Friday, November 21, 2014

တိမ်မြုပ်နေသော ကျွမ်းကျင်လိမ္မာမှုများ (Competency Iceberg Model)

=======================================
ရေးသူ-အစိုင်း
Competency ရဲ့ အနက်အဓိပ္ပါယ်ကို ကျွမ်းကျင်လိမ္မာမှုလို့ မြန်မာမှုပြု ကောက်ယူလိုက်ပါတယ်။ Iceberg ဆိုတာကတော့ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ရေခဲတုံးပေါ့၊ အတ္တလန္တိတ် သမုဒ္ဒရာက ရေခဲတုံးကြီးတွေ ပင်လယ်မှာမျောနေတာ တိုက်တန်းနစ်ကားထဲမှာ တွေ့ဖူးကြမှာပေါ့။ ရေခဲတုံးဆိုတော့ ပေါ်တဲ့အပိုင်းက ပေါ်ပြီး မြုပ်တဲ့ အပိုင်းက မြုပ်နေတယ်မဟုတ်လား။ ဒါကြောင့်  “တိမ်မြုပ်နေသော ကျွမ်းကျင်လိမ္မာမှုများ”လို့ ခေါင်းစဉ် ပေးလိုက်ပါတယ်။ 
၁၉၆၀ ပြည့်နှစ် နောက်ပိုင်းမှာ Harvard Business School က စိတ်ပညာပါမောက္ခ Dr. David McClelland ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက စတင် အစပျိုး လေ့လာခဲ့တာပါ။ လေ့လာတွေ့ရှိချက်အရ ကျောင်းပညာရေး ထူးချွန်သူတွေဟာ အလုပ်မှာ ထင်သလောက်မအောင်မြင်ခဲ့ဘူးလို့ ပါမောကကြီးကဆိုပါတယ်။ တက္ကသိုလ်ပညာရေးမှာ ညံ့ဖျင်းခဲ့တဲ့ ကျောင်းသားတွေဟာလည်း တော်တဲ့ ကျောင်းသားတွေလိုပဲ အောင်မြင်ကြတာ တွေ့ရပါတယ်လို့ ဆိုပါတယ်။ ကျောင်းရမှတ်တွေနဲ့ ဘ၀မှာ သာလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို တိုင်းတာလို့မရပါဘူး။ ဒါပေမဲ့ ဒါဟာ ဖုံးကွယ် တိမ်မြုပ်နေတဲ့ အလေ့အကျင့်တွေနဲ့ အားကျစရာကောင်းတဲ့ အပြုအမူတွေနဲ့ ဆက်စပ်နေတာပါလို့ အခိုင်အမာဆိုထားပါတယ်။ “နွားကောင်းမကောင်း ချောင်းတက်ကျမှသိ” ဆိုတာက ကျောင်းမှာ ရမှတ်တွေ ဘယ်လောက်ကောင်းကောင်း လက်တွေ့ဘ၀မှာ ရုန်းကန်နိုင်မှု ရှိမရှိဆိုတာကိုများ ဆိုလိုနေရော့သလားပင်။ ဒါကြောင့် ၁၉၇၀ ပြည့်နှစ်အစောပိုင်းကစလို့ အဖွဲ့အစည်းအချို့မှာ Competency ကို အသုံးပြုပြီး လက်တွေ့ ဆောင်ရွက်မှု ထူးချွန်သူတွေကိုသာ ရွေးချယ်လာကြပါတယ်။ ထိုသူတွေက တကယ့်တကယ် စီမံလုပ်ဆောင်မှုတွေမှာလည်း အထောက်အကူပြုတဲ့ အသုံးဝင်သူတွေ ဖြစ်လာကြပါတယ်။ 
Skill ဆိုတာက How to do? “ဘယ်လိုလုပ်ရမလဲဆိုတာကိုသိတာ”လို့ ဆိုလိုတာဖြစ်ပြီး Knowledge ဆိုတာကတော့ What to do? “ဘာလုပ်ရမလဲဆိုတာ”သိတာ ဖြစ်ပါတယ်။ ဒါဆို Skill နဲ့ Knowledge ဆိုတဲ့ ကျွမ်းကျင်မှု ရှိတယ်ဆိုပါစို့ ။လက်တွေ့လုပ်ဆောင်ရမယ့်အခါမှာ အောင်မြင်မယ်လို့ မှတ်ထင်ထားကြပါသလား။ သေချာပေါက်အောင်မြင်နိုင်မှာ မဟုတ်ပါ။ အထက်မှာ ကျွန်တော်ပေးထားတဲ့ ခေါင်းစဉ်မှာ ကျွမ်းကျင်မှု တစ်ခုတည်းမဟုတ်ပါ ။လိမ္မာမှုလည်းပါပါတယ်။ လိမ္မာမှုဟာ တိမ်မြုပ်နေတတ်တဲ့ အရာဖြစ်နေပါတယ်။ ဒါကြောင့် Iceberg ရေခဲတုံးကြီးမှာ ပေါလောပေါ်နေတဲ့ အရာတွေက ကျွမ်းကျင်မှုဆိုတဲ့ Skill နဲ့ Knowledge ဖြစ်ပြီး တိမ်မြုပ်နေတတ်တဲ့ လိမ်မာမှုဆိုတဲ့ အရာတွေကတော့ Value ကိုယ်ရယူပိုင်ဆိုင်သင့်တဲ့ ပန်းတိုင်ကို တန်ဖိုးထားတတ်မှု၊ Self-Image မိမိပုံရိပ်ပုံစံပုံသဏ္ဍာန်၊ မိမိကိုယ်မိမိဘယ်လိုမြင်သလဲ၊ ယုံကြည်မှုရှိရဲ့လားစသဖြင့် (နောက်ပိုင်းမှ မိမိကိုယ်ကိုယ် Building Brand Image တည်ဆောက်ပုံကို အကျယ်ရေးပါဦးမယ်)၊ Trait Personality မိမိရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အလေ့အထ နဲ့ Behavior Motives လိုလိုလားလားနှစ်သက်လက်ခံမှု ရုပ်ပိုင်းဆိုင်ရာ အလေ့အထ တို့ဖြစ်ပါတယ်။ 
အလွယ်ဆုံး Equation အနေနဲ့ကတော့ 
Competencies = Knowledge + Technical Skill + Value + Trait Personality + Behavior Motives
Expectation ဆိုတဲ့ မျှော်လင့်ချက်က I want to ဖြစ်ပြီး Reality ဆိုတဲ့ လက်တွေ့မှာ But သို့သော်ဆိုပြီး လမ်းခုလတ်မှာတင် တစ်နေပြီး ပန်းတိုင်မရောက်ဘဲ Gap Problem ကွာဟချက်ပြသာနာကြီး ဖြစ်နေတာတွေ့ကြုံခဲ့ကြရဖူးမှာပါ။ ဒါဟာ Competencies တစ်ခုခု ချို့တဲ့နေလို့ပါပဲ။ လေ့လာဖော်ထုတ်ကြည့်ပါ။ တစ်ခုခု ချို့တဲ့နေတာကို တွေ့နေရပါလိမ့်မယ်။ တကယ်တမ်း ချို့တဲ့နေတဲ့ အနာအဆာလေး ရှာတွေ့လိုက်ပေမဲ့လည်း ပြင်ဆင်ရှေ့ဆက်နိုင်ဖို့ရာ ခက်ခဲနေကြပါသေးတယ်။ တိမ်မယောင်နဲ့နက်၊ လွယ်မယောင်နဲ့ခက် ဖြစ်နေကြပြီး နီးလျက်နဲ့ဝေး ဆိုသလို တဖြည်းဖြည်း တိမ်မြုပ်နေရာကနေ ပျောက်ကွယ်လုနီးပါး ဖြစ်နေတတ်ကြပါတယ်။ ဒါဆို သေချာပေါက် Mindset ကို ပြောင်းရပါလိမ့်မယ်။
Mindset နဲ့ ပတ်သက်လို့ Mindset ဖြစ်ပေါ်လာပုံကို အစကနဦး ခွဲခြမ်းစိတ်ဖြာကြည့်တယ်။ ကမ္ဘာဦးအစက စတွေးခေါ်ကြည့်မိတယ်။ ကျောက်ခေတ်က ဆိုပါတော့ ကျောက်ခေတ်လူသားတွေက Climate ဥတုရာသီ နေရာဒေသ အသက်ရှင်ရပ်တည် နေထိုင်ခဲ့မူပေါ်မူတည်ပြီး Culture ယဉ်ကျေးမှု အမျိုးမျိုးပြောင်းလဲလာခဲ့ကြတယ်။ အသားစိမ်းတွေစားရာက မီးကိုစတင်တွေ့ရှိလာပြီး အသားတွေကို ကင်စားတတ်လာတဲ့ ယဉ်ကျေးမှု၊ ကျောက်တုံးတွေကို အသုံးပြုကာ လက်နက်အဖြစ်အသုံးပြုလာခဲ့မှု နောက်ဆုံး သံလက်နက်တွေ အသုံးပြုမှုကနေ ယခု နျုကလီးယား စွမ်းအင်ကို အသုံးပြုကာ လျှပ်စစ်စွမ်းအင်ကို အသုံးပြုလာတဲ့အထိ Culture တွေပြောင်းလာပါတယ်။ ဥပမာ- နွားလှည်းစီးတဲ့ Culture ကနေ ကားစီးတဲ့ Culture ဖြစ်လာတဲ့အခါ နေ့စဉ်ပြုမှုနေကျ Behavior တစ်ခုအနေနဲ့ ပြောင်းလာပါတော့တယ်။ အဖွဲ့အစည်းတိုင်း၊ တစ်ဦးတစ်ယောက်ချင်းစီမှာလည်း မိမိကိုယ်ပိုင် Culture ကနေ Behavior ဖြစ်လာတာပါပဲ။ နေ့စဉ်ပြုမှုနေကျ Behavior ကနေ Mindset ဆိုတဲ့ စိတ်တွေးစဉ်တွေပါ လိုက်ပြောင်းပါတော့တယ်။ Environment Behavior ကြောင့် Mindset ပြောင်းလာတယ်လို့လည်း ပြောလို့ရနိုင်ပါတယ်။ ကောင်းတဲ့ Behavior ကနေ ကောင်းတဲ့ Mindset ဖြစ်လာသလို မကောင်းတဲ့ Behavior ကလည်း မကောင်းတဲ့ Mindset ကို ဦးတည်တာပါပဲ။ 

