Monday, April 30, 2012
တံခါးခေါက်၍ ဝင်လာသူ
by Wai Maw on Monday, April 30, 2012 at 10:55pm 
ကျနော်တို့ ကျေးလက်တောရွာတွေမှာ တွေ့မြင်ရတတ်တဲ့ ဓလေ့တခုရှိပါတယ်။ အဲဒါက အိမ်တအိမ်ကို သွားပြီဆို အိမ်ထဲမဝင်ခင် အိမ်ခြံပေါက်ဝ (ဒါမမဟုတ်) အိမ်တံခါးဝနားမှာ ရပ်ပြီး “ဘယ်သူ ဘယ်ဝါရေ.. ငါလာပြီဟေ့” လို့ အသံပြုပြီးမှ အိမ်ခြံဝင်းထဲ (သို့) အိမ်ထဲကို ဝင်ရောက်တတ်တဲ့ ဓလေ့ ပါ။
ကျနော့် ဒေါ်လေးတယောက်ဆိုရင် ဆွေမျိုးရင်းချာအိမ်ပဲဖြစ်ဖြစ်၊ အင်မတန်ရင်းနှီးတဲ့ အိမ်ပဲဖြစ်ဖြစ် အဲဒီလို အသံပြုပြီး ဝင်ထွက်သွားလာလေ့ ရှိပါတယ်။ ကျနော်တို့အိမ်ကို လာတဲ့အခါတိုင်းလည်း “အမေလေးရေ... ငါလာပြီဟေ့” လို့ အိမ်နဲ့မနီးမဝေးကနေ အမေ့ကို အသံပေးပါတယ်။
ငယ်ငယ်တုန်းကတော့ ဒေါ်လေးရဲ့လုပ်ရပ်ကို ကျနော် နားမလည်နိုင်ပါဘူး။ ဒေါ်လေးနှယ်.. အပိုဆာဒါးတွေ များလိုက်တာ ကိုယ့်အစ်မ အိမ်လာတာကိုပဲ... တိတ်တိတ်လေး ဝင်လာရော ဘာဖြစ်မှာမို့လည်း ပေါ့။
အရွယ်လေး ရောက်လို့ စဉ်းစားဆင်ခြင်တတ်လာတဲ့အခါကျမှ ဒေါ်လေးလုပ်ရပ် မှန်တယ်လို့ တွေးမိလာတယ်။ ဒါဟာ သတိရှိတဲ့လုပ်ရပ်၊ ဆင်ခြင်တုံတရားရှိတဲ့ လုပ်ရပ်လို့ နားလည်စပြုလာတယ်။
နိုင်ငံ့အနာဂါတ် (သို့) အလုပ်သမားနေ့အတွက် အဖြေမရှိသေးသော ပုစ္ဆာတစ်ခု
by Naing Htoo Aung on Monday, April 30, 2012 at 8:55pm 
ဒီလိုစာမျိုး ပြည်တော်ပြန်ခရီးက ပြန်ရောက်ရောက်ချင်း ရေးခဲ့ဖူးတယ်ဗျ။
စပြီးတော့ သတိထားမိတာကတော့ ရန်ကုန်မှာဆိုင်ခွဲတွေ အများကြီးဖွင့်ပြီး အကြီးအကျယ် လုပ်ငန်းလုပ်ကိုင်နေတဲ့ တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်ကြီး တစ်ဆိုင်ရဲ့ ဆိုင်ခွဲတစ်ခုမှာ ထိုင်စားနေရင်းနဲ့ပါ။ စားသောက်ဆိုင်မှာ လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းလောက်က အသက် ၁၅နှစ်အောက် ကလေးတွေနဲ့ လုပ်ကိုင် လည်ပတ်နေတာပါ။ မြန်မာစကား လည်လည်ဝယ်ဝယ် မပြောတတ်တဲ့ ကလေးတွေက ခုံသုတ်၊ ပုဂံသိမ်းကနေ စပြီးတော့ လည်လည်ဝယ်ဝယ် ဖြစ်လာကြတဲ့ ကလေးတွေက ငွေသိမ်း စာပွဲထိုး လုပ်ကြရတာပါ။ ဆိုင်တစ်ဆိုင်ကို အယောက်လေးငါးဆယ်တော့ ရှိမယ်မှန်းမိပါတယ်။ ဆိုင်ခွဲတွေ အများကြီးဖွင့်ထားတော့ ကလေးပေါင်းက သူ့အလုပ်မှာတင် မနည်းဘူးဆိုရမှာပါ။
အဲဒါနဲ့ ဆက်စပ်ပြီးတော့ စဉ်းစားမိတာက လက်ဖက်ရည်ဆိုင်တွေပါ။ ရန်ကုန်တို့၊ ပဲခူးတို့၊ မန္တလေးတို့ကစလို့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ လက်ဖက်ရည်ဆိုင်ဆိုတာက တစ်ရပ်ကွတ် တစ်ရပ်ကွတ်ကို လေးငါးဆိုင်လောက် ရှိကြတာပါ။
ကလေးတို့၏ ထူးဆန်းသော အမူအကျင့် များ
 ကလေးတို့ သည် ချစ်စဖွယ်ကောင်း ကြသလို ထူးဆန်းသော အပြု အမူများကို လည်းလုပ်ဆောင် တတ်ကြသည်။ ၄င်းတို့ ၏ ဦးနှောက်နှင့် အာရုံကြော စနစ်များ သည် အပြည့် အဝဖွံ့ဖြိုးမှု မရှိကြသေးသလို ဘဝ အတွေ့အကြုံလည်း သုညပင်ဖြစ် သည်။ ထို့ကြောင့်လူကြီးများ ဖြစ်ကြသော ကျွန်ုပ်တို့အတွက် အဓိပ္ပါယ် မရှိသော ကိစ္စ များအား ပြုမူကြ သည်မှာ မဆန်းပါ။ ကလေး၏ တစ်နှစ်အတွင်းသို့မဟုတ် ကလေး ဘဝ တစ်လျှောက်ပြုလုပ် တတ် သော အမူအကျင့် ခုနစ်ခုအကြောင်းကို သင်သိသွားပါက သင့်ကလေး အတွက် စိုး ရိမ်ပူပန်မှု များ အထိုက်အလျောက် လျော့ ကျသွားပါလိမ့်မည်။
ထူးဆန်းသော အမူအကျင့်(၁) လိင်အင်္ဂါများအား ကိုင်တွယ်ခြင်း
သင့်ကလေး (ယောကျာ်းလေး) ရှူး ရှူးပေါက်လိုက်၍ သို့မဟုတ် အဝတ်အ စားလဲရန်အဝတ်များချွတ်၍ ကိုယ်လုံးတီး ဖြစ်သွားပြီဆိုပါစို့။
တတိယ စက်မှုတော်လှန်ရေး
ပထမ စက်မှုတော်လှန်ရေးက ၁၈ ရာစု နှောင်းပိုင်းမှာ အထည်အလိပ် စက်ရုံတွေနဲ့ ဗြိတိန်မှာ စတင်ခဲ့ပါတယ်။ ဒီ့အရင်က ချည်ထည်တွေကို ယက္ကန်းရုံတွေမှာ လက်နဲ့ ပင်ပင်ပန်းပန်း လုပ်ကြရပါတယ်။ အဲဒီနောက်မှ ချည်ထည် စက်ရုံလေးတစ်ခု စဖြစ်လာပြီး၊ အခြားစက်ရုံတွေလည်း မှိုလိုပေါက်လာပါတယ်။  
