Friday, August 31, 2012

'လ'ပေါ် ပထမဆုံးခြေချခဲ့သူ အမ်းစထရောင်း ကွယ်လွန်

General Knowledge


အပိုလို ၁၁ အာကာသယာဉ်မဈး နေးအမ်းစထရောင်း။
ဓာတ်ပုံ - အေအက်ဖ်ပီ

အောင်သာလင်း (ဘာသာပြန်)
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

ဝါရှင်တန်- 'လ'ပေါ်တွင် ပထမဆုံး ခြေချခဲ့သော လူသားအဖြစ် ကျော်ကြားခဲ့သည့် အမေရိကန် အာကာသယာဉ်မှူး နေးအမ်းစထရောင်း ကွယ်လွန်သွားကြောင်း ၎င်း၏ မိသားစုက ဩဂုတ်လ ၂၄ ရက်တွင် ကြေညာသည်။

ထွန်းပေါက်အောင်မြင်သော စွမ်းဆောင်မှုများ၊ ရိုးသားကြိုးစားမှုများဖြင့် အာကာသခေတ် မျိုးဆက်သစ်တစ်ခုကို တွန်းအားပေးလှုံ့ဆော်ခဲ့သော အမ်းစထရောင်း (၈၂ နှစ်) သည် နှလုံးသွေးလွှတ်ကြောများ ပိတ်ဆို့၍ ဩဂုတ်လ အစပိုင်းလောက်က နှလုံးခွဲစိတ်ခံယူခဲ့ပြီးနောက် ကွယ်လွန်ခြင်းဖြစ်သည်။

အမည်မည်းစာရင်းပယ်ဖျက်တဲ့အပေါ် အမြင်များ


နောက်ဆုံးရေးသားချိန် 31 August 2012, 14:06 AEST

မြန်မာနိုင်ငံအစိုးရက ​မြန်မာ့ဒီမိုကရေစီလှုပ်ရှားနေတဲ့ ​ပြည်ပရောက် ​မြန်မာတွေနဲ့ နိုင်ငံခြားသားတချို့ကို ​အမည်မည်းစာရင်း ​Black ​List ​က ​ပယ်ဖျက်ပေးလိုက်ပြီး ​စာရင်းထဲ ​ပါဝင်သူတွေကို ​သမ္မတရုံးရဲ့ ​ဝဘ်ဆိုက်မှာ ​ဖော်ပြထားပါတယ်။ ​အစိုးရက ​Black ​List ​ထဲက ​တရားဝင် ​ဖယ်ရှားပေးခဲ့တာနဲ့ ​ပတ်သက်ပြီး ​အမြင်သဘောထားတွေကို ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​စုစည်း ​တင်ပြထားပါတယ်။ 
 လူ့ဘောင်သစ် ​ဒီမိုကရက်တစ်ပါတီ ​DPNSရဲ့ ​အဆွင်းရေးမှူး ​ကိုငွေလင်းက 
ကျနော်တို့က ​တိုင်းပြည်အတွက် ​အလုပ်လုပ်ကြတယ်၊ ​အတွေးအခေါ်အရ၊ ​အလုပ်အကိုင်အရ ​သူတို့နဲ့ ​မတူဘူး၊ ​မတူတဲ့အတွက် ​ကျနော်တို့ကို ​black ​list ​လုပ်ထားတာ၊ ​ပြောရရင်တော့ ​black ​list ​လုပ်တာကိုက ​ပထမ ​အချက်က ​သဘာဝမကျဘူးပေါ့ဗျာ၊ 

" မေတ္တာ၏အကျိုးကျေးဇူးများ "- (မေတ္တာအခါတော်နေ့ ဓမ္မဒါန )


by Young Buddhist's Association on Friday, August 31, 2012 at 8:30pm ·

  
စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… 
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။

အထင်ဖြင့် လွဲသည် ဖြစ်၍ (Photo Essay)


by Zay Ya on Friday, August 31, 2012 at 8:12pm


အသိ ပညာ ဟာ စာအုပ်ထဲ ရှိရုံနဲ့ မလုံလောက်ဘူး လို့ ပြောကြတယ်။ ဒါပေမယ့် အဲ့လောက်တင် မရသေးဘူး။ တွေးခေါ် နေရုံနဲ့ လည်း မလုံလောက်ဘူး လို့ ပြောရမယ်။ အသိပညာ မှတ်သားမှု အပေါ်သာ အခြေတည်ပြီး တွေးခေါ် ထားတဲ့ အသိမျိုး တွေ အများစု ရှိပါတယ်။

ABSDF မြောက်ပိုင်းကိစ္စ၊ ထွန်းအောင်ကျော်၊ အောင်နိုင်၊ စိုးလင်းနဲ့ ကျွန်တော်


by Eleven Media Group on Friday, August 31, 2012 at 4:17am ·

(Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ Facebook မှ ကူးယူဖေါ်ပြပါသည်။)
လွန်ခဲ့တဲ့ ၃-၄ နှစ်က စိုးလင်း(အနကလ ဒုဥက္ကဋ္ဌ)က ပြောတယ်။ အောင်နိုင်(အနကလ ဥက္ကဋ္ဌ)က ထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ) ကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ပစ်ခဲ့ တယ်။ ကျွန်တော့်ကိုလည်း ကိုနိုင်အောင်(ဒေါက်တာနိုင်အောင်)က ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖို့ ကြိုးစားတယ်ဆိုတော့ ကြားစက ယုံတောင် မယုံဘူး။

အယူသီးမှု၊ ကောလာဟလနှင့် သေနတ်ဥပဒေ


by Lu Cifer on Friday, August 31, 2012 at 9:05pm 

Bertil Lintner ~
 (၂၀၀၆ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီမဂ္ဂဇင်းမှာ Bertil Lintner ရေးခဲ့တဲ့ စာအုပ်ဝေဖန်ရေးဆောင်းပါးကို ဘာသာပြန်ထားတာပါ)
၂၁ ရာစု အကူးအပြောင်းက မြန်မာပြည်။
မိုနိခ်စကစ်ဒ်မိုး တည်းဖြတ်၍ ဟာဝိုင်အီ တက္ကသိုလ်က ပုံနှိပ်ထုတ်ဝေသည်။
၂၀၀၅ ခုနှစ်
စာမျက်နှာ-၃၀၄

