Monday, October 31, 2011
နိုင်ငံ၏ နိုင်ငံရေးဘောဂဗေဒ (၁)
by Save Irrawaddy on Monday, October 31, 2011 at 8:46pm
နိုင်ငံရေးဘောဂဗေဒ ဆိုသည်မှာ နိုင်ငံရေးနှင့် ဘောဂဗေဒ အဆက်အစပ်ကို စီးပွားရေး ရှုထောင့်မှ သော်လည်းကောင်း၊ နိုင်ငံရေး ရှုထောင့်မှ သော်လည်းကောင်း သုံးသပ်ကြည့်ရှု၍ သဘောပေါက်သိမြင် နားလည်အပ်သော ဘာသာရပ်တစ်ခု ဖြစ်လေသည်။ ယခင်က သိထားသည်မှာ စီးပွားရေးသည် စီးပွားရေး သက်သက်၊ နိုင်ငံရေးသည် နိုင်ငံရေး သက်သက်ဟုသာဖြစ်သည်။ နိုင်ငံရေး စနစ်တစ်ခုနှင့် စီးပွားရေး ဆက်စပ်ပုံ၊ စီးပွားရေးနှင့် ပတ်သက်သော ပေါ်လစီ တစ်ခုသည် နိုင်ငံရေးအပေါ်မည်ကဲ့သို့သက်ရောက်မှု ရှိသည် ဟူသော နိုင်ငံရေး ကစားကွက် များကို ပိုမိုသိရှိလာခဲ့ရပါသည်။ ထို့ပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကျိုးစီးပွားအတွက် နှစ်ဖက်စလုံးအကျိုးရှိသည့် (Mutual Gain) ဖြင့် အပြန်အလှန် ကစားကြသည့် နိုင်ငံ တကာ နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်မှာလည်း အလွန်စိတ်ဝင်စားဖွယ်ကောင်းပါသည်။
ခွဲဝေမှု ပြဿနာ
ဖေမြင့်
ကျွန်တော်ငယ်ငယ်တုန်းက  အဝေမတတ်ဆရာငတ်ဟု မကြာခဏပြောဖူးကြ၏။
          သူများကို ပြောလိုက်၊ ကိုယ်လည်းအပြောခံရ၏။
          သမာရိုးကျစကားပြောရသော်၊ ကလေးတုန်းက ရိုးသားကြ၏။ သမာရိုးကျမဟုတ်သော စကားကိုဆို သော်၊ ကလေးတုန်းကတော့ နည်းနည်းဘဲ့သိ၏။  ‘ဝေ’သည် ဆိုတာအားလုံးအညီအမျှရအောင်ဖြန့်ဝေပေးခြင်း ဟု သူ့မူရင်းအဓိပ္ပါယ်အတိုင်း နားလည်၏။
          ထို့ကြောင့် အညီအမျှဖြစ်အောင်ခွဲဝေကြ၏။ ပြီးလျှင် ဘယ်သူ့ ဘယ်သူကိုမှပြောဆိုစရာမလိုသည့် တရားမျှတမှုသဘောအရ ဝေပုံချသူက နောက်ဆုံးမှရွေးရ၏။ ထို့ကြောင့်လည်း ကလေးတုန်းကမူသည် ခွဲဝေသူ သည် အနည်းဆုံးအပုံကို ရမြဲဖြစ်၏။ အဲဒါမှာမှ ဥပမာ-မုန့်ဆိုလျှင် လှီးတာ ချွတ်တာနေရာမကျလျှင် နည်းနည်း ပါးပါးမဟုတ်၊ များများကြီးသေးသည့်ပုံကိုမှ ဝေသူရ၏။
          ထို့ကြောင့် အဝေမတတ် ဆရာငတ်ဟု ဆိုလေ့ရှိကြခြင်းဖြစ်ပါသည်။    
  နည်းနည်းလေးကြီးလာသောအခါ ဆရာတို့ အငတ်မခံကြတော့ပေ။
တွေ့ဆုံဆွေးနွေးရေး၏ အဓိပ္ပါယ်
ကိုဝ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်တို့ သုံးကြိမ်တွေ့ဆုံဆွေးနွေးပြီးပါပြီ။ ဒီလိုတွေ့ ဆုံဆွေးနွေးရေးလုပ်နေတာရဲ့ အဓိပ္ပါယ် (ဒါမှမဟုတ်) ရည်ရွယ်ချက်က ဘာလဲလို့မေးခဲ့ရင် မေးဖို့ မလိုအပ်တဲ့ မေးခွန်းလို့ ယူဆစရာ ရှိပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးကတဆင့် ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေးကို လုပ်နေတယ်ဆိုတာကို ပြည်သူအားလုံးက သဘောပေါက်ကြပါတယ်။ ဒါကကျယ်ပြန့်တဲ့ အဆုံးသတ်ရည်မှန်းချက်ပါ လက်တွေ့လုပ်ငန်းသဘောအရ ပြောရမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံနိုင်တဲ့ နိုင်ငံရေးအင်အားစုနှင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်ခံတဲ့ နိုင်ငံရေးအင်အားစု တို့အကြား နှစ်ဖက်စလုံး လက်တွဲနိုင်တဲ့ အခြေခံ ရပ်တည်ချက်တစ်ခုကို ရှာဖွေဖော်ထုတ်နေတာပါ။
