Sunday, March 31, 2013

တစ်ချိန်က ရှင်မွေးလွန်း


Soe Gyi shared Aye Chan Mon's photo.
ရှင်မွေးလွန်းအစစ်ဟ
တစ်ချိန်က ရှင်မွေးလွန်း
----------------------------------------------------------------

အမျိုးသမီးတစ်ဦးထဲကနေ ကလေး အများဆုံး ဘယ်နှစ်ယောက်မွေးနိုင်မယ်လို့သင်ထင်ပါသလဲ... ၉ ယောက် ၁၀ ယောက် ဒါမှမဟုတ် အလွန်ဆုံး ၁၄ ယောက် ၁၅ ယောက်လောက်ရှိမယ်လို့ထင်မိမှာပါပဲ... ဒါဆိုရင်တောင် အတော်မွေးနိုင်တယ်လို့ဆိုကြမှာပါပဲ...

ဒါပေမဲ့ သမိုင်းမှာ အမွေးနိုင်ဆုံးစံချိန်တင်ထားတဲ့အမျိုးသမီးကတော့ ရုရှားနိုင်ငံ Shuya မြို့က Feodor Vassilyev (၁၇၀၇-၁၇၈၂) ဆိုတဲ့ တောင်သူလယ်သမားတစ်ယောက်ရဲ့ ပထမဇနီးဖြစ်ပါတယ်... သူမတစ်ဦးထဲကနေမွေးဖွားခဲ့တဲ့ ကလေးအရေအတွက်ကတော့ ၆၉ ယောက်ဖြစ်ပါတယ်...

သူမဟာ ၁၇၂၅ ခုနှစ်ကနေ ၁၇၆၅ ခုနှစ်အတွင်းမှာ နှစ်မွှာပူးကလေး ၁၆ ကြိမ်၊ သုံးမွှာပူးကလေး ၇ ကြိမ်နဲ့ ၄ မွှာပူးကလေး ၄ ကြိမ်မွေးဖွားခဲ့ပါတယ်... စုစုပေါင်း ၂၇ ကြိမ်မွေးဖွားပြီး ကလေးအယောက် ၆၉ ယောက်မွေးခဲ့ရာမှာ ၆၇ ယောက် အသက်ရှင်ခဲ့ပါတယ်...

သူမဟာ Feodor Vassilyev ရဲ့ ပထမဇနီးလို့ဆိုထားတဲ့အတွက် ဒီလယ်သမားဟာ ဒီလောက်ကလေးအများကြီးရှိနေလျက်နဲ့ နောက်ထပ်အိပ်ထောင်ပြုသေးတယ်လို့ယူဆရမှာဖြစ်ပါတယ်... ဒီအမျိုးသမီးရဲ့ မွေးဖွားခဲ့တဲ့ ခုနှစ်နဲ့ သေဆုံးခဲ့တဲ့ခုနှစ်ကိုတော့ ဘယ်မှတ်တမ်းမှာမှ ရေးသားထားခြင်းမရှိပါဘူး... အဲ့ဒီခေတ်အခါက ရုရှားနိုင်ငံမှာ လင်ပြိုင်မယားပြိုင်ထားခွင့်လည်း မရှိသေးတဲ့အတွက် ဒီလယ်သမားဟာ တစ်ယောက်ပြီးမှ တစ်ယောက် နောက်ထပ်လက်ထပ်ယူတယ်လို့ယူဆကြပါတယ်...

အံ့သြစရာတစ်ခုက ဒီလို ၆၇ ယောက်သော ကလေးတွေရဲ့ နာမည်ကို ဘယ်လိုများမှတ်သားခေါ်ဝေါ်သလဲ.. ဘယ်လိုများရှာဖွေကျွေးမွေးသလဲဆိုတာပါပဲ... နောက်တစ်ချက်က ဒီကလေးတစ်ယောက်စီကနေ သားသမီး ၂ ယောက်စီပဲရမယ်ဆိုပါစို့ သူတို့သားသမီးတွေကလည်း ၂ ယောက်စီပဲရမယ် ပြီးတော့ မျိုးဆက်တစ်ခုနဲ့တစ်ခုအကြား ၂၅ နှစ်စီခြားထားမယ်ဆိုရင် အခုအချိန်မှာ အဲ့ဒီလင်မယားရဲ့ သားမြေးမြစ်တွေဟာ အယောက် ၇ သောင်းလောက်ရှိနေမှာဖြစ်ပါတယ်...
----------------------------------------------------------------
ဒီအမျိုးသမီးအကြောင်း ဆက်လက်ဖတ်ရှုချင်တယ်ဆိုရင်..
http://www.todayifoundout.com/index.php/2010/01/the-record-for-the-most-babies-born-to-one-woman-is-69/
http://en.wikipedia.org/wiki/Feodor_Vassilyev
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------

Re-Post By ACM 31-3-2013
အေးချမ်းမွန် Credit & Copy From >> နှိုင်းရင့်နွေ<< Thank

အမျိုးသမီးတစ်ဦးထဲကနေ ကလေး အများဆုံး ဘယ်နှစ်ယောက်မွေးနိုင်မယ်လို့သင်ထင်ပါသလဲ... ၉ ယောက် ၁၀ ယောက် ဒါမှမဟုတ် အလွန်ဆုံး ၁၄ ယောက် ၁၅ ယောက်လောက်ရှိမယ်လို့ထင်မိမှာပါပဲ... ဒါဆိုရင်တောင် အတော်မွေးနိုင်တယ်လို့ဆိုကြမှာပါပဲ...

လှဲကျင်းရှင်းလင်းပြီး ပတ်သတ်နေသည်


by Volov Ra (Notes) on Saturday, March 30, 2013 at 2:24pm



ပထမဦးဆုံးအကြိမ် တစ်ဦးနှင့်တစ်ဦး
အပြန်အလှန် နှုတ်ခွန်းဆက်စကား
(တစုံတရာ/များစွာ)
ပါဝင်ပတ်သတ်ခြင်း ရှိ/မရှိ ရအောင်ရှာကြသည်

လျှို့ဝှက်ချက်ကင်းသောကမ္ဘာကြီးဆီသို့ (သို့) ကွမ်တမ်ကွန်ပြူတာ




ယခုလက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ ကွန်ပျူတာများတွေ့ရဲ့ပရော်ဆက်ဆာ တွေကို စီလီကွန် ဆိုတဲ့ဒြပ်စင်တွေကနေတဆင့်ထုတ်လုပ်ပါတယ်။ဒါကြောင့်နည်းပညာအရခေတ်မှီတိုးတက်နေတဲ့နိုင်ငံတွေမှာစီလီကွန်တောင်ကြားဆိုတဲ့နေရာတွေကိုအပြိုင်တည်ဆောက်နေကြတာဖြစ်ပါတယ် ။

ဟုတ်၍ ကျော်သော MPC ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ။


Zaw Win shared N-gun Ja Wa's photo.
ဟုတ်၍ ကျော်သော MPC ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ။
=================================

မောင်နိုင်အောင် (အမိမြေ)။


ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။

ဒီသတင်းများဟာ တစ်ဖက်သတ်စွပ်စွဲချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မနာလိုသူများရဲ့ ဝေဖန်ချက်များအဖြစ် တုံ့ပြန်ဖြေရှင်းနေသော်လည်း အတွင်းသိများရဲ့ ဖောက်သည်ချမှုကြောင့် MPC ရဲ့ ငွေကြေးရယူသုံးစွဲမှုများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းကိုတော့ အငြင်းပွားဖွယ်ရာမရှိ မြင်တွေ့နေရပါတယ်။


MPC ဟာ Semi-Government ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process)အတွက် အစိုးရအဖွဲ့က ဘက်ဂျက်ခွဲဝေပေးခြင်းမရှိလို့ NGO အဖွဲ့အစည်းတွေလို နိုင်ငံတကာအထောက်အပံ့များဖြင့် ရပ်တည်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိ MPC ကို အကူအညီပေးနေတဲ့အဖွဲ့တွေကတော့ ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ အဓိကဖြစ်ပြီး MPC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ Myanmar Egress မှတစ်ဆင့် အနောက်နိုင်ငံများရှိ Donor များက အကူအညီ ပေးလျက်ရှိနေပါတယ်။

ယနေ့ထိ လက်ခံရရှိခဲ့တဲ့ ပြည်ပထောက်ပံ့ငွေများကတော့ EU အဖွဲ့မှ ယူရိုငွေ ၇ သိန်း၊ Japan Nippon Formdation က ဒေါ်လာ ၃ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ နောက်ထပ် PDSG အဖွဲ့မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ၊ MPSI အဖွဲ့မှ ဒေါ်လာ သန်း ၇၀ ၊ EU အဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၈.၅ သန်း၊ Japan Platform အဖွဲ့က သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ပေးမယ်လို့ သိရှိရပါတယ်။

