Saturday, November 29, 2014

ကုလသမဂ္ဂ ဘာလဲ၊ ဘယ်လဲ


Yangon Media Group added 2 new photos.

- L ခွန်နောင်
ကုလသမဂ္ဂကို အရပ်စကားနှင့်ဆိုရလျှင် ''ဒိုင်လူကြီး'' ဟုဆိုရမည်၊
အင်အားကြီးသောနိုင်ငံများက အင် အားငယ်သော နိုင်ငံများကို အင်အားသုံး ကျူးကျော် ကျွန်ပြုမှုမှ ကာကွယ်ရန်ဟု အတိုဆုံးနားလည်ထားနိုင် ပါသည်။
မျှတသော ဒိုင်လူကြီးသာဖြစ်၍ မတရားသြဇာ လွှမ်းမိုးခွင့်ပေးမထားသော ဒိုင်လူကြီးလဲဖြစ်သည်။
တစ်ကမ္ဘာလုံးပဋိပက္ခမရှိသောနေရာဟူ၍ မရှိ၊ ပဋိပက္ခ ကို မှန်ကန်စွာဖြေရှင်းပေးနိုင်ရန်၊ စေ့စပ်ပေးနိုင်ရန် တာ ဝန်ရှိသည်။
နိုင်ငံတစ်ခုကို အမိန့်ပေးနိုင်သော၊ သြဇာ လွှမ်းမိုးနိုင်သောအခွင့်အရေးကို ကုလသမဂ္ဂအားပေး မထား၊ ထို့ကြောင့် ကုလသမဂ္ဂ''ဘာလဲ''ဟူရာတွင် ''ဒိုင် လူကြီး''သာဖြစ်၍ ကုလသမဂ္ဂ ''ဘယ်လဲ''ဟု ဆိုရာတွင် ''မျှမျှတတ''ဆောင်ရွက်ပေးရန်သာဖြစ်ပြီး၊ နိုင်ငံတစ်ခု ၏ အချုပ်အခြာအာဏာကို ကျော်လွန်ဖောက်ဖျက်၍ သြဇာပေးရန်မဟုတ်ဟုသာ ဆိုရပါလိမ့်မည်။
ဘန်ကီမွန်း ပဋိညာဉ်ချိုးဖောက်ခဲ့သလား
********************************************
အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အမေရိကန် သမ္မတ ဘားရက်အိုဘားမား တက်ရောက်ခဲ့သလို၊ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းလည်း တက် ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အမြင့်ဆုံးသောတာ ဝန်ကို ထမ်းဆောင်နေသည့် သမ္မတကိုယ်တိုင်က ''ရိုဟင်ဂျာ'' မရှိပါဟု ကမ္ဘာကို ကြေညာထားပြီး ဖြစ်သည်။ အမေရိကန် သမ္မတအနေဖြင့်လဲ သူ့အမတ်မင်းများ မည်သို့ဖိ အားပေး တိုက်တွန်းနေလင့်ကစား မြန်မာနိုင်ငံတွင်း၌ ''ရိုဟင်ဂျာ'' ဟူသော အသုံးကို လုံးဝသုံးမသွားခဲ့ချေ။
မြန်မာနိုင်ငံသည် ''အစ္စလာမ်ဘာသာ''ကို လက်ခံ ထားပါ၏။ သို့သော်လည်း မရှိခဲ့သော ရိုဟင်ဂျာကိုလက် မခံထားချေ။ တစ်သက်လုံး ပြောခဲ့သည်မှာ လူမျိုး ၁၃၅ မျိုးသာဖြစ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကန့်ကွက်သည့်အခါမှ ရိုဟင်ဂျာခေါ်ခေါ်၊ ဘင်္ဂါလီခေါ်ခေါ် အရေးမကြီးပါဘူး၊ ပဋိပက္ခ ဖြေရှင်းနိုင်ဖို့ကိုသာ ပြောခြင်း ဖြစ်သည်ဟု လျှောချသွားသည်။ သို့ဆိုလျှင် အဘယ့်ကြောင့် နဂိုက တည်းက ဘင်္ဂါလီဟု မသုံးခဲ့ပါသနည်း။
