Wednesday, November 26, 2014

မတူသော အပြုံးများ ...

‪#‎ရေခဲတိုက်‬ တစ်ခုတွင် ဖြစ်သည်.....
နာမည်ကြီးနိုင်ငံရေးသမား ၃ ဦး၏ အလောင်းများ မီဒီယာများကို ပြသရန် ရေခဲတိုက်တွင် ပြင်ဆင်ထားသည်။
အလောင်းအားလုံး၏ မျက်နှာကိုယ်စီတွင် အပြုံးတွေ ဆင်ယင်ထားသည်။ ရေခဲတိုက်မှူးက ရဲများကို ဖိတ်ကြားပြီး အဖြစ်အပျက်ကို လိုက်လံ ရှင်းလင်းပြသည်။
ထိုအချိန်တွင် ရဲမှူးတစ်ဦး ရောက်လာပြီး ပထမ အလောင်းကို ကြည့်ရှုရာ ရေခဲတိုက်မှူးက…
““သူက အာဏာရပါတီ ၀န်ကြီးတစ်ဦးပါ အသက် ၆၅ နှစ်ရှိပြီ။ စမောတစ်ယောက်နဲ့ အိပ်ရာပေါ်မှာ သာယာနေတုန်း ရုတ်တရက် နှလုံးခုန်ရပ်သွားတာ၊ ဒါကြောင့် သူ့မျက်နှာမှာ အပြုံးကျန်ခဲ့တာ””
အော်........
ရဲမှူးသည် ဒုတိယအလောင်းကို ဆက်လက်ကြည့်ရှုသည်
““သူက မိတ်ဖက် ပါတီက ပုဂ္ဂိုလ်ပါ အသက် ၄၀ ရှိပြီ၊ အစိုးရဆီက ခွင်ကြီးကြီးရလို့ အောင်ပွဲခံရင်း အသောက်လွန်ပြီး သေသွားတာ၊ သူ့မျက်နှာမှာလည်း အပြုံးနဲ့ပဲ””
““သူတို့တွေက ဓမ္မတာအတိုင်း သမားရိုးကျ သေဆုံးကြတာပဲ”” ဟု ရဲမှူးက သုံးသပ်ပြီး တတိယ အလောင်းကို ဆက်လက် စစ်ဆေးသည်””
““ဒီအလောင်းကတော့ သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ် သေဆုံးတာ မဟုတ်ဘူး ခင်ဗျ- သူက မိုးကျရွှေကိုယ် လွှတ်တော် ကိုယ်စားလှယ် တပ်မတော်သား တစ်ဦးဗျ- မိုးကြိုးပစ်ခံရတာ””
ရဲမှူးက အလောင်းကို တစ်ချက်စေ့ စေ့ကြည့်ပြီး-
““ဒါဆို ဘာဖြစ်လို့ ပြုံးပြီး သေနေရတာလဲ””
ထိုအခါရေခဲတိုက်မှူးက- သူကကိုယ်စားလှယ်အသစ်ဆိုတော့ နာမည်ကြီးပြီး သတင်းထဲ ပါချင်တာပေါ့
သူ့ လွတ်တော် ကိုလာနေတဲ့ လမ်းမှာဗျာ... တဖျက်ဖျက်နဲ့ လက်နေလို့
အဲဒါ..... ကားပေါ်က နေဆင်းပြီး
““ လွှတ်တော်ထဲ မှာလိုပဲ မီဒီယာ ဓာတ်ပုံရိုက်တယ်မှတ်ပြီး ပြုံးပြလိုက်တာခင်ဗျ””
ရဲမှုး... ဟိုက် ရှာဘား....
ဟဲဟဲ....
Credit-Burmar Pyi Thar

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...