Tuesday, April 30, 2013

အံ့သြဘွယ် ဂျူးလူမျိုး

Thet Tun shared Myanmar News Update's photo.
အံ့သြဘွယ် ဂျူးလူမျိုး

(အစ္စရေးလူမျိုး)

မိတ်ဆွေတစ်ဦး ပို့ပေးလိုက်တဲ့ Isreal - Facts of History အကြောင်းကို ဖတ်ကြည့်နေပါတယ်။ ၁၅ မိနစ်လောက်ပဲ ကြာမယ်ဆိုပေမဲ့ နာရီများစွာ ကြာသွားပါတယ်။ စိတ်ဝင်စားစရာ ကမ္ဘာကျော် အစ္စရေးလူမျိုး (ခရစ်ယာန်သမ္မာကျမ်းစာ အရဆိုရင် က္ကုသရေလလူမျိုး) အကြောင်းဆိုတော့ ......

ဂျူး နဲ့ အာရပ် အရှေ့အလယ်ပိုင်း အရေးအခင်းကို ကြည့်ရင် အစ္စရေး Benjamin Netanyahu အင်တာဗျူးမှာ ဒါငါတို့မြေပဲ .. လို့ပြောပါတယ်။ ခရစ်ယာန်တက္ကသိုလ်တခုက ပါမောက္ခတစ်ဦးက အချက်အလက်များနဲ့ ရေးထားပါတယ်။

၁။ နိုင်ငံနဲ့ ဂျေရုဆလင်မြို့ ဟာ B.C 1312 (လွန်ခဲ့တဲ့ နှစ်၃၃၀၀) ကတည်းက အစ္စလမ်ဘာသာ မပေါ်ခင်ကတည်းက ရှိခဲ့ပါတယ်။

၂။ အာရပ်ဒုက္ခသယ်များ (ပါလက်စတိုင်း) ကိစ္စဖြစ်ပြီး နှစ်၂၀အကြာ 1967 ခုနှစ်မှာ အစ္စရေးနိုင်ငံ ခိုင်ခိုင်မာမာပေါ်လာပါတယ်။

၃။ B.C 1272 မှာ ဂျူးလူမျိုးများ နိုင်ငံထူထောင်ပြီးနောက်ပိုင်း နှစ်ပေါင်း ၃၃၀၀ အဆက်မပြက် နေထိုင်လာတဲ့ နယ်မြေဖြစ်ပါတယ်။

၎။ အာရပ်နယ်မြေဖြစ်သွားတာက A.D 635 မှာဖြစ်ပြီး ၂၂နှစ်လောက်ပဲ အာရပ်အောက်မှာရှိခဲ့ပါတယ်။

၅။ နှစ်ပေါင်း ၃၃၀၀ ကြာတဲ့အထိ ဂျေရုဆလင်မြို့ဟာ ဂျူးလူမျိုးတွေရဲ့ မြို့တော်ဖြစ်ပါတယ်။ အာရပ် နဲ့ မွတ်ဆလင်များ ဂျောဒန်နိုင်ငံအောက်မှာရှိစဉ်တောင်မှ ဘယ်ခါမျှ မြို့တော်အဖြစ်မသတ်မှတ်ခဲ့ပါဘူး။

၆။ ဂျေရုဆလင် Jerusalem စာလုံးကို အကြိမ်ပေါင်း ၇၀၀ကျော် ဂျူးတွေရဲ့ ကျမ်းစာ Tanach မှာတွေ့နိုင်ပြီး၊ အာရပ်တွေရဲ့ ကိုရမ်ကျမ်းမှာ တခါမှဖေါ်ပြမထားပါဘူး။

၇။ ဒါဝိပ်မင်း King David မှစတင်ပြီး ဂျေရုဆလင်မြို့တည်ထောင်ခဲ့ပါတယ်။ တမန်တော်မိုဟာမက် ဂျေရုဆလင်ကို လာတယ်လို့ ရေးမထားပါဘူး။

၈။ ဂျူးတွေဟာ ဂျေရုဆလင်ကို မျက်နှာမူပြီး ဆုတောင်းပါတယ်။ အာရပ်တွေက ကျောပေးပြီး ဆုတောင်းပါတယ်။

၉။ 1948 အာရပ်ဒုက္ခသယ်များ နယ်မြေမှထွက်ရန် အစ္စရေးအစိုးရအမိန့်ပေးတဲ့အခါ ၆၈ရာနှုံးသော အရပ်များ အေးဆေးစွာနဲ့ ထွက်သွားနိုင်ကြပါတယ်။

၁၀။ ဂျူးလူမျိုး ဒုက္ခသယ်များကတော့ အရပ်နိုင်ငံကထွက်ခွာတဲ့အခါ နှိပ်စက်ခြင်း၊ သတ်ဖြက်ခြင်း၊ ပစ္စည်းများအသိမ်းခံရခြင်း တွေနဲ့ ထွက်ခွာခဲ့ရပါတယ်။

၁၁။ 1948 မှာ အစ္စရေးနယ်မြေက ထွက်ခွာရတဲ့ အာရပ်ဒုက္ခသယ် ခြောက်သိန်းကျော် 630,000 ရှိပါတယ်။ ဒီအရေအတွက်အတိုင်း ဂျူးလူမျိုး ဒုက္ခသယ်များ အာရပ်နိုင်ငံများက ထွက်ပေးရပါတယ်။

၁၂။ အာရပ်ဒုက္ခသယ်များကို လက်ခံမဲ့ အာရပ်နိုင်ငံမရှိဖြစ်ခဲ့ပါတယ်။ ဂျူးလူမျိုး ဒုက္ခသယ်အားလုံးကိုတော့ အစ္စရေးနိုင်ငံက အကြွင်းမဲ့ လက်ခံခဲ့ပါတယ်။

၁၃။ အာရပ်နိုင်ငံပေါင်း ၈ နိုင်ငံက အာရပ်ဒုက္ခသယ်အတွက် ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့မကူညီပါဘူး။ အစ္စရေးနိုင်ငံကပဲ ပါလက်စတိုင်းနိုင်ငံဖြစ်တယ် ပြောပြီး အာရပ်-အစ္စရေး စစ်၅ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံက အောင်မြင်စွာခုခံနိုင်တဲ့အပြင် အနိုင်ရရှိခဲ့ပါတယ်။

၁၄။ ပါလက်စတိုင်းတွေရဲ့ P.L.O အဖွဲ့ကို ဂါဇာကမ်းမြောင်မှာ ကုလသမဂ္ဂက ကိုယ်ပိုင်အုပ်ချုပ်ရေး နိုင်ငံထူထောင်ပေးခဲ့ပါတယ်။

၁၅။ ဂျော်ဒန်နိုင်ငံအောက်မှာ ရှိစဉ်က ဂျူးလူမျိုးများအတွက် ဘုရားရှိခိုးခွင့် နေရာ၊ ဘာသာရေးပွဲ လုပ်ပိုင်ခွင့် မပေးခဲ့သော်လည်း၊ ယခု အစ္စရေးနိုင်ငံမှာရှိတဲ့ ခရစ်ယာန်၊ မွတ်ဆလင်များအတွက် လွတ်လပ်စွာ ဘုရားရှိခိုး ဘာသာရေးအခမ်းအနားတွေ လုပ်ခွင့်ပေးထားပါတယ်။

၁၆။ 1990 ခုနှစ် ကုလသမဂ္ဂ Security Council Resulutions ကို ကုလအဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၅ ခုအနက် ၉၇ နိုင်ငံက အစ္စရေးနိုင်ငံကို ဆန့်ကျင်ခဲ့ကြပါတယ်။

၁၇။ 1990 ခုနှစ် ကုလသမဂ္ဂ အတွေတွေညီလာခံကိုယ်စားလှယ် ၆၉၀ဦးမှာလည်း ၄၂၉ဦးဟာ အစ္စရေးကို ဆန့်ကျင်မဲပေးခဲ့ကြပါတယ်။


စသဖြင့် အစ္စရေးနိုင်ငံဘက် ကမ္ဘာ့နိုင်ငံများ မပါဝင်ကြောင်း ရေးထားပါတယ်။ (အထက်ပါအချက်အလက်များ။ ... ဂျွန်လှအောင် ထံမှရရှိပါသည်။)


ဒါလောက်တောင် နှပ်ကွပ်ခံရတဲ့ ဂျူးလူမျိုးများ အစ္စရေးနိုင်ငံထူထောင်နိုင်ခြင်းနဲ့ ပတ်သက်ပြီး အောက်ပါအချက်များကို ဆက်လက်ကြည့်ကြပါဦး....။

အခုခေတ်မှာ တကမ္ဘာလုံးမှာ ဂျူးလူမျိုး 13.1 millions ၁၃သန်းကျော် ရှိပါတယ်။ အစ္စရေးမှာ 5.6 millions ၊ အမေရိကန်နိုင်ငံမှာ 5.2 millions နေထိုင်ကြပါတယ်။ ဂျုးတွေ ၁၉၃၀ ဂျာမန်နာဇီတွေ အာဏာရသတ်ဖြတ်ပြီးတဲ့နောက်မှာ အမေရိကားကို သွားရောက်ခိုလှုံရပါတယ်။ ဂျူးတွေ ရောက်တဲ့နေရာမှာ ဘုရားကောင်ကြီးပေးတယ် ခံယူထားကြပါတယ်။ ၂၀၀၀ နောက်ပိုင်မှာ တရုပ်ပြည်မကြီးကို ဂျူးလူမျိုးတွေ စီးပွားရေးလုပ်ကိုင်နေကြပါပြီ။

http://en.wikipedia.org/wiki/Jews


နိုင်ငံရေး
2010 အချက်အလက်အရ၊ အမေရိကန် အစိုးရ အထက်လွှတ်တော်အမတ် ၂၃ ယောက် (23%) ရှိပါတယ်။ အောက်လွှတ်တော် အမတ် ၄၀၀ လောက်မှာလည်း ဂျူးလူမျိုးအမတ် ၃၄ ယောက်ပါဝင်ပါတယ်။ ပြည်နယ် ၂၅ ခုရဲ့ အုပ်ချုပ်ရေးမှုး Governor တွေဟာ ဂျူးလူမျိုးများဖြစ်နေပါတယ်။ ဒီတော့ ...အမေရိကန်အစိုးရမှာ ဂျူးသြဇာ တော်တော်ရှိပုံပါပဲ။

ငွေရေးကြေးရေး (စီးပွားရေး)
အမေရိကန် ဂျူးလူမျိုးများဟာ ကြွယ်ဝချမ်းသာကြပါတယ်။ အမေရိကန်လူဦးရေရဲ့ ၂ရာနှုံးရှိတဲ့ ဂျူးလူမျိုးများဟာ ၄၀ရာနှုံး ဘီလျှံနာသဌေးများ ဖြစ်နေပါတယ်။ အမေရိကန် ဂျူးလူမျိုး ၄ယောက်မှာ တစ်ယောက်ဟာ မီလျှံနာသူဌေးဖြစ်ပါတယ်။ အမေရိကန်ဂျူး ၅၅ရာနှုံးဟာ တက္ကသိုလ်ဘွဲ့ရများဖြစ်ကြပါတယ်။ ဂျူးများ အမေရိကန်ရဲ့ စီးပွားရေးမှာ အဓိကဖြစ်နေပါတယ်။

