Monday, June 30, 2014

ရွာတွင်းဖြစ် (၁)

Kyaw Ba Thit's status.
ရွာမှာ ငယ်ငယ်တည်းက ကျွန်တော်ကြည့်မရတဲ့ အတန်းဖော်မတစ်ယောက် ရှိတယ်။
ကြည့်မရတာက ကျွန်တော်က သူနဲ့ပတ်သက်ပြီး ခံထားခဲ့ရတဲ့သူကိုး။

ဒီလို...။ သူက ကလေးတည်းက ဘုဆတ်ဆတ်၊ စွာတာတာ၊ အာဗြဲလျှာဗြဲရယ်...။
တစ်ခါမှာ ကျွန်တော်က (သူ့ဘက်က စွာတာတာပြောလို့ထင်ပါတယ်) ခွေးမ... လို့ သူ့ကို သွားခေါ်မိတယ်။ အဲဒါကို သူကလည်း ဆတ်ဆတ်ထိမခံ ခွေးထီး... ဆိုပြီး ကျွန်တော့်ကို ပြန်ပက်တယ်။

ခွေးမ... ခွေးထီး၊ ခွေးမ... ခွေးထီး.. နှစ်ယောက်သား အပြန်အလှန် ကိုက်ကြဖဲ့ကြရင်းက
နောက်ဆုံး ဆရာမကြားသွားပြီး ကျွန်တော့်ကို ခေါ်တီးပါလေရော....။ (သူ အော်ကြီးဟစ်ကျယ်လုပ်လို့ ဆရာမကြားသွားတာ၊ သူ့ကျတော့ အတီးမခံရဘူး)။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၆)

သစ်ထူးလွင်


Sunday, June 29, 2014

ဟာသ အတိုအထွာများ

" ‪#‎ရောဂါရှိမှ‬ သောက်မယ် "

" အစာကြေဖို့ အတွက် ကျနော် ဘီယာ သောက်တယ်..သွေးခုန်နှုန်း သိပ်ပြီး နိမ့်နေရင် ၀ိုင်အနီကို သောက်တယ်
တုတ်ကွေးဖြစ်ရင်တော့ ကော့ညှက် ဒါမှမဟုတ်ရမ်ကို သောက်တယ်

ထိုင်းနိုင်ငံရောက်ရွှေ.ပြောင်းမြန်မာအလုပ်သမားတို. သိသင့်သော ၄ နှစ်ပြည့်ဗီဇာအကြောင်း

27/6/2014

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီး ယခုအခါ နောက်ထပ် သက်တမ်း (၂) နှစ်ကို ထိုင်းနိုင်ငံ အစိုးရမှ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် တရားဝင် သက်တမ်းတိုးပေးလျှက်ရှိပါသည်။

အနုတ်လက္ခဏာစီမံခန့်ခွဲမှု



ရေးသူ-အရိုး
နိုင်ငံသည် ချက်ချင်းပြောင်းလဲသွားပြီဟု ယူဆ၍ရသောကာလကို ကျွန်တော်တို့ကြုံတွေ့နေရပြီ။ ဤသည် သမိုင်းဖြစ်၏။ နောင်တစ် ခေတ်တစ်ခါတွင် သမိုင်းတွင်လောက်သောကိစ္စဖြစ်ပေ၏။ အနည်း ငယ်ပြောင်းသွားသည်မဟုတ်။ ဘက်ပြန်လှန်ပြောင်းပစ်လိုက်သော အခြေအနေမျိုးဖြစ်ပေသည်။ အရာအားလုံးပိတ်ထားရာမှ အရာ အားလုံးကိုဖွင့်လှစ်ပစ်လိုက်ရန် အရဲကိုးလွန်းသော၊ သို့မဟုတ် သတ္တိ ကောင်းလွန်းသော အပြောင်းအလဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးပြောင်းပြန်လှန်။

အသက် ၅ နှစ်မှ ၁၆ နှစ်အတွင်း လမ်းပေါ်ကလေးများအတွက် ညပိုင်းစောင့်ရှောက်ရေးဂေဟာ ဖွင့်မည် ။