မိဘတို့အတွက် သားသမီးများပြုစုပျိုးထောင်နည်း ( နိဂုံးပိုင်း)
ခလေးတိုင်းသည် သူတို့ကိုချစ်ကြောင်းသိလျက် အလုပ်တွင်ပျော်ရွင်နိုင်ပါစေ။ သူတို့ကို ချစ်အောင်အလုပ်အကို အပင်ပန်းခံ၍ လုပ်ပြစေရန် မလိုအပ်ပါ။
မိဘအတွက် အကောင်းဆုံးစကား ၁၀-ချက် (ဆောင်ရန်)
          ချီးမွမ်းခြင်းသည် ကောင်းသောလက်နက်ကိရိယာတခု ဖြစ်သည်။ သင့်စကားများသည် သင့်ရင်သွေးကို လိမ္မာထူးချွန်၊ လူရည်မွန်ဖြစ်ရန်သော် လည်းကောင်း၊ ညှိုးနွမ်းခြောက်ကပ်၍ သေပွဲဝင်ရန်သော်လည်းကောင်း ကူညီပါလိမ့်မည်။ ထို့ကြောင့် ခလေးတို့သည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည်တို့ကိုပြုလုပ်နေကြောင်း အားပေးသော၊ ပံ့ပိုးသော အပြုသဘောသတင်းစကားများကို အမြဲမပြတ်ပြောကြားဖို့ ကြိုးပမ်းနေပါလေ။
မှားယွင်းမိသော အတွေးများ
by သက်တန့်ချို on Monday, October 31, 2011 at 4:46pm
လူရယ်လို့ ဖြစ်လာကတည်းက လူတိုင်းအတွေးမျိုးစုံ တွေးကြတာပါပဲ ။ ကျွန်တော်လည်း အပါအ၀င်ပေါ့ ။ အဲဒီအ ထဲကမှ ရယ်စရာကောင်းတဲ့အဖြစ်လေးတွေ ၊ သင်ခန်းစာ ယူစရာကောင်းတဲ့အဖြစ်လေးတွေကို ရေးသား ပါဦးမယ် ။ တစ်ခါတုန်းကပေါ့ ။ အဲဒီတုန်းက ကျွန်တော် ဆေးကျောင်း 1st year တက်နေပြီ ။ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ နိုင်ဇော်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် ။ သူကတော့  ငယ်ငယ်ရွယ်ရွယ်နဲ့စွံ တယ်လို့ပဲ ပြောရမလား ။ အရွယ်မတိုင်ခင် ၀န်ပိတယ်ပဲ ပြောရမလား ။ ၁၀ တန်းကတည်းက မိန်းမရနေပြီ ။
မြွေသူတော် မွေးကြမလား
by May Zaw Han on Monday, October 31, 2011 at 5:17pm
ရုံးပိတ်ရက်ရောက်ဖို့ အကြောင်းအမျိုးမျိုးနဲ့ …. စောင့်နေတဲ့ လူတွေကြားမှာ …. ကျွန်မလည်း ထိပ်ဆုံးက အပါဝင်ပေါ့ … ထိပ်ဆုံးကဆိုတာကတော့ … ဆန္ဓပြင်းပြတာကို ရည်ညွှန်းလိုက်တာပါ … ။ ရုံးပိတ်ရက်တိုင်း ဘာစိတ်ဖိစီးမှုမှ မရှိပဲ လွတ်လွတ်လပ်လပ် ကိုယ့်ဘ၀ကိုယ် အချိုးချခွင့်ရတာကြောင့်ပါပဲ … ။ ရုံးပိတ်ရက်တိုင်း တစ်နေကုန်တနေခမ်း ဘာမှ မစားမသောက်ပဲ အိပ်တတ်သလို ၊ တစ်ခါတစ်လေ … ရွာရိုးကိုးပေါက် လျှောက်သွားနေတတ်တာပါပဲ ….. ။
မနေ့က ရုံးပိတ်ရက်လည်းဖြစ် ရာသီဥတုကလည်း သာယာတာကြောင့် … တစ်နေကုန်အိပ်မယ့် စိတ်ကူးကိုပြောင်းပြီး ….. ဟိုးနားဒီနားသွားခဲ့ပါတယ် ….. ။
မြန်မာ့သမိုင်းကြောင်း သက်သေရှိခဲ့တဲ့ ... တရုပ်အတွင်းသဘော။
Thorn Nay Soe created a doc.