ကမ္ဘာ့ ဂျူးလူမျိုး ဘီလျှံနာသူဌေး 465 ဦးကို 1999 တုံးက စစ်တမ်းကောက်ကြည့်ပါတယ်။ သူတို့တွေရဲ့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ကုဋေပေါင်း 1644 billions ရှိပါတယ်။ အမေရိကန်မှာ ဂျူးလူမျိုး သူဌေးအများဆုံး 56% ပိုင်ဆိုင်မှုရှိပါတယ်။ ၅နိုင်ငံ USA, Germany, Germany, Frence, Hong Kong (5 countries) မှာရှိတဲ့ ဂျူးသူဌေးများဟာ ဘီလျံပေါင်း ၁၂၀၀ကျော် (82%) ပိုင်ဆိုင်ကြပါတယ်။ အိန္နိယ၊ ဂျပန်၊ တိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား ... အချမ်းသာဆုံးသူဌေးများ ဂျူးလူမျိုးများဖြစ်နေတာ အံ့သြဘွယ် တွေ့ရပါတယ်။ ဒီဂျူး ဘီလျံနာကြီးများရဲ့ နာမည်ကတော့ တရုပ်၊ဂျပန်၊အင်ဒိုနီးရှာ .. နာမည်တွေပဲ၊ ဒါပေမဲ့သူတို့က ဂျူးဓလေ့၊စရိုက်၊ဘာသာ ကျင့်သုံးတဲ့ ဂျူးလူမျိုးဆိုပဲ။ မြန်မာပြည်မှာလည်း ဂျူးသူဌေးကြီးတွေ ရှိမှာပါ။


နိုင်ငံရေး နဲ့ ငွေရေးကြေးရေးသာမကပါဘူး၊ အခြားနယ်ပယ်များစွာမှာလည်း ဂျူးလူမျိုးများ သြဇာကြီးလှပါတယ်။ ဥပမာ .. သိပ္ပံပညာရှင် အိုင်စတိုင်း။ ဟောလိဝု ဒါရိုက်တာကြီး စတီဗင်စပီးဘတ် ...စသဖြင့် ဘုရားကောင်းကြီးများစွာရသော လူမျိုးနွယ်ဖြစ်ပါတယ်။ သို့သော်လည်း ဂျူးလူမျိုးများကို နှိပ်စက်၊ သတ်ဖြတ်မှု သမိုင်းတွေကို အနှစ် ၃၃၀၀ အတွင်းမှာ များစွာတွေ့နိုင်ပါတယ်။ ဘေဘီလုန်ခေတ်၊ ရောမခေတ်၊ ခရူးဆိတ်စစ်ပွဲကာလ၊ နောက်ဆုံးကတော့ ဒုတိယကမ္ဘာစစ်အတွင် နာဇီဂျာမဏီလက်ချက်နဲ့ ဂျူးလူမျိုး ၆သန်းကျော် သတ်ဖြတ်ခံခဲ့ရပါတယ်။ သတ်ဖြတ်ခံမှု Persecution မရှိရင် ယခုခေတ် ဂျူးလူမျိုးများဟာ ၁၃ သန်းမဟုတ်ပဲ အာရပ်လူမျိုးအရေအတွက်အတိုင်း သန်းပေါင်း ၂၀၀ကျော်ရှိနေမယ် ဖြစ်ပါတယ်။

ဂျူးလူမျိုးများ တော်၊တတ်၊ ကြိုးစားလို့ အံ့သြဘွယ်ဖြစ်နေတာမဟုတ်ပါဘူး။ ဘုရားကျေးဇူးတော်ခံစားရတဲ့အတွက် ဖြစ်ပါတယ်။ ဂျူးလူမျိုးများ ဘုရားကို ဘယ်လောက်ယုံကြည်အားကိုးသလဲ ဆိုတာ သမ္မာကျမ်းစာမှာ ဖေါ်ပြထားပါတယ်။

ခရစ်ယာန်များရဲ့ အခြေခံဟာ ဂျူးလူမျိုး၊ ဂျူးဘာသာ ဖြစ်ပါတယ်။ ဓမ္မဟောင်းကျမ်းစာ တစ်ခုလုံးဟာ ဂျုးလူမျိုးများ ရာဇ၀င်ဖြစ်ပါတယ်။ အံ့သြဘွယ် ဖြစ်ရပ်များ Miracles အများကြီး သမ္မာကျမ်းစာမှာဖတ်နိုင်ပါတယ်။ ဂျူးလူမျိုးများ အီဂျစ်နိုင်ငံကျွန်အဖြစ်မှ မောရှေအားဖြင့် လွန်ခဲ့သော နှစ်၄၀၀၀က ပင်လယ်နီကို ဖြက်ကူးခြင်း (ထွက် ၁၄း၂၂-၁၈း၂၇)၊ ယောရှုနှင့် အစ္စရေးစစ်သည်များ ယေရိခေါမြို့ကို အောင်နိုင်ခြင်း (ယောရှု ၆) ၊ ပရောဖက် ဧလိယ နှင့် ဧလိရှဲတို့၏ အံ့ဘွယ် ဆောင်ရွက်ချက်များ (၃ရာ၁၇-၂၉၊ ၄ရာ၂-၅) ။ ရှုရိဘုရင်၏ အင်အားကြီးလှသောစစ်တပ် ရှမာရိမြို့ကို ၀ိုင်းရံထားစဉ် အံ့သြဘွယ်ဖြစ်ရပ်နှင့် က္ကုသရေလဘုရင် စစ်နိုင်ခြင်း (၄ရာ၆)။ အင်အားကြီးလှသော အာရှုရိစစ်တပ်ကြီး ဘုရင်ဟေဇကိ နှင့်ယေရုဆလင်မြို့ကို ၀န်းရံထားစဉ် ကောင်းကင်တမန်တပ်ဖြင့် အာရှုရိ စစ်သား တသိန်းရှစ်သောင်း တညတည်း သေကြေရှုံးနှိမ့်ပြေးရခြင်း (၄ရာ၁၉)။ ရှေးဟောင်း အစ္စရေးနိုင်ငံတော် (ယုဒပြည်၊ က္ကုသရေလပြည်) ဘုရင်ဖြစ်တဲ့ ဒါဝိပ်မင်း (King David)၊ ဆော်လမွန်မင်း (King Solomon) တို့ကို ဓမ္မဟောင်းကျမ်းမှာ အထူးဖေါ်ပြထားပါတယ်။

ယခု ၂၀၁၀ မှာတော့ အစ္စရေးနိုင်ငံဟာ ၁၉၇၃ အာရပ်အစ္စရေးစစ်အပြီး (အထူးသဖြင့် အီဂျစ်နိုင်ငံ) နဲ့ အမေရိကန်သမ္မတ ဂျင်မီကာတာဦးဆောင်ပြီး ငြိမ်းချမ်းရေးစာချုပ်နိုင်ခဲ့ပါတယ်။ နယူးယောက် ၂၀၀၁ 9/11 တိုက်ခိုက်မှုကြောင့် အမေရိကန် အထိနာခဲ့ရတယ်။ အစ္စရေးကလည်း အာရပ်စစ်သွေးကြွ ခေါင်းဆောင်တွေကို အကြမ်းဖက် လိုက်သတ်နေတယ်။ အကြမ်းဖက် အသေခံ အာရပ်အစွန်းရောက်သူများက ၁၉၇၃ မြူးနစ်အိုလံပစ်မှာ အစ္စရေး အားကစားသမားများကို ပြန်ပေးဆွဲ၊ သတ်ဖြက်ပစ်ပြီးနောက် အစ္စရေး မောစ်ဆက်အဖွဲ့က ကမ္ဘာအနှံ့ လှည့်ပြီး အာရပ်အကြမ်းဖက်သမားတွေကို လိုက်လံ၊ဖမ်းဆီး၊ လက်စားချေ သတ်ဖြတ်တယ်။ အစ္စရေးနိုင်ငံ အဓွန့်ရှည်ရေးအတွက် စစ်အင်အားကို အကြီးအကျယ်တိုးချဲ့တယ်။ အနုမြူလက်နက် ထိပ်ဖူး ၇၅ - ၁၃၀ ပိုင်ဆိုင်တယ်လို့ အတိကျ အချက်အလက်တွေရထားတယ်။ အာရပ်နိုင်ငံများ အီရန်၊ အီရက် အနုမြူလက်နက်ထုတ်ဖို့ ကြိုးစားတာကို အစ္စရေးလေယာဉ်များ သွားရောက်ဗုံးကြဲဖျက်ဆီးပစ်တယ်။ အရှေ့အလယ်ပိုင်း အာရပ်-အစ္စရေး ပြဿနာကတော့ ကမ္ဘာတည်သရွေ့ ရှိနေမှာပါ။

ဂျူးလူမျိုးတွေ အောင်မြင်လာချိန်မှာ ဘုရားကိုပစ်ပယ်၊ မာနကြီး၊ လယ်ပင်းခိုင်၊ ပုန်ကန်တတ်သော လူမျိုးဖြစ်တဲ့အတွက် ဘုရားက ဒဏ်ခတ်တယ်လို့ သမ္မာကျမ်းစာမှာ ရေးထားပါတယ်။ သို့သော် ဘုရားဆီ နောင်တနဲ့၊ နှိမ့်ချစွာ ပြန်လာ ချဉ်းကပ်လာတိုင်း ကောင်းကြီးမင်္ဂလာအများကြီး ပေးတဲ့အတွက် ယပခုအချိန်မှာ ကမ္ဘာ့သြဇာကြီမားတဲ့ လူမျိးတစ်ခု အဖြစ် အံ့သြဘွယ် ရပ်တည်နေပါတယ်။

ဇော်အောင် (မုံရွာ)

သော်တာမောင်

(အစ္စရေးလူမျိုး)

မိတ်ဆွေတစ်ဦး ပို့ပေးလိုက်တဲ့ Isreal - Facts of History အကြောင်းကို ဖတ်ကြည့်နေပါတယ်။ ၁၅ မိနစ်လောက်ပဲ ကြာမယ်ဆိုပေမဲ့ နာရီများစွာ ကြာသွားပါတယ်။ စိတ်ဝင်စားစရာ ကမ္ဘာကျော် အစ္စရေးလူမျိုး (ခရစ်ယာန်သမ္မာကျမ်းစာ အရဆိုရင် က္ကုသရေလလူမျိုး) အကြောင်းဆိုတော့ ......

