Tuesday, December 9, 2014

တစ်နှစ်စာ ပြက္ခဒိန်ကို အလွတ်ကျက်ထားမယ်


သူငယ်ချင်းတို့ရေ -
အခုတင်ပြမှာလေးကတော့ နှစ်တနှစ်ရဲ့ အတွင်းမှာ လ နဲ့ ရက်ကို သိရင် အဲဒီနေ့ဟာ ဘာနေ့
ကျသလဲဆိုတာအလွယ်တကူ စိတ်တွက်နဲ့ တွက်ကြည့်လို့သိနိုင်တဲ့ နည်းကလေးပါ။ ဦးနှောက်တော့
နဲနဲ စားမယ်နော်။ hand phone တို့ နာရီတို့ ပြက္ခဒိန်တို့ ကိုယ့်အနားမှာ ရုတ်တရက် အလွယ်တကူ
မရှိတဲ့အခါမှာ အသုံးဝင်တဲ့ နည်းကလေးပါ။

အဲဒီတော့ ဦးနှောက်မစားချင်တဲ့၊ ကိုယ့်အတွက် အသုံးမလိုဘူးထင်တဲ့ သူငယ်ချင်းများကတော့
ဒီနေရာကပဲ လှည့်ပြန်နိုင်ပါပြီဗျာ။ ကျန်တဲ့သူတွေကတော့ စိတ်ဝင်စားရင် ကျနော်နဲ့အတူ စလိုက်ကြ
ရအောင်
ပထမဦးဆုံး နှစ်တစ်နှစ်အတွင်းမှာရှိတဲ့ လ တိုင်းရဲ့ (1) ရက်နေ့ကျတဲ့နေ့တွေကို လ နဲ့အတူ
ယှဉ်တွဲရေးလိုက်ပါ။
အခု ဒီ 2012 ခုနှစ်ပဲ အတွက်ပဲ ဆိုပါတော့ -
ဇန်န၀ါရီ - တနင်္ဂနွေ
ဖေဖေါ်ဝါရီ - ဗုဒ္ဓဟူး
မတ် - ကြာသပတေး
ဧပြီ - တနင်္ဂနွေ
မေ - အင်္ဂါ
ဂျွန် - သောကြာ
ဂျူလိုင် - တနင်္ဂနွေ
သြဂုတ် - ဗုဒ္ဓဟူး
စက်တင်ဘာ - စနေ
အောက်တိုဘာ - တနင်္လာ
နိုဝင်ဘာ - ကြာသပတေး
ဒီဇင်ဘာ - စနေ
အဲဒီ ညာဘက်က နေ့တွေကို အစဉ်လိုက် အတိုကောက်ရေးပြီး လင်္ကာလေးဖွဲ့ ကျက်ထားရပါမယ်
ကျက်တဲ့နေရာမှာ ပါးစပ်ထဲမှာ စွဲပြီး အမြဲတမ်း ဒိုးဒိုးဒေါက်ဒေါက် ရအောင်ကို ကျက်ထားရပါမယ်
နွေ၊ ဟူး၊ တေး နွေ၊ ဂါ၊ ကြာ နွေ၊ ဟူး၊ နေ လာ၊ တေး၊ နေ
အဲဒီလိုပေါ့။ ဒါလေးအလွတ်ရရင် လုပ်ငန်းစလို့ရပါပြီ။
တွက်ချက်နည်းကတော့ ---
ဥပမာ (၁) 2012 ခုနှစ်ရဲ့ ဧပြီလ 18 ရက်နေ့ကို တွက်ကြည့်ရအောင်
18 ရက်ကို 7 နဲ့စားလိုက်ပါ။ အကြွင်း 4 ရပါတယ်။ ဒီအကြွင်းဟာ အရေးကြီးပါတယ်။
အကြွင်း 4 ရတဲ့အတွက် လက် 4 ချောင်း ထောင်လိုက်ပါ။
အဲဒီ ဧပြီလအတွက် (1) ရက်ကျတဲ့နေ့ဟာ လင်္ကာမှာ ပြန်ကြည့်ရင် တနင်္ဂနွေ (နွေ) နေ့ပါ။
ဒါ့ကြောင့် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ဆိုပြီးလက်ချိုးပြီး လေးခါ ရေတွက်လိုက်ရင်
အဲဒီ နောက်ဆုံး ရေတွက်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ဟာ ဧပြီလ 18 ရက်နေ့မှာ ကျတဲ့ နေ့ပါပဲ။
နောက်ထပ်ကြည့်ရအောင်
ဥပမာ (၂) 2012 ခုနှစ်ရဲ့ သြဂုတ်လ 27 ရက်နေ့ကို တွက်ကြည့်မယ်
27 ကို 7 နဲ့ စားပါ။ အကြွင်း 6 ရပါတယ်။
လက် 6 ချောင်းထောင်လိုက်ပါ။