ရောမပြည်မှာနေလျှင်ရောမလိုသာကျင့်ကြံသင့်သည်။ အာရှသားဖြစ်၍ အာရှသားတို့၏ တန်ဖိုးကိုအလေး ထားသင့်သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် ဘန်ကီမွန်းသည် ကုလသမဂ္ဂ၏ အခြေခံစည်းမျဉ်း၊ ပဋိညာဉ်ကို ချိုးဖောက်ခဲ့ပါသလား။ ကုလသမဂ္ဂ ပဋိညာဉ် တွင်
"Nothing in the Charter is to authorize the United Nations to intervene in matters which are essentially within the domestic jurisdiction of any state" ဟု အတိအလင်း ဆိုထား ပါသည်။
''မည်သည့် နိုင်ငံတစ်ခု၏ တရားစီရင်ပိုင်ခွင့်နယ် နိမိတ်အတွင်း ဝင်ရောက်စွက်ဖက်ရန်အတွက် ကုလသ မဂ္ဂကို အခွင့်အာဏာပေးထားခြင်း မရှိပါ''ဟူ၍ အဓိပ္ပာယ် ရပါသည်။
''ရိုဟင်ဂျာမရှိပါဘူး''ဟု တရားဝင် ကြေညာထား သည့် နိုင်ငံတွင် ''ရိုဟင်ဂျာ'' ဟူသော အသုံးအနှုန်းကို သုံးစွဲခြင်းသည် ထိုနိုင်ငံ၏ အချုပ်အခြာကို စော်ကားခြင်း သာဖြစ်သည်။ တောင်ကိုရီးယားတွင် မြန်မာအများအပြား ရှိနေပါသည်။ ထိုမြန်မာအများအပြားကို နာမည်တစ်ခုခု တီထွင်၍ ကိုရီးယားဌာနေ လူမျိုးစုအဖြစ် ကြွေးကြော်လျှင် လက်ခံနိုင်ပါမည်လား၊ စဉ်းစားဖို့သာဖြစ်သည်၊
သို့ဆိုလျှင် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ပဋိညာဉ်ကို ချိုးဖောက်ခဲ့ရာကျသွားသည်ဟု ဆိုရပါလိမ့် မည်။
သက်သေပြရန်လိုသည်
***************************
သမိုင်းပညာရှင်များ၏ ကဏ္ဍဖြစ်လာသည်၊ ခုရှုပ် မှ နောင်ရှင်းပြတ်ပြတ် သားသားဖြစ်ကြရန်လိုသည်ဟု မြင်သည်။ ရာဇဝင်ကြောင်း အတော်အသင့်သိထား တော့လည်း ခက်ပြန်သည်။ အထင်ရှားဆုံး ဥပမာတစ်ခု က ရိုဟင်ဂျာ ရှိ၊ မရှိကို မြန်မာတို့အား နှစ်ပေါင်း ၁ဝဝ ကျော်အုပ်ချုပ်သွားခဲ့သော မြန်မာနှင့်ပတ်သက်၍ရေး သားခဲ့သည့် အင်္ဂလိပ်သမိုင်းတွင် လေ့လာနိုင်သည်။ သူတို့လက်အောက်တွင် နေခဲ့ရသော နှစ်ပေါင်း ၁ဝဝ ကျော်အတွင်း အကြောင်းပေါင်းစုံ၊ အမည်ပေါင်းစုံ၊ လူ မျိုးပေါင်းစုံတို့ အကြောင်းကိုဖတ်ရပါလိမ့်မည်။
သို့သော် လည်း ရိုဟင်ဂျာဟူသော စကားလုံးကို တစ်လုံးတလေ မျှ တွေ့ရပါလိမ့်မည်မဟုတ်ပါ၊ ဘင်္ဂါလီများအကြောင်း တော့ အနည်းငယ်တွေ့နိုင်ပါသည်။ ရိုဟင်ဂျာ မရှိခဲ့ သောကြောင့် မတွေ့ရခြင်းဖြစ်သည်။
ရခိုင်သမိုင်းကို နှစ်ပေါင်း ၂ဝ ကျော်လေ့လာ သု တေသနပြုခဲ့သော ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် Dr. Jacques Leider ကလည်း ရခိုင်သမိုင်းတွင် ရိုဟင် ဂျာမရှိဘဲ ထိုဝေါဟာရမှာ အချို့သောသူများ၏သမိုင်း ကိုလှည့်ဖြားခြင်းမျှသာဟုဆိုသည်။
