Monday, September 30, 2013

ဆေးလိပ် (သို့ မဟုတ်) ဖြေရှင်းရတော့မည့်ပြဿနာတစ်ရပ်

(ယနေ့ ထုတ် 7 Day Daily သတင်းစာပါ ဆောင်းပါး)

"အစ်ကို ဆေးလိပ်သောက်အုံးမလား "
အသံကြားရာ မော့ကြည့်လိုက် တော့ ဆေးလိပ်ကုမ္ပဏီ တစ်ခုဧ။် ဝန်ထမ်းဝတ်စုံ
ဝတ်ထားပြီး ဆေးလိပ်ဗူးများကို ကိုင်ထားသော အပြုံးချိုချို ဖြင့် မိန်းမပျိုလေး တစ်ယောက်။

*** အမျိုးသမီးလစဉ်သုံးပစ္စည်းများနဲ့ ကင်ဆာရောဂါအန္တရာယ် ***


* Health Knowledge of the Day (2) *

အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital(ခေါ်)ကင်ဆာဆေးရုံ မှအမျိုးသမီးများအတွက် ကျမ္မာရေးအသိပေးနှိုး ဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ဖြင့်လာရောက်ကုသမှုခံနေကြတဲ့ အမျိုးသမီးဝေဒနာရှင်များကို ဆေးမှတ်တမ်းပြုစု ၍ရောဂါရာဇ၀င်ကိုလေ့လာစမ်းစစ်တဲ့အခါမှာ၊

အင်ခါဂါးရွာသို့ သွားရောက်ခဲ့သည့် သိက္ခာတ်ာရဆရာ လမာယော် နှင့် အင်တာဗျူး


မချမ်းဘော့ကြိုးတံတား
Interview with Rev.  Lama Yaw (KBC) on 28 September, 2013  who went to N Hka Ga on 26-27 September 2013
အင်ခါဂါးကို ကျွန်တော်တို့ ဘာသာရေးအဖွဲ့က သွားနိုင်ဖို့အကြိမ်ကြိမ်ကြိုးစားတယ်။ ဒါပေမဲ့မသွားနိုင်ခဲ့ဘူး။ အင်ခါဂါး ဒေသကို သွားလာရေး အားလုံးပိတ်ဆို့ထားဟာ ဒီနေ့ စက်တင်ဘာ (၂၈) ရက်ဆိုရင် (၁) ပြည့်ပြီ။ သူတို့နဲ့ ပတ်သက်ပြီး သတင်းတွေကို အမျိုးမျိုးကြားနေရတယ်။ 

ညောင်လေးပင်မြို့နဲ့ ပတ်သက်၍ (၁)

ညောင်လေးပင်မြို့ဟာ ရန်ကုန်မြို့နဲ့ (၉၈) မိုင်ကွာဝေးပြီး ရန်ကုန်-မန္တလေး လမ်းမကြီး (လမ်းဟောင်း) ပေါ်မှာတည်ရှိတဲ့ သာယာလှပတဲ့ မြို့ငယ်လေးတစ်မြို့ဖြစ်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံထားပြီး စစ်တောင်းမြစ်၊ ရဲနွယ်တို့က ပတ်ခွေစီးဆင်းနေတာကြောင့် ရေလုပ်ငန်းလဲလုပ်ကိုင်ကြတဲ့အတွက် ရာသီပေါ်သီးနှံနဲ့ သားငါး ပေါများပြီး ဒေသထွက်ကုန်စည်ဖလှယ်ရာ လမ်းဆုံမြို့လေးတစ်မြို့ လည်းဖြစ်ပါတယ်။

ဂျင်မီနှင့်အောင်နက်......


ခြံဝင်းထဲ ၀င်လိုက်တာနဲ့ မလှမ်းမကမ်းကနေ မျက်နှာလေးမော့....
အမြီးကို ဘယ် - ညာ အဆက်မပြတ် ယမ်းပြီး
တအီအီနဲ့ ကြိုနေတဲ့ ခွေးလေးကို တွေ့ရတယ်.....

အာကာသရှိ ကြယ်တာရာပုံပြင်များ (၁)

Cloud Cuckoo Land shared အာကာသ နှင့် စကြာဝဠာ's photo.