ဒုတိယစက်မှုတော်လှန်ရေးကို ၂၀ ရာစု အစပိုင်းမှာ ဟင်နရီဖို့ဒ်က လုပ်ငန်းငယ်တွေရဲ့ အစိတ်အပိုင်းတွေ ပေါင်းစပ်တပ်ဆင်မှု (assembly line) စီမံကွပ်ကဲပြီး စတင်ခဲ့ပါတယ်။
01.05.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Monday, April 30, 2012 at 4:09pm 
Abdulhadi al-Khawaja အတွက် ဆန္ဒပြကြသူများဘာရိန်း ဆန္ဒပြသူကို ညှင်းပမ်း စော်ကားမှုတွေရှိ
ဘာရိန်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ဒီမိုကရေစီ ရေး တောင်းဆို ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့ သူ Abdulhadi al-Khawaja ရဲ့ အမှုကို ပြန်တရားစီရင် မယ် ဆိုပြီး ဘာရိန်း တရားရုံးတခု ကနေ အမိန့် ထုတ်ပြန်လိုက် ပါတယ်။
Abdulhadi al-Khawaja ရဲ့ အမှုကို ပြန်သုံးသပ် မယ်ဆိုတာက သူ့ကို စစ်ဖက် တရားရုံး ကနေ ထောင် တသက်တကျွန်း ချထားတဲ့အမှု ကို အရပ်ဖက် တရားရုံးမှာ ပြန်ပြီး စစ်ဆေးမယ် လို့ဆိုတာပါ။
အခုသူတို့အားလုံးရဲ့ အမှုကို ပြန်လည် သုံးသပ်မယ်ဆိုတာ အောင်မြင်မှု သေးသေးလေးတခုလို့ ပြောရင်တောင် တကယ်တော့ သိပ်ထူးခြားမှုတော့ မရှိနိုင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ အမှုစစ်နေတဲ့ ကာလအတွင်း Abdulhadi al-Khawaja ကိုဆက်ပြီး ဖမ်းထားဦးမှာပါ။
Nationality လူမျိုး - (မောင်သာနိုး)
by Lu Nga Tay on Monday, February 20, 2012 at 2:01am 
  • Nationality
I have grown past hate and bitterness
I see the world as one
Yet though I can no longer hate
My son is still my son
All men at God's round table sit
And all men must be fed
But this loaf in my hand
This loaf is my son's bread.
အဓိပ္ပာယ်ကို ကြည့်ရအောင်။ ခေါင်းစဉ်က Nationality တဲ့။ ' လူမျိုး ' လို့ အကြမ်းဖျဉ်း မြန်မာလိုပြောရမှာပဲ။ ဒီ ခေါင်းစဉ်ဟာ ကဗျာတစ်ပုဒ်လုံးရဲ့ ဆိုလိုချက်အတွက် အရေးကြီးကြောင်း သတိပြုပါလေ။
၂၀၁၂ ခုနှစ်၊ မေဒေးနေ့အတွက် ထုတ်ပြန်သော မြို့ပြလိင်လုပ်သားများစာတမ်း
by Ko Phoe Phyu on Monday, April 30, 2012 at 5:48am 
တိုင်ရီ ဖိနပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း
Tai Yi Shoes Factory
Basic Labour Organization
ရုံး - အမှတ်-၁၈၅၊ ၃-လွှာ၊ (ညာ) ဘက်၊ အတွင်းခန်း၊ အခန်း (၂)၊ ၃၈-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၁-၃၈၉၂၉၆
၂၀၁၂ ခုနှစ်၊ မေဒေးနေ့အတွက် ထုတ်ပြန်သော
မြို့ပြလိင်လုပ်သားများစာတမ်း      
အလုပ်ရှင်အလုပ်သမား ဆက်ဆံရေး
                အနှိပ်သည် အလုပ်သမလေးတွေဟာ အနှိပ်ခန်းပိုင်ရှင်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေကြပါတယ်။ နေရေး၊ ထိုင်ရေး၊ စားသောက်ရေးကအစ အနှိပ်သည် အလုပ်သမလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိ အနှိပ်ခန်းပိုင်ရှင်တွေက လွှမ်းမိုးမှုရှိနေကြ ပါတယ်။
ဒီမိုကရေစီရဲ့ ကောင်းကျိုးတခုတော့ လက်တွေ့ ခံစားလိုက်ရပါပြီ
by Lwin Aung Soe on Monday, April 30, 2012 at 1:05pm
ပြည်ပသို့ အိမ်အကူအဖြစ် စေလွှတ်ပါက ထိရောက်စွာ အရေးယူမည် ဆိုတဲ့ ဆောင်းပါးကို The Voice weekly မှာ ဖတ်ရတော့ သိပ်ကို ဝမ်းသာသွားပါတယ်။ မြန်မာတွေဟာ အိမ်ဖော် အဆင့်အတန်း မဟုတ်ဘူး ဆိုတာကို ပြသနိုင်လိုက်တဲ့ နိုင်ငံဂုဏ်ပါပဲ။ နိုင်ငံခြားတိုင်းပြည်တွေမှာ မြန်မာအလုပ်သမားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာမျိုး မဖြစ်ရအောင် ကြိုတင်ကာကွယ်ပေးတဲ့ သဘောလည်း ဖြစ်သွားပါတယ်။
ချစ်ဇနီး နှင့် ကျွန်တော်
by Kyaw Lwin San on Monday, April 30, 2012 at 2:06pm
ချစ်ဇနီး ။ ။.......ဟိတ်..လူကြီး..