Dr. Jacques Leider အနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ရောက်စဉ် အတော် များများသော မွတ်စလင်များများကို မေးမြန်းခဲ့ပါသေး သည်။ အချို့မှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တွင် သွားလိုက်၊လာလိုက်နေထိုင်ကြသော မွတ်စလင်များဖြစ် ပြီး ရိုဟင်ဂျာများမဟုတ်ကြောင်း ဖြေဆိုခဲ့သည်၊ ဘင်္ဂ လားဒေ့ရှ်မှပြေးလာပြီး ရခိုင်ဒေသတွင်း ခိုးဝင်နေထိုင် သောသူများကို လည်းမေးမြန်းရာ အချို့မှာ မြန်မာ သို့မ ဟုတ် ရခိုင်စကားကိုပင် မပြောတတ်ကြသူများကိုတွေ့ရ ပါလိမ့်မည်။
ပြည်ပနေအဖွဲ့အစည်းတစ်ခု၏ စည်းရုံး မှုကြောင့် အချို့သောသူများက ချက်ချင်းလက်ငင်း ရို ဟင်ဂျာဟု ပြောင်းလဲဆိုခဲ့ကြသည်ဟုဆိုသည်။ ထိုသို့ ဆိုခြင်းအတွက်လည်း အထောက်အပံ့ရခဲ့ကြသည်ဟု ဆိုပြန်သည်။
ရိုဟင်ဂျာဟူ၍ သမိုင်းလိမ်ပြီး နယ်မြေဖဲ့ထုတ်ရန်ကြိုး စားသူတချို့၏ အသုံးချခံ အစ္စလာမ်ဘာသာဝင် တချို့ မှာ အကယ်စင်စစ် မြန်မာ စကားသော် လည်းကောင်း၊ ရခိုင် စကားကိုသော်လည်းကောင်း ပြောနိုင်ဆိုနိုင်ကြရပါလိမ့် မည်။ မြန်မာနိုင်ငံတွင်းသို့လည်းကောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်းသို့လည်းကောင်း ခိုးဝင်လာ၍ မကြာ ခဏ ဖမ်းမိသော ဘင်္ဂါလီများအရေအတွက်သည် မနည်း ပါးလှချေ။ ယခုထက်ထိပင် မကြာခဏ ဖမ်းမိနေဆဲဖြစ် သည်။ ဘင်္ဂလားဒေ့ရှ်သည် လူနေထူထပ်ပြီး၊ စိုက်ပျိုးမြေ မကောင်းဘဲ မြေနိမ့်ပိုင်းတွင်ဖြစ်သောကြောင့် မြန်မာ နိုင်ငံတွင်းသို့ ခိုးဝင်လာကြခြင်းဖြစ်သည်။
နောင်နှစ် ပေါင်းရာစုတစ်ဝက်တွင် ပင်လယ်ရေအောက်သို့ နယ် မြေတစ်ပိုင်းတစ်စရောက်ရှိသွားမည်ဖြစ်သော ဘင်္ဂလား ဒေ့ရှ်သည် နယ်မြေချဲ့ရန် ကြိုးစားနေရသည်။
ရခိုင်ဒေသရှိ အချို့သောနေရာများတွင် လူဦးရေ မွေးဖွားနှုန်း မတူညီသဖြင့် ရခိုင်လူဦးရေထက် ဘင်္ဂါလီ လူဦးရေက အလွန်အမင်းပို၍များပြားနေသည့်နေရာ များရှိလာနေသည်။ ဤအခြေအနေကို အကြောင်းပြု၍ နယ်မြေခွဲထွက်ရေး ဆောင်ရွက်ကာ ဘင်္ဂလားဒေ့ရှ်နှင့် ပေါင်းစည်းရန် ကြိုးစားနေသော ပညာတတ်အုပ်စုရှိနေ ပါသည်။ ဒေါက်တာ ဝါကာအူဒင်အကြောင်းသိသူ အတော်များများရှိနေကြပါလိမ့်မည်။ ရေနံထွက် နိုင်ငံ များ၏ကူညီ ပံ့ပိုးမှုဖြင့် ရိုဟင်ဂျာသမိုင်းလိမ်ကို ဦးစွာ ဆောင်ရွက်ကာ ရခိုင်ဒေသကို ဖဲ့ထုတ်ရန်ကြိုးစားနေ ကြသောအုပ်စုဖြစ်သည်။