မြစ်ဆုံကိစ္စမှာ ကျွန်တော်တို့တွေ တရုပ် (အစိုးရ) ကို လန့်သွားခဲ့ပါတယ်။ ဒီ့နောက်မှာ တရုပ် (အစိုးရ)အကြောင်းတော်တော်ပြောဆိုလာ ကြချိန်မှာ ဘင်္ဂလားနယ်က လေလွင့်လာသူတွေကိစ္စက ရှေ့တန်းရောက်လာပြန်တယ်။ သယ်ဆောင်လာသူက BBC.ဒေါသတွေဖြစ်ရင်းနဲ့ ပဲ ကျွန်တော်တို့ကန့်ကွက်ကြရပြန်တယ်။ ကျွန်တော်လည်း အဲဒီဘင်္ဂလားက ကျူးကျော်သူတွေအကြောင်း တော်တော်ပြောဖြစ်လိုက်ပါ တယ်။ ဒါပေမဲ့ မျက်ခြေပြတ်သွားလို့ မဖြစ်တဲ့ အရာတွေရှိနေသေးကြောင်း လည်း... ကိုယ့်ကိုယ်ကို သတိပေးနေမိတယ်။
၁) ကချင်သွေးချင်းတွေကိစ္စ။
၂) တရုပ်လွှမ်းမိုးနိုင်မှုအခြေအနေ
၃) ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး 
၎) ဘင်္ဂလားဒေ့ရှ်ကလာလုနေတဲ့ မြန်မာ့ရေပိုင်နက်ကိစ္စ ... ကိစ္စတွေက အများကြီးပါပဲ။
۩۞۩♥ အစိုးရ၏အဓိပ္ပါယ်နှင့်အဓိပ္ပါယ်ရှိသောအစိုးရ♥۩۞۩♥
by Hlaing Bwa on Sunday, September 4, 2011 at 6:45am
အုပ်ချုပ်ရေးပေါ်ပေါက်ခြင်း
မနုဿဗေဒပညာရှင်များ၏အလိုအရ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံသောင်းလောက်ကစပြီး လူဟာ
မရှိသလို အုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေများလည်း မရှိခဲ့ပါ။ သို့ သော် လွန်ခဲ့သော နှစ်ပေါင်း
တသောင်းလောက်ကစပြီး အာရှမိုင်နား (Asia Minor) နဲ့ မက်ဆိုပိုတေးမီးယား
(Mesopotamia)  မြောက်ပိုင်းဒေသများမှာ လူမူရေးနဲ့ နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်မူတွေ
ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
လက်ခုပ်ဈေးကွက်
Rozoner King created a doc.
[By Khin Maung Nyo ]
          “လက်ခုပ်” အကြောင်း အရင်ဆုံးကြားဖူးတာ တစ်ခုကတော့ ငယ်ငယ်က ညီအကို မောင်နှမတတွေ ရန်ဖြစ်ကြတဲ့အခါ နှစ်ယောက်စလုံးကိုခေါ်ပြီး အတီးခံရတဲ့ကိစ္စပါ။ ထုံးစံအတိုင်း သူ့ကြောင့်၊ ကိုယ့်ကြောင့်ဆိုပြီး တဖက်ကို တဖက် အပြစ်တင်ကြတဲ့အခါ နှစ်ဖက်စလုံးကြောင့် ဖြစ်တာဆိုပြီး အတီးခံရပါတယ်။
          ဒီအကြောင်းကိုပဲ ကြီးလာတော့ တမျိုးစဉ်းစားမိပါတယ်။ ဇင်ဗုဒ္ဓဘာသာမှာ ထင်ပါရဲ့။ လက်ခုပ်တစ်ဘက်ထဲ တီးရင်၊ ဘယ်လိုအသံထွက်သလဲ? ဆိုတဲ့ မေးခွန်းမျိုး မေးတယ်လို့ ဖတ်ဖူးပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ အသံထွက်ချင်ရင် လက်နှစ်ဖက်တီးဖို့ လိုတယ်လို့ ကောင်းရာကောင်းကြောင်းတွေ ကောင်းရာကောင်းကျိုးတွေအတွက် မြင်ပြန်ပါတယ်။
တရုတ်နိုင်ငံအတွင်း မြန်မာထောက်လှမ်းရေး၏ အဖမ်းခံခဲ့ရသူ
by Mizzima မဇ္ဈိမ on Monday, October 31, 2011 at 6:17pm
ကိုဝိုင်း | တနင်္လာနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၉ မိနစ်
   တရုတ်ပြည်၊ ရွှေလီမြို့၌ ၁၉၉၉ ခုနှစ်က အဖမ်းမခံရမှီ သမီးနှင့်အတူ တွေ့ရစဉ် (ဓါတ်ပုံ မိသားစုမှပေးပို့သည်)
ချင်းမိုင် (မဇ္ဈိမ) ။        ။ ကိုစိန်အေးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တွင် တာဝန်ထမ်းဆောင်နေရင်း တရုတ်- မြန်မာနယ်စပ် တရုတ်နိုင်ငံအတွင်း ရွှေလီနှင့် ကြယ်ခေါင် မြို့ အကြားတွင် ၁၉၉၉ ခုနှစ်က မြန်မာထောက်လှမ်းရေးများ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