>>ခွန်ဆန်လော နှင့် နန်းဦးပြင်<<

ခွန်ဆန်လောက ချမ်းသာတဲ့ ကုန်သည်မျိုးရိုးကပေါက်ဖွားလာတဲ့ လူငယ်လေးတစ်ဦးပါ.. မိဘလုပ်ငန်းဖြစ်တဲ့ ကုန်သွယ်တဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ တက်ကြွတဲ့လူငယ်လေးပေါ့.. တစ်နေ့မှာတော့ ကုန်သွယ်သွားရင်း မြို့တစ်မြို့ကိုဖြတ်သွားရတုန်း အိမ်တစ်အိမ်ရဲ့ ၀ရံတာလေးမှာ ရပ်နေတဲ့ နန်းဦးပြင်လေးကို တွေ့သွားခဲ့ပါသည်..

ဦးနှောက်ကိုကောင်းကျိုးပြုတဲ့ အကောင်းဆုံးအစားအစာများ။




(၁) မက်မွန်သီးစားပါ။ ဦးနှောက်သွေးကြောပိတ်ရောဂါ မဖြစ်စေပါဘူး။

(၂) ဘလူးဘယ်ရီသီးက အာရုံစူးစိုက်မှုအားကောင်းစေပြီး၊ ဦးနှောက်တုန့်ပြန်မှုနှုန်း ကို မြန်ဆန်သွက်လက်စေပါတယ်။

တပ်ဦးမကျွံသင့်ပါ

Ye Moe's photo.

မဆလ ခေတ် အဆုံးသတ်ခါနီး အချိန်တုန်းက သမ္မတတွေ တစ်ယောက်ပြီးတစ်ယောက်
ဖြုတ်ခနဲ ဖြုန်ခနဲ ထွက်ပေးရတာ မှတ်မိကြမှာပါ။ စစ်တပ်က အာဏာမသိမ်းခင်အချိန်လေး
မှာဖြစ်ပါတယ်။ နိုင်ငံရေးအရ အကြီးအကျယ် ရှုပ်ထွေးနေခဲ့တဲ့ အချိန်လည်းဖြစ်ပါတယ်။

"မြန်မာ့ဆက်သွယ်ရေး"


စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ ကိုကျေးညိုက ရွာမှာကျန်ခဲ့တဲ့ သူ့မိန်းမဆီ ဖုန်းခေါ်နေတယ်... ...
"တီ တူ .. ဟလို မိန်းမ ကြားလား တီးတွမ် ကြားလား"
"အဲ တွီ တူ ဘယ်သူလဲ တူတီ ဂွမ်"

“လယ်တီသိမ် နှင့် စေတီတော် ကာကွယ်ရေးချီတက်ပွဲ ပြီးဆုံးခြင်း”

ဗမာပြည်ဖွား ညီနောင်များ shared ဗမာပြည်ဖွား ညီနောင်များ's photo.

လက်ပန်တောင်းတောင်ခြေရှိ လယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့်စေတီတော် ကာကွယ်စောင့်ရှောက်ရေး ပြည်သူ့ချီတက်မှုသည် မနေ့က မန္တလေးမြို့မှ စတင် ထွက်ခွာခဲ့ပြီး စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားကြီး၊ စိန်ရတနာကျောင်းတိုက် ဓမ္မာရုံ တွင် ၂၉-၉-၂၀၁ရက်နေ့ည၌ တညအိပ်နားခဲ့ပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၉)

သစ်ထူးလွင်



တောင်တရုတ်ပင်လယ်ပြင်ဖက်မှ တိုင်းဖွန်းမုန်တိုင်းများနဲ့ မြန်မာနိုင်ငံမိုးရရှိနှိုင်မှု

Cloud Cuckoo Land shared Tun Lwin's photo.

