Wednesday, April 30, 2014

အထက်ကလူတွေ ထီးတင်၊ အောက်ကလူတွေ သေပွဲဝင်နေတဲ့ ခေတ်လား - မေဇင်တင်အောင်


ကျွန်မ၏ချစ်လှစွာသော ဖခင် တစ်ယောက်လုံး ဆုံးရှုံးရခြင်းနှင့် စပ်လျဉ်းပြီး တခြားသော ဖခင် ဆုံးရှုံးရသူတွေ များစွာရှိကြောင်း ဦးစွာပြောပါရစေ။
ကျွန်မအဖေက ရဲတပ်ကြပ် ဦးတင်အောင်ပါ။ နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေပါတယ်။ တပ်ရင်း ၂၀ ဗုဒ္ဓဂယာမှာပါ။ အကြောင်းကတော့ အဲဒီမှာတပ်သားတွေ နေဖို့နေစရာ မရှိပါဘူး။

''ခရိုနီတစ်ဦးပြောပြသော တိရစ္ဆာန်မွေးမြူရေးထက်ကိုက်တဲ့ လူကြီးမွေးမြူရေး (၃)''


ပြီးခဲ့တဲ့အပတ်မှာ ခင်ဗျားပြောတဲ့ လူကြီးတစ်ယောက် မိန်းမကို ရွှေပုတီးကြီး လက်ဆောင်ပေး၊ အဲဒီလူကြီး ဧည့်ခန်းထဲကို ဒူးနှစ်ချောင်း ထောက်ဝင်တာ ဘယ်ခရိုနီလဲဆိုတာ ပရိသတ်က အရမ်း သိချင်နေကြတယ်လို့ မေးမိတော့ ခရိုနီကြီးက ရယ်ပြီး နာမည်တော့ မပြောပါရစေနဲ့။ ခင်ဗျားရေးရင်း အဲဒါ ဘယ်သူဆိုတာ စာဖတ်ပရိသတ်က သိလာပါလိမ့်မယ်။

ကူညီတယ်ဆိုပြီး အလွဲသုံးစားလုပ်နေတဲ့ NGO အချို့ကို ဝေဖန်ကြပြီ၊ အချို့ NGO နှင့် INGO များ စီမံခန့်ခွဲမှုစရိတ် ရာခိုင်နှုန်း ၇၀ အထိရှိနေ


မြန်မာနိုင်ငံအတွင်း လုပ်ကိုင်လျက်ရှိသော အချို့ NGO များနှင့် INGO အဖွဲ့အစည်းများသည် ၎င်းတို့၏ စီမံခန့်ခန်မှုစရိတ်ကို ၎င်းတို့ရရှိသော ငွေကြေး၏ ရာခိုင်နှုန်း ၇၀ အထိ အသုံးပြုနေပြီး အများပြည်သူသို့ လက်တွေ့ကူညီမှုမှာမူ ရာခိုင်နှုန်း ၃၀ ခန့်သာ သုံးစွဲလျက်ရှိကြောင်း NGO အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများ၊ ပညာရှင်များက ပြောကြားသည်။

နုပျိုအောင် ဘယ်လိုနေမလဲ


1. အရေးမပါတာတွေကို ဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့ အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲ ပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။ ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးဗျာ။ ဒါကြောင့်လည်း ဆရာဝန်တွေကို များများလေးပေးရတာပေါ့လေ။

လူတစ်ယောက်၏ တန်ဘိုး

Sai Sai shared her photo.

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......" ခင်ဗျား သချာင်္ဗေဒတတ်သလား"" ကျွန်တော် မတတ်ပါဘူး""ရူပဗေဒ တတ်သလား""ဒါလဲ မတတ်ပါဘူး"" ဒါဆိုရင် ခင်ဗျား ကွန်ပျူတာသုံးတတ်သလား"

ဆြာဒင် နန်းတော်ရှေ့ပါဗျာ။ သွင်းဆိုသည့်စာ။ ဆြာဒင်နှင့်ရွှေပင်ရွာမှရှက်တတ်ကြသူများ။


(၁)
"တခေါက်လောက်ကြွခဲ့ကြစမ်းပါ။ ကျုပ်နှမများကိုဖိတ်ကြားချင်ပါတယ်ခင်ဗျာ။ ထိန်ဝါရောင်တိမ်တောင်တွေ စိမ်းစိမ်းစို ကိုယ်တို့ရွာ၊ ခုများတော့ မြို့ကြီးလို ဓာတ်မီးရောင်ရှိန်ကုသိုလ်ဖြစ်ဆေးရုံ၊ပွဲနဲ့လမ်းနဲ့သာသာယာယာ စာသင်ကျောင်းတွေနဲ့ရှေးကနဲ့မတူပါ ကျေးရွာ ဝါဒပြောင်းလဲလိုက်ကြပေါ့ခင်ဗျာ၊ ဟာ ဟာ ဟာ"

အမေ့ရဲ့ ဟင်းကောင်းတစ်ခွက်

True Man's photo.
Photo: အမေ့ရဲ့ ဟင်းကောင်းတစ်ခွက်
*******************

ဟင်းကောင်းတစ်ခွက်ကို မြိန်ရေယှက်ရေ စားရဖို့ မလွယ်လှကြောင်း အမေက ခဏခဏပြောပြဖူးတယ်။ သူမအနေနဲ့  စိတ်ရှည်ရှည်ထားရ
ကြောင်း၊ ဟင်းထဲကို ထည့်မယ့် ပါဝင်ပစ္စည်းတွေကို အချိုးညီ အချိန်အဆညီအောင် ပေါင်းစပ်နိုင်ရကြောင်း၊ ဆုံးဖြတ်ချက် ခိုင်မာရကြောင်း
တွေလည်း ပြောပါတယ်။

ဒီဘက်ခေတ်ရောက်လာတဲ့အခါ  လေ့လာစရာအလွန်များပြားပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ မီးဖိုကြီးအကြောင်း သိပ်မကြားဖြစ်တာတော့
အမှန်ပါ။ အမေတို့ ခေတ်မှာက မိန်းမသားတစ်ယောက်ရဲ့ မီးဖိုးချောင်စီမံခန့် ခွဲမှု ပညာဟာ သိပ်ပြီး ကြီးကျယ်မြင့်မြတ်တယ်လို့  သိရတယ်။
ယနေ့ ခေတ်မှာတော့ အမျိုးသမီးငယ်တွေက မီးဖိုခန်းကို ၀င်ရမှာပင် ဂုဏ်ငယ်စရာ၊ သေးသိမ်ဖွယ်ရာအဖြစ်တောင် သတ်မှတ်လာကြတာ
ကို တွေ့ ရတယ်။

မီးရဖို့ အတွက် ထင်း၊ ဖွဲ စတာတွေကို အရင် ကောက်ရတယ်။ ပြီးပြန်ရင်လည်း မီးတောက်ရအောင် ဘယ်လို မီးမွှေးရမလဲဆိုတာ သိရတယ်။
ပစ္စည်းတွေရှိပြီး မီးမမွှေးနိုင်တဲ့ မိန်းကလေးတွေလည်း တွေ့ ဖူးခဲ့တယ်။ အခုတော့ လျှပ်စစ်အားတွေကနေ အကူယူပြီး ဖန်တီးလာပြီဆိုတော့
မီးဖိုတွေက ထင်းတွေ၊ ဖွဲတွေ မလိုတော့ဘူးပေါ့။ ဒါတောင် ဟင်းအိုး မတူးရအောင် အပူ အတိုး၊ အလျှော့ကို သိမှ ရလိမ့်ဦးမယ်။

မီးဖိုချောင်စီမံခန့် ခွဲမှုဟာ အိမ်တွင်းမှုတည်ငြိမ်အေးချမ်းဖို့  လွန်စွာ အရေးကြီးပါတယ်။ ဘယ်ဟင်းကို ဘယ်လိုချက်ရမလဲ၊ ဦးစားပေးပြီး အရင်
ချက်သင့်တာ ဘာတွေလဲ၊ အချိန်ဘယ်လောက်ယူရင် လုံလောက်သလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေက ခိုင်မာရတယ်။ ဟင်းတစ်ခွက်အတွက်အရေး
ကြီးတာတော့ အပေါ့၊ အငန်ပေါ့။ စားကောင်းအောင်၊ ကျန်းမာရေးနဲ့ ညီအောင်၊ မပေါ့ မငန်အောင် သဟဇာတဖြစ်ဖို့  တွေးတောကြံဆမှုလည်း
ထပ်ပေါင်းနိုင်ရတယ်။

အမေတို့ မိန်းမသားတွေချက်တဲ့ ဒီဟင်းတွေမှာ အသိပညာတွေ၊ အတတ်ပညာတွေ ပေါင်းစပ်ထားတယ် ဆိုတာ သိလာရတယ်။ ပြီးရင် မိန်းက
လေးတစ်ယောက်ရဲ့ ကြင်နာမှု၊ ချစ်ခင်မှု၊ သိမ်မွေ့ မှု၊ လေးနက်မှု စတဲ့ အရည်အသွေးတွေကို သူချက်တဲ့ ဟင်းတစ်ခွက်မှာ တွေ့ နိုင်ပါတယ်။ မိမိ
ချက်ပြုထားတာကို စားချင်စိတ်ဖြစ်လာအောင် တီထွင်ကြံဆပြီး ပြင်ဆင်တဲ့ အပိုင်းကလည်း လိုသေးတယ်။

