Friday, November 14, 2014

ဟာသ ပေါင်းချူပ် (၁၄-၁၁)

‪#‎ဟာသလား‬...တကယ်လား...

တစ်ခါက နိုင်ငံတစ်နိုင်ငံက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြန်ကြားရေးအရာရှိက သတင်းထုတ်ပြန်ပြီးနောက် မရှင်းလင်းသည်များကိုမေးမြန်းနိုင်ကြောင်း ကြိုဆိုလိုက်ပါတယ်.
လူငယ်တစ်ယောက်က လက်ညိုးထောင်ပြပြီး ၊ မတ်တပ်ထရပ်လိုက်ပါတယ်
အရာရှိ : နံမည်လေးသိပါရစေ ?
လူငယ် : မောင်ကျော်ပါ


အရာရှိ : ဘာများသိချင်တာရှိပါလဲ ?
မောင်ကျော် : ဆရာ ကျနော့်မေးခွန်း(၃)ခု မေးချင်ပါတယ်
1) ရဲဆိုတာ ၀ရမ်းမပါဘဲ ပြည်သူတွေကို ဖမ်းချင်တိုင်းဖမ်းလို့ရပါသလား ?
2) ၀န်ထမ်းတွေ လာဘ်ပေးလာဘ်ယူ ပြုလုပ်နေတာကို ဘယ်နည်းနဲ့တားဆီးနိုင်ပါသလဲ ?
3) တရုတ်နိုင်ငံက ကျနော်တို့နိုင်ငံကို အကူအညီတွေအများကြီး ဘာကြောင့်ပေးနေတာပါလဲ ?
အရာရှိ : မောင်ရင်ဟာသတင်းထောက်ကောင်းတစ်ယောက်ပါပဲ( ထိုအချိန်တွင်ခေါင်းလောင်းသံမြည်လာသည် )
အိုး..စိတ်မကောင်းပါဘူးမောင်ရင်..အားလပ်ချိန်ပြီးမှပဲ ဒီအကြောင်းကို ဆက်ဆွေးနွေးကြတာပေါ့...
အားလပ်ချိန်ပြီးနောက် ရှင်းလင်းပွဲ ပြန်စတင်သည်။
အရာရှိ - အိုး..မိတ်ဆွေတို့..ခုနကကျနော်တို့ ဘာအကြောင်းပြောနေကြတာပါလဲ..အော်သိပြီ..မေးခွန်းမေးချင်တဲ့သူများရှိလား
ဦးဇော်ဇော်က လက်ထောင်ကာ မတ်တပ်ရပ်ပြလိုက်သည်။
အရာရှိ : နံမည်လေးသိပါရစေ ?
ဦးဇော်ဇော် : ကျနော့်ကို မေးခွန်း(၅)ခုမေးခွင့်ပြုပါ ( နံမည်ကိုမပြောပြဘဲ ခွင့်ပြုချက်တောင်းခံလိုက်သည် )
1) ရဲဆိုတာ ၀ရမ်းမပါဘဲ ပြည်သူတွေကို ဖမ်းချင်တိုင်းဖမ်းလို့ရပါသလား ?
2) ၀န်ထမ်းတွေ လာဘ်ပေးလာဘ်ယူ ပြုလုပ်နေတာကို ဘယ်နည်းနဲ့တားဆီးနိုင်ပါသလဲ ?
3) တရုတ်နိုင်ငံက ကျနော်တို့နိုင်ငံကို အကူအညီတွေအများကြီး ဘာကြောင့်ပေးနေတာပါလဲ ?
4)အချက်ပေးခေါင်းလောင်းက သတ်မှတ်ချိန်ထက် မိနစ်(၂၀)စောပြီး ဘာကြောင့် အသံမြည်ရတာပါလဲ ?
5) မောင်ကျော် ဘယ်ရောက်သွားပါသလဲ ????
Credit-မိုင်လင်းယုန်