အင်းစိန်ထောင်၊ သရက်ထောင်တို့တွင် ထောင်ဒဏ် ၁၂ နှစ်ကျော် ကျခံခဲ့ပြီး အောက်တိုဘာ ၁၂ ရက် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည်။ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးညင်းမြို့တွင် မိဘနှစ်ပါးနှင့် အတူ နေထိုင် လျက် ရှိသည်။
ကြောင်လိုလို ကြွက်လိုလို လုပ်မနေနဲ့
(မောင်ဝံသ)
by Maung Wuntha on Monday, October 31, 2011 at 12:46am
ယခု အပတ်ထုတ် True News သစ္စာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မှန်တာပြောသစ္စာ ဆောင်းပါး။
ဒီမိုကရေစီနိုင်ငံများက လွှတ်တော်တွေမှာ အဓိက အာဏာရပါတီနဲ့ ယင်းရဲ့ မဟာမိတ်များ၊  အဓိက အတိုက်အခံပါတီနဲ့ ယင်းရဲ့ မဟာမိတ်များဆိုတာ ရှိစမြဲပဲဗျ။ ]]အတိုက်အခံတို့ဘာတို့ ပြောမနေပါနဲ့၊ လွှတ်တော်ထဲမှာ ပါတီတွေ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်အကျိုးရှိမယ့်ကိစ္စတွေမှာ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်သွားရအောင်}}လို့ ပြောရင် အဲဒါဟာ စိတ်ကူးယဉ်တာပဲ ဖြစ်မယ်လို့ ကျွန်တော် ပြောချင်သဗျ။ ပါတီစုံဒီမိုကရေစီဟာ နာမည်အတိုင်းပဲ ပါတီစုံ ဖြစ်ရမယ်။ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ တစ်ပါတီပုံစံ လုံးဝ မဖြစ်သင့်ဘူးလို့ စဉ်းစားမိပါတယ်။
    ဆိုလိုတာက လွှတ်တော်တွင်းရောက်နေတဲ့ နိုင်ငံရေးပါတီတွေအားလုံး တစ်သံတည်းထွက်ဖို့၊ တစ်ခုတည်းသော သဘောထားတွေ ဖော်ထုတ်ဖို့ဆိုတာ မဖြစ်လည်းမဖြစ်နိုင်၊ မဖြစ်လည်း မဖြစ်သင့်ဘူးလို့ ပြောချင်တာပါ။ မဖြစ်နိုင်ဘူးဆိုတာကိုတော့ အထူးရှင်းပြစရာလိုမည် မထင်ပါ။ မဖြစ်သင့်ဘူးဆိုတာကို နည်းနည်း ရှင်းပြချင်ပါတယ်။
စာပေဟောပြောပွဲ Link များ
http://aungthin.com/  ဆရာအောင်သင်း
http://zaw357.multiply.com/video/item/51/51 စာပေထဲက လူငယ်သမိုင်း – 1
http://mmbrs.multiply.com/video/item/4/4 စင်္ကာပူ စာပေဟောပြောပွဲ (၂၀၁၀)
http://kotoegyi.multiply.com/video/item/145
http://www.mediafire.com/?ca126i722baqu (နုနုရည် အင်းဝ)
Sunday, October 30, 2011
ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ (အပိုင်း - ၁)
 (ရေးသူ = ဖော်ပြထားခြင်းမရှိ)
by Aungmyo Tun on Monday, October 31, 2011 at 11:58am
ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်
အများပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရဟု မိမိကိုယ်ကိုယ် တွင်တွင် ကြော်ငြာနေသော ကြံ့ဖွံ့ အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား နိုင်ငံရေး စစ်တုရင် ကစားပွဲမှာ ယခုအခါ အတော်ပင် ဇာတ်ရှိန်တက် နေ လေပြီ။ ကြည့်ရှုရသော ပရိသတ်အဖို့မှာလည်း အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်ကြရသည်။ အဘယ်ကြောင့် အသည်းယားရသနည်း ဆိုပါမူ ကျွန်တော်တို့သည် သာမန်ပွဲကြည့်ပရိသတ်မျှသာ မဟုတ်ဘဲ၊ ပွဲ၏ အနိုင်အရှုံးရလဒ်အကျိုးကို ကျကျနန ခံစားကြရမည့်သူများလည်း ဖြစ်နေသောကြောင့်ပင်။ သည်ပွဲသည် သာမန် ကစားပွဲမဟုတ်။ ကျွန်တော်တို့၏ ကံကြမ္မာကို လောင်းကြေး ထပ်ထားရသော ကစားပွဲဖြစ်နေလေသည်။
ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ (အပိုင်း - ၂)
 (ရေးသူ = ဖော်ပြထားခြင်းမရှိ)
by Aungmyo Tun on Monday, October 31, 2011 at 12:06pm
အမာဂိုဏ်း၊ အပျော့ဂိုဏ်း
ယနေ့ စစ်အစိုးရထဲတွင် အမာဂိုဏ်းနှင့် အပျော့ဂိုဏ်းဟူ၍ ဂိုဏ်းနှစ်ခုကွဲနေသည်ဟူသော အမြင်မှာ အတော်ပင် ခေတ်စားလှသည်။ သိန်းစိန်က အပျော့၊ တင်အောင်မြင့်ဦးကအမာ၊ စိုးသိန်းက အပျော့၊ ဇော်မင်းက အမာဟူသော အပြောတို့မှာ လူပြောများလှသည်။ တကယ်ပင် ထိုသို့ ကွဲပြားနေပါသလား။
စစ်အစိုးရ အတွင်းတွင် ထိုသို့ အပျော့အမာကွဲနေသောကြောင့် ခက်ခက်ခဲခဲ ညှိနှိုင်းလုပ်ကိုင် နေရသည်ဟု ဦးသိန်းစိန်က ဒေါ်အောင် ဆန်းစုကြည်ကို ပြောလိုက်သလား မသိပါ။ ဒေါ်အောင်ဆန်းစုကြည်က ဘာမျှ ပြန်မပြောပြသောကြောင့် ထိုအကြောင်းကိုလည်း ကျွန်တော်တို့ ဘာမျှ မသိရပါ။
အကယ်၍ ဦးသိန်းစိန်က ထိုကဲ့သို့ ပြောခဲ့လျင် သူ့အပြောနှင့်ပင် ယုံကြည်လိုက်ရမလား ဆိုသည်မှာလည်း စဉ်းစားစရာ ပြဿနာ တခု ဖြစ်ပါသည်။
မြန်မာ့ခေါင်းဆောင်များ လေ့လာရမည့် သဘာဝဘေး သင်ခန်းစာ
by General Knowledge on Monday, October 31, 2011 at 7:02pm
Monday, 31 October 2011 01:57  လှရွှေ
ကမ္ဘာ့လူဦးရေ သန်း ခုနှစ်ထောင် ယနေ့ ပြည့်သွားပါပြီ။ ကမ္ဘာမြေပေါ် နေထိုင်တဲ့ လူသားတွေ ၀မ်းသာစရာလား ၀မ်းနည်းစရာလား မပြောတတ်။ ရှုပ်ထွေးသော ပညာရှင်တွေရဲ့ ဟောကိန်းတွေကလည်း အများအပြား။ ကမ္ဘာ့လူဦးရေ သန်းခုနှစ်ထောင် ပြည့်ထုတ်ပြန်ချက်နှင့် အတူ Maplecroft သုတေသန ပညာရှင်များမှလည်း ကမ္ဘာ့လူဦး အဆမတန် များပြားလာခြင်း ကြောင့် မြေကမ္ဘာဂြိုဟ်ကြီးကို ထိခိုက်လိမ့်မည် ဟုဟောကိန်း ထုတ်လာသည်။
Maplecroft ၏အဓိက ထုတ်ပြန်ချက်တွင် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကို ကြုံတွေ့နိုင်သော နိုင်ငံများစာရင်းကို ထုတ်ပြန်ခဲ့သည်။
လေဝယ်ချင်သည်
Cloud Cuckoo Land created a doc.
ညီငယ် တစ်ယောက်က ဇာတ်လမ်း တစ်ခုထဲမှ ဇာတ်ဝင်ခန်း တစ်ခန်း အကြောင်းကို ပြောပြသည်။ သူ ပြောပြသည့် ဇာတ်လမ်းမှာ ဘဝ သရုပ်ဖော် အချို့ပါဝင် သော်လည်း ထူးခြားလှသည်ဟု မထင်မိခဲ့ပါ။ သို့သော် ဆန်းကြယ်မှု တစ်ခုကြောင့် ဇာတ်ကြောင်း ပြောသူ ညီငယ်ကို ပြန်မေးရပါသည်။ မြင့်မား သီခေါင်သော အထပ်မြင့် တိုက်ကြီးပေါ် ရောက် ဧည့်သည် ကောင်မလေးက အောက်မှာရှိနေသည့် မြို့ကြီး၏ ညရှုခင်းကိုကြည့်ရင်း သူဌေးကြီး၏ ပိုင်ဆိုင် ကြွယ်ဝမှုကိုမေးပါသတဲ့။ သည်အခါ “သူဌေးကြီးက မင်းရှေ့က ရှိနေတဲ့ ဟာတွေ အကုန်လုံး ပိုင်တယ်” ကောင်မလေးက သူ့မြင်ကွင်းမှာ မြို့ကြီး၏ ည ရှုခင်းဖြစ် သည်။ သူဌေးကြီး ပိုင်ဆိုင်သည်ဆိုသော သူ့ရှေ့မှာက ဟင်းလင်းပြင် လေထုသာ ရှိပါသည်။
“ဘာမှာလဲ မရှိဘဲ... လေထုကြီးပဲ” “ဟုတ်တယ်... အဲဒီလေတွေပဲရှိတဲ့ နေရာအတွက် ငွေကြေးမြောက်မြားစွာနဲ့ ဝယ်ထားရတာ...” ဇာတ်လမ်းထဲက သာမန်ကောင်မလေးခမျာ “လေ ကို ဝယ်ထား ရတယ်” ဟူသော စကားသည် ယုံတမ်း စကား ဆန်သော်လည်း မထင်ရဲပါ။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၇) ၊ အပိုင်း(၁)