ရန်ကုန် ၊ မဇ္ဈိမ။ ။
အသက် ၅နှစ်မှ ၁၆နှစ်အထိ လမ်းပေါ်ကလေးငယ်များကို မွေးစာရင်းနှင့် မှတ်ပုံတင်များပါ ပြုလုပ်ပေးပြီး ညပိုင်းစောင့် ရှောက်ရေးဂေဟာဖွင့်လှစ်ပြီး စောင့်ရှောက်ပေးခြင်းကို ရပ်ရွာအခြေပြု ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စောင့်ရှောက်ပေးသွားမည်ဟု ရတနာ့ မေတ္တာ အဖွဲ့ဥက္ကဌ ဦးမြင့်ဆွေက မဇ္ဈိမကို ပြောသည်။

သေလိုက်ပါတော့ဟယ်. . . .



သူငယ်ချင်းမနှစ်ယောက်တို့ အအေးဆိုင် တစ်ဆိုင်တွင်း၌
စကားကောင်းနေကြသည်။
ဟဲ့ . . . ဒါနဲ့ . . . မင်းအမျိုးသားက မင်းကို လက်ထက်ခွင့်တောင်းတာ၊
မင်းကစဉ်းစားရကြပ်နေတယ်ဆို . . . .

အာဆီယံအသင်းကြီး၏ စိန်ခေါ်မှုများ ခင်မောင်ညို (ဘောဂဗေဒ)

June 29, 2014 at 12:39am


          ၂၀၁၅ ခုနှစ်တွင်၊ အာဆီယံအဝန်းအဝိုင်းပေါ်ပေါက်ရေးနှင့်၊ ၂၀၁၅ အလွန် ခရီးအတွက်၊ အာဆီယံအသင်းကြီးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ အရေးကြီးသောစိန်ခေါ်မှုများကို၊ ဖိလစ်ပိုင်နိုင်ငံ၊ မဟာဗျူဟာနှင့် ဖွံ့ဖြိုးရေးလေ့လာမှု ဗဟိုဌာနမှ၊ သုတေသီဟာနန်ဒက်ဇ်က၊ ဝေဖန်သုံးသပ်ထားသည်။

၁။ ငွေကြေးမလုံလောက်မှု
          အဖွဲ့ဝင်နိုင်ငံများသည်၊ ဖွံ့ဖြိုးမှုအဆင့် ကွာခြားကြသဖြင့်၊ ထိုဖွံ့ဖြိုးမှုကွာဟခြင်းကို၊ ပေါင်းကူးပေးရန်လိုသည်။ တဘက်တွင်၊ အဖွဲ့ဝင်နိုင်ငံများသည်၊ အာဆီယံအသင်းကြီးသို့၊ ရံပုံငွေထည့်ဝင်ရာတွင်၊ တန်းတူညီမျှမှုကို ပြသသည့်အနေဖြင့် တပြေးညီထည့်ဝင်ကြရသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၆)

သစ်ထူးလွင်


စာလုံးပေါင်းမှန်/မမှန်

လက်ခုပ်သံတွေရိုးရဲ့လား
ဓာတ်ခွဲစမ်းသပ်ကြည့်ဖို့လိုပြီ။
တစ်ရုတ်နဲ့ကုလား
ရုပ်သေးပညာတတ်သွားတာ မသိလိုက်ဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၆)

သစ်ထူးလွင်


Friday, June 27, 2014

ပြောမဆုံးသောရိုမန်းဘော့ထ်

June 27, 2014 at 12:30am
 

အခုမှ ဖတ်ရလို့ အခုမှ မှတ်ချက်ပေးလိုက်ပါတယ် အောင်ရင်ငြိမ်းရေ။
အောင်ရင်ငြိမ်းနဲ့ သိကျွမ်းပါတယ်။ သူ့အပေါ် ကာကွယ်စရာရော တိုက်ခိုက်စရာပါ မရှိပါ။ အားထုတ်မှုနဲ့ သတ္တိကို ကြိုဆိုပါတယ်။  ထိရောက်သော အားထုတ်မှုဖြစ်ရင် ပိုကောင်းပါတယ်။