ထိုအုပ်စုသည် အမေရိကန်အပါအဝင် ကုလသမဂ္ဂ ကိုလည်း ပေါက်ရောက်ကြသူများဖြစ်သည်။ မည်မျှကြိုး စားနေကြပြီး မည်သည့်နိုင်ငံတွင် မည်သူတွေနှင့်တွေ့ ဆုံဆွေးနွေးခဲ့ကာ မည်မျှသော ထောက်ပံ့ကြေးများရရှိ ကြပြီး၊ ပြည်တွင်းမှ မည်သူတို့နှင့် ချိတ်ဆက်ဆောင်ရွက် နေကြကြောင်းကိုလည်း အတော်များများက သိနေကြပြန် ပါသည်။ ပံ့ပိုးကြသူများကိုလည်း သိနေသလို၊ ထိုသူတို့၏ အနာဂတ်အစီအစဉ်ကိုလည်း သိရှိထားကြပြီး ဖြစ်ပါသည်။
ကုလသမဂ္ဂ အသုံးချခံမဖြစ်သင့်
***********************************
ကုလသမဂ္ဂကို ငွေကြေးအများဆုံး ထောက်ပံ့သူ က အမေရိကန်ဖြစ်သည်။ ယခုအခါ OIC နိုင်ငံများ၏ ထောက်ပံ့မှုက များစွာကြီးထွားလာပြီး ကုလသမဂ္ဂအ တွင်း သြဇာတစ်စုံတစ်ရာကြီးမားလာခဲ့ပါသည်။ ကုလ သမဂ္ဂသည် မိမိသီးခြားဝင်ငွေဖြင့် ရပ်တည်၍မရပါ၊ ဤ အနေအထားမျှလောက်သိပါလျှင်ပင် ကုလသမဂ္ဂ ဘာ လဲ၊ ဘယ်လဲကို ပုံဖော်၍ရနိုင်ပါလိမ့်မည်။
လူ့အခွင့်အရေးဟု ဆန္ဒစောစွာပြောလိုကြသူများ ကို မေးခွန်းအရင် ထုတ်ရပါလိမ့်မည်။ တစ်ကမ္ဘာလုံးဖြစ် ပျက်မှုမှန်သမျှတွင် စံနှုန်းတူညီသော လူ့အခွင့်အရေးကို အသုံးချခဲ့ပါသလားဟူသောမေးခွန်းဖြစ်သည်။ ခပ်ကျယ် ကျယ်ထုတ်အော်သည့်နေရာများရှိပြီး၊ ဖြစ်ပျက်မှုကြီး မားခဲ့သော်လည်း မသိကျိုးကျွန်ပြုခဲ့သော လူ့အခွင့်အ ရေးချိုးဖောက်မှုများရှိနေဆဲဖြစ်ပါသည်။
ရိုဟင်ဂျာဟု အမည်တပ်ရန်ကြိုးစားနေသော ဘင်္ဂါ လီဘက်မှ လူ့အခွင့်အရေးဟု ဆိုလျှင် ဌာနေရခိုင်တို့၏ လူ့အခွင့်အရေးဘက်က ဘာကြောင့်မကြည့်နိုင်ကြသလဲ ဟု မေးရပါလိမ့်မည်၊ လူဦးရေ ပေါက်ဖွားနှုန်းမတူသဖြင့် နောင်လာမည့်နှစ် ၅ဝ တွင် ဌာနေရခိုင်များ ပြန်၍ထွက် ပြေးရမည့် အခြေအနေကို လူ့အခွင့်အရေးဘက်က ဘာ ကြောင့်မကြားနိုင်၊ မစဉ်းစားနိုင်ကြရပါမည်နည်း။ ဧည့်သည်ကိုစာနာပါသည်။ သို့သော်လည်း အနာဂတ် တွင် အိမ်ရှင်ပြန်ထွက်ပြေးရမည့် အဖြစ်မျိုးကိုတော့ မ ရောက်စေလိုပါ။