1) Adaptability- ရေလိုက်ငါးလိုက် လိုက်လျောညီထွေစွာ နေထိုင်တတ်ရမယ်။
2) Motivation- စိတ်အားထက်သန် လိုလိုလားလား လုပ်ဆောင်တတ်ရပါမယ်။
3) Commitment- ကတိက၀တ် တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်နိုင်ရပါမယ်။
4) Creativity- အသစ်အသစ်ကို ဖန်တီးနိုင်စွမ်းရှိနေရပါမယ်။ 
5) Independence- အမြဲတမ်းသူတစ်ပါးကို အားကိုးတာတွေလျော့ပြီး အမှီခို ကင်းမဲ့စွာ ကြိုးစားအားထုတ်နိုင်ရပါမယ်။
6) Analytical Reasoning- ကြောင်းကျိုးဆီလျော်မှုကို အသုံးချပြီး ခွဲခြမ်းစိတ်ဖြာ စဉ်းစား တတ်ရပါမယ်။
7) Foresight- အနာဂတ်ကို မျှော်ကြည့်ပြီး လုပ်ကိုင်တတ်တဲ့သူ တစ်ယောက်ဖြစ်နေရပါမယ်။
8) Leadership- ခေါင်းဆောင်မှုကို မြတ်နိုးပြီး တာဝန်ယူမှုရှိရှိနဲ့ ဦးဆောင်လုပ်ကိုင်ချင်စိတ်လည်းရှိနေရပါမယ်။
9) Emotional Stability- စိတ်ရှုပ်ထွေးမှု၊ စိတ်ဖိစီးမှုတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်းရှိနေရပါမယ်။
10) Communication Skills- ပေါင်းသင်းဆက်ဆံရေး ပြေပြေပြစ်ပြစ်နဲ့ မိမိလုပ်ငန်းဆောင်တာကို ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်တတ်ရပါမယ်။
ပြင်ရမယ်ထင်တဲ့ Mindset တွေကို ဖော်ပြလိုက်တာပါ။ လိုအပ်တာလေးတွေလည်း ရှိနေဦးမယ်ထင်ပါတယ်။
အဲဒီအချက်တွေသာ မိမိမှာ ပြည့်စုံနေမယ်ဆိုရင်တော့ ကျွန်တော်ထင်ပါတယ်။ 
- Competency က Skill နဲ့ Knowledge ကို ဦးဆောင်ပြီး သာလွန်ကောင်းမွန်တဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ရရှိစေပါလိမ့်မယ်။
- Competency သာရှိနေမယ်ဆိုရင် မိမိကိုယ်ပိုင်စွမ်းရည်နဲ့ အလေ့အကျင့်အပြုအမှုတွေဟာ လုပ်ငန်းခွင်မှာ ထိထိရောက်ရောက်လုပ်ကိုင်နိုင်ပါလိမ့်မယ်။
- Competency က ဘယ်တော့မှ တစ်သမတ်တည်းရှိနေမှာ မဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုနဲ့ အထောက်အပံ့သာရှိနေမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု ရှိလာပါလိမ့်မယ်။
- Competency ဟာ အဖွဲ့အစည်းတိုင်း တစ်ဦးတစ်ယောက်ချင်းစီတိုင်း ဘယ်လိုလုပ်ဆောင်ချက်မှာမဆို ဆောင်ရွက်လုပ်ဆောင်နိုင်တဲ့ အရည်အသွေးတစ်ခုဖြစ်တယ်။
- Competency သာရှိနေရင် လုပ်ဆောင်မှုတိုင်းဟာ Level အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Standard တစ်ခုကို အမြဲ ရရှိပါလိမ့်မယ်။
ထပ်ပြီးခွဲခြမ်းစိတ်ဖြာရရင် Competencies မှာ Basic competency နဲ့ Professional competency ဆိုပြီး ခွဲခြမ်းလို့ရပါသေးတယ်။
Competencies = Basic competency + Professional competency
