Thursday, November 13, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၁၁)

သစ်ထူးလွင်


Posted: 13 Nov 2014 07:40 AM PST
မြန်မာ့ပြု ပြင်ပြောင်းလဲရေး ရှေ့ တက်လှမ်းနိုင်ဖို့ အတွက် နိုင်ငံရေးမှာ တပ်မတော် ရဲ့ ပါဝင်ပတ်သက်မှု ကို လျှော့ချဖို့ လိုအပ်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ တပ်မတော် ဆိုတာ အရပ်သား အုပ်ချုပ်မှုအောက်မှာပဲ ရှိသင့်ပြီး - တိုင်းရင်းသား လက်နက် ကိုင်တွေ နဲ့ ငြိမ်းချမ်းရေးရဖို့ အတွက်ကိုလည်း အမြန်ဆုံး လုပ်ဆောင်သင့်တယ်လို့ သမ္မတ အိုဘားမားက လွှတ်တော် ကိုယ်စားလှယ်တွေ
Posted: 13 Nov 2014 07:27 AM PST
အမေရိကန်သမ္မတ အိုဘားမားဟာ ဒီနေ့ နေပြည်တော်က နန်းဝတီဟိုတယ်မှာ ပြည်ထောင်စု လွှတ်တော်နာယက သူရရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး နဲ့ ဒီနေ့ တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍတွေကို လျှော့ချဖို့လိုအပ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက တိုက်တွန်းခဲ့တယ်လို့
Posted: 13 Nov 2014 07:02 AM PST
အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက မလေးရှားနိုင်ငံကို တရားဝင်လွှဲပြောင်း ပေးလိုက်ပါတယ်။ ဒီကနေ့ ညနေပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ပိတ်ပွဲမှာ သမ္မတ ဦးသိန်းစိန်က မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ထံ အခမ်းအနားနဲ့ တာဝန်လွှဲပြောင်း ပေးအပ်ခဲ့တာပါ။ မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလက ဘရူနိုင်းနိုင်ငံမှာ
Posted: 13 Nov 2014 07:15 AM PST
အမေရိကန် သမ္မတ အိုဘားမားနဲ့ တွေ့ဆုံမှုမှာ အိုဘားမားက မြန်မာ့ ပြုပြင် ပြောင်းလဲ ရေး ဖြစ်စဉ် နှောင့် နှေး နေတာ ကို အသိ အမှတ်ပြု သွားပြီး နည်းလမ်း ရှာမယ်လို့ ပြောဆို သွားခဲ့ ကြောင်း တွေ့ဆုံပွဲ တက်ခဲ့ တဲ့ မိတ္ထီလာ အမတ် ဦးဝင်းထိန်က ပြောပါတယ်။ အိုဘားမားဟာ လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် လွှတ်တော် အမတ်တချို့ နေပြည်တော်၊ နန်းဝတီ ဟိုတယ်မှာ နိုဝင်ဘာ ၁၃ ရက်က တနာရီခွဲ ကြာတွေ့ဆုံေ
Posted: 13 Nov 2014 06:49 AM PST
ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီဆိုပြီး ခေါ်ဝေါ်ပြောဆိုတာထက် မိမိတို့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်း နှစ်ခုစလုံး သဟဇာတရှိရှိ အတူနေ သွားနိုင်ဖို့ကို အဓိကထား ဦးတည်ပြောတာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီနေ့ ပြောပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံထိပ်သီး ညီလာခံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ဒီနေ့နေ့လယ်ပိုင်းက
Posted: 13 Nov 2014 02:33 AM PST
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)ရှိ အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ် ရန်ကုန်၊ နိုင်ဝင်ဘာ ၁၃ ၁၃.၁၁.၂၀၁၄ ရက်နေ့ ၀၆၁၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဦးမြဲလမ်းရှိ OPAL အထည်ချုပ်စက်ရုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ပါသည်။ မီးလောင်ရာသို့ တာဝန်ရှိသူများနှင့် မီးသတ်ယာဉ်များ၊ ပတ်ဝန်းကျင်ရှိ ပြည်သူများ ရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၀၈၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။ ဖြစ်စဉ်အား
Posted: 13 Nov 2014 02:18 AM PST
ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ စတင်တဲ့ ပထမနေ့မှာပဲ ပုဒ်မ ၄၃၆ ကို အဓိကထား ပြင်ဆင်လိုကြတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ ပုဒ်မ ၄၃၆ ကို ဖက်တွယ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ထိပ်တိုက်တွေ့ပြီး ဆွေးနွေး ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ရဲ့ လုပ်ကိုင်ခွင့် ကို ပိုမိုတောင်းခံလိုက်ပြီး အမတ် ဦးရေ
Posted: 13 Nov 2014 02:14 AM PST
မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပနေတဲ့  အာစီယံ ထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာ နေပြည်တော် MICT (၁) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူမျိုးတွေကို ရိုဟင်ဂျာ လူမျိုး အဖြစ် သုံးနုန်းခေါ်ဆိုသွားပြီး သူတို့ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူတွေ ဖြစ်ကြောင်း၊
Posted: 13 Nov 2014 02:10 AM PST
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ အရေးအကြီးဆုံး အချိုးအကွေ့ ကာလတစ်ခုကို ရောက်ရှိနေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြား လိုက်ပါတယ်။ နေပြည်တော်မှာ မနေ့ညနေက ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို သူက အသိအမှတ်ပြု ပြောကြားခဲ့သလို တဆက်တည်းမှာပဲ လာမယ့်နှစ်ကျင်းပမယ့်ေ
Posted: 13 Nov 2014 02:01 AM PST
နေပြည်တော် နိုဝင်ဘာ ၁၃ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် နိုဝင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံသို့ ယနေ့ရက်စွဲဖြင့် ပေးစာတစ်စောင် ပေးပို့ထားကြောင်း
Posted: 13 Nov 2014 01:54 AM PST
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ရိုဟင်ဂျာ စကားလုံး သုံးစွဲခဲ့မှုဟာ နှစ်ဘက် အသိုက်အ၀န်း ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လက်တွေ့ ဆောင်ရွက်နေရတဲ့ ပြည်နယ်အစိုးရရဲ့ လုပ်ငန်းတွေအပေါ် ထိခိုက်စေတယ်လို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ်
Posted: 12 Nov 2014 10:14 PM PST
ဒီတပတ် မြန်မာ့ မျက်မှောက်ရေးရာ ဆွေးနွေးခန်း အစီအစဉ်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ရပ်တန့်နေတယ်။ အမေရိကန် အစိုးရကလည်း မြန်မာနိုင်ငံအပေါ် အကောင်းမြင်လွန်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်တာဟာ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မကျေနပ်စရာ ကြုံတွေ့နေရလို့ ဖြစ်မယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David Steinberg က သုံးသပ်လိုက်ပါတယ်။ ပါမောက္ခ David Steinberg  ကို ဦးကျော်ဇံသာ က
Posted: 12 Nov 2014 10:10 PM PST
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ၁၂.၁၁.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန် လှည်းကူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည်းကူး ဆေးရုံသို့ မွေးကင်းစ ကလေးငယ်တစ်ဦး လာရောက်ပို့အပ်ထားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ အချင်းဆက်လျက် ကိုယ်အလေးချိန် (၁.၂)ကီလိုဂရမ်ရှိ မိန်းကလေးဖြစ်ပြီး မွေးဖွားပြီး နာရီပိုင်းအတွင်း စွန့်ပစ်ခဲ့သည့် အခြေအနေရှိကြောင်း တွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ ၎င်းကလေးငယ်အား ၁၂.၁၁.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်
Posted: 12 Nov 2014 10:10 PM PST