ချစ်ဇနီး ။ ။.......ဟိတ်..လူကြီး..
ကျွန်တော် ။ ။...ဟေ...ဘာတုန်း..ဟ...
ချစ်ဇနီး ။ ။ ခေါ်နေတာ  မကြားဘူးလား..
ကျွန်တော် ။ ။ ကိုယ့် ..ခေါ်မှန်းမှ ..မသိတာ...ကွာ..
ချစ်ဇနီး ။ ။..အံမယ်...ရှင့် ကို ကျုပ် က ဘယ်လိုခေါ် ရ မှာ တုန်း...
ကျွန်တော် ။ ။ မန္တလာသား ညီလေး ကတော့...ကိုကြီးခန့်...တဲ့....
ချစ်ဇနီး ။ မန္တလာသား..ဆိုတာ..သင်္ကြန်တုံးက..လာမယ်ပြောပြီး..မ..လာတဲ့..တစ်ယောက်လား..
ကျွန်တော် ။ ။ သူ့ ခင်မျာ..တကယ်လာ မ လို့ ပါကွာ..လေတိုက်ပြီး ဘန်ပါ ပြုတ် သွား လို့ပါကွ..
ချစ်ဇနီး ။ ။ လေ တိုက်တယ် ဆိုတာ သူ့ အပြောလေ.. တကယ် ကော ဟုတ်လို့ လား...ရှင်
ကျွန်တော် ။ ။ တကယ်ပါကွ.ဟိုနေ့က..မန္တလေးက ရှိုး ပွဲ လာသွားတော့ လေတိုက်တာ..ပြသေးတာပဲ.
ချစ်ဇနီး ။ ။ အင်း....အဲဒီ အဆိုတော် မြင်မှ  ဟို.... အကြောင်း ပြန်သတိရသေးတယ်..
ရွေးကောက်ပွဲ ဒီမိုကရေစီမှ လစ်ဘရယ် ဒီမိုကရေစီသို့ (၁) (၂) (၃) (၄)
အင်တာနက်ပေါ်မှ တစ်ဆင့် အနမ်းချင်းဖလှယ်နိုင်သော ကိရိယာကို ဂျပန်ကျောင်းသားတစ်ဦး စတင်
ဝေးကွာနေသော ချစ်သူစုံတွဲများ အင်တာနက်ပေါ်မှ တစ်ဆင့် နှုတ်ခမ်းခြင်း ထိကပ်နမ်းနိုင်သော ကိရိယာတစ်ခုကို သိပ္ပံဘွဲ့ရ ဂျပန်ကျောင်းသား တစ်ဦးက တီထွင်လိုက်ကြောင်း Daily Mail သတင်း အရ သိရသည်။ အဆိုပါကိရိယာလေးသည် အသက်ရှူထုတ်ခိုင်း၍ အရက်သေစာ သောက်စားထားခြင်း ရှိမရှိ စစ်ဆေးရန် ယာဉ်ထိန်းရဲများ အသုံးပြုကြသော breathalyser ကိရိယာနှင့် ဆင်တူသလို ခလုတ်ခုံလေးတစ်ခုနှင့် ပါးစပ်အတွင်း ငုံရသော ကော်ချောင်းတစ်ချောင်း ပါရှိသောကြောင့် ကလေးရေဘူးတစ်ခုနှင့်လည်း ဆင်တူသည်ဟု ဆိုနိုင်သည်။
web sites များ( ဧဒင်ဥယျာဉ်မှ)
www.sickgoldfishcare.com
အိမ်တွင်းအလှမွေးမြူလေ့ရှိကြသည့် ရွှေငါးကလေးများနှင့်ပတ်သက်သည့်အကြောင်းအ 
 1.      www.mcpamyanmar.com မြန်မာနိုင်ငံ ကွန်ပျူတာပည်ရှင်များ အသင်း၏၀က်ဆိုဒ် )
  2.      www.getnetwise.com( အင်တာနက် ကိုလုံခြုံစွာသုံးစွဲနိုင်ရေးအတွက် လမ်းညွှန်ပေးတဲ့ဝက်ဆိုဒ် )
  3.      www.computerhope.com ( ကွန်ပျူတာနှင့် ဆိုင်တဲ့ software/ hardware ပြသနာပေါင်းစုံ ဖြေရှင်းတဲ့ ၀က်ဆိုဒ် )
  4.      www.tizag.com ( ၀က်ဆိုဒ်ရေးသားချင်သူတွေအတွက်အသုံးဝင်မယ့် ဆိုဒ် ) 5.      www.webteacher.com ( ၀က်ဆိုဒ်အခြေခံဗဟုသုတတွေ ကိုယ်ပိုင်ဝက်ဆိုဒ်စာမျက်နှာတစ်ခုပြုလုပ်ပုံတွေ ရှင်းပြထားတဲ့ ၀က်ဆိုဒ် )
  6.      www.elo-godsign.com ( လိုဂို အကောင်းဆုံး လင့် 300 ကျော်ကို စုစည်းပေးထားတဲ့ ဆိုဒ် )
  7.      www.photobucket.com ( ဗီဒီယိုတွေကို တင်နိုင် ၊ ကြည့်နိုင်တဲ့ ဆိုဒ် )
The Silence of the Lambs ၊ က္ကတ္ထိယ၀ါဒ၊ ဖူးကိုး ၊ ဒီလူးစ် ရှုထောင့်မှ လေ့လာချက် -
by မင်းခက်ရဲ (Min Khet Ye) on Saturday, January 28, 2012 at 3:36am ·
The Silence of the Lambs ၊ က္ကတ္ထိယ၀ါဒ၊ ဖူးကိုး ၊ ဒီလူးစ် ရှုထောင့်မှ လေ့လာချက်