ဒီလိုပေးတဲ့နေရာမှာ EU နဲ့ နော်ဝေအဖွဲ့တွေက MPC ကို ငွေသားတွေတိုက်ရိုက်ပေးပြီး ဂျပန်အဖွဲ့တွေကတော့ MPC မှတစ်ဆင့် ကချင်နှင့်ကရင်ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံကိန်းအနေနဲ့ တိုက်ရိုက်ပေးသွားဖို့ စီစဉ်ထားရှိပါတယ်။ ပြည်ပကနေ ထောက်ပံ့ပေးလာတဲ့ အကူအညီတွေကို MPC က လက်ခံရယူသုံးစွဲရာမှာ စဉ်းစားသင့်တဲ့ အချက် (၂) ချက်ကတော့ ငွေကြေး စာရင်းဇယား

ပွင့်လင်းမြင်သာမှုနဲ့ ထောက်ပံ့မှုများရဲ့ နောက်ကွယ်က နှောင်ကြိုးများ ရှိ/မရှိဆိုတဲ့ အချက်များ ဖြစ်ပါတယ်။ လက်ရှိ MPC ဥက္ကဌ ဦးအောင်မင်း ဟာ ဒီ (၂) ချက်စလုံးကို ဂရုမစိုက်ဘဲ MPC မှာ အဖွဲ့ဝင်ဖြစ်တဲ့ MIC ဥက္ကဌကြီး ဦးစိုးသိန်း ရဲ့ ချယ်လှယ်မှုအောက်မှာ ရောက်နေပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ နောက်ကွယ်မှာရှိနေတဲ့ အချိတ်အဆက်များကတော့ ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်အောက်မှာ တိုင်းပြည် မျက်နှာကို မကြည့်ဘဲ နိုင်ငံရေးလုပ်စားသူများဖြစ်တာကို သမ္မတကြီးအနေနဲ့ သတိပြုသင့်ပါတယ်။

NGO အဖွဲ့အစည်းပုံသဏ္ဍန် လှုပ်ရှားသက်ဝင်နေတဲ့ MPC ဟာ နိုင်ငံတော် ဘက်ဂျက်ကို သုံးစွဲခြင်း မရှိလို့ စာရင်းစစ်ခံစရာမလိုတဲ့ အခွင့်အရေးကို အမိအရသုံးပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာကပေးလာတဲ့ ထောက်ပံ့ငွေတွေကို တိတိကျကျ ထိထိရောက်ရောက် သုံးစွဲခြင်းမရှိဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မီဒီယာတွေက ထောက်ပြပြောဆိုနေပါတယ်။

အဆိုးဆုံးကတော့ နိုင်ငံခြား ထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ MPC တို့ဟာ နိုင်ငံတကာ Donor များ ရရှိရေး အပြိုင်အဆိုင်လှုပ်ရှားနေရတာကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မြွေမြွေခြင်း ခြေမြင်ပြီး MPC ရဲ့ ငွေကြေးစာရင်း မရှင်းနိုင်ပုံကို ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောင်ပြောင်တင်းတင်း ဝေဖန်လျက်ရှိနေပါတယ်။

NGO အဖွဲ့အစည်းများရဲ့ ထုံးစံအတိုင်း ငွေကြေးကို ကိုင်တွယ်သုံးစွဲသူ တာဝန်ခံများအနေဖြင့် ပုထုဇဉ် လူသားများပီပီ ကိုယ်ရေးကိုယ်တာသုံးစွဲလေ့ ရှိကြပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ NGO အဖွဲ့အစည်းများဟာ သက်ဆိုင်ရာ Project များ အလိုက်ရရှိတဲ့ ငွေကြေးများအပေါ်မှာ စီးပွားရေး အခွင့်အလမ်းတစ်ခုလို လုပ်ကိုင်စားသောက်ကြတာ လည်း ထုံးစံပဲဖြစ်ပါတယ်။ အများအားဖြင့် သုံးစွဲရမဲ့ ငွေကြေးရဲ့ သုံးပုံတစ်ပုံခန့်သာ သက်ဆိုင်ရာ Project အတွက် သုံးစွဲပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ကိုယ်ရေးကိုယ်တာ စရိတ်များ အဖြစ် သုံးစွဲကြတာလည်း မထူးဆန်းလှပါဘူး။

ဒါပေမယ့်လည်း MPC လို Semi-Government အဖွဲ့က နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို အလွဲသုံးစားလုပ်နေတာကတော့ တိုင်းပြည် နစ်နာလှပါတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတွေဖြစ်ခဲ့တဲ့ MPC ဥက္ကဌ နဲ့ MIC ဥက္ကဌကြီးတို့က ယခင်အကျင့်ဆိုးတွေ မပျောက်ဘဲ Peace Process အတွက် ပေးအပ်လာတဲ့ ငွေကြေးတွေပေါ်မှာ ကော်မရှင်ခဆန်ဆန် ကိုယ်ပိုင်အသုံးစရိတ်များ ရယူသုံးစွဲနေခြင်းဟာ အလွန်ဆိုးရွားလှပါတယ်။ လက်ရှိအစိုးရအဖွဲ့အပေါ် နိုင်ငံတကာမှလည်း ယုံကြည်မှု ပျက်ပြားစေပါတယ်။

ဒါ့ကြောင့်လည်း MPC အဖွဲ့ဝင် Myanmar Egress အဖွဲ့က သူတို့ အဆက်အသွယ်နဲ့ရရှိတဲ့ ထောက်ပံ့မှုတွေကို သူတို့ အစီအစဉ်နဲ့ သုံးစွဲနေတာဖြစ်မယ်ထင်ပါတယ်။
ကတိပြုထားပြီး မရရှိသေးတဲ့ ငွေကြေးတွေကို စီးဝင်လာဖို့ ရရှိပြီးဖြစ်တဲ့ ငွေကြေးတွေရဲ့ ရငွေ၊ သုံးငွေစာရင်း ရှင်းလင်းရဲရပါမယ်။ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အတွက် သုံးလိုက်တဲ့ငွေကြေးတွေဟာ အမှန်တစ်ကယ် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူပြုရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အခြေခိုင်ဖို့ ထောက်ပံ့ငွေမဖြစ်ရန် လိုအပ်သလို စစ်တပ်အတွက် ဘက်ဂျက်အဖြစ် မသုံးစွဲမိရန်လည်း လိုအပ်ပါတယ်။ လက်ရှိမြင်တွေ့ကြားသိ နေရတာကတော့ -

- MPC အဖွဲ့ဝင် ဒါရိုက်တာများ လစာငွေမြင့်မားနေခြင်း။

- MPC အဖွဲ့ဝင် ဝန်ကြီးများရဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားလာစရိတ်များ မြင့်တက်နေခြင်း။

- ပြည်ပမှာ နေထိုင်တဲ့ ဝန်ကြီးများရဲ့ သားသမီးများက Peace Process နဲ့ ပတ်သက်တဲ့ Project များ လုပ်ဆောင်ရာမှာ ကော်မရှင်ခမျာ ညှိနှိုင်းရယူခြင်း။

- MPC ဝန်ထမ်းများ၏ အသုံးစရိတ်များ စာရင်းဇယားမှန်ကန်မှု မရှိခြင်းတို့ဟာ အဖြေမရှိတဲ့ မေးခွန်းများ ဖြစ်တာကို သုံးသပ်မှုများ ရှိနေပါတယ်။
ထောက်ပြဝေဖန်ရင် စွပ်စွဲပုတ်ခတ်တယ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုပြီး တုန့်ပြန်မယ်ဆိုတာသိပေမဲ့ MPC ဥက္ကဌနဲ့ MIC ဥက္ကဌကြီးတို့ နောက်ကွယ်က လှုပ်ရှားနေတဲ့ လုပ်စားသူများကြောင့် နိုင်ငံတကာ အထောက်အပံ့များဟာ အမှန်တကယ် End User ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အကျိုးသက်ရောက်မှုရှိပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်သင့်ပါကြောင်း အကြံပြုလိုပါတယ်။

ပုတ်ရင်ပေါ်ပြီး ဟုတ်ရင်ကြော်ကြားတဲ့ သတင်းဆိုးများ ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းလာမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပေါ် များစွာထိခိုက်မှာ စိုးရိမ်မိကြောင်းပါ ခင်ဗျာ။

မောင်နိုင်အောင် (အမိမြေ)။
မောင်နိုင်အောင် (အမိမြေ)။


ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်း သတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။

ရိက္ခာ



by Seaman Nayminthu (Notes) on Sunday, March 31, 2013 at 4:50am 
‘မိန်းမရေ ဒီနေ့ ရိက္ခာရမယ်ဟေ့’
‘ဒီလ နည်းနည်းစောသလားလို့’
‘လပဲကုန်တော့မယ့်ဟာ ဘယ်လိုစောမတုန်း’

