Saturday, August 31, 2013

" ကုက္ကုစ္စအကြောင်း"

နောင်တတစ်ဖန် ပူပန်ခြင်းသဘောသည် “ကုက္ကုစ္စ”တည်း။ ထို့ကြောင့် “ကုက္ကုစ္စကား၊ နောင်တစ်ဖန်၊ ပူပန်ထန်ပြင်း”ဟု ဆိုခဲ့သည်။ ချဲ့ဦးအံ့-ဤကုက္ကုစ္စ၏ နောင်တရမူသည် အကုသိုလ်ပြုပြီးမှ “ပြုမိတာ မှားလေစွ”ဟုလည်းကောင်း၊ ကုသိုလ် မပြုခဲ့မိ၍ “မပြုမိတာ မှားလေစွ”ဟု လည်းကောင်း နောင်တရခြင်း ၂-မျိုးရှိ၏။

ဘဝ

Ko Ko Waizayantar's photo.
ရွှေမှုန်စားတဲ့ ဘဝ
လိုတိုင်းတပြီး ရခဲ့တဲ့ သူတွေကို

တွေးကြည့်မိတယ် . .

အလုပ်ဖြစ်နေဆဲအိမ်မြေဈေးများ Illegal Land Transfer -


ရန်ကုန်မြို့တွင်းရှိလမ်းမဘေးတိုက်ခန်းများ (၂၀၁၃)

ဘာကြောင့်မှန်းတော့မသိပါ။ အသက်ကြီးလာလို့ဟုထင်ပါသည်။ လက်ရှိမြန်မာနိုင်ငံအဖြစ်ပျက်အများစုမှာ ကြေနပ်တာစရာများပါသည်။ အခုကိစ္စကိုတော့ အချိန်ယူ (နှစ်နဲ့ချီပြီး) ရှင်းရမဲ့ကိစ္စဖြစ်သည်။ လွန်ခဲ့သော၂နှစ်က အိမ်မြေဈေးနှုန်းအဆမတန် တက်သွားခြင်း အကြောင်းဖြစ်သည်။

စိတ်ထားကောင်းအောင်ဘယ်လိုနေကြမလဲ

August 31, 2013 at 6:56am

  1.             လူတိုင်းဟာ စိတ်ထားကောင်းရင်ကံကောင်းမယ် ဆိုတဲ့အဆိုကို လက်ခံယုံကြည်ကြ ပါတယ်။ဗုဒ္ဓဘာသာမှမဟုတ်ကျန်ဘာသာများမှာလည်းစိတ်ထားကောင်းကောင်းထားကြရန် ဆုံးမသွန်သင်ထားသည်များရှိပါတယ်။ မည်သူမဆို မိမိကိုယ်ကိုစိတ်ထားမကောင်းသူ စိတ် ပုတ် စိတ်ယုတ်ရှိသူလို့ထင်မထားကြပါဘူး တခါတစ်ရံတော့ ငါတို့ကတော့ဘယ်သူ့ လောက် တော့ စိတ်ထားမကောင်းနိုင်ဘူး ဘယ်သူကတော့ငါ့ထက်စိတ်ကောင်းတယ်လို့ နှိုင်းယှဉ်ပြော ဆိုမှု တော့ ရှိတတ်ကြပါတယ်။ ဆိုလိုရင်းကလူတိုင်းသည် မိမိကိုယ်ကို စိတ်ထားကောင်း သူများအဖြစ် သာတွေးထားလေ့ ရှိတတ်တာပါပဲ။

ဂျပန်ပြည်မှ စေတီပုထိုး ပုံသဏ္ဍာန်များ

August 31, 2013 at 7:25am
အိန္ဒိယပြည်  Madhya Pradesh ရှိ Sanchi (ဝါ) သန္တိစေတီ
Sanchi Stupa from Eastern gate, Madhya Pradesh source wiki
အိန္ဒိယပြည် Madhya Pradesh ရှိ Sanchi (ဝါ) သန္တိစေတီ Sanchi Stupa from Eastern gate, Madhya Pradesh source wiki

ကျွန်တော်တို့သည် စေတီဟုကြားလိုက်ရုံဖြင့် ဘယ်လိုပုံဟန် ရှိသည်ကို တန်းသိကြပါတယ်။ ဒါပေမယ့် ထူပါ (stupa) ဟုကြားလိုက်လျှင် ရုတ်တရက်တော့ ဘယ်လိုပုံဟန်မျိုးကို မသိနိုင်သေးဘဲ တွေဝေမိတယ်။
တကယ်တော့ ထူပါဆိုသည်မှာ စေတီ၏ အစပင်ဖြစ်ပါသည်။

Miss Myanmar ခင်ဝင့်ဝါ ပရိသတ်ပေးတဲ့ မဲ ၂ သိန်းကျော်ရပြီ


Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ခင်ဝင့်ဝါဟာ လက်ရှိအချိန် အထိ ပရိသတ်ပေးတဲ့ မဲအများဆုံး ၂ သိန်းကျော်နဲ့ ရှေ့ဆုံး တန်းမှာ ပြေးနေပါတယ်။