‪#‎ဂစ်တာလေးရှိတယ်‬
စာသင်ခန်းထဲတွင် ဆရာမက တပည့်များကို ရှေးမြန်မာအမျိုးသမီးများအကြောင်းကို ရှင်းပြနေ၏။
" သားတို့ သမီးတို့ ရှေးမြန်မာအမျိုးသမီးတွေက အရမ်း က္ကနြေ္ဒရှိကြရှိ ပြီး ကိုယ်လုံးကိုယ်ပေါက်က လည်း အရမ်းလှကြတာကွဲ့။ "
ထိုအခါ နားမလည်သောကျောင်းသားတစ်ယောက်က ထမေးလိုက်သည်။
" အာ . . . ဆရာမကလည်း ရှေးမြန်မာအမျိုးသမီးတွေက ကိုယ်လုံးကိုယ်ပေါက်မလှကြပါဘူး ကျွန်တော်ကြည့်ဖူးတဲ့ အဖြူအမဲ ရုပ်ရှင်တွေထဲမှာဆိုရင် ဖက်တီးတွေချည်းပဲ အဲ့ဒါဘယ်လိုဖြစ်နိုင်မှာလဲ . . ."
ထိုအခါဆရာမက-
" အော် . . . သားကလည်း ဒါလေးတောင်မသိဘူးလား ၊ အဲ့ဒီကိုယ်လုံးကိုယ်ပေါက်က ခုခေတ်အခေါ်နဲ့ဆိုရင် ဂစ်တာရှိတ်ပေါ့ကွယ် . ."
ထိုအခါ ကျောင်းသားပြောလိုက်သောစကားကြောင့် စာသင်ခန်းတစ်ခန်းလုံးပွဲကျသွားသည်။
သူပြောလိုက်သည်ကား-
" ဒါဆိုဆရာမ . . ဟို . .♪ ကိုကို တီးဖို့ကွယ် ဂစ်တာလေးရှိတယ်♪ ဆိုတဲ့သီချင်းကရော"
" တိန်"
Credit-ကာရှိုင်း (ကြယ်စင်ချစ်သူ)


#‎ဆန့်ကျင်ဘက်အပေါ်ဆွဲဆောင်နည်း‬
ယောကျာ်းလေးများအနေဖြင့် မိန်းကလေးများကို ဆွဲဆောင်လွှမ်းမိုးရန်နည်းလမ်းများ
၁- ချီးကြူးပါ၊(မြှောက်သင့်လျှင်မြှောက် )။
၂- ကြင်နာစွာနမ်းပါ။(အဝေးရောက်နေရင်တောင် ယင်ကောင်အနမ်း(flykiss) ပေးပါ)။
၃- ဂရုစိုက်ပေးပါ။( ကျီးထိုးထိုး၊ ခွေးစားစား ပစ်မထားပါနဲ့)။
၎- ပျော်အောင်ထားပါ။( ဟာသာများများဖတ်၍ ရယ်စရာပြောပါ။(မရယ်လျှင် ကလိထိုး၍ရယ်ခိုင်းပါ)။
၅- သူမ အပေါ်အလေးအနက်ထားပါ၊( ဟန်ဆောင်ပန်ဆောင်လေးပေါ့)။
၆- သူမ အတွက် $ များများသုံးပါ၊( အိမ်မှာ ရေသောက်ဗိုက်မှောက်နေပြီး စုဆောင်းထားသမျှ ဖွန်ကြောင်ခြင်းတွင်သုံးပါ)။
၇- သူမ ကြိုက်တတ်သည့်အစားအစာများကို ကျွေးပါ( စားသောက်ဆိုင်မသွားခင် မိမိတွင် $ မလုံလောက်ဟုထင်ပါက သူငယ်ချင်းထံမှ လည်ပင်းညှစ်ခဲ့ပါ၊ မိန်းကလေးများ အစားကြီးသော်ကြောင့်ဖြစ်ဧ။်)။
၈- သူမ အတွက် အမြဲအဆင်သင့်ရှိနေပါစေ၊( ထမင်းဆာတယ်ဆိုလျှင် ခူးပြီးပါပြီ ဖြစ်နေရမည်)။
၉- သူမ စကားကို နားထောင်ပါ၊( ပေါက်သင်ညိုကို အတုယူ၍ အမြဲခေါင်းညိမ့်ပါ၊ ကွယ်ရာတွင် လုပ်ချင်ရာလုပ်ပေါ့)။
၁၀-သူမ ပြောသမျှကို အမြဲထောက်ခံပါ( အခြားသူများက သူမအား ငပေါဟု မြင်လာ၍ သူမအားထောက်ခံသောသင့်အား တပည့်  မွေး ပါလိမ့် မယ်)။
၁၁-သူမ အတွက်ဆိုလျှင် ကမ္ဘာအဆုံးထိသွားပါမည်။ ကောင်းကင်ကို ဒူးနဲ့ တိုက်ပါမည်၊ မိုးကြိုးပစ်လျှင် မိုးကြိုးကို ဒိုင်ဗင်ပစ်ဖမ်းပေးမည်ဟု ကြွေးကျော်ပါ။( တကယ်လုပ်လို့ရတာမှ မဟုတ်ပဲ ၊ တွေးမကြောက်ပါနှင့်)။
ဤကား မိန်းမတို့အား ဆွဲဆောင်နည်းတည်း။
Credit-Aung Khaing Tun