Weather News Update 30-9-2013 6:43 pm

“ အခုလို မိုးနှောင်း မိုးလွန်ရာသီတွေရောက်လာရင် အရှေ့ဖက်က မြောက်ပစိဖိတ် သမုဒ္ဒရာထဲက မုန်တိုင်းတွေ ဟာ တစ်လုံးပြီးတစ်လုံး အနောက်ဖက်ကို လာနေ လိုက်ကြတာ၊ ရောင်ခြည်တော်လွှတ်နေ တာ ကျနေတာဘဲ မောင်ထွန်းလွင်ရဲ့”။ စကားပြောရင် ရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်းပြောလေ့ရှိတဲ့ ကွယ်လွန်သူ ကျွန်တော်ရဲ့ ဆရာ wunna ကျော်ထင် ဦးထွန်းရင် ကပြောဘူးပါတယ်။

ရှေ့နေလိုင်စင်ပြန်ပေးသည့်ကိစ္စ မိဘပြည်သူများထံ အသိပေးပန်ကြားခြင်း

September 29, 2013 at 10:47pm
 
(၁) ရှေ့နေလိုင်စင်ပြန်ပေးဖို့ အမိန့်စာ

ကျွန်တော်မောင်ဖိုးဖြူ(ခ)မောင်ရန်နိုင်အောင် ကို အထက်တန်းရှေ့နေလိုင်စင်ပြန်ပေးဖို့ အမိန့်စာ ထုတ်ပြန်ထားတာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာ ကြေညာချက် တွေ့ကြောင်း မိတ်ဆွေအချို့က အကြောင်းကြားပါတယ်။

"ဥာဏ်ရည်ဥာဏ်သွေး"


"ဥာဏ်ရည်ဥာဏ်သွေး"

အင်ဂျင်နီယာတစ်ယောက်နဲ့ ရှေ့နေတစ်ယောက် တောထဲကရေကန်တခုမှာ ငါးမျှားဖို့ရောက်လာတယ်။
ဖြစ်ချင်တော့...
တက္ကသိုလ်ကျောင်းသူတစုကလည်း ပျော်ပွဲစားထွက်လာရင်း ဘယ်သူမှမရှိတာနဲ့ ကန်ထဲရေဆင်းချိုးရင်း ဆော့နေကြတယ်။

ခိုးခိုးခစ်ခစ်ရယ်သံတွေကြားတော့ ငါးမမျှားသေးပဲ ချောင်းကြည့်လိုက်တယ်
ရေထဲမှာ ကောင်မလေးတွေ...
ကမ်းပေါ် ခပ်လှမ်းလှမ်းမှာက အဝတ်အစားပုံ...
ရွှီ... ပွပြီပေါ့

အင်ဂျင်နီယာက ပြောတယ်... ...
"ငါတို့ ဒီကစောင့်ပြီး ခြောင်းကြည့်ရအောင်၊ သူတို့ရေထဲကတက်လာရင် ရှယ်ပဲ"

ဒီတော့ ရှေ့နေက ပြန်ပြောတယ်... ...
"အာ... ဘာလို့ခြောင်းကြည့်မှာလဲ"
"ဟမ်... မင်းက မကြည့်ချင်ဘူးလား"
"ကြည့်မှာပေါ့ကွ၊ ဒါပေမယ့် စောင့်စရာမလိုတဲ့အကြံ ငါ့မှာရှိတယ်"
"ဘယ်လိုလဲ"
"လာကွာ.... " ... ဆိုပြီး ရှေ့နေက အနားမှာတွေ့တဲ့ ပုံးအစုပ်တလုံးကို ကောက်လို့ ရေကန်စပ်ဆင်းသွားတယ်...

ကောင်မလေးတွေက သူတို့ကို မြင်တော့ အော်တာပေါ့... ...
"အဲ... အား... အီး... ရှင်တို့ ရှင်တို့ ကျမတို့ရေချိုးနေတာကို မမြင်ဘူးလား"
"မြင်သားပဲ"
"မြင်ရဲ့သားနဲ့ ရေကန်စပ်ကို ဘာလာလုပ်တာလဲ"

ဒီတော့ ရှေ့နေက လက်ထဲကိုင်လာတဲ့ ပုံးကို မြှောက်ပြလိုက်ရင်း ပြောတယ်... ...
"အို... ဒီအချိန်ဆို ကန်ထဲကမိကျောင်းတွေကို အစာကျွေးရတာ င့ါအလုပ်ကွ"
"ရှင်... မိကျောင်း"
"ဟယ်... မိကျောင်း"
"ဘုရား ဘုရား"
"အမလေး အမလေး... မိကျောင်းတဲ့"

ဒီတော့... 
ရှေ့နေက အင်ဂျင်နီယာကို ပြုံးပြုံးလေးလှည့်ကြည့်ရင်း ပြောလိုက်တယ်... ...