မနက်စောစော ရုံးမသွားမီ အဆာပြေစားနေရင်း ဇနီးဖြစ်သူကို သတိပေးလိုက်၏။

ချစ်ဦးညို-လက်ရွေးစင်ဝတ္ထုတိုများ



ချစ်ဦးညို-လက်ရွေးစင်ဝတ္ထုတိုများ
http://www.mediafire.com/?jbpjk1ynhs6qara
ချစ်ဦးညို-လက်ရွေးစင်ဝတ္ထုတိုမျာ
http://www.mediafire.com/?jbpjk1ynhs6qara

ဝါးရမ်းပြေး (၂)



တဲအတွင်းရှိ လူမောင်နှင့်မယ်အိတို့ကို သွားကြည့်ကြသောအခါ၊ ရန်ညှိုးကြီးကြီးနှင့် အကြိမ်ပေါင်း မြောက်မြား စွာ နောက်ထပ်ခုတ်ထစ်ထားသော ဒါးဒဏ်ရာများနှင့် ဦးနှောက်ထွက် ဗိုက်ပေါက် နေသော လူမောင်၏ အလောင်းနှင့် လည်ပင်းတိတိယိယိပြတ်နေသော မယ်အိတို့အ လောင်းကို တွေ့ရသောကြောင့်၊ တရွာလုံသနားစုတ်သပ်၍ မဆုံးရှိလြေ၏. တချို့ကလည်း။

ဖယောင်းတိုင်ရဲ့ ကြောက်မက်ဖွယ်ရာ ဆိုးကျိုး

ရေးမိရေးရာလေးများ
ဖယောင်းတိုင်ရဲ့ ကြောက်မက်ဖွယ်ရာ ဆိုးကျိုး
 

ဖယောင်းတိုင်ထွန်းခြင်းဟာ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်သလို ကင်ဆာ ရောဂါပါ ဖြစ်နိုင်ကြောင်း နောက်ဆုံး ရှာဖွေလေ့လာမှု့များ အရသိရပါတယ်။

ဖယောင်းသားကို မီးလောင်တဲ့ အခါ အဲ့ဒီကထွက်တဲ့ အငွေ့ဟာ အခန်းထဲမှာရှိတဲ့ လေကို ညစ်ညမ်းစေပြီး လူတွေအတွက် ကင်ဆာပါ ဖြစ်နိုင်တယ်လို့သိရပါတယ်။ ၂၃၈ ကြိမ်မြောက် အမေရိကန်နိုင်ငံ ဓါတုဗေဒ အဖွဲ့အစည်းရဲ့ အစည်းအဝေးမှာတော့ Amid Hamidi ဆိုသူက ဒါက လေဝင်လေထွက်မကောင်းတဲ့ အခန်းတွေမှာသာ ဖြစ်ပြီး လေဝင်လေထွက် ကောင်းတဲ့ အခန်းတွေဆို ရင်တော့ ညစ်ညမ်းမှု့နဲ့ လူကိုဆိုးကျိုးပြုမှု့ကို လျော့စေတယ်လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီးတော့ Hamidi က တခါတလေ ထွန်းတာမျိုးကတော့ လူတွေအတွက် အန္တရာယ်မရှိနိုင်ပေမဲ့ နေ့စဉ်ရက်ဆက် ထွန်းတာမျိုး၊ ရေချိုးခန်း နဲ့ အလုံပိတ် အခန်းတွေမှာ ထွန်းရင်တော့ ပြသနာရှိတယ်လို့ပြောကြားခဲ့ပါတယ်။

ပျားဖယောင်းတို့ ပဲပုပ်ပဲ တို့က ထုတ်တဲ့ ဖယောင်းတို့ကြတော့ ဈေးကြီးသော်လည်း အန္တရာယ်မရှိပါဘူး။ ရေနံက ထုတ်တဲ့ ဖယောင်းတစ်မျိုးတည်းသာ အန္တရာယ်ပေးနိုင်တာဖြစ်ပါတယ် လို့ လဲ ပြောကြားသွားပါတယ်။ လေ့လာသိရှိချက်များအရတော့ အဲ့ဒီ ရေနံကထုတ်တဲ့ ဖယောင်းတိုင်မီးထွန်းခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးများ ကတော့-

အာရုံကြောများကို ထိခိုက်ခြင်း၊

ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် မွေးဖွားလာတဲ့ခလေးတွင် အပြစ်အနာအဆာ ပါလာခြင်း၊ ကင်ဆာရောဂါဖြစ် နိုင်ခြင်း အထူးသဖြင့် သွေးကင်ဆာ ဖြစ်နိုင်ခြင်းတို့ဘဲ ဖြစ်ပါတယ်။



Ref - E-mail မှ
ဖယောင်းတိုင်ထွန်းခြင်းဟာ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်သလို ကင်ဆာ ရောဂါပါ ဖြစ်နိုင်ကြောင်း နောက်ဆုံး ရှာဖွေလေ့လာမှု့များ အရသိရပါတယ်။ ဖယောင်းသားကို မီးလောင်တဲ့ အခါ အဲ့ဒီကထွက်တဲ့ အငွေ့ဟာ အခန်းထဲမှာရှိတဲ့ လေကို ညစ်ညမ်းစေပြီး လူတွေအတွက် ကင်ဆာပါ ဖြစ်နိုင်တယ်လို့သိရပါတယ်။

လန်ပိကျွန်း အမျိုးသားအဏ္ဏ၀ါဥယျာဉ် ( Marine National Park )


                      
     တနင်္သာရီတိုင်း၊  ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့  နယ်၊  အန်ဒမန်ပင်လယ်ပြင်အတွင်းရှိ  ကျွန်းတန်းရှည်(ခ) လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါဥယျာဉ် ( Marine National Park ) သည် ကော့သောင်းမြို့မှ ရေမိုင်(၆၀)၊ ဘုတ်ပြင်းမြို့မှ ရေမိုင် (၄၀) ကွာဝေးပြီး မြောက် လတ္တီတွဒ် ၁၀ဒီဂရီ ၃၂ မိနစ်နှင့် ၁၁ ဒီဂရီ ၀၂မိနစ်ကြား၊

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၃)

သစ်ထူးလွင်



Saturday, March 30, 2013

ပုံပြောပြပါ




ကျမတို့ မောင်နှမတွေ ငယ်ငယ်တုန်းကဆို ဦးလေးငယ်ကို တွေ့တာနဲ့ “ပုံပြောပြပါ” ဒါမှ မဟုတ် “ပုံပြင်နားထောင်ချင်တယ်”ဆိုပြီး ပူဆာခဲ့တာပေါ့။ အဲဒီလိုပြောလိုက်လို့ ဦးလေး အချိန်ရပြီ ဆိုတာနဲ့ စိတ်ရှည်ရှည်ထားပြီး သိသလောက် မှတ်မိသလောက်ပုံပြင်လေးတွေကို ကျမတို့ နားလည်အောင် ပြောပြလေ့ရှိတယ်။ ပုံပြင်မဟုတ်လည်း တစ်ထောင့်တစ်ည ၀တ္တုဖတ်ပြပြီး ပြန်ရှင်းပြတတ်တယ်။

နဂျီကောင်လေးတစ်ကောင်.......



တစ်ရက်သား ကျနော့ငယ်ဆရာရယ် ကျနော်ရယ်…..ခရီးအတူထွက်ဖြစ်ခဲ့ပါတယ်။ မတွေ့ရတာကလည်း ကြာနေပီဆိုတော့….ကားပေါ်မှာ စကားတွေလည်းတော်တော်ပြောဖြစ်ခဲ့ကြပါတယ်။