#‎သင်ဟာ‬ Normal Person တစ်ယောက်ဖြစ်ရဲ့လား
တကယ်လို့များ
.
1- သင့်မှာ FaceBook account တစ်ခုရှိမယ်
2- Mobile Phone တစ်လုံးရှိမယ်
4- ဒီစာတွေဖတ်ပြီးအချိန်ဖြုန်းနေမယ်
5- နံပါတ်(၃)မရှိတာကို သင်သတိမထားမိဘူး
7- နံပါတ်(၃)ပါရဲ့လားဆိုတာကို သင်သွားစစ်ဆေးနေပြီ
8- ဒါဆို နံပါတ်(၆)ကရောဘယ်မှာလဲ
9-သင်အခု နည်းနည်းပြုံးနေပြီ
10- နံပါတ်တစ်ကရော ဘယ်မှာလဲ
11- အိုးလုပ်ပြန်ပြီ..နံပါတ်တစ်ကိုသွားစစ်ဆေးနေပြန်ပြီ
Do U Really Think U R Normal?
Credit-မိုင်လင်းယုန်

#‎မျက်နှာသစ်ဖို့‬ မမှီလိုက်ဘူးဗျာ............

ဝန်ထမ်းဖြစ်သော ကိုချူချာတိုက်ခန်းသစ်ရသည်။
ထိုအခါနယ်မှရောက်လာသော ဆွေမျိုးများကို တိုက်ခန်းအတွင်းလိုက်ပြသည်။ ပြီးတော့ကြွားသည်။
ဒီလိုနှင့်ရေဆွဲအိမ်သာကိုရောက်လာသည်။ ထိုအခါ မမြင်ဖူးသော ဆွေမျိုးများကမေးသည်။
`အဲ့ဒါဘာခေါ်သလဲ ဘာအတွက်သုံးသလဲ´´
ကိုချူချာလည်း သူလည်းအခုမှသုံးဖူးတာဆိုတော့ သိသလောက် အောက်ပါအတိုင်းရှင်းပြလိုက်လေသည်................
``ကျွန်တော်လည်းမသိဘူး၊ ဟောဒီကြိုးကိုဆွဲလိုက်ရင်ရေကျလာတယ်။ ပြီးရင်လက်ဆေးဖို့အချိန်ရတယ်၊
အဲ..မျက်နှာသစ်ဖို့တော့အချိန် မမှီဘူး။´´
(ဟာသစာအုပ်ထဲမှ)


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...