Friday, January 31, 2014

တီကောင်မျက်စောင်း

Kyaw Ba Thit January 31, 2014 at 7:27pm
 
နဂါးမှန်းသိပါရဲ့
မလိုအပ်ဘဲ ခဏခဏ အမောက်ထောင်မပြပါနဲ့....။

တကယ်ဆို ကျုပ်လည်း
ဝိညာဉ်တစ်ငွေ့ကို ခန္ဓာကိုယ်နဲ့ထုတ်
အသက်ရှင်ခြင်းအလုပ်ကို လုပ်နေတဲ့သူပါ

ဂဏန်း


ဂဏန်း ဆိုတဲ့ အမျိုးဟာ သူတို့ ကိုယ်တိုင်သာ အပေါ်မရောက်ဘဲ ရှိမယ် - "ဆွဲချ" နေရာမှာ အင်မတန် သန်ကြတယ်။"
ပင်လယ်ကမ်းစပ်မှာ လူတစ်ယောက် ဂဏန်းတွေ လိုက်ကောက်နေတယ်။ ကောက်သမျှ ဂဏန်းကောင်တွေ ကို ပလိုင်းတစ်ခုထဲ ထည့်ထည့် ယူတယ်။ ဒါပေမယ့် အဲ့ ပလိုင်းမှာ အဖုံး အပိတ် မပါဘူး။ ဖွင့်ရက်သားကြီးပဲ။

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ခန္ဓာအလှကို ဂရုစိုက်သင့်တယ်



ကမ္ဘာပေါ်မှာ ရှိကြတဲ့ လူသားတိုင်း ကျန်းမာခြင်းနဲ့ အတူ လှပခြင်းကိုလည်း ပိုင်ဆိုင်ချင်ကြမှာ အမှန် ပဲ ဖြစ်ပါတယ်။ အသားအရေလှလိုက်တာ၊ ဆံပင်ကောင်းလိုက်တာ၊ သွားလေးတွေက ပုလဲလေးတွေ စီထားတဲ့အတိုင်း ညီညာလိုက်တာ စသည် ဖြင့် ပိုင်ဆိုင်ချင်ကြမှာပါပဲ။ ဒီလိုအလှတရားတွေ ပိုင်ဆိုင်ဖို့ အတွက် ဘယ်လို ထိန်းသိမ်းလေ့ ရှိလဲဆိုတာ လေ့လာကြည့် လိုက်ရအောင် .....

Myanmar Youth Media Club 29 Jan 2014

MYMC - MYMHOT



Posted: 29 Jan 2014 07:10 PM PST
Table Settings & Dining Cultures

ထမင်းစားခန်းထဲမှာ ထမင်းပွဲ၊ ဟင်းပွဲ တည်ခင်းတာပဲ ဖြစ်ဖြစ်၊ စားတာ သောက်တာပဲ ဖြစ်ဖြစ်၊ သိထားရမယ့် အချက် လေးတွေ ရှိပါတယ်။ ထမင်းစားခန်း အတွင်း မှတ်သားထား စရာများကို ဖတ်ကြည့်ရအောင်။

ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ



 "ကလေးငယ်ကို ဆေးတိုက်လိုက်ရင် အဖျားက ကျသွားပေမယ့် ပြီးရင် ပြန်တက် လာတာပဲ ဆရာ"လို့ ကလေးမိဘအ တော်များများက ပြောတတ်ကြတယ်။ ဒါအမှန်ပါပဲ၊ ဒီအတိုင်းပဲ ဖြစ်နေမှာပဲ။ ကလေးကို ပါရာစီတမောတိုက်ရင် ဆေး ရဲ့ အာနိသင်က ငါးနာရီ၊ ခြောက်နာရီ လောက်ပဲ ခံပါတယ်။ ဆေးအာနိသင် ကုန်သွားရင် အဖျားက ပြန်တက်လာပါ တယ်။

သစ်ထူးလွင် သတင်းစုစည်းမ (၃၁-၁)

သစ်ထူးလွင်


Thursday, January 30, 2014

မြန်မာပြည်တွင် စွန့်ဦးတီထွင်သူတို့ ပေါ်ထွက်မလာသည့် အကြောင်းအရင်း

YoYarLay · 144,469 like this
မြန်မာပြည်တွင် စွန့်ဦးတီထွင်သူတို့ ပေါ်ထွက်မလာသည့် အကြောင်းအရင်း

အောင်ခမ်း ( ရိုးရာလေး )

မြန်မာပြည်မှာ Entrepreneur တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲ အချို့ ကို တင်ပြပေးလိုက် ရပါတယ်။

ကူညီထောက်ပံ့မည့်သူ မရှိခြင်း

ကူညီထောက်ပံ့တယ်ဆိုတာ Entrepreneur များအတွက် မရှိမဖြစ်လို အပ်ပါတယ်။ တစ်နည်းပြောရင် ရင်းနှီးမြှုပ်နှံသူလို့လည်း နားလည်နိုင် ပါတယ်။ နိုင်ငံတကာမှာဆိုရင် Product တစ်ခုကောင်းကောင်း ထုတ်ဖို့ ရေး ဆွဲထားတဲ့ Project ကို ထုတ်ပြပြီး Private Investor ကိုပြရင်ပြမယ်။ သူမှမရလည်း အစိုးရ ဘဏ်တွေဆီ တိုက်ရိုက်သွားပြီး ရှင်းပြတဲ့အခါ အကြောင်းအချက်ခိုင်လုံ ရင် ငွေထုတ်ချေး ပါတယ်။ မြန်မာပြည်မှာလည်း မချေးဘူး မဟုတ်ဘူး။ ချေးပါတယ်။ အစိုးရဘဏ်မှ ငွေတိုးနဲ့ချေးနိုင်ပေမယ့် အဲ့ဒီလို ချေးနိုင်ဖို့ အတွက် အိမ်ဂရန် အပေါင်ထားတာတို့၊ ဟိုလူကပ်၊ ဒီလူကပ် လုပ်ရတာတို့၊ လမ်းကြောင်းရှာရတာတို့ အစရှိသဖြင့် အခက်အခဲ များစွာကြောင့် ကိုယ်တိုင်လည်း အရင်းမထုတ်နိုင်၊ အရင်းထုတ်နိုင် သူကိုလည်း ရှာမတွေ့ ၊ ဘယ်ကနေမှ လည်း ငွေချေး မရနဲ့ နောက်ဆုံးတော့ ဘာမှမလုပ်တော့ပဲ နေလိုက်ကြ ပါတယ်။

အကြံတူ နောက်လူ အသာစောင့်ခြင်း

ရန်ကုန်မှာဆိုရင်ပေါ့။ ရပ်ကွက်တစ်ခုထဲမှာပဲ တစ်ယောက် အင်တာနက် ဆိုင်ဖွင့်တယ်။ တစ်နာရီ ၄၀၀ ကျပ်။ ဆိုင် အင်မတန် ဝင်ငွေကောင်း တာတွေ့တောင် နောက်လူကလည်း မနီးမနားနေရာမှာ အင်တာနက်ဆိုင် လိုက်ဖွင့် တစ်နာရီ ၃၀၀ ကျပ်၊ အဲယားကွန်းအေးအေးဆက်ဆက်လေး လည်း ရှိတော့ ၃၀၀ တန်ဆိုင်ကို သွားကြလေရော။ Web Service ကုမ္မဏီတစ်ခု ဝဘ်ဆိုဒ် တစ်ခုကို ၁၀ သိန်းနဲ့လုပ်တယ်။ အရောင်း အဝယ်ဖြစ်၊ အောင်မြင်တာတွေ့တော့ Website တစ်ခု ၅ သိန်းနဲ့ အခြားသော ဝန်ဆောင်မှုပါ တွဲပေးလိုက်တယ်။ နယ်မြို့ လေးမှာ ဘိလိယက်ခုံဖွင့်တော့ လူလာများပြီး အောင်မြင်တယ်။ နောက်လူက အဲ့ဆိုင်လူစည်တာကြည့်ပြီး အဲယားကွန်းခန်း ဘိလိယက်ခုံဆိုပြီးတော့ ဖွင့်၊ အေးတဲ့နေရာကို လူပိုသွား။ ရွှေဇလပ် အမည်နဲ့ နေကြာစိ ထုတ်။ နောက်ကုမ္မဏီတစ်ခုက ငွေဇလပ် သို့မဟုတ်ရွှေဇလယ် အမည်နဲ့ နေကြာစိ ထုတ်။ အသံတူ ကြောင်းကွဲ လုပ်ပြီး ဈေးလည်း သက်သက်သာသာ လုပ်တော့ သူ ပိုအောင်မြင်တာပေါ့။

 နောက်ဆုံးတော့ အကြံတူပေမယ့် နောက်လူက သာသာလို့ သွားပါတယ်။ သာရခြင်း အကြောင်းက ကနဦး တီထွင်ကြံစသူဟာ အိုင်ဒီယာ ဆက်မထုတ်နိုင်ခြင်း နဲ့ Investment ထပ်မထုတ်နိုင်ခြင်း နှစ်ခုပါ။ Idea ထပ်မထွက်တာကတော့ ကိုယ့်အပြစ်မို့ ပြောစရာမရှိပေမယ့် ၁၀ ယောက်စာ Customer အတွက်ပဲ ဝန်ဆောင်မှု ပေးနိုင်သူဟာ အယောက် ၁၀၀ အတွက် မစွမ်းသာသေးပါဘူး။ ဒီတော့ စွမ်းသာတဲ့ လုပ်ငန်းစုတစ်ဖွဲ့က ဆင်တူတွေ လိုက်လုပ်တော့ စွန့်ဦးတီထွင်သူဆိုတာ ပျောက်ခြင်း မလှပျောက်ကုန်၊မွဲကုန် ကြ ပါတယ်။

ခိုင်မာသင့်လျော်သော နည်းဥပဒေ မရှိခြင်း

လုပ်တုန်းကတော့ အဖွဲ့နဲ့ သေချာ တိုင်ပင်ပြီး လုပ်ကြတယ်။ စိတ်ဝမ်းလည်း ကွဲကြရော၊ ပြဲကြရော လူတစ်လူ ငါတစ်မင်းဖြစ်တဲ့အခါ ငွေကြေး အရှုပ် အရှင်းတွေ၊ ထုတ်ကုန်အရှုပ်အရှင်းတွေ၊ အမည်အရှုပ်အရှင်းတွေ အားလုံး ရှင်းရတော့မယ်။ နည်းပဒေများစွာ ရှိပေမယ့် ငွေများသူဘက်က အမြဲနိုင် တဲ့ခေတ်ကို မကျော်လွှားနိုင်သေးတော့ စွန့်ဦးတီထွင်ဖို့ရာ ခက်ခဲ နေ ပါသေးတယ်။ မူပိုင်ခွင့် ပြဿနာ က အကြံတူခြင်း၊ ထောက်ပံ့သူ ရှိမရှိ ပြဿနာအပြင် နည်းဥပဒေ ခေါင်းစဉ်အောက်မှာလည်း အကြုံးဝင်ပါတယ်။ စာရေးဆရာ တစ်ယောက် သူ ကလောင်ထက်လို့ စာအုပ်ထုတ်မယ်ဆိုရင်တောင် အုပ်ရေ ၂၀၀၀ အတွက် သိန်း ၂၀။ ဒါကိုမတတ်နိုင်တော့ ထုတ်ဝေသူရှာ၊ ဒီလိုနဲ့ ဟိုရှာဒီရှာလုပ်ရင်း စာအုပ်သာ ထွက်သွားပေမယ့် အိင်္ကျီသစ်တစ်ထည် မရလိုက်ဘူး။ ထုတ်ကုန်ကောင်းကောင်း ရှိလို့ ကုမ္မဏီထောင်ချင်ပြီ မီဒီယာလား၊ ထုတ်ကုန်သွင်းကုန်လား၊ အစုအဖွဲ့လား ကုမ္မဏီမှတ်ပုံတင်ကြေး၊ အမည်ကြေး၊ ခွင့်ပြုချက်အမိန့် တစ်ဆင့်ပြီးတစ်ဆင့် ကုန်ကျစရိတ်ကလည်း များတော့ စွန့်ဦးတီထွင်သူတို့ ခေါင်းအစားမခံပဲ ထမင်းပဲ ဆက်စားကြ ပါတော့တယ်။ အစိုးရက Entrepreneur များကို မြေတောင်မြောက်ပေးတဲ့ ဥပဒေမျိုးတွေ ချမှတ် ပေးဖို့ လိုအပ်နေပါပြီ။

