Wednesday, November 26, 2014

"ကျနော် နဲ့ အင်တာဗျူး"

မြန်မာ နဲ့ စင်္ကာပူ ဘော်လုံးပွဲပြီးလို့ ကွင်းထဲက ပြန်ထွက်လာတော့ ကင်မရာကိုင်ထားတဲ့ သတင်းထောက်တစ်ယောက်က ကျနော့်ဆီ ပြေးလာပြီး ပြောတယ်... ...
"ဟာ... သန်ကိုးလေကြီးပါလား"
"သန်၎ကိုပါဗျ"
"အား.. ဆောဒီးဘဲဒီး... သန်၎ကို သန်၎ကို ဟုတ်တယ်"

"ပြော... ဘာကိစ္စတုန်း"
"ဘောပွဲလာကြည့်တာလား"
"မဟုတ်ဘူး ကိုယ့်ရဲ့ခန္တီစ သည်းခံနိုင်စွမ်းကို လာစမ်းသပ်တာ"
"ငင်... တညိုးပါလား၊ ဒါနဲ့ ခု ဘောလုံးပွဲ ရလဒ်လေး ပြောပြပါအုံး"
"၄-၂ နဲ့ နိုင်တယ်"
"ငင်... ကျနော်ကြားတာတော့ မြန်မာရှုံး ဆို"
"ဟုတ်တယ်... ကျုပ်က စင်္ကာပူ နိုင်တယ် ပြောတာ"
"ငင်... လူဇိုးဂျီး၊ ဒါနဲ့ ဒီပွဲလာကြည့်တော့ ဘယ်လိုများ မျှော်လင့်ချက် ထားလာပါသလဲ"
"ဟုတ်ကဲ့... အဆိုးဆုံးကို မျှော်လင့်ထားသလို၊ အဲဒီထက်ဆိုးတာအတွက်လည်း ပြင်ဆင်ထားပါတယ်"
"ငင်... ကောင်းတာကို တခုမှ မပါပါလား"
"ကောင်းစရာမှ မရှိတာ"
"အဆိုးဆုံးဆိုတာ ဘယ်လိုအခြေအနေကို ပြောချင်တာလဲ"
"ဥပမာဗျာ... ၆ ဂွေး ဂွေးမရှိ အဲလေ ဟုတ်ပေါင် ၆ဂိုး ဂိုးမရှိနဲ့ ရှုံးတာမျိုးပေါ့"
"ဂျာ... အဲ့လောက်ကြီးရှုံးနေမှတော့ သူ့ထက်ဆိုးတာ ဘာရှိသေးလို့တုန်း"
"ရှိတာပေါ့... အရှုံးလွန်လို့ ပရိတ်သတ်က ဒေါသထွက်ပြီး ထိုင်ခုံတွေချိုး ဘာတွေချိုး၊ ကွင်းထဲပုလင်းတွေနဲ့ပစ် ဘာညာဆို ဒီထက် မဆိုးဘူးလား"
"ဟုတ်ပါပြီ... ခုရော အဲလို လုပ်ကြသေးလား"
"လုပ်ပါဘူး၊ စင်္ကာပူရောက်မြန်မာပရိတ်သတ်တွေ စည်းကမ်းရှိတာ တွေ့ရပါတယ်၊ မြန်မာလူမျိုးတွေရဲ့ အဆင့်အတန်းကို ပြနိုင်ခဲ့ကြတယ်။ ကိုယ့်အမှိုက်ကိုယ်ရှင်းပြီး၊ ရှုံးပေမယ့် အပြုံးမပျက် သီချင်းဆိုပြီး ပြန်ခဲ့ကြတယ်"
"ကောင်းတယ်ဗျာ... မြန်မာ ဘောလုံးအသင်းကိုရော ဘာများပြောချင်ပါသေးလဲ"
"ဟို... တိုက်စစ်မှုးတွေကို ကြက်ဥနဲ့ ကျွဲရိုင်းလေး တိုက်ပေးပါလို့ မြန်မာအသင်းတာဝန်ရှိသူတွေကို ပြောပေးပါ"
"ဟုတ်ကဲ့... ငင်... ဘာလို့တုန်း"
"ဘောလုံးကန်ပြီး ဂိုးသွင်းတာနဲ့ မတူဘူး၊ ချစ်သူ့ပါး တယုတယပွတ်နေသလိုပဲ ညင်ညင်သာသာလေးရယ်၊ အားမရှိတာလား မသိ၊ ဒါ့ကြောင့်ပါ"
"ဟုတ်ကဲ့... တခြားရော ဘာများပြောချင်ပါသေးလဲ"
"အင်းး... ဘောလုံးကန်တာ ကိုယ့်ဘက်မှာ ၁၁ ယောက် တိတိရှိကြောင်း သိအောင်ပြောပေးပါ၊ တော်ကြာ တစ်ယောက်တည်း ကန်နေတယ် ထင်မှာစိုးလို့"
"ငင်... ဟုတ်ပါဘီဂျာ... ခုလို ဖြေပေးတဲ့အတွက် ကျေးဂျူးတင်ဘာဒယ်"
"ကျနော်ကလည်း လာမမေးတာကို မေးတယ်လုပ်ပြီး ကိုယ်ပြောချင်ရာ ပြောရလို့ ကျေးဂျူးတင်ဘာဒယ်"
သန်၎ကို - နောက်တာနော်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...