For sale: Burmese virgins မြန်မာပြည်၏ ပန်းတော်ဦး ရောင်းရန်ရှိသည်


ဂိုလ်ရှယ်လေး

၁၉၈၈ သွေးမြေကျ စစ်အာဏာသိမ်းမှုကြီး၏ အကျိုးဆက်ရလဒ်က ဥပဒေမဲ့အခြေနေတခုလုံးဆီသို့ ဆိုက်ရောက်ခဲ့ရပြီး၊ အနာဂတ်ရှေ့ခရီးအလားလာက ကြောက်ခမန်းလိလိတုန်လှုပ်ဖွယ်ရာ ဖြစ်၏။

တစ်ချို့မိန်းမတွေ ဘောလုံးပွဲကို ဘာကြောင့်မုန်းသလဲဆိုတော့....ဆိုတော့....:)

ဖြစ်ရပ်မှန်နဲ့ ထင်မြင်ချက် Facts Vs Opinion

ဖြစ်ရပ်မှန်နဲ့  ထင်မြင်ချက်
Facts Vs Opinion 

သတင်းခေတ်ကြီးမှာ သတင်းကြောင့်ဖြစ်ရတဲ့ကောင်းကျိုးဆိုးကျိုးတွေအများကြီး၊ 
ကောင်းကျိုးကတော့ သတင်းမှန်တွေကို ကောင်းစွာသုံးသပ်နိုင်ရင် အနာဂါတ်ကို
 ကျိုတင်မှန်းဆနိုင်မယ်၊ လက်ရှိပြဿနာကိုပြေလည်အောင် ဖြေရှင်းနိုင်မယ်။ 
သတင်းမမှန်ကန်ဘူး၊ သတင်းဖတ်သူရဲ့  ဝေဖန်ပိုင်းခြားနိုင်စွမ်းအားနည်းရင် 
လူမူရေး၊ စီးပွားရေးပြဿနာပေါ်မယ်။ နိုင်ငံရေးမတည်မငြိမ်ဖြစ်တဲ့အထိ 
ဆိုးဝါးနိုင်တယ်။ 

သတင်းတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဖြစ်ရပ်တွေကို အမှားအကင်းဆုံးနဲ့၊ 
အမှန်ဆုံးတင်ပြလိုရင်းဖြစ်ရမယ်။  ကြွချင်ထချင်တဲ့သူတွေနဲ့၊ 
ဖွချင်ဆွချင်တဲ့သူတွေတွေ့ကြားမှာ၊ 
သတင်းဟာ လူ့အဖွဲ့အစည်းတစ်ခုကို ဒုက္ခပေးဖို့အကောင်းဆုံးလက်နက်ပဲ။ 

အထက်မှာပြောခဲ့ပြီးတဲ့အတိုင့်း သတင်းဆောင်းပါးတွေမှာပါတဲ့ အချက်လက်တွေ၊ 
ဖြစ်ရပ်တွေ(Facts)ဟာ ဘက်မလိုက်ဘဲတင်ပြတာမျိုးပဲဖြစ်ရမယ်။ 
သတင်းတစ်ခုမှာတင်ပြထားတဲ့ ဖြစ်ရပ်မှန်တွေဟာ ဓမ္မဓိဋ္ဌာန်ကျရမယ်၊ 
အရှိအရှိတိုင်းဖြစ်ရမယ်။ သတင်းတစ်ခုမှာတင်ပြထားတဲ့  ဖြစ်ရပ်တွေဟာ 
ဧကန်ဧကကျရမယ်။ မြန်မာနိုင်ငံဟာ ၁၉၄၈ မှာလွတ်လပ်ရေးရတယ်ဆိုတဲ့သတင်းဟာ 
ကာလမရွှေး၊ အချိန်မရွှေးမှန်ရမယ်။ သတင်းတွေကိုတင်ပြရာမှာ 
မည်သူတစ်ဦးတစ်ယောက်ရဲ့  ထင်မြင်ယူဆချက်ကိုမှ သတင်းဆောင်းပါးတစ်ခုကို 
လွမ်းမိုးစေတာမျိုး မဖြစ်သင့်ဘူး။ 

ထင်မြင်ချက်  (Opinion) ဆိုတာ ပုဂ္ဂိုလ်ရေးယုံကြည်ချက်နဲ့ 
ခံစားချက်ကထွက်လာတဲ့  အယူအဆတွေပဲဖြစ်တယ်။ ဒါကြောင့် 
ပုဂ္ဂိုလ်ရေးယူဆချက်တွေဟာ လူတိုင်းအတွက်မမှန်နိုင်ဘူး၊ 
ကာလဒေသမရွေးမှန်တဲ့  အမှန်တရားမဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံဟာ 
အရှေ့တောင်အာရှမှာ အလှဆုံးနိုင်ငံပါလို့ပြောရင် 
လူတိုင်းလက်ခံမှာမဟုတ်တဲ့ ပုဂ္ဂိုလ်ရေးထင်မြင်ချက်ပဲဖြစ်တယ်။ 
အလှပဆိုတာကိုက ပုဂ္ဂိုလ်ရေးသဘောဖြစ်တာမို့ အချက်အလက်အဖြစ် 
တင်ပြခြင်းဟာအငြင်းပွား စရာတွေဖြစ်စေတယ်။  

လောလောဆယ်မြန်မာနိုင်ငံမှာ သတင်းလို့ထင်မြင်ဖွယ်ရှိသောအရာများနဲ့  
သတင်းသမားဟုဆိုသောသူများအားလုံးဟာ အမှန်ပြောတာနည်းပြီး၊ 
ထင်မြင်ချက်တွေများနေတယ်။ 

သတင်းတစ်ခုကိုလက်မခံခင် သတင်းအရင်းမြစ်နဲ့  သတင်းပေးသူ၊ 
သတင်းနောက်ကွယ်ရှိ အစိုးရအဖွဲ့အစည်းတွေအပါအ၀င်  အခြားသောအဖွဲ့အစည်းနဲ့  
လူအချို့ ရဲ့  ရည်ရွယ်ချက်နဲ့  သူတို့ရဲ့ နည်းဗျူဟာတွေကို ပထမဦးစွာ 
နားလည်သဘောပေါက်ဖို့တော့လိုမယ်။ သတင်းပေးနေတာလား၊ ပြည်သူကိုတစ်ခုခုမှာ
 ယုံကြည်ခိုင်းနေတာလား၊ သို့မဟုတ်  ပြည်သူတို့ရဲ့  အယူအဆတွေ 
ပြောင်းစေချင်လို့လား စသည်ဖြင့်တော့ခွဲခြားတတ်ရမယ်။ 

AMM
(Greenhill)

သတင်းခေတ်ကြီးမှာ သတင်းကြောင့်ဖြစ်ရတဲ့ကောင်းကျိုးဆိုးကျိုးတွေအများကြီး၊
ကောင်းကျိုးကတော့ သတင်းမှန်တွေကို ကောင်းစွာသုံးသပ်နိုင်ရင် အနာဂါတ်ကို ကျိုတင်မှန်းဆနိုင်မယ်၊ လက်ရှိပြဿနာကိုပြေလည်အောင် ဖြေရှင်းနိုင်မယ်။

တေစမ်း....

တေစမ်း....



တစ်နေ့တစ်၌ ယောက်ျားပျိုတစ်ယောက်သည် သူ၏ညာဘက် testis ရှိရာကပ်ပယ်အပြင်တွင် 
စိမ်းနေ၍ ဆရာဝန်သွားပြ၏။



ဆရာဝန် မှစစ်ဆေးပြီးနောက်.......



" မတတ်နိုင်ဘူးငါ့ညီရာ ခွဲထုတ်လိုက်ပါတော့ "



ယောက်ကျားပျိုလည်းမတတ်သာအဆုံးခွဲထုတ်လိုက်ရသည်။



တစ်လကြာပြီးနောက်ဘယ်ဘက်တစ်ခြမ်းထပ်စိမ်းလေသည်။ဆရာဝန်ထံ ထပ်သွားပြသည်။



ဝမ်းနည်းစွာနဲ့ပဲ ထပ်ခွဲထုတ်ခိုင်းသဖြင့် ခွဲထုတ်လိုက်ရသည်။



နောက်တစ်လခန့်....ကြာသော်..... penis 
ပါထပ်စိမ်းလာသောအခါဆရာဝနထံသို့....ထပ်သွားပြသည်။ဆရာဝန်က......



" အသက်အန္တရယ်မစိုးရိမ်ရအောင်ဖြတ်လိုက်ပါ "  ဆိုသဖြင့်.....



ယောက်ျားပျိုလဲ ယူကျုံးမရဖြစ်ကာ နောက်ဆုံးလှီး ဖြတ်ထုတ်လိုက်ရတော့သည် ။



ဖြတ်ထုတ်ပီး....နောက်ထပ်တစ်ပတ်ခန့် တွင်မူ သူ့ ပေါင်ခြံ တစ်ပြင်  
လုံးစိမ်းလာပြန်လေ၏။



ထိုသူလည်း အလန့်တကြားဖြင့်ထိုဆရာဝန်ကိုပင်သွားပြန်ပြသည်။



ထိုအခါ ဆရာဝန်က  ထပ်မံ သေချာ စစ်ဆေး၏။..ထို့နောက်....ဖြေးဖြေးချင်း 
ပြောလိုက်တာက....



" အတွင်းခံလဲလိုက်တော့ငါ့ညီ.....ငါ့ညီအတွင်းခံအရောင်ကျွတ်နေပြီ 
..."  ဟူ၏။.......



တိန်



ရီမောပျော်ရွှင်ပါစေ..( တင်ပြပုံ ရုံရင်းရိုင်းဆိုင်းခဲ့ပါရင်အနူးအညွတ် 
တောင်းပန်ပါတယ် )



ကိုလုံ ( Lon Ely )

တစ်နေ့တစ်၌ ယောက်ျားပျိုတစ်ယောက်သည် သူ၏ညာဘက် testis ရှိရာကပ်ပယ်အပြင်တွင် စိမ်းနေ၍ ဆရာဝန်သွားပြ၏။ ဆရာဝန် မှစစ်ဆေးပြီးနောက်.......
" မတတ်နိုင်ဘူးငါ့ညီရာ ခွဲထုတ်လိုက်ပါတော့ "

နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှ မရှိခြင်းလား (၂)

ဒါဖြင့်ရင် မဂ္ဂရှစ်ပါးဟာ နိဗ္ဗာန်ရဲ့ အကြောင်းတရား မဟုတ်ဘူးလား။
မဂ္ဂင်ရှစ်ပါး ကျင့်ကြံပွားများမှ ဆင်းရဲငြိမ်းတာဆိုတော့ မဂ္ဂင်ရှစ်ပါးဟာ ဆင်းရဲငြိမ်းခြင်း ဆိုတဲ့ နိဗ္ဗာန်ရဲ့ အကြောင်းတရားပေါ့လို့ စောဒကတက်စရာ ရှိပါတယ်။

အလွတ်ကျက်မှတ်ခြင်းနှင့် spaced repetition ကိုအသုံးချခြင်း

ဘာသာစကားလေ့လာရာမှာ communicative approach စသည့် နည်းနာတွေ ခေတ်စားလာ သည့်အချိန်မှစ၍ အင်္ဂလိပ်စာဆရာများ၊ ဆောင်းပါးရေးသူများနှင့် အသိပညာရှင်များသည် ယခင်နည်းဟောင်းကြီးဖြစ်သော rote learning အလွတ်ကျက်မှတ်ခြင်းကိုအားမပေး၊ မိမိတို့၏သင်ကြားမှုပုံစံတွင် အသုံးမပြုတော့သလို မိမိတို့၏တပည့်များအားလည်း အလားတူ အလွတ်ကျက်မှတ်ခြင်းအားရှောင်ကျဉ်ရန်သွန်သင်ခြင်း၊ ဆောင်းပါးများရေးသားခြင်းတို့ဖြင့် ပညာပေးလာကြသည်။ 

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၄)

သစ်ထူးလွင်



Monday, April 29, 2013

နာမည်ကျော်ကြား ဂန္တ၀င်စကား - ဘိုးလှိုင်

နာမည်ကျော်ကြား ဂန္တ၀င်စကား   -  ဘိုးလှိုင်

http://www.mediafire.com/?ck7bpgx7cy8x029
နာမည်ကျော်ကြား ဂန္တ၀င်စကား - ဘိုးလှိုင်

http://www.mediafire.com/?ck7bpgx7cy8x029

နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှ မရှိခြင်းလား (၁)


မေး။ ။ ဆရာတော်ဘုရား ... တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။
နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။
ဘဝကုန်ဆုံးပြီး ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။
(မစိုးမိုးသူ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ ရန်ကုန်တက္ကသိုလ်)

အမျိုးသမီးတစ်ဦး ...