မြန်မာပြည်အကြောင်း ပညာရပ်ဆိုင်ရာလေ့လာချက်သည် ရယ်စရာအဖြစ်အပျက်က ပိုများနေပြီး လက်တွေ့ နိုင်ငံရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာမှုက နည်းပါးနေသည် ။

“၂၁ ရာစု အကူးအပြောင်းက မြန်မာပြည်” စာအုပ်ဟာ နှစ်ပေါင်း လေးဆယ်အတွင်း မြန်မာပြည် ၏ နိစ္စဓူဝ ဘ၀အကြောင်း စာတမ်းများ ပထမဆုံးအကြိမ် စုစည်းဖော်ပြမှု လို့ ရည်ရွယ်ပုံရပေမယ့် အဲဒီလို ပြောတာဟာ နည်းနည်းတော့ ချဲ့ကားပြော တာပဲဖြစ်ပါလိမ့်မယ်။

01.09.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Friday, August 31, 2012 at 5:34pm ·

ရခိုင်မှ အိုးအိမ်မဲ့ ဒုက္ခသည်များအား သြစတြေးလျ တိုက်ရိုက်ကူညီမည်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၃ မိနစ် 
မဇ္ဈိမသတင်းဌာန ။        ။ သြစတြေးလျနိုင်ငံသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သည့် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် လူပေါင်း ၁၄,ဝဝဝ ခန့်အား လိုအပ်မည့် အခြေခံ ပစ္စည်းများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ အရေးပေါ် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁ သန်းကို မြန်မာနိုင်ငံသို့ ပေးအပ်မည် ဖြစ်သည်။
“အိမ်တွေကို စွန့်ခွါထွက်ပြေးပြီး အခုလောလောဆယ် ယာယီစခန်းတွေမှာ ခိုလှုံနေကြတဲ့ လူ ၁၄,ဝဝဝ အတွက် အရေးပေါ် အကူအညီအဖြစ် အဝတ်အစား၊ စောင်တွေ နဲ့ တခြား အခြေခံ ပစ္စည်းတွေ ဖြစ်တဲ့ ခြင်ထောင်၊ အိပ်ရာခင်း၊ ဆပ်ပြာလို ပစ္စည်းတွေကို ပေးအပ် ကူညီဖို့ ဖြစ်ပါတယ်” ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား Bob Carr က ဆိုသည်။

အကယ်ဒမီဆုများ ရုပ်ရှင် အစည်းအရုံး မှပေးတော့မည် ..။



မြန်မာနိုင်ငံရှိ ရုပ်ရှင်ကြည့်ပရိတ်သတ်များ စိတ်ဝင်စား မှုအများဆုံးဖြစ်သော အကယ်ဒမီဆုပေး ပွဲအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စ၍မြန်မာနိုင်ငံ ရုပ်ရှင်အစည်းနှင့်အနုပညာ လောကသားများကသာ ရွေးချယ်ပေး အပ်သွားတော့မည်ဖြစ်ကြောင်းသိရသည်။

ဖနာ


by Zay Ya on Friday, August 31, 2012 at 4:17am 


~ သူတော်စင် အဗူလ်ယာဇစ် ဟာ ဂျန္နသ် သုခဘုံ ကို ရောက်တော့ အဝင်ဝ တံခါးကို ခေါက်တယ်။ "ဘယ်သူလဲ" လို့ အတွင်းက အသံတော်နဲ့ ပြန်မေးတယ်။ အဗူလ်ယာဇစ် လည်း - "ကျွန်ုပ်ပါ အရှင်၊ အရှင့် တပည့်သားပါ၊ တပည့်တော် အရှင့်ထံ ရောက်လာ ခဲ့ပါပြီ" လို့ လျောက်တယ်။အဲ့တော့ - အသံတော်က - "ဒီမှာ နှစ်ယောက် အတွက် နေရာမရှိဘူး။ သင်က "ကျွန်ုပ်" လို့ ဆိုရင်၊ အဲ့ဒီ "ကျွန်ုပ်ကြီး" ထားခဲ့နိုင် ပြီးမှ ပြန်လာပါ။"

~ အဗူလ် ယာဇစ် လည်း ပြန်လှည့်လာခဲ့ရတယ်။ နောင်အတန်ကြာ မှ နောက်တစ်ခေါက် ထပ်သွားတဲ့ အခါ၊ အရင် အတိုင်းပဲ "ဘယ်သူ လဲ" လို့ မေးတယ်။ "အို ~ အရှင်၊ အရှင် ကိုယ်တိုင် သာ ဖြစ်ပါတယ်" လို့ ဖြေ တယ်။ အဲ့တော့ မှ ဝင်ခွင့်ရပါသတဲ့။

မြန်မာမိန်းကလေးများ အရှက်တရားနဲ့  အသိတရားရှိဖို့  ပိုမိုလိုအပ်နေပြီ~~~~~~~~။


လူကို ခွေးဖြစ်အောင်လုပ်မယ့် လွှတ်တော်လား။

ပါလီမန် ဒီမိုကရေစီ ၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခံရသည့် ဗြိတိန်နိုင်ငံ တွင် ပါလီမန် ဟု ခေါ်သည့် လွှတ်တော်က တိုင်းပြည်၏ အမြင့်ဆုံးအာဏာကို ကျင့်သုံးခဲ့ဘူးသည်။ ယင်းကို တင်စားပြောဆိုကြသည့်