နိုင်ငံသားတို့ ကိုယ်တိုင်အုပ်ချုပ်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် ဒီမိုကရေစီလူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးတို့ အမြဲတစေ ပတ်သက်မှုရှိကြသည် မဟုတ်ပါ။ လူ့အခွင့်အရေးဟု ယနေ့ခေတ်တွင် ကျွန်ုပ်တို့ နားလည်ထားသော အယူအဆသည် ရှေးခေတ်က အေသင်မြို့ပြနိုင်ငံတွင် ထွန်းကားခဲ့ခြင်း မရှိပါ။ နိုင်ငံသား အများစု၏ ဆန္ဒအရ ရေးဆွဲထားသော မူဝါဒများတည်ရှိသည့် သမတနိုင်ငံတစ်ခုတွင်  လူနည်းစုနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ရပိုင်ခွင့်များကို ပုံမှန်အားဖြင့် မတရားကျူးလွန်ဖောက်ဖျက်ခြင်းမျိုး ရှိနိုင်ပါသည်။ ရှေးဂရိလူမျိုး များ ပိုင်ဆိုင်သော ကျွန်များတွင် မည်သည့်အခွင့်အရေးမျှ မရှိခဲ့ပါ။ ၁၉၆၀ ပြည့် လွန်နှစ်များမတိုင်မီက အမေရိ ကန်ပြည်ထောင်စု၏ တောင်ပိုင်းပြည်နယ်တို့တွင် လူဖြူနိုင်ငံသားများအနေ ဖြင့် နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးတို့ကို ခံစားနိုင်ခဲ့ကြသော်လည်း ဤအခွင့်အရေးများကို အမေရိကန်လူမည်းတို့အား ခံစားခွင့် မပေးခဲ့ကြချေ။
ခေါင်းဆောင်အရည်အသွေး
ပြည်သူ့ခေတ် ဂျာနယ် အတွဲ(၁)၊ အမှတ်(၃၅)မှ 
ခေါင်းဆောင်မှု-၁၀
နိုင်ငံရေးနှင့် ကွဲပြားခြားနားမှုများ
စံပယ်ဖြူ၊ မဂ္ဂဇင်း ၊ အမှတ်(၅)၊ သြဂုတ်၊ ၂၀၀၆ မှ
ညီထက်အောင်
ဒေါက်တာဂျေဒီဘီမေလာ
ပါမောက္ခ ဒေါက်တာမေလာသည် လန်ဒန်စီးပွားရေးသင်တန်းကျောင်းနှင့် လိုက်စက်စတာ တက္ကသိုလ်တွင် စာပေများပို့ချခဲ့သည်။ နယူးဒေလီမြို့ရှိ အိန္တိယ နိုင်ငံတကာလေ့ကျင့်ရေးကျောင်းနှင့် နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ်တို့တွင် ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကင်ဘာရာမြို့ရှိ သြစတေးလျ အမျိုးသားတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ သူရေးသားခဲ့သော စာအုပ်များမှာ နိုင်ငံရေး၏ သဘောသဘာဝ၊ သြစတေးလျအစိုးရနှင့် နိုင်ငံရေး၊ ကမ္ဘာ့ဓနသာဟာယနိုင်ငံတို့ဖြစ်သည်။
ခုံသမာဓိကိစ္စအကြောင်း သိကောင်းစရာ
ပြည်သူ့ခေတ်၊ အတွဲ(၁)၊ အမှတ်(၃၅)မှ
ဦးကျော်ဇေယျ
တစ်ဦး-ကုန်သွယ်မှု စာချုပ်ချုပ်တဲ့နေရာမှာ အငြင်းပွားစရာ ပေါ်ပေါက်ရင် ခုံသမာဓိ ဥပဒေအရ နှစ်ဖက် သဘော
တူတဲ့ ခုံသမာဓိလူကြီးများရှေ့မှာအဆုံးအဖြတ်ရယူကြမယ်ဆိုတဲ့ သဘောတူညီချက်တွေ ပါဝင်လေ့ရှိတာကို တွေ့ရပါတယ်။ အဲဒီခုံသမာဓိဆိုတာ နဲ့ပတ်သက်ပြီး သိသင့်သိအပ်စရာရှိရင် ရှင်းပြပေးစေလိုပါတယ်။
ကျွန်ုပ်-ပြဿနာတစ်ရပ်ဖြစ်ပေါ်လာရင် နှစ်ဖက်သဘောတူတဲ့ ခုံသမာဓိလူကြီးတွေပါဝင်တဲ့ခုံသမာဓိအဖွဲ့ရဲ့ဆုံး ဖြတ်ချက်ကို နာယူကြရမယ်လို့ ဖော်ပြကြတာ အကျယ်အကျယ်တရားရုံးကို မသွားချင်တာလည်းပါတယ်။ မြန်မြန်ထက်ထက်နဲ့ ပြဿနာကို ဖြေရှင်းတာလည်းပါတယ်။
ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၆) အပိုင်း(၁)
ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်များ
Anti-Democratic Regimes