လမ်းခွဲတာ ဝမ်းနည်းစရာလား


"သားရေ....မင်းဦးလေး ဆုံးသွားပြီ...ရေချိုးရင်း
လဲကျပြီးဆုံးသွားတာ..." အမေဖြစ်သူက ဖုန်းဆက်လာသည်။
…………………………………………
" ညီလေးရေ...ဦးလေးစိန်ဝင်း ဆုံးသွားပြီကွ...အကောင်းကြီးကနေ ရုတ်တရတ်ကြီး ဆုံးသွားတာကွာ... အစ်ကိုတောင် အလှူငွေ တက်နိုင်သလောက် ထည့်ခဲ့သေးတယ်..." အစ်ကိုဖြစ်သူက ဖုန်းဆက်လာသည်။

( အိမ်၌ မပြု-မထားသင့်သော ရှောင်သင့်သော အရာများ )


ခေတ်ကြီးသည် ၂၀ ရာစုမှသည် ၂၁ ရာစုသို့ရောက်ရှိလာခဲ့ပါပြီ။ အရာရာတို့သည်လည်း တစ်ခေတ်ပြီးတစ်ခေတ်ပြောင်းလဲခဲ့ကြပါပြီ။
သို့ပါသော်လည်းကျွန်တော်တို့ဘိုးဘွားစဉ်ဆက်ဆိုမိန့်ခဲ့ကြသောအောက်ပါအချက်ကလေးများ ကတော့ ဘာကြောင့်ပဲဖြစ်ဖြစ် အသက်ဝင်နေဆဲ၊ အလေးဂရုပြုရမည့် အရာများ ဖြစ်နေဆဲဖြစ်ပါတော့သည်။

ဘုရားရှိခိုးခြင်း ဟူသည်

ဘုရားရှိခိုးခြင်း ဟူသည်


ဘုရားရှိခိုးခြင်းသည် စိတ်တည်ငြိမ်အောင်ပြုလုပ်သည်ဟု မှားယွင်းစွာ ထင်မြင်သူအချို့ ရှိကြလေသည်။ အမှန်စင်စစ် ယင်းထက် အဓိပ္ပါယ်များစွာ ကျယ်ဝန်းသည်ကို သိရှိရန် လိုအပ်ပါသည်။

ဘုရားရှိခိုးပူဇော်ရန် နည်းလမ်းမှာ - ရတနာသုံးပါးအပေါ် ယုံကြည်မှုထက်သန်သော သဒ္ဒါ၊ စင်ကျယ်သော သီလ၊ တည်ငြိမ်သော သမာဓိ၊ မပြန့်လွင့်သော သတိ၊ သစ္စါလေးပါးနှင့် မြတ်တရားအကျိုး အကြောင်းတို့ကို သိမြင်သော ပညာ စသည့် ဗိုလ် အင်္ဂါ ငါးပါး ကပ်၍ ရှိခိုးရမည်ဟု အဘိဓမ္မာကျမ်းတွင် မြတ်စွာဘုရားရှင်ကိုယ်တိုင် အတိအလင်း ဟောကြားထားပါသည်။