ကျွန်တော်ကို မွေးကာစတုန်းက အမျိုးသမီးတစ်ဦးက ပွေ့ချီထားခဲ့တယ် .. ကျွန်တော့်အမေပေါ့

ကျွန်တော် အရွယ်ရောက်လာတဲ့ထိ အမျိုးသမီးတစ်ဦးက ဂရုစိုက်ခဲ့တယ်၊ အတူကစားပေးတယ် .. ကျွန်တော့်အစ်မပေါ့

ကျွန်တော် ကျောင်းနေတဲ့အရွယ်မှာ အမျိုးသမီးတစ်ဦးက ပညာတွေတတ်စေခဲ့တယ် .. ကျွန်တော့်ဆရာမပေါ့

ကျွန်တော် စိတ်ဓာတ်ကျတိုင်း အားငယ်ချိန်တိုင်းမှာ နှစ်သိမ့်အားတင်းဖို့ အမျိုးသမီးတစ်ဦးက ပုခုံးတစ်ဘက်ပေးတယ် .. ကျွန်တော့်ရည်းစားပေါ့

ကျွန်တော် ချစ်ခင်ပေါင်းဖက်ဖို့အတွက် အမျိုးသမီးတစ်ဦးက ရှိနေပေးတယ် .. ကျွန်တော့်မိန်းမပေါ့

ကျွန်တော် ခက်ခဲကြမ်းတမ်းတဲ့ ဘ၀အချိန် အခါတိုင်းမှာ အမျိုးသမီးတစ်ဦးက အခက်အခဲတွေကိုအရည်ပျော်ကျစေခဲ့တယ် .. ကျွန်တော့်သမီးပေါ့

ကျွန်တော် သေဆုံးတဲ့အခါ အမျိုးသမီးတစ်ဦးက လက်ခံပွေ့ဖက်ပေးတယ် .. အမိမြေပေါ့ ..

သင်ဟာ ယောက်ျားတစ်ဦးဆိုရင် .. အမျိုးသမီးတိုင်းကို တန်ဖိုးထားပါ
သင်ဟာ မိန်းမသားတစ်ဦးဆိုရင် .. မိန်းမသားဖြစ်တဲ့အတွက် ဂုဏ်ယူပါ

(ဖတ်လိုက်ရတဲ့ စာပိုဒ်လေးတစ်ပိုဒ်ကို ကြိုက်လွန်းလို့ အဆင်ပြေသလို ဘာသာပြန်လိုက်ပါတယ် )
88sunday
 
ကျွန်တော်ကို မွေးကာစတုန်းက အမျိုးသမီးတစ်ဦးက ပွေ့ချီထားခဲ့တယ် .. ကျွန်တော့်အမေပေါ့

ကျွန်တော် အရွယ်ရောက်လာတဲ့ထိ အမျိုးသမီးတစ်ဦးက ဂရုစိုက်ခဲ့တယ်၊ အတူကစားပေးတယ် .. ကျွန်တော့်အစ်မပေါ့

~ကလေးတွေ ဘယ်အရွယ်မှာ ငွေအကြောင်း ဘယ်လောက် သိထားသင့်လဲ (REPOST)~


သမ္မတအိုဘားမားရဲ့ ညွန်ကြားချက်အရ သူရဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး ထိပ်တန်းအကြံပေးအဖွဲ့က ကလေးတွေ ဘယ်အသက်အရွယ်မှာ ငွေနဲ့ပတ်သက်ပြီး ဘယ်လောာက် သိထားသင့်တယ်၊ ဘယ်အရွယ်မှာ ငွေကို ဘယ်လို စသုံးသင့်တယ် ဆိုတာကို ၁၈ လကြာ သုတေသန လုပ်ခဲ့ကြပါတယ်။

"ငါ-ဘာကောင်လည်း၊ မင်းသိလား"

Ko Tun Htike shared Chitthu Sky's photo.
"ငါ-ဘာကောင်လည်း၊ မင်းသိလား"
ဆိုသူများဖတ်ရန်။
-----------------------------------------

နယူးယောက်မြို့လေဆိပ်မှာပါ။ ယူနိုက်တက်အဲလိုင်းက လေယာဉ်တစီးမထွက်ဖြစ်ဘူး။ ဒါကြောင့် လေယာဉ်အေးဂျင့်အမျိုးသမီးလေးတယောက်ထဲ အဲဒီလေယာဉ်ပေါ်လိုက်ပါမဲ့ခရီးသည်တွေအတွက် နောက်လေယာဉ်ကိုပြန်ပြီးဘိုကင်လုပ်ပေးနေရတယ်။ သူမတဦးထဲမို့ ကောင်တာနောက်မှာ ရှုပ်ရှက်ခပ်အောင်လုပ်နေရတဲ့အချိန် စိတ်ဆိုးမာန်ဆိုးနဲ့ခရီသည်တယောက် လူတွေကိုတိုးဝှေ့ဖယ်ရှားပြီး ကောင်တာရှေ့ကိုရောက်လာတယ်။ ရောက်တာနဲ့လေယာဉ်လက်မှတ်ကို ကောင်တာပေါ်ခပ်ကြမ်းကြမ်းလေးရိုက်တင်လိုက်ပြီး "ငါ-ဒီလေယာဉ်ကိုစီးမဲ့ ပထမတန်းကခရီးသည်"
အေးဂျင့်-----"ဝမ်းနည်းပါတယ်ရှင်။ ကျမအရမ်းကူညီချင်ပါတယ်။ ဒါပေမဲ့ ဒီရှေ့ကခရီးသည်တွေကိုအရင်ဘိုကင်လုပ်ပေးရအုံးမယ်။ ပြီးရင် အသေအချာပဲရှင့်အလှည့်ရောက်မှာပါ။"
စိတ်ဆိုးမာန်ဆိုးခရီးသည်ကမကြေနပ်စွာနဲ့ သူ့နောက်ကခရီးသည်တွေအကုန်ကြားရလောက်တဲ့လေသံမာနဲ့

"ငါ-ဘာကောင်လည်းဆိုတာ မင်းသိလား။"

အေးဂျင့်လည်း လုံးဝတုန့်ဆိုင်းမှုမရှိပဲ ခပ်ပြုံးပြုံးလေးနဲ့သူမရှေ့မှာရှိနေတဲ့ မိုက်ခရိုဖုန်းလေးကိုကောက်ကိုင်လိုက်ပြီး "ကျေးဇူးပြုပြီးအားလုံးနားထောင်ပေးပါ၊" သူမရဲ့အသံ လေယာဉ်ကွင်းတခုလုံးမှာ ပြတ်သား၊ ကြည်လွင်၊ ကျယ်လောင်စွာထွက်ပေါ်လာတယ်။ "ကျမတို့ရဲ့ဂိတ်အမှတ် ၁၄ မှာ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းမသိပဲ ငါဘယ်သူလဲသိလားလို့မေးနေတဲ့ ခရီးသည်တယောက်ရောက်နေပါတယ်။ သူ့ကိုသိတဲ့သူများရှိခဲ့ရင် လာရောက်နာမည်ပြောပေးပါ။ ကျေးဇူးတင်ပါတယ်။"

ခရီးသည်တွေအားလုံး ရီမောကုန်ကြတယ်။ အေးဂျင့်က ခပ်ပြုံးပြုံးလေးနဲ့ဆက်ပြီး(မိုက်ခရိုဖုန်းမပါ) "ဝမ်းနည်းပါတယ်ရှင်။ နောက်ကတန်းစီပေးပါ။ ရှင့်အလှည့်ရောက်လာပါလိမ္မယ်။"

Life isn't about how to survive the storm, but how to dance in the rain.
-----------------------------------------------------------
Ah Ba Yah and 2 other friends shared Htin Aung's photo.
Credit ;ကိုသောင်း( ပုလဲမြေ )

နယူးယောက်မြို့လေဆိပ်မှာပါ။ ယူနိုက်တက်အဲလိုင်းက လေယာဉ်တစီးမထွက်ဖြစ်ဘူး။ ဒါကြောင့် လေယာဉ်အေးဂျင့်အမျိုးသမီးလေးတယောက်ထဲ အဲဒီလေယာဉ်ပေါ်လိုက်ပါမဲ့ခရီးသည်တွေအတွက် နောက်လေယာဉ်ကိုပြန်ပြီးဘိုကင်လုပ်ပေးနေရတယ်။

Ethics လူ့ကျင့်ဝတ်


Philosophy ရဲ့ အောက်က၊ ဘာသာရပ်ခွဲတွေထဲက Ethics လူ့ကျင့်ဝတ် (ကိုယ်ကျင့်သိက္ခာ) နဲ့ပါတ်သက်ပြီး အက်ဆေးလေးတစ်ပုဒ်ဖတ်ရတယ်။ ဆီလျှော်သလို မြန်မာမူပြုလိုက်တယ်။

လူ့ကျင့်ဝတ်တို့၊ ကိုယ်ကျင့်သိက္ခာတရားတို့ဆိုတာတွေက မြန်မာလူမျိုးတွေအတွက်တော့
နေ့စဉ်ဘ၀တွေမှာ စဉ်းစားဆုံးဖြတ်ပြုမူရာမှာ ပါဝင်နေတဲ့ ရင်းနှီးပြီးသားကိစ္စတွေဖြစ်တယ်။
ရင်းနှီးပြီးသားဆိုလို့တော့ အားလုံးကိုယ်ကျင့်တရားတွေ ပြည့်စုံကောင်းမွန်တယ်လို့ ဆိုတာမဟုတ်ဘူး။

ကျကျန်ခဲ့တဲ့အရာတွေ....

Thet Tun shared Nine Nine Sanay @ နိုင်းနိုင်းစနေ's photo.
မိန်းကလေးတစ်ယောက်ဟာ လူစည်ကားတဲ့ဈေးတန်းတစ်ခုကို ဆိုင်ကယ်စီးပြီးဖြတ်တယ်။ အဲဒီမှာ ဈေးခြင်းတောင်းဆွဲထားတဲ့ အဒေါ်ကြီးတစ်ဦးနဲ့ မျက်နှာချင်းဆိုင်မိတယ်။