ပူးပေါင်းလုပ်ကိုင်မှု မရှိခြင်း

သိပ်အဝေးကြီး ရှာတွေးနေစရာ မလိုပါဘူး။ အနီးအနား တိုင်ပြည်များ ကိုပဲ လေ့လာ ကြည့်နိုင်ပါတယ်။ Product တစ်ခုရဖို့အတွက် Unplug မဟုတ်တော့ပဲ Team Work ကောင်းကောင်း တစ်ခု Build လုပ်လို့ ပူးပေါင်း ဆောင်ရွက် သွားကြပါတယ်။ ငွေရှိရင် လုပ်ငန်းတစ်ခုစမယ်။ လိုအပ်တဲ့လူတွေကို ပိုက်ဆံပေးခန့်မယ်ဆိုတဲ့ ငွေရှိသူအချို့ ကြောင့် သူတို့ ကိုယ်တိုင်လည်း Entrepreneur ဖြစ်မသွားသလို သူတို့လက်အောက်မှာ လုပ်တဲ့ သူတွေကလည်း Entrepreneur ဖြစ်မသွားပါဘူး။ လုပ်ငန်းရှင်နဲ့ လုပ်သား ဆက်ဆံရေး level တစ်ခုသာ ဖြစ်သွားပြီး စိတ်ဝမ်းကွဲမှု များကြောင့် စွန့်ဦးတီထွင်မှုတွေ ပျောက်ဆုံး သွားပါတယ်။ အလုပ် တစ်ခုကို ရပြီဆိုရင်လည်း အဖွဲ့လိုက် ဝိုင်းလုပ်တာထပ် တစ်ယောက်တည်း လက်စွမ်းပြမယ်ဆိုတဲ့ အတွေးရှိသူ များကလည်း ခရီးပန်းတိုင်တစ်ခု ကို တော်တော်နဲ့ မရောက်ပါဘူး။ စည်းစည်းလုံးလုံး ပူးပေါင်း လုပ်ကိုင်မှု မရှိခြင်း ကလည်း Entrepreneur များကို ပျောက်ကွယ် စေပါတယ်။

စွန့်စားလိုစိတ် မရှိခြင်း

ဒါကတော့ ကာယကံရှင်ကိုပဲ အပြစ်တင်လို့ မရပါဘူး။ မြန်မာပြည်မှာ က တော်ရုံငွေမရှိတဲ့အခြေအနေကနေ ချေးငွေယူလို့ စီးပွားဖြစ်အောင် ဖန်တီးမယ်ဆိုရင်တောင် အောင်မြင်ဖို့၊ ကျရှုံးဖို့က ၅၀:၅၀ ပါ။ အောင်မြင်ပြီး သား ကွန်ရက်တစ်ခုက အောင်မြင်ဖို့ ရည်ရွယ်ပြီး အခုမှ စတဲ့ Starter တွေ ကို သူတို့ Network ထဲ ပေးဝင်လိုစိတ် မရှိပါဘူး။ (အားလုံးကိုမဆိုလိုပါ) ဒီတော့ ကြိုးစားပန်းစားသာ မလုပ်ကိုင်ရင် ကြိမ်းသေ ကျရှုံးမှာပါ။ သို့ပေမယ့် ဒီနေရာမှာ ဘုရင့်နောင်ဖောင်နောက်ပြန်မလှည့် ကြိုးစားသူ အချို့ ကတော့ အောင်မြင် ပါတယ်။ အဓိကကတော့ စွန့်စား (Adventure) ချင်တဲ့ စိတ်ဓာတ်တစ်ခု ရှိနေဖို့ ဖြစ်ပါတယ်။ စိုးရိမ်စိတ်၊ ကြောက်စိတ်ကြီုးစိုးနေသေး ရင်တော့ ဘယ်တော့မှ လုပ်ငန်းရှင် ဖြစ်မလာပါဘူး။ အကြောင်းပြချက် တစ်ခုချင်းစီကို ဖတ်လို့ အားငယ်၊ စိတ်ပျက်နေမယ့်အစား တကယ် အောင်မြင်သော Entrepreneur ဖြစ်လိုသူ တစ်ယောက်က ဒီဘောင်အတွင်းကနေ ဘယ်လိုဖောက်ထွက်ကြိုးစားရမယ်ဆိုတာကို စဉ်းစားနေပါပြီ။

Entrepreneur များ မပေါ်ထွန်းအောင် တားဆီးတဲ့ အချက်များစွာ ရှိနေတာကို အုပ်ချုပ်ရေး နဲ့ ဥပဒေ ပြုရေးတို့က ပြင်ဆင်သတ်မှတ်ပေး မယ်၊ ပြီးတော့  Entrepreneur များကလည်း စွမ်းစွမ်းတမံ ကြိုးစားမယ် ဆိုရင် မြန်မာပြည်ရဲ့  ရွှေရောင်လင်းလက်တဲ့ အနာဂတ်က တကယ်မဝေးတော့ပါဘူး။ 

http://yoyarlay.com/book/article/39867-why-there-is-no-entrepreneur-in-myanmar

.

အောင်ခမ်း ( ရိုးရာလေး )

မြန်မာပြည်မှာ Entrepreneur တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲ အချို့ ကို တင်ပြပေးလိုက် ရပါတယ်။

ကူညီထောက်ပံ့မည့်သူ မရှိခြင်း

၂၁ ရာစု ကာလနာ သုတ်


အို--
ချစ်သား-- ကာလနာတို့
ဖေ့စ်ဘွတ်တစ်ခွင် ပြဲပြဲစင်အောင်
ဝင်ရောက်ဖတ်ရှု့ သင်စပ်စုစဉ်---

၁၊ ငါ၏စတေ့တပ် ဖတ်မိရုံမျှ
ကြိုက်ရုံမျှဖြင့်
စဉ်းစားချင့်ချိန် ဥာဏ်တိမ်တိမ်နှင့်

လွယ်ကူလေ့လာသဒ္ဒါသင်ခန်းစာ (Uncount nouns and proper nouns - ရေတွက်၍ မရသော နာမ်များ နှင့် ကိုယ်ပိုင်နာမ်များ)

    Posted by Forum Moderator 3 on January 30, 2014 at 16:13 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ

Uncount nouns ရေတွက်၍ မရသော နာမ်များ

အင်္ဂလိပ်ဘာသာစကားတွင် တစ်ချို့သောနာမ်များသည် ရေတွက်၍ မရသော နာမ်များ ဖြစ်ကြသည်။ ဤတွင် ဘာသာစကား တစ်ခုနှင့် တစ်ခု count / uncount ဟု သတ်မှတ်ပုံ ကွာခြားတတ်ပါသည်။ အင်္ဂလိပ်စကားတွင် water သည် uncount အဖြစ်သုံးသော်လည်း မြန်မာစကားတွင် ထိုသို့ သုံးစွဲဟန် မရှိပါ။ ကြော်ကြားသည့် မြန်မာ သင်္ကြန်သီချင်း “ရေရေတွေ စိုကုန်ပြီ” က ဤသည်ကို ညွှန်းပြနေသည်။

အင်္ဂလိပ်ဘာသာတွင် ရေတွက်၍ မရသည့်  uncount noun များအား အများကိန်း အဖြစ် မသုံးပါ။ တစ်ခုကိန်း ကဲ့သို့သာ အသုံးပြုကြသည်။

အမေရိကန်ရောက် မြန်မာဒုက္ခသည်များ၏ မပြီးဆုံးသေးသောခရီးကြမ်း



 (ခင်မေဇော် - 7Day News Journal ပါဆောင်းပါး)
 "တံတားအောက်မှာနေတာကို ရဲက မနေရဘူးလို့ လာပြောတော့ ချိတ်ပိတ်ထားတဲ့ အိမ်တန်းလျားထဲမှာ ၀င်ခိုနေတယ်။ အဲဒီမှာ တခြားလူတွေလည်း ခိုနေကြတယ်။ အဲဒီထဲကတယောက်က ကျနော့်ဖုန်းချာဂျာ ခိုးတယ်။ ဒါနဲ့ အဲဒီလူနဲ့ရန်ဖြစ် ရိုက်ကြတော့ ရဲကရောက်လာတယ်လေ။

ချစ်သူတွေ ကျော်ဖြတ်ရတဲ့ အဆင့် ( ၇ ) ဆင့်

ချစ်သူတွေ ကျော်ဖြတ်ရတဲ့
အဆင့် ( ၇ ) ဆင့်

အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့် *

ဒါကတော့
ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။
ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။

အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်* *

ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း
တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။
ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ခ်ျတိုင်းက
ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။

အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့် ** *

ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ
နည်းနည်းစလာပြီ။
ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့
ပြီးသွားတာလေးတွေပါပဲ။

အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်* ** *

ဒီအဆင့်မှာက
တစ်ယောက်နဲ့တစ်ယောက်
အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်၊ ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီ။ ချုပ်ချယ်တာတွေ၊ ဆုံးမတာလေးတွေ လုပ်လာပြီပေါ့။ အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ်လာတာပဲဖြစ်ဖြစ်၊ နှစ်ယောက်ကြားကအချစ်က အရှိန်မြင့်လာတာ ပဲဖြစ်ဖြစ်၊ အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။

အဆင့် ၅။ ပြန်လည်ကြည်နူးခြင်းအဆင့် ** ** *

ဒီအဆင့်ရောက်ရင်တော့ အခြေအနေေ
တ်ာတော်လေးကောင်းလာပြီ။ ပြီးတော့ တော်တော်များများကိုလည်း ဖြတ်ကျော်ပြီးသွားပြီဆိုတော့ ကိုယ့်ချစ်သူနဲ့ တော်တော် အဆင်ပြေသွားပြီ။
ဘယ်တော့မှ မခွဲတော့ဘူးတို့ ဘာတို့ စပြောတဲ့အချိန်ပေါ့။

အဆင့် ၆။ ဂြိုလ်ဆိုးဝင်တဲ့  အဆင့် ** ** **

ဒီအချိန်မှာတော့ သံသယတွေ၊ ပြသနာပေါင်းစုံေ တွစလာပြီ။ နည်းနည်းလေးမတွေ့ရလိုက်တာနဲ့ ဘေးလူတွေကပြောတဲ့  ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့အကြောင်းတွေကြားပြီး ရန်တွေအကြီးအကျယ်ဖြစ်ပြီ။ ဒီအဆင့်မှာ တတိယလူဝင်လာတာတွေရော၊ မိဘရဲ့ နှောင့်ယှက်မှုတွေရော၊ သူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရော၊ အကုန်ပါလာပြီ။
အခန့်မသင့်တာနဲ့
လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။

အဆင့် ၇။ တည်ငြိမ် ရင့်ကျက်သွားတဲ့ အဆင့် *******

ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံးအဆင့်
ရောက်သွားပြီလို့ပြောရမလားပဲ။ ဒီအဆင့်ရောက်လာပြီဆိုရင် တော်တော်လည်း နှစ်ယောက်စလုံးရဲ့အချစ်က
တည်ငြိမ်သွားပြီ၊ ပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။ ဘာအခက်အခဲတွေလာလာ ရင်ဆိုင်နိုင်သွားကြပြီပေါ့။ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူး။

ကဲ အဲ့ဒီအဆင့်လေးတွေကိုဖတ်ပြီးရင်
ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲဆိုတာကို
သတိထားပြီး
ချစ်သူနဲ့ အတူတူ
လက်တွဲကျော်ဖြတ်နိုင်အောင်
ကြိုးစားပေါ့။

ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့်တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘ၀လေးကို ရောက်အောင်သွားနိုင်ကြပါစေ။
ဲုပြသာနာတွေတော့ရှိမှာပဲ၊ အဖုအထစ်လေးတွေတွေ့မှာပဲ။
ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူ
အချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင်
ထားနိုင်သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါ

NKအဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့် *

ဒါကတော့ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။
ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။

အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်* *

ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း
တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။
ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ခ်ျတိုင်းက
ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။

“ရွှေမန်းမေ / ခင်ယုမေ”