"ကဲ... သူငယ်ချင်း၊ စိတ်တိုင်းကျ ရှုစားပေတော့"... တဲ့


သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

အင်ဂျင်နီယာတစ်ယောက်နဲ့ ရှေ့နေတစ်ယောက် တောထဲကရေကန်တခုမှာ ငါးမျှားဖို့ရောက်လာတယ်။
ဖြစ်ချင်တော့... တက္ကသိုလ်ကျောင်းသူတစုကလည်း ပျော်ပွဲစားထွက်လာရင်း ဘယ်သူမှမရှိတာနဲ့ ကန်ထဲရေဆင်းချိုးရင်း ဆော့နေကြတယ်။

တစ်ကျော့ပြန် ရယ်ဒီကယ်လှိုင်း - ကျော်ဝင်း

September 29, 2013 at 11:20am

အစွဲ နှင့် ခေါင်းဆောင်မှု

မြန်မာ့နိုင်ငံရေး ဓလေ့တွင် မူလကတည်းက “ရယ်ဒီကယ်” အစွဲသန်သည်ဟု သမိုင်းပညာရှင် ဒေါက်တာမောင်မောင်ကြီးကမှတ်ချက်ပြုဖူးသည်။ ဤအချက်ကဒီမိုကရေစီစနစ် အမြစ်တွယ်ရှင်သန်စေရေးအတွက် ခက်ခဲနိုင်သလို၊ အာဏာပိုင်စနစ် သက်ဆိုးရှည်စေရေးအတွက် အထောက်အကူ ဖြစ်စေသည်ဟုလည်း သူက ကောက်ချက်ချခဲ့သည်။ စာရေးသူ၏ မဆိုစလောက် အတွေ့အကြုံနှင့် ဥာဏ်မီ သလောက်ဆိုရလျင် ဆရာမောင်မောင်ကြီး၏ အဆိုနှင့်ကောက်ချက်မှာ သွေးထွက်အောင်မှန်သည်ဟု ထင်ပါသည်။   

Sunday, September 29, 2013

(((((````` ပန်းချီ သရုပ်ဖော် အက်ဆေး´´´´´)))))


ပန်းချီကားလေး တစ်ချပ် တွေ့ခဲ့ရပါတယ်...။
မိုးရေတွေထဲမှာ ဆင်မကြီးက သူ့ရဲ့ ၀မ်းဗိုက်အောက်မှာ သူ့သားလေးကို မိုးခိုထားစေတယ်...။
သူ့ရဲ့ အရှေ့မှာတော့ ဆင်ထီးကြီးက ပိန်းရွက်ကလေးကို ချိုးပြီး ချစ်ဇနီးကို မိုးပေးထားလေရဲ့....
သူကတော့ မိုးရေတွေထဲမှာပေါ့.....။

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၄)

September 27, 2013 at 11:59pm
ဘိုတင့်(ရာပြည့်) သီချင်းသွင်းတော့ ကျနော်က မိုးကျော်နဲ့ ခဏခဏလိုက်သွားဖြစ်တယ်၊ မေ စတူဒီယိုမှာ၊
Aces နဲ့ သွင်းတဲ့ သူ့စီးရီးတွေ၊ သူဆိုတဲ့အထဲ ကျနော်ကြိုက်တဲ့သီချင်းတွေက ညဘက်အဆောင်တွေမှာ အမြဲတရင်းတနှီးကြားပြီးသား တေးရေးကိုမောင်မောင်တို့ ကိုရဲတို့ သီချင်းတွေ၊ ကိုယ်မငိုတတ်တော့ဘူး၊ ပန်းခရမ်းပြာ၊ ပန်းဇာတ်သိမ်း၊ ညီမလေးရေ စဉ်းစားစမ်း၊ နာမည်ပျက်လူဆိုး၊ နဒီမင်္ဂလာ၊ မပုံလို့လဲပုံခဲ့တယ်....

