Thursday, December 4, 2014

အင်ဒိုနီရှားနိုင်ငံ၏ ဆူဟာတိုခေတ်လွန် ပြုပြင်ပြောင်းလဲရေး။ မျိုးသန့်

 
ဆူဟာတို၏ သမ္မတအဖြစ်မှ နုတ်ထွက်ကြောင်းကို ဖတ်ကြားနေစဉ်။ ဆူဟာတို၏ အစိုးရအဖွဲ့ဝင်များထဲမှ အရေးပါသော ဒုတိယ သမ္မတ ဘီဂျေ ဟာဘီဘီနှင့် ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ၀ရန်တို ကိုလည်း ဆူဟာတို၏ အနားမှာ ရှိနေကြတယ်။ 
မြန်မာစစ်ဗိုလ်ချုပ်ကြီးများ လျစ်လျူရှုထားသော အင်ဒိုနီရှားနိုင်ငံ၏ ဆူဟာတိုခေတ်လွန် ပြုပြင်ပြောင်းလဲရေး၏ အဓိက မှတ်သားစရာကိစ္စတရပ်မှာ စစ်တပ်ပြုပြင်ပြောင်းလဲရေး ကို အရင်ဆုံး စတင်သူမှာ စစ်တပ်ကိုယ်တိုင်ဖြစ် ခဲ့ပြီး၊ နောက်ပိုင်း ကျယ်ပြန့်သော နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများအပါအ၀င် ပြုပြင်ပြောင်းလဲမှု များကို ဥပဒေ လုပ်ထုံး လုပ်နည်းများဖြင့် လုပ်ဆောင် ခဲ့ခြင်းဖြစ်တယ်။

နိဒါန်း
အင်ဒိုနီရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ စတုတ္တမြောက် လူဦးရည် အထူထပ်ဆုံး နိုင်ငံဖြစ်ပြီး၊ သဘာဝ သယံဇာတပစ္စည်းလည်း ပေါကြွယ်ဝသော နိုင်ငံဖြစ်တယ်။ မူဆလင်ဘာသာကို ကိုးကွယ်ကြသူတွေက လူအများစု ဖြစ်နေပြီး၊ အခုဆိုလျင် ကမ္ဘာဇာတ်ခုံပေါ်မှာ အရေးပါသော နိုင်ငံတခုအဖြစ် လျင်မြန်စွာ ပေါ်ထွန်း လာနေပါတယ်။ ငွေကြေးဆိုင်ရာ၊ နိုင်ငံရေး ဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စသော အကျပ်အတည်းများစွာကို ဆယ်စုနှစ် တခုမက တည်ရှိ ခဲ့ပြီး၊ အခုတော့ ကမ္ဘာကြီးတွင် တည်ရှိနေသော စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် အင်ဒိုနီရှားနိုင်ငံဟာ မိတ်ဆွေကောင်း နိုင်ငံတခုအဖြစ် ပေါ်ထွန်းလို့ လာနေပါပြီ။

ဆူဟာတို၏ သမ္မတအဖြစ်မှ နုတ်ထွက်ကြောင်းကို ဖတ်ကြားနေစဉ်။ ဆူဟာတို၏ အစိုးရအဖွဲ့ဝင်များထဲမှ အရေးပါသော ဒုတိယ သမ္မတ ဘီဂျေ ဟာဘီဘီနှင့် ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ၀ရန်တို ကိုလည်း ဆူဟာတို၏ အနားမှာ ရှိနေကြတယ်။


စစ်အာဏာရှင်ဟောင်း ဆူဟာတို၏ အစီစဉ်သစ် ဟုခေါ်သော အုပ်ချုပ်ရေးဖြင့် ဆယ်စုနှစ် (၃) ခုကျော်လောက်အထိ လူနည်းစုကိုသာ အကျိုးပြုစေ ခဲ့ပြီး၊ ၎င်းစစ်အာဏာရှင်စနစ်ကြောင့် နိုင်ငံဟာ ဆုတ်ဆုတ်ယုတ်ယုတ် ဖြစ် ခဲ့ရတယ်။ အဆုံးမှာတော့- အင်ဒိုနီရှားနိုင်ငံ၏ မတူညီသော ဒေသဆိုင်ရာတွေ၊ ယဉ်ကျေးမှုတွေနှင့် လူမှုစီးပွားရေးတွေ စသည့်များမှာ ပိုမိုကွဲပြား ခြားနားလာစေ ခဲ့တယ်။ ထို့ကြောင့် နိုင်ငံလည်း ချုံးချုံးကျ ခဲ့ရတော့တယ်။

ယနေ့ဆိုလျင် ထိုသို့သော အခြေအနေများအကြားမှ အင်ဒိုနီရှားနိုင်ငံသည် ဗဟိုချုပ်ကိုင်မှုနှင့်အတူ စစ်တပ်က နိုင်ငံ၏ နိုင်ငံရေးနှင့် စီပွားကဏ္ဍတွေမှာ ပါဝင်စွက်ဖက်နေ ခဲ့မှုတွေ၏ အမြင့်မားဆုံးနေရာကနေ- ပွင့်လင်း တည်ငြိမ်သော ဒီမိုကရေစီစနစ် ဆီသို့ ကြန့်ကြာမှုများ မရှိစေဘဲ၊ တိုးတက်သော အုပ်ချုပ်ရေးစနစ် ဆီသို့ လျင်မြန်စွာ ပြောင်းလဲလာနေတယ်။

နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ကောင်းကောင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် အစီအစဉ်တွေကို ချမှတ်လုပ်ဆောင်လာမှုတွေက- ဗဟိုချုပ်ကိုင်မှုများကို ခိုင်ခိုင်မာမာ လျှော့ချ လာနိုင်ပြီး၊ အောက်ခြေတွေမှာအထိပါ ပြောင်းလဲလာသော အုပ်ချုပ်ရေးစနစ်က ကျယ်ပြန့်စွာ တာဝန်ယူမှုနှင့် တာဝန်ခံမှုများ ရှိလာအောင် ပုံဖော်လာနိုင် ခဲ့တယ်။ ထိုသို့သော သိသာသည့် အပြောင်းအလဲတို့က အစိုးရဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ကိုင်ဆောင်ရွက်မှုတို့သည် ပုံစံတကျဖြင့် လုပ်ကိုင်လာနိုင်ခြင်းတို့ပင် ဖြစ်တယ်။