အချိန်မှန်ကိုက် အဓိဌာန်ပြီး ဘုရားရှိခိုးခြင်း၊ ဂါထာရွတ်ခြင်း၊ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ခြင်း အစရှိသဖြင့်တို့က သဒ္ဒါ၊ သတိ၊ သီလ၊ သမာဓိ၊ ပညာ စသည်တို့ အမြဲစွဲကပ်၍ သာသနာ အဓွန့်ရှည်ရန်၊ ဘုရားဟော တရား မပျောက်ပျက်ရန် အကျိုးဆောင်ခြင်းတစ်မျိုးဖြစ်ရာ အမြဲပြုသော မဟာကုသိုလ်မျိုး ဖြစ်ရသည်။ သို့သော်လည်း ယခုခေတ်အခါ ယင်းသို့ အကျိုးသိမြင် ရှိခိုးခြင်းထက် အခြားရည်ရွယ်ချက်များ ဖြင့် ရှိခိုးနေကြသည်။ ဥပမာ- ကံ့ညံ့များ ပျောက်ရန်၊ ချမ်းသာရန်၊ အသက်ဘေးလွတ်မြောက်ရန်၊ စီးပွားဥစ္စာ တိုးပွားရန်၊ စာမေးပွဲအောင်ရန်၊ ရာထူးတိုးရန် ဟူ၍ ဖြစ်သည်။ အမှန်စင်စစ် ယင်းသို့ အကျိုးမျော်၍ ရှိခိုး ခြင်းသည် လောဘစိတ် အခြေခံခြင်းဖြစ်သောကြောင့် ကိလေသာပို၍ စွဲမြဲရသည်။ အကုသိုလ်ဖြစ်တတ်သည်။ သို့တည်းမဟုတ် ညံ့ဖျင်းသော ကုသိုလ် ဖြစ်ရသည်။

ထို့ပြင် ဘုရားရှိခိုးခြင်းဟူသည် ပြုခဲ့သော အပြစ်၊ အကုသိုလ်များ ပျောက်စေ ရန်လည်း မဟုတ်ပါ။ မည်သည့် ကံကိုမှ ဘုရားက ပြန်လည် ပြုပြင် စီရင်ပေး၍မရ။ ဘုရားရှိခိုးခြင်းက မိမိဟာ သဒ္ဒါ၊ သတိ၊ သမာဓိ၊ ပညာ၊ သီလ စတာတွေနဲ့ ပြည့်စုံနေသေးပြီး ရတနာသုံးပါးကို အမြဲပူဇော်ဆည်း ကပ်တယ်ဆိုတာကို ပြန်လည် အမှတ်ရ သတိကပ်စေခြင်း၊ သာသနာ မကွယ်ပျောက်စေရန် ဘုရားဟော ဂါထာများကို ပြန်လည် ရွတ်ဖတ်ခြင်း၊ နတ်လူ အပေါင်း အမျှဝေသည်က မေတ္တာ ဘာဝနာ ကုသိုလ်ယူခြင်း၊ စသည်ဖြင့် စသည်ဖြင့်ဘုရားရှိခိုးခြင်း၏ အကြောင်းတရား များက အင်မတန် ပေါများလှပါတယ်။ အကြောင်းတရားများသလောက် အကျိုးတရား အဖြင့် မဟာကုသိုလ်ထူးများ ရသည်။

ထို့ကြောင့် ဘုရားရှိခိုးခြင်းဟူသည် စိတ်တည်ငြိမ်အောင်လုပ်သည် ဆိုသော သေးသိမ်သည့်အတွေးကို ပျောက်ပျက်စေပြီး ဘုရားဟောတရား အတိုင်း ကြောင်းကျိုးသိမြင် ရှိခိုးပူဇော်ရန် လိုအပ်ပါသည်။

ဘုရားဟောတရား၊ သုတ်၊ ဂါထာ၊ ကျမ်းများကို မကွယ်ပျောက်စေခြင်းငှာ အဓိပ္ပါယ်လေ့လာသိရှိပြီး ရွတ်ဖတ်ပူဇော်ခြင်းက သာသနာကို တည်တံ့စေသကဲ့သို့ မဂ်ဖိုလ်၊ နိဗ္ဗာန် ရောက် အကျိုးထူးလှပါသည်။ အမှန်ကိုသိ ဥာဏ်မျက်စိဖြင့် လေ့လာသိမြင် ကျင့်ကြံနိုင်ကြပါစေသော်။
---
အောင်ခမ်း (ရိုးရာလေး)