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၇ ) သီလပါရမီ ( ခ )

September 28, 2013 at 11:21am
အမှန်စင်စစ် ပါရမီသီလဟူသည် မည်သည့်စည်းစိမ်နှင့် မည်သည့်နတ်ဘုံ ဗြာဟ္မာ့ဘုံကိုမျှ မတမ်းတမတွယ်တာဘဲ ဆောက်တည်ကျင့်သုံးသော သီလပင်ဖြစ်သည်။ စာအသုံးအရပြောရလျှင် ဘဝသမ္ဗတ္တိနှင့်ဘောဂသမ္ဗတ္တိတို့ကို မငဲ့ကွက်ဘဲ ကျင့်သုံးသောသီလဖြစ်သည်။

မိသားစုဆိုတာ


28-09-2013

- ရန်ပွဲတွေ နေ့စဉ်ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ဒါပေမယ့် အိမ်အတွင်းမှာ နေသမျှ လုံခြုံမှုရှိတယ်
- စီးပွားရေးတွေပြေလည်ချင်မှပြေလည်လိမ့်မယ် ။ တစ်ယောက်တစ်လုပ်စီ ဝေမျှ စားခြင်းက နွေးထွေးခြင်းကိုဖြစ်စေတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၉)

သစ်ထူးလွင်



Saturday, September 28, 2013

စာစီစာကုံး ကျွန်တော့်အကြောင်း

 
ကျွန်တော့်အကြောင်း..
ကျွန်တော့်၏နာမည်မှာ မောင် လှဖြစ်ပါသည်။
ကျွန်တော်၏ ဖခင်အရာရှိကြီး ဦးလှနှင့် မိခင်ဘွဲ့ရကြီး ဒေါ်လှတို့မှ မွေးဖွားသော သားလှရတနာဖြစ် ပါသည်။

ဖေဖေဦးလှမှာ အရာရှိကြီးဖြစ် ပါ၍ မကြာခဏ ခရီးထွက်ရပါ သည်။ ဖေဖေခရီးထွက်လျှင် မေမေ ဘွဲ့ရကြီးဒေါ်လှနှင့် ကျွန်တော်မောင် လှတို့ ရံဖန်ရံခါ လိုက်ပါတတ်ပါသည်။

ကျွန်တော်သည် သူများစိုက် ထားသော ချဉ်ပေါင်ခင်းများ လိုအပ် သလို ချိုးယူပါသည်။ အိမ်ပြန် ရောက်လျှင်လည်း လက်ဆောင် ပစ္စည်းများ ပါလာတတ်ပါသည်။

ကျွန်တော့်တွင် ပြိုင်ကားများ လည်း ရှိပါသည်။ အခြားကားများ လည်း ရှိပါသည်။ ကျွန်တော်လက် ဆောင်ရထားသည်များ ဖြစ်ပါသည်။

မုန့် - တိုက်ပွဲ

တနိုင်ငံလုံးစစ်မျက်နှာအစုံမှ တပြိုင်နက်ထဲလှုပ်ရှားဆင်နွဲကြ။
ကျွန်တော်တို့သည် နိုင်ငံရေးပါတီ
မဟုတ်၊ ကျွန်တော်တို့သည် အသင်းအဖွဲ့မဟုတ်၊
ကျွန်တော်တို့သည် ကျွန်တော်တို့၏ ကလေးများကို 
အဆိပ်မုန့်တို့၏ရန်မှ ကယ်ဆယ်နိုင်ရေးအတွက်
စုပေါင်းလှုပ်ရှားသည့် လှုပ်ရှားမှုတခုသာဖြစ်သည်။

EC Education Clearance အားပြန်လည်စီစစ်ပေးပါရန် အနာဂတ်လမ်း ပိတ်နေတဲ့ လူငယ်ဆရာဝန်များမှ

ကျွန်မကတော့ ရန်ကုန်ဆေးတကသိုလ် (၁) က ဆေးပညာဘွဲ့ ရရှိထားသော ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။ ကျွန်မတို့ လူငယ်ဆေးပညာလောကမှာ ကြုံတွေ့ နေရတဲ့ အခက်အခဲကို မီဒီယာများမှတဆင့် သက်ဆိုင် သူများ သိရှိစရန်နှင့် ကူညီဖြည့်ဆည်းပေးစေရန် အလို့ ငှာ သတင်းပေးပို့ လိုက်ရပါတယ်။

ငါအိုသွားသောအခါ


• ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
• ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ ငါ့ကိုမရွံပါနဲ့။ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိယပေးပါ။

“ကျနော့် အခန်းဖော်”


1။
Boonlay Place က ဘလောက် ၂၁၇ မှာနေတော့ အခန်းဖော်က အောင်ရာဇာတဲ့။
စစ်ကိုင်း ဆားတောင်ဘက်က၊ ရောက်ခါစကတော့ ရိုးရိုးအေးအေးလေးပါ။ နောက်တော့ ကိုယ်နဲ့တစ်ခန်းထဲနေလိုက်တာ ၆လလောက်ပဲ ကြာတယ် သုံးမရတော့ဘူး ဖြစ်သွားတယ်။ ဟဲ ဟဲ။

အံ့သြဘွယ် ဂျူးလူမျိုး

May 21, 2013 at 3:26pm

(အစ္စရေးလူမျိုး)
မိတ်ဆွေတစ်ဦး ပို့ပေးလိုက်တဲ့ Isreal - Facts of History အကြောင်းကို ဖတ်ကြည့်နေပါတယ်။ ၁၅ မိနစ်လောက်ပဲ ကြာမယ်ဆိုပေမဲ့ နာရီများစွာ ကြာသွားပါတယ်။ စိတ်ဝင်စားစရာ  ကမ္ဘာကျော် အစ္စရေးလူမျိုး (ခရစ်ယာန်သမ္မာကျမ်းစာ အရဆိုရင် က္ကုသရေလလူမျိုး) အကြောင်းဆိုတော့ ......

လုပ်ငန်းခွင်အတွင်း အရေးပါသည့် ဆက်ဆံမူများ

Zay Yar shared Guide Magazine's photo.
ခွန်နေ(AMMG)

သင်ဟာကုမ္ပဏီ တစ်ခုမှာအရေးပါအရာရောက် တဲ့သူဖြစ်နေပြီဆိုရင်နောက် ဝင်လာတဲ့ ဝန်းထမ်းတွေ အပေါ် ဘယ်လိုဆက်ဆံ မလဲ၊ လုပ်ငန်းရှင်တွေ အနေနဲ့ ဝန်းထမ်းတွေကို ဘယ်လိုအုပ်ချုပ်မလဲ၊ ဝန်ထမ်းအသစ်တွေကလည်းကုမ္ပဏီ အပေါ်ဘယ်လို ခံယူချက်မျိုး ထားမလဲ
 ဆိုတာ အရေးကြီး လာပါတယ်။

လေလွင့်နေသူတဦးနှင့် ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်ထဲမှ ဂီတ ဆည်းဆာည

September 27, 2013 at 3:47pm


Hla Shwe Rangoon Arts and Science Univers
အတိတ်ကာလက လွတ်မြောက်နယ်မြေတွင် အရပ်ဘက် ကျောင်းဆရာ၊ စစ်ဘက်သင်တန်းတွင် နိုင်ငံရေး သဘောတရား ပို့ချသူ ဆရာ အဖြစ်ကျင်လည်ခဲ့ဖူးသည့် ကျနော်သည် အနောက်ကမ္ဘာခြမ်း၏ တခုသော စက်တင်ဘာလ ညနေဆည်းဆာအချိန်တွင် မမျှော်လင့်ဘဲ (ဆရာကြီး မြသန်းတင့် ) တင်စားခဲ့သည့် ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်ကြီးထဲတွင် ဂီတသံစဉ်များဖြင့် ယစ်မူးခဲ့မိသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၉)