ဖြစ်တည်မှု ၃ ခု


Cloud Cuckoo Land shared ရေးမိရေးရာလေးများ's photo.
ဖြစ်တည်မှု့ ၃ ခု 

ကျွန်တော်တို့ဟာ လူရယ်လို့ ဖြစ်လာရင် ဖြစ်တည်မှု့ ၃ ခုကို မလွဲမသွေ ကြုံတွေ့ရမှာပါ။  အာဖရိကကလူတွေဖြစ်ဖြစ် တရုတ်ကလူတွေဖြစ်ဖြစ် ကျွန်းပေါ်ကလူတွေဘဲဖြစ်ဖြစ် ဒီ ၃ မျိုးကို ပထမဆုံး တွေ့ကြုံကြရမှာပါ။  ပထမဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပါဘဲ။  ဒါဟာ သင်အသက်ရှင်နေသရွှေ့ သင် နှင့် သင်ဟာ အမြဲတမ်းအတူတစ်ကွ ရှိနေမှာပါ။ သင်နှင့် အတူတကွ အလုပ်လုပ်ရမှာက သင်ကိုယ်တိုင်ဘဲဖြစ်ပါတယ်။  သင်နှင့် အတူတစ်ကွ အကြိမ်အများဆုံး ထမင်းစားမယ့်လူ၊ သင်နှင့် အတူတကွအကြိမ်အများဆုံး အိပ်စက်မယ့်လူ၊ သင်နှင့်အတူတစ်ကွ ရေချိုးမယ့်လူ တစ်နေ့တာ သင်နှင့် အတူတစ်ကွ ရှိနေမယ့်လူဟာ သင်ကိုယ်တိုင်ဘဲဖြစ်ပါတယ်။  အဲ့ဒီတော့ သင်နဲ့ သင်ကိုယ်တိုင်ဟာ သဟဇာတဖြစ်နေဖို့လိုပါတယ်။ သင့်ကိုယ်သင် ယုံကြည်နေဖို့လိုပါတယ်။  သင်ကိုယ်တိုင်ဟာ သင်ရဲ့ သူငယ်ချင်းကောင်းဖြစ်နေဖို့လိုပါတယ်။  ဒုတိယ ဖြစ်တည်မှု့တစ်ခုကတော့ သင်ကိုယ်တိုင်ဟာ လူတစ်ယောက်ဖြစ်နေခြင်းပါ။  ဒါကြောင့် သင်ဟာ အခြားသော လူတစ်ယောက်နဲ့ ဆက်ဆံရေး ရှိဖို့လိုပါတယ်။  တတိယ ဖြစ်တည်မှု့ကတော့ အစုအဖွဲ့ နှင့် အတူတစ်ကွ အလုပ်လုပ်နိုင်ဖို့၊ လူအများနှင့် အတူ မျှဝေခံစားတတ်ဖို့၊ အသင်းအဖွဲ့တွေနှင့်အတူ အလုပ်လုပ်နိုင်ဖို့၊  အဖွဲ့အစည်းအလိုက် အလုပ်လုပ်နိုင်ဖို့ ဒါတွေ လိုအပ်ပါတယ်။

          အဲ့ဒီတော့ ပထမ ဖြစ်တည်မှု့ဖြစ်တဲ့ သင် နှင့်အတူ သင် အလုပ်လုပ်ခြင်းဆိုတဲ့ အပိုင်းမှာ သင့်ရဲ့ စရိုက်၊ သင့်ရဲ့ အတွေးအခေါ်၊ သင့်ရဲ့ ကျင့်ဝတ် စတာတွေကို မြှင့်တင်ဖို့လိုအပ်ပါတယ်။  လူရယ်လို့ဖြစ်လာရင် ရည်ရွယ်ချက်က နှစ်မျိုးရှိပါတယ်။  တစ်မျိုးက သင်ယူတာပါ။ နောက်တစ်မျိုးက တီထွင်တာ၊ ဖန်တီးတာပါ။  ဒီတော့ သင်ယူပြီးတတ်မြောက်လာမယ် ဒီကနေမှ ဆင့်ပွား ဖန်တီးနိုင်မှာပါ။  ကမ္ဘာကြီးကို သင်ဘာတွေ ချပြချင်သလည်း၊ သင်ဘာကို အိပ်မက် မက်သလဲ၊ သင့်ရင်ထဲက ဘာကို ထုတ်ပြချင်သလဲ စတာ စတာတွေကိုပေါ့။  ဒီတော့ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာဆိုသလို တစ်ဦးချင်းစီရဲ့ ရပ်တည်မှု့ဟာ တစ်ခြားသူထံကို အကျိုးသက်ရောက်မှု့များစွာ ဖြစ်ပေါ်စေပါတယ်။  ဒီလို မိမိကိုယ်ကို မိမိမြှင့်တင်မှလည်း အခြားတစ်ရောက်နဲ့ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်လာမှာပါ။  မိမိနှင့် နီးကပ်ဆုံး ရှိနေတဲ့ သူငယ်ချင်းဖြစ်စေ၊ အိမ်ထောင်ဖက်ဖြစ်စေ အစရှိသူတွေနဲ့ သဟဇာတ ဖြစ်လာမှာပါ။  ကမ္ဘာပေါ်မှာရှိတဲ့ ယဉ်ကျေးမှု့တွေ ဘယ်လိုကွဲပြားခြားနားသည်ဖြစ်စေ တူညီတာတစ်ခုကတော့ သင်ဟာ လူအစုအဝေးနှင့်အတူတစ်ကွနေမှ ရှင်သန်ရုန်းကန်နိုင်မယ်ဆိုတာပါဘဲ။  သင့်တစ်ယောက်ထဲ အသက်ရှင်နေထိုင်သွားဖို့ မလွယ်ကူပါဘူး။ 

          တစ်ချို့တွေက တစ်သီးတစ်သန့်နေချင်ကြတယ်။  တစ်ယောက်ထဲ အလုပ်လုပ်ချင်ကြတယ်။  တစ်ချို့တွေကတော့ ခင်မင်တဲ့ တစ်ယောက်ကောင်းသူငယ်ချင်းနှင့်သာ အလုပ်လုပ်လိုကြတယ်၊ ဆက်ဆံလိုကြတယ်။ တစ်ချို့ကြတော့ ကိုယ့်အစုအဖွဲ့လေးနှင့်သာ ပျော်ရွှင်ကြတယ်။  ဒါပေမယ့် အခြားသူတွေနဲ့ လက်ဆုံထမင်းစားတဲ့အခါမျိုးကြတော့ ရှက်ကိုး ရှက်ကန်းဖြစ်တာတို့၊ နေမထိထိုင်မသာဖြစ်တာတို့ ဒါမျိုးတွေဖြစ်တတ်ကြပါတယ်။  ဒါပေမယ့် ပြန်လည်ဆန်းစစ်ကြည့်ဖို့က ကျွန်တော်တို့ဟာ လူပေါင်းများစွာနဲ့ မဖြစ်မနေကို ဆက်ဆံထိတွေ့နေကြရမှာပါ။ ဒါကြောင့် လူပေါင်းများစွာနဲ့ လိုက်လျှောညီထွေ ဖြစ်နေဖို့လိုအပ်ပါတယ်။  ဒါကြောင့် ကျန်းမာရွှင်လန်း တက်ကြွနေတဲ့ လူတစ်ယောက်ဆိုတာကို ပုံဖော်ကြည့်မယ်ဆိုရင် အဲ့ဒီလူဟာ ကိုယ့်ကိုကိုယ် လည်း ကျေနပ်ပျော်ရွှင်နေတဲ့လူ၊ မိမိ ပတ်ဝန်းကျင်နှင့် ထိတွေ့နေတဲ့အခါမှာလည်း သဟဇာတ ဖြစ်နေတဲ့လူ၊  အဖွဲ့အစည်း၊ လူအများနှင့် အလုပ်လုပ်နေတဲ့အခါမှာလည်း လိုက်လျှောညီထွေဖြစ်နေတဲ့လူပါ။  ဒီတော့ ကျွန်တော်တို့လည်း ပထမ ရပ်တည်မှု့ကစပြီး ပြန်လည်သုံးသပ်ကာ တတိယ ရပ်တည်မှု့အထိ သင်ယူရင်း မနက်ဖြန်တွေကို ကျော်ဖြတ်ကြပါစို့။

 

Ref : Angeles Arrien ရဲ့ Mount Madonna School နှင့် အင်တာဗျူးကို ကိုးကားပါသည်။



AH

ကျွန်တော်တို့ဟာ လူရယ်လို့ ဖြစ်လာရင် ဖြစ်တည်မှု့ ၃ ခုကို မလွဲမသွေ ကြုံတွေ့ရမှာပါ။ အာဖရိကကလူတွေဖြစ်ဖြစ် တရုတ်ကလူတွေဖြစ်ဖြစ် ကျွန်းပေါ်ကလူတွေဘဲဖြစ်ဖြစ် ဒီ ၃ မျိုးကို ပထမဆုံး တွေ့ကြုံကြရမှာပါ။ ပထမဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပါဘဲ။ ဒါဟာ သင်အသက်ရှင်နေသရွှေ့ သင် နှင့် သင်ဟာ အမြဲတမ်းအတူတစ်ကွ ရှိနေမှာပါ။

ဝါးရမ်းပြေး - (၁)



(မှတ်ချက်။ ။ ၁၉၃၉- ခုနှစ်ခန့် က ဖြစ်သည်။ )

"ဘိုးဒန်သည် တရားခံစစ်တမ်းဖြစ်သော ၀က်ခြံကလေးထည်း၌ လက်ထိပ်သံကြိုးကြီး တန်းလန်း နှင့် အစစ်ခံ နေရလေ၏။
ဘိုးဒန်ဖြစ်သောအမှုမှာ ရိုက်မှုဖြစ်၍ အရိုက်ခံရသူမှာလည်း၊ ဆေးရုံတွင် အတွင်းလူနာ အဖြစ် အတော်ကြာအောင် ကုသယူရရှာ၏။

ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သော တပ်မတော်သား ကျင့်ဝတ်

 Seaman Nayminthu (Notes) on Saturday, March 30, 2013 at 7:00am


 

(ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၄ ခုနှစ် ဒီဇင်ဘာလ ၂၉ သောကြာနေ့တွင် ပြည်သူ့တပ်မတော်သားများ လိုက်နာကျင့်ကြံရမည့် စည်းကမ်းချက်များကို ချမှတ်ပြဋ္ဌာန်း လိုက်နာကျင့်သုံး ဆောင်ရွက်စေခဲ့သည်)

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၃)

သစ်ထူးလွင်



Friday, March 29, 2013

စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ ( အပိုင်း-၁၀၂ )

Classic Burma News

''မန်းခွား'' ရောက်လာပြီးကဲ ''မန်းခွား'' ဒီဓာတ်ပုံထဲက အလောင်းက သခင် တင်ထွန်းလို့ ဘာကြောင့် မင်းပြောနိုင် ရသ လဲလို့ မေးတော့ ကျွန်တော် ပအို့ဝ်တာကလယ် အဖွဲ့က တစ်ဖက် နိုင်ငံမှာ စစ်ပညာသင်ပြီး ပြန်လာသည်။

မြန်မာနိုင်ငံ၏ သမ္မတများ

Seaman Nayminthu and Ei Mon Mon Oo shared ဗဟုသုတ စွယ်စုံကျမ်း'sphoto.
မြန်မာနိုင်ငံ၏ သမ္မတများ

၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)
            
           ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများ
လေသည်။သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့
သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့ 
ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသား
ဖြစ်လေသည်။၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်းသိန္နီစော်ဘွား ၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။
          x          x          x          x          x          x          x          x
၂။ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)

           ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့
လေသည်။ဒေါက်တာဘဦးကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေးနေ့
ဧရာဝတီတိုင်း။ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့
သည်။မွေးချင်းကိုးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ဘိုးဘေးများမှာ
မင်းမျိုးမင်းနွယ်ဖြစ်လေသည်။၁၉၁၃ခုတွင် ဒေါ်ငြိမ်းငြိမ်းနှင့်လက်ထက်ပြီးသား၂ယောက်ထွန်းကားခဲ့သည်။၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့်
ကွယ်လွန်ပြီးနောက် ၁၉၂၃တွင် ဒေါ်အေးနှင့်လက်ထက်ခဲ့ရာ သားသမီး
၅ယောက်ထွန်းကားခဲ့သည်။ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
          x          x         x          x          x          x          x          x
၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)

           ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၃.၃.၁၉၅၇)မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ဦးဝင်းမောင်ကို ၁၉၁၆ခု၊ဧပြီလ၊၁၇ရက် တနင်္လာနေ့
ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊အမိဒေါ်သာယာ
တို့မှ ဖွားမြင်ခဲ့သည်။ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာ
သားသမီး ၆ယောက် ထွန်းကားခဲ့သည်။မန်းဝင်းမောင်သည် (၄.၇.၁၉၈၉)
အသက်၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။
          x          x         x          x          x          x          x          x
၎။ဦးနေ၀င်း(၁၉၁၁-၂၀၀၂)

           ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။
ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့
တွင် အဖဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။
ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ပထမဆုံး ဒေါ်သန်းညွန့်နှင့်လက်ထက်ကာ သား၁ယောက်၊ဒုတိယ ဒေါ်တင်တင်နှင့်လက်ထက်ကာ သား၂ယောက်၊တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထက်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။၁၉၇၂ခုတွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီး
၁၉၇၃ခုတွင် ဒေါ်နီနီမြင့်နှင့်လက်ထက်ခဲ့သည်။ထို့နောက် ၁၉၇၆ခုတွင် 
ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မယ်နှင့်လက်ထက်ပြီး ငါးလသာ 
ပေါင်းသင်းနေထိုင်ခဲ့သည်။ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ်
တွင်ကွယ်လွန်ခဲ့သည်။
          x          x         x          x          x          x          x          x
၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)

           ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစန်းယုကို ၁၉၁၈ခု၊မတ်လ၊၃ရက်၊တနင်္ဂနွေနေ့၊ပြည်ခရိုင်၊သဲကုန်းမြို့
တွင် အဖဦးစံဖေ၊အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။၁၉၄၇ခုတွင် အင်းစိန်
အစိုးရကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့်လက်ထက်ခဲ့ပြီး သမီး၎ယောက် ထွန်းကားခဲ့သည်။ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။
          x          x         x          x          x          x          x          x
၆။ဦးစိန်လွင်(၁၉၂၄-၂၀၀၄)

            ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစိန်လွင်ကို ၁၉၂၄ခု၊ဇန်န၀ါရီလ၊၂၇ရက်၊တနင်္ဂနွေနေ့၊ ပေါင်မြို့တွင်
အဖ ဦးရွှေရင်၊အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ဒေါ်ရွှေတင်(ခ)ဒေါ်တင်
တင်လှိုင်နှင့်လက်ထက်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။
ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက်၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။
          x          x         x          x          x          x          x          x
၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)

            ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ဇန်န၀ါရီလ၊၃၁ရက်၊စနေနေ့၊
မန္တလေးမြို့တွင် အဖဦးဆင့်၊အမိ ဒေါ်အေးတင်တို့မှဖွားမြင်လေသည်။
မွေးချင်းအနက် တစ်ဦးတည်းသောသားဖြစ်သည်။၁၉၄၇ခုတွင် ဒေါ်ခင်မြင့်
နှင့်လက်ထက်ခဲ့ရာမှ သားသမီး ၇ယောက်ထွန်းကားခဲ့သည်။ဒေါက်တာ
မောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။
          x          x         x          x          x          x          x          x
၈။ဦးသိန်းစိန်(၁၉၄၅)
 
           ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။၂၀၀၈ခု၊ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး
ရွေးချယ်ခံရသော သမ္မတဖြစ်သည်။(၄.၂.၂၀၁၁)တွင် သမ္မတတာဝန်ကို 
ထမ်းဆောင်ရသည်။ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့
ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့်
တို့မှ ဖွားမြင်လေသည်။ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်းနှင့်လက်ထက်ပြီး 
သားသမီး ၃ယောက်ထွန်းကားလေသည်။ယခုအခါ နေပြည်တော်ရှိ နိုင်ငံ
တော် သမ္မတအိမ်တော်တွင် နေထိုင်လျက်ရှိသည်။
'
၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများ
လေသည်။ သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့
သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့
ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသားဖြစ်လေသည်။

