Wednesday, November 26, 2014

အာတိတ်စစ်ဌာနချုပ်အသစ် ဖွဲ့စည်းလိုက်ကြောင်း ရုရှားကြေညာ



မော်စကို၊ နိုဝင်ဘာ ၂၅
ရုရှားသမ္မတ ဗလာဒီမာပူတင်က မဟာဗျူဟာမြောက် စစ်ဌာနချုပ် အသစ် တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း၊ အာတိတ်ဒေသစစ်ဆင်ရေးအားလုံး နှင့်အသစ်ဖြစ်ထွန်းမှုများကိုလည်း ခြုံငုံမိနိုင်ကြောင်း၊ ဤစစ်ဌာနချုပ်သည် ဒီဇင်ဘာ ၁ ရက်တွင် စတင်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကရင်မလင် နန်းတော်၏ ကြေညာချက်၌ဖော်ပြခဲ့သည်ကို ဆင်ဟွာကရေး သားလိုက်သည်။
ပူတင်က ဤသတင်းအား ရုရှားထိပ်တန်းစစ်ဘက်အရာရှိများနှင့် အစည်းအဝေးပြုလုပ်စဉ် ကြေညာခဲ့ခြင်းဖြစ်သည်။ဒီဇင်ဘာ ၁ ရက်တွင်စမည့် မဟာဗျူဟာစစ်ဌာနချုပ်အသစ်သည် အာတိတ်ဇုန်နယ်မြေအတွင်း စစ်ဆင်ရေးများစတင်မည်ဖြစ်ပြီး မြောက်ပိုင်း ရေတပ်အခြေစိုက် စခန်းဖြစ်သည်ဟု ပူတင်ကဆိုသည်။
ဤစစ်ဌာနချုပ်သည် အာတိတ်ဒေသရှိ အားလုံးသောရုရှားစစ်တပ်များ ကို ဦးစီးကွပ်ကဲသွားမည်။ ထိုဒေသရှိစစ်တပ်ဖွဲ့စည်းမှုကိုလည်း အင်အား တောင့်တင်းစေမည်ဟု ကရင်မလင်၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။
၂ဝ၁၃ ခုနှစ်၌ ပူတင်က ဘယ်တော့မှလက်နက်မချဟုသန္နိဋ္ဌာန်ချခဲ့ကာ ရုရှားအာတိတ်နယ်မြေရှိ ရုရှားအကျိုးစီးပွားများကို ကာကွယ်သွားရန် ကာကွယ် ရေးဝန်ကြီးအား လိုအပ်သည်များလုပ်ဆောင်ရန် အမိန့်ပေးခဲ့သည်ဟုဆို သည်။
သဘာဝအရင်းအမြစ်ဝန်ကြီး ဆာဂျီဒန်စကွီက အောက်တိုဘာလ၌ ပြော ကြားခဲ့သည်မှာ ရုရှားက ကုလသမဂ္ဂ၌ ၄င်း၏နယ်မြေကို ၁ ဒသမ ၂ စတုရန်း ကီလိုမီတာသန်းအထိ တိုးချဲ့သွားရန် တင်ပြသွားမည်ဟုဆိုသည်။
Ref : Xinhua
ဒီမိုကရေစီတူဒေး သတင်းစာ၊ အတွဲ (၁)၊ အမှတ် (၂၆၂)
==========================================
‪#‎YangonMediaGroup‬ | ‪#‎MZK‬ | www.yangonmedia.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...