လင်ယောင်္ကျားနဲ့  သားသမီးတွေကို ကောင်းစွာ ထိန်းသိမ်းနိုင်ဖို့ ရာ ထမင်းဝိုင်းရဲ့ပြည့်စုံမှု အပိုင်းဟာ တော်တော်အရေးပါတယ်လို့ ဆိုနိုင်တယ်။
ဟင်းတစ်ခွက်ကြောင့် မိသားစုကြား ကြီးမားတဲ့ ပြဿနာတွေ ဖြစ်တာကို သင်ခန်းစာယူကြရမယ်။ တစ်နေ့ တာအတွက် မိသားစု စည်းစည်းလုံး
လုံးနဲ့  ရှိနေနိုင်တာ ထမင်းဝိုင်းထဲမှာသာ ဖြစ်တယ်။ မိတ်ဆွေနဲ့ ထိတွေ့ ရတဲ့ သံသမန်ရေးရာတွေမှာလည်း ဟင်းကောင်းတစ်ခွက်က နေရာအ
ပြည့်ယူထားနိုင်တာကိုလည်း သတိပြုသင့်တယ်။

ဒီတော့ ထမင်းဝိုင်းကို တန်ဖိုးထားတတ်ရမယ်။ ပြောင်းလဲမှုတွေ ဘယ်လောက်ရှိရှိ အမေရဲ့ ဟင်းကောင်းတစ်ခွက် နေရာယူထားတဲ့ ထမင်းဝိုင်း
ဟာ လူတိုင်းရင်ထဲမှာ အမှတ်တရအရှိဆုံးဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဟင်းကောင်းတစ်ခွက် မိသားစုအတွက် ဖန်တီးပေးတဲ့ မိန်းမသားများဟာ
မီးဖိုကို စိတ်ဝင်စားဖို့ လိုပါတယ်။ စီမံခန့် ခွဲမှုကို ပိုင်နိုင်စွာ လုပ်နိုင်ရမယ်။ အပြင်လောကမှာလည်း စီမံခန့် ခွဲမှုဟာ အသုံးဝင်တော့ ပညာတောင်
ရပါသေးတယ်။ မီးဖိုဝင်ရတာ သိမ်ငယ်စရာလို့  သဘောထားတဲ့ အမျိုးသမီးများအနေနဲ့  အမေ့ရဲ့ ဟင်းကောင်းတစ်ခွက်တန်ဖိုးကို သိရှိနားလည်
နိုင်ပါစေကြောင်း..။

True Man

ဟင်းကောင်းတစ်ခွက်ကို မြိန်ရေယှက်ရေ စားရဖို့ မလွယ်လှကြောင်း အမေက ခဏခဏပြောပြဖူးတယ်။ သူမအနေနဲ့  စိတ်ရှည်ရှည်ထားရကြောင်း၊ ဟင်းထဲကို ထည့်မယ့် ပါဝင်ပစ္စည်းတွေကို အချိုးညီ အချိန်အဆညီအောင် ပေါင်းစပ်နိုင်ရကြောင်း၊ ဆုံးဖြတ်ချက် ခိုင်မာရကြောင်းတွေလည်း ပြောပါတယ်။

Acute Heart Attack Treatment ရုတ်တရက် နှလုံး အတက် ရရင် ဘာလုပ်ရမလဲ




ဆရာ Acute heart attack ကို ပြုစုကုသနည်းလေးသိပါရစေ။

(၁) လက်ကောက်ဝတ်သွေးကြောခုန်တာ (နှလုံးခုန်) နဲ့ သွေးဖိအား BP စမ်းပါ။ တည်ငြိမ်ပါသလား။
(၂) Ventricular fibrillation နှလုံးအောက်ခန်း ပုံမှန်မဟုတ်တဲ့တုန်ခါမှုအတွက်ကုမှုပေးဘို့ ပြင်ဆင်ပါ။
(၃) MI နှလုံး သွေးမဝဖြစ်တာသေချာရဲ့လား စစ်ဆေးပါ။ ECG ရိုက်ရင် ST-segment elevation ဆိုတာတွေ့ရင် သေချာတယ်။ အဲဒီထက် သက်သာတာလဲဖြစ်နိုင်တယ်။ စစ်ဆေးမှုတွေထပ်လုပ်ရမယ်။

“အိုဘားမားဖုန်း ဆိုတာဘာလဲ”

“အိုဘားမားဖုန်း ဆိုတာဘာလဲ”  ဆိုပြီး  မိတ်ဆွေတဦးက မေးလာလို့ ကျနော် သိသမျှလေး ပြန်ရှယ်ချင်စိတ် ဖြစ်လာမိတယ် …

ဟိုတနေ့က ကိစ္စရှိလို့ သူ့ကိုဖုန်းခေါ်တဲ့အခါ ကျနော်သုံးနေကျဖုန်း  အပြင်ပါသွားလို့ တခြားဖုန်းတလုံးနဲ့ ခေါ်လိုက်ရတယ်။ အဲမှာ ကျနော်မှန်းသိအောင် မိတ်ဆက်ပြောရင်း ‘အိုဘားမားဖုန်း’ လို့ လွှတ်ခနဲ ပြောလိုက်မ တာနဲ့ အဲဒီအမေး ပေါ်ထွက်လာတာပါ။ 

တကယ်တော့ အိုဘားမားဖုန်းဆိုတာ  အမေရိကမှာ နေထိုင်တဲ့ ဝင်ငွေနည်း မိသားစုတွေ ဆက်သွယ်ရေး အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု တခုလို့ ပြောရမှာပါ။ အလုပ်အကိုင် မရှိသေးလို့ အစိုးရထောက်ပံ့ကြေးပေါ် မှီခိုနေရသူတွေ .. အလုပ်အကိုင်ရှိသော်လည်း ဝင်ငွေနည်းလို့ အစိုးရ ထောက်ပံ့မှု မကင်းသူတွေ လျှောက်ထားခွင့် ရှိပါတယ်။ 

ဖုန်းလျှောက်ထားတဲ့အခါ  ထောက်ပံ့မှုခံစားနေတဲ့ အထောက်အထားအဖြစ် Medicaid (သို့) Food Stamp ကဒ် ပြသရပါတယ်။ လျှောက်ထားပုံမှာတော့ ပြည်နယ်တခုနဲ့ တခု မတူဘူး ထင်ပါတယ်။ ကျနော့် မိတ်ဆွေ တဦးပြောတာက သူတို့ပြည်နယ်မှာ လျှောက်လွှာတင်ရပြီး ရက်သတ္တ ၂ ပတ်လောက် စောင့်ရတယ်လို့ ဆိုပါတယ်။ ကျနော်တို့ မြို့မှာကျတော့ ချက်ချင်းလျှောက် ချက်ချင်းထုတ်ယူတဲ့ စနစ်ပါ။ ထုတ်ပေးတဲ့ နေရာတွေ ကတော့ ကားလမ်းဘေး လူသွားလူလာ စုံတဲ့နေရာမျိုး … ဆေးရုံဆေးခန်း နဲ့ ရုံးအဆောက်အဦး မျက်နှာစာလို နေရာမျိုးတွေမှာ အခါအားလျော်စွာ လာရောက်ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က ကျနော်တို့ စုံတွဲ ဆေးခန်းသွားပြပြီး ပြန်အထွက် ဆေးခန်းအဝမှာ  စားပွဲတလုံး နဲ့ အမျိုးသမီးတဦး ထိုင်နေတာ တွေ့ရတယ်။ သူ့ရှေ့က စားပွဲပေါ်မှာလည်း Free Phone လျှောက်ထားနိုင်တဲ့ အကြောင်း ဆိုင်းဘုတ်တွေ့တော့ အခန့်သင့်တာနဲ့ ဝင်မေးကြည့်မိတယ်။ သူက လိုအပ်တဲ့ အထောက်အထား မေးတော့ ကိုယ့်မှာ ပါတဲ့ Medicaid , State ID ထုတ်ပြလိုက်တဲ့အခါ လျှောက်လို့ရတယ် တဲ့။ တခါတည်း အဲဒီကဒ်တွေကို ကော်ပီကူးယူ … သူသိချင်တဲ့ အချက်အလက်တချို့ မေးမြန်းပြီး ဖုန်းအသစ်တလုံး ထုတ်ပေး လိုက်တာပါ။  

ဟန်းဆက် နဲ့ ဆင်းကဒ် အခမဲ့ပေးတဲ့အပြင်  ပြည်တွင်းခေါ်မှုအတွက် တလကို မိနစ် ၂၅၀  အခမဲ့ သုံးခွင့်ပြုတာ ဖြစ်ပါတယ်။ တနှစ်စာ အဲဒီဝန်ဆောင်မှု ပေးပါတယ်။ ဖုန်းထုတ်ပေးတဲ့ အမျိုးသမီးက မေးပါသေးတယ် … ‘မင်း ဇနီးအတွက်ရော မယူတော့ဘူးလား’ တဲ့။ ကျနော် ခေါင်းခါပြရင်း ငြင်းလိုက်မိတယ် … ‘တလုံးရရင် လုံလောက်ပါပြီ’။ ဘာဖြစ်လို့ဆို ကျနော်ကလည်း ရောက်ခါစ မအူမလည် …. သူငယ်ချင်းတချို့က ပြောထားဖူးတာလည်း ရှိ …. ‘အဲဒီ အိုဘားမားဖုန်း ဆိုတာက ခုနေသာ အခမဲ့ပေးသလိုလိုနဲ့ နောက်ပိုင်းမှ Bill တွေ စုပြုံတက်လာရင် မလွယ်ကျော’ တဲ့။ In America, nothing is free.  ဆိုတဲ့ စကားကလည်း ရှိတယ် မို့လား။ အာ့ကြောင့် သူတို့ မိသားစု မသုံးကြဘူးလေ။ အဲတော့ ကိုယ်လည်း စိတ်ထဲက တထင့်ထင့်ရယ်။ ဒါပေမဲ့ လူအများစုတော့ သုံးနေကြတာပဲ ခုချိန်ထိ ဘာသံမှ မကြားရသေးပါဘူး။ 