စာပေဟောပြောပွဲ အခွေများစုစည်းမှု

စိတ်ဧ။်နား ခိုရာ and Sa Maung shared Zaw Win's photo.
စာပေဟောပြောပွဲ အခွေများစုစည်းမှု
စာရေးဆရာ၏မှတ်စု (စင်္ကာပူ ၂၀၀၉) (ဂျူး)
http://www.mediafire.com/download.php?5xp4ca11zvxxbhp
ဘ၀နှင့်စာပေ (မော်လမြိုင်) (ဂျူး)
http://www.mediafire.com/download.php?z6g884ilhlaislx
စာရေးဆရာတစ်ယောက်၏ မှတ်စုများ (မြင်းခြံ) (ဂျူး)
http://www.mediafire.com/download.php?5xp4ca11zvxxbhp
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။ (တောင်ငူ) (ဂျူး)
http://www.mediafire.com/download.php?dvkap33dbbsqoaj
အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ (စင်္ကာပူ) (ချစ်ဦးညို)
http://www.mediafire.com/download.php?wi1dhp8mhjtxc4y
သို့ ကျောက်ပန်းတောင်း (ကျောက်ပန်းတောင်) (ချစ်ဦးညို)
http://www.mediafire.com/download.php?2nn3nid9e7gbhol
ကျွန်တော် ခံစားမိသလို ပြောဆိုပါမည်-၂ (မြောင်းတကာ) (ချစ်ဦးညို)
http://www.mediafire.com/download.php?x5i3uc6di0za504
သို့ မော်လမြိုင်၊ မှ ချစ်ဦးညို (ချစ်ဦးညို)
http://www.mediafire.com/download.php?b55jazp97sefsb1
ကျွန်တော်ခံစားမိသလို ပြောဆိုပါမည် (မြင်းခြံ) ချစ်ဦးညို
http://www.mediafire.com/download.php?wke7oomteuxtbve
သို့ အုန်းနှဲ၊ မှ ချစ်ဦးညို (ချစ်ဦးညို)
http://www.mediafire.com/download.php?5upd6c2x3rp2ykq
သို့ တောင်ငူမှ ချစ်ဦးညို (တောင်ငူ) (ချစ်ဦးညို)
http://www.mediafire.com/download.php?jjm5xjo907bjwdp
ဇရပ်ကုန်းအတွက် စာပေလက်ဆောင် (မြောင်) (ချစ်ဦးညို)
http://www.mediafire.com/download.php?o0lalnk361os761
အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ (အသုတ်) (ချစ်ဦးညို)
http://www.mediafire.com/download.php?tu7fj0rntr7n0wj
နည်းပညာ (ရွှေည၀ါ) (ချစ်ဦးညို)
http://www.mediafire.com/download.php?hkh30ksqke9039m
အဘိဓမ္မာမှ ပေးသော ဘ၀အမြင် (ရွှေည၀ါ) (ဒေါင်တာမင်းတင်မွန်)
http://www.mediafire.com/download.php?tcbrgdgcq3rn9de
တန်ဖိုးရှိတဲ့လူ (မော်လမြိုင်) (အတ္တကျော်)
http://www.mediafire.com/download.php?04q82w7hiwxs97k
အမွေ (YMCA) (အောင်သင်း)
http://www.mediafire.com/download.php?vg52kxtf5my0bnc
ခေါင်းဆောင်ဆိုတာ (အောင်သင်း)
http://www.mediafire.com/download.php?2p82p2f1a6d5280
လက်ခံလိုက်စမ်းပါ (စာပေလောက) (အောင်သင်း)
http://www.mediafire.com/download.php?5d00ot2nne9cxgr
ကိုယ်ကျင့်ပညာ (အောင်သင်း)
http://www.mediafire.com/download.php?tijx3jqiungsdht
ပညာ (မုံရွာ) (အောင်သင်း)
http://www.mediafire.com/download.php?b9zd3u4cjvcvusu
ယနေ့လူငယ်နှင့် ယနေ့ရသစာပေ( မကွေး) (အောင်သင်း)
http://www.mediafire.com/download.php?g4ho2mqd0j2ewiw
ဆရာအောင်သင်း -ပညာ (မုံရွာ)
http://www.mediafire.com/download.php?65k5ey8z0xxymk9
ယနေ့လူငယ် အောင်မြင်မှု (ပျော်ဖွယ်) (ဆရာအောင်သင်း)
http://www.mediafire.com/download.php?bamjbencix4gbrv
စာဖတ်ပါ။ တွေးပါ (ကျောက်ပန်းတောင်း) (ကောင်းသန့်)
http://www.mediafire.com/download.php?1b9uwtz1cvk7td3
စာပေးရေးရာ (မြောင်းတကာ) (ကောင်းသန့်)
http://www.mediafire.com/download.php?avul295l32ga1ke
ဘ၀ထဲက စာများ (ခက်မာ)
http://www.mediafire.com/download.php?15l1ay4l33siz24
စာပေရေးရာ (မော်လမြိုင်) (ခင်ခင်ထူး)
http://www.mediafire.com/download.php?1za6v9kben3abo7
အညာဓလေ့ ရွာဓလေ့ (တောင်ငူ) (ခင်ခင်ထူး)
http://www.mediafire.com/download.php?znw7s7wizrojdb1
ဘ၀မရှုံးသူများ (ရှိုင်းဟုတ်) (မောင်စိန်ထွေး)
http://www.mediafire.com/?nhhelhsv0h5ha34
သုတရသစာပေ (ကျောက်ပန်းတောင်း) (မောင်စိန်ဝင်း-ပုတီးကုန်း)
http://www.mediafire.com/download.php?rr5q5tr41gkzyyn
ရသစာပေ (စင်္ကာပူ ၂၀၁၀) (မောင်စိန်ဝင်း-ပုတီးကုန်း)
http://www.mediafire.com/download.php?9hbo4pfrqiwhnur
သုတရသစာပေ (မင်္ဂလာဒုံ) (မောင်စိန်ဝင်း-ပုတီးကုန်း)
http://www.mediafire.com/download.php?p2lop4y1fxd0szi
သုတရသစာပေ (မြောင်) (မောင်စိန်ဝင်း-ပုတီးကုန်း)
http://www.mediafire.com/download.php?ap3jwjqpa62l1a7
ရသစာပေ (အသုတ်) (မောင်စိန်ဝင်း- ပုတီးကုန်း)
http://www.mediafire.com/download.php?nu09detpnhkp4hk
ဘ၀မှစာ၊ စာမှ ဘ၀ (ကျောက်ပန်းတောင်း) လယ်တွင်းသား စောချစ်
http://www.mediafire.com/download.php?aoujvbjq50466h7
ဘ၀မှစာ၊ စာမှဘ၀ (တောင်ငူ) (လယ်တွင်းသားစောချစ်)
http://www.mediafire.com/download.php?6952watpwuxg5le
ဘ၀မှစာ၊ စာမှဘ၀ (မင်္ဂလာဒုံ) (လယ်တွင်းသားစောချစ်)
http://www.mediafire.com/download.php?qdjpe05x61pue71
အောင်စိတ် (လယ်တွင်းသားစောချစ်)
http://www.mediafire.com/download.php?5hwgmciqmnn6t7u
မျှတသောစိတ်ထား (လယ်တွင်းသားစောချစ်)
http://www.mediafire.com/download.php?l9wj7ceg3c9yc19
စာပေနှင့် ဘ၀အောင်မြင်ရေး (လယ်တွင်းသားစောချစ်)
http://www.mediafire.com/download.php?qx5hbjhes9t7lon
အောင်စိတ် (လယ်တွင်းသားစောချစ်)
http://www.mediafire.com/download.php?5hwgmciqmnn6t7u
အမျိုးသားနေ့ (မောင်စွမ်းရည်)
http://www.mediafire.com/download.php?n4e53ef45cnf8zx
ရယ်စရာ မောစရာ (ကနောင် ၂၀၁၀) (မောင်သာချို)
http://www.mediafire.com/download.php?dbq6df1l18vevus
နှလုံးသားကို အလှဆင်ပါ (မြောင်းတကာ) (မောင်သာချို)
http://www.mediafire.com/download.php?dsa278p2rdr284z
နှလုံးသားကို အလှဆင်ပါ (မော်လမြိုင်) (မောင်သာချို)
http://www.mediafire.com/download.php?c20t6367t7ylcf6
နှလုံးသားကို အလှဆင်ပါ (မော်လမြိုင်) (မောင်သာချို)
http://www.mediafire.com/download.php?c20t6367t7ylcf6
နှလုံးလှပါစေ (အောင်လံ ၂၀၁၀) (မောင်သာချို)
http://www.mediafire.com/download.php?ezc41vk989vh3iu
ဘ၀အလှအတွက် စာအလှများ (ကျောက်ပန်းတောင်း) (မောင်သာချို)
http://www.mediafire.com/download.php?72ktu56kleb6n6k
စာအလှမှ ရွာအလှသို့ (တောင်ငူ) (မောင်သာချို)
http://www.mediafire.com/download.php?hsmmoagrblexp87
တကယ့်လူ (မောင်သာချို)
http://www.mediafire.com/download.php?wdys4vmojd84x6x
စိတ်မျက်စိကို ဖွင့်ရအောင်
http://www.mediafire.com/download.php?w3r3cedweckb8hj
ကနောင်အလွမ်း၊ ထူးဆန်းထွေလာ မြေကမ္ဘာ (ကနောင်) အောင်ကျော်ဆန်း
http://www.mediafire.com/download.php?zi3p17aiv3bnlgn
ရေးသူ၏ ပရိယာယ်၊ ဖတ်သူ၏ခံစားမှု (ရှိုင်းဟုတ်) (အောင်ပြည့်)
http://www.mediafire.com/download.php?16db9bub78k9e9g
လူနှင့် ပညာ (ဟင်္သာတ) (အောင်သင်း)
http://www.mediafire.com/download.php?8aub7ut4a7y4wg7
လူနှင့်ပညာ (ဟင်္သာတ) (အောင်သင်း)
http://www.mediafire.com/download.php?c5gdnl89ce3nj0c
လူငယ်တွေနဲ့ အနာဂတ် (ကျောက်ပန်းတောင်း) အောင်သင်း
http://www.mediafire.com/download.php?r0g9z9za8w2iv34
ဆရာအောင်သင်း- စာပေထဲက လူငယ်သမိုင်း (၁)
http://www.mediafire.com/download.php?fx72i72ty88f6mi
ဆရာအောင်သင်း - စာပေထဲက လူငယ်သမိုင်း (၂)
http://www.mediafire.com/download.php?d0zrqy8xij2wj8c
ဆရာအောင်သင်း -စာပေထဲက လူငယ်သမိုင်း (၃)