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ၁၂.၁၁.၂၀၁၄ ရက်နေ့ ၂၁၅၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်ရှိ ရန်ကုန်-ပြည်ရထား လမ်းကူးနေရာတွင် ရထားနှင့် ဆိုင်ကယ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်မှာ အမှတ်(၇၀)အစုန် လော်ကယ်ရထားသည် သာရဝေါမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် အဆိုပါနေရာအရောက် တိုက်ကြီးမြို့နယ်နေ ကိုချစ်စန်းဦး၊ (၂၆)နှစ်မောင်းနှင်ပြီး ကိုချစ်စန်းကို၊ (၂၅)နှစ်တို့ လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်မှ
Posted: 12 Nov 2014 10:10 PM PST
Hong Kong Occupy Central လှုပ်ရှားမှု ဆန္ဒပြအဖွဲ့ကြီးကို တည်ထောင်သူ ၃ ဦးဟာ မကြာခင်မှာ ဥပဒေကို လေးစားကြောင်း ပြသတဲ့အနေနဲ့ ရဲတပ်ဖွဲ့ထံ သွားရောက်ပြီးတော့ အဖမ်းခံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ Benny Tai၊ Chan Kin-man နဲ့ Chu Yiumin က သူတို့ရဲ့ လုပ်ရပ်ကို လက်နက်ချတယ်လို့ မမှတ်ယူစေလိုကြောင်းနဲ့ တလကျော်ကြာမြင့်တဲ့ လမ်းပေါ်တက် ဆန္ဒပြမှုကို အဆုံးသတ်သွားတာလည်း မဟုတ်ကြောင်း ပြောပါတယ်။ သူတို့ ၃ ယောက်ဟာေ
Posted: 12 Nov 2014 10:04 PM PST
ကမ္ဘာကျော် ဘောလုံး ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းရဲ့ သားအကြီးဆုံးဖြစ်သူ ဘရွန်ကလင်း ဘက်ခမ်း ဟာ အာဆင်နယ် လူငယ်အကယ်ဒမီနှင့် လာမည့် ရာသီကုန်အထိ စာချုပ်ချုပ်ဆို လိုက်ပါတယ်။ အသက် ၁၅ နှစ်သာရှိသေးတဲ့ ဘရွတ်ကလင်းကို မန်ယူ၊ ချဲလ်ဆီးတို့ကလည်း သဘောကျခဲ့ နေပေမယ့် အာဆင်နယ်က လက်ဦးမှု ရယူပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သူ့ကို အာဆင်နယ် လေ့ကျင့်ရေးကွင်းမှာ ဘောလုံးစွမ်းရည် စစ်ဆေးမှုခံယူခဲ့ပြီးနောက် အာဆင်နယ်က အလျင်အမြန်ေ
Posted: 12 Nov 2014 10:01 PM PST
ရန်ကုန်၊ နိုင်ဝင်ဘာ ၁၃ ၁၃.၁၁.၂၀၁၄ ရက်နေ့ ၀၆၁၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဦးမြဲလမ်း ရှိ OPAL အထည်ချုပ်စက်ရုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် မီးသတ်ယာဉ် များရောက်ရှိငြှိမ်းသတ်လျက်ရှိရာ ၀၇၀၅ အချိန် မီးညွန့်ကျိုး သွားကြောင်း သတင်းရရှိပါသည်။ Yangon Police https://www.facebook.com/yangonpolice
Posted: 12 Nov 2014 09:58 PM PST
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာမိုဒီနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။ မိုဒီတည်းခိုရာ Park Royal ဟိုတယ်မှာ တွေ့ဆုံခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရာမှာ အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီရဲ့ သင်္ကေတအဖြစ် တင်စားပြောဆိုခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အိန္ဒိယဟာ သူ့ရဲ့ဒုတိယ တိုင်းပြည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ေ
Posted: 12 Nov 2014 09:57 PM PST
အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ (၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ အရှေ့အာရှ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့အတွက် နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက နေပြည်တော်ကို ရောက်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို တက်ရောက်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။ ရောက်ရှိပြီးမကြာခင်မှာပဲ နေပြည်တော် MICC ခန်းမမှာ ကျင်းပတဲ့
Posted: 12 Nov 2014 09:42 PM PST