ပြောရရင်တော့ အိုဘားမားဖုန်း  ဆိုတဲ့အမည်က ပြည်သူတွေက (အထူးသဖြင့် မြန်မာပြည်ဖွားတွေ) ပေးတဲ့အမည်  ဖြစ်မှာပါ။ သမ္မတ အိုဘားမားလက်ထက်မှာ ဖော်ဆောင်တဲ့ Obama Care လိုမျိုး နေမှာပေါ့။ ကျနော်တို့ နိုင်ငံမှာလည်း အခုချိန်မှာသာ အဲလို အစီအစဉ်မျိုး ရှိခဲ့ရင်  … ‘ဦးသိန်းစိန်ဖုန်း’ လို့ ခေါ်ကြမှာပဲ နော ….။ 

(မှတ်ချက်_ ဆေးထိုးခြင်းမဟုတ်ပါ။ အမှန်တကယ် မသိရှိသေးသော မိတ်ဆွေများအတွက် သုတလေးတခု ရှယ်ပေးခြင်းမျှသာ…။)

“အိုဘားမားဖုန်း ဆိုတာဘာလဲ” ဆိုပြီး မိတ်ဆွေတဦးက မေးလာလို့ ကျနော် သိသမျှလေး ပြန်ရှယ်ချင်စိတ် ဖြစ်လာမိတယ် …
ဟိုတနေ့က ကိစ္စရှိလို့ သူ့ကိုဖုန်းခေါ်တဲ့အခါ ကျနော်သုံးနေကျဖုန်း အပြင်ပါသွားလို့ တခြားဖုန်းတလုံးနဲ့ ခေါ်လိုက်ရတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၄)

သစ်ထူးလွင်


အကောင်းဆုံး


(၁)
ဆရာတော် အရှင်ဆန္ဒာဓိက က အမေးအဖြေကဏ္ဍတစ်ခုမှာ ဖြေထားတယ်
ဘုန်းကြီးက ကိုးတန်းကတည်းက သာသနာ့ဘောင် အပြီးဝင်ဖို့ ဆုံးဖြတ်ပြီးသား တဲ့။
ကျွန်တော် အံ့သြသွားတယ်၊ ဆရာတော့်အကြောင်းကိုတော့ တရားစာအုပ်တွေမှာ ဖတ်ဖူးပြီးသားပါ၊ ဒါပေမဲ့ ဒီလို ကိုးတန်းကတည်းက စိတ်ပိုင်းဖြတ်ပြီးသား ဆိုတာကိုတော့ သိမထားခဲ့ဘူး။
ဒါတောင် ဆယ်တန်းမှာ ဘာသာစုံဂုဏ်ထူးထွက်အောင် ဖြေသေးတယ်နော်၊ ကျွန်တော်သာဆို အဖြစ်သဘောဖြေတဲ့ ဒီစာမေးပွဲမှာ အောင်ရုံလောက်ပဲ ဖြေလိုက်မှာ။
ဆရာတော်က ဆက်ပြောတယ်
ဆယ်တန်းကို မိဘတွေအလိုကျ ဖြေရတာပါ။ ဒါပေမဲ့ လုပ်ရမဲ့ အလုပ်ကို အကျိုးတစ်စုံတစ်ရာ မမျှော်လင့်ဘဲ အကောင်းဆုံး ဖြစ်အောင် လုပ်တတ်တာဟာ ဘုန်းကြီးရဲ့အကျင့်ပဲ တဲ့။

Tuesday, April 29, 2014

နောက်ကျတဲ့ စာ (၂)

(သရုပ်ဖော် – စောငို) ကိုရာဇာ၊ ဧပြီ ၃၀၊ ၂၀၁၄

ကိုရစ် …
ဟိုတစ်ရက်သားက လူမှုကွန်ရက်တစ်ခုမှာ စကားနာလား စကားပြာလားမသိတစ်ခု ဖတ်လိုက်ရတယ်။ အဘဦးဝင်းတင်ခမျာလူပျိုကြီးပေမို့ပေါ့ဗျာတဲ့၊ များလိုက်တဲ့သားသမီးတွေ…တဲ့။ သူဘာသဘော ပြောနေလည်း ကျနော်နားမလည်ဘူး။ ထားပါတော့ ဒီလိုနှလုံးသားကြီးကြီးထား၊ သမီးသားတွေပွားစီးသွားတာ … ကျနော်တော့ပျော်တယ်။ အဘစကားတွေ အဘတရားတွေ အဘရုပ်ပုံတွေ အဘရုပ်စုံတွေ တင်ကြ ရေးကြ သားကြတာ လိုအပ်တယ်။ အဘရဲ့မူလဆန္ဒ သဘောတရားရည်မှန်းချက် အညွှန်းကိန်းတွေ မပျောက် ပျက်ဘူး ဆိုရင် ကောင်းတယ်။ ကျနော် တော့ဒီလိုသဘောထားပါတယ်။

အိုင်းစတိုင်းက ဒီလိုပြောတယ်


ပို့စ်တင်ချိန် - 4/29/2014 04:27:00 PM
(၁) အမြဲတန်း သိချင်စိတ်ကို ပြင်းပြင်နေပါစေ
(၂) ဘယ်အရာကိုမှ မိမိနှင့် မဆိုင်သလို မနေပါနဲ့
(၃) ရောက်ရာနေရာမှာ အာရုံစူးစိုက်ပါ
(၄) မှားနေတဲ့ အတွေးအခေါ် အယူအဆတွေကို ပြင်လိုက်ပါ
(၅) အချိန်ကို တန်ဖိုးရှိအောင် အသုံးချပါ

Urinary Incontinence in Women အမျိုးသမီး ဆီးမလုံခြင်း

ကလေးတိုင်းဟာ အသက် ၅-၆ နှစ်ဆိုရင် ဆီးကို ထိန်းနိုင်လာကြပြီ။ သွားရမဲ့နေရာကြမှသာ ဆီးသွားတတ် လာမယ်။ တလထဲမှာ ၂ ခါလောက် အိပ်ရာထဲရှူပါရင် Bed wetting (Enuresis) ခေါ်တယ်။ စိတ်ဖိအားများရင်၊ ကြောက်စိတ်ဝင်ရင် လူကြီးတွေထဲက အမျိုးသမီးတွေပိုဖြစ်ကြတယ်။ ဆီးလမ်းကြောင်း တည်ဆောက်ထားပုံ၊ ကလေးမွေးဖွါးရတာ၊ သွေးဆုံးတာ၊ ဆီးလမ်းပိုးဝင်တာတွေကြောင့် ပိုများရတယ်။

ကွန်ပျူတာ နည်းပညာ စာအုပ်များ....

ကွန်ပျူတာ နည်းပညာ စာအုပ်များ....

၁။ Google အင်တာနက်မှ ရှာဖွေနည်းများ - မျိုးသူရ
http://www.mediafire.com/?5q7edy237ql83r3

၂။ Using Facebook - ဇော်လင်း
http://www.mediafire.com/?t3lkb748l37u6ix

၃။ အင်တာနက် Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်း - သူရအောင်
http://www.mediafire.com/?t3lkb748l37u6ix

၎။ Peachtree Accounting (Computer Accounting Software) - ဝေဖြိုးအောင်( NATOGYI)
http://www.mediafire.com/?971rnbyc0yqabn9

၅။ Learning Auto CAD 2010 -1 - အောင်ဇော်လတ်
http://www.mediafire.com/?bu4d7ir727cjr2f

၆။ Learning Auto CAD 2010 -2 - အောင်ဇော်လတ်
http://www.mediafire.com/?3g3b5i5n7pc63rz

၇။ Microsoft Access 2010 ဖြင့် Database Program ရေးဆွဲခြင်း - ကိုမြန်မာ
http://www.mediafire.com/?2mg0d9grp5mdlq8

၈။ Turbo C Programming အခြေခံ
http://www.mediafire.com/?d5dkaqabsks49q1

၉။ Photoshop Cs Tools - Tool များရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက် .......... မျိုးဆက်(Mr.Photo)
http://www.mediafire.com/?gr2a8kfru6bftxa

၁၀။ ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ .... ဇော်လင်း
http://www.mediafire.com/?3h272467mi3zr0n

၁၁။ Learning Guide for 3D Sudio Max(ပတွဲ) စတင်လေ့လာသူတွေအတွက် - နေဇော်ဝင်းမောင်
http://www.mediafire.com/?79sfna6banp39fx

၁၂။ Learning Web Design .. Web Design လက်တွေသင်ခန်းစာများ - ဦးသောင်းဝင်း(ပန်းချယ်ရီ)
http://www.mediafire.com/?frrp8hcj1p9fyi2

၁၃။ Windows 8 ကိုလေ့လာခြင်း - သရ(ICT)
http://www.mediafire.com/?vl34in6ho2knctm

၁၄။ Basic Networking - ကိုနေ
http://www.mediafire.com/?cz7xgj05h7u6yxm

၁၅။
Joomla! အခမဲ့ဝက်ဘ်ဆိုက် ရေးနည်း တင်နည်း - ကောင်းမြတ်ထွဋ် ၊ တင်ဦး
http://www.mediafire.com/?0jq1g5y93dyaqlq