Basic competency ကို ဥပမာအနေနဲ့ ပြောရရင် ပြဿနာဖြေရှင်းခြင်းဆိုပါတော့ ။လူတိုင်းမှာ မတူကွဲပြားတဲ့ ပြဿနာဖြေရှင်းနည်းတွေနဲ့ ကိုယ့်ဘာသာ ဖြေရှင်းခဲ့ရဖူးတာတွေရှိခဲ့ကြမှာပါ။ ဒါဟာ Basic competency လို့ပြောရပါမယ်။ လူတိုင်းကြုံရဆုံရလုပ်ရမယ့် competency ပါ။ Professional competency ကတော့ Skill နဲ့ Knowledge ပိုင်းကို အသားပေးပြီး လုပ်ဆောင်ရတဲ့ Competency မျိုးဖြစ်တယ်။ ဆေးပညာမတတ်ဘဲ ဆေးကုလို့မရဘူး ဆိုသလိုမျိုးပေါ့။ 

Basic competency လေးမျိုးရှိနေပါတယ်။ ဘာတွေလဲဆိုတော့
1) Intellectual competency- လူတစ်ယောက်ရဲ့ ဥာဏ်ရည်ပါးနပ်ကို အသုံးချပြီး ကျွမ်းကျင်လိမ္မာစွာ လုပ်ကိုင်တတ်တာဖြစ်တယ်။
2) Motivational competency - လူတစ်ယောက်ရဲ့ စိတ်ခွန်အားကို တွန်းအားပေးပြီး ကျွမ်းကျင်လိမ္မာစွာ အသုံးချတတ်တာဖြစ်တယ်။ 
3) Emotional competency- လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို အသုံးချပြီး ကျွမ်းကျင်လိမ္မာစွာ အသုံးချတတ်တာကို ဆိုလိုတယ်။
4) Social competency -လူတစ်ယောက်ရဲ့ လူဝင်ဆံ့စွာ ပေါင်းသင်းဆက်ဆံတတ်တာကို ကျွမ်းကျင်လိမ္မာမှုလို့လည်း သတ်မှတ်ပါတယ်။ ဒါတွေဟာ အခြေခံ လူတိုင်းမှာရှိနေရမယ့် Competency ပဲဖြစ်ပါတယ်။

Professional Competency မှာတော့ သုံးမျိုးရှိပါတယ်။ အများအားဖြင့် လုပ်ငန်းခွင်နဲ့ပဲ သက်ဆိုင်တာများပါတယ်။
1) Generic competency ကတော့ Basic competency ရဲ့အပွားပါပဲ။ Basic competency ရှိနေရင်တော့ Generic competency က လုပ်ငန်းခွင်မှာ အကျိုးရှိစွာ အသုံးချနိုင်ပါလိမ့်မယ်။
2) Managerial competency ကတော့ လုပ်ငန်းခွင် Management skill တွေဖြစ်တဲ့ Planning, Decision making, Deligation, Leadership စတဲ့ Management Level skill တွေ ဖြစ်ပါတယ်။
3) Functional / Technical competency သက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ ပညာရပ် ဆိုင်ရာ ကျွမ်းကျင်မှုတွေပဲ ဖြစ်ပါတယ်။
Competencies တွေကို ထပ်ပြီး Analyzes လုပ်ရင် အများကြီးကျန်ပါသေးတယ်။ ထပ်ရှင်းပြနေရရင် ရှုပ်သွားတာပဲ ဖြစ်နေပါလိမ့်မယ်။ ဒီလောက်နဲ့ပဲ စာဖတ်သူတို့ကို မြုပ်နေတဲ့ ရေခဲတုံးအပိုင်းလေးကို ပေါ်လာအောင် ဘယ်လိုလုပ်ရမလဲ ဘယ်လိုပြုပြင်ရမလဲဆိုတာလေးသိသွားဖို့က ပိုအရေးကြီးပါတယ်။ သိချင်တာများရှိရင် Comment ရေးပြီး ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော်သိသလောက် အကြုံပြု ဆွေးနွေးပါ့မယ်။ သေချာတာက Competencies အခွဲတွေ နောက်ထပ်အများကြီး ကျန်ပါသေးတယ်။ အခြေခံ အဆင့်လောက်ရေးတာဖြစ်တဲ့အတွက် ဒီလောက်နဲ့ပဲ လက်စသတ်လိုက်တာပါ။ မြုပ်နေတဲ့ ရေခဲတုံး အပိုင်းလေးတွေကိုတော့ မမေ့ကြနဲ့နော်။