            စိတ်ခွဲပညာရှုထောင့်ကနေ ရုပ်ရှင်တစ်ခုကိုလေ့လာမယ်ဆိုရင် အဓိက လေ့လာကြတာက  ထပ်တူစွဲခြင်း ၊  လူမှုအတ္တအပေါ်တည်ဆောက်ပုံတွေကို လေ့လာကြတယ် ။ ဒါမှမဟုတ် လည်း အဓိကထားဦးတည် ရိုက်ပြလေ့ရှိတယ် ။ ဂန္ထ၀င်ရုပ်ရှင်တွေမှာ ရိုက်ပြလေ့ရှိတဲ့ စိတ်ခွဲပညာရှုထောင့်က ရုပ်ရှင်သီအိုရီပါပဲ ။ က္ကတ္ထိယ၀ါဒသီအိုရီကတော့ လိင်ပိုင်းဆိုင် ရာ ကွဲပြားခြားနားမှုကို ရိုက်ပြလေ့ရှိတယ် ။ ဝေဖန်လေ့လာသူကလည်း ဒီလို လိင်ပိုင်ဆိုင်ရာကွဲပြားခြားနားကို လေ့လာတာပါပဲ ။ ဥပမာ ယောက်ျားနဲ့ မိန်းမကြားထဲမှာ ပါဝါဟာဘယ်လို မညီမမျှဖြစ်နေသလဲ ၊ ဒါမှမဟုတ် အဲဒီလို လိင်အရ ကွဲပြားခြားနားမှုကို ဘယ်လိုတည်ဆောက်ထားသလဲ ၊ထိန်းသိမ်းထားသလဲဆိုတာကိုလေ့လာကြ ၊ဖော်ပြကြလေ့ ရှိတယ်။ ဒါက ဂန္ထ၀င်ရုပ်ရှင်တွေမှာတွေ့ရတဲ့ က္ကတ္ထိယ၀ါဒဆိုင်ရာ အမြင်မျိုးပါ ။ ၁၉၇၅လောက်က လောရာမာဗေးရဲ့ အက်ဆေး “ Visual Pleasure and Narrative Cinema “ အက်ဆေးမှာကတည်းက က္ကတ္ထိယ၀ါဒ ရုပ်ရှင်သီအိုရီတွေဟာ ရုပ်ရှင်ကြည့်တဲ့နေရာမှာ မိန်းမရုပ်ရှင်ကြည့်သူရဲ့ သာယာမှုဟာ ဘယ်လိုရရှိလာနိုင်သလဲ ၊ ဘယ်လိုပေးရင်ကောင်းမလဲ ဆိုတာကို စဉ်းစားလာကြပါတယ်။   
မြန်မာပြည်မှာ ၁၁ ရက် (တတိယပိုင်း)
ကျနော်တို့ ထိုင်းမြန်မာ နယ်စပ်ကလာတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တွေဟာ ရန်ကုန်မှာ နောက်ထပ် နှစ်ရက် အချိန်ဖြုန်းခဲ့ရပါတယ်။
အဲဒီ နှစ်ရက်အတွင်းမှာ မြန်မာ့နိုင်ငံရေးမှာ အထင်ကရ ပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဦးအေးသာအောင်နဲ့ ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့ရဲ့ ဆွေးနွေးမှုက အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။
Sunday, April 29, 2012
တာဝန်နှင့် ၀တ္တရား
(ဆောင်းပါးရှင် အရှင်ဥက္ကဋ္ဌ)
စာရေးသူ စာသင်တိုက်ကြီးတစ်ခုတွင် ပရိယတ္တိစာပေများကို သင်ကြားစဉ်အခါက တာဝန်နှင့် ၀တ္တရား ဆိုသည့် စကားနှစ်လုံး၏ ခြားနားချက်ကို တိုက်အုပ်ဆရာတော်ကြီးထံမှ ယခုကဲ့သို့ မှတ်သားခဲ့ဖူးသည်။ တာဝန် ဆိုသည်ကို တာ နှင့် ၀န် ဟူ၍ နှစ်ပုဒ်ခွဲပြီး တာ ဆိုသည်မှာ ပေးအပ်သည့် အလုပ်တစ်ခုကို လုပ်ကိုလုပ်ရမည်ဟူသည့် ကန့်သတ်ချက် သဘောမျိုးဖြစ်ပြီး၊ ၀န် ဆိုသည်မှာ လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ၀တ္တရား ဆိုသည်မှာ မိမိလုပ်လိုသည့် ဆန္ဒမရှိလျှင် မလုပ်ပဲနေလို့ရသည့် သဘောဆောင်လေသည်။ ဆိုလိုသည်မှာ အဖွဲ့စည်းတစ်ခုအတွင်း ရာထူးနေရာ ပေးအပ်ခံထားရ၍ဖြစ်စေ၊ နည်းလမ်းတစ်မျိုးမျိုးဖြင့် မိမိကိုယ်တိုင်က ရာထူးနေရာရယူထား၍ဖြစ်စေ ယင်းအဖွဲ့အစည်းနှင့် မိမိပတ်ဝန်ကျင် တိုးတက်ကောင်းမွန်ရေးအတွက် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ၀ါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်ဆောင်ရမည့် တာဝန်ရှိပေသည်။ အကြောင်းမှာ ရာထူးနဲ့ တာဝန်ကို ရယူထားခြင်းကြောင့် ဖြစ်သည်။ ပါဠိစာပေများတွင် အာဂတော စ ဘာရော အ၀ဿံ ၀ဟိတဗ္ဗော၊ ကျရောက်လာသည့် တာဝန်၊ ပေးအပ်လာသည့်တာဝန်ကို မုချထမ်းဆောင်ရမည် ဟုပါရှိသည်။ အကယ်၍ မထမ်းဆောင်လိုလျှင် သို့တည်းမဟုတ် မိမိ၏ ရပ်တည်ချက်များနှင့် မကိုက်ညီလျှင် တာဝန်ကို အစကတည်းမှ မယူရန်ပင်ဖြစ်သည်။ ဘုရားအလောင်းတော် တေမိမင်းသားလေးသည် ရှင်ဘုရင်မဖြစ်လိုသဖြင့် ဆယ်ခြောက်နှစ် ကာလပတ်လုံး ဆွံ့အ ဟန်ဆောင်ကာ နေခဲ့ပြီး နောက်ဆုံးတွင် တောထွက်သွားခဲ့သည်။ 
““ဒို့ဘော်ဒါကြီးများ စစ်ထဲဝင်ရင်လေ... ””
by အဘ ဥက္ကာကိုကို on Sunday, April 29, 2012 at 12:17pm ·
(စိတ်မဆိုးဘူးဆိုလို့ ကျီစယ်လိုက်ပါတယ်။ တကယ်စိတ်မဆိုးရဘူးနော်...:P)
အခန်း(၁)
တောင်တန်းတွေက လှမ်းကြည့်မိလိုက်တိုင်း တမျှော်တခေါ် ရှည်လျားစွာမြင်နေရသည်။နွေအကုန်မိုးအကူး မို့ မြေသင်းရနံ့များ ကစိုစွတ်မှိုင်းမှိုင်း လေနှင့်အတူ ဝေ့သိုင်းသင်းပျံ့လျှက်ရှိဧ။်။ကောင်းကင်အာကာဝဠာတစ်ခွင်ထက်မှာ အနောက်တောင်အရပ်ဆီမှ ခရီးထွက်လာသော တိမ်စိုင်မည်းမည်းများက အုံကျင်းဖွဲ့၍ ရွေ့လျားနေကြလေသည်။