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသော စစ်ရဟတ်ယာဉ်များပေးပို့

Nay Wai and 2 other friends shared Thuyaaung Thuyaaung Thuyaaung's photo.
ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့
~~~~~~~~~~~~~~~~~~~~~~~~
UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ အစပိုင်းမှာလည်း TY-90 လက်နက် တပ်ဆင်ထားသော စစ်သုံး Mi-17 Hip အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ၀တပ်ကို ပေးပိုခဲ့ကြောင်းကို မြန်မာတိုင်းရင်းသား သတင်းရပ်ကွက်နှင့် မြန်မာအစိုးရ သတင်းရပ်ကွက်အရ သိရကြောင်း
ဖော်ပြထားပါတယ်။

တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာ
နေရာဖြန့်ကျက်ထားတဲ့ UWSA ဟာ လက်ရှိမှာ မြန်မာအစိုးရတပ်နဲ့ မခိုင်မြဲလှသော အပစ်ရပ်ရေးသဘောတူညီချက်ရယူထားပါတယ်။

အခု Mi-17 ရဟတ်ယာဉ်တွေကို တရုတ်နိုင်ငံကနေ တိုက်ရိုက် မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲခေါင်မြစ်ကို ဖြတ်ပြီး ၀နယ်ကို ပေးပို့ခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ကပြောဆိုပြီး စုစုပေါင်း ရဟတ်ယာဉ် ၅ စီးပေးပို့ခဲ့ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရသတင်းရပ်ကွက်ကတော့ ရဟတ်ယာဉ် များ UWSA လက်ထဲသို့ ရောက်ရှိကြောင်း အတည်ပြုခဲ့ပေမဲ့ ရဟတ်ယာဉ် ၂ စီးကိုသာ ပေးပို့သည်ဟု ဆိုပါတယ်။

Mi-17 ရဟတ်ယာဉ်များကို ဝေဟင်အချင်းချင်း ပစ်နိုင်သည့် TY-90 လက်နက်တပ်ဆင်ထားတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရပ်ကွက်အဆို မှန်ကန်ခဲ့မယ်ဆိုရင် တပ်မတော်ရဲ့ ရုရှက မကြာသေးခင်ကမှ ၀ယ်ယူထားသော Mi-24P Hind စစ်ရဟတ်ယာဉ်ကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ Janes Intelligence သတင်းက ဆိုပါတယ်။

အဲဒီစစ်ရဟတ်ယာဉ်ကို တပ်မတော်က ကချင်လွတ်မြောက်ရေးတပ် KIO ကို တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ခင်မေဇော် (Burma-Newselite) က Janes Intelligence သတင်းကိုဘာသာပြန်ဆိုပါတယ်။

UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။

အာဏာရှင်ဆိုတာ

Ko Mg shared Zaw Wann Maung's photo.
အာဏာရှင်ဆိုတာ
အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ နောက်ဆုံးအချိန်ထိ တစ်ဦးတည်း အာဏာကိုဆုပ်ကိုင်သူနဲ့ တစ်ပါတီတည်းမှာပဲ ဦးဆောင်သူပြောင်းလဲသွားတဲ့ အာဏာရှင်ပုံစံမျိုး တွေ ရလေ့ရှိပါတယ်။ ကမ္ဘာ့သမိုင်းမှာ ဘယ်အာဏာရှင်မျိုးမှ အာဏာကို လွယ်လင့်တကူ စွန့်လွှတ်တယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ တစ်နည်းအားဖြင့် အာဏာရှင်သည် မည်သူ့ကိုမျှ ဒီမိုကရေစီ အခွင့်အရေး မပေးပါ။ စစ်အာဏာရှင် အာဏာရူးတွေကြောင့် ကျွန်တော်တို့တိုင်းပြည်ဟာ အစစအရာရာ နောက်ကျခဲ့ရပါပြီ။နှစ်ပေါင်းများစွာလည်း နောက်ကျလို့နေပါပြီ။ကျွန်တော်တို့နိုင်ငံမှာ သူ့ထက်သူ လူစွမ်းကောင်းတွေ ကြီးပဲပေါ်ခဲ့ပါတယ်။အာဏာရှင်စနစ်ရဲ့အောက်မှာ ကျိန်စာများသင့်နေ ရော့သလားပင်မသိတော့ပါ။ကျွန်တော်တို့ နိုင်ငံရဲ့ ကံကြမ္မာဟာ ဆိုးရွားလွန်းလှပါတယ် ဆင်းရဲသား ငမွဲ အောက်ခြေ ကလူတန်းစားတွေရဲ့ဘဝ ကတော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပါပဲ။ယခုအချိန်အထိပင် ကံဆိုးမိုးမှောင်ကျလျှက်ရှိနေဆဲပါ………။
ပြောင်းလဲမှုတွေကိုလုပ်နေပါတယ်လို့ ဆိုနေပေမဲ့ အပေါ်ရံ ပြောင်းလဲမှုမျိုးတွေကို အာဏာရှင်တိုင်းပြည်တိုင်းမှာ သြဇာရှိ၊ ချမ်းသာတဲ့ ရေပေါ်ဆီ တွေက အားတက်သရော ထောက်ခံလေ့ရှိကြပါတယ်။ တိုင်းပြည်ရဲ့ အများစု နင်းပြား ပြည်သူလူထုကတော့ ဒုံရင်း.. ဒုံရင်း ဆိုတာထက်ပိုဆိုးတဲ့ အခြေအနေမျိုးတွေကို ခံစားရတယ်။ ခေါင်းဆောင်နဲ့ လူထု(သို့)လူထုက ယုံကြည်တဲ့သူတွေအကြားမှာအရည်အသွေးမရှိတဲ့၊ အခွင့်အာဏာမက်မောတဲ့၊ ကိုယ်ကျိုးရှာတတ်တဲ့သူတွေ ၀န်းရံလာပြီး တံတိုင်းတစ်ခုလို အမြဲရှိနေပါတယ်။ ဒီလူတွေဟာခွဲခြားစည်းရုံးတဲ့နည်းတွေနဲ့ ကိုယ်နဲ့ သဘောမတူသူတွေကို ဖြိုခွင်းတယ် တစ်ဦးနဲ့တစ်ဦး အကြား နားလည်မှုဟာ အခွင့်အရေးနဲ့ အာဏာဖြစ်လာမယ်။ နောက်ဆုံး ဘုတ်ကျီးမြှောက်၊ ကျီးဘုတ်မြှောက်နဲ့ အာဏာရှင်ဖြစ်လာတော့တာပါပဲ။ ကျွန်တော်တို့လူမျိုးဟာ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်တယ်။ ဒီပြင်းထန်တဲ့ စိတ်ဓာတ်ဟာ မရှိမဖြစ်ပါ။ဒါပေမယ့် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကတော့ စစ်ဘုရင်ဝါဒနဲ့ အာဏာရှင်စနစ်ပဲဖြစ်ပါတယ်။ ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ ပြည်ထောင်စုအပေါ်မှာ ကျေးဇူး သစ္စာ စောင့်သိ ရိုသေတဲ့သူတွေဟာ ကျွန်တော်တို့ရဲ့ လူမျိုးတွေပဲ ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုတွေဟာ အစိုးရနဲ့ အစိုးရရဲ့ အတိုက်အခံ နှစ်ဖက်ထဲကအမြင်ထက် ပိုပြီး ကျယ်ပြန့်ပြီး ပိုပြီး ပူးပေါင်းဆောင်ရွက်ရမယ့် အမြင်မျိုးကို ပြောင်းရွှေ့လာပြီဆိုတာပါပဲ။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးကိုဖန်တီးနိုင်စွမ်းက အရေးပါပါတယ်။ အလုံးစုံ ညီညွတ်ရေး၊ သဘောထားအားလုံး တူညီလက်ခံရေးဆိုတာ မဖြစ်နိုင်ပါ ဘူး။ ဒီပြဿနာတွေကိုသာ ပါးနပ်လိမ္မာစွာ မကိုင်တွယ်ဘူးဆိုရင် နိုင်ငံရဲ့အနာဂတ် ဒီမိုကရေစီ အပြောင်းလဲကိုသာမက ပြည်ထောင်စုစစ်စစ် မျှော်မှန်းချက်တွေကိုပါ ထိခိုက်သွားနိုင်ပါတယ်။ပြည်ထောင်စု အတွင်းမှာ နေထိုင်တဲ့ နိုင်ငံသားရရှိထားတဲ့ မည်သည့် ဘာသာ၊ မည်သည့် လူမျိုးမဆို ကိုယ်ယုံကြည်တဲ့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိရမှာဖြစ်သလို ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး အခြေမြှင့် တိုးတက်အောင် အခြားဘာသာ လူမျိုးအပေါ် မုန်းတီးမှုမရှိဘဲ လုပ်ဆောင်နိုင်ရမှာ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဘာသာရေး၊ လူမျိုးရေး အမုန်းပွားမှုတွေကို မလိုလားပါဘူး။ ဒီအချက်တွေကို လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ပညာတတ် လူလတ်တန်းစားတွေ သိမြင် ခံစားပေးနိုင်ဖို့ အင်မတန် အရေးကြီးလှပါတယ်။ တိုင်းပြည်မှာ ဆင်းရဲတာ၊ စာမတတ်တာ၊ ရောဂါဘယ ထူပြောတာ စတဲ့ လူမှု၊ ကျန်းမာ၊ စီးပွား ပြဿနာအားလုံးဟာ နိုင်ငံရေးဆိုတဲ့ ရေသောက်မြစ် ပြဿနာကြီးဘဲဖြစ်ပါတယ်။ လူထုခေါင်းဆောင်ဆိုသူများ၊ လူထုကိုယ်စားပြုအဖွဲ့အစည်း ခေါင်းဆောင်များ က လူထုရှေ့က မားမားရပ်၊ အပြောနဲ့ မဟုတ် လက်တွေ့ ဦးဆောင် ပြဖို့လည်း လိုပါတယ်။ပြည်သူတွေနဲ့ အတူ ရပ်တည်ပြီး ပြည်သူ့ပြဿနာ တွေကို ရှေ့က ထုတ်ဖော် ဟစ်ကြွေး၊ မတရားမှုမှန်သမျှကို တာဝန်ယူမှုရှိရှိ နှင့်ဦးဆောင်ပေးဘို့လိုပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကိုကမ္ဘာ့နိုင်ငံအသီးသီးကစိတ်ဝင်စားကြသလိုအိမ်နီးချင်း စူပါပါဝါနိုင်ငံတွေကလည်း မြန်မာတို့ရဲ့ ရေမြေဒေသ သယံဇာတတွေကိုမျက်စောင်းထိုးနေကြပါတယ်။ကျွန်တော်တို့ရဲ့နိုင်ငံတကာဆက်ဆံရေးမဟာဗျူဟာကပြန်လည်သုံးသပ်ရမှာဖြစ်တယ်။ လွတ်လပ်ပြီးတက်ကြွသောနိုင်ငံခြားရေးမူဝါဒကတော့ခေတ်မမီတော့ပါဘူး။စူပါပါဝါနိုင်ငံကြီးတွေဝန်းရံနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာစစ်တပ်အင်အားမတောင့်တင်းရင်ဘယ်လိုဖြစ်သွားနိုင်တယ်ဆိုတာ ကိုလဲကျွန်တော်တို့သိသင့်ပါတယ်။ ဒါပေမယ့် စစ်တပ်ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ ဝေးဝေးနေရပါမယ်။ အာဏာရှင်စနစ်က တိုင်းရင်းသားတွေ၊ ပြည်သူတွေနဲ့ နိုင်ငံရေးအစဉ်အလာကြီးမားတဲ့ တပ်မတော်အကြား ချောက်ကမ်းပါးတစ်ခုလို ခြားစေခဲ့တာဖြစ်ပါတယ်။ အခွင့်အရေးကို ရတိုင်း မယူတတ်တဲ့ ခေါင်းဆောင်တွေ၊ အာဏာကို အလွဲမသုံးတတ်တဲ့ ခေါင်းဆောင်တွေသာများရင် ကျွန်တော်တို့ နိုင်ငံအာဏာရှင်နိုင်ငံ ဖြစ်စရာမရှိပါဘူး။
ဇော်ဝမ်းမောင်

အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ နောက်ဆုံးအချိန်ထိ တစ်ဦးတည်း အာဏာကိုဆုပ်ကိုင်သူနဲ့ တစ်ပါတီတည်းမှာပဲ ဦးဆောင်သူပြောင်းလဲသွားတဲ့ အာဏာရှင်ပုံစံမျိုး တွေ ရလေ့ရှိပါတယ်။ ကမ္ဘာ့သမိုင်း မှာ ဘယ်အာဏာရှင်မျိုးမှ အာဏာကို လွယ်လင့်တကူ စွန့်လွှတ်တယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။

မျှစ်၏ ကျန်းမာရေး စွမ်းပကား

Aung Htun posted a photo to Aung Myint Htun's timeline.
မျှစ်၏ ကျန်းမာရေး စွမ်းပကား
=================
မြန်မာလူမျိုး တွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။
ဒါပေမဲ့ မျှစ်တွေကို ဆေးဆိုး ထားတယ်ဆိုတဲ့ သတင်း ထွက်လာပြီး နောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုးထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသားလိုက်ရပါတယ်။

(၁) အစာခြေစနစ် ကျန်းမာခြင်း

မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန် စေပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာ စေပါတယ်။

(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေကို လျော့ ကျ စေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံး ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

(၃) ပိုးသတ်အာနိသင် ရှိခြင်း

မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂက်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။

(၄) သွေးဖိအားကို ထိန်းသိမ်းပေးခြင်း

မျှစ်မှာ ပိုတက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။

(၅) မကောင်းသော အဆီကို ကျစေခြင်း

မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျ စေပါတယ်။ မျှစ်မှာ ကယ်လိုရီ ပါဝင်မှု လျော့နည်း တာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှု များပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင် တွေကို လျော့ကျ စေပါတယ်။

Source ► Myawady Health

မြန်မာလူမျိုး တွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။
ဒါပေမဲ့ မျှစ်တွေကို ဆေးဆိုး ထားတယ်ဆိုတဲ့ သတင်း ထွက်လာပြီး နောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၄)

Sunday, April 28, 2013

(Local Call)

(Local Call)

သက္ကရာဇစ် ၂၀၉၉ ခုနှစ်ငရဲပြည်မှာပေါ့ကွယ်...အိုစမာဘင်လာဒင်။ဆာဒမ်ဟူစိန်။ဟစ်တလာ။

ဂဒါဖီနဲ့ မြန်မာပြည်ကို ၁၉၈၈ နောက်ပိုင်း ချောက်ထဲကျမှာစိုး၍ ကယ်တင်ခဲ့သူဆိုလား...ဗိုလ်ချုပ်မှူးကြီးဆိုသူ တစ်ဦးလဲရောက်နေပါတယ်။

တနေ့....ငရဲမင်းကသူတို့ ကို နဲနဲသနားသွားလို့ ..
.
ဟေ့..ဟိုကောင်တွေ...

မင်းတို့ အိမ်ကိုPh ခေါ်ချင်သလား....

ကြိုက်သလောက်ပြောကြ ...ပီးရင်ကျသလောက်ရှင်း......ဆိုပီး ဖုန်းဆက်ခွင့်ပေး.လိုက်တယ်...

အိုစမာကစပြီးသူ့ မိန်းမတွေစီဖုန်းဆက်တယ်..၃မိနစ်ကြာသွားတယ်ဒေါ်လာ၃၀ ကျတယ်.ထုတ်ရှင်းလိုက်တယ်...........

ဆာဒမ်ဟူစိန်လည်း..အိမ်ကိုအလွမ်းသည်တာ..၄မိနစ်ကြာတယ်။ဒေါ်လာ၄၀ကြလို့ ရှင်းလိုက်တယ်။

ဟစ်တလာလည်း..ဂျာမနီကိုလှမ်းဆက်တာ ၅မိနစ်ဆိုတော့.ဒေါ်လာ၅၀ရှင်းရပြန်ရော......

ကဒါဖီလည်းသူ့မြေးကိုဆက်တာ..၄ မိနစ်ကျော်လို့ ၄၅ ဒေါ်လာရှင်းရတယ်...

နောက်ဆုံးမှ..ဗိုလ်ချုပ်မှူးကြီး.........ကသူ့ အိမ်ကိုဆက်တယ်.....

ဇနီးနဲ့ ဖုန်းအီတာ..၁နာရီ.သမီး.. နဲ့ ပြောတာ၁နာရီ.....

ဟို...မော်တော်ပီကယ် ကို တီးတဲ့ မြေးနဲ့ပြောတာအီစီကလီသူငယ်ပြန်တာ..၃ နာ၇ီ...တောင်ကြာတယ်တဲ့ ...

စုစုပေါင်းဖုန်းပြောချိန် ၅နာရီကြာသွားတော့
.
....ငရဲရောက်ဖေါ်ရောက်ဖက်တွေကစိတ်ဝင်စားတာပေါ့ဒီကောင်တော့ဖုန်းဖိုးနဲ့ နာပြီဆိုပြီး.............

ဗိုလ်ချုပ်မှူးကြီးဆိုသူကငရဲမင်းကိုဘယ်လောက်ကျလည်းမေးတော့..၁ဒေါ်ကျတယ်တဲ့ ......

အဲ့မှာ...ဘင်လာဒင်တို့ ..ဟစ်တလာတို့ အုပ်စုကတင်းရော..................

ကျုပ်တို့ မိနစ်ပိုင်းလေးဆက်တာကြတော့ဒေါ်လာ၃၀ ၄၀ ကြတယ်.....ဒီကောင်ကြီးကျတော့ ၅နာရီဆက်တာကြတော့ ၁ဒေါ်လာပဲကြတယ်..

မတရားဘူး..ဒါကိုရှင်းပါ..ဆူပူကြတာပေါ့......................

အဲ့ဒီမှာငရဲမင်းက..........မင်းတို့ တွေဘာကြောင်နေတာလဲမင်းတို့ ခေါ်တာOVER SEA လေ..

.သူခေါ်တာ...LOCAL CALL ကွ..သူ့ အိမ်ကတမိသားစုလုံးကလူတွေ  ဟိုဖက်ခန်းတင်ရှိတယ်......တဲ့ ..............................................

တိန်

Lon Ely + ( credit to Pe Kabar Nyein Chan........)
 
သက္ကရာဇစ် ၂၀၉၉ ခုနှစ်ငရဲပြည်မှာပေါ့ကွယ်...အိုစမာဘင်လာဒင်။ဆာဒမ်ဟူစိန်။ဟစ်တလာ
ဂဒါဖီနဲ့ မြန်မာပြည်ကို ၁၉၈၈ နောက်ပိုင်း ချောက်ထဲကျမှာစိုး၍ ကယ်တင်ခဲ့သူဆိုလား...ဗိုလ်ချုပ်မှူးကြီးဆိုသူ တစ်ဦးလဲရောက်နေပါတယ်။

EQ လား IQ လား

Thant Syn Aung shared Peace Trust's photo.
EQ လား IQ လား

 

          လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(IQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

          ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခဲ့ရကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခဲ့ရသည်။

          (EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။

          နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -

(၁)     ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)

(၂)     ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)

(၃)     ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)

(၄)     တစ်ဖက်သားအပေါ် စာနာထောက်ထားငဲ့ညာနိုင်စွမ်းရှိခြင်း (Compassion)

(၅)     တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)

(၆)     မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking) ……………………… စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။

          သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။

          နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။

          ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏။

          နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ ဆရာမ)များထံမှရသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခဲ့သူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင် ကြီးပြင်းခဲ့သူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။

          ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင် ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင် အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။

          နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင် မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။

          နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….

(၁)     အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။

(၂)     မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။

(၃)     စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။

(၄)     ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။

(၅)     ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။

(၆)     စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။ အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။

(၇)     အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။

(၈)     တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။

(၉)     သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။

          ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည် နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည် ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။

          မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။

          လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။

          သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင် သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။

          လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်။

 

 

"ကောင်းထက်"၏ ရွှေခင်းလမ်းကိုလျှောက်မလား၊ ငွေခင်းလမ်းကိုလျှောက်မလား စာအုပ်မှ။
လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့် (IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း (IQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့် ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

မြန်မာ့ဆိုင်းဝိုင်းနှင့် ဂျာမဏီတေးဂီတပေါင်းစပ်ဖျော်ဖြေ

"ဟံသာဝတီသတင်းစာ သာဓု တရားစွဲမည်"

by Ter Tee (Notes) on Friday, June 1, 2012 at 8:07pm

 လွန်ခဲ့သောနှစ် ၃၀- ခန့်လောက်က သာဓုတစ်ယောက် စာရေးဆရာ ဖြစ်မှန်းမသိဖြစ်နေချိန်ကာလ၊
သာဓု ပင်ကိုယ်စိတ်အတိုင်း မဟုတ်မခံ မှန်ရာကို အားမနာတမ်းပြောတတ်ရေးတတ်သော စိတ်ဓါတ်က
ပြင်းထန်နေသည့် သမယ .... ။

တနေ့သော် နံနက်စောစော သတင်းစာ ရောက်လာလာချင်း ကြော်ငြာပိုင်းကို ကသုတ်ကသက် လှန်လိုက်၏။
သတင်းစာမှာ ဟံသာဝတီသတင်းစာဖြစ်လျက် ထိုနေ့ကထုတ်ဝေသော အဆိုပါသတင်းစာတွင် သာဓု၏စာအုပ်တစ်အုပ် ကြော်ငြာပါရမည့်နေ့ဖြစ်၍ ကြော်ငြာပိုင်းကို အာရုံစိုက်ကာလှန်လိုက်ခြင်းဖြစ်၏။

မွန်ဝတ်စုံအကြောင်း သိကောင်းစရာ (အကျဉ်းချုပ်)

ဗွိုက်လတက်
by Aye Yay (Notes) on Saturday, April 27, 2013 at 12:06pm

မွန်လူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့်မင်းဧကရာဇ်၊ စစ်သေနာပတိ၊ က၀ိဆရာ၊ မှူးကြီးမတ်ရာ၊ သူဋ္ဌေးသူကြွယ်၊ နယ်စားမြို့စား၊ ပြည်သူများ လူတန်းစားအမျိုးမျိုးရှိခဲ့ကြသည့် အားလျော်စွာ ၀တ်စားဆင်ယင်မှုသည်လည်း လူတန်းစားကိုလိုက်၍ ၀တ်စားဆင်ယင်ခဲ့သည်မှာ ယုံမှားဖွယ်ရာ မရှိပါ။

ကျနော် မမေ့တဲ့ လေထီးဗိုလ်အုန်းမောင် (ရဲဘော်ဖိုးသံချောင်း)

ဦးလေး ဗိုလ်အုန်းမောင်ကို ကျနော် ၉-၁၀ နှစ်သားအရွယ်တုန်းက ရန်ကုန်ထောင်ကြီးထဲမှာ ပတမဆုံး အကြိမ်အဖြစ် တွေ့ဖူးခဲ့တာဖြစ်ကြောင်း ကျနော် ရေးပြခဲ့ဖူးပါတယ်။ ကျနော့်အဖေ ထောင်ကျနေစဉ်တုန်းက ကျနော်အဖေ့ကို သွားတွေ့တော့ ထောင်ပိုင်တို့က ကျနော့်ကို မနက်ကနေ ညနေအထိ ထောင်ထဲရှိ အဖေနေတဲ့ (၅) တိုက်အထဲအထိ သွားလည်ခွင့်၊ အဖေနဲ့အတူ နေခွင့်ပေးတာပါ ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၄)

သစ်ထူးလွင်



Saturday, April 27, 2013

"မြက်စားတဲ့ ၀န်ကြီး"

by Ter Tee (Notes) on Tuesday, April 23, 2013 at 1:47am
 
                                              ရောမ ဧကရာဇ် Caligula