ကဏန်းနှင့် မိအေး



ကဏန်းနှင့် မိအေးကို သဘောမပေါက်လျှင် လောကတွင် နိုင်ငံရေး လုပ်လုပ်၊ စီးပွားရှာရှာ၊ ပညာယူယူ ပေါက်မြောက်နိုင်မည်မဟုတ်။ ကဏန်းနှင့် မိအေးကိုမသိသောသူ များ ခေါင်းဆောင်ဖြစ်နေလျှင်၊ နောက်လိုက်ထဲတွင် များနေလျှင် တိုင်းပြည်၊ အဖွဲ့အ စည်း ရှေ့မတက်နိုင်။ နောက်ပြန်လန် မကျလျှင်ပင် ကံကောင်းဟု ပြောရမည်။

*တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ in stores now*

Bart Kmk shared Bart Kmk's photo.
နှစ်ဆယ့်တစ်ရာစု လူချွန်လူကောင်း - Don Wareru
Mediafire - http://www.mediafire.com/listen/jizrbpqt7xfyde8/11.21st_Century_Lu_Chun_Lu_Kg.mp3

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ချဉ်းကပ်မှုမမှန်ခြင်း အပိုင်း (၁) စာကြွင်း သုံးပုဒ်

August 31, 2013 at 11:48am
 
(ဖေ့စ်ဘုတ်၏ စာမျက်နှာ အကန့် အသတ်ကြောင့် စာရေးသူ၏ ဆောင်းပါးကို ဖြန့် ချီရာတွင် အဆုံးသတ်မထားကြောင်း မိတ်ဆွေများ သတိပေးမှ သိရပါသည်။  စာပုဒ် နှစ်ပုဒ်ကျော် ကျန်နေခဲ့သည်ကို ယခုမှသိရှိသဖြင့် ထပ်မံဖြန့် ချီလိုက်ပါသည်။)

နောက်တနေ့ တကယ်တန်းဟောသည့်အချိန် ဦးရွှေအုံးအလှည့်ရောက်သောအခါ ဖက်ဒရယ်ကို စတင်ဟော၍ နှစ်မိနစ် သုံးမိနစ် ခန့်  အကြာမှာပင် ပရိသတ်အတွင်းမှ စီစီညံညံ အသံများထွက်လာသည်။ “လာပြန်ပြီ လားကွ ခွဲထွက်ရေး” “အခုက ခွဲထွက်ရေး လုပ်ရမယ့် အချိန်မဟုတ်ဘူး။” “ဒီမိုကရေစီရေးကို တောင်းဆိုနေတဲ့ အချိန်မှာ ဖက်ဒရယ်ကို တောင်းနေရင် ရှုတ်ကုန်မယ်” ဟု ရေရွတ်လျှက် ပရိသတ်အမြောက်အများ ကွင်းထဲမှ ထပြန် သွားကြသည်မှာ စာရေးသူ၏ ကိုယ်တွေ့ ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ခဲ့သနည်း။

တွေးတွေးပြီး ပြန်ရီရတဲ့ ဟာသတစ်ပုဒ်

Saturday, August 31, 2013


ကျွန်တော့်ဘဝဟာ သိပ်ကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်
ကျွန်တော့် ချစ်သူ့ လေးနဲ့ ချစ်သူသက်တမ်း ၁ နှစ်မှာပဲ မိဘတွေပြောပြီး လပ်ထပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။
အဲ .. ပြဿနာက လက်မထက်ခင် ၁ ပတ်လောက်အလိုမှာ စတွေ့တာပဲ။

Loanwords ဗိုလ်စကား


loanword
A loanword is a word borrowed from a donor language and incorporated into a recipient language.
http://en.wikipedia.org/wiki/Loanword()

မြန်မာ အသံ ဖလှယ်ခြင်း
ဘာသာ မပြန်နိုင်သေးလျှင် မြန်မာစာလုံးဖြင့် အောက်ပါနည်းများအတိုင်း အသံလှယ်သည့် အစဉ်အလာ ရှိပါသည်။
(၁) အဆုံးဗျည်းသံ မပါသော စကားလုံးများကို အနီးစပ်ဆုံးကြားသည့် အသံအတိုင်း မြန်မာစာလုံးဖြင့် ရေးခြင်း။
computer ကွန်ပျူတာ (ကွန်ပျူတာ)

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၈)

သစ်ထူးလွင်



Friday, August 30, 2013

Miss ခင်ဝင့်ဝါကို vote ခနခနပေးဖို့နည်းလမ်းတွေ့ရှိပါပြီခင်ဗျ။



အရင်ဆုံး Mozilla Firefox  browser ကိုဖွင့်ပါ။

http://lady.tut.by/news/supranational-2013/363296.html?fb_action_id...