http://www.mediafire.com/download.php?d0zrqy8xij2wj8c
ဒီနေ့လူငယ်တွေ (မြန်အောင်)( ဆရာအောင်သင်း)
http://www.mediafire.com/download.php?0u7a4egqhme2a1a
ဒီနေ့လူငယ်တွေ (မြန်အောင်) (ဆရာအောင်သင်း)
http://www.mediafire.com/download.php?675v8ie6xu38943
လက်ခံလိုက်စမ်းပါ (အောင်သင်း-အသံသွင်းစာအုပ်)
http://www.mediafire.com/download.php?qldpxsnoj1cmm41
ဗမာတွေ ပျော်ကြပါစေ (ကနောင် ) (အော်ပီကျယ်)
http://www.mediafire.com/download.php?et61awgkc18suro
ဗမာတွေ ပျော်ကြပါစေ (စင်္ကာပူ ၂၀၁၀) (အော်ပီကျယ်)
http://www.mediafire.com/download.php?fc54tvznw7cncvn
အသိပညာဖြင့် မောင်းနှင်သော (အော်ပီကျယ်)
http://www.mediafire.com/download.php?4f2usnavz8q4imj
အသိပညာဖြင့် မောင်းနှင်သော (အောင်လံ) (အော်ပီကျယ်)
http://www.mediafire.com/download.php?936e9g4359esb1g
အသိပညာဖြင့် မောင်းနှင်သော (မော်လမြိုင်) (အော်ပီကျယ်)
http://www.mediafire.com/download.php?56ki6sid0h7919k
ပျော်ရာမှမနေရ၊ တော်ရာမှာ နေရ (UAE) (အော်ပီကျယ်)
http://www.mediafire.com/download.php?6778q61dfv5umx3
ဘ၀အရေးနှင့် ကာတွန်းအတွေး (အသုတ်) (အော်ပီကျယ်)
http://www.mediafire.com/download.php?pq1h967f9t5bib2
လူသစ် စိတ်သစ် (အုန်းနဲ) ချစ်နိုင် (စိတ်ပညာ)
http://www.mediafire.com/download.php?hwqb55dqv1bzr5m
စကားလက်ဆောင် (ရှိုင်းဟုတ်) ချစ်နိုင် (စိတ်ပညာ)
http://www.mediafire.com/download.php?ty392ncrc8xzs7b
စိတ်ဓါတ်ပြုပြင် ပြောင်းလဲမြှင့်တင်ရေး (ဒေါက်တာခင်မောင်ညို)
http://www.mediafire.com/download.php?569v32ct6ba6a39
လူတိုင်းအတွက် အသုံးချ စိတ်ပညာ (ရှိုင်းဟုတ် ) (ဒေါက်တာကျော်စိန်)
http://www.mediafire.com/download.php?y27652wjt3ve2c5
ဟန်ချက်ညီ စိတ်ထား (ရှိုင်းဟုတ်) (ဒေါက်တာသိန်းလွင်)
http://www.mediafire.com/download.php?4a80stx3iz7v3l5
ရယ်စရာ မောင်စရာ (ရှိုင်းဟုတ်) (အီကြာကွေး)
http://www.mediafire.com/download.php?4nizzz3ge3gn1oc
အသိပညာဖြင့် ပြုပြင်ပြောင်းလဲရမည့် ဤကမ္ဘာ (ဟိန်းလတ်)
http://www.mediafire.com/download.php?uupxunawkb4kray
ဆဒ္ဒန်ဆင်မင်းဇာတ်မှ လူ့သဘာဝ (မော်လမြိုင်) လှထွန်း (မြန်မာစာ)
http://www.mediafire.com/download.php?793f9jjo24izv78
စိတ်ပညာနှင့် ယဉ်ကျေးမှု (ရှိုင်းဟုတ်) သိပ္ပံမှူးတင်
http://www.mediafire.com/download.php?w9qfxv86exo1znw
အမွေခံထိုက်စေ (မော်လမြိုင်) (ကိုတာ)
http://www.mediafire.com/download.php?soaeqwavs8hzvsg
ပုံပြင်များ (မော်လမြိုင်) ကျော်ရင်မြင့် (ဖေလင်းသစ်)
http://www.mediafire.com/download.php?rlcz3r0zf7o6s5z
လမ်းပေါ်မှာ (တောင်ငူ) ကျော်ရင်မြင့် (ဖေလင်းသစ်)
http://www.mediafire.com/download.php?cl6aqab3ba62p12
ဘ၀အောင်မြင်ရေး (မောင်လမြိုင်) ကြည်မင်း (ကျော်စောမင်း)
http://www.mediafire.com/download.php?apubcbiv6x6ju2z
ဗျူတီပါလာ နှင့် မဟော်သဓာ (ရှိုင်းဟုတ်) ကြည်မင်း (ကျော်ဇောမင်း)
http://www.mediafire.com/download.php?ceb2bfcgmr13xwc
သန့်စင်လှပ အိမ်ရှင်မ (လဲ့လဲ့တင်)
http://www.mediafire.com/download.php?c9nqi1gncxn34yh
အမျိုးသားရေး တေးဂီတ (၂၀၀၉) (မာမာအေး)
http://www.mediafire.com/download.php?qhw4mb1m4ul8hqf
စာဖတ်ခြင်း အနုပညာ (မေးငြိမ်း)
http://www.mediafire.com/download.php?2aa3i3n3d497vo0
ကျမ်းမာရေး (ရှိုင်းဟုတ်) (မောင်မောင်လှိုင်-အပ်စိုက်ကု)
http://www.mediafire.com/download.php?osva94dd32hibob
မိခင်ဖြစ်လာမည့် အပျိုစင်များ (ရှိုင်းဟုတ်) (မြမြလှိုင်)
http://www.mediafire.com/download.php?d8l6a2ajb8ygm2d
တစ်ခါသုံး လူ့အဖွဲ့အစည်း (စင်္ကာပူ) (နေ၀င်မြင့်)
http://www.mediafire.com/download.php?psjbh9bps823b7m
စာပေရေးရာ (မောင်လမြိုင်) (နေ၀င်းမြင့်)
http://www.mediafire.com/download.php?sy3ivt7iopuvk6m
ကျွန်တော်တို့ ငယ်ငယ်က (အောင်လံ) (နေ၀င်းမြင့်)
http://www.mediafire.com/download.php?ho5ozmp5m8d50sz
ကျွန်တော်တို့ ငယ်ငယ်က (တောင်ငူ) (နေ၀င်းမြင့်)
http://www.mediafire.com/download.php?ak43re5flr89x7q
ကျွန်မနှင့် စာဖတ်ခြင်း ၊စာရေးခြင်း (ကျောက်ပန်းတောင်း )(နုနုရည် -အင်းဝ)
http://www.mediafire.com/download.php?qlvvpugwavn5d3n
ကျွန်မဖတ်တဲ့စာ၊ ကျွန်မ ရေးတဲ့စာ (တောင်ငူ) (နုနုရည်-အင်းဝ)
http://www.mediafire.com/download.php?9dgdgs6rmp83k14
ရသစာပေ (အသုတ်) (နုနုရည်-အင်းဝ)
http://www.mediafire.com/download.php?nmfozqzh99ml178
စာပေနှင့် ဘ၀ နုနုရည် (အင်းဝ)
http://www.mediafire.com/download.php?v9lv3g7k339qxhe
စာရေးသူမှ စာဖတ်သူသို့ (ကျောက်ပန်းတောင်း) (နွမ်ဂျာသိုင်း)
http://www.mediafire.com/download.php?y7qv9yf9i93ia23
စကားလုံးများဖြင့် ကကုန်ခြင်း (ငြိမ်းမင်း)
http://www.mediafire.com/download.php?f4dqabmawo8fmmx
ဘ၀ထဲက ဇတ်ညွှန်း (ငြိမ်းမင်း)
http://www.mediafire.com/download.php?qryohcucaaafi73
မြန်မာ့အသံ ရွှေပြည် (ဦးဘတင်)
http://www.mediafire.com/download.php?6hbkac775xcc1ca
မျက်ကြည်လွှာ (မင်္ဂလာဒုံ) (သန်းမြင့်အောင်)
http://www.mediafire.com/download.php?xv4w5vq9pu6j9jd
မသိမသာ (စစ်ကိုင်း)( ဦးဘုန်း -ဓါတု)
http://www.mediafire.com/download.php?ccwqa490zyaz3iw
ခေါင်းလောင်းသံ (မော်လမြိုင်) (ဦးဘုန်း-ဓါတု)
http://www.mediafire.com/download.php?yweh2q3y8x1hmiq
အိမ် (မြင်းခြံ) (ဦးဘုန်း-ဓါတု)
http://www.mediafire.com/download.php?c5p1sth3rkxuthj
အဖိုးပြောသောပုံပြင်များ (မြောင်) ( ဦးဘုန်း-ဓါတု)
http://www.mediafire.com/download.php?239q8ni7jqhq5cu
သရက်စေ့ (မြောင်) ( ဦးဘုန်း-ဓါတု)
http://www.mediafire.com/download.php?53uqkkdg29ic41t
စာကောင်းပေကောင်း (ကျောက်ပန်းတောင်း)(ဦးသိန်းလွင်)
http://www.mediafire.com/download.php?4f8m4fctbbfc63k
စာပေနှင့် အနုပညာ (၀င်းဖေ)
http://www.mediafire.com/download.php?gp5fpd0zyi7jqdf
စွန့်ဦးတီထွင် (ရှိုင်းဟုတ်) (ရဲမြင့်-စွန့်ဦးတီထွင်)
http://www.mediafire.com/download.php?o7o8zfooba4ojs7
ဇဂနာ ကမာရွတ်ဟောပြောပွဲ
http://www.mediafire.com/download.php?cmsqgajgc87orqf
အကြည်တော် - လမင်းဖမ်းပွဲ
http://www.mediafire.com/download.php?7vt3x3ewq3175c5
အသက်ရှူလမ်းကြောင်းရောဂါ (ရှိုင်းဟုတ်) (ဒေါက်တာ ကေသီလွင်)
http://www.mediafire.com/download.php?bgf6ye6rdobrbl5
ကြက်၊ ငှက်တုန်ကွေးရောဂါ (ရှိုင်းဟုတ်) (ဒေါက်တာ ခင်မောင်လွင်)
http://www.mediafire.com/download.php?oykoj56o7x9hoy0
သွေးဆုံးတာနဲ့ အိုရောလား (ရှိုင်းဟုတ်) (ဒေါက်တာ ကျော်ညွန့်)
http://www.mediafire.com/download.php?miu9qyov5mk4dqc
သင့်အရေပြားကို ဘယ်လိုကာကွယ်မလဲ (ဒေါက်တာ မြင့်မြင့်ကြည်)
http://www.mediafire.com/download.php?1kwyzadhcrqq8b1
ကုရာနတ္တိ (ရှိုင်းဟုတ်) (ဒေါင်တာတင့်လွင်)
http://www.mediafire.com/download.php?p3880avd88z40mm
ဗုဒ္ဓပညာ (ရွှေည၀ါ) (နန္ဒာသိန်းဇံ)
http://www.mediafire.com/download.php?hp33fy68ljok28n
အမေစားသော ထမင်းတစ်နပ် (ဦးသုခ)
http://www.mediafire.com/download.php?3w29w89nhelyfmq