ကျမ်းလာမိန်းမတို့အကြောင်း
by Alex Falcon on Sunday, April 29, 2012 at 7:55pm
ချစ်သောသူငယ်ချင်းတွေအတွက် ကိုယ့်ချစ်သူ ကိုယ့်ရည်းစားကို ကျမ်းလာအဆိုအတိုင်းလေ့လာနိုင်ဖို့ တင်ပြပေးလိုက်ရပါတယ် ....
လောကီ ဣတ္ထိသျှတ္တရ အဆိုအရ မိန်းမအမျိုးအစားလေးမျိုးရှိသည်ဟု ဆို၏
(၁) ပဒုမ္မိနီ မိန်းမမျိုး- ခါးစည်း, ရင်ကျယ်, သေးသွယ်ချောမောသော လက်ချောင်းများ, အသားဖြူ, ကိုယ်ယနံ့ ကြာညိုကဲ့သို့မွှေး, ရသာချိုဧ သံသာမြည်ကြွေး, စက္က၀က်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။
(၂) သင်္ခနီ မိန်းမမျိုး- အသားညိုညက်, ကိုယ်ယနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ ၏, ရသာချဉ်၏၊ ဟင်္သာမကဲ့သို့ သွားလာ၏၊ လက်ချောင်းကြီး၏၊ မျက်နှာထူ လည်ကုတ်တို ရင်ကြားစေ့ , ဆံပင်နီ ရှိတတ်သည်၊ ကျားကဲ့သို့ ကြည့်တတ်သည် ဟူ၏၊၊
ကော့သောင်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံ သမ္မတထံပို့စာ
သို
့နိုင်ငံတော်သမ္မတ
နေပြည်တော်
အကြောင်းအရာ။ ။ ကော့သောင်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံအား လူနေရပ်ကွက်များနှင့်ဝေးရာသို့ ပြောင်းရွှေ့ပေးပါရန် သနားခံတင်ပြခြင်း။အထက်ပါအကြောင်းအရာနှင့် ပက်သက်၍
(၁)။ ကျွန်တော်၊ ကျွန်မတို့သည် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဂန္ဓ၀င်လမ်းနှင့် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ အနီးတစ်ဝိုက်တွင်နေထိုင်သူများဖြစ်ကြပါသည်။
(၂)။ ယခုတည်ဆောက်ထားသော ကျောက်မီးသွေးဓါတ်အားပေးစက်ရုံသည် ရွှေဝက်ဝံရေခဲစက်ရုံဝင်းအတွင်းတည်ရှိပြီး ဂန္ဓ၀င်လမ်းရှိ အိမ်များနှင့် (၁၀) ပေခန့်သာကျယ်သော ရေမြောင်းတစ်ခုသာခြားပါသည်။
(၃)။ လက်ရှိကော့သောင်းမြို့၏ မီတာခဈေးနှုန်းမှာ တစ်ယူနစ် (၄၃၀) ကျပ် (ရပ်ကွက်မီး -ထိုင်းဘတ်ငွေ၂၂ ဘတ်) ဖြစ်နေချိန်တွင် ၄င်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံမှ လျှပ်စစ်ဓါတ်အားကို (၂၀၀) ကျပ်ဖြင့်သုံးစွဲခွင့်ရမည်ဖြစ်သဖြင့် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြပါသည်။
(၄)။ လျှပ်စစ်မီတာခ တစ်ဝက်ကျော်အထိ သက်သာမည်ဖြစ်သော်လည်း စက်ရုံကို လူနေရပ်ကွက် အတွင်းတည်ဆောက်ထားသောကြောင့် ဘေးထွက်ဆိုးကျိုးများဖြစ်သော ပြာမှုန့်နှင့် မီးခိုးများ ရှုရှိုက်ရခြင်း၊အညှော်နံ့နံခြင်း၊ အသံဆူညံခြင်းနှင့် ပါတ်ဝန်းကျင်ညစ်ညမ်းလာပါက နောက်ဆက်တွဲနာတာရှည်ရောဂါများခံစားရနိုင်ခြင်းကြောင့် ရပ်ကွက်နေပြည်သူလူထုများမှာ အလွန်ပင် စိုးရိမ်ထိတ်လန့်နေကြရပါသည်။
ပါတီဖျက်သိမ်းခံရမည်ဟုကော်မရှင်မှသတိပေး
by Nay Wai on Friday, April 27, 2012 at 10:03pm
''မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်များ'' ညီနောင်ပါတီများနှင့် ပါတီအားလိုလားထောက်ခံသူများအား သဘောထား မှတ်ချက်တောင်းခံခြင်း”
အပိုဒ် - (က) ပါတီဝင်များအားလုံး နှင့်မိတ်ဆွေများခင်ဗျား - ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ရက် - ရက်စွဲ ၊ စာအမှတ် ၄/နငရ-မပတ(၂)/ကမရ ဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှမတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌထံ သတိပေးညွှန်ကြား စာတစ်စောင်၂၇ ရက်နေ့ ည ၇ နာရီခန့်က ရောက်ရှိလာပါသည် ။