ကိုသွားပါ။ Голосов 311577 ကိုနှိပ်ပြီး vote ပေးပါ။ပြီးရင် KeyBoard က Ctrl + H ကိုနှိပ်ပါ။ Firefox ဘယ်ဘက် ဘေးမှာ History box ပေါ်လာပါမယ်။ View ကိုနှိပ်ပြီး By Last Visited ကို နှိပ်ပါ။ အဲ့မှာ Myanmar Khin Wint Wah... ဆိုတဲ့ website အပေါ်ဆုံးမှာပေါ်နေပါမယ်။

ငါးရှဥ့်ရဲ့ပုံပြင်

ငါးရှဥ့်ရဲ့ပုံပြင်
_________

ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင်လို့ ဖတ်ရပါတယ်။

ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင် သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိလာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။

အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ ငါးခူးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဥ့်ကို ငါးခူနဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က မဖြစ်မနေပြန်ခုခံရတယ်။ ငါးရှဥ့်ရဲ့ "အသက်ရှင်ရေး"ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန် တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။

တံငါသည်ကဆက်ပြီး သားကို ပြောပြခဲ့တယ်။

ကမ်းမကပ်ခင်သေရတဲ့ ငါးရှဥ့်တွေက သူတို့ကို ဖမ်းမိသွားပြီ... ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့ အသက်ရှင်ဖို့ဆိုတဲ့မျှော်လင့်ချက်က အလွယ်တကူပျက်စီးသွားခဲ့တယ်။ ဒါကြောင့် လှေဝမ်းထဲမှာ ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။

တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့် ဘဝရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။

ဂျပန်မိဘတွေက ကိုယ့်သားသမီးကြီးပြင်းလို့ နားလည်မှုအတင့်သင့် ရှိလာတဲ့အခါ ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက ယနေ့အာရှမှာ အတိုးတက်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တယ်။


မူရင်း -- http://share.youthwant.com.tw/D31021212.html

နိုင်းနိုင်းစနေ (Thursday, January 01, 2009)
.

ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင်လို့ ဖတ်ရပါတယ်။

ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင် သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေ အပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။

မီးမီးရှက်ရှက်......

မီးမီးရှက်ရှက်......
Friday, August 30, 2013

နယ်စပ်မြို့လေး တမြို့ရှိ အိမ်တအိမ်တွင် အရမ်းရှက်တတ်သော အပျိုကြီးညီမ နှစ်ယောက်နေထိုင်သည်၊
အဲဒီ ညီမနှစ်ယောက်ဟာ ဘယ်လောက်ရှက်တတ်သလဲ ဆိုရင် လူမှန်းသိတတ်ချိန်မှစပြီး သူစိမ်းတွေနဲ့လဲ ဆက်ဆံမှုနည်းပါပြီး
ယောကျာင်္းလေးများနဲ့လဲ အကျွမ်းတ၀င်သိပ်မရှိပဲ အိမ်ထဲမှာတွင်သာ အနေများကြလေသည်။
ထို အပျိုကြီးများ၏မိဘနှစ်ပါးသည် သူတို့အတွက်အစိုးရိမ်လွန်နြေ
ကသည်။

အဘိုးကြီး။ ။မိန်းမရေ..ငါတို့သမီးနှစ်ယောက်အတွက် ဘယ်လိုလုပ်ကြမလဲ။ဒီလို အရှက်အကြောက်ကြီးနေရင်တော့
ငါတို့ မရှိတော့ရင် သူတို့ဘယ်လိုနေထိုင်ကြမလဲ?

အဘွားကြီး။ ။ဟုတ်တယ်ရှင့် သူတို့အတွက် တခုခုတော့ ကျွန်မတို့ လုပ်ပေးသင့်နေပြီထင်တယ်။
တနေ့တော့ သူတို့မြို့မှာ ကာယအလှမယ် ပြိုင်ပွဲကျင်းပလေသည်။အဲဒီမှာ အဘိုးကြီးက သူ့သမီးနှစ်ယောက်ကြည့်ရအောင် လက်မှတ်နှစ်စောင် ၀ယ်ခဲ့လေသည်။ အိမ်ရောက်တော့ "သမီးတို့ရေ သမီးတို့ နှစ်ယောက်လဲ အပြင်မထွက်တာကြာပြ။ီသမီးတို့အတွက် ကာယအလှမယ်ပြိုင်ပွဲကြည့်ရအောင်လက်မှတ်ဝယ်ခဲ့တယ်။
သမီးတို့ သွားကြည့်လိုက်လိုက်ဦး"

အဲဒီတော့ အပျိုကြီးညီအမ နှစ်ယောက်လဲ သွားကြည့်ကြလေသည်။သိပ်မကြာမီ အပျိုကြီးညီမ နှစ်ယောက် သုတ်သုတ်
သုတ်သုတ်နဲ့ ပြန်ရောက်လာကြသည်။သူ၏ ဖခင်မှာ စိုးရိမ်ပြီး မေးမြန်းလေသည်။ အဘိုးကြီး။ ။ဘာဖြစ်လို့ မြန်မြန်ပြန်ခဲ့တာလဲ သမီးတို့! ဘာတွေဖြစ်လို့လဲ?