စကားတခုရှိသည်။ "လူကို ခွေးဖြစ်အောင် မလုပ်နိုင်၊ ခွေးကိုလူဖြစ်အောင် မလုပ်နိုင်သည်ကလွဲ၍ ဗြိတိန်ပါလီမန်မလုပ်နိုင်တာ ဘာမျှမရှိ" ဟူ၍ဖြစ် သည်။ ယင်းကို ပါလီမန်လွှတ်တော်၏ အချုပ်အခြာဖြ
စ်မှု၊

အင်္ဂလိပ်ဘာသာဖြင့် Parliamentary Supremacy ဟု ခေါ်ကြ သည်။ ယခုမကျင့်သုံးတော့ပါ။ မြန်မာနိုင်ငံ၌ စစ်အစိုးရတည်ထောင်ဖွဲ့စည်းထားသောလွှတ်တော်သည် ဗြိတိန် ပါလီမန် က အချုပ်အခြာသဘွယ်

ကျင့်သုံးခဲ့သည့် ကာလကထက်ပို၍ပင် တန်ခိုးထွားကာ ဥပဒေစိုးမိုးရေးအခြေခံကို ပြောင်းပြန်လှန်လျှက် လူကိုခွေး ဖြစ်အောင် လုပ်တော့မည်လားဟူ၍ပင် စိုးရိမ်ဘွယ်အခြေအနေကို တွေ့နေရသည်။

အဘယ်ကြောင့်ပါနည်း။

သစ်ထူးလွင် သတင်း စုစည်းမှု (၃၁-၈)

သစ်ထူးလွင်



Thursday, August 30, 2012

အိမ်သာတစ်လုံး အလိုရှိသည်


by မင်းလူ၏ ၀တ္တုတိုများ on Thursday, August 30, 2012 at 4:57pm ·


"အိမ်သာ" ဆိုသော ဝေါဟာရ၏ အဓိပ္ပါယ်ကို တစ်ခါမျှ နက်နက်နဲနဲ မစဉ်းစားမိခဲ့ဖူးချေ။
            ဆိုးသွမ်းသောလူကို လူဆိုးဟု ခေါ်ကြသည်။ ရူးနေသောခွေးကို ခွေးရူးဟု ခေါ်ကြသည်။ သို့ဖြစ်လျှင် အိမ်သာဆိုသည်မှာ သာယာသောအိမ်ကလေး။

အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း (၁၇/နောက်ဆုံးအပိုင်း)


by ငြိမ်းအေးအိမ် on Thursday, August 30, 2012 at 1:38pm ·

ဖေါ်ပြပါ အချက်အလက်များကို စုခြုံကြည့်လိုက်လျှင် ကျွန်တော်တို့နိုင်ငံသည် နိုင်ငံလုံခြုံရေးကို ထိပါးနေသော အချက်အလက်များကတစ်ဘက်၊ ၂၁ရာစု ကမ္ဘာ့အ၀န်းအ၀ိုင်းက တောင်းဆိုနေသော (အချို့တောင်းဆိုမှုများသည် အကျိုးစီးပွားအတွက် မျက်နှာဖုံးစွပ်ထားလေ့ရှိကြောင်းကိုလည်း သတိမူမိကြဖို့လိုပါမည်။) လူသားအခွင့်အရေးဆိုသည်က တစ်ဖက်ကြားတွင် ညှပ်မိနေသော အခြေအနေဖြစ်ကြောင်းသုံးသပ်ရပါလိမ့်မည်။

(၈)
ဤစာတမ်းကို 2012ခု ဂျူလိုင်လာ ပထမပတ်အကုန်တွင် (လိုအပ်လာသည်ဟုထင်မြင်ယူဆ၍) စတင်ရေးသား ပါသည်။

31.08.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Thursday, August 30, 2012 at 3:30pm ·

ပါရာလမ်ပစ်ပြိုင်ပွဲ ဝင်နွဲနေတဲ့ မြန်မာ
လန်ဒန်မြို့မှာ ကျင်းပနေတဲ့ ၂၀၁၂ ပါရာလမ်ပစ် ခေါ် မသန်စွမ်းသူတွေရဲ့ အိုလံပစ် ပြိုင်ပွဲကြီးမှာ နိုင်ငံတကာက အားကစား သမားတွေနဲ့ အပြိုင် မြန်မာ အားကစား သမား တွေလည်း ဝင်ရောက် ယှဉ်ပြိုင် နေကြပါတယ်။
မြန်မာအားကစား အဖွဲ့က ရေကူးမှာ ကိုနိုင်စစ်အောင် နဲ့ ပြေးခုန်ပစ်ဘက်မှာ ကိုဝင်းနိုင်က လှံတံပစ် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။
ကိုနိုင်စစ်အောင်ဟာ ရေကူးမှာ ကမ္ဘာ့ အဆင့် ၉ မှာရှိနေပြီး အရှေ့တောင်အာရှ ပြိုင်ပွဲမှာ ရွှေတံဆိပ် ရရှိထားတဲ့ နိုင်ငံတကာ ပြိုင်ပွဲ တွေမှာ အောင်မြင်မှု ရထားတဲ့ အားကစား သမား တဦး ဖြစ်ပါတယ်။
အလားတူ ကိုဝင်းနိုင်ကလည်း အရှေ့တောင်အာရှ ရွှေတံဆိပ် ရရှိဖူးတဲ့ ဘေကျင်း ပါရာလမ်ပစ် မှာလည်း ယှဉ်ပြိုင်ဖူးတဲ့ အားကစား သမား တဦးဖြစ်ပါတယ်။