ပြုပြင်ပြောင်းလဲမှု ဆိုတာတွေက အမြဲတမ်း ချောမွေ့ နေတာတော့ မဟုတ်ပါဘူး၊ သို့သော်လည်း တကယ့်ကို ရိုးသားစွာ ကြိုးစားအားထုတ်မှုတွေကြောင့်- ကောင်းမွန်လာသော အကျိုးကျေးဇူတွေက အစိုးရတရပ်အနေဖြင့် တာဝန်ယူမှုနှင့် တာဝန်ခံမှုများ ရှိလာခြင်း၊ အစိုးရလုပ်ငန်းများကို မှန်မှန်ကန်ကန်ဆောင်ရွက်လာနိုင်ခြင်း၊ အဂတိ လိုက်စားမှုများ လျှော့နည်း ကျဆင်းလာခြင်းနှင့် ပြည်သူ၏ အသံက ပိုမို အားကောင်းစွာ ကျယ်လောင်လာ နိုင်ခြင်း စသည်တို့အပါအ၀င် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်လာရန် အတွက် အဘက်ဘက်မှာ ကြိုးစားဆောင်ရွက်သူတွေ မျှော်မှန်းထားသလို့ အကျိုးကျေးဇူးများဖြစ်ထွန်းလာ ခဲ့တယ်။

လက်ရှိ စိန်ခေါ်မှုတွေက လာဘ်ပေး လာဘ်ယူမှုများ၊ အစိုးရ၀န်ထမ်းမှုနှင့် ပြည်သူတို့၏ ဆက်ဆံရေး၊ ငွေများ တရားနိုင်ဖြစ်ခြင်းများ ဖြစ်ပြီး၊ အင်ဒိုနီရှားနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး တို့က အင်ဒိုနီးရှာပြည်သူတွေအတွက် အကျိုးရှိ လာတယ်။

ဆူဟာတိုအစိုးရတွင် ဒုတိယသမ္မတ ခဲ့ဖြစ်ပြီး၊ ဆိုဟာတို သမ္မတအဖြစ်မှ နုတ်ထွက်အပြီးမှာ သမ္မတဖြစ်လာသည့် ဆူဟာတို၏ အဓွယ်အပွားဖြစ်သော ဘီဂျေ ဟာဘီဘီသည် သူ၏ သမ္မတသက်တမ်း တနှစ်လောက်ဘဲ ရရှိ ခဲ့ပေမယ့်၊ ပြုပြင်ပြောင်းလဲရေးများစွာ ဖြစ်ပေါ်လာ ခဲ့စေတယ်။ နိုင်ငံရေးအကျဉ်းသားများကို လွတ်ပြန်လွတ် ပေးခဲ့ခြင်း၊ နိုင်ငံရေးပါတီများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေး ခဲ့ခြင်း၊ ဗဟိုချုပ်ကိုင်မှုများကို လျော့ချလိုက်ပြီး၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်းပြဌာန်းခွင့်များကို ခွင့်ပြု ခဲ့ခြင်း၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေနှင့် လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်း ခဲ့ခြင်းနှင့် အရှေ့တီမောကိုလည်း လွတ်လပ်ရေးပေး ခဲ့ခြင်း စသည့်တို့ကို ဖြစ်ပေါ်လာ ခဲ့တယ်။ဆူဟာတိုအစိုးရတွင် ဒုတိယသမ္မတ ခဲ့ဖြစ်ပြီး၊ ဆိုဟာတို သမ္မတအဖြစ်မှ နုတ်ထွက်အပြီးမှာ သမ္မတဖြစ်လာသည့် ဆူဟာတို၏ အဓွယ်အပွားဖြစ်သော ဘီဂျေ ဟာဘီဘီသည် သူ၏ သမ္မတသက်တမ်း တနှစ်လောက်ဘဲ ရရှိ ခဲ့ပေမယ့်၊ ပြုပြင်ပြောင်းလဲရေးများစွာ ဖြစ်ပေါ်လာ ခဲ့စေတယ်။ နိုင်ငံရေးအကျဉ်းသားများကို လွတ်ပြန်လွတ် ပေးခဲ့ခြင်း၊ နိုင်ငံရေးပါတီများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေး ခဲ့ခြင်း၊ ဗဟိုချုပ်ကိုင်မှုများကို လျော့ချလိုက်ပြီး၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်းပြဌာန်းခွင့်များကို ခွင့်ပြု ခဲ့ခြင်း၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေနှင့် လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်း ခဲ့ခြင်းနှင့် အရှေ့တီမောကိုလည်း လွတ်လပ်ရေးပေး ခဲ့ခြင်း စသည့်တို့ကို ဖြစ်ပေါ်လာ ခဲ့တယ်။


ဘာတွေများ ကြိုးစား အားထုတ်နေကြပြီ သလဲ
အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲတွေကို ပြည်သူတွေ မျှော်လင့်ထားသလို ကြီးမားစွာ အပြောင်းအလဲများ ဖြစ်ပေါ်လာ ခဲ့တယ်။ (၁၉၉၀) ခုနှစ်များစွာမှာ လေ့လာကြည့်လျင် ကျန်မားရေး စောင့်ရှောက်မှုနှင့် ပညာရေးအပါအ၀င် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတို့ကို အဓိက ဦးစားပေးမှု မရှိ ခဲ့ပါဘူး။

နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အကျပ်ရိုက် ခဲ့မှုတို့က ဗဟိုဦးစီးစနစ်ကို စိန်ခေါ်လာ ခဲ့ပြီး၊ အဲဒီ အချက်တွေကြောင့် (၁၉၈၀) ပြည့်နှောင်းပိုင်း နှစ်များနှင့် (၁၉၉၀) ပြည့်နှစ် အစောပိုင်း နှစ်များမှာ နိုင်ငံကို တိုးတက်မှုနှင့် တည်ငြိမ်မှုများ ရရှိလာရန် အားပေး ခဲ့သလို ရှိ ခဲ့တယ်။ ဒီထက်ပိုပြီးတော့- ဆူဟာတို အစိုးရကို ပြုတ်ကျ သွားစေမှုနှင့် ဗဟိုဦးစီးစနစ်တို့ကို ပြန်လည် သုံးသပ်မှုတို့ အပါအ၀င် အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ပိုမိုဆန္ဒပြင်းပြလာ ခဲ့ကြတယ်။


နိုင်ငံ၏အစိုးရနှင့် ၀န်ထမ်းအဖွဲ့အစည်းအသီးတို့ကို ကျယ်ပြန့်စွာ ပြုပြင်ပြောင်းလဲခြင်း
(၁၉၉၈) ခုနှစ်ကတည်းက အစိုးရနှင့် ၀န်ထမ်းအဖွဲ့အစည်းအသီးတို့ကို သိသာထင်ရှားစွာ ပြုပြင်ပြောင်းလဲရေးများကို ပြုလုပ်လာ ခဲ့ပြီး၊ ၎င်းပြုပြင်ပြောင်းလဲရေးတွေက အင်ဒိုနီရှားနိုင်ငံ၏ အစိုးရစနစ်တခုလုံးကို အခြေခံမှ စပြီး၊ ပြန်လည် တည်ဆောက် ခဲ့ကြတယ်။