အပျိုကြီး။ ။သမီးတို့လဲ အဖေလက်မှတ်ဝယ်ပေးလို့ သွားကြည့်ပါတယ်။ပထမတော့ ကာယအလှမယ် ပြိုင်ပွဲတုန်းက အရမ်းကြည့်ကောင်းတယ်။ကာယ အလှမယ်လေးတွေက ချောသလားမမေးနဲ့ အဖေရယ်။ကာယအလှမယ်ပြိုင်ပွဲ ပြီးတော့ ကာယဗလမောင်တွေ ထွက်လာတယ် အဖေရယ်။
ကာယဗလမောင်တွေက အ၀တ်အစားတွေလဲ မပါဘူး အဖေရယ်။ သမီးတို့ ရှက်လိုက်တာ မပြောပါနဲ့တော့။အဲဒါ သမီးတို့ ရှက်လွန်းလို့ ကာယမလမောင်တွေရဲ့ အ၀တ်အစားရှိတဲ့ နေရာလေးကိုပဲ လက်ကလေးနဲ့ကွယ်ပြီး တချိန်လုံးကြည့်ခဲ့တယ် အဖေရဲ့။

အဘိုးကြီး၊ ။တော်သေးတာပေါ့ ရှက်လွန်းလို့ အ၀တ်အစားရှိတဲ့ နေရာလေးကိုပဲ တချိန်လုံးကြည့်ခဲ့လို့ပေါ့။မရှက်များ မရှက်ရင်......
ကဲ စဉ်းစားသာကြည့်ပါတော့ ကာယဗလမောင်တွေရဲ့ အ၀တ်အစားရှိတဲ့နေရာ?


credit to original uploader
Copy from friendsmyanmar

စိတ္တဇ ဟာသများ

Friday, August 30, 2013

နယ်စပ်မြို့လေး တမြို့ရှိ အိမ်တအိမ်တွင် အရမ်းရှက်တတ်သော အပျိုကြီးညီမ နှစ်ယောက်နေထိုင်သည်၊
အဲဒီ ညီမနှစ်ယောက်ဟာ ဘယ်လောက်ရှက်တတ်သလဲ ဆိုရင် လူမှန်းသိတတ်ချိန်မှစပြီး သူစိမ်းတွေ နဲ့လဲ ဆက်ဆံမှုနည်းပါပြီး ယောကျာင်္းလေးများနဲ့လဲ အကျွမ်းတ၀င်သိပ်မရှိပဲ အိမ်ထဲမှာတွင်သာ အနေများကြလေသည်။

မာန်

  Myanma Spectrum's photo.

လူတစ်ယောက်ဟာ ချစ်ခင်မှုနဲ့လေးစားမှုကို တပြိုင်နက်တည်း ရရှိနိုင်ဖို့ မလွယ်လှပါဘူး ..
လူတိုင်းမှာ ဘ၀ဆိုတာ ရှိကြစမြဲဆိုပေမယ့် ကိုယ့်ဘ၀ကို ခိုင်ခိုင်မတ်မတ်မဖော်ဆောင်နိုင် ရင် လေးစားမှုရရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး .. ချစ်ခင်မှုဆိုတာကတော့ ရဖို့ လွယ်ကူကောင်း လွယ်ကူနိုင်ပါတယ် ..

နိုင်ငံသား မဟုတ်သူများ မဲပေးခွင့် ဥပဒေ ပယ်ဖျက်တော့မည်

လင်း သက် and KhingKhing Su shared Myanmar Journal's photo.

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းအား ပြင်ဆင်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုနိုင်ပါက နိုင်ငံသား အစစ် မဖြစ်သူများသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ မဲပေးခွင့် ရရှိနိုင်တော့မည် မဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

"အမိန့်အတိုင်း"

Thanlay Ko's photo.

စစ်သားလေးတစ်ယောက် တပ်တွင်းဆေးခန်းမှာ ဆေးမှူးဗိုလ်ကြီးကို လာတွေ့တယ်....
'ပြော ရဲဘော်၊ ဘာဖြစ်လဲ'
'ည ည အိပ်မပျော်လို့ ဗိုလ်ကြီး'
'ဒါများ လွယ်လွယ်လေး၊ ငါပြောသလိုလုပ်'

" ၀ဋ်မှာအမြဲ ငရဲမှာ အပ "

ဗုဒ္ဓဘာသာ မြန်မာအများ ပြောဆိုသုံးနှုန်းလေ့ရှိကြသည့် မကောင်းမှု အကုသိုလ်နှင့် စပ်လျဉ်းသည့် သတိပေး ပြောဆိုမှု စကားများတွင် “၀ဋ်လိုက်တတ်တယ်၊ ၀ဋ်လိုက်လိမ့်မယ်၊ ငရဲကြီးမယ်…” စသည်ဖြင့် ပြောဆိုကြသည့် စကားများ ရှိ၏။

အတိုက်အခံဆိုသည်မှာ ဘာလဲ

August 29, 2013 at 4:30am
ထက်မြက်
၂၉။၈။၂၀၁၃
ဆန့်ကျင်ဘက် အတိုက်အခံ မရှိဘဲ တစ်သွေးတည်း၊ တစ်သံတည်း၊ တစ်ခုတည်း ရှိနေလျှင် မည်သည့် အခါမှ တိုးတက်ကြီးပွားခြင်းရှိလိမ့်မည် မဟုတ် ပေ။ မိမိ၏စဉ်းစားတွေးခေါ်မှုထဲမှာ ပင်လျှင် အကောင်းရော၊ အဆိုးရော၊ ဆုတ်ယုတ်မှုရော၊ တိုးတက်မှုရောအမြဲ ဒွန်တွဲနေတတ်ပါ သည်။ ထို့ကြောင့် အတွေ့အကြုံနှင့် လက်တွေ့ ဖြစ်ပေါ်မှု မှနေ အမှန်ကို ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလိုသုံးဖို့ ထင်သလို အဓိပ္ပါယ်ဖွင့်ဆိုကြမည်လား