Soe Min October 4, 2010 at 4:31am
ဒီတခါတော့ သီချင်းမြူးမြူးလေး ရွေးထားပါတယ်။ ရွှေမန်းမေ တဲ့။ ဆရာရွှေပြည်အေးရဲ့ လက်ရာ အံတီမေ ရဲ့ ငယ်မူငယ်သွေး အသံလေးကြားရပါမယ်။ ချိုပြုံး တို့ ခင်ယုမေ တို့ ဆိုတာ ရေဒီယိုမှာ တော်တော် နံမည်ကျော်ပြီးမှ ရုပ်ရှင်မင်းသမီး ဖြစ်လာကြတာပါ။

ချောလိုက်ကြတာလည်း မှုန်လို့။ အဲဒီခေတ်က ဖက်ရှင် တပတ်လျှိုထုံးလေးမှာ ပန်းပွင့် ကြီးကြီးတွေပန်လို့။ အင်မတန် ယဉ်ပါပေတယ်။ မင်းသမီးမဖြစ်ခင် အဆိုတော်ဘ၀က ဓါတ်ပုံတွေက ပိုလှနေသယောင် ရှိပါတယ်။ ငယ်ငယ်နုနုလေးတွေကိုး။ ဆယ်ကျော်သက်အရွယ်နဲ့ နိုင်ငံကျော် အဆိုတော် ဖြစ်ခဲ့သူတွေပါ။
ရွှေမန်းမေသီချင်းကတော့ မြန်မာ့မီးရထားက ရထားအသစ်ကြီးတွေ ၀ယ်ပြီး ဒဂုံမေ ရွှေမန်းမေ အမည်တွေနဲ့ ရန်ကုန် မန္တလေး အမြန်ရထား စဆွဲတုန်းက ရထားပေါ်မှာ ဖျော်ဖြေဖို့ စပ်ပေးခဲ့တာလို့ သိရပါတယ်။ မန်းရာပြည့်ပွဲအမီလား သေချာတော့ မမှတ်မိတော့ပါဘူး။ နောက်ခံတီးလုံး တွေနားထောင် ကြည့်ရင် အဲဒီခေတ်က အေ၀မ်းထွက်ရုပ်ရှင် တော်တော်များများမှာ ပါတဲ့ ကာလပေါ် တီးကွက်ဆန်းတွေကို သတိပြုမိမှာပါ။ ဆရာရွှေပြည်အေး အေ၀မ်းခင်မောင် တို့ဟာ အေ၀မ်း ကုမ္ပဏီရဲ့ ပင်တိုင် ဂီတမှူးများကိုး။

Myanmar Youth Media Club 28 Jan 2014

MYMC - MYMHOT



Posted: 28 Jan 2014 05:28 PM PST
Internship Challenges
လုပ်ငန်း အတွေ့အကြုံ ရယ်လို့ မရှိ သေးခင် အလုပ်သင် ဘ၀မှာ တွေ့ကြုံ နိုင်တဲ့ မမျှော်လင့် ထားတဲ့ အခက် အခဲတွေ စိန်ခေါ်မှု တွေကို ဘယ်လို ဖြေရှင်း ကြမလဲ။
လုပ်ငန်း အတွေ့အကြုံ ရယ်လို့ မရှိ သေးခင် အလုပ်သင်ကာလမှာ ကျွန်တော်တို့ဟာ မရည်ရွယ် မမျှော်လင့်ထားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရပါတယ်။

စစ်တပ်နဲ့ နိုင်ငံရေး (၁၂)

January 28, 2014 at 5:01pm

စစ်တပ်များဖွဲ့စည်းပုံ။

စစ်တပ်တိုင်း ရှေ့ကဦးဆောင်တိုက်ရတဲ့ ပြည်သိမ်းတပ်တွေနဲ့ နယ်မြေထိန်းရတဲ့တပ် တွေဆိုပြီးခွဲခြားထား ကြတယ်။စစ်ဖြစ်ရင် အရင်ဆုံးရှေ့ကထွက်တိုက်ရတာက ပြည်သိမ်းတပ်လို့ပြောနိုင်တဲ့ တိုက်ခိုက်ရေးတပ် တွေပဲ။ ဥပမာအမေရိကန်နိုင်ငံဟာ အီရတ်ကို(၂)ခါဝင်သိမ်းရတယ်။ ဒီလိုဝင်သိမ်းရင်တိုက်ခိုက်ရေးတပ် တွေနဲ့ဝင်သိမ်းတာပဲ။ အမေရိကန်နိုင်ငံကကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တာကြောင့် တိုက်ခိုက်မှုလိုအပ် ချက် အပေါ်မူတည်ပြီး တပ်မတွေကိုဖွဲ့စည်းထားတယ်။ဥပမာ ရှေ့တန်းရန်သူ့နယ်မြေကို အလျှင်အမြန်ဝင် သိမ်း တော့မယ်ဆိုရင် တင့်ကားတွေမပါတဲ့ပေါ့ပါးတဲ့ 82 Light Airborne Division ကိုသုံးပြီး၊တင့်ကား တွေ၊ အားမတ်ကားတွေ ပါတဲ့ တပ်မတွေကနောက်မှ ၀င်နေရာယူရမယ်။

တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက်ကောင်း

တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေးအတွက် ကောင်းကြောင်း လေ့လာချက် အသစ်အရ သိရသည်။
တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော အမျိုးအစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစား ကို မြင့်တက် စေကြောင်း လေ့လာချက်အသစ်များအရသိရသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁)

သစ်ထူးလွင်


Wednesday, January 29, 2014

နှလုံးသားဒိုင်ယာရီ (၂၂)

January 28, 2014 at 12:29am

 ၂၀၀၂ ခုနှစ်၊ မတ်လ

အေးရွာသို့သတင်းဆိုးတစ်ခုဝင်ရောက်လာခဲ့ပြန်သည်။ ယုံကြည်စိတ်ချရသောမိတ်ဆွေတစ်ဦးမှ “အကိုရေ ရန်ကုန်မြို့ထဲမှာတော့ အခြေအနေတွေက ယောက်ယက်ခတ်နေပြန်ပြီဗျ” ဟုဆိုလာသော ကြောင့် ကျနော်ကလည်း “ဘာတွေဖြစ်ပြန်ပြီလဲဗျာ၊မထိတ်သာမလန့်သာရှိလိုက်တာ” ဟုဆိုလိုက် သောအခါ

သစ်ခေါက်ခွာသူတို့၏ မရေရာသောအနာဂတ်

7Day News Journal · 536,003 like this
သစ်ခေါက်ခွာသူတို့၏ မရေရာသောအနာဂတ်
-----------------------
ရေးသားသူ- ညီညီဇော်

ဧရာဝတီမြစ်ရေက အေးဆေးတည်ငြိမ်စွာ စီးဆင်းနေသည်။ မြစ်ကမ်းစပ်အထက်နားတွင်တော့ ကျိုးတိုးကျဲတဲ တည်ဆောက်ထားသော တဲအိမ်စုလေးများက ဆိတ်ငြိမ်စွာတည်ရှိနေသည်။ သို့သော် တဲအိမ်လေးတွေရဲ့ရှေ့မှာ၊ ဘေးမှာ၊ တဲပေါက်ဝမှာ ရှိနေတဲ့လူများ၏ မျက်လုံးတွေကတော့ ဂနာမငြိမ်ဘဲတစ်စုံတစ်ရာကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေကာ ဧရာဝတီမြစ်ပြင်ကျယ်ကြီးကို ငေးမောနေကြသည်။

ထိုအချိန် မြစ်ဆိပ်ကနေ အမျိုးသမီးတစ်ဦး သဲသောင်များကိုဖြတ်ကာ တစ်ခုခုကိုအော်ဟစ်ရင်း အူယားဖားယားပြေးတက်လာသည်။ “ထင်းတွဲကြီးလာပြီဟေ့”တဲ့။ သူ့အသံကြားတော့ ထိုင်နေကြတဲ့လူတွေ လှုပ်လှုပ်ရွရွဖြစ်သွားသည်။ မြစ်ထဲကိုလှမ်းကြည့်လိုက်တော့ သစ်တွေအပြည့်တင်ဆောင်လာသည့် သင်္ဘောတစ်စီးက တလှုပ်လှုပ်ဖြင့် မျှော်နေသူတို့ဆီ လာနေချေပြီ။

ဟုတ်ပါသည်။ ထင်းတွဲကြီးလာပါပြီ။ သူတို့တွေ ကိုယ်စီကိုယ်စီမျှော်နေကြသည့် ထင်းတွဲကြီးလာချေပြီ။ စောစောက ပျင်းရိလေးတွဲဖွယ်ဖြစ်နေသည့် မျက်နှာတွေ ကိုယ်စီကိုယ်စီဝင်းပသွားကာ တဲအိမ်လေးတွေအတွင်း အမြန်ဝင်လိုက်ကြသည်။ တဲအိမ်အတွင်းမှ ယူလာသည်ကတော့ သံတူးရွင်းတစ်ခုစီ။ သံတူးရွင်းကိုယ်စီဖြင့် မြစ်ဆိပ်ကို အလုအယက်ပြေးဆင်းကြသည်။ သစ်ခေါက်များ သွားခွာရန်ပင်ဖြစ်သည်။ ထို့ကြောင့် သစ်တွေအပြည့်တင်ဆောင်လာသည့် သင်္ဘောကြီးကို ကလေးတွေက အမည်ပေးတတ်ကြသည်။

“ထမင်းအိုးကြီးမျောလာပြီ” တဲ့။ ထမင်းအိုးကြီးလို့အမည်ပေးရလောက်အောင်ပင် သူတို့အတွက် သစ်တင်သင်္ဘောကြီးတွေက တကယ့်ထမင်းအိုးကြီးတွေဖြစ်လာအောင် ဖန်တီးပေးတတ်သည်ဟု သစ်ခေါက်ခွာသူ အသက်(၅၅)နှစ်အရွယ် ဒေါ်ခင်ဝင်းကပြောပြသည်။ ဧရာဝတီမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် သစ်တင်သင်္ဘောတွေက ရတနာပုံတံတားအနီးက မြန်မာ့သစ်လုပ်ငန်းတွင် မျှောစာယူရန် မြစ်လယ်တွင် ကျောက်ချလေ့ရှိသည်။

ထိုအချိန် သစ်တင်သင်္ဘောပေါ်က ကြီးမားလှသော သစ်တုံးကြီးများ၏ အခေါက်ကလေးများကို အလုအယက်လိုက်ခွာရင်း ထမင်းအိုးဖြစ်အောင် ဖန်တီးကြသူတွေက ဧရာဝတီမြစ်ကူး ရတနာပုံတံတားအနောက်ဘက်ကမ်း စစ်ကိုင်းသစ်ဆိပ်အနီးမှာဖြင့် တစ်ပုံတစ်ပင်။ ဟိုအရင် ရတနာပုံတံတားမထိုးခင် စစ်ကိုင်းသစ်ဆိပ်နဲ့ ရွှေကြက်ယက်ဆိပ်ကမ်းကို ငှက်လှေတွေနဲ့ကူးကြတော့ လှေသမားတွေအလုပ်ဖြစ်ခဲ့သည်။

ခုတော့ ရတနာပုံတံတားပေါ်လာတော့ ငှက်လှေနဲ့မကူးကြတော့။ ငှက်လှေအလုပ်မဖြစ်တော့ ရရာသစ်ခေါက်ခွာတဲ့အလုပ် ၀င်လုပ်ခဲ့ရသည်ဟု အသက်(၅၅)နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက ပြောပြသည်။ နောက်တော့ တဖြည်းဖြည်း သစ်ခေါက်ခွာသူ များလာလိုက်တာ စစ်ကိုင်းသစ်ဆိပ်အနီးမှာဖြင့် တဲအိမ်လေးတွေကိုပုံလို့။ 

သစ်တင်သင်္ဘောများ ၀င်လာပြီဆိုရင် မြစ်ဆိပ်မှာရပ်ထားတဲ့ ငှက်လှေတွေပေါ် အပြေးအလွှားတက်ကာ စက်ကိုအသားကုန်မောင်းပြီး သူ့ထက်ငါအပြိုင်အဆိုင် သစ်တင်သင်္ဘောကြီးဆီ ပြေးကြလေပြီ။ တဝေါဝေါစီးဆင်းနေသည့် ဧရာဝတီမြစ်ပြင်ကျယ်ကြား သစ်တင်သင်္ဘောကြီးဆီသို့ ငှက်လှေလေးတွေ အပြိုင်အဆိုင်မောင်းနှင်သွားကြသည်က အစာကိုအပြိုင်သုတ်ကြတော့မည့် သိမ်းငှက်များနှယ်။ ယခင်ကတော့ ငှက်လှေမှာ စက်မတပ်နိုင်ခင်က အပြိုင်အဆိုင်လှော်ခတ်ကာ သင်္ဘောနောက်လိုက်ရသည်။ ခုတော့ စက်တပ်ပြီး နည်းနည်းတော့ အမောသက်သာသည်။ သို့သော် သင်္ဘောနားရောက်တော့မှ သစ်ခေါက်ဈေးကောင်းကောင်းမရသည့် ကျွန်းသစ်မျိုးဖြစ်နေတဲ့အခါကျရင် မောပြီသာမှတ်။