သူ့ဘူးသီးပုတ်နေတယ်။ ငါ့ဘူးသီးက လတ်တယ်ဟေ့။


by Than Saw on Thursday, August 30, 2012 at 4:01am 

ဒီနေ့ပိုစ်တ်တစ်ခု ဖတ်လိုက်တဲ့ အခါ ဒီပို့စ်တ်နဲ့ ပတ်သက်ပြီး ရေးခြင်စိတ်က သဲဝဲ ရေဝဲ ပေါက်သလို မထိန်းနိုင်မသိမ်းနိုင် ကုတ်ခြင်ဖဲ့ခြင်တဲ့ စိတ်က တဖွားဖွားပေါ်လာတယ်။ ဝဲအတင်း တုတ်တယ်လို့ လည်း ပြောနိုင်ပါတယ်။
ဆရာမလုပ်စဉ်က စာမေးပွဲအဖြေလွှာထောင်ပေါင်းများစွာကို အထက်က မဖျက်မနေရဆိုပြီး အမိန့်ထုတ်လို့ ဖျက်ခဲ့စဉ်က အတွေ့အကြုံကို သတိရမိလို့ပါ။ ကိုယ်လစာ တလ ကျပ်၃၂၀လောက်ရတဲ့ တာဝန် အရလုပ်ရတဲ့ တပတ်တခါ ကျူတိုရီရယ် စာဖျက်ခြင်းဘဲ လုပ်ခဲ့တယ်။ လုပ်လိုခဲ့တယ်။ 
  
စာမေးပွဲကြီးမှာ အချိန်ပိုင်း ဆရာ ဆရာမပေါက်စတွေ သိပ်လုပ်ခြင်တဲ့ အဖြေလွှာတစောင် တကျပ် အဖြေလွှာ ၁၀၀၀ ကို ကျပ် ၁၀၀၀ ပေးပြီး စာဖျက်ခိုင်းတာတောင် ကိုယ်အင်မတန် ဆင်းရဲသော်လည်း ဆရာလုပ်စ နှစ်အနည်းငယ်အတွင်းမှာ မလုပ်ဘူးဆိုပြီး အတင်းငြင်းခဲ့တယ်။

အဓိပ္ပါယ်ရှိသောနေ့ များ


by Ba La on Wednesday, August 29, 2012 at 11:50pm 

ကျွန်တော့် လက်ထဲမှာ အလှူငွေ 720400 /- ကျပ် လက်ခံ ရရှိထားတယ် ။

စထွက်ခဲ့တုန်းကတော့ ဘာလှူရမှန်းကို မသိဘူးဗျာ အဟုတ် ... စဉ်းစားသွားတာတော့ ဆန်ပေါ့  
သူက အဓိက လိုမယ်လေ ဒါကြောင့် ကျွန်တော့် ရှိတဲ့ ပိုက်ဆံလေးနဲ့ ထိထိရောက်ရောက်လုပ်နိုင်မယ့် လုပ်ငန်းလေးကို ကားပေါ်မှာ စဉ်းစားလာမိတယ် ။

သံစုံမြည်တဲ့ဟန်းဖုန်းလေး


by Myo Myint Thwe on Wednesday, August 29, 2012 at 8:59pm 

                   
 ငယ်ငယ်တုန်းက အော်ဟစ်ဆိုခဲ့ဖူးတဲ့ကဗျာအပိုင်းအစလေးတစ်ခု ပြန်ပြီးဆိုဖြစ် နေပါတယ်။ ပြီးခဲ့တဲ့တစ်ရက်သားမှာတော့ စက်ရုံကင်တင်းမှာ နေ.လည်စာ ထမင်းစားချိန်မှာ စက်ရုံက သန်.ရှင်းရေးအမျိုးသမီးတစ်ယာက်ရဲ. အားပါးတရပြောလိုက်တဲ့ စကားကို ကြားလိုက်ရတာကြောင့် ကျမတို. ထမင်းဝိုင်းမှာပြုံစိစိနဲ.ဖြစ်ခဲ့ရပါတယ်။

ဖုန်ထဲက မှန်


by Zay Ya on Thursday, August 30, 2012 at 8:03am

ဝမ်းတွင်း ကျွတ်ကာစ အကလေးငယ်လေး တစ်ယောက် ကို ကြည့်ရင်၊ ချစ်စရာ ကောင်း တာ တွေ့မယ်။ ကြည်လင် ရှင်းလင်း နေ တာ တွေ့မယ်။ ဘာလို့ ဆို - သူ့မှာ အတိတ် ဆိုတဲ့ ဝန်ထုပ် ရှိမနေ ဘူးရယ်။ အတိတ်ရဲ့ သင်ကြားမှု၊ မြူတိမ် မရှိတဲ့ သူ့ အတွက် ဘယ် အနာဂတ် ကို မျှော်တွေး နေမိမလဲ။ ဒါ့ကြောင့် ပေါ့ပါး နေတယ်။ ဖြူဖြူ မဲမဲ၊ ပိန်ပိန် ဝဝ - မွေးကင်းစ ကလေးငယ် ကို မြင်ရင် - လူကောင်း ဖြစ်စေ၊ လူဆိုး ဖြစ်စေ ချစ်ခင်စိတ်၊ နှစ်လိုစိတ် ရှိတတ် ကြတယ်။

အတိတ် ရဲ့ မြူတွေ ဖယ်လာခဲ့ပါ။ အညစ်အကြေး တွေ ရှင်းခါ ထုတ်ပစ် လာခဲ့ပါ။ ကြည်လင် နေ တဲ့ သန္တာန် ဖြစ်ရှိနေ သူ မိမိ ဟာ အဲ့ ကလေးငယ် နဲ့ တူနေမှာပဲ။ အသိစိတ် ကို ကြေးမုံနဲ့ တင်စား ပြီး ဘယ်မြူမှ မကပ်ညိအောင် - သုတ်သင် တိုက်ချွတ်နေသူ ဟာ ဘာဝနာ ပြုသူ ဖြစ် ပါတယ်။ စက္ကန့် တိုင်းမှာ အတိအကျ သေဆုံး တယ်။ ခဏတိုင်း မှာပဲ အသစ် အသစ် ပြန် မွေးဖွား နေတယ်။