၁၆။ အခြေခံဒီဇိုင်းနှင့် ဂရပ်ဖစ် အနုပညာ - ဆန်နီညိမ်း
http://www.mediafire.com/?jc5g94m3quemei7

၁၇။ ကွန်ပျူတာ စာရင်းကိုင်မိတ်ဆက် -
http://www.mediafire.com/?q97go4ju5jvj3cr

၁၈။ ကွန်ပျူတာ အထက်တန်း အတွဲ ၁ - ဦးဇော်လင်း(youth)
http://www.mediafire.com/?fzcqds18le8zzah

၁၉။ လွယ်ကူလေ့လာ အခြေခံကွန်ပျူတာ - မျိုးသူရ
http://www.mediafire.com/download/0s4iifp3vf9ssne

၂၀။ အခမဲ့ဝက်ဆိုဒ်ရေးတင်နည်း - မျိုးသူရ
http://www.mediafire.com/download/ct4ye9l7e8t67pe

၂၁။ အဆင့်မြင့် အင်တာနက်အသုံးပြုနည်း - မျိုးသူရ
http://www.mediafire.com/download/822nkqadugbee7o

၂၂။ ကွန်ယက်ချိတ်ဆက်နည်း - မျိုးသူရ
http://www.mediafire.com/download/7od5hj8q1csimdb

၂၃။ PHP Guide Book - မိုးမြင့်ရှိန်း
http://www.mediafire.com/download/tjof5j4lf44vn0v

၂၄။ Window XP & Window 7 Installation User Guide - မိုးထက်မြင့်
http://www.mediafire.com/download/bwwb5zhgt4rrcg6
၁။ Google အင်တာနက်မှ ရှာဖွေနည်းများ - မျိုးသူရ
http://www.mediafire.com/?5q7edy237ql83r3
၂။ Using Facebook - ဇော်လင်း
http://www.mediafire.com/?t3lkb748l37u6ix
၃။ အင်တာနက် Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်း - သူရအောင်
http://www.mediafire.com/?t3lkb748l37u6ix
၎။ Peachtree Accounting (Computer Accounting Software) - ဝေဖြိုးအောင်( NATOGYI)

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ ၂၀၁၄ မြန်မာ့စီးပွားရေးအလားအလာသုံးသပ်ချက်

          ရင်းနှီးမြှုပ်နှံမှု အားကောင်းခြင်း ကြောင့်ယခင်နှစ်က ဂျီဒီပီတိုးတက်မှု နှုန်း မြန်ဆန်လာခဲ့ပြီး ယခုနှစ်နှင့် နောင်လာ မည့်နှစ်တွင်လည်းပို၍တိုးတက်မှုရမည်ဟု မျှော်လင့်ရပါသည်။ အစိုးရကစီးပွားရေးပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်ကိုဆက် လက်ထိန်းထားနိုင်သည်။ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ဖြစ်ပေါ်ရေးသည်အစိုးရ၏အဆင့်အသီးသီးတွင် စွမ်း ဆောင်ရည်ဖွံ့ဖြိုး တိုးတက်လာရေးနှင့် စည်းမျဉ်းစည်း ကမ်းနှင့်အဖွဲ့အစည်းများ တောင့် တင်းခိုင်မာရေးတို့အပေါ်တွင် မူတည်သည်။ ထို့အပြင်အားလုံးဝိုင်းဝန်း၍ပြုပြင်ပြောင်းလဲမှု ပြုလုပ်ကြရန်နှင့် လျှပ်စစ်ဓာတ်အားပေးဝေမှု တိုးတက်ဖွံ့ဖြိုးလာ ရန်လည်းလိုအပ်သည်။

မာဖီးယားဖူးခက်



၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၃) ရက်
လွန်ခဲ့သော ရက်သတ္တပတ်များက ပူပြင်းခဲ့သော်ငြား၊ဤရက်ပိုင်းအတွင်း ဖူးခက်မှာ မိုးတပြိုက်နှစ်ပြိုက်ရွာသည်။ မုတ်သုန်၏ ရှေ့တော်ပြေးလော၊ ပျံကျမိုး လောမဝေခွဲနိုင်ချေ။ဖူးခက်သည် ပင်လယ်ပြင်ထဲက ကျွန်းငယ်ဖြစ်လေရာ အပူရှိန်ပြင်းသည့်နေ့ရက်များတွင်ပျံကျမိုးရွာလေ့ရှိသည်။ သေချာ သည်ကား မကြာမတင်ရက်ပိုင်းကာလ မေလဆန်းလျှင်ဖြင့် ဖူးခက်သို့ မုတ်သုန်ဝင်တော့မည်။

အချစ်နဲ့ ဖိနပ်


အချစ်နဲ့ ဖိနပ်

တစ်ခါတော့ အမေဖြစ်သူနဲ့ သမီးဖြစ်သူနဲ့ ရှော့ပင်းထွက်ကြသတဲ့။ သူတို့က ဖိနပ်ဆိုင်ရောက်တော့ ၀င်ကြည့်ပြီးတော့ ဖိနပ်တွေအမျိုးမျိုး စီးကြည့်ကြတာပေါ့။ ဒါပေမယ့် အမေဖြစ်သူသာ ဖိနပ်ရသွားတယ်။ သမီးဖြစ်သူကတော့ စိတ်တိုင်းမကျနိုင်ဖြစ်နေတယ်။

ခဏနေတော့ အမေဖြစ်သူက သမီးဖြစ်သူကိုပြောတယ်။ " သမီး ဖိနပ်ရှာတာက ချစ်သူကိုရှာသလိုပါပဲ တစ်ခါတစ်လေမှာ ငါတို့ဟာ လှပတဲ့ဖိနပ်တစ်ရံကိုရှာတယ် တစ်ခါတစ်လေ ဈေးအလွန်ကြီးတဲ့ ဖိနပ်ကိုရှာကြတယ် ဒါပေမယ့် တကယ်တမ်းငါတို့မေ့နေတာက စီးလို့ အသင့်တော်ဆုံး လိုက်လျောညီထွေတဲ့ ဖိနပ်ကို ရှာဖို့ မေ့နေကြတယ်။

ချစ်သူကို ရှာတဲ့နေရာမှာလဲအဲလိုပါပဲ။ တစ်ခါတစ်လေ ငါတို့က လှပတဲ့သူကိုရှာကြတယ်။ တစ်ခါတစ်လေ ပစ္စည်းဥစ္စာကြွယ်ဝသူကိုရှာကြပေမယ့် ကိုယ်နဲ့တစ်ကယ်လိုက်ဖက်ပြီးတော့ ကိုယ့်အပေါ်ကောင်းတဲ့ လူကို ရှာဖို့ မေ့နေကြတယ်သမီး "

မောင်စိုင်း
www.kanaung.net

တစ်ခါတော့ အမေဖြစ်သူနဲ့ သမီးဖြစ်သူနဲ့ ရှော့ပင်းထွက်ကြသတဲ့။ သူတို့က ဖိနပ်ဆိုင်ရောက်တော့ ၀င်ကြည့်ပြီးတော့ ဖိနပ်တွေအမျိုးမျိုး စီးကြည့်ကြတာပေါ့။ ဒါပေမယ့် အမေဖြစ်သူသာ ဖိနပ်ရသွားတယ်။ သမီးဖြစ်သူကတော့ စိတ်တိုင်းမကျနိုင်ဖြစ်နေတယ်။

တရုတ်လူမျိုးစု တစ်ခုတွင် သတို့သမီးလောင်း မိသားစုက တစ်လတိတိ ငို

တရုတ်လူမျိုးစု တစ်ခုတွင် သတို့သမီးလောင်း မိသားစုက တစ်လတိတိ ငို

တရုတ်ပြည် အလယ်ပိုင်းမှာ နေထိုင်တဲ့ Tujia လူမျိုးစု မှာ ထူးခြားတဲ့ ဓလေ့ တစ်ခု ရှိပါတယ်။ ယင်း ကတော့ သတို့ သမီးလောင်း နဲ့ သူမ မိသားစုက တစ်လ တိတိ ငိုကြွေးခြင်း ဖြစ်ပါတယ်။ သူ့မှာ ငိုရတဲ့ နည်းလမ်း အဆင့်ဆင့် ရှိပါတယ်။

သတို့သားလောင်း မိသားစုနဲ့ သတို့သမီးလောင်း မိသားစုတို့ စေ့စပ် သဘောတူကြပြီးပြီ ဆိုရင် မင်္ဂလာဆောင်ကို တစ်လ ကြာမှာ ပြုလုပ် ရပါတယ်။ ယင်း ကြားမှာ ခံနေတဲ့ တစ်လကို ငိုဖို့ အတွက် အချိန်ပေးခြင်း ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ သတို့သမီးလောင်းက စငို ပါတယ်။ တစ်ရက်ကို တစ်နာရီ တိတိ ငိုရမယ့် ဓလေ့ ဖြစ်ပြီး ၁၀ ရက်ကြာတဲ့ အခါ သတို့သမီးလောင်းရဲ့ အမေ ဖြစ်သူက သူ့သမီး နဲ့ အတူ တစ်နေ့ တစ်နာရီ လိုက်ငို ပါတယ်။ နောက်ထပ် ဆယ်ရက် ကြာတဲ့အခါ သားအမိ တင် မကတော့ပဲ အဖွားရှိပါက အဖွား ဖြစ်သူ၊ ညီအမ များနဲ့ အဒေါ် ဖြစ်သူများက တစ်ရက် တစ်နာရီ အတူတူ လိုက်ငို ရပါတယ်။