စာရေးဆရာ၏မှတ်စု (စင်္ကာပူ ၂၀၀၉) (ဂျူး)
http://www.mediafire.com/download.php?5xp4ca11zvxxbhp
ဘ၀နှင့်စာပေ (မော်လမြိုင်) (ဂျူး)
http://www.mediafire.com/download.php?z6g884ilhlaislx
စာရေးဆရာတစ်ယောက်၏ မှတ်စုများ (မြင်းခြံ) (ဂျူး)
http://www.mediafire.com/download.php?5xp4ca11zvxxbhp
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။ (တောင်ငူ) (ဂျူး)
http://www.mediafire.com/download.php?dvkap33dbbsqoaj
အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ (စင်္ကာပူ) (ချစ်ဦးညို)

ပြောနည်း ၁၀၀ - အခန့်စကား/အရပ်သုံးစကားပြောသင်ခန်းစာ (အပိုင်း ၂)


6. SIGNAL THE START OF A SPEECH အမှာစကား/မိန့်ခွန်းစတင်ပြောကြားဖို့ အချက်ပြခြင်း
Right. Shall we start?
Right Ladies and Gentlemen. Shall we start with our presentation?

OK. Let’s get going.
OK everybody. Let‟s get going. We only have twenty minutes.
ကဲအားလုံးပဲခင်ဗျာ။ စကြပါစို့။ ကျွန်တော်တို့ မိနစ်၂၀ ပဲအချိန်ရပါတယ်။

Right then. We are ready
Right then. We are ready. The first point in the agenda is cost-cutting.
ကောင်းပါပြီ။ အဆင်သင့်ဖြစ်ပါပြီ။ ဒီအစီအစဉ်ရဲ့ပထမဦးဆုံးအချက်ကတော့ ကုန်ကျစရိတ်ဖြတ်တောက်ခြင်းပဲဖြစ်ပါတယ်။

လွမ်းရိပ် ဝေေ၀ တက္ကသိုလ်မြေ


by Hla Shwe (Notes) on Thursday, March 28, 2013 at 11:18pm


  
ဒီဇင်္ဘာလ၏ တနေ့သော နံနက်ခင်း။
အဓိပဓိလမ်း ပလက်ဖောင်းနှင့် ရေတမာပင်ကြားးက လူသွားလမ်းတွင် လမ်းလျှောက်နေသော ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခများ၊ နိုင်ငံခြားတက္ကသိုလ်မှ ဧည့်ပါမောက္ခများ၊ အာရှ၊ ဥရောပ၊ အာဖရိက တို့မှ ပညာရှာရန်လာကြသော ကျောင်းသားများသည် နံနက်ချိန်တွင် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်နေကြသည်ကို တွေ့ရသည်။

ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ

Thaw Zin Ohn shared Than Win's photo.
ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ
 

ကမ္ဘာတ၀ှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ၀န်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမ္ဘာ့နိုင်ငံအသီးသီးတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။

ယခု မတ်လ၏ ဒုတိယအပတ်အတွင်း ကောင်းကင်မှ ရိုက်ကူးရရှိသော သန်းနှင့်ချီသည့် ဗွီဒီယို နှင့် ဓါတ်ပုံများအား ပြန်လည်တီးဖြတ်ကြရာ ဝေဟင်မှ ရိုက်ကူးရရှိသော မြန်မာပြည်၏ ဖေါ်ပြပါ အနေထားဓါတ်ပုံများသည် ၄င်းတို့ ဌာနအတွက် အထူးဆန်းဖြစ်သွားကြခဲ့သည်ဟု ဂိုဂဲလ် ပိုတိုတိုက် ဌာနမှပြောဆိုပါသည်။

အကြောင်းမှာ ၄င်းတို့ နောက်ဆုံး ရိုက်ကူးရရှိခဲ့ဘူးသော ၂၀၁၁ ခုနှစ်အတွင်းမှ ဓါတ်ပုံများနှင့် ယှဉ်ထိုးကြည့်ကြရာ မြန်မာပြည်သည် အလွန်တရာ ကြောက်ခမန်းလိလိကိုပင် ပြောင်းလဲထူးခြားနေသော ဓါတ်ပုံများ ဖြစ်နေသည်ကိုတွေ့ရသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

တရုတ်ပြည်၏ မဟာတံတိုင်းကြီးနှင့်တူသော တံတိုင်းကြီးတခု ၇ှည်လျာဆက်စပ်စွာ အကွေ့ကောက်ပေါင်းများစွာဖြင့် ဘင်္ဂလားနယ်စပ်သို့တိုင် တရုတ်ပြည်မှ ထပ်မံဆောက်လုပ်ထားသော တံတိုင်းတခုအဖြင့်ယူဆရသော ငွေရောင် တံတိုင်းကြီးတခုအားတွေရကြောင်း၊ နောက်ပိုင်းတွင် ပိုတိုအယ်ဒီတာများက အသေခြာလေ့လာသော အခါ မဟာတံတိုင်းမဟုတ်လေပဲ ကြီးမားရှည်လျားသော ရေနံပိုက်၊ ဂစ်ပိုက်လိုင်းကြီးဖြစ်နေကြောင်းရှင်းပြသည်။

ယခင်က စိမ်းစိုအုပ်မှိုင်းနေသော တောင်တန်းဒေသများသည် လွန်ခဲ့သော ၂နှစ်လောက်မှာပင် ကွက်တိကွက်ကြား ညီညာမှုမရှိစွာ ထိုးခြစ်ရိပ်ထားသော ဦးခေါင်းတလုံးအသွင်ဖြင့် တောင်တန်းဒေသများအတော်တော်များသောနေရာများတွင် သစ်တောများပြုံန်းတီးမှုများအား အံသြစွာတွေ့ရကြောင်း၊ မညီညာသောမြေပြင်အထက်များတွင် စက်ယန္တာယားကြီးများဖြင့် တိုင်းပြည်အနှံ တူးဖေါ်ထိုးဆွထားသောဓါတ်ပုံများအလွန်များပြားစွာရရှိပြီး အချို့သောဒေများတွင် စိမ်းစိုသောနေရာများထက် လွင်ထီးခေါင်ကဲ့သို့ဖြစ်ပေါ်နေသော တောင်တန်းကွက်ကြားကြီးများရရှိကြောင်း ထုတ်ဖေါ်ပြောဆိုပါသည်။

၂၀၁၀ ခုနှစ်မှစပြီး မြန်မာပြည်မှရရှိသော ဓါတ်ပုံများသည် ၄င်းတို့အတွက် အလွန်ပင် ဆင့်ကဲဆင်ကဲ့ ပထ၀ီဒေသ အပြောင်းလဲနှင့် သစ်တောပြုံန်းတီးမှုအား အံ့သြမှုများစွာ ဆက်တိုက်တွေ့ရှိရကြောင်း ဆိုပါသည်။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

မှတ်ချက်။။ ဂိုလ်ဂဲ ဂလိုဘယ် အင်မိတ်ချိ နယူးမှ ကောက်နုတ်ဖေါ်ပြပါသည်။

ကမ္ဘာတ၀ှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ၀န်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမ္ဘာ့နိုင်ငံအသီးသီးတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...