Saturday, December 6, 2014

အလှမယ် မေမြတ်နိုးကို တောင်ကိုရီးယားနိုင်ငံဘက်မှ အနိုင်ပေးလိုက်ပြီ


သရဖူအသိမ်း ခံရသောကိစ္စနှင့် ပတ်သက်ပြီး မေ မြတ်နိုးကို တောင်ကိုရီးယားနိုင်ငံမှ အနိုင်ပေး လိုက်ပြီဖြစ်ကြောင်း မေ မြတ်နိုး၏ေ ပြောကြားချက်အရ သိရသည်။
''အခုတော့ မြတ်နိုးနိုင်သွားပါ ပြီ။ မြတ်နိုးဘက်က သတင်းစာရှင်း လင်းပွဲမှာ အမှန်တရားတွေပဲပြောခဲ့ တယ်ဆိုတာကိုလဲJ (Miss Asia Pac- ific World Super Talent Organi- zation rS CEO ) Choi Young Chul က ဝန်ခံလိုက်ပြီ။ ကိုရီးယား နိုင်ငံမှာလဲ အဲဒီသတင်းက တော် တော်ကို ဟော့ဖြစ်နေပါ တယ်''ဟု မေမြတ်နိုးက ဆိုသည်။

မစ္စတာ Choi Young Chul မှာ သရဖူကိစ္စအပါအဝင် တခြားကိစ္စ ရပ်များနှင့်ပတ်သက်ပြီး မေမြတ်နိုး ကို တရားစွဲဆိုရန် ပြင်ဆင်နေသူဖြစ် ပြီး လက်ရှိတွင် ယင်းကိစ္စများနှင့် Organization တွင် ငွေကြေးအလွဲ သုံးစားပြုလုပ်မှုများကြောင့်လည်း တောင်ကိုရီးယားနိုင်ငံရှိFact-Finding Mission မှ စစ်ဆေးမေး မြန်းမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
''သူ့ကို ဘယ်နေ့ကစပြီးတော့ ခေါ်စစ်ဆေးတယ်ဆိုတာကိုတော့ မြတ်နိုး မသိပါဘူး။ မြတ်နိုးက ဒီဇင် ဘာ ၃ရက်နေ့ကမှ သိရတာပါ''ဟု မေမြတ်နိုးက ပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် Miss Asia Pacific World 2014 အလှမယ်ပြိုင်ပွဲမှ Winner ဆုရှင် အလှမယ်မေမြတ် နိုးကို တောင်ကိုရီးယားနိုင်ငံ Miss Asia Pacific World Super Talent Organization မှ သြဂုတ် ၂၇ရက် တွင် သရဖူပြန်လည်သိမ်းခဲ့ခြင်းဖြစ် သည်။
သရဖူ ပြန်သိမ်းခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး မေမြတ်နိုးသည် စက် တင်ဘာ ၂ရက်တွင် သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါသတင်း စာရှင်းလင်းပွဲတွင် မေမြတ်နိုးအားMiss Asia Pacific World Super Talent Organization မှ ဂုဏ်သိက္ခာ ကျဆင်းစေသည့်စကားများ ပြောဆို ခြင်း၊ အသက်မပြည့်သေးသည့် မိန်း ကလေးတစ်ယောက်အား စော်ကား ခြင်း၊ Miss Asia Pacific World သရဖူကို ခိုးယူထွက်ပြေးသည်ဟု စွပ်စွဲခြင်း၊ ဒေါ်လာ ၁၈ဝဝကုန်ကျခံ ပြီး ရင်သားခွဲစိတ်ပြုပြင်ထားသည်ဟု ပြောဆိုထားခြင်း အစရှိသည့် စွပ်စွဲ ချက်များအား အကျယ်တဝင့် ရှင်း လင်းပြောပြခဲ့ပြီး အဆိုပါပြောဆို ချက်များမှာလည်း မှန်ကန်သည်ဟု Choi Young Chul မှ တာဝန်ရှိသူ များစစ်ဆေးရာတွင် ဝန်ခံခဲ့ကြောင်း မေမြတ်နိုးက ပြောပြခဲ့သည်။
CEO Choi Young Chul သည် News Networks Korea ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အလှ မယ်ဆုရရှိသူများအတွက် စပွန်ဆာ ရရှိစေရေး၊ စီးပွားရေး၊ လုပ်ငန်းတချို့ နှင့် နိုင်ငံတကာမှ စပွန်ဆာများကို ခေါ်ယူခဲ့ခြင်းကြောင့် CEO Choi Young Chul ၏ News Networks Korea လုပ်ငန်းအား Fact-Finding Mission မှ ပိတ်ပင်ခဲ့သော်လည်း Choi Young Chul သည် ဝန်ထမ်း မရှိ၊ ရုံးခန်းမရှိဘဲ နိုင်ငံတကာမှ အ လှမယ်များအား လိမ်ညာပြီး စာချုပ် ချုပ်ဆိုရန်အတွက် အင်တာနက် က ဖေးများ၊ မိုတယ်များတွင် ပြောင်းရွှေ့ ၍ လုပ်ငန်းများအား ဆက်လက်လုပ် ကိုင်နေသူ ဖြစ်ကြောင်းကိုလည်း Miss Asia Pacific Super Talent of the World မှ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာထားသည်။
Choi Young Chul ၏ ငွေ အလွဲသုံးစားလုပ်ခြင်းများ၊ Miss Myanmar ၏ သရဖူကိစ္စနှင့် လိင် ပိုင်းဆိုင်ရာ ဖျော်ဖြေစေခိုင်းခြင်းတို့ ကြောင့် Supertalent of the World ၏ Organization Committee ၏ ဥက္ကဋ္ဌမှ News Networks Korea ၏ CEO Choi Young Chul အား ထိခိုက်နစ်နာသူများ၏ကိုယ်စား တ ရားစွဲဆိုမည်ဖြစ်ကြောင်းလည်း အ ဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ ထားသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေမြတ်နိုးကို တာဝန်ယူပို့ဆောင်ပေး ခဲ့သည့်ြMiss Global Myanmar Organization မှ National Director မလှနုထွန်းအား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း စက်ပိတ် ထားခြင်းကြောင့် မေးမြန်းခွင့် မရရှိ ခဲ့ပါ။
NN
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
ရန်ကုန်၊ ဒီဇင်ဘာ ၎

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...