အာဏာ (၃) ရပ် ခွဲခြားပြီး၊ အပြန်အလှန်ထိန်းကျောင်းတဲ့ စနစ်ဆီသို့ ပြောင်းလဲလာ ခဲ့ခြင်း၊ အရပ်ဘက်အ ဖွဲ့အစည်းများကို တည်ထောင်လာစေခြင်းနှင့် တည်ရှိလာသော အရပ်ဘက် အဖွဲ့အစည်းများကို အားကောင်းနေစေခြင်း၊ အုပ်ချုပ်ရေး (အစိုးရ)၊ ဥပဒေပြုရေး ( လွှတ်တော်) ၊ နှင့် တရားစီရင်ရေး (တရားရုံး) ဆိုသော အာဏာ (၃) ရပ်တို့တွင် ဆူဟာတို၏ အာဏာရှင်ပုံစံ ဖြစ် ခဲ့သော အုပ်ချုပ်ရေး (အစိုးရ) ၏ အာဏာကို ဥပဒေပြုရေး ( လွှတ်တော်)၊ နှင့် တရားစီရင်ရေး (တရားရုံး) တို့အပေါ် လွန်ကဲစွာ လွှမ်းမိုးထားနေမှုများကို အဆုံးသတ်စေ ခဲ့ခြင်းတို့ ဖြစ် ခဲ့တယ်။

ဗိုလ်ချုပ် ၀ရန်တိုသည် ဆူဟာတို၏ လူယုံဖြစ် ခဲ့ပြီး၊ အရှေ့တီမောအရေးမှာ လူ့အခွင့်အရေးချိုးဖေါက်မှု့အတွက် သူမှာ တာဝန်ရှိသည်ဟု စွပ်စွဲခံ ခဲ့ရသူ၊ ဆူဟာတိုသမ္မတရာထူးမှ နုတ်ထွက်ချိန်တွင် စစ်အုပ်ချုပ်ရေးပြဌာန်းရန် ငြင်းဆိုခဲ့ပြီး၊ အရပ်သားနိုင်ငံရေးဖြစ်ပေါ်လာရေးအတွက်၊ စစ်တပ်၏ ပါလီမန်ထဲတွင် နေယူထားမှုတွေကို စတင်လျှော့ချ ခဲ့၍ ပါလီမန်အတွင်းမှာ သူကို ပြုပြင်ပြောင်းလဲရေးသမား စစ်ခေါင်းဆောင်ဟုခေါ် ခဲ့ကြတယ်။ စစ်တပ်နှင့် ရဲအဖွဲ့တို့ကိုလည်း သီးသန့်ခွဲခြား ခဲ့တယ်။ဗိုလ်ချုပ် ၀ရန်တိုသည် ဆူဟာတို၏ လူယုံဖြစ် ခဲ့ပြီး၊ အရှေ့တီမောအရေးမှာ လူ့အခွင့်အရေးချိုးဖေါက်မှု့အတွက် သူမှာ တာဝန်ရှိသည်ဟု စွပ်စွဲခံ ခဲ့ရသူ၊ ဆူဟာတိုသမ္မတရာထူးမှ နုတ်ထွက်ချိန်တွင် စစ်အုပ်ချုပ်ရေးပြဌာန်းရန် ငြင်းဆိုခဲ့ပြီး၊ အရပ်သားနိုင်ငံရေးဖြစ်ပေါ်လာရေးအတွက်၊ စစ်တပ်၏ ပါလီမန်ထဲတွင် နေယူထားမှုတွေကို စတင်လျှော့ချ ခဲ့၍ ပါလီမန်အတွင်းမှာ သူကို ပြုပြင်ပြောင်းလဲရေးသမား စစ်ခေါင်းဆောင်ဟုခေါ် ခဲ့ကြတယ်။ စစ်တပ်နှင့် ရဲအဖွဲ့တို့ကိုလည်း သီးသန့်ခွဲခြား ခဲ့တယ်။


သော့ချက်ကျသော ပြုပြင်ပြောင်းလဲမှုများ-
(၁) ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှု။ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်မှု့ အောက်မှာ လွတ်လပ်ပြီး တရားမျှတသော တိုက်ရိုက် ပြိုင်ဆိုင်ရသည့် ရွေးကောက်ပွဲများကို ကျင်းပလာ ခဲ့တယ်။ လွှတ်တော်ထဲမှာ စစ်တပ်နှင့် ရဲအဖွဲ့ဝင်များကို ခန့်အပ် တာဝန်ပေးထားမှုများကို ဖျက်သိမ်း ခဲ့တယ်။

ဆူဟာတိုအစိုးရ ပြုတ်ကျ ခဲ့ပြီး၊ (၁၉၉၉) ခုနှစ်တွင် ပထမဦးဆုံး ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲများတွင် (၉၃.၃) ရာခိုင်နှုန်းရှိသော မဲပေးပိုင်ခွင့် ရှိသူများ မဲရုံများဆီသို့ လာရောက် မဲ လာပေး ခဲ့ကြတယ်။ အင်ဒိုနီရှား ပြည်သူတွေက ရှင်လင်းစွာ ဆန္ဒအမှန်ကို ပြသ လိုက်နိုင် ခဲ့တယ်။ အထူးသဖြင့် လာဒ်ပေး လာဒ်ယူရှိတဲ့ နေရာတွေမှာ လူမှန်နေရာမှန် ဖြစ်လာအောင် မိမိတို့၏ မဲဆန္ဒပေးပြီး၊ မှန်မှန်ကန်ကန်ရှိသူများကို ရွေးကောက်တင်မြှောက်လာ ခဲ့တယ်။

(၂) လွှတ်တော်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု။ လွှတ်တော်ဆိုင်ရာ အရေးကြီးသော အပြောင်းအလဲတွေက ရွေးကောက်ခံများဖြင့် မဟုတ်ဘဲ၊ အထက်က ခန့်အပ်တာဝန်ပေးအပ် ထားသော ရာထူးနေရာများကို ရပ်ဆိုင်း ခဲ့ခြင်းဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်များက အုပ်ချုပ်ရေး အစိုးရနှင့် ခိုင်မာစွာ ကင်းလွတ်စေကာ အုပ်ချုပ်ရေး အစိုးရနှင့် အပြန်အလှန် ထိန်းကျောင်းနိုင်သော အာဏာရှိလာခြင်းဖြင့် တိုးတက်မှုများကို ရရှိလာ ခဲ့ခြင်းဖြစ်တယ်။