“ကျွန်းသစ်အခေါက်ကျတော့ ဈေးကမရဘူး။ အင်သစ်ခေါက်ကမှဈေးကရတာ။ ကျွန်းသစ်တွေနဲ့တိုးပြီဆိုရင် ဆီဖိုးငါးရာလောက်ရှုံးပြီပဲ”ဟု သစ်ခေါက်ခွာရန်လိုက်လာသူ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။ ထို့အပြင် သင်္ဘောနားရောက်မှ ပြောင်ရှင်းနေသည့် သစ်တုံးကြီးတွေတွေ့ရပြီဆိုရင် သင်္ဘောပေါ်က သူလိုကိုယ်လို ဘ၀တူသင်္ဘောဝန်ထမ်းလေးတွေက သစ်ခေါက်တွေခွာခဲ့ပြီးပြီဖြစ်လို့ သက်ပြင်းချကာ သင်္ဘောပေါ်က ပြန်ဆင်းခဲ့ရသည်မှာလည်း အကြိမ်ကြိမ်။

သစ်တင်သင်္ဘောနားရောက်တော့ ငှက်လှေကိုစက်သတ်ရင်း မောင်းနေဆဲသင်္ဘောနား တဖြည်းဖြည်းကပ်ရသည်။ ငှက်လှေကို သင်္ဘောနဲ့ကပ်ချည်ပြီးတော့ ပါလာသမျှလူအားလုံး သင်္ဘောပေါ်တက်ကြသည်။ သစ်လုံးတွေဆီက သစ်ခေါက်တွေကို သံတူးရွင်းတွေကိုယ်စီဖြင့် ခွာကြပြီ။ သစ်ခေါက်ခွာတာကို သင်္ဘောဝန်ထမ်းတွေက ကိုယ်ချင်းစာစိတ်ဖြင့် ဘာမျှမပြော။ ထို့ကြောင့် သူတို့တစ်တွေကလည်း အလိုက်သိစွာဖြင့် သစ်သားကိုယ်ထည်ကိုမထိခိုက်စေရေး အသာအယာသစ်ခေါက်ကိုခွာရသည်ဟု သစ်ခေါက်ခွာသူတို့ကဆိုသည်။ “၀န်ထမ်းတွေကလည်း ကျွန်တော်တို့ကို သနားကြတယ်နဲ့တူပါတယ်။ တစ်ခါတလေ ထမင်းတောင်ကျွေးသေးတယ်”ဟု သစ်ခေါက်ခွာသူ ကိုသီဟဇော်ကပြောပြသည်။ ဧရာဝတီမြစ်လယ် နေအပူရှိန်ကြောင့် ချွေးများက တစက်စက်ကျနေလည်း သူတို့မမှု။ “ဒီအလုပ်က အူစိုတယ်။ ဒါပေမဲ့ပင်ပန်းတယ်”ဟု သစ်ခေါက်ခွာရင်း ကိုသီဟဇော်ကပြောသည်။ ဒီလောက်ပင်ပန်းနေသည့်အတွက် သစ်ခေါက်တွေ ဈေးကောင်းကောင်းရပုံပဲဟု ထင်နိုင်စရာရှိသည်။ ၀မ်းဗိုက်ကားကား ငှက်လှေတစ်စင်း အပြည့်အမောက်မှ ကျပ်ခြောက်ထောင်ခန့်သာရသည်။ 

ငှက်လှေတစ်စီးအပြည့်ဖြစ်ဖို့အတွက် လူသုံးယောက်ခန့် အင်တိုက်အားတိုက် သစ်ခေါက်ခွာမှသာရနိုင်သည်ဟု သစ်ခေါက်ခွာသူများကပြောသည်။ ထို့ကြောင့် သစ်ခေါက်ခွာသူများက မိမိတို့ရှာလာတဲ့သစ်ခေါက်တွေကို မီးမမြှိုက်ရက်။ ရလာတဲ့သစ်ခေါက်တွေ ဟိုဒီရွှေ့ရင်း ပဲ့ကျသွားသည့်သစ်ခေါက်အစနလေးတွေကိုသာ သုံးပါသည်ဟု သစ်ခေါက်ခွာသူအမျိုးသမီးတစ်ဦးကဆိုပါသည်။

သစ်ခေါက်ခွာသူတွေ ပိုမိုအကျပ်အတည်းဖြစ်စေတဲ့ ကာလတွေကလည်း လာတတ်ပါသေးသည်။ နှစ်ကုန်ပြီဆို သစ်တင်သင်္ဘောတွေ အလာကျဲချေပြီ။ သစ်ခေါက်ခွာသူတွေ အသီးသီးတိုင်ပင်ကြပြီ။ ငွေစုထားတာရှိတဲ့သူကထုတ်၊ ပေါင်နှံစရာရှိသူက အပေါင်ဆိုင်ပြေး၊ သစ်ခေါက်ပွဲစားဆီက ငွေကြိုထုတ်လို့ရသူကထုတ်ကာ ဧရာဝတီမြစ်တစ်လျှောက် ငှက်လှေဖြင့်ဆန်တက်ရင်း သစ်တင်သင်္ဘောရှာပုံတော်ဖွင့်ရန်စီစဉ်ရသည်။ သစ်တင်သင်္ဘောကိုတွေ့ဖို့ ရက်က ဘယ်လောက်ကြာမည်ဆိုတာ မသေချာတော့ ငှက်လှေပေါ်မှာ ဆန်နဲ့သီးနှံတွေတင်၊ ထမင်းအိုး၊ ဟင်းအိုးတွေပါဆွဲကာ သစ်တင်သင်္ဘောဆီလိုက်ရသည်။ တစ်ခါတလေ ကံကောင်းရင်တော့ ရက်တိုတိုနဲ့ သစ်တင်သင်္ဘောတွေ့တတ်သည်။ သစ်တင်သင်္ဘောမတွေ့ရင်တော့ ဆန်တက်ပေဦးတော့။ ငှက်လှေတွင် စက်မတပ်နိုင်ခင်က လက်ဖြင့်လှော်ကာ ဆန်တက်ရတာမို့ ခြေကုန်လက်ပန်း ကျလာတတ်ကြသည်။ ထို့ကြောင့် ကမ်းပါးမြင့်သည့်နေရာရောက်လာပါက တစ်ယောက်က ကမ်းပါးပေါ်တက်ကာ ငှက်လှေကိုကြိုးဖြင့်ဆွဲရင်း ခရီးဆက်ရသည်။ ညမှောင်လာပြီဆို တွေ့သည့်သောင်ပြင်မှာ မိုးကာတဲထိုးကာ တစ်ထောက်နားရသည်။ သစ်တင်သင်္ဘောတွေ့ပြီဆိုရင် အရမ်းပျော်မိသည်ဟု မိသားစုလိုက် ငှက်လှေဖြင့် သစ်တင်သင်္ဘောရှာခဲ့သူ ဒေါ်ခင်ဝင်းကဆိုပါသည်။ မြစ်ကြောင်းတစ်လျှောက် သစ်ခေါက်တွေကို ခွာလာလိုက်တာ စစ်ကိုင်းသစ်ဆိပ်ကျတော့ ချကာရောင်းချလိုက်မှ အမောပြေတော့သည်ဟု သစ်ခေါက်ခွာသူများကဆိုပါသည်။

သစ်တင်သင်္ဘောပေါ်တင်မကဘဲ လှေတွေဖြင့်ကပ်ချည်ကာ သယ်ဆောင်လာသည့် သစ်တွဲများတွင်လည်း သစ်ခေါက်ခွာကြပါသေးသည်။ လူကရေထဲကိုဆင်းပြီး ခွာရသည့်အတွက် အောက်ကအေးအေး အပေါ်ကနေပူပူဖြင့် ညဆို ခါးတွေကနာတာလွန်ပါရောဟု ကိုသီဟဇော်ကပြောပြသည်။ သစ်ခေါက်တွေ အပြေးအလွှားခွာကြဖို့အရေး ပြေးရင်းလွှားရင်း သင်္ဘောပေါ်ကရေညှိများကြောင့် ချော်လဲကာ ခိုက်မိတာတွေ၊ သစ်လုံးတစ်လုံးကနေတစ်လုံးကူးရင်း ခြေချော်ကျကာ ဒဏ်ရာရတာတွေက သူတို့အတွက်မဆန်းတော့။ သစ်ခေါက်ခွာရင်း ကံဆိုးခဲ့သူတချို့လည်း ရှိခဲ့ဖူးသည်။ အပြေးအလွှားသစ်ခေါက်တက်ခွာရင်း တုံးညပ်သေခဲ့တာတွေ၊ သင်္ဘောတစ်စီးနဲ့တစ်စီး သစ်လွှဲတင်နေတဲ့ကရိန်းနဲ့ ခိုက်မိခဲ့တာတွေလည်း ဖြစ်ခဲ့ဖူးသည်ဟု သစ်ခေါက်ခွာသူတို့ကဆိုပါသည်။

ဧရာဝတီမြစ်ထဲ လှိုင်းအရမ်းကြီးနေသည့်အခါ၊ လေကြီးမိုးကြီးကျနေသည့်အခါမျိုးတော့ တော်တော်များများက မသွားဝံ့ကြတော့။ စွန့်စွန့်စားစားသွားသူတွေလည်းရှိပါ၏။ သစ်ခေါက်ခွာပြီး ကမ်းစပ်ပြန်ရောက်မှ ဟင်းချနိုင်သည်ဟု ကိုသီဟဇော်ကပြောပြသည်။

သစ်ခေါက်ခွာသူတို့ကတော့ သူတို့မျက်စိအောက်ကနေ နေ့စဉ်ဖြတ်သန်းနေသည့် သစ်လုံးကြီးတွေ ဘယ်ဆီရောက်သွားသည်ကို သူတို့မသိ။ သိရန်လည်းမလို။ သူတို့က သစ်ခေါက်ကလေးတွေခွာခွင့်ရတာကိုပင် ဆုလာဘ်တစ်ခုလို့ ယူဆနေကြသည်။ ခုရက်ပိုင်း သစ်တင်သင်္ဘောတွေ အ၀င်နည်းလာသည်ဟု သစ်ခေါက်ခွာသူတို့ကဆိုပါသည်။ “သင်္ဘောပေါ်က၀န်ထမ်းတွေကတော့ ပြောတယ်။ နောက်သုံးလလောက်ဆိုရင် သစ်ခေါက်တွေ ခွာလို့ရမှာမဟုတ်တော့ဘူးတဲ့။ သစ်တွေကို လေးထောင့်လှီးပြီးမှ တင်လာတော့မယ်ပြောတာပဲ”ဟု ဒေါ်ခင်ဝင်းက သူတစ်ဆင့်ကြားသည်ကို ပြန်ပြောပြသည်။ သို့သော် နောင်ခါလာနောင်ခါဈေး ဒေါ်ခင်ဝင်းတို့လို သစ်ခေါက်ခွာပြီး ထမင်းအိုးတည်မည့်သူတွေအတွက်ကတော့ ဧရာဝတီမြစ်ထဲက သစ်တင်သင်္ဘောတွေကို မကြာခဏ လှမ်းမျှော်နေကြဦးမှာကတော့မလွဲ။

ဓာတ်ပုံ- ညီညီဇော်
ရေးသားသူ- ညီညီဇော်

ဧရာဝတီမြစ်ရေက အေးဆေးတည်ငြိမ်စွာ စီးဆင်းနေသည်။ မြစ်ကမ်းစပ်အထက်နားတွင်တော့ ကျိုးတိုးကျဲတဲ တည်ဆောက်ထားသော တဲအိမ်စုလေးများက ဆိတ်ငြိမ်စွာတည်ရှိနေသည်။ သို့သော် တဲအိမ်လေးတွေရဲ့ရှေ့မှာ၊ ဘေးမှာ၊ တဲပေါက်ဝမှာ ရှိနေတဲ့လူများ၏ မျက်လုံးတွေ ကတော့ ဂနာမငြိမ်ဘဲတစ်စုံတစ်ရာကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေကာ ဧရာဝတီမြစ်ပြင်ကျယ်ကြီးကို ငေးမောနေကြသည်။

