးတွေနဲ့ အလားတူ (မဟုတ်ပဲ......) အခြေပြုစကားလုံးတွေ တော်တော်များများ တွေ့ရပါတယ်။ ဘာလို့ တွေ့ရှိချက်ကို တွေ့ရှိချက်လို မရေးပဲ၊ တစုံတရာကို အကာအကွယ်ပြုစကားလုံးသဘော သက်ရောက်တဲ့ စကားလုံးတွေ ပါဝင်နေရသလဲ။ စွပ်စွဲမှုတွေ၊ သံသယတွေ ကိစ္စ မပြောလိုပါ။ ဒါပေမယ့် ဒီထက်ပိုပြီး၊ ယုတ္တိတန်ဖို့တော့ လိုလေမလားပဲ။ မရေရာမှုတွေ များလာရင်တော့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့များကို အကူအညီတောင်းတာ ပဲဖြစ်ဖြစ်၊ stakeholder ပေါင်းစုံ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းတာပဲဖြစ်ဖြစ် တောင်းဆိုကြဖို့ လိုပါတယ်။ ထိုင်းနိုင်ငံမှာ ပြစ်မှုကျူးလွန်သူဟု သံသယဖြစ်ခံရသူများကိုတောင် အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးက အမှုမှန်ပေါ်ပေါက်ရေး၊ မှားယွင်းစွပ်စွဲခံရမှုများ ပပျောက်ရေး စတာတွေအတွက် ပါဝင်ပတ်သက်ခဲ့သေးတာပဲ။

အဖေပြောသော ပုံပြင်


(ဒီပုံပြင်လေးကတော့ အဖေပြောပြတဲ့ ပုံပြင်လေးပါ။
ဝိသုဒ္ဓိမဂ်လာ အဆိုတခုကို အကြောင်းပြုပြီး ပြောပြတဲ့ ပုံတပုဒ်ဆိုပါတော့။
သိပြီးသားလည်း ဖြစ်ကြမှာပါ၊ ပုံ မပြောရတာကြာလို့ ပြောပြလိုက်ပါတယ်။
ဖတ်ကြည့်ကြပါဦး ရှင် … ။)
***
တခါက လုလင်တယောက်ဟာ ခရီးသွားရင်း မျက်စိလည်လမ်းမှားပြီး တောအုပ်တခုထဲ နယ်ကျွံရောက်ရှိသွားပါသတဲ့။ အဲဒီတောအုပ်ကတော့ ဘီလူးမကြီးတယောက် အပိုင်စားရထားတဲ့ တောအုပ်ကြီးပါပဲ။ ဘီလူးမကြီးဟာ ဒီတောအုပ်ထဲ ရောက်လာသမျှသူတွေကို ဖမ်းစားပိုင်ခွင့်ရှိတယ် ဆိုတော့ ခုလို နယ်ကျွံပြီး သူ့ပိုင်နက်ထဲ ရောက်လာတဲ့ ခရီးသွားလုလင်ဟာ ဘီလူးမကြီးရဲ့ အစာဖြစ်နေတော့တာပေါ့။

တာဝန်သိနိုင်ငံသားတစ်ယောက်အနေဖြင့် အားလုံးသိရှိကာကွယ်နိုင်ဖို့


1000000 likes added 5 new photos.
စာရေးသူသည် ၁၉.၁၁.၂၀၁၄ ရက်နေ့က
တရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့သို့
အလည်အပတ်ရောက်ခဲ့ပါသည်။
ရွှေလီမြို့ရှိအကင်ဆိုင်သို့မိတ်ဆွေတဦးက
ခေါ်၍လိုက်စားဖြစ်ပြီး မထင်မှတ်ပဲ
သတင်းထူးတခု ကို ရခဲ့သဖြင့်မြန်မာနိုင်ငံသားများအတွက်
များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...