(၃) ဘဂျက်နှင့် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု။ ရသုံးဆိုင်ရာ အစိုးရ၏ ငွေကြေးသုံးစွဲမှုများတွင် ပွင့်လင်းမြင်တာမှု၊ တာဝန်ယူ- တာဝန်ခံမှုနှင့် အကျင့်ပျက် လာဒ်စားမှုများ ပပျောက်ရေး အပါအ၀င် နိုင်ငံ၏ ဘဂျက်သတ်မှတ်မှု အသစ်ကို ကျင့်သုံးချမှတ် လာနိုင် ခဲ့တယ်။


(၄) တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် တရားဥပဒေစိုးမိုးရေး။ ထင်ရှားသော ခြေလှမ်းများအဖြစ် အာဏာကြီး သုံးရပ်ကို ပိုင်ခြားထားနိုင်ပြီး၊ လွတ်လပ်သော တရားစီရင်ရေးကို တည်ရှိလာခြင်းဖြစ် ခဲ့တယ်။ အရေးကြီးသော အပြောင်းအလဲတွေက အခြေခံဥပဒေဆိုင်ရာ တရားရုံးနှင့် လွတ်လပ်တဲ့ တရားစီရေး၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ခြင်းနှင့် ရဲကော်မရှင်များ တည်ရှိလာခြင်းစသည်တို့ကို တရားရုံးစနစ်ဖြင့် စီမံခန့်ခွဲရေးရာ တာဝန်များကို အုပ်ချုပ်ရေး အစိုးရအောက်မှနေ၍ တရားစီရင်ရေးအောက်သို့ ထားရှိ လာနိုင် ခဲ့ခြင်းဖြစ်တယ်။


(၅) စစ်တပ်၏ ပြုပြင်ပြောင်းလဲမှု။ စစ်တပ်ရေးရာ လုပ်ငန်းဆောင်တာများအပြင် နှစ်နေရာ နှစ်ဌာန ပူးတွဲ တာဝန်ယူနေမှုများ၊ စီးပွားရေးအထဲမှာ နက်ရှိုင်းစွာပါဝင် ပတ်သတ်နေမှုများ အပါအ၀င် နိုင်ငံရေးအပေါ်မှာ လွှမ်းမိုးထားနေမှုများကို စွန့်လွှတ် ခဲ့ကြတယ်။ ရဲတပ်ဖွဲ့များကိုလည်း စစ်တပ်နှင့် ခွဲခြားထား ခဲ့ပြီး၊ စစ်အရာရှိ မှန်သမျှ အရပ်ဖက်ဆိုင်ရာ ဗျူရိုကရေစီ ယန္တာရားအတွင်းတွင် ရာထူးယူပြီး၊ စစ်တပ်နှင့် ပူးတွဲ နေရာယူထားမှုများကို ခွင့် မပြုတော့ပေ။

အဗ္ဗဒူရာမန် ဝါဟစ်သည် သမ္မတ မဖြစ်ခင်က ကမ္ဘာမှာ အင်အားတောင့်တင်းဆုံး အင်ဒိုနီရှားနိုင်ငံရှိ မူဆလင်အဖွဲ့အစည်းတခု၏ ပညာတတ် အလယ်အလတ်အမြင်ရှိသော မူဆလင်ခေါင်းဆောင်ဖြစ်တယ်။အဗ္ဗဒူရာမန် ဝါဟစ်သည် သမ္မတ မဖြစ်ခင်က ကမ္ဘာမှာ အင်အားတောင့်တင်းဆုံး အင်ဒိုနီရှားနိုင်ငံရှိ မူဆလင်အဖွဲ့အစည်းတခု၏ ပညာတတ် အလယ်အလတ်အမြင်ရှိသော မူဆလင်ခေါင်းဆောင်ဖြစ်တယ်။



အစိုးရအဆင့် တိုးတက်မှု
အစိုးရအနေဖြင့် တာဝန်ခံမှုနှင့် တာဝန်ယူမှုများ အပါအ၀င် ပြည်သူတွေ မျှော်မှန်းထားသည့် တိုးတက်များဖြစ်သော ဗဟိုချုပ်ကိုင်မှုကို လျှော့ချနိုင် ခဲ့ပြီး၊ ဒီမိုကရေစီ စံ တဲ့ ဦးတည်ချက်ဆီသို့ သွားနိုင် ခဲ့ကြတယ်။ ထို့ပြုပြင်ပြောင်းလဲရေးတွေက တပွဲထိုးအဖြစ် မဟုတ်ဘဲ၊ တကယ် အရေးပါသော လုပ်ငန်းစဉ်တခုအဖြစ် ဆက်လက်တည်ရှိ နေတယ်။

ဆူဟာတို့၏ အာဏာရှင်အုပ်ချုပ်ရေး ပြုတ်ကျ ခဲ့ပြီး၊ ထင်ရှားစွာ ဖြစ်လာ ခဲ့တာက အုပ်ချုပ်ရေးစနစ် ကောင်းတရပ်ဖြစ်လာဖို့ရာမှာ- အစိုးရ၏ ဖွဲ့စည်းပုံနှင့် ၎င်းအစိုးရ အဖွဲ့အစည်းများ အပါအ၀င် အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့ကို အသစ်ပြန်လည်း ဖွဲ့စည်းရန် လိုအပ်လာ ခဲ့တဲ့ အချက်ဖြစ်တယ်။ အဲဒီအချက်က ရှုပ်ထွေးသော အလုပ်ဖြစ်ပြီး၊ ယင်းတို့ကို လုပ်ဆောင်ရန်မှာ ကြိုကြိုတင်တင် လုပ်ဆောင် ရမယ့် ကိစ္စများဖြစ်တယ်။ အဲဒီဟာက အဖွဲ့အစည်းတခု၏ မူဝါဒရေးနှင့် အလုပ်ကို လုပ်ကိုင်ရာမှာ တိုးတက်မှုအဖြစ်သို့ ရောက်ရှိလာစေ ခဲ့တယ်။

ဟားဗက်တက္ကသိုလ်ဆင်း ဒုဗိုလ်ချူပ် အော်ဂက်စ် ၀ိဒါဟာဒီ ကူဆူမာသည် ဆူဟာတိုခေတ်လွန်၏ ပြုပြင် ပြောင်းလဲရေး စစ်ခေါင်းဆောင်တဦးဖြစ် ခဲ့ပြီး၊ သမ္မတ အဗ္ဗဒူရာမန် ဝါဟစ်က စစ်ဦးစီးချုပ် ဗိုလ်ချုပ် ၀ရန်တို ကို ရာထူးမှ ဖယ်ရှားရာတွင် ထောက်ခံ ခဲ့သူ။ဟားဗက်တက္ကသိုလ်ဆင်း ဒုဗိုလ်ချူပ် အော်ဂက်စ် ၀ိဒါဟာဒီ ကူဆူမာသည် ဆူဟာတိုခေတ်လွန်၏ ပြုပြင် ပြောင်းလဲရေး စစ်ခေါင်းဆောင်တဦးဖြစ် ခဲ့ပြီး၊ သမ္မတ အဗ္ဗဒူရာမန် ဝါဟစ်က စစ်ဦးစီးချုပ် ဗိုလ်ချုပ် ၀ရန်တို ကို ရာထူးမှ ဖယ်ရှားရာတွင် ထောက်ခံ ခဲ့သူ။


