Sunday, November 30, 2014

ဒီတစ်ခါ တော့ မင်းဝမ်းသာတော့ ရွှေမြန်မာ

Myanmar Social Media Revolution Idea Sharing….
ရိုးရိုး လေးပြောရ ရင် အာဏာရှင် မင်းသားကြီး များ ဖြစ်တဲ့ ဦးသိန်းစိန်၊ဦးရွှေမန်း၊ ကာချုပ် မင်းအောင်လှိုင် တို့ရဲ့ အကယ်ဒမီ သရုပ်ဆောင် ကွက်များ ကို ဖော်ထုတ် တော့မယ်။ ဒါရိုက်တာ ၊ ထုပ်လုပ်သူ ဦးပိုင် လီမီတက် ရှယ်ယာ အကြီးဆုံးပိုင် အိုမင်း ရင့်ရော် နေသော မကောင်းဆိုးဝါး သူဌေးကြီး အာဏာရှင်ကြီး သန်းရွှေ ရဲ့ နောက်ဆုံး ပညာ ဖြစ်တဲ့  မင်းသားကြီး ၃ယောက် ရဲ့ (၂)ကိုယ်ခွဲ သရုပ်ဆောင် ပညာ ဖြင့် အရှက်မဲ့စွာ ၂၀၁၅ရွေးကောက်ပွဲ အကယ်ဒမီ ဆု ကို လက်လှမ်း လိုက်ပါပြီ။။။.
ယခု ရွှေပွဲ လာ ရွှေမြန်မာ ပရိတ်သတ် များ မြင်ရတဲ့ အတိုင်း ၊ ဒါရိုက်တာ သန်းရွှေ ရဲ့ ရိုက်ချက် ပြင်းထန်ချက် ကတော့ မင်းသားကြီး ၃ယောက် ကနေ တစ်ဆင့် သရုပ်ဆောင် စကား၊ ဟန်၊အမူအရာ တွေ ပီပြင်စွာဖြင့် ဆရာ သင်ပေးထားတဲ့ အတိုင်း ၊ မဟုတ်တရုတ် အားကိုး ၊ မဟုတ်မမှန် အရူး ကွက်များ ဖြင့် “ငါ သေမှ ရမယ်” ဇတ်ကွက် ကြီးကို ဘီလူးဆိုင်း ဖြင့် က ပြ ဖျော်ဖြေ သွားခဲ့တာ၊အားလုံး ရင်သပ် ဝမ်းနည်း ပက်လက် ဟစိ ဟစိ နှလုံး (HEART) ထိ ခဲ့ကြပါပြီ။ စိတ်မကောင်း စွာနဲ့ ပဲ ကျွန်ုပ်တို့ ရွှေမြန်မာ တွေ ၂၀၁၅ရွေးကောက်ပွဲ အကယ်ဒမီ ဆုကို မဲပေးဆုံးဖြတ် ရတော့ မှာပါ။