August 28, 2013 at 11:53pm

ဒီရက်ပိုင်းအတွင်း သတင်းသမားတွေအကြိုက် လွှတ်တော်က စီစီညံညံ အသံတွေကြားနေရပါတယ်။ ကိုယ်တိုင်ကတော့ ၁၉၄၇ ခုနှစ် Constitution ကို ကျောင်းမှာသင်ခဲ့ရပြီး ၁၉၇၄ Constitution နဲ့ ၂၀၀၈ ခုနှစ် Constitution ကိုတော့ ကိုယ်တိုင်တွေ့ကြုံ ခံစားခဲ့ရတာမို့လို့ ဥပဒေပညာသင်ကြားခဲ့ရသူ တစ်ဦးတစ်ယောက်အနေနဲ့ သုံးသပ်ဆင်ခြင် ကြည့်ရာမှာ

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၈)

သစ်ထူးလွင်



ကျောင်းတော်ကြီးက သင့်ဘဝကို အာမခံပေးနိုင်ပြီလား

Cloud Cuckoo Land shared TechSpace Journal's photo.

Mashable မှာ What Your College Degree Will Be Worth After 20 Years ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်း ဆောင်းပါး တစ်ပုဒ်ဖတ်ဖြစ်လိုက်လို့ပါ။ ဒီတော့ မြန်မာပြည်မှာတင် မကပဲ နိုင်ငံတကာမှာ ဘွဲ့ရ၊ ဒီဂရီရ လူငယ် များလည်း အလုပ်အကိုင် အခွင်အလမ်းပြဿနာတွေ ကြုံတွေ့နေရတာကို တပ်အပ်သိမြင်လိုက်ရပါတယ်။

Thursday, August 29, 2013

လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး

ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် shared a photo.

လူငယ်တွေရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာလိုနေလဲ။ ဘာတွေကြိုးစားရမလဲဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက် ၀မ်းသာရပါတယ်။

ဒေါင်းယောင်ဆောင်တာက ကျီးတစ်ကောင်တည်းမဟုတ်တော့ဘူး

(တစ်)

ကျွန်တော်တို့ခပ်ငယ်ငယ်အရွယ်တုန်းက အခြေခံပညာမူလတန်းသင်ရိုး မြန်မာစာဖတ်စာစာအုပ်ထဲတွင် “ဒေါင်းယောင်ဆောင်သောကျီး” ဟူသည့် စာတစ်ပုဒ် ပါဝင်ပါသည်။ စာသင်သားကလေးငယ်တို့အကြိုက် ပုံပြင်ကလေးတစ်ပုဒ်ဖြစ်ရုံသာမက ကျောင်းပရိဝုဏ်အပြင်ဘက်က လူတွေဖတ်လည်း တပြုံးပြုံးနှင့် သဘောကျသွားကြရသည့်ပုံပြင်ကလေးပဲဖြစ်ပါသည်။

-မြန်မာဆန်ဆန် ၀တ်ဆင်နေထိုင်ခြင်း၏ အကျိုးကျေးဇူးများ-

-မြန်မာဆန်ဆန် ၀တ်ဆင်နေထိုင်ခြင်း၏ အကျိုးကျေးဇူးများ-

Thursday, January 03, 2013

၁။ မြင်သူတကာ စိတ်ကြည်နူးမှုရရှိခြင်း

၂။ အိနြေ္ဒကြီးသူအဖြစ် လူလေးစားဖွယ် ဖြစ်ရခြင်း

၃။ အထင်သေး အမြင်သေး လူကြည့်ခံရခြင်းမှ
ကင်းဝေးခြင်း

၎။ မည်သည့်နေရာမဆို ရဲရဲဝံ့ဝံ့ ၀င်ထွက်သွားလာနိုင်ခြင်း

၅။ သိမ်ငယ်စိုးရွံ့မှုများမှ ကင်းဝေးခြင်း

၆။ ညစ်ညမ်းသောစကားလုံးများဖြင့် နောက်ပြောင်ခံရမှုမှ ကင်းဝေးခြင်း

၇။ စိတ်လက်ပေါ့ပါးစွာ နေထိုင်ခွင့် ရရှိခြင်း

၈။ ပြစ်မှားလိုသော ယုတ်ညံ့သည့်စိတ်များ ဖြစ်ပွါးစေမှု နည်းပါခြင်း

၉။ လူကြီးလူကောင်းနှင့် ပညာရှိတို့၏ ချီးမွမ်းခံထိုက်သူဖြစ်ခြင်း

၁၀။ သိမ်မွေ့သည့်ဝတ်ဆင်မှုမှဂုဏ်သိက္ခာတိုးတက်မြှင့်မားစေနိုင်ခြင်း

၁၁။ ရိုးသားမြင့်မြတ်သော အမျိုးသားကောင်း၊ အမျိုးမြတ်တို့ကို ရယူ
ပိုင်ဆိုင်နိုင်ခြင်း