ရိုးရာလေး ဓမ္မစာပေ

လ

---

ဘုရားရှိခိုးခြင်းသည် စိတ်တည်ငြိမ်အောင်ပြုလုပ်သည်ဟု မှားယွင်းစွာ ထင်မြင်သူအချို့ ရှိကြလေသည်။ အမှန်စင်စစ် ယင်းထက် အဓိပ္ပါယ်များစွာ ကျယ်ဝန်းသည်ကို သိရှိရန် လိုအပ်ပါသည်။
ဘုရားရှိခိုးပူဇော်ရန် နည်းလမ်းမှာ - ရတနာသုံးပါးအပေါ် ယုံကြည်မှုထက်သန်သော သဒ္ဒါ၊ စင်ကျယ်သော သီလ၊ တည်ငြိမ်သော သမာဓိ၊ မပြန့်လွင့်သော သတိ၊ သစ္စါလေးပါးနှင့် မြတ်တရားအကျိုး အကြောင်းတို့ကို သိမြင်သော ပညာ စသည့် ဗိုလ် အင်္ဂါ ငါးပါး ကပ်၍ ရှိခိုးရမည်ဟု အဘိဓမ္မာကျမ်းတွင် မြတ်စွာဘုရားရှင် ကိုယ်တိုင် အတိအလင်း ဟောကြားထားပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၆)

သစ်ထူးလွင်


ရိုမန်းဘော့ထ်ဖတ်အပြီး နောက်ဆက်တွဲ အတွေးများ

 

       "ဒီစာအုပ် ဖတ်သွားပြီးတော့ erotica လို့တော့ မထင်တော့ဘူး။ ကာမရာဂ စိတ် ဆွမှ ဆွမပေးနိုင်ပဲကိုး။ ဒါပေမဲ့ ကျွန်တော် ဖတ်နေတာ ဝတ္ထုတစ်ပုဒ်လား၊ ဒါမှမဟုတ် အဆိုအမိန့်တွေ၊ အတုံးလိုက် အတစ်လိုက် စုထည့်ထားတဲ့ အဆိုအမိန့်ပေါင်းချုပ်လားလို့ သံသယ ဖြစ်သွားတယ်။ 

Thursday, June 26, 2014

#‎Pro‬ Photographer ဖြစ်ချင်တယ် .. ဘာတွေ လိုအပ်ချက် ရှိပါလဲ ...


ခဏခဏ မေးခံရတဲ့ မေးခွန်းပါ ...
ကျနော့် ပုံတွေ ပြီးပြည့်စုံ တယ်လို့ ဘယ်တော့မှ ကိုယ့်ကိုကိုယ် မတွေးမိပါဖူး .. အမြဲ လိုအပ်ချက် အနည်းငယ် ရှိနေစမြဲ .. လိုက်ရှာဖွေနေမြဲပါ ။ ... သို့သော် လဲ ..
Pro တယောက်ဖြစ်လာဖို့ အလွယ်ကူဆုံး ဖြတ်လမ်း နည်းလမ်းတွေ ပေးရမယ်ဆိုရင်တော့ ...
၁။ အချိန်တိုင်း ကိုယ့်ကင်မရာ ကိုယ်ကလိနေပါ ...

“ရိုမန်ဖွတ်တို့ရဲ့ ၄၃၆ ကမ္ဘာ”