ဒီလိုမှ မဟုတ်ဘဲ၊ နှစ်ပရိစ္ဆေဒ ကြာမြင့်အောင် ဖုန်အလိမ်းလိမ်း ကပ်တွယ် နေပြီး၊ တစ်လွှာပြီး တစ်လွှာ ထပ်ဆင့် လာတဲ့ အခါ - ကြည်လင်နေ တဲ့ ငယ်စဉ်အခါက ကြေးမုံပြင် ဟာ စုန်းစ မြုပ်စ ပျောက် သွား ခဲ့တယ်။ အဲ့ဒီ နောက်ပိုင်း - ဒီလူ ဘာလုပ် နေမလဲ။ ချမ်းမြေ့မှု ၊ ကြည်လင်မှု အတွက် ဟိုမှာ ဒီမှာ လက်ဝါးဖြန့် ယူဖို့ ကြိုးစား နေတော့တယ်။ ငွေတွင်း ပေါ် ထိုင်နေပါလျက်နဲ့ အခြား ကို မျှော်ပြီး တောင်းရမ်း နေတဲ့ သူတောင်းစား တွေလို၊ မိမိ ချမ်းမြေ့မှု အတွက် အခြားသူ ဆီမှာသာ ရှာဖွေ နေတာ ဖြစ်ပါတယ်။

ဘယ်အတိုင်းအတာအထိ စွပ်စွဲ ပြစ်တင်ကြမည်လဲ


by ပြည်သူ့ခေတ် on Tuesday, August 28, 2012 at 11:24pm ·


၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော် အာဏာအရပ်ရပ်ကို အစိုးရသစ်သို့ လွှဲပြောင်းပေးအပ်ပြီး မိမိတို့ အဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခြင်းနှင့်အတူ မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် အာဏာပိုင်စနစ် ချုပ်ငြိမ်း၍ အာဏာပြိုင်စနစ် စတင်ခဲ့သည်။

Thomas Edison



Thomas Edison...  သူကို အခုကနေ နောက်ပြန်ရေတွက်ရင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ကျော်လောက်က Milan, Ohioမှာ မွေးဖွားခဲ့တယ်။

ငယ်ငယ်ကတဲက စပ်စုတတ်လွန်းခဲ့တယ်။ သူ့အသက် ၃ နှစ်ကျော်မှာ သူအိမ်က ကြက်မကြီးက ကြက်ဥတွေကို ဘာကြောင့်ဝပ်သလဲ၊ ဘာလိုအကောင်ပေါက်သလဲသိချင်လို့ ကြက်မကြီးကို ဖယ်ပြီး သူက အဌားဝပ်ပေးသတဲ့..

နောက်ပြီး စပါးကျီထဲကို လှည်းတွေနဲ့ စပါးတွေ သယ်ထည့်တာကို ကြည့်ပြီး စပါးတွေ စပါးကျီထဲမှာ ဘယ်လောက်ရှိမလဲ တက်ကြည့်တာ စပါးကျီထဲ လိမ့်ကျဖူးတယ်။ ပျားအုံကို လေ့လာတာလွန်လို့ ပျားတုပ်ခံရတာလည်း အကြိမ်မနည်းဘူးတဲ့။

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ


by ဂျူး - Ju on Wednesday, August 29, 2012 at 10:52pm ·


မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမ ဘယ်ကိုပဲ သွားသွား အားကစားအင်္ကျီတံဆိပ် ကောင်းကောင်း တစ်ခု၊ အမျိုးအစား ကောင်းကောင်းတစ်ခု တွေ့ရင် သူ့ကို အားကစားမှန်မှန် လေ့ကျင့်စေချင်တဲ့ စိတ်နဲ့ သူ့အတွက် ဝယ်လိုက်မိတတ်တယ်။ ဝယ်လိုက်တော့လည်း သူ့ကိုယ်ခန္ဓာ အရွယ်အစားကို ခန့်မှန်းတဲ့ နေရာမှာ အလွန်မှန်ကန် နေလေ့ရှိတယ်။ ဖိနပ်တစ်ရန် ဝယ်ရင်တောင်မှ ဖိနပ်က သူ့ခြေထောက်နဲ့ အတော်ပဲ။

မောင်ဝါဝါနှင့် ဖေ့စ်ဘုတ် နေ့လည်ခင်း


by ရသစာပေအနုပညာဘလော့ဂ် on Thursday, August 30, 2012 at 12:09am ·

- သူရဿဝါ -

ဒီနေ့ ရုံးပိတ်ရက် ဆိုတော့ ထုံးစံအတိုင်း မောင်ဝါဝါ အိမ်မှာ မနေဘဲ သူငယ်ချင်း ဖြစ်သူ မယ်ဆူး၏ အိမ်ကို အလည် သွားမည်ဟု ဆုံးဖြတ် လိုက်သည်။ “ဆူးမ .. နင့်ဆီငါ လာလည်မယ် .. နေ့လည်စာ ကျွေးပါ” ဟု အွန်လိုင်းမှ နေ၍ လှမ်းပြော လိုက်သည်။ သိပ်မကြာ .. မယ်ဆူး၏ ဖေ့စ်ဘုတ် ဝေါလ်ပေါ်တွင် စတေးတပ်စ် တစ်ခု ချက်ချင်း တက်လာသည်။

ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ် ။


by ကိုဝိုင် ဝိုင်ကေ on Thursday, August 30, 2012 at 6:55am



ဒီနေ့ ကျုပ်အသက် ၈၃ နှစ် ရှိပြီ။ နှစ်ပေါင်း ၆ဝကျော် ၇ဝ နီးပါး လောက်က အကြောင်းတွေကို တစ်ခါ တစ်ခါ ပြန်တွေးမိတယ်။ တစ်ပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတဲ့နေ့။ အမှောင်ကြီး ကျခဲ့တဲ့နေ့။ ကျုပ် အသက် ၁၇ နှစ်သားလောက်ရှိပြီ။ တက္ကသိုလ်ဝင်တန်း တက်နေတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၈)