၁၂။ လူကုန်ကူးလိုသူတို့၏ ဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ် များမှ ကင်းဝေးစေနိုင်ခြင်း

စသည့်အခြား၊အခြားသော ဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးစေ
နိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Myanmar Online News

Thursday, January 03, 2013

၁။ မြင်သူတကာ စိတ်ကြည်နူးမှုရရှိခြင်း
၂။ အိနြေ္ဒကြီးသူအဖြစ် လူလေးစားဖွယ် ဖြစ်ရခြင်း
၃။ အထင်သေး အမြင်သေး လူကြည့်ခံရခြင်းမှ
ကင်းဝေးခြင်း

၂+၂ = ဘယ်လောက်ဖြစ်စေချင်သလဲ

August 29, 2013 at 3:28pm
                                         

  

  ဒီနေ့ ဖေ့စ်ဘုတ်သုံးနေရင်း ဗီဒီယိုဖိုင်လေးတစ်ခု ကြည့်ရတယ် ။ ဗီဒီယိုလေး နာမည်က ၂+၂=၅ သို့မဟုတ် အမှန် နဲ့ အမှား ပေါ့ ။
ဗီဒိယိုလေးမှာ ရိုက်ပြထားတာ က စာသင်ခန်းတစ်ခုထဲမှာ စာသင်ဖို့အတွက်  ကျောင်းသားငယ်လေးတွေ လကစောင့်နေတယ် ။ ဆရာကစာသင်ဖို့ဝင်လာတယ်။

ခင်ဝင့်ဝါသို့ ပေးစာ .....



သို့ /

ချစ်ရတဲ့ စိတ်ကူးထဲက ဇနီးလောင်းလေး ခင်ဝင့်ဝါ........

မင်းရဲ့ ၀တ်စားဆင်ယင်မှုတွေကိုကြည့်ပြီး "ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးမဟုတ်ဘူးလား..?" လို့ မေးတဲ့ ငတိတွေရော ငတိမတွေကိုပါ ကိုကိုပြွတ် နရင်းရိုက်ချင်တယ် ခင်..... ခင်က တော့ အားကျိုးမာန် တက် နိုင်ဂျံဂါးဆိုတဲ့ နေရာတွေမှာ နိုင်ငံ့ ဂုဏ်ဆောင်ဖို့ကြိုးစားနေချိန်မှာတော့...... ကိုကိုပြွတ်က Miss International ပွဲနဲ့ ရွာဘုရားပွဲ မော်ဒယ်ရှိုး မတူတဲ့အကြောင်း ဘကြီးတော်ဘုရားလက်ထက် ကလူတစ်ချို့ကိုလက်လှမ်းမှီသလောက် ရှင်းပြနေပါတယ်ကွာ....

ကြိမ်ဖူးဟင်းချို

Sa Maung shared 7Day News Journal's photo.

ငွေဆောင်ကမ်းခြေတွင် ဖြစ်သည်။
အချိန်က နေ့လယ် ၂ နာရီထိုးခါနီးပြီ။ နေက အတော်ပင်ပူပါသည်။ ကမ်းခြေတစ်လျှောက်မှာ ငါးပိုက်ဆွဲနေသည့် တံငါသည်များကို ကျွန်တော်နေပူပူထဲတွင် ဓာတ်ပုံလိုက်ရိုက်နေသည်။ ကမ်းခြေတွင် ပိုက်ဆွဲနေသူများကတော့ ဘယ်လိုရှိသည်မသိ။

လွတ်လပ်စွာပြောဆိုခွင့်နှင့် အမုန်းတရားပေါ်ပေါက်စေသော ပြောဆိုမှု တို့အား ဒဿနိကဗေဒရှုထောင့်မှ လေ့လာခြင်း



“ကျွန်ုပ်မှားပြီး၊ သင်မှန်ချင်မှန်ပါလိမ့်မယ်။ အမှန်တရားနဲ့ အနီးစပ်ဆုံးဖြစ်အောင် ကြိုးပမ်းကြည့်ရအောင်ပါ”
Karl Popper

နိဒါန်း

(၂၀၀၇) ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့မှာ အမုန်းတရားပေါ်ပေါက်စေသော ပြောဆိုမှုနဲ့ ပတ်သက်ပြီး၊ အရေးယူအပြစ်ပေးလို့ရတဲ့ ဆုံးဖြတ်ချက်တရပ်ကို ဥရောပသမဂ္ဂကောင်စီက ချမှတ်ခဲ့ပါတယ်။

သတိ ဗိဿနိုးနတ်မင်းကြီး အိပ်နေသည်



(တစ်)
လေယာဉ်ဖြင့်ခရီးသွားတိုင်း လေယာဉ်ပေါ်ကနေ ဖတ်စရာမှတ်စရာ တစ်ခုခုရတတ်ပါသည်။ နံနက်စောစော ထထပြီးပျံတတ်ကြသည့် လေယာဉ်ပေါ်၌ လေယာဉ်မယ်ကလေးများက သတင်းစာ ပူပူနွေးနွေးကို ဗန်းကလေးများပေါ်တွင်တင်လျက် ခရီးသည်များကို လိုက်လံပေးဝေ တတ်ပါသည်။