“ငါ သေမှ ရမယ်” ဇတ်ကွက် ကြီးကို “ပြည်သူတွေ ဘာကိုကြည့်ပြီး ဘယ်လို မဲပေးကြ မယ် ဆိုတာ ကတော့ စိတ်ဝင်စား စရာကောင်း မှာပါ” မိမိ သဘောထား အတိုင်း ကြိုက်သလို ဆုံးဖြတ် ပိုင်ခွင့် ရှိတဲ့ ကျွန်ုပ်တို့ ပြည်သူတွေဟာ “မဲ ပေးသင့် ၊ မသင့်” ကို “ငါ သေမှ ရမယ်” ဇတ်ကွက် ကြီးအား ကြည့်ပြီး ဆုံးဖြတ် ကြရအောင်။
ရွှေမြန်မာ တို့ အားလုံး သတိထား မိဘို့ က ဥပဒေ ၄၃၆ပဲ ပြောင်းပြောင်း၊၅၉ပဲ ပြောင်းပြောင်း၊ ကြိုက်သလို အချိန်ဆွဲ ၊ ကြိုက်တာပြော နောက်ဆုံး မင်းသားကြီး (၃)ယောက် အဆုံးသတ် ရင်ဆိုင် ရမှာ ကတော့ ” “ငါ သေမှ ရမယ်” ဇတ်ကွက်ဖြင့် အကယ်ဒမီ ဘယ်လိုမှ မရဘူး ဆိုတာပါပဲ။ ပြည်သူ မကြိုက်တဲ့ ဇတ်ကွက် ကြောင့်၎င်း၊ ထပ်ခါ တလဲ “ငါ သေမှ ရမယ်” ဇတ်လမ်းဟောင်း ဆက်တိုက် ကနေ သော ကြောင့်၎င်း၊ ညံ့ဖျင်း လွန်းတဲ့ ဒီအက မှ လွဲ ဘာမှ မလုပ်တတ် မကိုင် တတ် မျောက် (၃)ကောင် ဟာ ဆရာကြီး သန်းရွှေ ရဲ့ ချကျွေးခံ ပါမွှား ပိုးကောင် လေး အဆင့် ဖြင့်သာ ၊ အချင်းချင်း ငြင်းခုံ ပြခြင်း၊ (၂)ခြမ်းခွဲခြင်း၊ ဆူပူ ဖျက်ဆီး ပြခြင်း၊ ဘာသာရေးမှိုင်း ၊ တိုင်းရင်းသား မှိုင်း၊ နောက်ဆုံး သူ့လူ ကိုယ့်ဖက်သား များဖြင့် ရန်တိုက်ပေးခြင်း တို့ကို ယခု စတင် ပြုလုပ် နေပါပြီ။ အရှိန် အဟုန် မြင့်တင် လုပ်ဆောင် နေပါပြီ။ သူတို့ (၃) ကောင်ပေါင်း ၁၀တန်း မအောင် တဲ့ အဆင့် သရုပ်ဆောင် ကွက်များ ကို သေနတ် နဲ့ချိန်ပြီး အကယ်ဒမီ ရဘို့ လုမယ်ဆိုရင် ၊ ရွှေမြန်မာ အပေါင်းတို့ ခင်ဗျား။ ဒီတစ်ခါတော့ မင်း ဝမ်းသာတော့ ရွှေမြန်မာ ၊ ဘာဖြစ်လို့ ဝမ်းသာ ရလဲ ဆိုရင် မဟုတ် မမှန် တရား မျှတ မူ့ မရှိတဲ့ “ရွေးကောက်ပွဲ” ဟာ ကျွန်ုပ်တို့ လက်ထဲ က ရေဖြစ်သွား လို့ပါ။ ကျွန်ုပ်တို့ အားလုံး သွန်မလား၊ မှောက်မလား???? စဉ်းစားဘို့ ၁နှစ် လောက် အချိန် ရှိနေသေးလို့ပဲ။ အိမ်မက် တစ်ခုလို ခံစား မိတာက မျှော်လင့်ချက် လေးပါ။ ၂၀၁၅အကယ်ဒမီ ရွေးကောက်ပွဲ ဟာ ကျွန်ုပ်တို့ လက်ခုပ် ထဲမှာ ရှိနေ လို့ပါ။ နောက်ထပ် ဝမ်းသာ စရာ အကောင်းဆုံး က ၊ နောက်ထပ် နည်းလမ်း သစ်များ ဖြင့် ၂၀၁၅ ကို ပြည်သူ့ အင်အားဖြင့် တရားမဝင် အစိုးရ လို့ ပြန်ဆွဲ ထားလိုက် လို့ ရပါတယ် ရွှေမြန်မာ။ ရှင်းရှင်းလေးပါ။ ၅၉ (ဃ) (စ) ကို မပြောင်းပဲ အတင်းအဓ္ဓမ ဇွတ် ၂၀၁၅ ရွေးကောက်ပွဲ အကယ်ဒမီ လုမည့် အစား၊ “ငါ သေမှ ရမယ်” ဆိုတဲ့ အိုမင်းရင့်ရော် နေသော မကောင်းဆိုးဝါး ကြီး သန်းရွှေ အား မင်းသားကြီး (၃)ယောက် ဖယ်ရှား လိုက်ပါ။ နောက် တစ်ကွက် ထပ်ရူးပြီး က ပါ။ ရိုးနေပြီ ဖြစ်သော ကြောင်ချီး ကွက်အစား အသစ် ဖန်တီး ကပြရင် ပိုကောင်း မှာပါ။ ထို့ အပြင် ပြည်သူ့ နောက်အကွက် ဟာ မင်းသားကြီး (၃)ယောက် နဲ့ ဆရာ သခင် ဒါရိုက်တာ ကြီး တို့ အားလုံး ကို ပေါင်း ပြီး ရှိတာတွေ ပြောင်သွား၊ မသေခင် သားသမီး ဆွေမျိုး တပည့် များရှေ့ မှာ ဇတ်သိမ်း မလှ ဖြစ်မည်။ ” ဉာဏ်လေးကို လွှာလွှာ သုံးမည့် ပြည်သူအပေါင်း ရဲ့ ကမ္ဘာ့နိုင်ငံရေး ကို လေ့လာရင်း ၊ မြန်မာ့ အရေး ကို ဉာဏ် စဉ်မြှင့် ၊ အခြား ကမ္ဘာ့ သားတွေ လေးစားသွားမဲ့ “””””အမှန်တရား”””””ကိုင်စွဲ ပြီး အားလုံးကို ရင်ဘောင်တန်း ၊ အာဏာရှင် အဆုံးသတ်ခန်း ကို ကကြ မယ် ရွှေမြန်မာ။ ။
မှတ်ချက်။။။။။ ယခု မှ စ၍ ကမာ့္ဘ့ နိုင်ငံရေး ရေစီးကြောင်း ကို လေ့လာထားမယ် ဆိုရင် ၊ အချိန် ကျ ခဲ့ပြီ ဆိုရင်တော့ အပင်ပန်းခံ ပြီး အာဏာရူးတွေ ကို အဖက်တောင် မလုပ်ပါဘူး။ အမှန်တရား ကို ကိုင်စွဲပြီး မမှန်သူ နိုင်ငံခြား တိုင်းတစ်ပါး ကို ကြောက်ရမ်း ရမ်းကြတာပေါ့။ ပိုစိတ်ဝင်စား စရာကောင်းမှာပါ။ ထိတော့မယ် ဆိုရင် ညှိနှိုင်း တတ်တဲ့ တိုင်းတစ်ပါး ဟာ၊ ထိတော့မယ် ဆိုရင် သေနတ် ထုပ်ပစ် မဲ့ ငမိုက်သား သူခိုး များထက် ၊ “လူ ပီသ၊ လူ ကို လူလို အုပ်ချုပ် တတ်တဲ့” သူတွေဖြစ်သောကြောင့်ပင်။ ၃-၁-၂၀၁၅မှာနံနက်၁၀နာရီ မှ ၁၂နာရီ ထိ ၂နာရီ ပဲ တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ဆန္ဒဖော်ထုတ်မယ်။ ပြီးရင် ပြန်အိပ် ရွေးကောက်ပွဲကို အိမ်ထဲက စောင့်ကြတာပေါ့။ အေးဆေးပါ။
**** တစ်နိုင်ငံလုံး တစ်ချိန်တည်း တစ်ပြိုင်တည်း ပြည်သူ တစ်ရပ်လုံး ပါဝင်ကြ********

****နိုင်ငံသားတာဝန် ကျေကြရအောင် ရွှေမြန်မာ
1,000 Million Strong For Daw Aung San Suu Kyi in 2015

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...