သစ်ထူးလွင်



Friday, September 27, 2013

ဟောဒီမှာ ။ ပြည်သူ့ချဉ်ဖတ်တွေ ရမယ်

 
မောင်လှတစ်ယောက် ပြည်မြို့သူ မခင်မြနဲ့ အိမ်ထောင်ကျပြီး ရန်ကုန်တွင် အိမ်ငှားနေသည်မှာ
ကလေးနှစ်ယောက် ရလို့ ကျောင်းထားတဲ့ အရွယ်ကို ရောက်ကုန်ကြပြီ။
အိမ်လခတွေက ဈေးတက်၊ ကျောင်းစရိတ်ကထောင်း အလုပ်အကိုင်က အရင်လို မကောင်းတော့ အပို ဝင်ငွေရအောင် ကြံရဖန်ရပြန်သည်။ သူကတော့ ရုံးအလုပ် တစ်ဖက်နဲ့မို့ အခြားအလုပ် လုပ်လို့မရ။

ခေတ်၏ မြေစာပင်များ


Published on Friday, 27 September 2013 11:24
တစ်နေ့မနက် လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ဝယ်လာတဲ့ ဂျာနယ်လေးဖတ်ရင်း ဇိမ်ခံမယ်အောင့်မေ့မိပါတယ် ရိုက်သံတွေ ငိုသံတွေ ပေါ်လာလို့ အသံကြားရာဘက် လှမ်းကြည့်မိတယ်။ စားပွဲထိုးလေးက ပန်းကန်ကျကွဲသွားလို့ ပိုင်ရှင်က မျက်နှာကို လက်သီးနဲ့ထိုးလိုက်ပုံရပါတယ်၊ ကလေးနှုတ်ခမ်းမှာသွေးတွေ၊ ပါးမှာမျက်ရည်တွေ ကိုပါ တွေ့ရပါတော့တယ်။

ကျွန်တော်ဟာ ကျောင်းဆရာတစ်ယောက်ဘဝမှာ ကျင်လည်ခဲ့တာကြောင့် ကျောင်းနေအရွယ် ကလေးတွေ ကျောင်းတက် မနေဘဲ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ အလုပ် လုပ်နေတာတွေ့ရရင် ရင်ထဲမှာ နာကျင်ခံစားရပါတယ်။

ထိရောက်သော CV (The Successful CV)

အောင်မြင်သော CV တစ်စောင်သည် သေချာစွာ စဉ်းစားခြင်းနှင့် စီစဉ်ခြင်းတို့မှ ဖြစ်ပေါ်လာတဲ့ ရလဒ်ဖြစ်ပါ တယ်။ အလုပ်ရှင်တစ်ဦးဟာ အလုပ်အတွက် သင့်တော်တဲ့ အတွေ့အကြုံ စွမ်းရည်နှင့် ကိုယ်ပိုင်အရည်အချင်းများရှိတဲ့ အလုပ်လျှောက်လွှာရှင်ကို ရှာဖွေနေတာဖြစ်ပါတယ်။ အလုပ်ရသွားတဲ့ သူဟာ ဖော်ပြခဲ့တဲ့ အချက်တွေအားလုံးကို ပိုင်ဆိုင်ထားတဲ့ အပြင် ၄င်းတို့ကို ဆွဲဆောင်မှုအရှိဆုံးသော နည်းနဲ့ တင်ပြနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။

ဒီလိုလုပ်နိုင်ဖို့ဆိုရင် ကိုယ့်အကြောင်းကိုယ်သေသေချာချာစဉ်းစားကြည့် ဖို့ လိုအပ်ပါတယ်။ ငါဟာ အရင်က ဘာတွေလုပ်ခဲ့သလဲ?။ သင့်တော်တဲ့ အခွင့်အရေးသာရမယ်ဆိုရင် ငါ ဘာတွေလုပ်ဆောင်နိုင်မလဲ?။ ဆိုတဲ့ အချက်တွေကိုပဲပေါ့။

မလေးရှားမှမြန်မာများအတွက် ရတက်မ အေးစရာ


By မလေးရှားရောက် မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသိုင်းအဝိုင်း
၂၈၊ ၉၊ ၂၀၁၃