၂၀၁၄ ခုနှစ်ထုတ် “ရိုမန်းဘော့ထ်တို့ရဲ့ကမ္ဘာ” အပြာစာအုပ်ကတော့ ပတ်စာခွါ၊ ဖျာလိပ်သွားပါပြီ။ စာအုပ်ရေးသူရော ထုတ်လုပ်ဖြန့်ချိသူတွေပါ ပြည်ထဲရေးဌာနက ခြေရာခံ လိုက်နေကြပြီ...ဆိုပါတယ်။
အသက် (၁၈) နှစ်အောက် လူငယ်လူရွယ်တွေကို လမ်းမှားရောက်စေနိုင်တာရယ်၊ (၁၈) နှစ်အထက် လူကြီးတွေအတွက် ဒီစာအုပ်ဟာ အကြောင်းပြချက် တစ်ခု ဖြစ်လာနိုင်တာရယ်... နဲ့ အထူးသဖြင့် အပြာဝါသနာရှင်အတော်များများ ပီဒီအက်ဖ်ဖိုင်အသီးသီး ဒေါင်းလုတ်ဆွဲပြီးကုန်တာရယ်... ကို ထောက်ဆကြည့်တော့ ပြည်ထဲရေးက ဒီစာအုပ်ကို ပိတ်ဖို့၊ သိမ်းဖို့၊ ထိန်းဖို့ လုပ်တာဟာ သင့်တင့်မျှတတဲ့ ကိစ္စလို့ ယူဆရမှာ ဖြစ်ပါတယ်...။

~တညင်းသီး နှင့် သူ၏အဆိပ်~

Written By Åüñg Kÿáw Sôë on Monday, May 6, 2013 | 1:49:00 AM


~တညင်းသီး နှင့် သူ၏အဆိပ်~
(အဆိပ်တွေနဲ့အသီး)

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။
အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific
name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကိုDjenkilismလို.ခေါ်ပါတယ်။အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီးအသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း
ပိုများတယ်လို.ဆိုပါတယ်။

အဆိပ်သင်.ခြင်း...

တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော. အပ်ချောင်းပုံလေးတွေကိုပုတီးသီသလို သီထားတဲ.ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ.တစ်ခုအလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင်အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။ ကျောက်ကပ်ကတော.ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင်ပါဝင်တဲ.အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါအသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကိုပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်
တညင်းသီးမှာပါတဲ. အဆိပ်ကိုတော.ပျက်ပြယ်အောင်မလုပ်နိုင်ဘူးလို.ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေစွန်.ထုတ်ဖို.ကြိုးစားရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို.တတ်ပါတယ်။နောက်ပြီးအပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို. သွေးကြောလေးတွေပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ.အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို.မရဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို.
တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေများလာပြီးဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင်အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက်
ကျောက်ကပ်ပျက်စီးခြင်း (Acuterenal failure) လို.ခေါ်ပါတယ်။ ကျောက်ကပ်သန်.စင်စက် (Renal dialysis) နဲ.အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်...

တညင်းသီးမှာပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ.
အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကိုပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည်.၀သွားတဲ.အတွက်အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါတစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံးသုံးကြိမ်မှငါးကြိမ်ထိရေများများနဲ. ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ. ရေတွေကိုလည်းသွန်ပစ်ပြီးရေအသစ်နဲ.ထပ်ပြုတ်ရမှာပါ။ဒါဆိုရင်တော.အန္တရယ်တော်တော်လျော.သွားမှာပါ။တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်.ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို.များမီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော. 100%ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။တညင်းသီးကို ဆားရည်မှာကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေးလျော.နည်းသွားတယ်လို.ဆိုပါတယ်။တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင်.ထုတ်ပြန်ရေးသားထားတာတွေလည်း
ရှိပါတယ်လို.ဆိုတယ်။ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်းအနံ.ဆိုးပေးတဲ.ဒီလိုအသီးကိုတတ်နိုင်သမျှတော့မစားသင့်ဘူးလို့ထင်ပါတယ်။


post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note copy (ဒေါက်တာ ခင်မောင်လွင်-FAME) from moetmoetlwin
note&photo credit to original uploader

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။
အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို. ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။

ကောင်းလိုက်တဲ့..ရွှေဥာဏ်တော်

‪#ကိုမောင်ပု‬..ခင်ဗျားဗျာ.လူငယ်ခေါင်းဆောင်လုပ်နေပြီး
ဟို.မူးရူးသောက်စားနေတဲ့.လူကိုဘာလို့ အုပ်ချုပ်ရေးမှူးမဲပေးခိုင်းတာလဲ
သူအိမ်ကမိန်းမနဲ.ကလေးနှစ်ယောက်ကိုတောင်.နိုင်အောင်မအုပ်ချုပ်နိုင်တဲ့လူကို
ခင်ဗျားမို့ .မဲပေးခိုင်းတယ်..အံ့ရော...........................