သစ်ထူးလွင်



ကျောက်ခေတ်တမ်းချင်း


ပြောင်းလဲခြင်းကြောင့် 
မိဘအမွေလယ်ခင်းကို လွမ်းရတော့မယ်။

တိုးတက်ခြင်းကြောင့်
ရွာနံဘေးက တောတန်းလေး ပြောင်ရှင်းသွားတယ်။

Wednesday, August 29, 2012

ကိုယ်ရယ်...မေမေရယ်... ကျောင်းစိမ်းဝတ်စုံလေးရယ်....


by Linn Yaung on Wednesday, August 29, 2012 at 2:23am ·


ထမင်းစားပြီးတော့ ကိုယ် ပန်းကန်တွေ ဆေးတယ်။
ဟင်းကျန် ထမင်းကျန်တွေကို အကုန်သွန်ပစ်ပြီး ပန်းကန်ဆေးရတာပေါ့။
မေမေက ဟင်းအကပ်အသပ်တွေထားခဲ့ရင် မကြိုက်ဘူးလေ။ ဖွားဖွားရှိတုန်းကတော့ ထမင်းကြမ်းကျန်အောင် တမင်တောင်ပိုချက်ရသေးတယ်။

ဂျီမေးလ်ကို 2 step verification method နဲ့ကာကွယ်ခြင်းနည်းလမ်း (အပိုင်း ၁)


by သက်တန့်ချို on Wednesday, August 29, 2012 at 3:39am ·

ဒီနည်းလေးကတော့ ဂျီမေးလ်အကောင့် Hack မခံရအောင်ကာကွယ်တဲ့ အကောင်းဆုံးနည်းလမ်း တစ်ခု ဖြစ်ပါတယ် ။  ။ အဓိကကတော့ ကိုယ့်ပါ့စ၀ပ်ရိုက်တာမှန်တာတောင် verification code ထပ်ထည့်မှ ပွင့်တာဖြစ်တဲ့အတွက် အလွယ်တကူ Hack လို့မရနိုင်သလို ကိုယ့်ဂျီမေးလ်ကို အကောင်းဆုံးကာကွယ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ် ။

လင်ကွန်းဧ။် ' မ ' ဆယ်လုံး




၁။ ချွေတာစုဆောင်းခြင်းကို အားမပေးပဲ မချမ်းသာနိုင်ပါ ။

၂။ အားကြီးသူတွေကို အစိတ်စိတ် ခွဲခြင်းဖြင့် အားငယ်သူများကို မကူညီနိုင်ပါ ။

၃။ အားကြီးသူကို အားပျော့အောင်လုပ်ခြင်းဖြင့် အားနည်းသူကို အားပြည့်လာအောင် မလုပ်နိုင်ပါ ။

ဒေါက်တာတုတ်ခိုင်


by မင်းလူ၏ ၀တ္တုတိုများ on Wednesday, August 29, 2012 at 1:30pm ·


တကယ်ဆိုလျှင် ဆရာဝန်တစ်ယောက်၏ဆေးခန်းအတွင်းမှာ စူးရှသောအရက်ပြန်နံ့၊ မွှန်ထူသော ဘားပလက်ထိုးဆေးနံ့၊ စိမ်းရွှေရွှေ ကာဘော်လစ်ဆီ ပိုးသတ်ဆေးနံ့များသာ ကြိုင်လှိုင်ဖုံးလွှမ်းနေသင့်သည်။ ခုတော့ ဒီလိုမဟုတ်။ ဆေးခန်းနှင့် ဘယ်လိုမှမပတ်သက်သော ခဲညှော်နံ့များသာ ပျံ့လွင့်ထွက်ပေါ်လာနေ လေသည်။

အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း (၁၄)


by ငြိမ်းအေးအိမ် on Wednesday, August 29, 2012 at 10:23am ·

1-11-83 နေ့စွဲဖြင့် တင်ပြသူ-ကြည်း (၉၇၉၁) ဗိုလ်မှူးလှမြိုင်၊ အမှတ်(၉၂)ခြေလျှင်တပ်ရင်း၏“နိုင်ငံခြားသားများ ၀င်ရောက်မှုနှင့် ရခိုင်ပြည်နယ်မှ ဖြစ်ရပ်အခြေအနေအချို့” အမည်ရှိ တင်ပြချက်၊ အပိုဒ် (၉)(၁၀) တို့တွင် ပါရှိသော အချက်များသည်လည်း 1983ခုနှစ်ဝန်းကျင်၏ မောင်တောမြို့နယ် နယ်စပ်ဒေသ၏ ပကတိအနေအထားများဖြစ်သည်ကို တွေ့မြင်ရသည်။       ( http://minus.com/lqjqQCiM2pKlp)
မူရင်းဖေါ်ပြချက်မှာ အောက်ပါအတိုင်းဖြစ်၏။

30.08.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Wednesday, August 29, 2012 at 6:45pm ·

နိုင်ငံရေးအမှုလိုက် ရှေ့နေကို ထောင် ၆ လ ချ
မြန်မာနိုင်ငံက တရားစီရင်ရေးအပေါ် ထောင်ပြဝေဖန်မှုများ ဆက်ရှိနေ
ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး ကနေ နိုင်ငံရေး အကျဉ်သားတွေ အတွက် ရှေ့နေလိုက်ပေးဖူးတဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဦးစောစောကျော်မင်းကို တရားရုံး အနှောက်အယှက်ပြုမှုနဲ့ ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