အဲ့ဒီလို  ငိုလို့ တစ်လ ပြည့်ပြီးတဲ့ အချိန်မှာ မင်္ဂလာပွဲ ကျင်းပ ပါတယ်။ မင်္ဂလာပွဲမှာကျတော့ သတို့သမီးက အသံစုံနဲ့ ငိုပြီး မင်္ဂလာပွဲလာ ပရိတ်သတ်တွေကို ဖျော်ဖြေ ရပါ သေးတယ်။ ယင်း အသံစုံ ငိုမှုက သီချင်း သံစဉ် လို့ ဖြစ်အောင် ဖန်တီးရတာ ဖြစ်ပါတယ်။ အကယ်၍ သာယာ နာပျော်ဖွယ် မငိုနိုင်ရင် သတို့သမီး မိသားစု ကော၊ သတို့သား မိသားစုပါ အရှက် ရတာကြောင့် ဒီအတွက်ကိုလည်း ကြိုတင် ပြင်ဆင် လေ့ကျင့် ရပါ သေးတယ်။

 ငိုတာက ဝမ်းနည်း ပူဆွေးလို့ မဟုတ် ပါဘူး။ အင်မတန် သာယာ လှပ သွားမယ့် အနာဂတ် အတွင် ကြိုတွေး၊ ကြိုမြင်လို့ အဝမ်းသာ လွန်ပြီးတော့ ငိုကြွေးခြင်း ဖြစ်ပါတယ်။ မင်္ဂလာပွဲ သွားလေ့လာတဲ့ ကမ္ဘာလှည့် ခရီးသည် များအတွက် ကတော့ အထူးအဆန်း တစ်ခု အနေနဲ့ တည်ရှိ နေ ပါ သေးတယ်။ Tujia လူမျိုးစုများဟာ ယနေ့တိုင် ယင်း ဓလေ့ ရိုးရာကို ထိန်းသိမ်း ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref:dyknow
အောင်ခမ်း (ရိုးရာလေး)

.

တရုတ်ပြည် အလယ်ပိုင်းမှာ နေထိုင်တဲ့ Tujia လူမျိုးစု မှာ ထူးခြားတဲ့ ဓလေ့ တစ်ခု ရှိပါတယ်။ ယင်း ကတော့ သတို့ သမီးလောင်း နဲ့ သူမ မိသားစုက တစ်လ တိတိ ငိုကြွေးခြင်း ဖြစ်ပါတယ်။ သူ့မှာ ငိုရတဲ့ နည်းလမ်း အဆင့်ဆင့် ရှိပါတယ်။

သံချောင်းနိုင်ငံတော် ပုံပြင် . . .

ဟိုးရှေးရှေးတုန်းက သံချောင်းနိုင်ငံတော်ကြီးရှိသတဲ့ကွယ် ။ အဲ့ဒီသံချောင်းနိုင်ငံတော်ကြီးမှာ
မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်တဲ့ သံချောင်းဘုရင်ကြီးရှိသတဲ့ ။ ဘုရင်းကြီးသံချောင်းရဲ့သက်
တော်ရှည်အမတ်ကြီးကတော့ ဘအုတ်လို့ခေါ်သတဲ့ ။ လွှတ်တော် လည်းရှိသလို ၊ တပ်မတော်
လည်းရှိသတဲ့ ၊ ဒါ့အပြင် ၀န်မင်းများလည်းရှိသတဲ့ ။

စေတနာ့ဝန်ထမ်းခြင်း စိတ်ဓာတ်


“ မင်း အောင်မြင်တဲ့ လူတစ်ယောက် မဖြစ်ချင်ဘူးလား ” “ မင်းရဲ့ ဘ၀မှာ ကြီးပွားတိုးတက်တဲ့ လူတစ်ယောက် မဖြစ်ချင်ဘူးလာ့း့ ”
တကယ် ဖြစ်ချင်တယ်ဆိုရင် အောင်မြင်ကြီးပွားသွားတဲ့ လူတွေအကြောင်း ရေးထားတဲ့ စာတွေ ဖတ်ပါ။ သူတို့ လုပ်ဆောင်ခဲ့တာတွေကို လေ့လာသင်ယူပါ။

ငယ်ငယ်ကတည်းက ကိုယ့်ထက် အကြီးတွေ ပြောနေကျ စကားတွေပါ။ မမှားဘူး ဆိုပေမယ့် အပြည့်အစုံကြီးလို့တော့ မခံယူမိပါဘူး။

“စာတွေ့နဲ့ လက်တွေ့က ကွာခြားပါသေးတယ်” ဆိုတဲ့ ဆိုရိုးစကားလည်း ရှိသေးတယ်လေ။ စာပေကနေ တစ်ဆင့် သိတာတော့ ဟုတ်နေပေမယ့် “တကယ်ကော လက်တွေ့ လုပ်ဆောင်ဖူးသလား” ဆိုတဲ့ မေးခွန်းက ရှိနေပြန်တယ်။

ရေးရင်း ရေးနေရဦးမည့် အိုရှိုးများ

အိုရှိုးနဲ့ ပတ်သက်လို့ မရေးတာ ကြာခဲ့ပါပြီ။
ပြန်ရေးပါလို့ တိုက်တွန်းကြတဲ့ လူတွေထဲမှာ ကိုဥဂ္ဂါ ပါတယ်၊ ကိုဖြိုးထက်အောင်မြင့် ပါတယ်။ သူတို့ကလွဲလို့ ကျန်တဲ့ အများစုကိုတော့ မအားလို့ ဆိုတဲ့ အကြောင်းပြချက် ပေးခဲ့တယ်။ တကယ်တမ်း အဲ့ဒါ လိမ်တာပါပဲ။ ဘာလို့ဆို တကယ့်အကြောင်းရင်းမှန် မဟုတ်လို့ပါ။

မြို့ ကျောင်းသားလေးကျနော်ပါ

April 28, 2014 at 4:57am

လူ့ဘ၀ဆိုတာဘာမှန်းမသိသောလောကကြီးထဲ ယောင်လည်လည်နေထိုင်ရလေခြင်းလို့ပဲ စိတ်ထဲအမြဲခံစားနေရတော့တာပါပဲ။ အသက်တွေကြီးလာတာ၊ ဟိုရောက်ဒီရောက်၊ ဟိုလူတွေနဲ့တွေ့ရ ဒီလူတွေနဲ့တွေ့ရ၊ လူမျိုးစုံနဲ့တွေ့၊ နေရာမျိုးစုံရောက် အနာဂါတ်ဆိုတာ တဖြေးဖြေးတိုတိုလာနေခဲ့ပြီ ဆိုတာလည်း သတိပြုမိ။

စကား (၃) ခွန်း

စကား (၃) ခွန်း
=========

ဒီကနေ့ လောကထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ အားလုံးဟာ နေရာ ဒေသ တစ်ခုထဲမှာ အတည်တကျနေနိုင်တယ်ဆိုတာ တော်တော်
ရှားပါတယ်။ ဘ၀အတွက် ရုန်းကန်ရတဲ့ နေရမှာ အချိန်နဲ့ တပြေးညီပြောင်းလဲနေတဲ့အတွက် နေရာထိုင်းခင်းလည်း ပြောင်းလဲကျင့်
သုံးနေရပါတယ်။ ဒါကြောင့် ဒီစကား (၃) ခွန်းဟာ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးဖြစ်လာပါတယ်။

(၁) စူစမ်းလေ့လာတတ်ပါ။

(၂) စဉ်းစားတွေးတောမှုလုပ်ပါ။

(၃) မှန်ကန်စွာ ဝေဖန်ပိုင်းဖြတ်ပါ။

(၁) စူစမ်းလေ့လာတတ်ပါ။
ဝန်ထမ်းတစ်ယောက်ပဲ ဖြစ်ဖြစ်၊ သာမာန်ပြည်သူတစ်ယောက်ပဲ ဖြစ်ဖြစ် ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက် စူစမ်းလေ့လာတတ်
ဖို့ လိုပါတယ်။ နေရာတိုင်းဟာ မိမိနဲ့ သက်ဆိုင်တယ်လို့ သဘောထားပြီး အကဲခတ်နေရမှာ ဖြစ်ပါတယ်။ လူတိုင်းဟာ မိမိနဲ့ သက်ဆိုင်
တယ်ဆိုတဲ့ စိတ်နဲ့ စူးစမ်းနေရမှာဖြစ်ပါတယ်။ အကြောင်းအရာကို မစူးစမ်းဘဲ မဆင်မခြင်လုပ်မိလို့  ဒုက္ခရောက်ရတဲ့ ယုန်သူငယ်လေး
ရဲ့ လုပ်ရပ်ကြောင့် တစ်တောလုံးဒုက္ခရောက်ရတာကို ကျောင်းစာအုပ်မှာ ဖတ်ဖူးမှာပါ။ စူးစမ်းလေ့လာမှာ မိမိဘာဆက်လုပ်ရမယ်၊ ဘယ်
လိုနေထိုင်ရမယ်ဆိုတာ သိလာမှာပါ။ ဒီလို စူးစမ်းမှုမှာလည်း လေးလေးနက်နက်ရှိဖို့ လိုပါတယ်။ လေးလေးနက်နက်မရှိဘဲ အပေါ်ယံဆို
ရင် ကိုယ်လည်းအသိမှား၊ အမြင်မှားနဲ့  အန္တရာယ်များပါတယ်။ တဖက်လူကိုလည်း နစ်နာစေပါတယ်။ စူးစမ်းလေးမှုဟာ လူတစ်ယောက်
ပြောင်းလဲဖို့ ထိ ဖြစ်လာမှာမို့  အရေးကြီးပါတယ်။