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ၁၂.၁၁.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် ခရမ်းမြို့နယ်၊ ပိန်းကန်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပိန်းကန်ကျေးရွာ၊ သရက်ကုန်းတဲစုတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းတဲစုနေ အသက်(၄၂)နှစ်ရှိ အမျိုးသားတစ်ဦးမှာ နေအိမ်ရှေ့သရက်ပင်၏ အမြင့်(၁၂)ပေခန့်ရှိ အကိုင်းတွင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ
Posted: 12 Nov 2014 09:40 PM PST
ရန်ကုန်၊ နိုင်ဝင်ဘာ ၁၃ ၁၂.၁၁.၂၀၁၄ ရက်နေ့ ၂၀၄၅ အချိန်တွင် လသာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လသာမြို့နယ်၊ ကမ်းနားလမ်းနှင့် (၁၈)လမ်းထိပ်၌ မော်တော်ယာဉ်(၁)စီးမီးလောင် နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းနေရာတွင် 7A ---- တိုယိုတာ ဗင် အဖြူရောင်ယာဉ်မှာ ရှေ့ခန်းဒက်ရှ်ဘုတ်နှင့် ကူရှင်(၂)လုံးမှာ မီးလောင်ကျွမ်းထားသည်ကို တွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ ယာဉ်ပိုင်ရှင်ဖြစ်သူ လမ်းမတော်မြို့နယ်နေ
Posted: 12 Nov 2014 08:57 PM PST
သတွဲ ငပလီ ပင်လယ်ကမ်းခြေတွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ သမီးက အဆောက်အဦ တစ်ခု ဆောက်လုပ်ရန် ပြင်ဆင်နေမှုကို နိုဝင်ဘာ ၁၂ ရက်နေ့က ဒေသခံအချို့ သွားရောက် ကန့်ကွက် ခဲ့ကြသည်။ သံတွဲခရိုင်၊ ငပလီမြို့၊ ဇီးဖြူကုန်း ရပ်ကွက်အတွင်းရှိ ပင်လယ်ကမ်းခြေပေါ်တွင် ယခင်ဝန်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ သမီးဖြစ်သူ ဒေါ်သိမ့်သိမ့်စိုးက အမျိုးအမည်မသိရသေးသည့် အဆောက်အဦ တစ်ခုကိုဆောက်လုပ်ရန်အတွက်
Posted: 12 Nov 2014 08:52 PM PST
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေ အတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၅၈ သန်းနဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၂၅ ဒသမ ၈ ဘီလျံ ချေးငွေ ကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ အခုလို ချေးငွေပေးအပ်ဖို့ကိစ္စကို နေပြည်တော်မှာ ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာသမ္မတနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာလို့ သတင်းက ဆိုပါတယ်။
Posted: 12 Nov 2014 09:21 PM PST
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့  ၂၀၁၄ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲဝင် မြန်မာ အလှမယ် မေဘရဏီသော်ကို ဂျပန်နိုင်ငံရဲ့ ခရီးသွား မြှင့်တင်ရေး ဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရပါတယ်။ ဂျပန် ဟိုတယ်နဲ့ ခရီးသွား ၀န်ကြီးဌာန ဂျပန်ခရီးသွားရေး ကော်မရှင်ဌာန မင်းကြီးရဲ့ လက်မှတ်နဲ့ ခန့်အပ်လိုက်စာကို ဂျပန်နိုင်ငံ တိုကျိုမြို့ကနေ မြန်မာနိုင်ငံ အပြန် လေဆိပ်မှာ ပေးအပ်ခဲ့တာပါ။ 54th Miss
Posted: 12 Nov 2014 04:08 PM PST
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ ကျောင်းတက်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေကို ထိုင်းကျောင်းသားတွေနဲ့ တန်းတူ ထိုင်းအစိုးရဆီက အထောက်အပံ့တွေ ရအောင် ထိုင်းရှေ့နေများ ကောင်စီ နိုင်ငံမဲ့များ ရေးရာဌာန က လိုက်လံ ဆောင်ရွက် ပေးနေပါတယ်။ ၂၀ဝ၈ ခုနှစ် ကတည်းက အဲဒီတုံးက အာဏာရ ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ရောက်လာသူတွေ ဖြစ်စေ၊ နိုင်ငံမဲ့အဖြစ် ခိုလှုံနေသူတွေ ဖြစ်စေ၊ ကလေးတိုင်းဟာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...