Monday, November 24, 2014

#‎အချစ်ကိုဝေမစားချင်ဘူး‬


အမျိုးသမီးတစ်ယောက်က သူမရဲ့အမျိုးသားဆီကို ဖုန်းခေါ်ချင်နေပါတယ် ၊ ဒါပေမယ့် သူမရဲ့ငွေဖြည့်ကဒ်ကကုန်နေပါပြီ
လုပ်ငန်းခွင်ထဲေ၇ာက်နေတဲ့ အဖေ့ဆီကို ဖုန်းခေါ်ပေးဖို့ သူမရဲ့သားကိုခိုင်းလိုက်ပါတယ်
သားဖြစ်သူက သူ့ရဲ့ဖုန်းကနေတစ်ဆင့် အဖေ့ဆီကိုခေါ်ပြီးတဲ့နောက် ၊ သူ့အမေဆီကို ဒီလိုအကြောင်းပြန်ပါတယ် ...
"..အဖေ့ဖုန်းကို မိန်းမတစ်ယောက်(၃) ခါ တိတိ လာလာကိုင် အမေ..အဖေ့ကိုခေါ်ခိုင်းလည်း သူကမခေါ်ပေးဘူး.."


သားဖြစ်သူရဲ့စကားအဆုံးမှာတော့ ဇရှိတဲ့ သူမယောက်ကျားအကြောင်းသိထားတဲ့ မိန်းမဖြစ်သူက ၊
အချစ်တွေကို နည်းနည်းချင်း ချချကျွေးချင်နေတဲ့ ယောက်ကျားနဲ့ စာရင်းအပြတ်ရှင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ..
ညနေပိုင်း အလုပ်ဆင်းချိန်ေ၇ာက်လို့ ယောက်ကျားဖြစ်သူ အိမ်ထဲကိုလှမ်းဝင်လာတယ်ဆိုရင်ပဲ....
ဖြန်းခနဲ ပါးရိုက်လိုက်တယ် ၊
ယောက်ကျားက ကြောင်ပြီး တစ်ခုခုမေးဖို့အလုပ်မှာ
ဖြန်းခနဲ နောက်တစ်ချက်ထပ်ရိုက်တယ်
ယောက်ကျားက နားမလည်သလို သူ့ကိုပြန်ကြည့်ချိန်မှာ
အပြင်းထန်ဆုံးနောက်တစ်ချက် ထပ်ရိုက်ပြန်တယ်
အိမ်နီးချင်းတွေလည်း အပြေးအလွှားရောက်လာပြီး ၊၀င်ဖြန်ဖြေပေးဖို့ကြိုးစားကြတယ်
အကြောင်းအရင်းကိုသိရတဲ့အခါမှာတော့.
ယောက်ကျားဖြစ်သူက သားဖြစ်သူကို ဖုန်းခေါ်တဲ့အချိန်မှာ လာကိုင်တဲ့အမျိုးသမီးက ဘာပြောလဲဆိုတာကို အားလုံးသိအောင်ပြောပြခိုင်းတယ်...
ဒီတော့ ..သားဖြစ်သူက..မပြောချင်ပြောချင်ပုံစံနဲ့..
အဲ့ဒီမိန်းမပြောတာက...
“The number u are trying to call is not reachable at the Moment. Please Try Again Later”.

Credit-မိုင်လင်းယုန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...