ဆိုကရေးတီး နှင့်ကောလဟာလ

Way Min's status.
(၄၆၉-၃၉၉ ဘီစီ ကာလက ဂရိမှာ ထင်ပေါ်ကျော်ကြားတဲ့ အတွေးအခေါ် ပညာရှင်) ဆိုကရေးတီးဆီကို မိတ်ဆွေ တစ်ဦး အပြေး ရောက်လာပြီး ယခုလို စကားဆိုပါတယ်။

မိတ်ဆွေ - ဆရာ... ဆရာ့ကို ဟိုလူ့အကြောင်း ပြောမလို့
ဆိုကရေးတီး - နေအုံး၊ မိတ်ဆွေ အဲ့ဒီ စကားမပြောခင် ကျွန်တော့ မေးခွန်း သုံးခုကို အရင်ဖြေပေးပါလား.
မိတ်ဆွေ - ဟုတ်ကဲ့.
ဆိုကရေးတီး - ခင်ဗျားပြောမဲ့ စကားတွေက အမှန်တရားလား..

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၈)

သစ်ထူးလွင်



Wednesday, August 28, 2013

နှလုံးသား ဒိုင်ယာယီ (၁၁)

August 28, 2013 at 6:38am



ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးက ကျားထက်ဆိုး ဆိုသကဲ့သို့ တော်လှန်ရေးနယ်မြေသို့ အသွင်ကူးပြောင်း ရောက်ရှိလာသော ရဲဘော်များ ဘဝမှာ ထပ်မံ  ဖိနှိပ်ခြင်းခံကြရပြန်သည်။ အချို့အသက်ဆုံးရှုံးသွားရခြင်းတွေ လည်း ရှိသည်။ ထွက်လာရခြင်း ရည်ရွယ်ချက်တွေ ဆိတ်သုန်းပျောက်ကွယ်ကုန်ကြသည်။

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၉ ) ဗြဟ္မစိုရ်တရားကို လူ့အခွင့်အရေးဖြင့် ချဉ်းကပ်လေ့လာခြင်း ( က )

August 28, 2013 at 10:15am
 
သီလမဂ္ဂင်သည် ကမ္ဘာ့လူ့အခွင့်အရေးနှင့်ငြိမ်းချမ်းရေးအတွက် အလွန်ပင်အရေးကြီးကြောင်း၊ မိမိကိုယ်တိုင်တစ်ဦးတည်း၏ သီလစောင့်ထိန်းခြင်းသည် မိမိအတွက်ရော သူတစ်ပါးအတွက်ပါ နှစ်ဦးနှစ်ဖက် အေးချမ်းမှုနှင့်လုံခြုံမှုကိုဖြစ်စေနိုင်ကြောင်း၊ ထို့ပြင် လူမှုပြဿနာများပြေလည်ရေးအတွက် ကိုယ်ကျင့်သီလသည် အသက်သွေးကြောပင်ဖြစ်ကြောင်း၊ ကိုယ်ကျင့်သီလကို စောင့်ထိန်းခြင်းကြောင့် မလိုလားအပ်သော လူမှုပြဿနာများမှကင်းဝေးကာ အပိုငွေကြေးမသုံးစွဲရဘဲ  ငွေကြေးအကုန်အကျပင်သက်သာကြောင်း၊စီးပွါးရေးအတွက်လည်းမထိခိုက်ဘဲ ဝင်ငွေပင်တိုးနိုင်ကြောင်း၊ ကိုယ်ကျင့်သီလကိုမစောင့်ထိန်းခြင်းကြောင့် အပိုလူမှုပြဿနာများကိုရင်ဆိုင်ရ၍ မိသားစုစီးပွါးရေးပင်ထိခိုက်ကာ နောက်ဆုံး နိုင်ငံတော်၏ ငွေကြေးကိုပင်ထိခိုက်နိုင်ကြောင်းတို့ကို အသင်စာဖတ်သူသည် ချဲ့ဆန့်တွေးကြည့်ပါက ကောင်းကောင်းကြီးသိနိုင်ပေပြီ။

သင်ကြားရေးတွင် စာအုပ်အစား ကွန်ပျူတာနှင့် တက်ဘလက်ပြောင်းသုံးရန်ပြင်ဆင်

Photo: သင်ကြားရေးတွင် စာအုပ်အစား ကွန်ပျူတာနှင့် တက်ဘလက်ပြောင်းသုံးရန်ပြင်ဆင်

    Category: မောက္ခနိုင်ငံတကာသတင်း 
    
    Written by သတင်းအဖွဲ့ 

လန်ကက်စတာ၊ သြဂုတ် ၂၇

အမေရိကန်ပြည်ထောင်စုရှိ ကျောင်းအများစုတွင် သင်ကြားမှု သင်ယူမှုကို အထောက်အကူဖြစ်စေရန်အတွက် ကွန်ပျူတာ များနှင့် iPad တက်ဘလက်များကို ပြောင်းသုံးရန်ပြင်ဆင်နေကြကြောင်း ဖဲယားဖီးလ်ဒေသဆိုင်ရာ ပညာရေးအဖွဲ့အစည်း များက ထုတ်ပြန် ကြေညာခဲ့သည်။