နှလုံးသား ဒိုင်ယာရီ (၁)


by Win Ko on Wednesday, August 29, 2012 at 6:52pm 

၂၀၀၂-ခုနှစ်နိုဝင်ဘာလ-တော်လှန်ရေးနယ်မြေတခုရဲ့အချုပ်ခန်းကျဉ်လေးထဲက လွတ်မြောက်လာတဲ့ကျနော်…သဘာဝရဲ့လေပြေအေးအေးလေးကို အငမ်းမရ တရှိုက်မက်မက် 
ရှုသွင်းရင်း ခေါင်းအထက်က ပျံသွားတဲ့ငှက်ကလေးကို ငေးမောရင်း ငါလည်မင်းလိုလွတ်လပ်ပြီကွလို့ စိတ်ထဲကကြုံးဝါးလိုက်မိ…………။
စိုးရိမ်စိတ်အပြည့်နဲ့စောင့်မျော်နေမယ့် မိသားစုရှိရာအသိုက်အမြုံကို သုတ်ခြေတင်ပြီးပြန်လာခဲ့တယ် ဆိုပါတော့...
အိမ်အဝင် လှမ်းမြင်လိုက်ရတဲ့မြင်ကွင်းက ရင်ကိုနင့်ကနဲဖြစ်သွားစေပြန်တယ်.. ဇနီးသည်ရဲ့မျက်ခွံကမို့လို့အစ်လို့ ငိုရလွန်းလို့ ထင်ပါရဲ့….။

အံ့သြလွန်းလို့ သေတော့မယ်


by Salai Ayehtan Ayete on Wednesday, August 29, 2012 at 6:33am 

By ကောင်းဆက်နိုင် 
အပြီးအပိုင် နှုတ်ဆက်ပါတယ်

ဒီလကစပြီးစာပေစိစစ်ရေးရပ်ဆိုင်းလိုက်ပြီဆိုတဲ့ မင်္ဂလာသတင်း ကြားရပါတယ်။ တကယ်တော့ စာပေစိစစ်ရေး အပါအ၀င် ဆင်ဆာဆိုတာဟာအာဏာရှင်တို့၏ မင်းမြောက်တန်ဆာငါးပါးထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ဘယ်လိုမူဝါဒနဲ့ ရည်ရွယ်ချက်အကြောင်းပြပြအာဏာရှင်တို့ရဲ့ အာဏာကိုမထိပါးဖို့ကအဓိကပါပဲ။
ဒီမိုကရေစီနဲ့ ဆင်ဆာဆိုတာလည်းဘယ်လိုမှ မအပ်စပ်၊ မဆီလျော်တဲ့ ဆန့်ကျင်ဘက် အရာတွေပါပဲ။ ဆင်ဆာမရှိရင် ယဉ်ကျေးမှု ပျက်စီးကုန်မယ်လို့ ခြောက်လှန့်မှုတွေ သောကပွားတာတွေလည်းရှိနိုင်ပါတယ်။ ဒါပေမဲ့ မစိုးရိမ်ကြပါနဲ့၊ ဆင်ဆာကိုအစဉ်သာ နှုတ်ဆက်လိုက်ကြပါတော့လို့၊ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား၊ အပြီးအပိုင်သာထားရစ်ခဲ့ကြပါလို့ တိုက်တွန်းချင်ပါတယ်။

"မြန်မာပြည်မြောက်ဖျားပိုင်းမှ မျိုးတုန်းပျောက်ကွယ်တော့မည့် အန္တရယ်ကို ရင်ဆိုင်နေရသည့် သကျသာကီ ဟု ခေါ်ဆိုနိုင်မည့် ထရုံလူပုလေးများအကြောင်း"



တစ်ခါတစ်ခါ သာကီမျိုးဟေ့ တို့ဗမာဆိုပြီးပြောတတ်ကြတယ်လေ၊ သာကီမျိုးဆိုတာ ဘာကြောင့်ခေါ်တာလဲ သိသင့်တယ်လဲထင်လို့ပါ၊
ဟိုးကမ္ဘာဦးအစကပါ၊ တိတိကျဆိုရင်တော့ သြက္ကာက မင်းကြီးလက်ထက်လို့ပြောလို့ရမယ်ထင်ပါတယ်၊ အဲဒီမင်းကြီလက်ထက်မှာ သာကီဝင် လူမျိုးရယ်လို့ဖြစ်လာမဲ့ မင်းသားေ
တွ မင်းသမီးတွေကို တိုင်းပြည်ကနေနှင်ထုတ်လိုက်ပါ တယ်၊ နှင်ထုတ်ထိုက်တော့ ကျွန်းတောကြီးတစ်ခုထဲမှာ ရသေ့တစ်ပါးရဲ့ညွှန်ပြမှုနဲ့ မြို့တော်ကြီးတည် ပါတယ်၊

အမွေပြတ်စွန့်လွှတ်ခြင်း



မကြာမကြာ တွေ့နေရတဲ့ စကားစုလေး တစ်ခုကိုဖတ်မိတိုင်း ကျွန်မခေါင်းထဲကို အတွေးစတွေ ၀င်လာတတ်လေ့ရှိပါသည်။ အမွေပြတ်စွန့်လွှတ်ခြင်း  ဆိုတဲ့ ခေါင်းစဉ်လေးတွေကို သတင်းစာတွေထဲ မကြာခဏဆိုသလို ကျွန်မဖတ်မိရတတ်ပါသည်။
ဖတ်မိတိုင်း ၀င်လာမိတဲ့ အတွေးလေးတွေကတော့ ရင်နှစ်သည်းချာ သားသမီးတွေကို အမှန်တစ်ကယ် ပြတ်နိုင်ကြလို့လား။ ဒါမှမဟုတ် တဒင်္ဂကရုဏာ ဒေါသတွေကို မထိန်းနိုင်ကြလို့ ထည့်ကြခြင်းမျိုးလား ။ ခဏခဏတွေးဖြစ်ပေမယ့် သေချာတိကျတဲ့။

စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင်မှာ တိုးတက်မှုရရှိနိုင်ခြင်း


Posted by Language Republic on August 29, 2012 at 13:36 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာSend Message   View Discussions