ဒီမိုကရေစီ စံသော ဗဟိုချုပ်ကိုင်မှုကင်းသည့် အချက်က ထက်မြက်သော နိုင်ငံရေးမဟာဗျူဟာ တခုအတွက် အခြေခံတခုကို ခိုင်မာအောင် လုပ်ဆောင် ပေးနိုင် ခဲ့ပြီး၊ တည်ငြိမ် အရေးပါသည့် အစိုးရယန္တရားတရပ်အဖြစ် တည်ရှိ လာစေ ခဲ့တယ်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးဟာ ပိုမို၍ အရေးကြီးသော လုပ်ငန်းဖြစ်လာ ခဲ့တယ်။

အင်ဒိုနီရှားနိုင်ငံ၏ လူ့အဖွဲ့အစည်းအတွင်းမှာ အဲဒီလို အစိုးရ အဖွဲ့အစည်းအသီးသီးကို အသစ်ပေါ်ပေါက်လာရေးဟာ လိုအပ်ကြောင်း ထင်ရှားလာ ခဲ့မှုတွေက ဆူဟာတို၏ အစီစဉ်သစ်ဟု ခေါ်ဆိုသော အုပ်ချုပ်ရေးစနစ်ကို ပြိုကျ ပျက်ဆီးစေသော အကြောင်းရင်းခံတရပ်ဖြစ်လာ ခဲ့တယ်။ ထို့ကြောင့် ကောင်းမွန်သော အုပ်ချုပ်ရေး တရပ်ဖြစ်ပေါ်လာရေးကို အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်သူတွေကို လျှော့တွက်လို့ မရတော့ပေ။

ဗဟိုချုပ်ကိုင်မှု ကင်းရှင်းသော ဥပဒေစည်းမျဉ်းတွေ အသက်ဝင်လာ ကတည်းက ဒေသဆိုင်ရာတွေမှာ ခွဲထွက်လိုမှု ( အင်ဒိုနီရှားနိုင်ငံမှ ခွဲထွက်ရေး ပြဿနာ) တွေနှင့် ဒေသ ဆိုင်ရာ ပဋ္ဋိပက္ခတွေဟာ လျှော့နည်းလာ ခဲ့ပြီး၊ ဒီမဟာဗျူဟာ၏ အရေးပါမှုက အင်ဒိုနီရှားနိုင်ငံ၏ ကွဲပြားခြားနားနေသည့် ပြည်နယ်များအတွက် ပြန်လည် စုစည်းပေးနိုင် ခဲ့တယ်။

ဘဏ္ဍာရေးဆိုင်ရာမှာ ထိရောက်တဲ့ စနစ်တရပ်အဖြစ် ပြုပြင်ပြောင်းလဲနိုင် ခဲ့ပြီး၊ နှစ်စဉ် ကိုယ်ပိုင် သတ်မှတ် သုံးစွဲသော ဘဏ္ဍာရေးအတွက် ဒေသအလိုက် ပြည်နယ်တွေ အနေဖြင့် မိမိကိုယ်ပိုင် ဘဂျက်မရှိလျင် ဗဟိုကို အကြီးအကျယ် မှီခို နေရမှာ ဖြစ်တယ်။ သို့ပါ၍ ဗဟိုချုပ်ကိုင်မှု မရှိခြင်းက ပြည်နယ်များနှင့် ဗဟိုအစိုးရအကြား ဆက်ဆံရေးများကို ကောင်းမွန်စွာ ထိန်းသိမ်းလာနိုင် ခဲ့တယ်။

ဆူဟာတို အစိုးရပြုတ်ကျရေးနှင့် ပြုပြင်ပြောင်းလဲရေးဖြစ်လာရန်အတွက် ပညာတတ် အလယ်အလတ် မူဆလင်ခေါင်းဆောင် ဒေါက်တာ နူချိုလစ် မက်ဂျီကလည်း အဓိက ပါဝင် ခဲ့တယ်။ဆူဟာတို အစိုးရပြုတ်ကျရေးနှင့် ပြုပြင်ပြောင်းလဲရေးဖြစ်လာရန်အတွက် ပညာတတ် အလယ်အလတ် မူဆလင်ခေါင်းဆောင် ဒေါက်တာ နူချိုလစ် မက်ဂျီကလည်း အဓိက ပါဝင် ခဲ့တယ်။



ဘာအပြောင်းအလဲလုပ် ခဲ့ ပြီလဲ

သမိုင်းရေးဆိုင်ရာ အမွေအနှစ်များ
အစီစဉ်သစ်၏ အစိုးရယန္တရားရှိသော လူ့အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှုများတွင် တိုးတက်မှု တချို့တော့ ရှိခဲ့တယ်။ ဥပမာ-ဆူဟာတို အစိုးရက ၎င်းတို့ကို မဆန့်ကျင်သော လူမှုရေးနှင့် နိုင်ငံရေးအင်အားစုများကို တည်ရှိခွင့်ပေး ခဲ့မှုတွေ ရှိ ခဲ့တယ်။ ရလာဒ်က ဆူဟာတိုအစိုးရ ပြုတ်ကျသွားသော အချိန်မှာ ကမ္ဘာပေါ်မှာ အကြီးဆုံး လူထုအဖြေပြုသည့် မူဆလင်အဖွဲ့အစည်းကြီး (၂) ခုအပါအ၀င် အရပ်ဘက်လူ့အဖွဲ့အစည်းပေါင်း (၁၁၀၀) ကျော်လောက်က အစိုးရနှင့် ကင်းလွတ်စွာ တည်ရှိနေ ခဲ့နိုင်တယ်။

၎င်းအချက်က အင်ဒိုနီရှားနိုင်ငံ၏ အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းများ တည်ဆောက်ရေးမှာ အကူအညီကို ဖြစ်စေပြီး၊ ထိုအရပ်ဘက်ဆိုင်အဖွဲ့အစည်းများက နိုင်ငံ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သော အင်အားစု တခုအဖြစ်သို့ ဖြစ်ပေါ်လာစေ ခဲ့တယ်။