(Myanmar B2B Management Magazine , January 2015)
#UcsJugger

ရေးသူ-အစိုင်း
Competency ရဲ့ အနက်အဓိပ္ပါယ်ကို ကျွမ်းကျင်လိမ္မာမှုလို့ မြန်မာမှုပြု ကောက်ယူလိုက်ပါတယ်။ Iceberg ဆိုတာကတော့ ရေပေါ်မှာ ပေါလောပေါ်နေ တဲ့ ရေခဲတုံးပေါ့၊ အတ္တလန္တိတ် သမုဒ္ဒရာက ရေခဲတုံးကြီးတွေ ပင်လယ်မှာမျောနေတာ တိုက်တန်းနစ်ကားထဲမှာ တွေ့ဖူးကြမှာပေါ့။ ရေခဲတုံး ဆိုတော့ ပေါ်တဲ့ အပိုင်းက ပေါ်ပြီး မြုပ်တဲ့ အပိုင်းက မြုပ်နေတယ်မဟုတ်လား။ ဒါကြောင့် “တိမ်မြုပ်နေသော ကျွမ်းကျင်လိမ္မာမှုများ”လို့ ခေါင်းစဉ် ပေးလိုက်ပါတယ်။
၁၉၆၀ ပြည့်နှစ် နောက်ပိုင်းမှာ Harvard Business School က စိတ်ပညာပါမောက္ခ Dr. David McClelland ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက စတင် အစပျိုး လေ့လာခဲ့တာပါ။

လေ့လာတွေ့ရှိချက်အရ ကျောင်းပညာရေး ထူးချွန်သူတွေဟာ အလုပ်မှာ ထင်သလောက်မအောင်မြင်ခဲ့ဘူးလို့ ပါမောကကြီးကဆိုပါတယ်။ တက္ကသိုလ်ပညာရေးမှာ ညံ့ဖျင်းခဲ့တဲ့ ကျောင်းသားတွေဟာလည်း တော်တဲ့ ကျောင်းသားတွေလိုပဲ အောင်မြင်ကြတာ တွေ့ရပါတယ်လို့ ဆိုပါတယ်။ ကျောင်းရမှတ်တွေနဲ့ ဘ၀မှာ သာလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို တိုင်းတာလို့မရပါဘူး။ ဒါပေမဲ့ ဒါဟာ ဖုံးကွယ် တိမ်မြုပ်နေတဲ့ အလေ့အကျင့်တွေနဲ့ အားကျစရာကောင်းတဲ့ အပြုအမူတွေနဲ့ ဆက်စပ်နေတာပါလို့ အခိုင်အမာဆိုထားပါတယ်။ “နွားကောင်းမကောင်း ချောင်းတက်ကျမှသိ” ဆိုတာက ကျောင်းမှာ ရမှတ်တွေ ဘယ်လောက်ကောင်းကောင်း လက်တွေ့ဘ၀မှာ ရုန်းကန်နိုင်မှု ရှိမရှိဆိုတာကိုများ ဆိုလိုနေရော့သလားပင်။ ဒါကြောင့် ၁၉၇၀ ပြည့်နှစ်အစောပိုင်းကစလို့ အဖွဲ့အစည်းအချို့မှာ Competency ကို အသုံးပြုပြီး လက်တွေ့ ဆောင်ရွက်မှု ထူးချွန်သူတွေကိုသာ ရွေးချယ်လာကြပါတယ်။ ထိုသူတွေက တကယ့်တကယ် စီမံလုပ်ဆောင်မှုတွေမှာလည်း အထောက်အကူပြုတဲ့ အသုံးဝင်သူတွေ ဖြစ်လာကြပါတယ်။
Skill ဆိုတာက How to do? “ဘယ်လိုလုပ်ရမလဲဆိုတာကိုသိတာ”လို့ ဆိုလိုတာဖြစ်ပြီး Knowledge ဆိုတာကတော့ What to do? “ဘာလုပ်ရမလဲဆိုတာ”သိတာ ဖြစ်ပါတယ်။ ဒါဆို Skill နဲ့ Knowledge ဆိုတဲ့ ကျွမ်းကျင်မှု ရှိတယ်ဆိုပါစို့ ။လက်တွေ့လုပ်ဆောင်ရမယ့်အခါမှာ အောင်မြင်မယ်လို့ မှတ်ထင်ထားကြပါသလား။ သေချာပေါက်အောင်မြင်နိုင်မှာ မဟုတ်ပါ။ အထက်မှာ ကျွန်တော်ပေးထားတဲ့ ခေါင်းစဉ်မှာ ကျွမ်းကျင်မှု တစ်ခုတည်းမဟုတ်ပါ ။လိမ္မာမှုလည်းပါပါတယ်။ လိမ္မာမှုဟာ တိမ်မြုပ်နေတတ်တဲ့ အရာဖြစ်နေပါတယ်။ ဒါကြောင့် Iceberg ရေခဲတုံးကြီးမှာ ပေါလောပေါ်နေတဲ့ အရာတွေက ကျွမ်းကျင်မှုဆိုတဲ့ Skill နဲ့ Knowledge ဖြစ်ပြီး တိမ်မြုပ်နေတတ်တဲ့ လိမ်မာမှုဆိုတဲ့ အရာတွေကတော့ Value ကိုယ်ရယူပိုင်ဆိုင်သင့်တဲ့ ပန်းတိုင်ကို တန်ဖိုးထားတတ်မှု၊ Self-Image မိမိပုံရိပ်ပုံစံပုံသဏ္ဍာန်၊ မိမိကိုယ်မိမိဘယ်လိုမြင်သလဲ၊ ယုံကြည်မှုရှိရဲ့လားစသဖြင့် (နောက်ပိုင်းမှ မိမိကိုယ်ကိုယ် Building Brand Image တည်ဆောက်ပုံကို အကျယ်ရေးပါဦးမယ်)၊ Trait Personality မိမိရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အလေ့အထ နဲ့ Behavior Motives လိုလိုလားလားနှစ်သက်လက်ခံမှု ရုပ်ပိုင်းဆိုင်ရာ အလေ့အထ တို့ဖြစ်ပါတယ်။
အလွယ်ဆုံး Equation အနေနဲ့ကတော့
Competencies = Knowledge + Technical Skill + Value + Trait Personality + Behavior Motives
Expectation ဆိုတဲ့ မျှော်လင့်ချက်က I want to ဖြစ်ပြီး Reality ဆိုတဲ့ လက်တွေ့မှာ But သို့သော်ဆိုပြီး လမ်းခုလတ်မှာတင် တစ်နေပြီး ပန်းတိုင်မရောက်ဘဲ Gap Problem ကွာဟချက်ပြသာနာကြီး ဖြစ်နေတာတွေ့ကြုံခဲ့ကြရဖူးမှာပါ။ ဒါဟာ Competencies တစ်ခုခု ချို့တဲ့နေလို့ပါပဲ။ လေ့လာဖော်ထုတ်ကြည့်ပါ။ တစ်ခုခု ချို့တဲ့နေတာကို တွေ့နေရပါလိမ့်မယ်။ တကယ်တမ်း ချို့တဲ့နေတဲ့ အနာအဆာလေး ရှာတွေ့လိုက်ပေမဲ့လည်း ပြင်ဆင်ရှေ့ဆက်နိုင်ဖို့ရာ ခက်ခဲနေကြပါသေးတယ်။ တိမ်မယောင်နဲ့နက်၊ လွယ်မယောင်နဲ့ခက် ဖြစ်နေကြပြီး နီးလျက်နဲ့ဝေး ဆိုသလို တဖြည်းဖြည်း တိမ်မြုပ်နေရာကနေ ပျောက်ကွယ်လုနီးပါး ဖြစ်နေတတ်ကြပါတယ်။ ဒါဆို သေချာပေါက် Mindset ကို ပြောင်းရပါလိမ့်မယ်။
Mindset နဲ့ ပတ်သက်လို့ Mindset ဖြစ်ပေါ်လာပုံကို အစကနဦး ခွဲခြမ်းစိတ်ဖြာကြည့်တယ်။ ကမ္ဘာဦးအစက စတွေးခေါ်ကြည့်မိတယ်။ ကျောက်ခေတ်က ဆိုပါတော့ ကျောက်ခေတ်လူသားတွေက Climate ဥတုရာသီ နေရာဒေသ အသက်ရှင်ရပ်တည် နေထိုင်ခဲ့မူပေါ်မူတည်ပြီး Culture ယဉ်ကျေးမှု အမျိုးမျိုးပြောင်းလဲလာခဲ့ကြတယ်။ အသားစိမ်းတွေစားရာက မီးကိုစတင်တွေ့ရှိလာပြီး အသားတွေကို ကင်စားတတ်လာတဲ့ ယဉ်ကျေးမှု၊ ကျောက်တုံးတွေကို အသုံးပြုကာ လက်နက်အဖြစ်အသုံးပြုလာခဲ့မှု နောက်ဆုံး သံလက်နက်တွေ အသုံးပြုမှုကနေ ယခု နျုကလီးယား စွမ်းအင်ကို အသုံးပြုကာ လျှပ်စစ်စွမ်းအင်ကို အသုံးပြုလာတဲ့အထိ Culture တွေပြောင်းလာပါတယ်။ ဥပမာ- နွားလှည်းစီးတဲ့ Culture ကနေ ကားစီးတဲ့ Culture ဖြစ်လာတဲ့အခါ နေ့စဉ်ပြုမှုနေကျ Behavior တစ်ခုအနေနဲ့ ပြောင်းလာပါတော့တယ်။ အဖွဲ့အစည်းတိုင်း၊ တစ်ဦးတစ်ယောက်ချင်းစီမှာလည်း မိမိကိုယ်ပိုင် Culture ကနေ Behavior ဖြစ်လာတာပါပဲ။ နေ့စဉ်ပြုမှုနေကျ Behavior ကနေ Mindset ဆိုတဲ့ စိတ်တွေးစဉ်တွေပါ လိုက်ပြောင်းပါတော့တယ်။ Environment Behavior ကြောင့် Mindset ပြောင်းလာတယ်လို့လည်း ပြောလို့ရနိုင်ပါတယ်။ ကောင်းတဲ့ Behavior ကနေ ကောင်းတဲ့ Mindset ဖြစ်လာသလို မကောင်းတဲ့ Behavior ကလည်း မကောင်းတဲ့ Mindset ကို ဦးတည်တာပါပဲ။