(၂) စဉ်းစားတွေးတောမှုလုပ်ပါ။
မိမိမှာ ရှိတဲ့ ဦးနှောက်ဟာ ဓားတစ်လက်လိုပါပဲ။ မသွေးရင် မထက်ပါဘူး၊ တုံးတတ်ပါတယ်။ ဦးနှောက်ကို အမြဲလေ့ကျင့်ပေးနေရပါ
တယ်။ အလုပ်ပေးထားရပါတယ်။ ဒါမှာ ဥာဏ်ရည်ထက်မြက်တာပါ။ စဉ်းစားတွေးတောမှုဟာ အကောင်းဆုံးရလာဒ်တွေ ရရှိလာနိုင်
ပါတယ်။ သို့ သော် တွေးတောတဲ့ သဘာကနေ ငေးမောတဲ့သဘောတော့ မဖြစ်စေနဲ့ ။ တွေဝေတဲ့ထိလည်း မဖြစ်စေနဲ့ ။ နည်းမှန်၊လမ်း
မှန် တွေ့ နိုင်ဖို့ အတွက် လူ့ ရဲ့ဦးနှောက်ကို အကောင်းချခြင်းပဲ ဖြစ်ပါစေ။ စဉ်းစားတွေးတောရာကနေ ကြံဆလုပ်ကိုင်နိုင်လာမှာဖြစ်လို့ 
ဒါကလည်း အရေးပါတယ်။

(၃) မှန်ကန်စွာ ဝေဖန်ပိုင်းဖြတ်ပါ။
ကိုယ့်အယူအဆ၊ သူ့ အယူအဆ မှန်ကန်စွာ ချိန်ညှိပေးဖို့ အတွက် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိပညာမျိုးတော့ ရှိဖို့ လိုပါတယ်။ ဒါမှလည်း
ရွေးချယ်မှု မှန်ကန်မှာပါ။ မှားယွင်းစွာ ဆုံးဖြတ်မိရင်တော့ ဘ၀တစ်ခုကနေ ဘ၀များစွာထိ နစ်နာသွားနိုင်ပါတယ်။ တစ်ဦးတစ်ယောက်
ခြင်းစီ အရေးကြီးသလို၊ အဖွဲ့ အစည်းတစ်ခုအနေနဲ့ လည်း အရေးကြီးပါတယ်။ ပြီးတော့ ဝေဖန်ပိုင်းဖြတ်မှုဟာ သတ္တိလည်းရှိရမှာပါ။ ဒါ
တွေက သတ္တိရှိမှာ လုပ်နိုင်တာပါ။ စိတ္တသတ္တိ အထူးလိုပါတယ်။ မှန်ကန်ရာကို ဆုံးဖြတ်ရဲရမယ်၊ ပြောရဲရမယ်။ မှန်ရာကို ပြောရဲတဲ့အခါ
ကိုယ်တိုင်လည်း ယုံကြည်မှုတဖန်ဖြစ်လာသလို၊ ကိုယ့်ပတ်ဝန်းကျင်လည်း အလင်းရောင်ရစေပါတယ်။ ကိုယ်လုပ်တာ ဟုတ်လား၊ ပြော
တာဟုတ်လား။ အခြားသူတွေလုပ်နေတာ ဟုတ်လား၊ ပြောတာဟုတ်လား။ ကိုယ်တိုင် ပိုင်းခြားနိုင်ရမယ်။ ထပ်ကာတလဲလဲ ပြန်လည်
ဆန်းစစ်နေရမှာပါ။ ဒါဟာ မရှိမဖြစ်လိုအပ်တဲ့ သတ္တိလည်း ဖြစ်ပါတယ်။

( မှန်ကန်စွာ ဆက်စပ်အသုံးပြုခြင်းများဖြင့် လိုရာခရီးသွားနိုင်ကြပါစေ)

True Man
ဒီကနေ့ လောကထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ အားလုံးဟာ နေရာ ဒေသ တစ်ခုထဲမှာ အတည်တကျနေနိုင်တယ်ဆိုတာ တော်တော်ရှားပါတယ်။ ဘ၀အတွက် ရုန်းကန်ရတဲ့ နေရမှာ အချိန်နဲ့ တပြေးညီပြောင်းလဲနေတဲ့အတွက် နေရာထိုင်းခင်းလည်း ပြောင်းလဲကျင့်သုံးနေရပါတယ်။ ဒါကြောင့် ဒီစကား (၃) ခွန်းဟာ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးဖြစ်လာပါတယ်။

မှန်ကန်သော ပြုစုပျိုးထောင်သူတွေ ဖြစ်ကြပါစေ


မလေးရှားမနက်ခင်း က ဒီနေ့မှာတော့ သာသာယာယာ ရှိနေပါသည် ။ မသာယာသည်က ကျွန်မမြင်နေရသော မြင်ကွင်း ။ ကျွန်မရောက်နေသည်က ဘဏတစ်ခုမှာပါ ။ ဒီနေ့ ကြားရက်ဖြစ်နေတာမို့ ဘဏ်မှာ လူရှင်းနေသည် ထင်ပါရဲ့  ။ ကျွန်မဘဏ်ထဲသို့ဝင်လိုက်စဉ် လူတစ်ယောက် ဘဏ်ထဲကနေ ခပ်တွက်တွက်လေးထွက်သွားပါသည် ။ သူကိုကြည့်ရတာ ပျာယီးပျာယာပုံစံမို့ စိတ်ဝင်စားသွားမိသည် ။ ပိုက်ဆံထုတ်ချိန် password မှားနေသည်မို့ ငွေကထုတ်လို့မရပြန်ဘူး ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၄)

သစ်ထူးလွင်


Monday, April 28, 2014

ဟာသ အသုတ်စုံ (၅)

Thanlay Ko's status.
======
1. ကြုံတုန်း
======
'ဟလို... ရဲစခန်းကလား၊ အမှတ် ၀၀၇ ရေဝတီလမ်းကို ရဲနှစ်ယောက်လောက် လွှတ်ပေးပါ'
'ဖုန်းမှားနေတယ်၊ ဒါ မက်ဒေါ်နယ်ဆိုင်'
'အဲ... ဒါဆိုအတော်ပဲ ဟမ်ဘာဂါ ၄ ခုလောက် ပို့ပေး'

" ထာဝရ ကျောင်းသား "

True Man's photo.
Photo: " ထာဝရ ကျောင်းသား "
__________________
ဘ၀ဆိုတာ တကယ်တော့ ရှေရည်စီမံကိန်းနဲ့  သင်ကြားနေတဲ့ ကျောင်းကြီးပါ။ ကျွန်တော်တို့ အားလုံးဟာလည်း ထာဝရ ကျောင်းသားတွေ
ပါ။ ရေတိုစီမံကိန်းလို သင်ခန်းစာတွေကိုလည်း အကြိမ်ကြိမ်အောင်မြင်အောင် ဖြေဆိုကြရပါတယ်။

အရာရာတိုင်း မတတ်မြောက်နိုင်ပေမယ့် အရာရာတိုင်းကိုတော့ သင်ကြားရပါမယ်။ မသင်ပဲ မြင်နေရတဲ့ အရာတွေဟာလည်း အမြင်နဲ့ သင်ခြင်း
ပါ။ နားမထောင်ပါပဲ ကြားနေရတာဟာလည်း အကြားနဲ့ သင်ယူလိုက်ခြင်းပါ။

ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် မိမိဟာ ကျောင်းသားတစ်ယောက်ပါပဲလားဆိုတဲ့ ခံယူချက်မျိုးထားခြင်းက အကောင်းဆုံးပါပဲ။ ဒါမှ ဘာ
ကို သင်သင် တတ်မြောက်ဖို့ လွယ်ကူပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ငါသိ၊ ငါတတ်ဆိုပြီးနေရင်တော့ ဘာတစ်ခုမှ လောကထဲက သင်ယူနိုင်မှာ မ
ဟုတ်ပါဘူး။

လူတွေဟာ တခါတရံ လောကဓံကို ရင်မဆိုင်ရခင် ကျရှုံးခြင်းတွေ ကြုံတတ်ပါတယ်။ ဒါဘာလို့ လည်းဆိုတော့ မသိ၊ မတတ်ပါပဲ မိမိကိုယ်ကို
အထင်ကြီးနေမိခြင်းကြောင့်ပါပဲ။ ဒီစိတ်မျိုးဝင်နေသူများဟာ အောင်မြင်ဖို့ သိပ်ခက်ခဲပါတယ်။ 

မိမိကိုယ်ကို အထင်ကြီးနေတာကတော့ လူတော်တော်များများမှာ ရှိကြပါတယ်။ ဒါကြောင့်လည်း အောင်မြင်တဲ့သူက နည်းတာပေါ့။ မိမိဟာ
ကျောင်းသားဆိုတာထက် မိမိဟာ ဆရာပဲ ဆိုတဲ့ အတွေးမျိုးကို လူတွေဟာ မိန်ရည်ယှက်ရေ ခံယူတတ်ကြပါတယ်။

လောကထဲ ရောက်လာပြီဆိုကတည်း သင်ယူရတာတွေ သိပ်များနေတော့ ဆရာကြီးပဲလို့ ခံယူထားတာဟာ အဆင်မပြေလှဘူးပေါ့။ မိမိဟာ
သင်ယူလို့ မပြီးနိုင်တဲ့ လောကကျောင်းသား၊ တနည်း ထာဝရကျောင်းသားလို့ သာ ခံယူထားရမှာဖြစ်ပါတယ်။