စီးပွားရေးဆိုင်ရာ စီမံအုပ်ချုပ်မှု၏ ပုံစံအတွင်းမှာ သမိုင်းရေးဆိုင်ရာ လွှမ်းမိုးနေမှုတွေ တွေ့မြင်နိုင်တယ်။ ဗဟိုချုပ်ကိုင်မှုကြီးမား ခဲ့ပြီး၊ နိုင်ငံပြင်ပ၏ ရင်နှီး မြှုပ်နှံအတွက် စိတ်ဝင်စားမှုများ မရရှိနိုင် ခဲ့ခြင်း၊ ဆူဟာတို၏ အစီစဉ်သစ် အစိုးရလက်ထက်တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်မှု ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် မဆောင်ရွက်နိုင် ခဲ့ပေ။

ရေနံနှင့် ဓါတ်ငွေ့တွေ ထုတ်လုပ်ရေးနှင့် ပတ်သက်သော အခြေခံ အဆောက်အအုံတို့တွင် နိုင်ငံတကာ၏ ရင်နှီးမြှုပ်နှံမှု ရလာဒ်များ မရှိ ခဲ့ခြင်းက အကြောင်းတရပ်ကို ဖြစ်ပေါ်လာရေးထက် နိုင်ငံတကာမှာ စီးပွားရေးတိုးတက်ကျယ်ပြန့်မှုအတွက် အခြေခံကို ဖြစ်ပေါ်လာရေးကို ပေါင်းလက္ခဏာအဖြစ် ဖြစ် ခဲ့တယ်။

ဗိုလ်ချုပ်ဆူစီလိုဘန်ဘန်ယိုဒိုယိုနို (သမ္မတဟောင်း) ဆိုဟာတို သမ္မတရာထူးမှ နုတ်ထွက်ရန် စစ်တပ်မှ ဖိအားပေး ခဲ့သူနှင့် ပြုပြင်ပြောင်းလဲရေး စစ်ခေါင်းဆောင် တစ်ဦးဖြစ် ခဲ့ပြီး၊ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မှာ တာဝန်ထမ်းဆောင်ဖူးပြီး၊ အမေရိကန်နိုင်ငံမှာ စစ်တက္ကသိုလ်ဆင်း၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုဘာသာတွင် မာစတာဘွဲ့ရပြီး၊ သမ္မတရွေးကောက်ပွဲများကျင်းပချိန် ဒေါက်တာဘွဲ့ကို ရရှိ ခဲ့တယ်။ဗိုလ်ချုပ်ဆူစီလိုဘန်ဘန်ယိုဒိုယိုနို (သမ္မတဟောင်း) ဆိုဟာတို သမ္မတရာထူးမှ နုတ်ထွက်ရန် စစ်တပ်မှ ဖိအားပေး ခဲ့သူနှင့် ပြုပြင်ပြောင်းလဲရေး စစ်ခေါင်းဆောင် တစ်ဦးဖြစ် ခဲ့ပြီး၊ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မှာ တာဝန်ထမ်းဆောင်ဖူးပြီး၊ အမေရိကန်နိုင်ငံမှာ စစ်တက္ကသိုလ်ဆင်း၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုဘာသာတွင် မာစတာဘွဲ့ရပြီး၊ သမ္မတရွေးကောက်ပွဲများကျင်းပချိန် ဒေါက်တာဘွဲ့ကို ရရှိ ခဲ့တယ်။


မဟာဗျူဟာကျသော ရွေးချယ်မှုများ
မဟာဗျူဟာကျသော ဆုံးဖြတ်မှုများကို အဓိကသော့ချက်ကျသည့် သူတွေက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၏ ပုံသဏ္ဍန် အပေါ် များစွာ လွှမ်းမိုးနိုင် ခဲ့ကြတယ်။ ဥပမာအားဖြင့်- ဆူဟာတို၏ အစီစဉ်သစ်ဟုခေါ်သော အုပ်ချုပ်ရေးတွင် စစ်တပ်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေးစသော နေရာတွေမှာ နေရာယူထားနေမှုတွေကို ပြင်းထန်စွာ ဆန့်ကျင်သူတွေ၏ ဆန္ဒကို တုန့်ပြန်သည့် အနေဖြင့် နိုင်ငံရေးမှာ စစ်တပ်က တိုက်ရိုက်ပါဝင် ပတ်သက်နေတာတွေ ရုပ်သိမ်း ခဲ့တယ်။

စစ်တပ်ကလည်း ပါလီမန်ထဲမှာ ပါဝင်ပြီး အထူးအခွင့်အရေးများ ရယူထားမှုတွေကို လက်လွှတ်ခံ ခဲ့ခြင်းတို့ကို လိုလားစွာ လက်ခံ ခဲ့တာမျိုးနှင့် အခြားပြုပြင်ပြောင်းလဲရေးတွေကို လက်ခံလိုက်ခြင်းဖြင့် စစ်တပ်၏ နိုင်ငံရေးမှာ ဗြောင်ကျကျ လွှမ်းမိုးထားတာတွေကို လျှော့ချ လိုက်နိုင်ခြင်း၊ ဆူဟာတို ခေတ်လွန်စစ်တပ်၏ သမိုင်းကောင်းရေးအတွက် မှတ်ကျောက်တင်သော ပြုပြင်ပြောင်းလဲများကို ပြုလုပ်လာနိုင် ခဲ့ခြင်းနှင့် အသစ်ဖြစ်လာနေတဲ့ နိုင်ငံ၏ အစိုးရနှင့် အစိုးရ ၀န်ထမ်းအဖွဲ့အစည်းများ ဆိုင်ရာ ဖွဲ့စည်းပုံတွေမှာ စစ်တပ်အနေဖြင့် မိမိတို့၏ အခန်းကဏ္ဍအသစ်တွင် အတိတ်ကလို လူထု၏ ယုံကြည်စိတ်ချမှု ကင်းမဲ့မှုများ ပြန်မဖြစ်လာအောင် လုံခြုံစွာ ထိန်းသိမ်းထားနိုင် ခဲ့တယ်။

အလားတူ ဆူဟာတိုရဲ့ ရုပ်သေးရုပ်လို့ စွပ်စွဲခံရတဲ့ သမ္မတ ဘီဂျေ ဟာဘီဘီ၏ ဗဟိုဦးစီးစနစ်နှင့် ချမ်းသာသူတွေအတွက် အာဏာတည်စေသော ဆုံးဖြတ်ချက်များအပေါ် တန်ပြန်လာနိုင်ခြင်းနှင့် ဒေသဆိုင်ရာ ကိုယ်ပိုင်းအုပ်ချုပ်ရေးအာဏာတွေမှာ ဗဟိုဦးစီးစနစ်ကို လျှော့ချလိုက်ခြင်းများ တိုးမြင့်လာ စေခြင်းတို့က ဖယ်ဒရယ်စနစ် တည်ဆောက်ရေးမှာ ဒေသခံစီးပွားရေးသမားများကိုပါ အင်ဒိုနီရှားလူ့အဖွဲ့အစည်း၏ အစိတ်အပိုင်း တခုအဖြစ် ပြန်လည်ပါဝင် ခွင့်ရရှိလာ ခဲ့တယ်။