ကျွန်တော်တို့ကြားဖူးနေကျ ရှေးလူကြီးတွေရဲ့ဆိုရိုးစကားတစ်ခုရှိပါတယ်။ "လူမှန် နေရာမှန်" ဆိုတဲ့ စကားပါ။ ရပ်ကွက်ဆွမ်းလောင်းအသင်းလေးဖြစ်ဖြစ် စီးပွားရေး လုပ်ငန်း တစ်ခုပဲဖြစ်ဖြစ် ၊ စကား ကုန်ပြောရရင်နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရပဲဖြစ်ဖြစ် လူအများနဲ့ အဖွဲ့အစည်း အလုပ်လုပ်ကြပြီ ဆိုရင် လူမှန် နေရာမှန် ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ လူမှန်နေရာမှန် မဖြစ်တဲ့ ဘယ်အဖွဲ့အစည်းမဆို ဘယ်တိုင်းပြည်မဆို ကျရှုံးမှာ အသေအချာပါပဲ။

“သမိုင်းဘီးကို တွန်းလှိမ့်ခြင်း”

by Soe Min (Notes) on Saturday, April 27, 2013 at 4:03pm
 
          ကိုယ်တို့ဆီက ဘဘကြီးတွေ နိုင်ငံတကာ အခမ်းအနားတက်ကြရတဲ့အခါ သူတို့ရှေ့ကမိုက်ခွက်ငုတ်တိုကလေး ရှေ့မှာ နံမယ်ကို အင်္ဂလိပ်ဘာသာနဲ့ရေးပြီး H.E လို့ အထွဋ်တင်ထားတာတွေ့တဲ့အခါအဲဒါ ဘာပြောတာပါလိမ့်လို့ ချက်ချင်း သဘောမပေါက်ပါဘူး။ သတင်းတွေ ကြည့်ပါများမှ ဇာတ်ရည်လည်လာတာလက်စသတ်တော့ “၀န်မင်းဖျား” လို့ တပ်ထားတာပဲ။ “His Excellence” ပေါ့။ ဗြိတိသျှ အမွေအနှစ်ထင်ပါရဲ့ဗျာ။ဘုန်းတော်ကြီးဘုရား ဆိုရင် “Your Majesty” ။ ထိပ်တင်ကိုယ်တော်ကြီးဘုရားက “YourHighness” ။ ဘိုးဘိုးသက်တော်ရှည် ဆို “Your Grace” ။ ထီးသုံးနန်းသုံး အင်မတန်ယဉ်ကျေးပျူငှာတဲ့အခေါ်အဝေါ်များမို့ ဆရာဇော်ဂျီရေးတဲ့ “မဟာဆန်ချင်သူ” ကိုတောင် ပြန်သတိရမိပါသေးတယ်။ မင်းဆွေမင်းမျိုးမဟုတ်သူများကျတော့ရော အဲသလို အခေါ်ခံချင် ဘယ့်နှယ်လုပ်ရပါ့။ လွယ်ပါတယ်။ ရှင်ဘုရင်နဲ့တည့်အောင်ပေါင်းပေါ့။

((( ကော့ကရိတ်-ကျုံဒိုး လမ်း က ဗိုလ်လှမင်း ဓါးပြတိုက် တဲ့ နည်း )))

Thein Win

၁၉၈၃-ခုနှစ် ၀န်းကျင် ..
၁၅ မိုင် ဝေး တဲ့ ကော့ကရိတ် ကျုံဒိုး လမ်း မှာ “ဗိုလ် လှမင်း” ဆိုတဲ့ အသံကြားရင်..
ခရီးသည်တွေ အားလုံး ပါသမျှ ပစ္စည်းတွေ ထုတ် ၊ ပြီးရင် ငယ်ငယ်တုန်း ကလို
“ကြက်ဖ ခွတ်” ဖို့ အကြော လျှော့ထားပေတော့ ။ ဗိုလ် လှမင်း ဆိုတာ .. တပည့် ၁၀
 ယောက်လောက်ရှိပြီး အင်မတန် စေ့စပ်တဲ့ နာမည်ကြီး ဓါးပြဗိုလ် တစ်ယောက် ။

ဘ၀င်ချသည့် စကားများ (၃)


ဇာတ်ဓားတွေ

ရှေ့မှာတုံးက ရေးခဲ့သလိုပင် ကွပ်ကဲမှုဌာနချုပ်မှာ တာဝန်ကျသည့် လူငယ်ဂျီသရီးဘ၀ကား အတော် ပျော်စရာ ကောင်း သည်။ အလုပ်ဘယ်လောက်များများ နေ၀င်မိုးချုပ် ကြောပိုးအိပ်ပိုးပြီးခရီးသွားနေရသော၊ ဘယ်အချိန် တိုက်ပွဲဖြစ်မလဲလို့ အမြဲသတိထားပြင်ဆင်နေရသောခြေလျင်တပ်ရင်းကဘ၀နှင့်ကား များစွာကွာခြားလှသည်။

ကလေးတို့စံပြုအပ်သော ပုဂ္ဂိုလ်များ (စိုးမြင့်လတ်)

မြန်မာ စာအုပ်များ's photo.
ကလေးတို့စံပြုအပ်သော ပုဂ္ဂိုလ်များ (စိုးမြင့်လတ်)
http://www.mediafire.com/?mq2x9e2om3r2wu0
No.3
 
ကလေးတို့စံပြုအပ်သော ပုဂ္ဂိုလ်များ (စိုးမြင့်လတ်) http://www.mediafire.com/?mq2x9e2om3r2wu0
No.3

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေး

Nay Ko Ko and 3 other friends shared More Love's photo.
နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။


ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။ Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။ login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ZEALOT မှကူးယူပါတယ်။

Source by :http://blog.irrawaddy.org/
69
Share this article :
Posted by နေဇော်လင်း- မီဒီယာ at 07:34
Email This

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....
1. Google Talk ကိုဖွင့်ပါ။
2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

ခေါင်းဆောင် မတင်ထိုက်သူများ

ခေါင်းဆောင် မတင်ထိုက်သူများ

 

သယ်ရင်းတို့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်

သယ်ရင်းတို့ ခေါင်းဆောင်အရွေးမမှားရအောင် ကျွန်တော်တင်ပြပေးပါရစေ............

 

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

 

၁။ ဂဏန်း = လက်မ ထောင်ခြင်း

 

၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း

 

၃။ ၀ါးပင် = လေသင့်ရာ ယိမ်းတတ်ခြင်း

 

၎။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း

 

၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း

 

၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက။

 

 

၁။ ဂဏန်း

ဂဏန်းနဲ့ တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာ လာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

 

၂။ ပုတ်သင်

ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒီလိုလူမျိုး ဆရာ တင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါး လောက်မှောက်ရော။

 

၃။ ၀ါးပင်

ဝါးပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်းတာဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကောင်းတာဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့တဲ့ လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆရာ တစ်ယောက်အနေနဲ့ အားမကိုးထိုက်ပြန်ဘူး။

 

၎။ နွားသိုး

နွားသိုး နဲ့တူတဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုး ခေါင်းဆောင်တင်မိရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။

 

၅။ လိပ်

လိပ် နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြီးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ ရမယ်၊ ငါပြီးမှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထည့်မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)

 

၆။ ခွေးအ

ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။


(သိင်္ဂါလောဝါဒသုတ်ကို ကိုးကားပါသည်)

သယ်ရင်းတို့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို
့ဆိုတာ အလွန်ခက်ခဲပါတယ်။ သယ်ရင်းတို့ ခေါင်းဆောင်အရွေးမမှားရအောင် ကျွန်တော်တင်ပြပေးပါရစေ............
“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

ခရိုနီစီးပွားရေးနှင့် လူနေမှုဘဝ

Myanmar Journal and 2 others shared Zaw Wann Maung's photo.
ခရိုနီစီးပွားရေးနှင့်လူနေမှုဘဝ
ကျွန်တော်တို့နိုင်ငံ စီးပွားရေး အခြေအနေတွေ တိုးတက် ကောင်းမွန်မလာခြင်းမှာ ဘယ်သူတွေမှာ တာဝန်ရှိမလဲ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေဝင်ဖို့ ပြင်နေချိန်မှာ အဆင်သင့်ဖြစ်မနေရခြင်းဟာ ဘယ်သူတွေကြောင့်လဲ၊အမှားလုပ်တဲ့သူတွေက သူတို့မှားတာကို လူဦးရေ သန်း ၆၀ ကို အကြောင်းပြပြီး ဆက်လုပ်မှာကိုတော့ မလိုလားပါဘူး။ ဒီမိုကရေစီရဲ့ သဘောတရားမှာ လူအများစု အကျိုးစီးပွားကို အလေးထားရသလို နစ်နာဆုံးရှုံးမှု မကြီးအောင် ဆင်ခြင်တုံတရားနဲ့ လုပ်ရပါတယ်။အထူးသဖြင့် လူလတ်တန်းစားတွေ ထိခိုက်ရင် ဆင်းရဲတဲ့လူအများစုတွေ ထိခိုက်တယ်ဆိုတာ တွက်ချက်ရပါတယ်။ ပြည်သူတွေကတော့ တကယ်အကျိုးရှိသလား ဆိုတာ ၉၀ ရာခိုင်နှုန်း ဘတ်စကားစီးသူတွေ၊ ကိုယ်ပိုင်ကား မစီးနိုင်သူတွေကိုမေး ကြည့်ရင် အဖြေရှိပါတယ်။ယနေ့လာဘ်ပေးလာဘ်ယူ ထူပြောမှုတွေကြောင့် ဒီမိုကရေစီ အပြောင်းအလဲတွေမှာ ပြည်သူတွေက ဒီမိုကရေစီအရသာကို မခံစားရဘဲဖြစ်နေတဲ့အတွက် ချောမွေ့တဲ့ အပြောင်းအလဲတွေ မဖြစ်ပေါ်နိုင်ဘဲ အာဏာရှင်စနစ်ရဲ့အခြေခံ ၀ဲသြဃထဲမှာပဲ တ၀ဲလည်လည် ဖြစ်နေပါတယ်။ အဂတိတရား လိုက်စားမှုက ဆင်းရဲမွဲတေမှုရဲ့ အရင်းအမြစ် အကျဆုံးပြဿနာပါ။ ဆင်းရဲမွဲတေမှု ပြဿနာရှင်းချင်ရင် ဒါကိုအရင်ရှင်းရပါတယ်။ အဂတိ တရားလိုက်စားပြီး အာဏာ၊ ငွေကြေး၊ သြဇာရနေတဲ့သူ တွေဟာ အပြောင်းအလဲကို လိုလားမယ်လို့ ထင်ပါသလား . . . အဂတိတရားလိုက်စားမှုတွေကြောင့် ဆင်းရဲချမ်းသာ၊ အထက်တန်းလွှာနဲ့ အောက်ခြေလူတန်းစားကြား ကွာဟမှုတွေကြီးထွား လာရပါတယ်။ ဆင်းရဲချမ်းသာကွာဟမှု၊ လူတန်းစားကွာဟမှု၊ အခွင့်အရေးကွာဟမှုတွေ ကြီးထွားလာတာ နှင့်အမျှ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ လူမှုရေး ပေါက်ကွဲမှုတွေ ဖြစ်တတ်ပါတယ်။ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးမှာ (တိကျမှု) က အရေးကြီးပါတယ်။ ဒါမှတိုင်းပြည် အတွက် ဆုံးရှုံးနစ်နာမှုတွေ လျော့နည်းမှာပါ။ ခရိုနီတွေ ဘယ်လိုစီးပွားရေးတွေ ဖြစ်ထွန်းခဲ့သလဲ။ ဘယ်လိုချမ်းသာ လာခဲ့ကြသလဲ။ အခုထိ အခွင့်အရေးအပေါ် သာယာပြီး လောဘဇောတက်နေဆဲ ဖြစ်သလို အဂတိတရား လိုက်စားမှုလို့ဆိုတာနဲ့ လူတွေက သူတို့နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံနေတဲ့ ၀န်ထမ်းတွေကိုပဲ မြင်ကြတယ်။ အစိုးရက အရေးယူပြီဆိုရင်လည်း ၀န်ထမ်းငယ်၊ အလတ်တွေပဲ ထိကြတာ များပါတယ်။လာဘ်ပေးလာဘ်ယူရဲ့ အရင်းအမြစ်၊ အခြေခံဟာ အပေါ်ပိုင်းမှာ ပိုပြီး များပြားနေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကလည်း နီးစပ်တဲ့ ခရိုနီ တွေနည်းပဲ ဟန်ကျနေကြတာ။ ပြည်သူတွေရဲ့ စီးပွားရေး အခြေခံကတော့ ပြောင်းလဲမလာပါဘူး။ ဆင်းရဲမွဲတေမှု ပပျောက်ရေးစီမံကိန်းကြီးလည်း ထင်သလောက် ရှေ့မရောက်ခဲ့ဘူး။ လူလတ်တန်းစား စီးပွားရေးလုပ်ငန်းရှင်တွေလည်း အလုပ်အကိုင် မကောင်းဘူး။ လုပ်ပိုင်ခွင့်ရယ်၊ အဆက်အသွယ်ရယ် သတင်းကြိုတင် ဦးထားမှုတွေနဲ့ရယ် အာဏာပိုင်တွေနဲ့ ခရိုနီတွေ ၊ အခွင့်အရေးသမားတွေ လုံးထွေးနေတော့တာပါပဲ။ ဒီလိုအဂတိတရား လိုက်စားမှုကို ရှင်း မထုတ်ဘဲ ကျွန်တော်တို့နိုင်ငံရှေ့ဆက် သွားလို့ မရပါဘူး။
