Sunday, December 14, 2014

ဒို့ ဗိုလ်ချုပ်အောင်ဆန်း စကား

A . ဟေ့ကောင် ကျော်စိန် ဟိုမှာပုလိပ်လက်ပြနေပြီ မောင်းကွတော်ကြာ လာဖမ်းနေဦးမယ်
K. ဗိုလ်ချုပ် တစ်ယောက်လုံးပါနေတာဖမ်းစရာလား ဗိုလ်ချုပ်ရယ်
A .ဟေ့ကောင် ငါကငါ ဥပဒေက ဥပဒေကွ
K. စက်ရပ်သွားပြီ ဗိုလ်ချုပ်
A. ဟေ့ကောင် ထွန်းလှ ဆင်း ။ ဒို့ နှစ် ယောက် ကားတွန်းရအောင် ။။။====


A. ကြည် အိမ်က ရဲဘော်တွေကိုဈေးခြင်းတောင်းမဆွဲခိုင်းပါနဲ့ သူတို့က နိုင်ငံတော်အတွက်ကွ
Kh. ကြည် မခိုင်းပါဘူး မောင်ရယ်သူတို့ဟာသူတို့ လုပ်ပေးတာပါ
A. ဘာပဲ ဖြစ်ဖြစ် နောက်မမြင်ချင်ဘူး====

Sh.ဒီရွှေဒင်္ဂါးတွေကို နင် လိုရာသုံးဖို့ငါ လာလှူတာ ဝေ့ ဗိုလ်ချုပ်
A. ထားခဲ့ပါ ရှမ်းကြီးရယ် မနက်ကျတော့ ဖဆပလ ကို ကျုပ်ပို့ပေးမယ်=====

A. လွပ်လပ်ရေးရရင်တော့ ခြံလေးစိုက်ပြီးစာပဲရေးနေချင်တာဗျာ၊ မင်္ဂလာဒုံက ခြံလေးတော့ ကြိုက်သား ၊ ကျပ်ငါးထောင်ဆိုတော့ မတတ်နိုင်ဘူး။။ ခြံမရှိရင်နေ ကလေးတွေကိုတော့ ကျောင်းကောင်းကောင်းထားချင်တယ်ဗျာ ။အငယ်ဆုံးသမီးလေးကိုနားကပ်လေးတစ်ရံ ခမည်းပေးဖို့ နတ်မောက်က အမေ့ဆီ ပိုက်ဆံလှမ်းမှာထားရတယ်======

B. မမကြည် အိမ်မှာ ဆန် ဆီ ပြတ် သွားရင် ကျနော့်ကိုပြောနော် လာကန်တော့လို့ လက်ခံရင်မင်းကို အရင် ထောင်ချပစ်မယ်လို့ဗိုလ်ချုပ်က ကျနော့်ကို ကြိမ်းထားတယ်
Kh. စိတ်ချပါ ဗိုလ်ထွန်းလှ ရယ် ။ အဲလိုတွေရှိလို့လား။ ကန်တော့တယ်ဆိုတာ လက်အုပ်ချီပြီး သြကာသ ဆိုတာမဟုတ်ဘူးလား။။။=======

B. မမကြည် ဗိုလ်ချုပ်ကော
Kh.အိပ်နေတယ်
B. လူကြီးတွေစောင့်နေတာကြာပြီခေါ်ပေးပါလား
Kh. ကျမ မနှူိးရဲဘူးသူ သိပ် ပင်ပန်းနေတယ်===========

W. ကျနော် စစ်ထဲဝင်ချင်တယ်
A. မင်းနာမည်W. ဝင်းတင် { ဟံသာဝတီ ဦးဝင်းတင် }
A. ပညာW. ၇ တန်းA. ငယ်သေးတယ်ပညာဆက်သင်တပ်ထဲမ၀င်နဲ့ပညာတတ်အောင် ဆက်သင်==========

A. နာမည်
B. ဘုန်းနိုင် ( တက္ကသိုလ် ဘုန်းနိုင်)
A. အသက် .
B. ၁၅
A. ပညာဆက်သင်စစ်ထဲမ၀င်နဲ့

A. အကိုကြီး { ဦးဘ၀င်း }မခင်ကြည်ဆိုတဲ့သူနာပြုဆရာမကိုကျုပ်ကချစ်တယ်လို့ လက်ထပ်ချင်တယ်လို့ခု မြန်မြန်သွားပြောဗျာ အချိန်မရှိဘူးကျုပ်မှာ အလုပ်တွေ ရှိသေးတယ်။။=======

A. အေးဗျာ အလုပ်ကရှုပ် ငွေက မရှိပါဘူးဆိုမှ ကလေးကလည်း မွေးလိုက်တာ တစ်နှစ်တစ်ယောက်ပဲဗျို့ ဟားဟား====

Nurse . မမကြည် ဂျူတီချိန်းရအောင် ဗိုလ်ချုပ်ကိုသမီးကြောက်တယ်
ကြည် . ရပါတယ်ကွယ် ဗိုလ်ချုပ်ကို မမကြည် ကြည့်လိုက်ပါ့မယ်

A. ဟေ့ကောင်ထွန်းလှ ဗိုက်ဆာလိုက်တာကွာမနက်ကလည်း ဘဲဥဟင်းဆိုတော့စားမကောင်းဘူးလကုန်ခါနီးဆိုတော့ ဒီလိုပေါ့ကွာ..ဆိတ်သားခပတ်စားချင်လိုက်တာကွာမင်းမှာ ပိုက်ဆံပါလား ။။။

Source: News

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...