ထိုသို့သော ပြုပြင်ပြောင်းလဲရေးတွေက နိုင်ငံရေးအရ ထက်မြက်မှုတွေဖြစ်လာ ခဲ့တဲ့အပေါ် သံသယတွေက အနည်းငယ်ရှိ ခဲ့ပေမယ့်၊ နိုင်ငံဟာ ခွဲထက်ရေးလှုပ်ရှားမှုများကို ရင်ဆိုင်နေရသော အချိန်မှာ နိုင်ငံကို တစည်း တလုံးတည်း ဖြစ်အောင် ထိန်းသိမ်းထားနိုင်သည့် ရွေးချယ်မှုတွေ ဖြစ် ခဲ့တယ်။


ဗိုလ်ချုပ်အော်ဂက်စ် ၀ီဒ်ဂျိုဂျို၊လည်း၊ အင်ဒိုနီရှားစစ်တက္ကသိုလ်ကျောင်းဆင်းနှင့် စီးပွားရေးဆိုင်ရာ မဟာဗျူဟာစီမံခန့်ခွဲမှု့ ဘာသာဖြင့် အမေရိကန်နိုင်ငံ ဂျော့ဝါရှင်တန် တက္ကသိုလ်မှာ မာစတာ ဘွဲ့ရရှိခဲ့သူ။ ဆူဟာတိုသမ္မတရာထူးမှ နုတ်ထွက်ရေးနှင့် ဆူဟာတိုခေတ်လွန်တွင် ပြုပြင်ပြောင်းလဲရေးသမား စစ်ခေါင်းဆောင် တဦး ခဲ့ဖြစ်တယ်။ဗိုလ်ချုပ်အော်ဂက်စ် ၀ီဒ်ဂျိုဂျို၊လည်း၊ အင်ဒိုနီရှားစစ်တက္ကသိုလ်ကျောင်းဆင်းနှင့် စီးပွားရေးဆိုင်ရာ မဟာဗျူဟာစီမံခန့်ခွဲမှု့ ဘာသာဖြင့် အမေရိကန်နိုင်ငံ ဂျော့ဝါရှင်တန် တက္ကသိုလ်မှာ မာစတာ ဘွဲ့ရရှိခဲ့သူ။ ဆူဟာတိုသမ္မတရာထူးမှ နုတ်ထွက်ရေးနှင့် ဆူဟာတိုခေတ်လွန်တွင် ပြုပြင်ပြောင်းလဲရေးသမား စစ်ခေါင်းဆောင် တဦး ခဲ့ဖြစ်တယ်။

လူမှုရေးနှင့် ယဉ်ကျေးမှု စံနှုန်းများ
နိုင်ငံတကာ၊ နိုင်ငံလုံးဆိုင်ရာနှင့် အောက်ခြေတွေ၏ စံ သတ်မှတ်ချက်တွေက ပြုပြင်ပြောင်းလဲရေးအတွက် တရားဝင် တွန်းအားများဖြစ်လာရန် အခွင့်အလမ်းများအဖြစ် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာ ခဲ့တယ်။ ဥပမာ- ဗဟိုချုပ်ကိုင်မှု မရှိအောင် ပြုပြင်ပြောင်းလဲရေးက အင်ဒိုနီးရှားနိုင်ငံ၏ ရင်ဆိုင် နေရသော စိန်ခေါ်မှု အခြေအနေတွေ အတွက် အဖြေရှာပေးနိုင်ခြင်းထက် ပို ခဲ့တယ်။

နိုင်ငံတကာ၏ လှုပ်ရှားပေးမှု့တွေကလည်း ဒီမိုကရေစီ စံသော ဗဟိုချူပ်ကိုင်မှု မရှိလာအောင် ဦးတည်စေသည့် သော့ချက်ကျသော နိုင်ငံတကာကလည်း သိသာ ထင်ရှားစွာ ထောက်ခံ ခဲ့ကြတယ်။

လူမှု့ယဉ်ကျေးမှုစံ နှုန်းတွေကလည်း ဒေသဆိုင်ရာ အဆင့်တွေမှာ များစွာ သြဇာလွှမ်းမှု့ ရှိ ခဲ့ပြီး၊ အစိုးရ အဖွဲ့အစည်းများဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေက ခရိုင်၊ ဒေသ ဆိုင်ရာတွေ အပါအ၀င် တနိုင်ငံလုံးတွင် မတူညီမှုများကို အသိအမှတ်ပြု လုပ်ဆောင်မှုများ ပျံပွားလာခြင်းဖြင့် ရလာဒ်ကောင်းများကို ပေါ်ထွန်းစေ ခဲ့တယ်။

အုပ်ချုပ်ရေးပုံစံဟာ ထုံတမ်းအစဉ်အလာနှင့် အစ္စလာမ် ဥပဒေများအပေါ်မှာ အခြေခံနေခြင်းထက် တချို့ ကိစ္စတွေမှာ အောက်ခြေတွေမှာ အစိုးရအဖွဲ့အစည်းများကို ပုံစံတကျဖြင့် လောကီရေးရာ သက်သက်အဖြစ် အခြေခံသော ဥပဒေများကိုသာ ဖြစ်စေလို လာတယ်။

လူဦးရေ သန်း ၂၅၀ ရှိတဲ့ မွတ်စလင်နိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာသော မေဃာဝတီ ဆူကာနိုပူထရီလူဦးရေ သန်း ၂၅၀ ရှိတဲ့ မွတ်စလင်နိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာသော မေဃာဝတီ ဆူကာနိုပူထရီ


လက်ခံနိုင်သော ပြုပြင်ပြောင်းလဲမှု
ပြုပြင်ပြောင်လဲရေးများကို ပုံပေါ်လာသော တိုးတက်မှုတို့ကို တိုင်းတာပြီး၊ အစိုးရအဖွဲ့နှင့် အစိုးရအဖွဲ့အစည်းများဆိုင်ရာ အယူအဆတို့ကို အငြင်းအခုန်လုပ်နေတာထက် အင်ဒိုနီရှားနိုင်ငံ၏ လက်တွေ့ကျစွာ ပြုပြင်ပြောင်းလဲရေးများက လက်တွေမှာ အလုပ် ပိုဖြစ်လာ ခဲ့တယ်။ အထက်ပါ အခြေအနေတွေက တည်ရှိနေတဲ့ ဆူဟာတို အုပ်ချုပ်ရေးနှင့် လူကြိုက်နည်းသော အချို့စရိုက်လဏ္ခာတွေကို ခွင့်ပြုတာတွေနှင့် အရင်တုန်းက ဆူဟာတိုအုပ်ချုပ်ရေး၏ အစိတ်အပိုင်းတွေကို လက်ခံနိုင် ခဲ့တာတွေ ရှိ ခဲ့ကြတယ်။