"ဗိုလ်၊ ကျား၊ သေနတ်"



1.
'ငါနဲ့ မတည့်တဲ့လူကို ခေါ်ရင်၊ မင်းကို မခေါ်တော့ဘူး'... ဆိုတဲ့ စကားဟာ ကျနော်တို့ငယ်ငယ် ကလေးဘဝတုန်းကပဲ ပြောခဲ့ကြတယ် မှတ်နေတာ...
ခု အရွယ်ရောက်ပြီး၊ လူလားမြောက်ပြီးသူ တချို့လည်း ပြောနေ၊ ကျင့်ကြံနေကြဆဲဆိုတာ သိလိုက်ရတယ်။

ခန္ဓာကိုယ်အလှအပကို ဖော်ဆောင်ပေးတဲ့ ရင်သားကျန်းမာရေး


မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။ ရင်သားလှတဲ့ မိန်းကလေး တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ် ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက်အတွက် ရင်သားအလှ မထိခိုက် စေဖို့နဲ့ ရင်သား ကျန်းမာရေးကောင်းမွန်နေစေဖို့အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မျက်စိရှေ့တွေ့တာ ကောက်ပြီး ဘာသာပြန်လိုက်တာပါ၊


By Thanlay Ko

========
1. ချွေတာရေး
========
ကျေးညိုလေးကျောင်းက ပြန်လာတာ ချွေးသံရဲရဲနဲ့ မောကြီးပန်းကြီးဖြစ်နေတော့ သူ့အဖေက မေးတယ်... ...
"ဘယ်လို ဖြစ်လာတာလဲ သား"
"ကျောင်းကနေအိမ်ထိ ဘတ်စ်ကားနောက်က ပြေးလိုက်လာခဲ့လို့ ဖေဖေ"

Pen ဖရန့်နှင့် မန္တလေးသိန်းဇော်


သူများတွေ တက္ကသိုလ်ဝင်တန်း ဖြေပြီးရင် စပီကင်တွေ တက်ကြ ကွန်ပူတာတွေ တက်ကြနဲ့ပေါ့။ဦးကျော်စွာဝင်းက LCCI ဆိုတာ ဘာပါ...ခင်ညာလို့ ကြော်ငြာပြီး သင်တန်းဂျီးလာဖွင့်တော့ တက်စရာက တစ်ခုထပ်တိုး လာပြန်ပါတယ်။သူငယ်ချင်းတွေက သင်တန်းပေါင်းစုံနဲ့ မအားကြပါဘူး။

ငြိမ်းချမ်းရေး စစ်တမ်း (၃)။ ဆဌမပိုင်း မြေယာပြဿနာ နှင့် တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့် (၂) နှင့် (၃)

Aung Htoo January 20, 2014 at 6:25pm

၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေတွင် “တောင်သူလယ်သမား” ဟူသည်ကို အောက်ပါ အတိုင်းဖွင့်ဆိုခဲ့သည်။  [1]
(က) လယ်ယာမြေကို မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ်ဖြင့် မိမိလက်ဖြင့် လုပ်ကိုင်သူကို          သို့တည်းမဟုတ် မိမိလက်ဖြင့် အစဉ်တစိုက်လုပ်ကိုင်သူကို သို့တည်းမဟုတ် ကိုယ်တိုင်ကြီး                     ကြပ်လုပ်ကိုင်သူ

            (ခ) ဆိုင်ရာနှစ်တွင် လယ်ယာမြေကို မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ချိန် တလျှောက်လုံး ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်သူကို ဆိုလိုသည်။

၂၀၁၂  ခုနှစ် လယ်ယာမြေဥပဒေတွင် “တောင်သူလယ်သမား” ဟူသည်ကို အောက်ပါ အတိုင်းဖွင့်ဆို       ထားသည်။  

အိပ်စက်မှုစနစ်ကို ဖျက်ဆီးနေသော အိပ်ရာဝင်ချိန် အလေ့အထများ

အိပ်စက်မှုစနစ်ကို ဖျက်ဆီးနေသော အိပ်ရာဝင်ချိန် အလေ့အထများ
•••••••••••••••••••••••••••••••••••••••••••••••••••••••
by #ပိုပိုဇော်(သဘာဝအားအင်)January 25, 2014 at 11:44am

လူတိုင်းဟာ ကိုယ့်အိပ်စက်မှုပုံစံကို အလေးထားသင့်ပါတယ်။  အိပ်ရေးဝဝ အိပ်စက် အနားယူပေးမှသာ နောက်တစ်နေ့မှာ လန်းဆန်းမှုအပြည့်၊ အားအင်အပြည့်နဲ့ ကျန်းကျန်းမာမာ အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။

အိပ်ရာထဲသို့ စာအုပ်များ ယူသွားခြင်း

အိပ်ရာမဝင်ခင် စာဖတ်တာက လူအများစုအတွက် အလေ့အထ တစ်ရပ်လို ဖြစ်နေပါတယ်။ ပြဿနာကတော့ ဒီအလေ့အထကို ခန္ဓာကိုယ်က စွဲမြဲနေပြီး အခန်းနှစ်ခန်းလောက်မှ ဖတ်လို့မပြီးရင် အိပ်လို့ မပျော်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲကို စာအုပ်တွေ အများကြီး သယ်မပြီး ဖတ်တာမျိုး မလုပ်သင့်ပါဘူး။ အိပ်ရာဟာ အိပ်စက်ဖို့ပဲ ကန့်သတ်ထားသင့်ပါတယ်။

Facebook အသုံးပြုလွန်းခြင်း

ကွန်ပျူတာစကရင်ရဲ့ အလင်းရောင်ဟာ သင့်ဦးနှောက်ကို နိုးကြားအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာထဲမှာ သင်လုပ်ရမယ့် အလုပ်တွေကို ရေးမှတ်နေရင်လည်း စိုးရိမ်ပူပန်မှုတွေဖြစ်ပြီး စိတ်အေးလက်အေး အိပ်ပျော်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ညဥ့်နက်တဲ့အထိ ကွန်ပျူတာသုံးတာကို ရှောင်ပါ။ ကွန်ပျူတာကို ပိတ်ပြီး ခန္ဓာကိုယ် အကြောပြေလျော့အောင် အချိန်ပေးကာ နားပါ။

သက်သောင့်သက်သာရှိသော အိပ်ရာမရှိခြင်း

မွေ့ရာကောင်းကောင်းရှိရင် သင့်ကိုပိုပြီး အိပ်မောကျစေတာ မှန်ပါတယ်။ သင်က ပက်လက်လှန် အိပ်တတ်သူဆိုရင် ပျော့ပျောင်းတဲ့ ခေါင်းအုံးကို ရွေးချယ်သင့်ပြီး ဘေးတစောင်း အိပ်တတ်သူဖြစ်ရင်တော့ ခပ်တင်းတင်းရှိတဲ့ ခေါင်းအုံးမျိုးကို ရွေးသင့်ပါတယ်။

နိုးစက်နာရီက တောက်ပသော အရောင်ထွန်းထားခြင်း

အိပ်နေတဲ့အချိန်မှာ နှိုးစက်နာရီရဲ့ တောက်ပတဲ့ အရောင်ဟာ လန့်နိုးစေနိုင်ပါတယ်။ အိပ်ခန်းက မှောင်နေလေလေ အိပ်မောကျဖို့ ပိုကောင်းလေလေပါ။ အခန်းထဲက တောက်ပတဲ့ နှိုးစက်အလင်းကို စာအုပ်တစ်အုပ်နဲ့ ကာကွယ်ထားပါ။

အိပ်ပျော်ရန် ဂဏန်းများ ရေတွက်နေခြင်း

အိပ်မပျော်နိုင်ဘူးဆိုရင် အိပ်ရာထဲမှာ နေနေတာက ပိုပြီး အချိန်ကုန်စေပါတယ်။ အိပ်ပျော်ဖို့ရာအတွက် မိနစ် ၃၀ ထက်ပိုပြီး အချိန်ပေးနေရရင် အိပ်ရာထဲကထပြီး စာဖတ်တာ၊ သီချင်းနားဆင်တာ စတဲ့ တစ်ခုခုကို လုပ်ဆောင်လိုက်ပါ။ ကိန်းဂဏန်းတွေကို ရေတွက်နေတာမျိုးက ဦးနှောက်စွမ်းအားကို လှုံ့ဆော်ပေးပြီး စိတ်လန်းဆန်း စေနိုင်တာကြောင့် မလုပ်သင့်ပါ။

ညဘက်တွင် လေ့ကျင့်ခန်းလုပ်ခြင်း

နေ့ခင်းအချိန် လေ့ကျင့်ခန်း လုပ်ပေးရင် တစ်နေ့လုံးလိုလို လန်းဆန်းနေစေပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်မပျော်တာမျိုး မဖြစ်စေဖို့ အိပ်ရာမဝင်ခင် အချိန်သုံးနာရီအတွင်း လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး။ ညဘက်မှာ အပြင်းအထန် လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး စွမ်းအင်အဆင့် တိုးတက်ကာ အိပ်ပျော်မယ့် အဆင့်ကို အဟန့်အတား ဖြစ်စေပါတယ်။

ကြယ်စင်
photo copy from google search
originally posted by Good Health
source >>>http://natureenergycares.blogspot.com/2014/01/blog-post_4877.html

by ‪#‎ပိုပိုဇော်‬(သဘာဝအားအင်)January 25, 2014 at 11:44am

လူတိုင်းဟာ ကိုယ့်အိပ်စက်မှုပုံစံကို အလေးထားသင့်ပါတယ်။ အိပ်ရေးဝဝ အိပ်စက် အနားယူပေးမှသာ နောက်တစ်နေ့မှာ လန်းဆန်းမှုအပြည့်၊ အားအင်အပြည့်နဲ့ ကျန်းကျန်းမာမာ အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။

မင်းဒင်ရဲ့သက်ခိုင်(၂) ။ အခန်း(၁၄)

ယနေ့ထုတ် ဆဲဗင်းဒေးဂျာနယ်။

မင်းဒင်ရဲ့သက်ခိုင်(၂) ။ အခန်း(၁၄)

ခြောက်သိန်းတန်ထမင်းတနပ်။

ကိုအမ်းစထရောင်းမောင်းနေတဲ့ကားပေါ်မှာ အငြိမ့်သားလိုက်ပါနေတဲ့ ကျနော်ဟာ မမျှော်လင့်ပဲ သူ့အဖေ မစ္စတာဖီးလစ်(ရှမ်းနာမည် ဦးစိုင်းလတ်)အကြောင်းကိုလည်း နားထောင်ခဲ့ရသေးဗျ။ ကိုအမ်စထရောင်းရဲ့မျက်နှာရုပ်သွင်ကိုကြည့်ရင်း ကျနော့်စိတ်ထဲမှာ အတွေး တစ်ခု ပေါ်မိတယ်။သူ့မျက်နှာကျကိုကြည့်ရင်း ၁၉၅၀ ခုနှစ်ဝန်းကျင်တဝိုက်က မြန်မာပြည်ဘက်ကို ကျူးကျော်ဝင်ရောက်လာဖူးတဲ့ ကူမင်တန်စစ် သားဟောင်းတွေကို ပြေးသတိရမိတယ်။ အဲဒီတုန်းက ကူမင်တန် တပ်အပျက်မှာ ကူမင်တန်စစ်သားအတော်များများဟာ တရုတ်မြန်မာ နယ်စပ်ဒေသတွေမှာ အတော်များများကျန်ရစ်ခဲ့ဖူးတယ်။ ကူမင်တန် စစ်သားဟောင်းတွေဟာ တရုတ်ပြည်ဘက် ပြန်ထွက်ပြေးလို့ တရုတ်ကွန်မြူနစ်အစိုးရက ဖမ်းမိရင်သေဒဏ်၊ဗမာပြည်ထဲမှာ အဖမ်းခံရရင် မသကာကျလှထောင်ဒဏ်မို့ ပုန်းလျှိုး ကွယ်လျှိုး နေကြရာကနေ အနေကြာလာတော့ ဌာနေရှမ်းလူမျိုး၊တရုတ်လူမျိုး၊တွေနဲ့ ပြန်ပြီး အိမ်ထောင်ကျ၊နောက်ဆုံးတော့ နိုင်ငံသား လက်မှတ်ရကုန်ကြ ရောဆိုပါတော့ဗျာ။ရမ်းသန်းပြီးမှန်းကြည့်တာပါ။ဟုတ်မဟုတ် တိတိကျကျရေရေရာရာတော့ ကျနော်မသိပါဘူး။