ကျောင်းများတွင် ကျောင်းသားအများစုသည် မိမိတို့သုံးစွဲနေသည့် ကွန်ပျူတာနှင့် တက်ဘလက်များကို password ပေးပြီး Log in ဝင်လိုက်သည်နှင့် အသုံးပြုနိုင်ရန် စီစဉ်ပေးထားပြီး၊ ဆရာသို့မဟုတ် ကျောင်းတွင်းရှိ ကျောင်းသားများ အချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်ရန် စီစဉ်ထားပေးနိုင်ပြီဖြစ်ကြောင်း အင်္ဂလိပ်ဆရာ မတ် ဂီလစ်ပိုင်းကပြောကြားသည်။

ဖဲယားဖီးလ်ဒေသတွင် လေးနှစ်အတွင်း ဒေါ်လာ တစ်သန်းအကုန်အကျခံပြီး အထက်တန်းကျောင်းတိုင်းရှိ ကျောင်းသားတိုင်း ခေတ်မီစွာ ပညာရှာမှီးနိုင်ရေးအတွက် ကွန်ပျူတာနှင့် တက်ဘလက်များကို စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

“ဒီနှစ်ကစပြီး နည်းပညာကို ကျောင်းသားအတော်များများနဲ့ ထိတွေ့စေတယ်။ ကိုယ့်အီးမေးလ်တောင် ကိုယ်မှန်အောင် မရိုက် တတ်ရင် ဘယ်လိုမှ account ဖွင့်လို့တောင်ရမှာ မဟုတ်ဘူး။ သူတို့ကို အနာဂတ်အတွက် ခုကတည်းကပြင်ဆင်ပေးထား ရမယ်” ဂီလစ်ပိုင်းကဆိုသည်။

ပညာရေးအတွက် အီလက်ထရွန်းနစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို eBookအသွင်ဖန်တီးပေးထားပြီးဖြစ်သဖြင့် ကျောင်းသားကျောင်းသူတိုင်း
သည် မိမိတို့ ကွန်ပျူတာ သို့မဟုတ် တက်ဘလက်များကတစ်ဆင့် ရယူဖတ်ရှုနိုင်ခြင်း၊ စာဖတ် ကျွမ်းကျင်စေရန်အတွက် ဗီဒီယိုသင်ခန်းစာများကို ဖမ်းယူနားထောင်နိုင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ပေးစာများဖြင့် အပြန်အလှန် ဆက်သွယ်နိုင်ခြင်း၊ ဆရာများထံ အီးမေးလ်ဖြင့်ဆက်သွယ်နိုင်ခြင်းစသည့် အကျိုးတရားများသည် ကျောင်းသားတိုင်း တက်ဘလက်နှင့် ကွန်ပျူတာများကို ကိုင်တွယ်အသုံးပြုနိုင်ခြင်း၏ရလဒ်ဖြစ်ကြောင်း၊ ပညာရေးစနစ်ပုံစံ ပြောင်းသွားနိုင် ကြောင်း လာမည့် နိုဝင်ဘာလတွင် ထုတ်ဝေမည့် သူ့စာအုပ်တွင်ရေးသားထားသည်ဟု ဂီလစ်ပိုင်းကပြောသည်။

၂၀၁၁ ခုနှစ်တွင် အိုဟိုင်းအိုးပြည်နယ် ကျောင်း ၃၅ ကျောင်းတွင်လည်း ကျောင်းသားတိုင်း ကွန်ပျူတာသုံးနိုင်ရေးကို ဆောင်ရွက်ပေးခဲ့ပြီး၊ ယခုနှစ် နိုဝင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု၌ တက်ဘလက်များသုံးစွဲနိုင်ရေးအတွက် ဒေါ်လာ ၂၃ ဒသမ ၅ သန်းအထိသုံးစွဲရန်လျာထားကြောင်း၊ လာမည့် ၂၀၁၅ ခုနှစ်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသား တိုင်း အနည်းဆုံး ကျောင်းသား ၄ ဦးတွင် ကွန်ပျူတာ သို့မဟုတ် တက်ဘလက် တစ်လုံးရှိစေရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ကိုလံဘတ်စ်မြို့တော် ဒေသဆိုင်ရာအာဏာပိုင်များ
ကလည်း ပြောကြားခဲ့သည်။
Written by သတင်းအဖွဲ့
လန်ကက်စတာ၊ သြဂုတ် ၂၇

အမေရိကန်ပြည်ထောင်စုရှိ ကျောင်းအများစုတွင် သင်ကြားမှု သင်ယူမှုကို အထောက် အကူဖြစ်စေရန်အတွက် ကွန်ပျူတာ များနှင့် iPad တက်ဘလက်များကို ပြောင်းသုံး ရန်ပြင်ဆင်နေ ကြကြောင်း ဖဲယားဖီးလ်ဒေသဆိုင်ရာ ပညာရေးအဖွဲ့အစည်း များက ထုတ်ပြန် ကြေညာခဲ့သည်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...