၂၀ ရာစု နှစ်များအတွင်းတွင်း ဒီမိုကရေစီသည် အရှိန်အဟုန်နှင့် ကမ္ဘာတ၀ှမ်းတွင် တိုးတတ်ထွန်းကား လျက်ရှိကြသည်။ မည်သည့်နိုင်ငံ၊ မည်သည့် လူ့အဖွဲ့အစည်းမဆို ဒီမိုကရေစီကို ရှုထောင့်စုံ၊ ပုံစံပေါင်းစုံဖြင့် ပြောဆိုကြ၊ ကျင့်သုံးကြ၊ ချည်းကပ်ကြနှင့် ရှိနေကြသည်။ ပုသဏ္ဍာန် အမျိုးမျိုးဖြင့် အာဏာရှင်ဖြစ်နေသော လူပုဂ္ဂိုလ်၊ လူစု၊ အဖွဲ့သည်ပင်လျှင် ဒီမိုကရေစီဟူသော ဝေါဟာရကို ၄င်းတို့အကျိုးစီးပွား အာဏာကို မထိခိုက်စေအောင် ပြုပြင်ဖန်တီးကြပြီး နောက်တွင်ဒီမိုကရေစီကို ကျင့်သုံးကြောင်း ပြောဆိုနေကြသည်။ ထိုသို့သော ဒီမိုကရေစီသည် အုပ်ချုပ်သူလူတန်းစား အတွက်သာ ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေး စနစ်ဖြစ်သည့် ဒီမိုကရေစီ၏ အနှစ်သာရသည် မူရင်းနှင့် များစွာ ကွဲပြားလျက် ရှိကြသည်။ ထို့ကြောင့် ဒီမိုကရေစီကို ဆိုင်းဘုတ်တိုင်တာမျှဖြင့် ဖုံးကွယ်ထားတတ်ကြသော အာဏာရှင် အုပ်ချုပ်ရေးစနစ်များကို မြင်သာစေရန် နိုင်ငံရေး သိပ္ပံပညာရှင်များက လေ့လာဖော်ထုတ် ခဲ့ကြသည်။
ရှုံးနိမ့်ကြသူများ အတွက်သာ
by Moenge Aung on Monday, October 31, 2011 at 6:58am
  စာရေးခြင်း ဆိုတဲ့ အလုပ်ဟာ လွယ်မလိုနဲ. ခက်လှပါတယ် ...အထူးသဖြင့် အစက အဆုံး လူတွေ ကို ဖတ်ပြီးရင်း ဖတ်ချင်ဆွဲခေါ်သွားနိုင်ဖို. ပညာ ၊ ဗဟုသုတ တခုခုရသွားစေဖို. ရေးသားဖို.က ပိုလို.တောင် မလွယ်ပါသေးတယ်...ဒီ့အတွက် ပါရမီ၊ အတွေးအခေါ်၊ ဗဟုသုတ ၊ လေ့လာဆည်းပူးမှု.၊ ဖြတ်ထိုးဥာဏ် ၊ ခံစားပျော်ဝင်နိုင်မှု. အစရှိသဖြင့် များစွာသော အရည်အသွေးတွေ လိုအပ်ပါလိမ့်မယ်..အဲ့လို အရည်အသွေးတွေ အပြင် လုံလောက်သော အချိန်အတိုင်းအတာ တခုကလဲ လိုအပ်နေပါသေးတယ်... အဲ့ဒါတွေ ချို.တဲ့ပြီး နိစ္စဓူဝ ကိစ္စတွေနဲ. လုံးလည်နေတဲ့ ကျမကြောင့် ရေးလိုက်ဖျက်လိုက် စာလေးတွေ ဘလော့ပေါ် မရောက်တာတောင် ကြာလှပါပေါ့....
လူတွေဟာ
by Moenge Aung on Monday, October 31, 2011 at 7:17am
လူတွေဟာ ဘဝတစ်ခုကို ပျော်ရွှင်အောင်ဖန်တီးနိုင်တဲ့အခွင့်အရေးရှိပေမယ့် အဲဒီအခွင့်အရေးတွေကို လက်လွတ်ခံပြီးမှ တန်ဖိုးရှိတယ်ဆို ပြီးတော့ပြောလာတာပါ။
 အချစ်၊ အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေဟာဆုံးရှုံးမှာကိုကြောက်ပြီးနေပြ၇င် လူတွေဟာနိုင်တဲ့စီးနင်းလုပ်ကြတယ်။
လူတွေဟာ  မျက်ရည်တွေနဲ့ဘဝတစ်ခုကို မြေပြင်ပေါ်မှာ ပြားပြားဝပ်တောင်းပန်ခဲ့တာတောင် တန်ဖိုးထားခဲ့လို့လား။ ချမ်းသာချိန်မှာငါတကောကောပြီး ဆင်း၇ဲဒုက္ခရောက်ချိန်ကြမှ အတူ၇င်ဆိုင်စို့လားတဲ့။
[mrsorcerer:12842] မနက်ဖြန်များနဲ့ စကားပြောခြင်း
ယမင်း
ကြီးကျယ်ခမ်းနားမှုတွေဆိုတာသေးသေးလေးတွေကအစပြုတာပါ။
ခြောက်နှစ်အရွယ်သမီးကလေး တစ်ယောက်နှင့် သူမ၏ဖခင်သည် တစ်ခုသောအားလပ်ရက် တစ်ရက်၌ မြို့ပြ၏ မွန်းကျပ်မှုများမှ တစ်ခဏ ရှောင်ပြေးထွက်ရန် ဆိုင်ကယ်တစ်စီး ဖြင့် မြို့ပြင်သို့ထွက်လာခဲ့ကြသည်။