ဦးစိုင်းလတ်ဟာ ကြံရည်ဖန်ရည်နဲ့ပြည့်စုံသူလို့ဆိုရမယ်။သူငယ်စဉ်သူ့အဖွားနဲ့ ကြီးပြင်းလာတာမို့ သူ့အဖွားကပဲပြုပ်ရောင်းခဲ့ဖူးသလို သူကိုယ်တိုင်လည်း ပဲပြုပ်ရောင်းခဲ့ဖူးသတဲ့။မောင်စိုင်းလတ်ဘဝတုန်းက သူ့ကျောင်းနေ ဘက်တွေရှေ့မှာ သူဟာတစ်နေ့ လေယာဉ်ပျံ မောင်းသူဖြစ်ရမယ်လို့လည်း ကြုံးဝါးဖူးသတဲ့။သူဘယ်လောက်ရုန်းကန်ကျိုးစားခဲ့သလဲ ဆိုတာ အခုဦးစိုင်းလတ်ရောက်နေတဲ့ဘဝကို ကြည့်ရင် ခင်ဗျား ခန့်မှန်းနိုင်ပါလိမ့်မယ်။ သူဟာရန်ကုန်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရခဲ့တယ်။ရှေ့နေလုပ်ခဲ့ဖူးတယ်။ စီးပွားရေး လောက မှာ လုပ်ငန်းမျိုးစုံနဲ့ကျင်လည်ခဲ့တယ်။လက်ရှိအခြေအနေမှာ သူဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေပြီး သူ့သား အမ်စထရောင်းတောင် သူ့အဖေခြေရာကို လိုက်နင်းနေပြီဗျာ။
မယုံမရှိပါလေနဲ့၊ ကျနော်တို့ဗမာပြည်ထဲမှာ လူသုံးများပြီး ပြည်ပဈေးကွက်မှာပါ တွင်ကျယ်နေတဲ့ တောင်ကြီးမောက်မယ်သနပ်ခါးဟာ ဦးစိုင်းလတ်ရဲ့ တီထွင်ကြံဆမှုတဲ့ဗျာ။ ဟုတ်ပါ့ဗျာ။ "တောင်ကြီးမောက်မယ် ရှာလာလာလာလာ၊အချိန်မှန်မှန်လိမ်းပါကွယ်"ဆိုတဲ့ ကြော်ငြာသီချင်းကိုတောင် ဦးစိုင်းလတ်ကိုယ်တိုင်ရေးစပ်သီဆိုခဲ့ပါသတဲ့။ 

အဲဒီ တောင်ကြီးမောက်မယ်စတင်ပေါ်ပေါက်လာပုံကလည်း စိတ်ဝင် စားစရာပဲဗျ။ တနေ့တော့ ဦးစိုင်းလတ်ရဲ့ ဇနီးသည်ဟာ သူ့ခေတ်သူ့အခါက နာမည်ကြီးလှတဲ့ ဝင်းဝင်းသနပ်ခါးကို လိမ်းချင် လွန်းလို့ နေ့တဝက်လောက်တန်းစီပြီးဝယ်ရတာကြောင့် အိမ်အပြန်မှာ စိတ်ပျက်ပျက်နဲ့ ညည်းရှာသတဲ့။ "ကိုစိုင်းလတ်ရယ်၊ ဝင်းဝင်း သနပ်ခါး ဝယ်ရဖို့အရေးတန်းစီလိုက်ရတာ ဖတ်ဖတ်ကိုမောလို့၊ဒီလိုသနပ်ခါးမျိုး ရှင်မလုပ်နိုင်ဘူးလား" ဆိုပြီးရေရွတ်သတဲ့။ ဗျစ်တောက်ဗျစ်တောက် လုပ်တာကို နားပူတယ်ထင်ပါရဲ့။ ဦးစိုင်းလတ်ဟာ "မင်းစိတ်အေးလက်အေးသာ နေပေတော့၊မင်းလိုချင်လှ ချည့်ရဲ့ဆိုရင် အဲဒီဝင်းဝင်း သနပ်ခါးထက် အဆပေါင်းများစွာသာတဲ့ သနပ်ခါးကို ငါဖန်တီးပေးပါ့မယ်"ဆိုပြီး အာမခံလိုက်ရာကနေ တောင်ကြီးမောက်မယ် ဖြစ်လာတော့တာပဲတဲ့။ဦးစိုင်းလတ်ရဲ့ဇနီးကိုတောင်ကြီးမောက်မယ်ရဲ့ မိခင်ကြီးလို့ဆိုရမယ်ဗျ။ အင်းလေ။ ကျနော်တို့ယောက်ျားတွေ ဆိုတာမျိုးကလည်း ချစ်ရသူအတွက်ဆို ဓူဝံကြယ်တောင်တက်ခြွေပြချင်ကြတဲ့အမျိုးထဲက ပေကိုး။
ကျနော်က စကားတခွန်းတည်းနဲ့ ဖြစ်လာရောဆိုတော့ ဦးစိုင်းလတ်ဟာ တကြိမ်တည်းအားထုတ်ရုံနဲ့ ဝုန်းဆို အောင်မြင်တယ် လို့တော့ ခင်ဗျားမထင်ပါလေနဲ့။ တောင်ကြီးမောက်မယ်မဖြစ်ခင် ဦးစိုင်းလတ်ကျိုးစားဖန်တီးခဲ့တဲ့ သနပ်ခါးလေးမျိုးဟာ တံဆိပ်သေသွားဖူးသတဲ့။ မအောင်မြင်ခဲ့ဘူးတဲ့ဗျ။ကိုအမ်စထရောင်းပြောပြချက်အရ သေသွားတဲ့တံဆိပ်တွေက မိုးမိတ်ရှမ်းသနပ်ခါး၊ နှင်းဆီ(Rose)သနပ်ခါး၊ ရွှေလီသနပ်ခါး၊ ရှင်မတောင် သနပ်ခါးတွေတဲ့ဗျ။ ပိုပြီးထူးဆန်းတာက သူကြီးပြင်းခဲ့တဲ့ ရှမ်းပြည်နယ်ကျောက်မဲဒေသဟာ သနပ်ခါး ထွက်တဲ့ သနပ်ခါးပင်တွေပေါက်တဲ့ အရပ်တော့မဟုတ်ဘူးဗျ။လေယာဉ်ပျံ မောင်းဖို့ ရည်ရွယ်ချက်ကိုလည်း သူမမေ့ဘူး။ ဦးစိုင်းလတ်ဟာ အခုလက်ရှိအချိန်မှာလေးယောက်စီးလေယာဉ် တမျိုး ကို ဆယ့်ခြောက်နာရီကျော် ကြာအောင် မောင်းဖူးခဲ့ပါပြီိတဲ့ခင်ဗျာ။

စကားကောင်းနေလိုက်တာ ပြောလက်စဇာတ်ကြောင်းဘက်ပြန်လှည့်အုံးမှပါ။ကျနော်တည်းမဲ့ဟိုတယ်ကိုရောက်တော့ အသင့်စောင့်နေ တဲ့ သူဌေးလင်မယားနဲ့ ကိုအမ်စထရောင်းကို မိတ်ဆက်ပေးလိုက်တဲ့အခါ ကိုအမ်စထရောင်းဟာ ကျနော်တို့သုံးယောက်ကို နေ့လည်စာကျွေးချင်သတဲ့ဗျာ။ ဒီမှာတင် ကျနော့်နားထဲမှာ ကြားလိုက်တာကတော့ အခုဧည့်ခံမဲ့စားသောက်ဆိုင်ဟာ တယောက်ကို ဒေါ်လာလေးရာကျ သင့်တယ်ဆိုပဲ။ ဒါတောင် တွဲဘက်ဧည့်ခံမဲ့ ဝိုင်ဖိုးမပါသေးဘူးတဲ့ခင်ဗျ။နောက်ဆုံးတော့ လေးယောက်သား ကိုအမ်းစထရောင်းရဲ့ကားနဲ့ပဲ ဘန်ကောက်မြို့(Yama-4)ရာမ(လေး)လမ်းမကြီးမှာရှိတဲ့  Water Library Restaurant ကိုရောက်ရော ဆိုပါတော့ ဗျာ။အဲဒီဆိုင်နာမည်အပြည့်အစုံက Water Library Chamchuriတဲ့ဗျ။ ချန်ချူရီစကွဲယားဒုတိယ ထပ်မှာ ရှိလေရဲ့။အဲဒီဆိုင်ထဲကနေ အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့ ဘန်ကောက်မြို့ကို အပေါ်စီးကနေ လှမ်းမြင်နေရလေရဲ့။အေးဗျာ။ ဘဝအတက်အကျတွေကို ကြိမ်ဖန်များစွာကြုံခဲ့ရလို့ထင်ပါရဲ့။ ပွဲကြီးလမ်းကြီး ကိန်းခန်းကြီးတဲ့နေရာတွေနဲ့ အချိန်အကြာကြီး အဆက်ပြတ်နေခဲ့ပေမဲ့ ဒီစားဝိုင်းသောက်ဝိုင်းအပေါ် ကျနော့်စိတ်မှာ ဘယ်လိုမှခံစားလို့မရဘူးဖြစ်နေတယ်ဗျ။ကျနော့် စိတ်ဟာ တုန်လှုပ်ခြင်းကင်းပြီး ထူးထူး ခြားခြားတည်ငြိမ်နေလေရဲ့။အဲ တစ်ခုတော့ ရှိတယ်။ ကျနော်ဟာ အစားကောင်းစား တော့မဲ့ ၊အချိန်တိုင်း လိုလို ကွယ်လွန်သူမိခင်ကြီးကို သွားသွား သတိရမိတတ်တယ်ဗျ။ ဒီလိုအစားအသောက်ကောင်းတွေကို ကျနော့်အမေတောသူမကြီး စားစေ ချင်စမ်းပါဘိဆိုတဲ့ အတွေးပေါ့။အော် အမေ၊အမေ၊ ကျနော်တို့အညာကနေ၊ ရန်ကုန် တက်လာခါစ၊နေခဲ့တဲ့လမ်းထဲမှာ တဲစုတ်ကလေးနဲ့နေတဲ့၊ဒေါ်မျှင်ဆိုတဲ့ တကောင်ကြွက်အသက်ရှစ်ဆယ်ကျော်အဖွားအိုကြီးကို ငါးနှစ်လောက်၊တစ်ရက်မှ မပျက်ပဲ နေ့စာညစာနေ့တိုင်းသွားသွား ပို့ခဲ့ဖူးတဲ့ အမေ၊ နှစ်စဉ်နှစ်တိုင်းသင်္ကြန်ရက်တွေမှာဆို လက်ထဲရှိသမျှငွေစလေးနဲ့ တလမ်းလုံးက ကလေးတွေကို ကိုယ်တိုင်ထမင်းချက်ကြွေးရတာကို အပျော်ကြီး ပျော်နေတတ်တဲ့အမေ..ပေါ့။
ကျနော်တောင်တွေးမြောက်တွေးလုပ်နေတုန်းကိုအမ်စထရောင်းဟာ ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေရင်း "အကိုဘာစားမလဲ၊မှာပါ"တဲ့။ တောချုံအုံကြားကတက်လာတဲ့၊ကျနော်ဟာ ရန်ကုန်နဲ့ဖူးခက်လိုနေရာမျိုးမှာရှိတဲ့ ဒိတ်တကာ့ဒိတ်ဆိုတဲ့ထိပ်တန်း စားသောက်ဆိုင်တွေကို ဝင်ထွက်ဖူးတာမှန်ပါတယ်။ဒါပေမဲ့ ထမင်းတနပ် ဒေါ်လာလေးရာတန်တဲ့ ဆိုင်မျိုးကိုတော့ မရောက်ဖူးတာမို့ "ခင်ဗျား ကောင်းမယ်ထင် တာသာ မှာပေတော့ဗျာ"လို့ ချော်လဲရောထိုင် ရသပေါ့ဗျာ။