အပိုဒ် (ခ) စာ၏ အကြောင်းအရာမှာ - ''ပါတီစာစောင်များရေးသားထုတ်ဝေရာတွင် တည်ဆဲဥပဒေချိုးဖောက်ရာ ရောက်သော ရေးသားမှုများမပြုလုပ်ရေး သတိပေးညွှန်ကြားခြင်း " ဟုခေါင်းစဉ်တပ်လာပါသည် ။ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ ''၂၁.၁၀.၂၀၁၂ရက်စွဲပါစာအမှတ် ၅-၄(၂၄)/၂၀၁၂ (၀၅၅) '' ကို ရည်ညွှန်းဟုဖော်ပြထားပါသည် ။
အပိုဒ် (ဂ) စာပါအကြောင်းအရာအပြည့်အစုံမှာ -
“ သင့်ကိုယ်သင် အတိုင်းအဆမရှိအောင်မြင်နိုင်သူလို့မြင်ပါ ”
တစ်ခါက လင်းယုန်ဥတစ်ဥဟာ ကြက်ဥတွေနားမှာ သွားပြီးသားပေါက်ပါတယ်။ ဒီလိုနဲ့ ကြက်တွေလုပ်သလိုမျိုး အမှိုက်တွေ၊ မြေကြီးတွေကို ကုပ်ခြစ်ပြီး အစာရှာပါသတဲ့။ ကြက်တွေလိုလည်း တွန်ပါသေးတယ်တဲ့ဗျာ။ ပျံရင်လည်း ကြက်တွေလိုပဲ ပေအနည်းငယ်လောက်ပဲပျံပါတယ်။တစ်နေ့မှာတော့ ကောင်းကင်ကိုမော့ကြည့်ရင်း လှပခန့်ငြားစွာပျံသန်းနေတဲ့ လင်းယုန်တစ်ကောင်ကို မြင်သွားပါတယ်။ ဒါနဲ့ ကြက်မကြီးကို မေးလိုက်ပါတယ်။
“ ဟိုးကောင်းကင်မှာ လှလှပပ ပျံဝဲနေတာ ဘာငှက်လဲ ”
“ လင်းယုန်လေကွဲ့ သူတို့က အမြင့်ပျံငှက်တွေပေါ့ မင်းက ကြက်ကလေးတစ်ကောင်ပဲလေ သူတို့လိုမပျံနိုင်ပါဘူး ”
ကြက်မကြီးပြောတာကို သူဘယ်တော့မှသံသယဖြစ်မသွားပါဘူး။ သူဟာ ကြက်ကလေးတစ်ကောင်လို့ပဲ ယုံကြည်နေပါတယ်။ ဒီလိုနဲ့ ကြက်တွေလိုပဲနေထိုင်သွားလိုက်တာ သေဆုံးတဲ့အထိပါပဲ။
ပညာရေးဒဿန -လစ်ဘရယ်ဒီမိုကရေစီ
ဂျွန်ရောလ် (John Rawls) ဟာ နှစ်ဆယ်ရာစု နိုင်ငံရေးဒဿနပညာရှင်တစ်ဦးပါပဲ။ ၁၉၇၁မှာ သူ့ရဲ့ ‘Theory of Justice’ စာအုပ်ကို ထုတ်ဝေတယ်။ ဒဿနပညာနဲ့ ပတ်သတ်လို့ အင်္ဂလိပ် အမေရိကန်တင်မကတော့ပဲ၊ ဥရောပတိုက်ကိုပါ နှိုးဆွလိုက်တယ်။
သူရဲ့ ဒဿနအမြင်ကို သဘောမတူတဲ့ ပညာရှင်တွေလည်း ရှိတယ်။ ဥပမာ သူ့လို ထင်ရှားတဲ့ ဒဿနပညာရှင်တွေထဲက ဆိုရရင် ရောဘတ်နော့ဇစ်နဲ့  မတ်အိုင်တိုင်းယာတို့ဟာ သူ့အမြင်ကို ဝေဖန်ကြပါတယ်။
30.04.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Sunday, April 29, 2012 at 3:05pm ·
ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံကို ရောက်ရှိ
မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို NLD ဥက္ကဌ နဲ့လည်း တွေ့ဆုံမယ်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ရှေ့တိုးဆောင်ရွက် နိုင်ရေး တွန်းအားပေးဖို့ အတွက် မြန်မာ နိုင်ငံကို ဒီကနေ့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။
မစ္စတာ ဘန်ဟာ မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
မှတ်စု (၁) (၂) (၃)
by Sat Paing on Sunday, April 29, 2012 at 4:20am 
ရာဇ၀တ်မှု အကြီးကြီး ကျူးလွန်ကြရအောင် ငုတ်တုတ်ထိုင်နေတဲ့ သူတစ်ယောက်ဟာ
မတ်တပ်ရပ်နေတဲ့ သူတစ်ယောက်ကိုတော့ ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး
ဇနီးတစ်ယောက်ကို အလိုမတူပဲ ၁၆ ကြိမ်စော်ကားခဲ့ ပြီးပြီ
အမေးအဖြေ ကဏ္ဍကို ကျောခိုင်းအပြီး။
“ဥပဒေအထက်တွင် မည်သူမျှမရှိ”
Written by မြင့်ငွေ(မော်ကျွန်း)| Sunday, 29 April 2012 07:33
သိပ်မကြာလှသေးသော အချိန်ကာလများအတွင်း ခေတ်စားနေသော လူပြောများနေသော စကားရပ်တစ်ခု ရှိသည်။
‘ဥပဒေအထက်တွင် မည်သူမျှမရှိ’ တဲ့။ ပြည်သူတို့၏ ရင်ကို လာထိသော စကားလုံးဟုပင် ဆိုရချေမည်။
ဝမ်းမြောက်စွာ ကြိုဆိုသင့်သော စကားရပ်ပင်။ စကားရပ်များ၊ အဆို အမိန့်များသည် ဖတ်၍ကောင်း၊ နံရံတွင် ကပ်ထား၍ ကောင်းသော်လည်း လက်တွေ့ အကောင်အထည် မဖော်နိုင်၊ မလိုက်နာနိုင်သောအခါ ထိုဆောင်ပုဒ်၊ ထိုအဆို အမိန့်၊ ထိုစကားရပ်တို့၏ တန်ဖိုး လျော့ကျ ရလေသည်။
မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား?
မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...
၁) မနှိုင်းနဲ့
“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက
ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို
တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ
မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား
တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။
၂) လျှစ်လျှူမရှူနဲ့
မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့
ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။
ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။
သိခဲ့ဖူးတဲ့ “ရိုဟင်ဂျာ”
by Seaman Nayminthu on Friday, April 27, 2012 at 11:36pm 
ကျနော် ရေတပ်တပ်ထိန်းမှာ အမှုထမ်းနေတုန်း တညမှာ ဓညဝတီရေတပ်စခန်းဌာနချုပ်က တပ်ကြပ်တဦးကို လူမှောင်ခိုကူးမှုနဲ့ ဖမ်းမိလာပြီး ကျနော်တို့တပ်က အချုပ်ခန်းထဲကို ရောက်လာတယ်။
သူရောက်ပြီး နောက်တညမှာ ကျနော်ရုံးစောင့်တာဝန်ကျနေချိန်... အရပ်ဝတ်ကုလား သုံးလေးဦးလောက် ခေါ်ဆောင်လာတာကို တွေ့ရပြန်တယ်။ အဲဒီထဲက တယောက်ကိုတော့ လက်ထိပ်ခတ်ထားတာ တွေ့ရတယ်။ ဓညဝတီရေတပ်စခန်းဌာနချုပ်က ဗိုလ်ကြီးတဦးက ဦးဆောင်ပြီး ခေါ်လာတာ..။ အဲဒီလူတွေဟာ ရွှေပြည်သာ မြို့သစ်မှာ နေထိုင်ကြတာလို့ သိရတယ်။
ဓရခ က ဗိုလ်ကြီးရယ် ကျနော်တို့တပ်က ဒုတပ်မှူး ဗိုလ်ကြီးရယ် ဒုတပ်မှူး အခန်းထဲမှာ တီးတိုးတီးတိုး တိုင်ပင်ကြတာကိုလည်း မြင်ရတယ်။ ကျနော်က ကိုယ်နဲ့တိုက်ရိုက် မပတ်သက်တော့ သူတို့ဘာလုပ်နေကြလဲ သိပ်စိတ်မဝင်စားမိပါဘူး။
About Me
by Kyaw Lwin San on Sunday, April 29, 2012 at 12:42pm 
တစ်နေ့သောအခါက...မိခင် တစ်ဦးသည် သူမ ၏ သား ကို
 အထပ်ခြောက်ထပ်ရှိသော..နေ့ကလေးထိန်းကျောင်းကြီး တစ်ကျောင်း သို့.
...သွားရောက် အပ်နှံသည်။
မြေညီ ထပ် ရုံးခန်းတွင် စာရင်းသွင်း အပ်နှံပြီး သူမ ၏ ကလေးကို ထားခဲ့သည်။
ညနေ ကျောင်းဆင်းချိန် ရောက်သော အခါ...သွားရောက်ကြိုဆိုပါသည်။
တာဝန်ခံ ဆရာမ က မိခင်အား သူမ ၏ ကလေးကို.. ကလေးများ ထားသော အပေါ်ထပ်
များတွင် သွားကြို ရန် လမ်းညွှန်လိုက်သည်။
VOA နှင့်တွေ့ဆုံမေးမြန်းခန်းမှ ဒေါက်တာ ၀ါကာအူဒင်အား ဦးသန်းလွင်ထွန်း ကိုယ်စား မေးမြန်းခြင်း။
by Yan Aung on Saturday, April 28, 2012 at 7:08pm 
ဧပြီလ ၂၁ ရက်နေ့က ဗီအိုအေသတင်းစာမျက်နှာမှာ ဒေါက်တာဝါကာအူဒင်နဲ့ ဦးသန်းလွင်ထွန်းတွေ့ဆုံမေးမြန်းတာကို ဖတ်လိုက်ရပါတယ်..။ အဲဒီဆွေးနွေးခန်းအတွက် ဦးသန်းလွင်ထွန်း က မီဒီယာသမားမပီသစွာ မမေးရဲ၊ မမေးခဲ့တဲ့အချက်တွေကို ဦးသန်းလွင်ထွန်းကိုယ်စား ကျွန်တော် မေးမြန်းပါ့မယ်..။ ဦးသန်းလွင်ထွန်း ၀ါကာအူဒင်နဲ့ အင်တာဗျူးနေတဲ့ ကိစ္စု၊ မေးမြန်းနေတဲ့ မေးခွန်းတွေဟာ.. ဘင်္ဂလီမဟုတ်တဲ့ ကိုယ့်နိုင်ငံထဲက လူမျိုးစုတိုင်းရင်းသားတွေရဲ့ အနာဂတ်၊ လူ့အခွင့်အရေးနဲ့ နောက်ဆက်တွဲအကျီုဆက် ဘယ်လောက်ဖြစ်လာနိုင်သလဲဆိုတာ သဘောပေါက်သင့်ပါတယ်.။
ဦးသန်းလွင်ထွန်း ပထမဆုံး မေးသင့်တာက…။  ရိုဟင်ဂျာဆိုတဲ့ .. နာမည်နဲ့ ရိုဟင်ဂျာတိုင်းရင်းသားတွေ စတင်ပေါ်ပေါက်လာပုံကို ပြောကြားစေလိုပါတယ်လို့ မေးမြန်းသင့်ပါတယ်..