မြေဈေးကစားမှုတွေ၊ လယ်ယာမြေ အဓမ္မ သိမ်းယူမှုတွေ ဒီနောက်ကွယ်မှာ အဂတိတရားလိုက်စားမှုတွေ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။ ဘယ်သူတွေ အဂတိတရား လိုက်စားခဲ့ကြတယ်။ ဘယ်သူတွေ တာဝန်ရှိတယ်ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။ ဒါဟာ တိုင်းပြည်အတွက် အကြီးအကျယ် ထိခိုက်နစ်နာပါတယ်။ လူလတ် တန်းစားအလွှာကျယ်ပြန့်တဲ့ စီးပွားရေးပုံစံဖြစ်ဖို့ဆိုရင် ခရိုနီလူတန်းစား ပျောက်ကွယ်သွားဖို့နဲ့ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ စီးပွားရေးဝန်ကြီးဌာတွေမှာ ထင်သာမြင်သာရှိစေဖို့ လာဘ်ပေးလာဘ်ယူ၊ အကျင့်ပျက်ခြစားမှုလျော့ချဖို့ အရေးကြီးဆုံးကတော့ အခွန်ကောက်ခံတဲ့စနစ်ကို ဖိဖိစီးစီးလုပ်ဖို့နဲ့ ခရိုနီတွေရဲ့ အခွန်ရှောင်မှုကို တိတိကျကျဖော်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။
ဇော်ဝမ်းမောင်

ကျွန်တော်တို့နိုင်ငံ စီးပွားရေး အခြေအနေတွေ တိုးတက် ကောင်းမွန်မလာခြင်းမှာ ဘယ်သူတွေမှာ တာဝန်ရှိမလဲ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေဝင်ဖို့ ပြင်နေချိန်မှာ အဆင်သင့်ဖြစ်မနေရခြင်းဟာ ဘယ်သူတွေကြောင့်လဲ၊အမှားလုပ်တဲ့သူတွေက သူတို့မှားတာကို လူဦးရေ သန်း ၆၀ ကို အကြောင်းပြပြီး ဆက်လုပ်မှာကိုတော့ မလိုလားပါဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၄)

သစ်ထူးလွင်



Friday, April 26, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဖွဲ့စည်းပုံပြင်မည်

KhingKhing Su and Win Ko shared Thuyaaung Thuyaaung Thuyaaung's photo.
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဖွဲ့စည်းပုံပြင်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတ အဖြစ် ပါဝင်အရွေးခံနိုင် ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ကြိုးပမ်းနေကြောင်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း က ပြောဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ မြန်မာနိုင်ငံသားများနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံစဉ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ် သက်ပြီး မေးမြန်းကြရာ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ရန် ကြိုးပမ်းနေကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး၊ မဖြစ်ရေးသည် ပြည်သူများ အပေါ် မူတည်သည်ဟု ဦးအောင်မင်းက ပြောဆိုသွားကြောင်း လွတ်လပ်သည့် အာရှအသံ (RFA) မြန်မာပိုင်းတွင် ထုတ်လွှင့်သွားသည်။

NLD ပါတီ၏ နာယက ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် ပါဝင် အရွေးခံနိုင်ရန် အချက်တချို့ကို ပြင်ဆင်ပေးနိုင် ဖွယ် ရှိကြောင်း၊ ပြင်ဆင်သော်လည်း စစ်တပ်၏အခန်းကဏ္ဍသည် နိုင်ငံရေးမှပျောက်သွားမည် မဟုတ်ကြောင်း၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)အနေဖြင့်လည်း ၎င်းတို့၏ အာဏာခိုင်မြဲရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ဧရာဝတီ ကို ပြော သည်။

“ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ်အရွေးခံ မယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်မှရမယ်၊ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးရင်တောင် ဒေါ်စု က သမ္မတဖြစ်လာနိုင်ခြေ အင်မတန် နည်းပါးတယ်၊ အင်မတန် ခက်မယ်၊ သမ္မတ မဖြစ်အောင်လည်း တခြားအုပ်စုက ကြိုး ပမ်းကြမှာသေ ချာတယ်၊ လွှတ်တော် ၂ ရပ်လုံးက ထောက်ခံမှုများမှ သမ္မတ ဖြစ်မယ်၊ ဒု သမ္မတတော့ ဖြစ်ရင် ဖြစ်မယ်”ဟု ၎င်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ ၌ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်၏ ဇနီး၊ ခင်ပွန်း၊ သားသမီး တဦးဦး သည် ပြည်ပနိုင်ငံ အစိုးရ၏ ကျေးဇူး သစ္စာစောင့်သိသူ၊ အခွင့်အရေးများနှင့် ကျေးဇူးခံစားသူများ မဖြစ်စေရဟု ဖော်ပြထားသည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒု ဥက္ကဋ္ဌ ဦးဌေးဦး ကမူ ၎င်းတို့ပါတီ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် မည့်သည့် အစီအစဉ်မှ မရှိသေးကြောင်း ဧရာဝတီ ကို ပြောသည်။

“ကျနော်တို့ပါတီ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကို ဘာမှ မစဉ်းစားသေးပါဘူး၊ ပြင်ချင်တိုင်းလည်း ပြင်လို့မရပါဘူး၊ ပြင်မယ် ဆိုရင်လည်း အားလုံးကို ကြိုတင် အသိပေးမှာပါ”ဟု ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သူ ဦး ဌေးဦး က ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ် အမှုဆောင်တဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒု သမ္မတ တဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အဆိုပြုတင်သွင်းခြင်း အချက်ကို ပယ်ဖျက် လိုကြောင်း မီဒီယာများကို ပြောဆိုသည်ဟု ပြည်တွင်းထုတ် Messenger News Journal တွင် ရေးသားသည်။

ဦးအောင်သိန်းလင်းက “ကာကွယ်ရေးဦးစီးချုပ်က အဆိုတင်သွင်းတဲ့သူသာ သမ္မတ ဖြစ်သွားမယ်ဆိုရင် သမ္မတကို တပ်မတော်က ရွေးတဲ့သဘောမျိုး ဖြစ်သွားမယ်။ ဒါကြောင့် အဲဒီ အချက်ကို ပြင်ဆင်ချင်တယ်”ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အရ ဒု သမ္မတ ၃ ဦးရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်မှ ၁ ဦး၊ အမျိုးသားလွှတ်တော်မှ ၁ ဦးစီနှင့် တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုသူ ၁ ဦးဖြစ်ပြီး ထို ၃ ဦးမှ ၁ ဦးကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ရခြင်း ဖြစ်သည်။

ဦးအောင်သိန်းလင်း၏ ပြောဆိုမှုသည် ပါတီနှင့်မသက်ဆိုင်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍လည်း ပါတီ အနေဖြင့် မည်သည့် အစည်းအဝေးမှ မလုပ်ဆောင်ရသေးကြောင်း ဦးဌေးဦးက ပြောသည်။

ဖွဲ့စည်းပုံ ပြင်ဆင်မည် ဆိုပါကလည်း လူပုဂ္ဂိုလ်၊ ပါတီတခု၏ လုပ်ဆောင် ပြောဆိုခြင်းမျိုး မဟုတ်ဘဲ ကော်မတီ၊ ကော်မရှင် များ၏ စဉ်းစားသုံးသပ်မှုသည် ကောင်းမွန်မည်ဟု ယူဆ၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သုံးသပ်မည့် ကော်မတီ၊ ကော်မရှင် ဖွဲ့စည်း
၏ရန် ပြည် ထောင်စု လွှတ်တော် က သဘောတူ အတည်ပြုပေးခဲ့ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ဦးဌေးဦးက“ဖွဲ့စည်းပုံကို ဘယ်ပါတီ၊ ဘယ်အဖွဲ့ကပဲ ပြင်ပြင်၊ ပြင်ချင်တယ်ဆိုရင် ကော်မတီ၊ ကော်မတီရှင်က စဉ်းစားတာဟာ အ ကောင်းဆုံးပါ”ဟု ဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းရေး”အဆို တခုကို ကြံ့ခိုင်ရေးပါတီ ၏ ဒု ဥက္ကဋ္ဌ နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအေးမြင့် က မတ်လအတွင်း ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းရာ ကြံ့ခိုင်ရေးပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က ထောက်ခံ ဆွေးနွေးခဲ့သည်။

ထိုအဆိုကို ပြည်ထောင်စုလွှတ်တော် ကလည်း သဘောတူ အတည်ပြုပေးခဲ့သည်။ အဆိုပါ ကော်မတီ၊ ကော်မရှင်များကို ဇူလိုင်လ တွင် ပြန်စမည့် လွှတ်တော် အစည်းအဝေးများ၌ ဖွဲ့စည်းမည်ဟု ကိုယ်စားလှယ်များက ပြောသည်။

ယင်းသို့ ဖွဲ့စည်းခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်လိုသူများကို လက်ဦးမှု ရယူလိုက်ပြီး ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များ က ပြောဆိုကြသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တိုင်းရင်းသား ပါတီ တချို့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တို့က ကြိုးပမ်းဆောင်ရွက် နေ ချိန်တွင် “ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းရေး” အဆိုတင်ခြင်းသည် ကန့်သတ်လိုသည့် သဘော ဟုတ် မဟုတ် စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က လည်း ဧရာဝတီ ကို ပြောသည်။

ဖွဲ့စည်းပုံ၌ ဒီမိုကရေစီ မကျသည့် အချက်များနှင့် တိုင်းရင်းသား အရေးနှင့်ပတ်သက်သော စာပိုဒ်တချို့ ပြင်ဆင်နိုင်ရန် ကြိုး ပမ်းနေ ကြောင်း၊ တနိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူများအတွက် စေတနာ အပြည့်အ၀ဖြင့် အားလုံးက ၀ိုင်းဝန်း ပြင်ဆင်သင့်ကြောင်း၊ ကြံ့ ခိုင်ရေး အနေဖြင့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာမည့်အဖွဲ့ ဖွဲ့စည်းရေး အဆိုကို ကြိုဆိုကြောင်းလည်း ၎င်းက ဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ် ကိုယ်စားလှယ် များ၏ ထောက်ခံမှု ရရှိရေးအပေါ် မူတည်ကြောင်း၊ လွှတ်တော်၌ စစ်တပ်က ပါဝင်နေသည့် အတွက် နိုင်ငံရေး နောက်ပြန်လှည့်နိုင် ခြေ နည်းပါးကြောင်း ဧရာဝတီ ကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ အချက် တခုခုကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ ထောက် ခံ မှုဖြင့် အဆို တင်သွင်းရမည် ဖြစ်ကြောင်း၊ အခန်း တခုခု၏ ပြဌာန်းချက်ကို ပြင်ဆင်လိုပါကလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီမှုရှိရမည် ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကျင်းပ၍ ယင်းဆန္ဒမဲ အရသာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ၂၀၀၈ အခြေခံ ဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသည်။

လွှတ်တော်ထဲ၌ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေပြီး အရပ်ဘက် ကိုယ်စားလှယ် အများစုမှာလည်း ကြံ့ခိုင်ရေးပါတီ ၏ ကိုယ်စားလှယ်များ ဖြစ်သည်။


သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတ အဖြစ် ပါဝင်အရွေးခံနိုင် ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ကြိုးပမ်းနေကြောင်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း က ပြောဆိုသည်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...