True Man

ဘ၀ဆိုတာ တကယ်တော့ ရှေရည်စီမံကိန်းနဲ့  သင်ကြားနေတဲ့ ကျောင်းကြီးပါ။ ကျွန်တော်တို့ အားလုံးဟာလည်း ထာဝရ ကျောင်းသားတွေပါ။ ရေတိုစီမံကိန်းလို သင်ခန်းစာတွေကိုလည်း အကြိမ်ကြိမ်အောင်မြင်အောင် ဖြေဆိုကြရပါတယ်။

"အံဝင်ဂွင်ကျမဖြစ်တော့တဲ့ ဟောင်းနွမ်းအက်ဥပဒေများနဲ့ ဥပဒေထက်အရေးပါ အရာ ရောက်နေတဲ့ နည်းဥပဒေများ"


ဒီနေ့ ပြောချင်တာမှ လျှာကို ယားနေတဲ့ အကြောင်းအရာလေး တစ်ခုပြောပြမယ်...။
ဥပဒေကိစ္စပါ...။

လူတော်တော်များများက ပြောလေ့ရှိကြတယ်...(အဲ့ဒီလူတွေထဲမှာ ပညာရှင်ဆိုသူများ
လည်း ပါကြပါတယ်။)မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ခြေလှမ်းတွေထဲမှာ ဥပဒေပြုရေး
ကိစ္စတွေက ထိပ်ဆုံးက ပါတယ်လို့...။

အဲ့ဒီအဆိုကို ကျွန်တော်မငြင်းပါဘူး...။ ဒါပေမယ့် တော်တော်များများ သတိမထားမိတဲ့
ကိစ္စတစ်ခုရှိနေပါသေးတယ်...။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၄)

သစ်ထူးလွင်


Sunday, April 27, 2014

ဝိယောဓိ နှင်းဆီ



၁။ ၁၉၉၄-ခု၊ ဇူလိုင်လ ... ။
“ထူးရာစိုး” လ္ဘက်ရည်ဆိုင်၊ ဒေါ်အောင်ဆန်းစုကြည်လမ်းဆုံ၊ မာနယ်ပလော။

“ကိုငြိမ်းဝေဆိုတာ ခင်ဗျားလား”
မေးမြန်းနှုတ်ဆက်သူကို ကျနော်ကြည့်သည်။ ကောင်းဘွိုင်ဦးထုပ်၊ ပြောက်ကျားစစ်အင်္ကျီ၊ စစ်ဘောင်းဘီ၊ ရာဘာညှပ်ဖိနပ်။ အသားဖြူဖြူ၊ ပါးရိုးနားရိုး ကျကျ၊ ခန္ဓာကိုယ် ခပ်ပါးပါး။ “ဟုတ်ပါတယ်၊ ခင်ဗျားက ကိုတိုက်မောင်းလား”

Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ

ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်'s photo.

Photo: Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကျန်မ အလာဂျီ အကြောင်း တစ်ခါမေးဖူးပါတယ်။ လမ်းညွန်မှုအတိုင်း Zyrtec cetirizine Hydrochloride 10mg ကို အမြဲ ဆောင်ထားရပါတယ်။ အခုနောက်ပိုင်း ဘာ Seafood မှ မစားလည်းပဲ၊ ၃ ရက် (သို့) ၄ ရက် တစ်ခါ လောက်ကို ဆေးသောက် နေရပါတယ်။ ပုံထဲအတိုင်း အဖု သေးသေး လေးတွေ စုပေါက်လာပြီး အကြီးကြီး ဖြစ်လာတယ်။ ခနွာကိုယ် အိုက်စပ်စပ် ဖြစ်လာရာ ယားတက်တယ်။ အရမ်းပူပြီး ခဏနေ မိုးရွာလို့ အေးသွားတာတို့၊ အပြင်ထွက် နေပူထဲသွားပြီး ခဏနေ Aircon ခန်းထဲ ရောက်သွားရင်တို့ အဲလို အချိန်တွေမှာလည်း ယားလာတက်ပါတယ်။ အဖုတွေက တင်ပါးမှာ စပေါက်တာ များပါတယ်။ ဒူးခေါင်းတို့ တစ်ဒေါင်ဆစ် တို့ကနေလည်း တစ်ခါတစ်လေ စထွက်တက်တယ်။ လည်းပင်း ပတ်လည်တွေမှာထွက်ရင် တစ်ညလုံး အိပ်လို့ မရတော့ဘူး။ အဲဒီဆေးကို စွဲပြီးသောက်တာ ကျန်းမာရေးနဲ့ ကိုက်ညီပါသလား။ တစ်ခြားဆေး ပြောင်းသုံးသင့်ရင်လည်း လမ်းညွန်ပေးပါ။

(အလာဂျီ) ဆိုတာ ရောဂါ-လက္ခဏာတခု ဖြစ်တယ်။ ရောဂါ မဟုတ်ပါ။ ဘာလို့ဖြစ်လာရသလဲ ဆိုတာ ရှောင်နိုင်မှ မဖြစ်မှာ။ မတည့်တာနဲ့ ထပ်တွေ့ရင် ထပ်ဖြစ်မယ်။ ဘာနဲ့မသင့်လဲ မသိတာက များတယ်။ ဆေးနည်းတွေ အများကြီးရှိတဲ့ထဲက ကိုယ်နဲ့သင့်တာ ရွေးရပါမယ်။

Allergy medications ဆေးတွေဟာ မတည့်တဲ့ Allergens ကို ခန္ဓာကိုယ်ကနေ တုံ့ပြန်မှုဖြစ်တာကို တားပေးတယ်။ တနည်းအားဖြင့် ရောဂါလက္ခဏာဖြစ်စေတဲ့ Histamine (ဟစ်တမင်း) ဓါတ်ထွက်တာကို တားတယ်။ ဆေးတွေက Pills ဆေးလုံး၊ Liquids ဆေးရည်၊ Nasal sprays နှာခေါင်းပန်းဆေး၊ Eyedrops မျက်စဉ်း၊ Creams လိမ်းဆေးနဲ့ Injections ထိုးဆေး အမျိုးမျိုးရှိတယ်။ ဆေး အတော် များမျာကို ဆေးလက်မှတ် မပါဘဲ ဝယ်လို့ရတယ်။

Antihistamines (အင်တီဟစ်စ်တမင်း) ဆေး၊
1. Oral antihistamines စားဆေး-သောက်ဆေး = ရောင်တာ၊ နှာရည်ယိုတာ၊ ယားတာ၊ မျက်ရည်များတာ၊ အင်ပြင် ထွက်တာတွေ သက်သာစေတယ်။ အလွယ်ဝယ်ရနိုင်တာတွေက Loratadine (Claritin), Cetirizine (Zyrtec) နဲ့ Clemastine (Tavist) တွေ ဖြစ်တယ်။ Fexofenadine (Allegra) ကိုတော့ ဆေးလက်မှတ်လိုမယ်။ ဘေးထွက်ဆိုးကျိုး = အာခေါင် ခြောက်မယ်။ အရင်မျိုးဆက် ဆေးတွေဖြစ်တဲ့ Diphenhydramine (Benadryl) နဲ့ Chlorpheniramine (Chlor-Trimeton) တွေဟာ အိပ်ချင်မယ်။
2. Antihistamine nasal sprays နှာခေါင်းထဲပန်းဆေး၊ Azelastine (Astelin, Astepro) နဲ့ Olopatadine (Patanase) တွေကို ဆေးလက်မှတ်နဲ့ ဝယ်ရတယ်။ ဘေးထွက်ဆိုးကျိုး = ပါးစပ်ထဲ ခါးနေမယ်၊ ခေါင်းမူးမယ်၊ မူးဝေဝေနေမယ်၊ အားယုတ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ နှာခေါင်းပူနေမယ်၊ နှာခေါင်းသွေးယိုမယ်၊ ပျို့မယ်၊ နှာရည်ယိုမယ်၊ လည်ချောင်းနာမယ်၊ နှာချေမယ်။
3. Antihistamine eyedrops မျက်စဉ်း၊ Ketotifen (Zaditor, Alaway, others), Naphazoline (Visine-A, Opcon-A) တွေကို အလွယ်ဝယ်ရမယ်။ Naphazoline (Albalon), Emedastine (Emadine) နဲ့ olopatadine (Patanol) တွေက ဆေးလက်မှတ်လိုမယ်။ ဘေးထွက်ဆိုးကျိုး = မျက်စိနီနေမယ်၊ မျက်ရည်ယိုမယ်၊ ခေါင်းကိုက်မယ်။ contact lenses မျက်ကပ်မှန် တပ်ထားသူနဲ့ မသင့်ဘူး။