2012 ခုနှစ်ရဲ့ သြဂုတ်လမှာ (1) ရက်ကျတဲ့နေ့ဟာ လင်္ကာမှာ ပြန်ကြည့်ရင် ဗုဒ္ဓဟူး (ဟူး) ပါ
ဒါ့ကြောင့် ဗုဒ္ဓဟူးကနေ 6 ခါ လက်ချိုးရေတွက်ကြည့်လိုက်ရင်
ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာ အဲဒီ နောက်ဆုံးကျတဲ့ တနင်္လာနေ့ဟာ
သြဂုတ်လ 27 ရက်နေ့မှာ ကျတဲ့ နေ့ပါပဲ။
တကယ်လို့ နေ့ကို 7 နဲ့ စားတဲ့အခါမှာ အကြွင်း 0 (သုည) ရခဲ့ရင် ဘယ်လိုလုပ်မလဲ
လွယ်ပါတယ်။ အဲဒီအခါကျရင် ပိုတောင်လွယ်သေး ရေတွက်စရာတောင် မလိုတော့ပါဘူး
အဲဒီ လရဲ့ (1) ရက်နေ့ကျတဲ့ နေ့ရဲ့ ရှေ့က တစ်ရက်ကို ယူလိုက်ယုံပါပဲ။
ဥပမာ (၃) ဂျွန် လ 7 ရက်နေ့ကို သိချင်ရင်
7 ကို 7 နဲ့ စားရင် အကြွင်းက 0 (သုည) ပေါ့
အဲဒါဆို ဂျွန်လရဲ့ တစ်ရက်နေ့ ကျတဲ့နေ့က သောကြာ (ကြာ) ပါ။
ရှေ့ကို တစ်ရက်တိုးယူရမယ်ဆိုတော့ ကြာသပတေးပေါ့။ အဲဒီ ကြာသပတေးဟာ ဂျွန်လ 7 ရက်နေ့မှာ
ကျတဲ့ နေ့ပါပဲ။
7 နဲ့ စားလို့မပြတ်တဲ့ 1.2.3.4.5.6 တို့ကိုတော့ စားစရာ မလိုတော့ဘူးလေ ဒီအတိုင်းပဲ
(1) ရက်ကျတဲ့နေ့ကနေ လက်ချိုးရေသွားလိုက်ရုံပါပဲ။
ကဲဒါဆို သူငယ်ချင်းတို့ နဲနဲလေး လေ့ကျင့်ပေးလိုက်ရင် အလွယ်တကူ တွက်နိုင်သွားမှာပါ။
လင်္ကာကို ကျက်မှတ်ရာမှာတော့ တစ်ချို့ကတော့ ဒီလို နေ့တွေကို တိုက်ရိုက်မကျက်ဘဲ
မြန်မာ့ဗေဒင်နည်းအရ နေ့ကိုယ်စားပြု အက္ခရာတွေ အစားသွင်းပြီး အဓိပ္ပါယ်ရှိတဲ့၊ မှတ်လို့ကောင်းမဲ့
ပုံစံနဲ့ ပြောင်းလည်းပြီး ကျက်တတ်ကြပါတယ်။ ဒါပေမယ့် ဒီနည်းက လင်္ကာကို မှတ်လို့လွယ်အောင်
စီစဉ်တဲ့ နေရာမှာတော့ ရှုပ်ထွေးမှုတွေ ရှိနေတဲ့အတွက် သူငယ်ချင်းတွေ ခေါင်းအရမ်းစားသွားမှာစိုးလို့
ဒီနည်းကို တော့ မတင်ပြတော့ပါဘူး။ ကိုယ်အဆင်ပြေသလို၊ ကိုယ်မှတ်တတ်သလို မှတ်ရင်လည်း
ရပါတယ်။ အရေးကြီးတာက လတိုင်းရဲ့ (1) ရက်နေ့တွေကို အစဉ်အတိုင်း မှတ်မိနေဘို့ ပါပဲ။
ဒီနေရာမှာ ထပ်ပြောချင်တာက ဒီလင်္ကာလေးဟာ 2012 ခုနှစ်အတွက်ပဲ အသုံးပြုလို့ရပါတယ်
နောက်နှစ်အတွက်ဆိုရင်တော့ ဒီလိုပဲ (1) ရက်ကျတဲ့နေ့တွေကို လ အလိုက် ပြန်စီပြီး လင်္ကာအသစ်
ပြုလုပ်ပြီး ပြန်ကျက်မှတ်ရပါမယ်။ လ တိုင်းရဲ့ (1) ရက်နေ့တွေဟာ တစ်နှစ်နဲ့ တစ်နှစ် မတူနိုင်
ဘူးလေ။
ဒါကတော့ အတိုဆုံးနဲ့ အလွယ်ဆုံးနည်းလေးပါ။ ကဲသူငယ်ချင်းတို့ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ ......
လေးစားစွာဖြင့်
ကိုသန်းဇော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...