သမ္မတ (ပြုပြင်ပြောင်းလဲရေး စစ်ခေါင်းဆောင်ဟောင်း) ဆူဆီလို ဘန်ဘန်း ယူဒို ယိုနိုသမ္မတ (ပြုပြင်ပြောင်းလဲရေး စစ်ခေါင်းဆောင်ဟောင်း) ဆူဆီလို ဘန်ဘန်း ယူဒို ယိုနို


ပကတိတည်ရှိနေသော နိုင်ငံရေးပုံစံအတွင်းမှ စတင်ပြီး၊ ပြုပြင်ပြောင်းလဲရေးသမားတွေက အစိုးရစနစ်ကို အပြောင်း အလဲ လုပ် ခဲ့ကြတာပါ။ ထို့ကြောင့် ၎င်းတို့၏ ပြုပြင်ပြောင်းလဲရေးဟာ လက်မ ခံနိုင်မှုများ လျှော့နည်းနေစေ ခဲ့တယ်။

အင်ဒိုနီးရှားနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေဟာ ပကတိတည်ရှိနေသော အခြေအနေတို့ကို အသိအမှတ်ပြုပြီး၊ ယင်းအခြေအနေများကို စီစစ်သုံးသပ်ပြီး၊ ဒီမိုကရေစီရေး ဆီသို့ ဦးတည်နိုင် ခဲ့တယ်။ အခြားနိုင်ငံတခု၏ ပုံစံကို လှေနံ ဓါးထစ် ကူးယူမှု မျိုးမဟုတ်ဘဲ၊ အစိုးရအဖွဲ့အစည်းများကိုယ်တိုင်ကလည်း ထို့ပြုပြင်ပြောင်းလဲရေးများအတွက် ဥပမာကောင်းအဖြစ် အထောက်အပံပေး ခဲ့ကြတယ်။

ပြုပြင်ပြောင်းလဲရေးသမားများဟာ အင်ဒိုနီရှားနိုင်ငံ၏ ပကတိအခြေအနေတွေကို ခြုံမိ ငုံမိနေရမယ် (သို့မဟုတ်) ပြုပြင်ပြောင်းလဲရေးသမားများနှင့် ဆန့်ကျင်ဘက် ဖြစ်လာနိုင် သူတွေ၏ လက်တွေ့ အခြေအနေတွေမှာ ထိပ်တိုက် မဖြစ်လာအောင် ရှောင်ရှားနိုင် ခဲ့တယ်။

ဆူဟာတို ခေတ်လွန် အင်ဒိုနီးရှား နိုင်ငံရဲ့ စစ်ရေးနောက်ခံမရှိသော အရပ်သား သမ္မတသစ် မစ္စတာ ဂျိုကိုဝီဒိုဒိုဆူဟာတို ခေတ်လွန် အင်ဒိုနီးရှား နိုင်ငံရဲ့ စစ်ရေးနောက်ခံမရှိသော အရပ်သား သမ္မတသစ် မစ္စတာ ဂျိုကိုဝီဒိုဒို


သင်ခန်းစာများ ယူခဲ့မှု
များပြားစွာသော တွန်းအားနှင့် သြဇာသက်ရောက်မှုတို့က ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွက် ခရီးပေါက်အောင် သယ်ဆောင်ပေးနိုင် ခဲ့တယ်။ နိုင်ငံ၏ အထက်တန်းအလွှာများ၏ ထူးခြားသော သြဇာသက်ရောက်မှုနှင့် မတူညီမှုတွေက ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်လာဖို့ အကြောင်းခံလာစေ ခဲ့တယ်။ ပြုပြင်ပြောင်းလဲရေးကို ပတ်သတ်နေသူတွေ၏ မျှော်လင့်ချက် မြင့်မားမှုတွေက ပြုပြင်ပြောင်းလဲရေးတွင် အလုပ်မဖြစ် ခဲ့တာတွေကို အသိအမှတ်ပြု ခဲ့ပြီး၊ ဆက်လက်အောင်မြင်အောင် ကြိုးစား ခဲ့ကြတယ်။

မူဝါဒရေးရာအတွက် ခိုင်မာသော အယူအဆရေးရာတွေအတွက် ငြင်းခုန်မှုတွေမှာ သေချာသော ရည်ရွယ်ချက်တခု အဖြစ်သို့ ရောက်ရှိအောင် လုပ်ဆောင် ခဲ့ပြီး၊ ပကတိနိုင်ငံရေး သဘာဝက အစိတ်အပိုင်း (သို့) မတူညီချက်တွေကို အဖြေရှာရေးတို့ကို ဖြစ်ပေါ်စေ ခဲ့တယ်။ သြဇာအာဏာရှိနေသူတွေနှင့် ဆန့်ကျင်ဘက် ဖြစ်လာနိုင်သူတွေ ကိုပါ ပြုပြင်ပြောင်းလဲရေးဆီကို ဆွဲခေါ်လာနိုင် ခဲ့တယ်။

လက်တလောမှာ လက်ရှိ အုပ်ချုပ်ရေးတွေက ပြုပြင်ပြောင်းလဲရေးတွေ၏ ရလဒ်နှင့် ဖြစ်စဉ် ပုံပန်းသဏ္ဌာန်တွေ ဖြစ်ပြီး၊ ပြုပြင်ပြောင်းလဲရေးသမားတွေအတွက် သင်ခန်းစာ ယူစရာနှင့် လေ့လာသုံးသပ်စရာများအဖြစ် ရောင်ပြန်ဟပ်နေတယ်။ အရေးကြီးတာက အင်ဒိုနီးရှားနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် ဆီသို့ ပြုပြင်ပြောင်းလဲရေးလောက်ဘဲ အတွေးမရောက်ရန် အရေးကြီးတယ်။ အင်ဒိုနီးရှားနိုင်ငံ၏ အဖြစ်အပျက်အားလုံးက ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များ၏ အစိတ်အပိုင်း ဖြစ်တယ်။


အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးက နိုင်ငံသူနိုင်ငံသားတွေနှင့် အုပ်ချုပ်သော အစိုးရအကြား ထူးခြားသော ဆက်ဆံမှု၊ ပျော့ပြောင်းမှုနှင့် ဒီမိုကရေစီစနစ် ဖြစ်တည်လာမှုနှင့် ၎င်းတို့၏ အခန်းကဏ္ဍအတွက် ရေရှည်ထောက်ပံ့အဖြစ် လိုအပ်လာသည်ကို ပြန်လည်ပြီး ၊အထူးပြုဖော်ပြနေသော အရင်းခံ ရလာဒ်အဖြစ် ဖြစ်လို့လာနေပါတယ်။

                             --- ပြီးပါပြီ ---

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...