မြန်မာပြည်မှစာ - ပန်းတွေနဲ့ဝေဖြာ သူ့ဆံကေသာ
Inline image 1
၂၀၁၂ခုနှစ် ဧပြီ ၁၆ ရက်ဟာ ကျွန်မမိခင် ဒေါ်ခင်ကြည် ရဲ့ တရားဝင်မွေးနေ့ဖြစ်ပါတယ်။ တရားဝင်လို့ ကျွန်မ ဘာကြောင့်ပြောရပါသလဲဆိုရင် သူ့ရဲ့အမျိုးသားမှတ်ပုံ တင်ကဒ်၊ နိုင်ငံကူးကဒ်နဲ့ အခြား ထင်ရှားတဲ့ စာရွက်စာ တမ်းများမှာ အဲဒီမွေးနေ့အတိုင်းပဲ မှတ်တမ်းတင်ရေး ထားလို့ပါပဲ။ တကယ်တန်းမှာတော့ တရားဝင်ရေးမှတ် ထားတဲ့ မွေးနေ့ထက် တနှစ်နောက်ကျပြီး မေမေဟာ မွေးဖွားခဲ့တာပါ။ စန္ဒြမာသ မြန်မာသုံးပြက္ခဒိန်ပါမွေးနေ့ မွေးရက်ကို ဂရိဂေါ်ရီယံ ကမ္ဘာသုံးပြက္ခဒိန်နဲ့ ညှိနှိုင်း ပြောင်းလဲရာမှာ မှားယွင်းခဲ့လို့ဖြစ်ပါတယ်။ ဒီမွေးနေ့ ရက်ကိုပဲ မေမေ့ရဲ့“ရာပြည့်”မွေးနေ့အဖြစ်ပဲ ကျွန်မသတ်မှတ်ပါတယ်။ ဒီအခွင့်အရေးကို အရယူပြီး ဘဝတလျှောက်လုံး အကျိုးပြုလုပ်ငန်းများမှာ နှစ်မြှုပ်ထားခဲ့ပြီး ထူးခြားတဲ့ ဂုဏ်သိက္ခာ မြင့်မြတ် ကြံ့ခိုင်မှုရှိ အမျိုးသမီးကြီးအနေနဲ့ ကျွန်မချီးကျူးဂုဏ်ပြု ကန်တော့လိုပါတယ်။ 
ရှင်အတူသေမကွာ (ဇနီးမောင်နှံလေးမျိုး)
by ဘဘကြီး ဘဘကြီး ဘဘကြီး on Saturday, April 28, 2012 at 1:28am 
ရေးသားသူ....ညခင်းနှင့်လမင်း | at Thursday, June 09, 2011 
ဇနီးမောင်နှံလေးမျိုး
(၁)လင်သူသေကောင် + မယားသူသေကောင်
လင်မယား နှစ်ဦးစလုံးသည် ငါးပါးသီလမရှိ၊ နှမြောတွန့်တို၏၊ ပေးကမ်းစွန့်ကြဲခြင်းမရှိ၊ မပေးမကမ်း မလှူဒါန်းရုံမျှမက အလှူခံရဟန်းတို့ကို အပြစ်ပြောကြသည်။ ဆဲရေးငေါက်ငမ်း ပြုကြသူများဖြစ်သည်။
(၂) လင်သူသေကောင် + မယားနတ်သမီး။
လင်မယားနှစ်ဦးတွင် လင်က သီလမရှိ၊ မယားက သီလရှိ၏၊ လင်ကနှမြောတွန့်တို၏၊ မယားက နှမြောမရှိ၊ ပေးကမ်းစွန့်ကြဲ လှူဒါန်းလေ့ရှိ၏။
ပုံပြင်ထဲကမိန်းကလေးလို ဆံနွယ်ရောင်းပြီး အိမ်ဝယ်နိုင်သူ...
ကိုပီတာရဲ့အတွေးပုံရိပ်များ
Posted: 28 Apr 2012 02:30 AM PDT
အသက် ၁၂ နှစ်အရွယ်ရှိ နာတာရှာမိုရာအက်စ်ဒီ အန်ဒရာဒီ ဟာ အရှည် ၅ပေ ၂ လက်မရှိတဲ့ ဆံနွယ်စုကြီးကိုပထမဦးဆုံးအကြိမ်အဖြစ် ဖြတ်ပေးခဲ့ ရတုံးက ၀မ်းနည်းငိုကြွေးခဲ့ ရပါတယ်...
Saturday, April 28, 2012
မိဘကျေးဇူး အကျေဆပ်နည်း
မိဘကျေးဇူးဆပ်ချင်သူများအတွက် အရှင်ဆန္ဒာဓိက၏ နို့နှစ်လုံးကျေပါတယ် စာအုပ်မှ ကောက်နှုတ်ပါသည်။
အမေ့နို့ဖိုးရော၊ အဖေ့လက်ရုံးဖိုးပါ ကျေအောင်ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်ဟာ မိဘကျေးဇူးအထူးသိ၊ အထူးဆပ်လိုတဲ့ သူတော်ကောင်းတိုင်းအတွက် အတုယူစရာ နမူနာစံပြ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ပါပဲ။
မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်က “ငါကတော့ ဘုရားမို့လို့ မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်တာ၊ သင်တို့ကတော့ သာမန်လူတွေမို့ မိဘကျေးဇူးကို ဘယ်တော့မှ ကျေအောင်ဆပ်နိုင်မှာ မဟုတ်ဘူး” လို့ လုံးဝမမိန်တော်မူခဲ့ပါဘူး။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...