1) Adaptability- ရေလိုက်ငါးလိုက် လိုက်လျောညီထွေစွာ နေထိုင်တတ်ရမယ်။
2) Motivation- စိတ်အားထက်သန် လိုလိုလားလား လုပ်ဆောင်တတ်ရပါမယ်။
3) Commitment- ကတိက၀တ် တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်နိုင်ရပါမယ်။
4) Creativity- အသစ်အသစ်ကို ဖန်တီးနိုင်စွမ်းရှိနေရပါမယ်။
5) Independence- အမြဲတမ်းသူတစ်ပါးကို အားကိုးတာတွေလျော့ပြီး အမှီခို ကင်းမဲ့စွာ ကြိုးစားအားထုတ်နိုင်ရပါမယ်။
6) Analytical Reasoning- ကြောင်းကျိုးဆီလျော်မှုကို အသုံးချပြီး ခွဲခြမ်းစိတ်ဖြာ စဉ်းစား တတ်ရပါမယ်။
7) Foresight- အနာဂတ်ကို မျှော်ကြည့်ပြီး လုပ်ကိုင်တတ်တဲ့သူ တစ်ယောက်ဖြစ်နေရပါမယ်။
8) Leadership- ခေါင်းဆောင်မှုကို မြတ်နိုးပြီး တာဝန်ယူမှုရှိရှိနဲ့ ဦးဆောင်လုပ်ကိုင်ချင်စိတ်လည်းရှိနေရပါမယ်။
9) Emotional Stability- စိတ်ရှုပ်ထွေးမှု၊ စိတ်ဖိစီးမှုတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်းရှိနေရပါမယ်။
10) Communication Skills- ပေါင်းသင်းဆက်ဆံရေး ပြေပြေပြစ်ပြစ်နဲ့ မိမိလုပ်ငန်းဆောင်တာကို ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်တတ်ရပါမယ်။
ပြင်ရမယ်ထင်တဲ့ Mindset တွေကို ဖော်ပြလိုက်တာပါ။ လိုအပ်တာလေးတွေလည်း ရှိနေဦးမယ်ထင်ပါတယ်။
အဲဒီအချက်တွေသာ မိမိမှာ ပြည့်စုံနေမယ်ဆိုရင်တော့ ကျွန်တော်ထင်ပါတယ်။
- Competency က Skill နဲ့ Knowledge ကို ဦးဆောင်ပြီး သာလွန်ကောင်းမွန်တဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ရရှိစေပါလိမ့်မယ်။
- Competency သာရှိနေမယ်ဆိုရင် မိမိကိုယ်ပိုင်စွမ်းရည်နဲ့ အလေ့အကျင့်အပြုအမှုတွေဟာ လုပ်ငန်းခွင်မှာ ထိထိရောက်ရောက်လုပ်ကိုင်နိုင်ပါလိမ့်မယ်။
- Competency က ဘယ်တော့မှ တစ်သမတ်တည်းရှိနေမှာ မဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုနဲ့ အထောက်အပံ့သာရှိနေမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု ရှိလာပါလိမ့်မယ်။
- Competency ဟာ အဖွဲ့အစည်းတိုင်း တစ်ဦးတစ်ယောက်ချင်းစီတိုင်း ဘယ်လိုလုပ်ဆောင်ချက်မှာမဆို ဆောင်ရွက်လုပ်ဆောင်နိုင်တဲ့ အရည်အသွေးတစ်ခုဖြစ်တယ်။
- Competency သာရှိနေရင် လုပ်ဆောင်မှုတိုင်းဟာ Level အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Standard တစ်ခုကို အမြဲ ရရှိပါလိမ့်မယ်။
ထပ်ပြီးခွဲခြမ်းစိတ်ဖြာရရင် Competencies မှာ Basic competency နဲ့ Professional competency ဆိုပြီး ခွဲခြမ်းလို့ရပါသေးတယ်။
Competencies = Basic competency + Professional competency