စားစရာတွေမှာပြီးပြန်တော့ "ဘာရေသောက်မတုန်း"ဆိုပြီုးလုပ်ပြန်ရော။ ရေဆိုတာတယ်ပြီးကွဲပြားဆန်းကျယ်တဲ့အရာမဟုတ်ဘူးလို့ ယူဆနေတဲ့ ကျနော့် အထင်ဟာ မှားနေသဗျ။ ဒီဆိုင်မှာတကမ္ဘာလုံးက ရေမျိုးစုံရနိုင်သတဲ့ဗျာ။စပ်စုချင်တဲ့ကျနော်လည်း ကြုံတုန်းအထူး အဆန်းလေးလုပ်ကြည့်အုံးမှဆိုပြီး "ဒိန်းမတ်က ရေပေးဗျာ"လို့ မှာလိုက်ပြီး၊သောက်ကြည့်တော့ အမယ်ဒိန်းမတ်ကရေဆိုတာ ကျနော့်လျှာဖျားပေါ်မှာ ဆော်ဒါလို ခပ်စူးစူးအရသာမျိုး ထွက်နေသဗျ။ မသိရင်မေး မစင်ရင် ဆေးဆိုသမို့လား၊ အမေးအမြန်း ထူလိုက်တော့ ဒိန်းမတ်က သဘာဝရေထဲမှာ  သဘာဝထုံးကျောက်ဓာတ်ငွေ့ထည့်ထား ဆိုပဲ။ထပ်ပြီး သိရတာကတော့ အဲဒီဆိုင်က ရေအမျိုးမျိုးထဲမှာ ဗမာပြည်ကထုတ်တဲ့ ရေတော့မပါဘူးဗျ။ အာရှနိုင်ငံတွေအနက်က ဂျပန်နဲ့ဟောင်ကောင်ထုတ် ရေတွေတော့ ရှိလေသတဲ့။
ကျနော်ဟာ တစ်ပုလင်းကို ဗမာငွေသောင်းချီတန်တဲ့ ဒိန်းမတ်ရေကို သောက်နေရင်း ကျနော့်စိတ်ဟာ မဆီမဆိုင်ဇာတိရွာက ရေပြဿ နာဆီ ရောက်သွားသေးဗျာ။ဟုတ်တယ်ဗျ။ ကျနော်ခုနစ်တန်းကျောင်းသားဘဝလောက်တုန်းက မှိုက်ပင်ကိုပြန်ရောက်တော့ ရေတစ်စည်ရဖို့ ရွာနဲ့သုံးလေးမိုင်ဝေးတဲ့နေရာကို နွားလှည်းတစီးနဲ့သွားတိုက်ရတာကလား။တိုက်လို့ရလာတဲ့ရေကလည်း အဝါအနီရောနေတဲ့ အရောင်၊လချေး ကျောက်စလေးတွေ တစ်ညအိပ်လောက်ထည့်ထားမှ သောက်လို့ရတာမျိုး။ ဖြစ်ပုံများ ကျနော်တို့ငမိုက်သား ညီအကိုဟာ တခါသား၊ရန်ကုန်က ဘုံဘိုင်တွေအောက်မှာ ဘုံဘိုင်ခေါင်းဖွင့်ပြီး ရေချိုးသလိုမျိုး ရေစည်လှည်းက အဆို့ကိုဖွင့်ပြီး ရေချိုးလိုက်တုန်းက ကျနော့် ကြီးဒေါ်မစန်း အလန့်တကြားထအော်လိုက်တဲ့ အသံကို အခုထက်ထိကြားနေသလိုပဲဗျာ။အေးလေ။ ကျနော်သာ ဒီလောက်တန်ဖိုးကြီးတဲ့ရေကို သောက်နေတာ တွေ့ရင် ကြီးဒေါ်မစန်းက "အမယ်လေး၊အံ့ရော၊အံ့ရော၊ဒီကလေးတွေလုပ်ပုံများ ရောက်ပတ်ချက်။ ဒီလောက်ဖြုန်းတီး ရသလား" ဆိုပြီးတရွာလုံးကြားအောင် ထအော် အုံးမှာသေချာတယ်ဗျာ။

စားဖွယ်သောက်ဖွယ်တွေကတော့ တမျိုးပြီးတမျိုးမရိုးရအောင် တပန်းကန်ချင်းရောက်ရောက်လာနေ တော့တာပါပဲ။ ကျနော်မှတ်မိ သလောက် ပထမဆုံးလာချတာက ဂျပန်နည်းနဲ့ကြော်ထားတဲ့ ဂျပန်ပုဇွန်ကြော်ဗျ။ အကောင်သိပ်ကြီးလှတယ် မဟုတ်ပါဘူး။ ဒါပေသည့် အရသာထူးခြားတာကတော့ အမှန်ပဲဗျ။အမှန်တော့ အဲဒီပုဇွန်ကြော်ဟာ ဝိုင်သောက်ရင်းတွဲဖက်စားသောက်ရမဲ့ အမြည်းဆို ပါတော့။ ကျနော်တို့ကို ချပေးတဲ့ဝိုင်ကလည်း တပုလင်းကို ဒေါ်လာနှစ်ရာ(ဗမာငွေနှစ်သိန်းနီးပါး)တန်သတဲ့။အေးလေ။ အဲဒီနေ့က ကျနော်တို့ လေးယောက်ဝိုင်းမှာ ဝိုင်လေးပုလင်းကုန်တာမို့ ဝိုင်ဖိုးပါထည့်တွက်ရင် တစ်ယောက်အတွက် ကျသင့်ငွေ ဒေါ်လာခြောက်ရာ ဗမာငွေ ခြောက်သိန်းပေါ့ဗျာ။ဝိုင်ဆိုတာကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့ ဝိုင်ကို ကျနော်သိပ်မကြိက်လှဘူး။မကြိုက်ဆို မိုက်လုံးကြီး ခဲ့တဲ့ကျနော်ဟာ မူးယစ်စေတဲ့ အရာတစ်ခုခုကို သုံးမယ်ဆိုရင် နားထင်ကို တူနဲ့နှက်လိုက်သလို ဒိန်းကနဲဆောင့်တက် တာမျိုးကိုမှ သဘောကျတာကလား။ ဝိုင်ကိုတစ်ငုံချင်းတကျိုက်ချင်း ဟန်ကြီးပန်ကြီး စတိုင်တခွဲသားနဲ့ သောက်နေရတာကိုက ကျနော့် အတွက်ဝဋ်တမျိုးပဲဗျာ။
အမယ်နေဦးဗျ။ ဒီဝိုင်းမှာ ကျနော်မစားတာကြာပြီဖြစ်တဲ့ အမဲသားနှပ်ကိုလည်း အထူးအဆန်းအဖြစ်စားခဲ့ရသေးတယ်။ အဲဒီအမဲသား ကလည်း ဂျာမဏီကလာတာတဲ့ဗျ။အမဲသားရှောင် ထားတာကို စားဖြစ်အောင် ကိုအမ်စထရောင်းမဲဆွယ်ပုံက "ဒီအမဲသားဟာ အကိုထင်နေသလို လယ်ထဲယာထဲမှာခိုင်းစားဖို့မွေးထားတဲ့နွားတွေရဲ့အသား မဟုတ်ဘူး။နဂိုကတည်းက အသားစားဖို့ရည်ရွယ်ချက်နဲ့ စံနစ်တကျ မွေးမြူထားတာမို့ ကျေးဇူးရှင်စာရင်းမှာ မပါဘူး"ဆိုပဲ။ဒီအသားကို ရှောင်ခဲ့တုန်းက ကိုယ့်ဖာသာစားချင်စိတ်မရှိလို့ရှောင်ခဲ့ တာကြောင့် ဗဟုသုတ အလို့ငှာစားဖြစ်ပြန်ရောဗျာ။အမယ်မင်း၊ တကယ့်ကို လျှာဖျားမှာ စွဲသွားစေတဲ့အမဲသားပါကလားဗျ။ အမဲသားဋီကာကို ဆက်ပြီးကြားနာရတာကတော့ အဲဒီအမဲသားထုတ်မဲ့နွားတွေကို သတ်ခါနီးဆဲဆဲမှာတောင် နွားတွေစိတ်ချမ်းသာ လက်ချမ်းသာ သေနိုင်အောင် သာယာနာပျော်ဖွယ်တီးလုံးလေးတွေဖွင့်ပြ၊ နွားတွေကို နားသောတဆင်ခိုင်းရင် သတ်ထားတာတဲ့ဗျ။ သူပြောခါမှ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လာပြီး အမဲသားပေါင်းကို အငမ်းမရကျိတ်နေတဲ့ ကျနော်ဟာ ဆက်ပြီးစားမဝင်တော့ပဲ လေးပုံတပုံ လောက်ချန်ထားခဲ့ရသဗျ။ ထားပါတော့ဗျာ။
ဒါတင်မဟုတ်သေးဘူး။ကျန်သေးတယ်။နောက်ဆုံးလာချပေးတာက ငှက်ပျောသီးပူတင်းလိုလိုဟာမျိုးဗျ။ ဝိုင်ကော အမြည်းတွေပါ စား သောက်ပြီးနေပြီမို့ ငှက်ပျောသီးပူတင်းလိုဟာမျိုးကိုတော့ စားချင်စိတ်မရှိလှတာကြောင့် ရှောင်ဖယ်ဖယ်လုပ်နေတုန်း "စားကြည့် ပါအုံးလေ။ အဲဒါ ပန်းသီးပူတင်းလို့ခေါ်တယ်။ဥရောပအစားအစာ"ဆိုပြန်တာကြောင့် ဇွန်းနဲ့ဖဲ့မြည်းလိုက်တော့ ကောင်းလိုက်တဲ့ အရသာ။ကျောက်ပန်းတောင်း ထန်းညက်ကို နတ်သုဒ္ဓါမှတ်ခဲ့တဲ့ အညာသားဟာ၊မှိုက်ပင်ရွာတောင်မေ့ချင်ချင်ဖြစ်သွားသဗျာ။

အဲဒီစားသောက်ဆိုင်မှာစားရင်း ရခဲ့တဲ့ဗဟုသုတ နောက်တစ်ခုကတော့ အစားအသောက်တွေချက်ပြုပ်စီမံရာမှာ ဘော်ဒီ(Body) မပျောက်ဖို့ သိပ်အရေးကြီးတယ်ဆိုပဲ။ ဘော်ဒီဆိုတာ ဗမာစကားနဲ့ဆိုရင်"မူလအရသာ"လို့ဆိုနိုင်မယ်ထင်တယ်။ ကျနော်ပြောနေတဲ့ အစား အသောက်တွေအားလုံးဟာ ဘော်ဒီမပျောက်ပျက်အောင်ချက်ပြုတ်ထားတာကြောင့် ထူးထူးခြားခြားအရသာရှိနေတာပေါ့ဗျာ။
ကျနော်ထပ်ပြီးသိရသလောက် ဒီဆိုင်ဟာ နိုင်ငံတကာသံတမန်တွေ၊ထိုင်းနိုင်ငံက ထိတ်ထိတ်ကြဲသူဌေး၊လုပ်ငန်းရှင်တွေ စားကျက်ကျတဲ့ နေရာတဲ့ဗျ။အွန်လိုင်းမှာတင်ထားတဲ့ဈေးနှုန်းက ဒေါ်လာတစ်ရာဝန်းကျင်သာရှိပေမဲ့ ကြိုတင်စာရင်းပေးတဲ့ ပုဂ္ဂိုလ်၊အဆင့်အတန်းအလိုက် တာဝန်ယူတဲ့စာဖိုမှူးတွေပေါ်မူတည်ပြီးဈေးကွာဟနေတာတဲ့ဗျာ။တချို့အထူးစပါယ်ရှယ်အော်ဒါဝိုင်းတွေအတွက် နိုင်ငံတကာ စာဖိုမှူး ခြောက်ယောက်ခုနစ်ယောက် လက်စွမ်း ပြကြသတဲ့။စာဖိုမှူးတွေကိုယ်တိုင် သူတို့လက်ရာတွေရဲ့ထူးခြားမှုတွေကို ရှင်းပြသတဲ့။အင်း၊ ကျနော်တို့တိုင်ပင်မဲ့လုပ်ငန်းပမာဏဟာ အမေရိကန်ဒေါ်လာသန်းရာချီတာမို့ တကယ်တမ်းတွက်ကြည့်ရင်ဒေါ်လာ လေးရာတန် ထမင်းဝိုင်းဆိုတာ များတယ်လို့မဆိုနိုင်ပြန်ဘူးဗျ။ဟား၊ကျနော်လည်း ဒေါ်လာသန်းရာချီတန်တဲ့လုပ်ငန်းရဲ့ အကြံပေးပုဂ္ဂိုလ်မို့ ဒီဝိုင်းနဲ့ မတန်မရာတော့မဖြစ်လောက်ဘူးထင်ပါရဲ့။
ပြောရင်ပိုတယ်ထင်မယ်။ ဒီဆိုင်မှာ ထိပ်တန်းအဆင့်အထူးအော်ဒါနဲ့ လူဆယ်ယောက်စာ၊စားဝိုင်းတစ်ဝိုင်းအတွက် ကျသင့်ငွေဟာ ထိုင်းဘတ် တစ်သန်းအထိတောင်ရှိသတဲ့ဗျ။ တသိန်းမဟုတ်ဘူးနော်။ဘတ်တစ်သန်း။ဗမာငွေနဲ့ဆိုအခုငွေလဲနှုန်းအရ ဗမာငွေသိန်းသုံးရာ ဝန်းကျင်ပေါ့ဗျာ။
ကျနော့် မိတ်ဆွေသူဌေးလင်မယားကတော့ ဗမာပြည်မှာ ဒီလောက်ဈေးကြီးတဲ့ဆိုင်မျိုးနဲ့၊ တွက်ခြေကိုက်မယ်မထင်တာကြောင့် (MK Restaurant)လို လူလတ်တန်းစား၊စားနိုင်မဲ့စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ကျိတ်တိုင်ပင်နေကြလေရဲ့။