ထီးကလေးကို အားနာလို့ .....

<<<<<  ထီးကလေးကို အားနာလို့ ..... >>>>>

ထီးအဟောင်းလေးတစ်လက်
မိုးရွာတဲ့အခါ ဆောင်းဖို့အတွက်
ရည်ရွယ် သိမ်းဆည်းထားခဲ့တယ်။

မိုးတွေရွာပါပြီ...
ဒီရာသီမှာလည်း သွားလာဖြစ်ပါတယ်
မိုးတိတ်အောင် စောင့်ပြီးတော့ပေါ့။

မိုးတွေရွာနေပေမယ့်
အားနာမိတဲ့ကြောင်းကြောင့်
ထီးကလေးကို မဆောင်းဖြစ်ခဲ့ဘူး။

ထီးကလေးဖွင့်ပြီး မော့ကြည့်မိတဲ့အခါ
တစ်ခါက ချစ်သူမျက်နှာကို
မြင်ယောင်လာလို့ပါ။

ဟိုးအရင်မိုးတွေရွာတုံးက
ချစ်သူပြုံးရင်း ကိုယ့်နံဘေးမှာ
ထီးကလေးကို မော့ကြည့်ခဲ့ဘူးတယ်....။

အခုတော့လေ....
မိုးရေတွေ စိုချင် စိုပါစေတော့
ထီးကလေးမဆောင်းချင်တော့ဘူး
ပြီးပြည့်စုံတဲ့ အပြုံးလေးကို
ထီးကလေးလွမ်းမှာ စိုးလို့ပါ။

(ကွန်ဆူးမား)(၂၄-၆-၂၀၁၄)




ထီးအဟောင်းလေးတစ်လက်
မိုးရွာတဲ့အခါ ဆောင်းဖို့အတွက်
ရည်ရွယ် သိမ်းဆည်းထားခဲ့တယ်။
မိုးတွေရွာပါပြီ...

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၆)

သစ်ထူးလွင်


Wednesday, June 25, 2014

`` မိုးတွေလည်း ရွာနေပါစေ.....´´


ကျွန်တော် သားငယ်လေးနဲ့ ဆိုင်ကယ်စီးဖြစ်တော့ လေပြေလေးက တဖြည်းဖြည်းနဲ့ တင်းလာတယ်..... မိုးငွေ့မိုးသက်လေးတွေလည်း ပါလာတယ်...၊ မကြာခင် မိုးရွာတော့မယ်ဆိုတဲ့ သဘော...... ထီးလည်းမပါ၊ မိုးကာလည်း မပါ၊ အိမ်နဲ့ကလည်း သုံးမိုင်လောက် ဝေးနေပြီ.... ဒါနဲ့ လမ်းဘေးက ရှုခင်းသာ အမိုးလေးအောက်ကို ၀င်လိုက်တယ်....။

#‎ပြည်သူ့တရားရှင်နှင့်‬ သာသနာရေးဝန်ကြီး

ကျန်းလုံ။ ။ မောင်ဆန်းဆင့်ကို ဆင့်ခေါ်စေ။
ဝယ်.....ဝူ......။
မောင်ဆန်းဆင့်။ ။ ပေါင်သာရန် ကျွန်တော်မျိုးမတရားခံရတာပါ။
ပေါင်ချိန်။ ။ ဒုန်း....
မောင်းဆန်းးးးဆင့်
မောင်မင်းက ဘာဖြစ်လို့ မတရားဘူးပြောရတာလဲ။
မောင်ဆန်းဆင့်။ ။ ပေါင်သာရန်
ကျွန်တော်မျိုးစားတာ တစ်ရာတည်းပါ။
ဒါပေမယ့်။
ပေါင်ချိန်။ ။ ဘာဒါပေမယ့်လဲ။
ရှင်းရှင်းလင်းလင်းပြောပါ။