ယနေ့မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးတွင် မြန်မာနိုင်ငံမှပြည်သူ့လွတ်တော် ဥက္ကဌကြီး သူရရွှေမန်းသည် နိုင်ငံတော်ခရီးစဉ်အနေဖြင့်မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်ဦးတေဇတို့နှင့် အတူရောက်ရှိလာ၍ မည်သည့် အကြောင်းကိစ္စ နှင့်လာရောက်သည်ကိုမသိရှိရသည့် အတွက် မလေးရှားရှိုမြန်မာအသိုင်းအဝိုင်းများမှ များစွာအံ့အားသင့်မိပါသည်။

"ဖောက်ပြန်ကြသူများ"

"ဖောက်ပြန်ကြသူများ"

ကိုကျေးညိုတို့ သူငယ်ချင်းသုံးယောက်ဟာ ညနေတိုင်း အရက်ဆိုင်မှာ ဆုံဖြစ်ကြတယ်

တရက်တော့ မိုးကြီးကပြောတယ်...
"ငါ့မိန်းမတော့ မီးပြင်သမားနဲ့ ဖောက်ပြန်နေပြီထင်တာပဲ"
"ဘာလို့ အဲလိုထင်ရတာလဲ"
"ငါတို့အိပ်တဲ့ကုတင်အောက်မှာ မီးကြိုးဖြတ်တဲ့ ပလာယာတခုတွေ့တယ်လေ၊ အဲဒီ ပလာယာမျိုး ငါ့မှာမရှိဘူး"

နောက်ရက်တွေ့ကြတော့ မဲလုံးကပြောတယ်...
"ငါ့မိန်းမတော့ ရေပိုက်ပြင်တဲ့ကောင်နဲ့ ဖောက်ပြန်နေပြီ ထင်တာပဲ"
"ဘာလို့ အဲလိုထင်ရတာလဲ"
"ငါတို့အိပ်တဲ့ကုတင်အောက်မှာ ရေပိုက်ဆက်တဲ့ တိပ်တခုတွေ့တယ်လေ၊ အဲဒီတိပ်မျိုး ငါ့မှာမရှိဘူး"

နောက်ရက်တွေ့တော့ ကိုကျေးညိုတယောက် မျက်နှာမသာမယာ ဖြစ်နေတယ်
ဒါနဲ့ သူငယ်ချင်းတွေက မေးတာပေါ့... ...
"ကျေးညိုကြီး ဘာဖြစ်လို့လဲကွ"
"ပြောရမှာလည်း ရှက်ပါတယ်ကွာ"
"မရှက်ပါနဲ့၊ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပေါ့"

ဒီတော့မှ ကိုကျေးညိုလည်း မျက်လွှာလေးချလို့ ပြောရှာတယ်...
"ငါ့မိန်းမတော့ မြင်းတကောင်နဲ့ ဖောက်ပြန်နေပြီ ထင်တာပဲကွာ"
"ဟင်... ဘုရားဘုရား၊ မကြားဝံ့မနာသာ၊ မင်းဟာက ဟုတ်လို့လားကွာ"
"ဟုတ်ပါတယ်ကွာ"
"ဘာလို့ အဲလိုထင်ရတာလဲ"
"မင်းတို့အဖြစ်လိုပါပဲ၊ မနေ့က ငါအိမ်ကိုစောပြန်တော့ ငါတို့အိပ်တဲ့ကုတင်အောက်က ဂျော်ကီတယောက်တွေ့တယ်လေ၊ အဲလိုဂျော်ကီမျိုး ငါတို့အိမ်မှာ မရှိဘူးကွ"
"အာ..."


သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

ကိုကျေးညိုတို့ သူငယ်ချင်းသုံးယောက်ဟာ ညနေတိုင်း အရက်ဆိုင်မှာ ဆုံဖြစ်ကြတယ်။
တရက်တော့ မိုးကြီးကပြောတယ်...
"ငါ့မိန်းမတော့ မီးပြင်သမားနဲ့ ဖောက်ပြန်နေပြီထင်တာပဲ"
"ဘာလို့ အဲလိုထင်ရတာလဲ"

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...