အဲဒီအချိန်မှာပဲ ကျနော့်မိတ်ဆွေ ကိုယဉ်မင်းဆီကနေ ဖုန်းဝင်လာပြီး "အကိုဘယ်ရောက်နေသလဲ"မေးတော့ ကျနော်ရောက်နေ တဲ့စားသောက် ဆိုင်နာမည်လည်း ပြောလိုက်ရော သူကအံ့သြတကြီးနဲ့ "အကိုဘယ်လိုလုပ် အဲဒီဆိုင်ကိုရောက်နေတုန်း"ဆိုပဲ။ သူလည်း ဒီဆိုင်ကို ဗမာပြည်က ထိတ်ထိတ်ကြဲသူဌေးတွေရဲ့ ကျေးဇူးနဲ့ တခေါက်ရောက်ဖူးသတဲ့။မှတ်မှတ်ရရ ဆိုင်ပိုင်ရှင် မစ္စတာလီကနေ ဗမာသူဌေး တွေအတွက် ဝိုင်ပုလင်း တလုံးစီလည်း လက်ဆောင်ပေးဖူးသတဲ့။တိုက်တိုက်ဆိုင်ဆိုင် အဲဒီဝိုင်ရဲ့အမှတ်တံဆိပ်ဟာ ရှစ်လေး လုံးတဲ့ဗျာ။ တောင်တောင်အီအီ လျှောက်တွေးမနေနဲ့အုံး၊မစ္စတာလီက တရုပ်လူမျိုးမို့ တရုတ်ဘာသာနဲ့ ရှစ်ဂဏန်းကို ရွတ်ဆိုတဲ့ အသံထွက်ဟာ မင်္ဂလာရှိတယ်၊ ကြက်သရေတိုးတယ် ဆိုပြီး အယူရှိတာကြောင့် ဒီနာမည်ပေးထားတာဖြစ်နိုင်တယ်ဗျ။ ဟုတ်တယ်။ ဘန်ကောက်မှာ ရှစ်လေးလုံး နံပတ်ပါတဲ့ ကားနံပတ်ကို ဘတ်သန်းချီလေလံဝင်ဆွဲပြီးစီးတာ တရုတ်သူဌေးတဲ့ဗျ။အဲဒီဆိုင်ကနေ လက်ဆောင်ရတဲ့ ဝိုင်ပုလင်းကို ကိုယဉ်မင်းဟာ မသောက်ရက်ပဲ သိမ်းထားရာကနေ ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဘန်ကောက်ကိုရောက်တုန်းက အမှတ်တရ လက်ဆောင် ပေးလိုက်ဖူးသတဲ့။
စားသောက်ပြီးလို့ ဝိုင်လက်ကျန်လေးငုံရင်း အလုပ်အကိုင်အကြောင်း စကားစနေတုန်း၊ဗြုန်းဆို ကျနော်တို့စားပွဲဝိုင်းဆီကို အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ဗိုက်နည်းနည်းရွှဲပြီး၊ဆံပင်ဖြူတချို့ရောနေတဲ့ မသေမသပ်ဆံပင်ပုံစံနဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဝင်လာပါလေရောဗျာ။ ထူးခြားတာ ကတော့ သူ့မျက်နှာပေါ်က ဟန်ဆောင်မှုကင်းလှတဲ့အပြုံးပဲဗျ။သူအပြုံးဟာ တကယ့်ကို အပြစ်ကင်းတယ်။သူ့အမူအယာဟာ ပွင့်လင်းဖော်ရွေချက်ဗျာ။  ကျနော်တို့ အားလုံးကို သူကဗမာလိုစပြီးနှုတ်ဆက်သဗျ။ "အားလုံးမင်္ဂလာပါ။စားလို့ကောင်းကြရဲ့လား။ လိုတာရှိ ပြောနော်။ အားမနာနဲ့။ကျနော် မစ္စတာလီ" ပါတဲ့။မစ္စတာလီဟာ အသက်ခြောက်ဆယ့်ငါးနှစ်ဝန်းကျင်ရှိမယ်လို့ခန့်မှန်းရပါတယ်။
လက်စသတ်တော့ စောစောက အမ်စထရောင်းတစ်ယောက် "အန်ကယ်အန်ကယ်"ဆိုပြီး ဖုန်းဆက်ခေါ်နေတာ မစ္စတာလီပေပဲကိုး။ ဟုတ်ပါတယ်။ သူဟာဗမာပြည်ဖွားတရုတ်လူမျိုးတဦးပါပဲ။ Water Library Restaurant ရဲ့ပိုင်ရှင် မစ္စတာလီပေါ့။ ကိုအမ်စထရောင်းက မစ္စတာလီနဲ့ တစ်ယောက်ချင်း မိတ်ဆက်ပေးအပြီးမှာတော့"အခု ကျနော့်သူငယ်ချင်းတွေလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အန်ကယ့်ဆီက အကြံဥာဏ်လိုချင်လို့ ပါလို့လည်း ကျနော်စကားစလိုက်ရော၊ မစ္စတာလီရဲ့တုန့်ပြန်ချက်ကတော့ "ကျနော်ဘာမှ မတတ်ပါ ဘူး။အခုကျနော်တနေကုန် ဝိုင်လျှောက်သောက်ပြီးမူးနေတာပါ"တဲ့။ကောင်းကြရော့ဗျာ။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေကြတဲ့ တတ်ယောင် ကားတွေနဲ့ "ဘာမှမတတ်ပါဘူး"ဝန်ခံနေတဲ့ နာမည်ကျော်သူဌေးကြီးတွေ့နေကြပါပကော။မစ္စတာလီဟာ ဝိုင်ခွက်ကို နှာခေါင်းဝတေ့ပြီး မကြာခဏအနံခံရှူရှိုက်နေလေရဲ့။ အကြာကြီးနေမှ တစ်ငုံလောက်သောက်တာကိုလည်း ကျနော် သေချာသတိပြုမိတယ်ဗျ။ဝိုင်ကိုဒီပုံစံနဲ့သောက်နေမှတော့ ဘယ်မှာလာ မူးမတုန်းဗျာ။

ကိုမင်းဒင်ရေ။ ကျနော်ဆိုတဲ့ကောင်ကလည်း လူတမျိုးဗျ။ မစ္စတာလီကိုလည်းတွေ့ရော လာရင်းလုပ်ငန်းကိစ္စကြီးကြီးကျယ်ကျယ်တွေကို မေ့ပြီး မစ္စတာလီ့အကြောင်းကို အရမ်းစိတ်ဝင်စားသွားမိသဗျာ။သူဟာ ဘာကြောင့်ဗမာပြည်ကို စွန့်ခွာခဲ့သလဲ။ သူဟာ ထိုင်းနိုင်ငံမှာ ဘယ်လို ရုန်းကန်လှုပ်ရှားခဲ့သလဲ။အခုကျနော်ရောက်နေတဲ့ ခေါင်ခိုက်အောင်ဈေးကြီးလှတဲ့စားသောက်ဆိုင်ကို ဘယ်လိုစိတ်ကူး စိတ်သန်းနဲ့ ဖွင့်ခဲ့ သလဲ။ဒီဆိုင်အပြင်သူဘာလုပ်ငန်းတွေလုပ်နေသေးသလဲ၊ဆိုတဲ့မေးခွန်းတွေ ကျနော့်ခေါင်းထဲကို တန်းစီပြီး ဝင်လာပါလေရော။
အချိန်ရသေးတယ်ဗျာ။တစ်ဆိုင်ဆိုင်မှာ ဝင်ပြီး ကော်ဖီသောက်ကြရအောင်။ ကျနော်နိုင်ထောင်ကအိမ်ကိုမပြန်ဘူးဗျ။ ဖူးခက်တောင်း (Phuket Town)က ခင်ဗျားအိမ်ကိုလိုက်ခဲ့အုံးမယ်။ ကျနော်သိသမျှမစ္စတာလီအကြောင်းခင်ဗျားကိုပြောပြချင်သေးတယ်ဗျာ။
ယနေ့ထုတ် ဆဲဗင်းဒေးဂျာနယ်။

ခြောက်သိန်းတန်ထမင်းတနပ်။
ကိုအမ်းစထရောင်းမောင်းနေတဲ့ကားပေါ်မှာ အငြိမ့်သားလိုက်ပါနေတဲ့ ကျနော်ဟာ မမျှော်လင့်ပဲ သူ့အဖေ မစ္စတာဖီးလစ်(ရှမ်းနာမည် ဦးစိုင်းလတ်)အကြောင်းကိုလည်း နားထောင်ခဲ့ရသေးဗျ။ ကိုအမ်စထရောင်းရဲ့မျက်နှာရုပ်သွင်ကိုကြည့်ရင်း ကျနော့်စိတ်ထဲမှာ အတွေးတစ်ခု ပေါ်မိတယ်။

သူတို့ရင်ထဲက နိုင်ငံတော် သူတို့ရင်ထဲက နိုင်ငံရေး



(လယ်သမားတွေနဲ့ ဆွေးနွေးညှိနှိုင်းတာ မလုပ်ဘဲ စိုက်ခင်းတွေကို သံဆူးကြိုးနဲ့ ခြံခတ်တာ လာလုပ်ရင် အသက်နဲ့ လဲလိုက်မယ်။ မယုံရင် စောင့်ကြည့်ထားလိုက်။)
လက်ပံတောင်းက ကျေးလက်နေ အမျိုးသမီး ပြောလိုက်တဲ့ စကားအပေါ်ကို ကြားရတဲ့ ဗမာပြည်သားတွေသာမက နိုင်ငံခြားက လူတွေကတောင် ဒါမှ ဗမာ့သတ္တိရယ်လို့ ချီးမွမ်းလေးစားကြတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁)

သစ်ထူးလွင်


Tuesday, January 28, 2014

အပျိုကြီးဖီလင်


 ဘုရားဘုရား အချစ်ဆိုပါလား။ ကျွန်မစိတ်ထဲမှာ အချစ်ဆိုတဲ့ အရာကို ဘယ်တုန်းကမှ မစဉ်းစားခဲ့တာ သေချာသည်။ ယောက်ျားတစ်ယောက်ထံမှ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းဟာ ကျွန်မ အတွက် မြောက်များစွာသော စိတ်လှုပ်ရှားမှု့ကိုဖြစ်ပေါ်စေနိုင်မယ်လို့ ဘယ်တုန်းကမှထင်မဘူး။ ဘာကြောင့်လည်းဆိုရင် ကျွန်မဟာ အပျိုကြီးတစ်ယောက်ဖြစ်သောကြောင့်ဖြစ်၏။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...