Basic competency ကို ဥပမာအနေနဲ့ ပြောရရင် ပြဿနာဖြေရှင်းခြင်းဆိုပါတော့ ။လူတိုင်းမှာ မတူကွဲပြားတဲ့ ပြဿနာဖြေရှင်းနည်းတွေနဲ့ ကိုယ့်ဘာသာ ဖြေရှင်းခဲ့ရဖူးတာတွေရှိခဲ့ကြမှာပါ။ ဒါဟာ Basic competency လို့ပြောရပါမယ်။ လူတိုင်းကြုံရဆုံရလုပ်ရမယ့် competency ပါ။ Professional competency ကတော့ Skill နဲ့ Knowledge ပိုင်းကို အသားပေးပြီး လုပ်ဆောင်ရတဲ့ Competency မျိုးဖြစ်တယ်။ ဆေးပညာမတတ်ဘဲ ဆေးကုလို့မရဘူး ဆိုသလိုမျိုးပေါ့။
Basic competency လေးမျိုးရှိနေပါတယ်။ ဘာတွေလဲဆိုတော့
1) Intellectual competency- လူတစ်ယောက်ရဲ့ ဥာဏ်ရည်ပါးနပ်ကို အသုံးချပြီး ကျွမ်းကျင်လိမ္မာစွာ လုပ်ကိုင်တတ်တာဖြစ်တယ်။
2) Motivational competency - လူတစ်ယောက်ရဲ့ စိတ်ခွန်အားကို တွန်းအားပေးပြီး ကျွမ်းကျင်လိမ္မာစွာ အသုံးချတတ်တာဖြစ်တယ်။
3) Emotional competency- လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို အသုံးချပြီး ကျွမ်းကျင်လိမ္မာစွာ အသုံးချတတ်တာကို ဆိုလိုတယ်။
4) Social competency -လူတစ်ယောက်ရဲ့ လူဝင်ဆံ့စွာ ပေါင်းသင်းဆက်ဆံတတ်တာကို ကျွမ်းကျင်လိမ္မာမှုလို့လည်း သတ်မှတ်ပါတယ်။ ဒါတွေဟာ အခြေခံ လူတိုင်းမှာရှိနေရမယ့် Competency ပဲဖြစ်ပါတယ်။
Professional Competency မှာတော့ သုံးမျိုးရှိပါတယ်။ အများအားဖြင့် လုပ်ငန်းခွင်နဲ့ပဲ သက်ဆိုင်တာများပါတယ်။
1) Generic competency ကတော့ Basic competency ရဲ့အပွားပါပဲ။ Basic competency ရှိနေရင်တော့ Generic competency က လုပ်ငန်းခွင်မှာ အကျိုးရှိစွာ အသုံးချနိုင်ပါလိမ့်မယ်။
2) Managerial competency ကတော့ လုပ်ငန်းခွင် Management skill တွေဖြစ်တဲ့ Planning, Decision making, Deligation, Leadership စတဲ့ Management Level skill တွေ ဖြစ်ပါတယ်။
3) Functional / Technical competency သက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ ပညာရပ် ဆိုင်ရာ ကျွမ်းကျင်မှုတွေပဲ ဖြစ်ပါတယ်။
Competencies တွေကို ထပ်ပြီး Analyzes လုပ်ရင် အများကြီးကျန်ပါသေးတယ်။ ထပ်ရှင်းပြနေရရင် ရှုပ်သွားတာပဲ ဖြစ်နေပါလိမ့်မယ်။ ဒီလောက်နဲ့ပဲ စာဖတ်သူတို့ကို မြုပ်နေတဲ့ ရေခဲတုံးအပိုင်းလေးကို ပေါ်လာအောင် ဘယ်လိုလုပ်ရမလဲ ဘယ်လိုပြုပြင်ရမလဲဆိုတာလေးသိသွားဖို့က ပိုအရေးကြီးပါတယ်။ သိချင်တာများရှိရင် Comment ရေးပြီး ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော်သိသလောက် အကြုံပြု ဆွေးနွေးပါ့မယ်။ သေချာတာက Competencies အခွဲတွေ နောက်ထပ်အများကြီး ကျန်ပါသေးတယ်။ အခြေခံ အဆင့်လောက်ရေးတာဖြစ်တဲ့အတွက် ဒီလောက်နဲ့ပဲ လက်စသတ်လိုက်တာပါ။ မြုပ်နေတဲ့ ရေခဲတုံး အပိုင်းလေးတွေကိုတော့ မမေ့ကြနဲ့နော်။
(Myanmar B2B Management Magazine , January 2015)
‪#‎UcsJugger‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...