Thursday, December 4, 2014

လောကဓံများ နှင့် ဒီနေ့

 
ပြင်ဆင်ထားခဲ့သော အခမ်းအနားတစ်ခုအတွက် ဓါတ်ပုံချိတ်ချင်လွန်းလို့ တည်ငြိမ်အောင်ထိန်းမရတဲ့ ခြေတစ်စုံကို အားတင်းကာထား ပုံမ၀ါးစေဖို့ မင်း အားစိုက်ကာ ပို့စ်တွေ ပေးခဲ့တယ်...။

ခန္ဓာကိုယ် လှုပ်ရှားသွားလို့ေ၀၀ါးသွားတဲ့ ပုံတွေ အတွက် ပြန်ရိုက်ပေးရတဲ့ ဓါတ်ပုံဆရာရဲ့ ငြိုငြင်မှုတွေကို သည်းခံရင်း....ဘ၀ရဲ့ အမှတ်ရစရာ ပုံလေးတွေ ထွက်ပေါ်လာခဲ့တယ်။
ဘ၀ရဲ့ ပျော်ရွှင်မှုတွေဟာ အဲဒီနေ့အလွန်မှာပဲ ကုန်ဆုံးသွားစေခဲ့မယ် ဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့။
ကံဆိုးမိုးမှောင်ကျလေသည်လား။
ဘ၀ရဲ့ ကံကြမ္မာဆိုးတွေ ပျော်မြူးချိန်လား... ။


ဒီနေ့မှာပဲ မင်းရဲ့ ပျော်ရွှင်စေမဲ့ အရာအားလုံးကို ရိုက်ချိုးပစ်လိုက်တာ အဲဒီကံကြမ္မာဆိုးပဲ။
ဆရာဝန်ကြီးပြောလိုက်တဲ့စကားတစ်ခွန်းက နားထဲကို သံရည်ပူတွေ လောင်းထည့်လိုက်သလို... ။ အသိစိတ်ကို အေးခဲမသွားအောင် ထိန်းချုပ်ခဲ့ရတဲ့ နေ့ဟာလည်း ဒီနေ့ပဲ။
ဆိုးဝါးလွန်းတဲ့ လောကဓံကို တည်ငြိမ်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရင်ဆိုင်ခဲ့တာလည်း ဒီနေ့ပဲ။
အနာဂတ်ဆိုတာကို လွှင့်ပစ်။ ပစ္စုပ္ပန်ကိုပဲ ကြည့်၊ ဖြစ်သမျှကံ ခါးစည်းခံလို့ ၀ဋ်ရှိသရွေ့ အံကြိတ်ကာ တင်းခံရင်း မင်းကို အားပေးခဲ့တဲ့တာလည်း ဒီနေ့ပဲ။
မင်းရဲ့ ပျော်ရွှင်စရာကောင်းမဲ့ အခမ်းအနားကို ပျက်သုဉ်းသွားစေခဲ့တာ ဒီနေ့။
ကျော်လွန်ကာသွား... တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ....စောမြတ်။
မင်းရဲ့ကတုံးလေးလည်း ဆံစတွေ တစ်ဖြိုင်ဖြိုင်ပေါက်လာခြင်းက မင်းခံစားခဲ့ရတဲ့ ဓါတ်ရောင်ခြည်ဒဏ်ကို ကြံကြံခံနိုင်ခဲ့တယ် ဆိုတာ ဒီနေ့ သက်သေထူလိုက်တာပဲ။
ချည့်နဲ့နေတဲ့ ခြေတစ်စုံကတော့ မနှစ်က ဒီနေ့လို အခြေအနေမျိုး အတိုင်းပဲ။
အကောင်းဖက်ကနေ တွေးကြည့်ပြန်တော့...
ဒီနေ့ဟာ အိပ်ယာပေါ် သေသည်ထိ လဲနေရတော့မဲ့ အခြေအနေတစ်ခုကို ပြောင်းပြန်လှန်ပေးခဲ့တဲ့ နေ့။
မင်း ရဲ့ ဘ၀သစ်တစ်ခုကို ပြန်လည် မွေးဖွားပေးခဲ့တဲ့ နေ့။
ဘ၀သစ်မှာ လှုပ်လီလှုပ်လဲ့ ခြေတစ်စုံနဲ့ နေသားကျသွားခဲ့တဲ့ နေ့။
တိမ်ပုတ်တွေ ကင်းစင်သွားတဲ့နေ့။
အဲဒါတွေထက် ပိုတာကတော့... မင်းဘယ်ပုံစံ ဘယ်အခြေအနေပဲ ရောက်ရောက်... ကိုယ်.....မင်းဘေးမှာ ရှိနေဖို့ ခိုင်မာသွားခဲ့တာလည်း... ဒီနေ့ပါပဲ။
ဒီနေ့.... နိုဝင်ဘာ ၂၉။
---
ဝင်းနောင်
နိုဝင်ဘာ ၂၉၊ ၂၀၁၄။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...