Tuesday, December 9, 2014

စာရေးဆရာ ဦးအောင်ဆန်း...


ဦးအောင်ဆန်းကမူ ဤသို့ဆို၏...
" လွတ်လပ်ရေးရပြီးရင် ငါတော့ နိုင်ငံရေးကထွက်ပြီး စာတွေရေးမယ်.. နိုင်ငံရေးတွေ.. ရာဇဝင်တွေအပြင် အိမ်ထောင်ပြုရေး သားသမီး စောင့်ရှောက်ရေး.. ပြု ပြင်ရေး အချစ်ပြဿ နာ လိင်ပြဿ နာ(Sex) နဲ့ ပတ်သက်လို့ ငါ့အယူအဆ သဘောတရားတွေကိုပါ စာအုပ်ရေးဦးမှာပဲ...
၁၉၄၅ ခုနှစ် စစ်ပြီးစက ဂျင်နရယ် အောင်ဆန်း အဖြစ်၌လည်း နိုင်ငံခြား သတင်းစာဆရာများ မဟာမိတ် စစ်ဖက်အရာရှိကြီးများနှင့် တွေ့ဆုံတိုင်း ..
ခင်ဗျား ရှေ့ကို ဘယ်လိုကြံစည်စိတ်ကူးပါသလဲ စစ်တပ်ကိုလည်း ဆက်လက်ဦးစီးမလား သို့မဟုတ် နိုင်ငံရေးကိုပဲ တစ်ရှိန်တည်း လုပ်သွားမလား စသည့် အကဲခတ် မေးခွန်းများ မေးကြလေသည်..
"ကျူ ပ်ကတော့ အခု စစ်လည်းပြီးပြီမို့ စစ်တပ်ကို ဆက်လက်၍ ဦးစီးရှေ့ဆောင် မလုပ်တော့ပါဘူး.. လွတ်လပ်ရေးအတွက် နိုင်ငံရေးကိုပဲ ထိထိရောက်ရောက် ဝင်လုပ်လိုက်ဦးမယ်.. လွတ်လပ်ရေး ရပြီးရင် နိုင်ငံရေးကထွက်ပြီး အေးအေးဆေးဆေး စာအုပ်လေး ဘာလေး ရေးဖို့ ကြံတာပဲဗျာ" စသည့် အနာဂတ်ကာလ စာရေးဆရာဘဝကို တမ်းတမက်မော စိတ်ကူးယဉ်သော အတွေးဖြင့် ဖြေခဲ့ပါသည်...
သူ့အား လူမှုဆက်ဆံရေး၌ ရိုင်း၏ ကြမ်း၏ ဟု မှတ်တမ်းတင်သော စာရေးဆရာ ဒဂုန်တာရာ၏ တာရာမဂ္ဂဇင်းကိုပါ မအားလပ်သော နိုင်ငံရေး လှုပ်ရှားမှုများကို ဦးဆောင်သည့်ကြားက အချိန်ကိုဖဲ့ယူကာ ဖတ်ရှုလေ့လာခဲ့ပါသည်.. ထို့ကြောင့်ပင် ဒဂုန်တာရာ၏ " အောင်ဆန်း သို့မဟုတ် အရိုင်း " ဆောင်းပါးနှင့် ပတ်သက်ပြီး ကိုယ်ရံတော် ဗိုလ်ထွန်းလှ (တက္ကသိုလ် နေဝင်း).. ဇနီး ဒေါ်ခင်ကြည်တို့နှင့် စကားစပ်မိကြရာမှ...
"ဋ္ဌေးမြိုင် (ဒဂုန်တာရာ) ကတော့ ငါ့ကို အရိုင်းတဲ့ကွာ.. ဒါတော့ ကြမ်းလွန်းတယ်ထင်တာပဲ.. ငါ့မှာ မရိုင်းတဲ့ အချက်အလက်တွေလည်း အများကြီး ရှိပါသေးတယ်ကွာ မဟုတ်လား (What do you say) " ဟူ၍ ဇနီးသည် ဒေါ်ခင်ကြည်ကို အပြုံးနှင့်နှော၍ အသောကလေးများပင် ဖောက်ကာ မေးခွန်းထုတ်ခဲ့ဖူးလေသည်..
စာပေလောကနှင့် တစ်ဆက်တည်း တေးဂီတ သဘင်လောကကိုလည်း သူသည် စွဲလမ်းခုံမင်နေသည်ကို တွေ့ရပြန်သည်.. သူသည် ဘိုင်သခင် ဘဝမှနေ၍ ရုပ်ရှင်မှန်လျှင် မလွတ်တမ်းကြည့်သူ ဖြစ်သည်.. ဂျပန်ခေတ် စစ်ဝန်ကြီးဘဝတွင်လည်း ဗမာပြဇာတ်ဟူသရွေ့ ဗိုလ်ချူ ပ်မကြည့်ဖူးသော ပြဇာန်ဟူ၍ မရှိသလောက်ပင်ဟု ရင်းနှီးသူများက ပြောကြ၏.. ရုပ်ရှင် ပြဇာတ်များ၏ သောကွက်များတွင် ဘေးလူများ ဝိုင်းကြည့်ရသည်အထိ ကျယ်လောင်ပွင့်လင်းစွာ ရယ်မောတတ်သည်.. တေးဂီတကို တွယ်တာစွဲလမ်းတတ်ပုံများ၌လည်း စာရေးဆရာ အနုပညာသည် ညာဉ်ဟုပင် တင်စားနိုင်လောက်ပြန်ပေသည်.. (ဆက်ရန်)...

မောင်ကျော်သာ
မြဝတီမဂ္ဂဇင်း.. ၁၉၅၈- ဇူလိုင်လ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...