မရှိခဲ့သော ရိုဟင်ဂျာကိုလက်ခံ၍ မရပါ၊ ဤသည် မှာ အမျိုးသားအရေး၊ နိုင်ငံ၏အရေး ဖြစ်ပါသည်၊၊ ပြတ်ပြတ်သားသား ဆောင်ရွက်ရမည့် ကိစ္စလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ နိုင်ငံရေးသမား အချို့၏ နိုင်ငံရေးထောက်ခံမှုရလိုခြင်း၊ ရွေးကောက်ပွဲ အနိုင်ရလိုခြင်းကြောင့် ထိုမှမွေးဖွားလာသော ပြဿနာ ကို ယခုအစိုးရ အမွေဆက်ခံနေရပါသည်။ နိုင်ငံကိုဦး ဆောင်လိုသော နိုင်ငံရေးပါတီ ခေါင်းဆောင်များ နှုတ် ဆိတ်မနေသင့်ပါ၊ ကိုယ့်နိုင်ငံ၏ အနာဂတ်ကို ကိုယ့်ပါတီ မဲရလိုမှုဖြင့် လောင်းကြေးမပြုသင့်ပါ။
အီရတ်ဘက်က 'ခဲ' တစ်လုံးမှ မပစ်ခဲ့ရပါဘဲနှင့် အမေရိကန်ဘက်က စစ်ဝင်တိုက်ခဲ့ပါသည်၊ အမေရိကန် အတွက် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသောကြောင့် လက်ဦးမှုရယူသည့်အနေဖြင့် စစ်တိုက်ခဲ့ခြင်းဖြစ်ပါ သည်။ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်ပါသည်၊ သို့သော်လည်း ကိုယ့်နိုင်ငံ ကိုယ့်အကျိုးစီးပွားအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် စစ်တိုက်ခဲ့သည်ဟု အမေရိကန်တို့ ဆိုထားပါသည်။ ကိုယ့်နိုင်ငံ ကိုယ့်အ ကျိုးစီးပွားအတွက်ဆိုလျှင် ဤသို့ဤမျှဆောင်ရွက်ကြ လေ့ရှိသည်ကို ကမ္ဘာအနှံ့အပြား ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါလိမ့်မည်။
အားလုံးကို မဆိုလိုသော်လည်း လက်ဝေခံလူ့အ ခွင့်အရေးသမားများ ကိုယ့်အကျိုးစီးပွားအတွက် နိုင်ငံ နှင့် လူမျိုးအနာဂတ်ဖြင့် မလဲလှယ်ပါနှင့်ဟု ဆိုချင်ပါ သည်။ သမိုင်းတရားခံထက် အဖြစ်ဆိုးသည့်ဖြစ်ရပ်မရှိ ပါဟု ဆိုချင်ပါသည်၊ တစ်ခါတစ်ရံတွင် မြန်မာတို့တလွဲ ဆံပင် ကောင်းတတ် ကြလေ့ရှိပါသည်။ ကိုယ့်နိုင်ငံကိုယ့် အကျိုးစီးပွားကို မှန်မှန်ကန်ကန် ကြည့်တတ်ဖို့လိုပါသည်။
နိုင်ငံတစ်ခုတွင် သူ့နိုင်ငံ၏ အချုပ်အခြာပိုင်ဆိုင် မှုရှိနေပါသည်။ ကုလသမဂ္ဂသည် ဆိုခဲ့ပြီးသည့်အတိုင်း မျှတသော ဒိုင်လူကြီးသာဖြစ်သင့်ပါသည်၊ မမျှတသော ဘက်လိုက်ဒိုင်လူကြီးမဖြစ်ရပါ။ ထို့ထက်ဆိုရလျှင် နိုင်ငံ တစ်ခု၏ အချုပ်အခြာအာဏာကိုထိပါးမှုမရှိရပါ။ ထို့ ကြောင့် ဘန်ကီမွန်းသည် ဒိုင်နေရာတွင်သာ နေသင့် သည်။ အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်ခု၏ သမ္မတက'မရှိပါ'ဟု တရားဝင်ထုတ်ဖော်ပြောထားသော လူမျိုးတစ်မျိုးကို အလေးမထားဘဲ သုံးစွဲခဲ့ခြင်းသည် မြန်မာနိုင်ငံ၏အချုပ်အခြာကို ထိပါးခြင်းနှင့် ကုလ သမဂ္ဂ၏ ပဋိညာဉ်ကို ချိုးဖောက်ခဲ့ခြင်းသာဖြစ်သည်ဟု ရေးသားလိုပါသည်။ ။
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...