Corticosteroids (ကော်တီကိုစတီရွိုက်) ဆေးကတော့ ဆေးလက်မှတ်ပါဘို့ လိုမယ်။
1. Oral corticosteroids စားဆေး-သောက်ဆေး၊ ဥပမာ Prednisone (Intensol) နဲ့ Prednisolone (Prelone) ဆေး။ ဒီဆေးမျိုးကို ရေရှည် မပေးရဘူး ဘေးထွက်-ဆိုးကျိုးတွေက ဆိုးတယ်။ Cataracts မျက်စိ-အတွင်းတိမ်၊ Osteoporosis အရိုးအားနည်း၊ Muscle weakness ကြွက်သားအားနည်း၊ Delayed growth ကလေးတွေ ဖွံ့ထွားမှုနှေးတာတွေ ဖြစ်နိုင်တယ်။
2. Nasal corticosteroid sprays နှာခေါင်းထဲ ပန်းရတဲ့ဆေးကို နှာပိတ်၊ နှာခြေ၊ နှာခေါင်းယား၊ နှာရည်ယိုတာတွေ အတွက် သုံးနိုင်တယ်။ Fluticasone (Flonase), Mometasone (Nasonex), Budesonide (Rhinocort Aqua), Flunisolide (Nasarel), Triamcinolone (Nasacort AQ) နဲ့ Beclomethasone (Beconase AQ) တွေဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးတွေက စားဆေးလောက် မဆိုးပါ။ Unpleasant smell or taste မခံချင်တဲ့ အနံ့-အရသာ၊ နှာခေါင်း အနေရခက်၊ နှာခေါင်းသွေးယိုမယ်။
3. Inhaled corticosteroids (စတီရွိုက်) ရှူဆေး၊ Flunisolide (Aerobid), Triamcinolone (Azmacort), Fluticasone (Flovent) နဲ့ Budesonide (Pulmacort) တွေဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးတွေ သိပ်မဆိုးပါ။ ပါးစပ် ပိုးဝင်တတ်တယ်၊ ချောင်းဆိုးမယ်၊ အသံသြမယ်၊ ခေါင်းကိုက်မယ်။
4. Corticosteroid eyedrops (စတီရွိုက်) မျက်စဉ်း၊ Dexamethasone (Maxidex, others), Fluorometholone (FML, others) နဲ့ Prednisolone (Pred Forte, others) တွေ ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုး = မျက်စိ ဝေဝါးတတ်တယ်၊ ကြာရှည်သုံးရင် မျက်စိပိုးဝင်တာ၊ ရေတိမ်နဲ့ အတွင်းတိမ် ဖြစ်နိုင်တယ်။
5. Corticosteroid skin creams (စတီရွိုက်) လိမ်းဆေး၊ Eczema (Atopic dermatitis) နှင်းခူးနာလိုအတွက် သုံးတယ်။ အား သိပ်မပြင်းတာမျိုးကိုတော့ လက်မှတ်မပါဘဲ ဝယ်လို့ရမယ်။ Hydrocortisone (Cortaid) နဲ့ Triamcinolone (Kenalog) တွေ ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုး = အရေပြား နေမထိထိုင်မသာ ဖြစ်နိုင်တယ်၊ အရောင်ပြောင်းနိုင်တယ်။

Decongestants (ဒီကွန်ဂျက်စတင့်) ဆေးတွေကို နှာခေါင်းမှာ ခံစားရတာတွေကို အမြန်သက်သာဘို့ သုံးတယ်။ ကိုယ်ဝန်ဆောင်၊ အသက် သိပ်ကြီးသူနဲ့ သွေးတိုး ရှိသူတွေ မသုံးသင့်ဘူး။
1. Oral decongestants စားဆေး-သောက်ဆေး၊ Pseudoephedrine (Sudafed), Claritin-D ဆေးတွေဖြစ်တယ်။ ဘေးထွက်ဆိုးကျိုး = စိတ်ထဲ နေမထိ ထိုင်မသာဖြစ်နိုင်တယ်၊ နှလုံးခုန်မြန်-မမှန်ဖြစ်မယ်၊ ခေါင်းမူးမယ်၊ အိပ်မရဖြစ်မယ်၊ ခေါင်းကိုက်မယ်၊ စိတ်ပူမယ်၊ လက်တုံမယ်၊ သွေးတိုးမယ်။
2. Nasal decongestant sprays နှာခေါင်းထဲ ပန်းဆေး၊ Phenylephrine (Neo-Synephrine) နဲ့ Oxymetazoline (Afrin) ဆေးတွေ ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုး = နှာခေါင်း ခြောက်-ပူမယ်၊ နှာရည်ယို-နှာစေးမယ်။ စိတ်ထဲ နေမထိထိုင်မသာ ဖြစ်နိုင်တယ်၊ နှလုံးခုန်မြန်-မမှန်ဖြစ်မယ်၊ ခေါင်းမူးမယ်၊ အိပ်မရဖြစ်မယ်၊ ခေါင်းကိုက်မယ်၊ စိတ်ပူမယ်၊ လက်တုံမယ်၊ သွေးတိုးမယ်။
3. Decongestant eyedrops မျက်စဉ်း၊ Tetrahydrozoline (Visine, Clear Eyes) ဆေး၊ ဘေးထွက်ဆိုးကျိုး = မျက်စိနီရဲနေမယ်၊ ရေတိမ်ဖြစ်နိုင်တယ်။

(မှတ်ချက်။ ဘေးထွက်ဆိုးကျိုးတွေရှိပေမဲ့ သုံးနေကြရတယ်။)

Other allergy medications တခြားဆေးတွေ
1. Montelukast (Singulair) ဆေးလက်မှတ်လိုတယ်။
2. Cromolyn sodium (NasalCrom) အလွယ်ဝယ်လို့ရတယ်။
3. Mast cell stabilizer eyedrops = Cromolyn sodium (Crolom), Lodoxamide (Alomide), Pemirolast (Alamast) and Nedocromil (Alocril)

Immunotherapy (အင်မြူနို-သာရာပီ) ရောဂါပြီးစနစ်သုံး ကုသနည်း၊
Immunotherapy injections ထိုးဆေးကို ၃-၅ နှစ်ကြာ ထိုးရတယ်။ မတည့်တဲ့ဓါတ်ကို နည်းနည်းစီ ထိုးပေးတာ ဖြစ်တယ်။ ကြာတော့ ယဉ်ပါးလာမယ်။ ကိုယ်မတည့်တာ သိမှ ဖြစ်မယ်။

Emergency epinephrine shots အရေးပေါ် ထိုးဆေး၊ သိပ်ဆိုးတဲ့သူတွေကို Epinephrine ဆေးထိုးတယ်။ Self-injecting syringe and needle (Autoinjector) devices = Twinject, EpiPen နဲ့ EpiPen Jr. တွေက အရေးပေါ် အတွက် ဆေးထိုးရလွယ်အောင် လုပ်ထားတာတွေ ဖြစ်တယ်။ သွားလေရာ ယူသွားနိုင်တယ်။

• Allergic rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html တွေနဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ
၂၃-၅-၂ဝ၁၁

ကျန်မ အလာဂျီ အကြောင်း တစ်ခါမေးဖူးပါတယ်။ လမ်းညွန်မှုအတိုင်း Zyrtec cetirizine Hydrochloride 10mg ကို အမြဲ ဆောင်ထားရပါတယ်။ အခုနောက်ပိုင်း ဘာ Seafood မှ မစားလည်းပဲ၊ ၃ ရက် (သို့) ၄ ရက် တစ်ခါ လောက်ကို ဆေးသောက် နေရပါတယ်။ ပုံထဲအတိုင်း အဖု သေးသေး လေးတွေ စုပေါက် လာပြီး အကြီးကြီး ဖြစ်လာတယ်။

“ဗီအိုင်ပီ”

            လူတွေဟာ ဘီပိုးတို့ စီပိုးတို့ အေပိုးတို့ဆိုရင် ကုရာနတ္ထိ ဆေးမရှိဘူးဆို အသည်းအသန် ကြောက်ကြလန့်ကြလေရဲ့။ ကိုယ်တို့ဆရာဝန်တွေကတော့ အရှင်းမပျောက်နိုင်တောင် ကိုယ်တတ်ကျွမ်းတဲ့ ဆေးပညာအားကိုးနဲ့ လူနာရဲ့ ဝေဒနာ သက်သာအောင် ကုစားပေးလို့ရတာကြောင့် အဲ့လိုလူနာမျိုးကို ကုရမှာ တီ ဆားနဲ့တို့သလို ဖြစ်နေလေ့မရှိပါဘူး။ ဒါပေမယ့်လို့ ဆရာဝန်တော်တော်များများက ဖြစ်နိုင်ရင် “တခြားမှာ သွားကုပါလား ဟင်။” လို့ ထမင်းရည်ပူလာ လျှာလွှဲ လုပ်ချင်ကြတဲ့ ရောဂါတစ်ခု ရှိပါတယ်။ သူလည်းပဲ ဆေးကု၍မရပါ ဆိုတဲ့အထဲကပါပဲ။ ဆိုးတာက ဆရာဝန်ပါ တိုင်ပတ်ပတ်သွားတတ်လို့။ အဲသည်ရောဂါကတော့ ဗီအိုင်ပီရောဂါ လို့ ခေါ်ပါတယ်။

ဂေါတမေ၇ မပြန်လေနဲ့ အောင်ခြင်းကိုးပါး “ဒေါက်တာ သန်းထွန်း”

2:18 AM ရွှေမော်ကွန်း
 အ, ပါပေ့ တင်မိုးရယ်
ကျောက်ဆင်းတု ကိုယ်တော်ကို
ဒီက အကျိုးအကြောင်း
ကုန်စင်အောင် လျှောက်ထားပြီးမှ
မပြန်လေနဲ့လို့
မင်းတားလို့ ရမတဲ့လား ..။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၄)

သစ်ထူးလွင်


Saturday, April 26, 2014

ကျွန်မလေးတစ်ယောက်အကြောင်း


★ ★ ★ အခန်း ( ၁ )
ဂလောင် …. ဂလောင် …ဂလွမ် …. ဂလုန် ဂလုန် …..
★ ဟူးးးး ….. ချမ်းလိုက်တာနော် …. ချမ်းလိုက်တာ အခုနေများ ယာဂုပူပူလေးတစ်ခွက် သောက် … အိပ်ယာထဲမှာများစောင်လေးခြုံ ….
အမလေး အမလေး … နောင်ဘဝ အတိတောင် မတွေးရဲတဲ့ဆန္ဒ ကိုငါတွေးနေပါပေါ့လားးး …. အမိုက်မ ညည်းတွေးနေတာတောင်လွန်လှပြီအေ ..။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...