စာဘယ်လောက်ဖတ်သလဲပေါ်မူတည်ပြီး အင်္ဂလိပ်စာ အဆင့်အတန်း ကွာသွားပါတယ်။ စာဖတ်နည်း သူတွေ၊ လုံးဝစာမဖတ်သူတွေဟာ အင်္ဂလိပ်စာလည်း အားနည်းတတ်ကြတယ်။ စာအများကြီးဖတ်သူတွေ ဟာ အင်္ဂလိပ်စာမှာလည်း အဆင့်မြင့်မြင့် တတ်မြောက်လေ့ ရှိကြတယ်။

စာဖတ်တယ်ဆိုတာ ဘ၀တစ်သက်တာ ရရှိနိုင်တဲ့ အရေးကြီးဆုံးကျွမ်းကျင်မှုတွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်တယ်။ စာဖတ်ရတာကို အလုပ်တစ်ခုလို မြင်တဲ့သူတွေ ရှိပေမယ့် အဲဒီလို သဘောထားတာ မှားယွင်း ပါတယ်။ စာဖတ်တာကို ဖျော်ဖြေရေးလည်း ဖြစ်သင့်ပါတယ်။ စာဖတ်ရတာ ပျော်တယ်ဆိုပြီး စာဖတ်ဖို့ မျှော်လင့်နေတာမျိုးဖြစ်သင့်ပါတယ်။ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု တိုးတက်ဖို့ကတော့ စာမဖတ်လို့ မရပါဘူး။ စာဖတ်ဝါသနာပါရင်တော့ ကောင်းပါတယ်၊ မပါရင်တော့ အင်္ဂလိပ်စာတတ်ဖို့ အခွင့်အလမ်း နည်းသွားပါမယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၈)


သစ်ထူးလွင်


မျက်ကန်း မျိုးချစ်


by Mar Ga Luelin on Wednesday, August 29, 2012 at 12:02am ·


ခဏနောက် ခဗျားပါးစပ်ကိုပိတ်
ဆိတ်ဆိတ်လေး နေပေးစမ်းပါ
မျက်စိကန်းပြီးမျိုးချစ်ဖို့မဆိုနဲ့
ကိုယ့်ဟာကိုယ်တောင် မျိုးချစ်လား မချစ်လား အသေအချာမသဲကွဲ . . .

Tuesday, August 28, 2012

“မျောက်ပုံပြင်”


- နိုင်ငံတော်တည်ဆောက်ရေး (state building) ဖြစ်စဉ်တွင် လွှတ်တော်နှင့်အစိုးရ ၂ ကဏ္ဍမျှဖြင့် တည်ဆောက်၍မရ။ လွတ်လပ်မျှတသောတရားစီရင်ရေးမရှိသမျှ ဥပဒေစိုးမိုးမှုမရှိ (rule of law)။ ဥပဒေစိုးမှုမရှိသမျှ ကောင်းမွန်သောအုပ်ချုပ်မှု (Good Governance) ဟူသည် အိမ်မက်မျှသာ။ အုပ်ချုပ်ရေးသမားများနှင့် လွှတ်တော်အမတ်များမှ လွတ်လပ်သောတရားစီရင်ရေးကို မည်မျှတန်ဖိုးထားသနည်းဟူသည့်မေးခွန်းသည် နိုင်ငံပြုခေါင်းဆောင်ပီသခြင်းမပီသခြင်းအတွက် အဆုံးအဖြတ်လည်းဖြစ်သည်။
 
- အမှန်တကယ်တော့ လွတ်လပ်၍အြဇာလောင်းရိပ်ကင်းသော တရားစီရင်ရေးစံနစ်ဟူသည် လှပသောဥယျဉ်တစ်ခုကို ပြုစုပျိုးထောင်ရသကဲ့သို့ ဖြစ်၏။ သင့်တင့်မျှတသော နေ၊ရေ၊လေကိုရရှိစေရန်နှင့်ပိုးမွှားရောဂါကင်းစင်စေရန် အစဉ်ထာဝရ ဂရုစိုက်နေမှသာလျှင် လှပသော ဥယျာဉ်တစ်ခုကိုပိုင်ဆိုင်နိုင်၏။ လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှု၊ အြဇာလွှမ်းမိုးမှု၊ ခြိမ်းခြောက်မှုစသည်တို့ ရှိနေသေးသရွေ လွတ်လပ်သောတရားစီရင်ရေးကို မတည် ဆောက်နိုင်။

လမ်းလည်း လမ်း၊ ပန်းလည်း ပန်းတိုင်


by Zay Ya on Tuesday, August 28, 2012 at 7:28pm 


ဘာဝါဒ အကြောင်း ပြောနေတာလဲ လို့ ခင်ဗျားက မေးတဲ့ အခါ - ကျနော် ပြန်ဖြေရမှာက ~ ဝါဒ၊ ဒဿန အကြောင်း ပြောနေတာ မဟုတ်ဘူး။ နည်းလမ်း ကို ပြောနေတာ သာ ဖြစ်ပါတယ်။ အဲ့ဒါကို ရှင်းအောင် ထပ် ဖြေဖို့ က နည်းနည်း လျာရှည်ရမယ်။

စမတ်ဖုန်းကင်မရာ megapixels မြင့်တိုင်း ဘာကြောင့် ပုံထွက်မကောင်းတာလဲ


by Internet Journal on Tuesday, August 28, 2012 at 9:09pm ·


ယနေ့ခေတ်မှာ စမတ်ဖုန်းရဲ့ ကင်မရာစွမ်းဆောင်ရည်ကို megapixels နဲ့ တိုင်းတာနေမှုကို မေ့လိုက်သင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ အရောင်းရဆုံး စမတ်ဖုန်းဖြစ်တဲ့ Galaxy S II ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းဖြစ်ပြီး quad-core နဲ့ Android Ice Cream Sandwich အသုံးပြုထားတဲ့ Samsung Galaxy S III မှာ 8-megapixel ကင်မရာပါဝင်ပေမယ့် ထင်သလောက် ပုံထွက်ကောင်းမွန်ခြင်းမရှိတာကြောင့် ဖြစ်ပါတယ်။.
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...