အဆွေခင်ပွန်းကောင်း ဟူသည်



တနေ့သ၌ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား ပေါင်းဖော်အပ်သော အဆွေခင်ပွန်းကောင်းအကြောင်း
ဤသို့ ရှင်းပြ မိန့်တော်မူသည် ရဟန်းတို့ အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကောင်း ကို ပေါင်းဖော်အပ်၏။
ထိုအင်္ဂါ ခုနစ်ပါးကား-
၁။ သူတပါးကို ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏။
၂။ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏။

ဘယ်သူ့အတွက် အခွန်တော် ဆောင်နေကြတာလဲ (အပိုင်း(၁)


နှစ်စဉ် ငွေကျပ်တစ်သိန်းကျော်ကို မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ပြည် တွင်းအခွန်ဦးစီးဌာန သို့ ပေးဆောင်ရသည်ကို သူ မှတ်မိနေသည်။ အမြတ်ခွန်လား၊ ဝင်ငွေခွန်လားဆိုတာတော့ သူ နားမလည်ကြောင်း လှိုင်မြို့နယ် စံပယ်ခြံ ၂လမ်းတွင်နေထိုင်သော အသက် ၈ဝကျော်အရွယ်အငြိမ်း စားဝန်ထမ်း ဦးသန်းကဆိုသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၆)

သစ်ထူးလွင်


Tuesday, June 24, 2014

(ကတ္တရာ လမ်းပေါ် နွားလှည်းမမောင်းရ.....)


`` ဟိုင်းရော......... ဟိုင်းးးးးးးးးးးးး´´ ကျယ်လောင်စွာ အော်ဟစ် သွားသော လှည်းမောင်းသမားကို ကြည့်မိသည်။
အော်ယုံအော်နေသည်မဟုတ်၊ လက်ထဲက နှင်တံနှင့်လည်း တဖုန်းဖုန်းရိုက်နေသည်၊ မြီးညှောင်းရိုးအနားကိုလည်း နှင်တံထိပ်မှသံချွန်ဖြင့် အကြိမ်ကြိမ် ဆောင့်ဆောင့် ထိုးနေသည်၊ နာလို့ဖြစ်မည် လှည်းကတော့ မြန်မြန်ဆန်ဆန် သွားနေသည်၊ ခနော်ခနဲ့ မြေလမ်းပေါ်မှာပေါ့....

#‎သူတို့မသိဘူး‬


မိမိကိုယ်မိမိ စပါးစေ့ဟု ထင်နေသော စိတ်ဝေဒနာရှင် တစ်ယောက် စိတ်ရောဂါ အထူးကု ဆေးရုံသို့ ရောက်လာသည်။
လအနည်းငယ်ကြာ ကုသမှု ခံယူပြီးနောက် မိမိကိုယ်မိမိ လူဖြစ်သည်ဟု အသိအမှတ်ပြုသောကြောင့် ဆေးရုံမှဆင်းခွင့်ပေးလိုက်သည်။ သို့သော် ဆေးရုံမှထွက်ပြီး မိနစ်ပိုင်း အတွင်း ကြောက်လန့်တကြားဖြင့် ဆေးရုံထဲငှင်းပြန်ပြေးဝင်လာသည်။

အလှူအတန်း ရက်ရောတဲ့ ဟယ်ရီပေါ်တာ စာရေးဆရာမ


ဟယ်ရီပေါ်တာ ဝတ္တု အဆက်များစွာ ရေးသားခဲ့သူ အသက် ၄၈ နှစ် အရွယ် J. K. Rowling ဟာ ဗြိတိန်မှာ အချမ်းသာဆုံး အဆင့် ၃၀ မှာတောင် ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့ အချမ်းသာဆုံး ဘီလျံနာ တစ်ထောင်ကျော် စာရင်းထဲမှာလည်း ပါဝင်ခဲ့ ပါတယ်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...