အောင်ပင်လယ်။ ကျောက်မီး။နားတောင်းကျချောင်း။အုန်းချော။ ထုံးဘို...........တစ်ရွာပြီးတစ်ရွာ တစ်ရွာကျော် ဖြတ်မောင်းနှင်လာရင်းစိမ်းညို့ညို့ တောတန်းများ၊ မတ်စောက်သော တောင်ကမ်းပါးများနှင့် ဟြေင်းလဲလာသောရှုခင်းများထဲတွင် စီးမျောလာခဲ့သည်။ ရောင်စုံပန်းတို့ဖြင့် ဟန်ရေးပြတတ်သော တောင်လှေကားမြို့၏ ရှေ့ပြေးအလှတစ်ခုဖြစ်သည့် မြွေတစ်ကောင်လို ကွေ့ကွေ့ဝိုက်ဝိုက်ခြောက်ထပ်ကွေ့ကို စတင်ဖြတ်သန်းလိုက်သည်။ ချောမွတ်ညီညာသော်လည်းကွေ့ကောက်သော ကတ္တရာတောင်တက်လမ်းမို့ သတိကြီးစွာ ထား၍ မောင်းနှင်လာခဲ့သည်။
31.10.2011 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Monday, October 31, 2011 at 7:28am
KNU နဲ့ အစိုးရအကြား ဆွေးနွေးဖို့ ကြိုးပမ်းနေ
KNU က ကိုယ်စားလှယ် စေလွှတ်ဖို့ အထိကို ဆွေးနွေးနေတာ ဖြစ်ကြောင်း သိရ
ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြိုးပမ်းမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်း တွေ ထွက်ရှိနေပါတယ်။
KNU ဘက်ကို မြန်မာ အစိုးရ ဘက်ကနေ စက်တင်ဘာလမှာ တကြိမ်၊ အောက်တိုဘာ လမှာ တကြိမ် လာဆက်သွယ်တာရှိတယ်လို့ သိရကြောင်း ဘီဘီစီ သတင်းထောက် ကိုအောင်ကျော်ဦးက ပြောပါတယ်။
ဒီအတွက် KNU ဗဟိုကော်မတီ အတွင်းမှာ ဆွေးနွေးမှုတွေ ရှိနေပြီး၊ KNU ကနေ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ စေလွှတ်ဖို့ အထိကို ဆွေးနွေးနေတာဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။
ကျိကျိတက် ချမ်းသာရင် ဘာလုပ်မလဲ
Cloud Cuckoo Land created a doc.
ပိုက်ဆံချမ်းသာရင် ဘာလုပ်မလဲ ဆိုတဲ့အကြောင်းကို ကျွန်တော်မကြာခဏ စဉ်းစားဖူးတယ်။ လူငယ်လေးတွေ အပြန်အလှန် အမှတ်တရ ရေးခိုင်းကြတဲ့ ချမ်းသာစိုးစီစဉ်တဲ့  ရေးပေးပါအော်တို စာအုပ် ကလေးမှာ သိန်း ၅၀ဝ ဆုကြီးပေါက်ရင် ဘာလုပ်မလဲဆိုတဲ့ မေးခွန်းတစ်ခုပါတယ်။ ကွက်လပ်ဖြည့် အဖြေရေးထားကြတဲ့ထဲ စိတ်ဝင်စားစရာတွေ အများကြီး တွေ့ရတယ်။
ပိုက်ဆံချမ်းသာရင် လုပ်နိုင်တာတွေ အများကြီးရှိတယ် မဟုတ်လား။ ကောင်း တာတွေလုပ်နိုင်သလိ...ု မကောင်းတာတွေ လည်း အများကြီးလုပ်နိုင်တယ်။ တချို့က ကောင်းတာတွေတော့ လုပ်ချင်ပါရဲ့၊ ဘာ လုပ်ရမှန်းမသိဘူး။ အဲသလို စေတနာရှင်၊ အလှူရှင်တွေ စဉ်းစားလို့ရအောင် နိုင်ငံ ခြားတွေမှာ လှူသင့်လှူထိုက်တဲ့ နေရာ ဌာနတွေကို စာနယ်ဇင်းတွေ၊ မီဒီယာတွေက သေသေချာချာ လမ်းညွှန်လေ့ ရှိတယ် ဗျ။ စစ်မှန်တဲ့ အများအကျိုးဆောင် နေရာဌာနတွေကို ခိုင်ခိုင်လုံလုံ လမ်းညွှန်တဲ့ အတွက် လှူချင်တဲ့လူတွေ အလိမ်အညာ မခံရဘူးပေါ့ဗျာ။
ကျနော်တို့ရဲ့ အတွင်းရန်
by Stephin Lee on Friday, October 28, 2011 at 2:29pm
နိုင်ငံရေး၊ တော်လှန်ရေးသမား အမည်ခံ (သို့မဟုတ်) ခံယူထားသူ အချို့၏ အမြင်များကို ဖေ့စ်ဘွတ်၊ ဘလော့ စတဲ့ အများမြင်သာသည့် အွန်လိုင်း လူမှုဆက်ဆံရေး နေရာများတွင် ရေးကြ၊ ပြောကြ၊ မှတ်ချက်ပေး ဆွေးနွေးကြသည်များမှာ အံ့မခန်းလိလိ မသတီဖွယ်ကောင်းသည်ကို တွေ့မြင်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာပါ။ သူတို့ ဘာဆိုသည်ကို လက်တဆုံး မနှိုက်ကြည့်နိုင်သော်လည်း၊ စိတ်ပျက်ဖွယ် အလွန်ကောင်းသည်။
ထိုသူများတွင် နိုင်ငံရေး လုပ်သည့် အခါ လိုတဲ့အခါ ဆွဲတင်၊ မလိုတဲ့အခါ ရိုက်ချ၊ လိုတဲ့နေရာ ထုတ်သုံး စတဲ့ . စတဲ့ မရင့်ကျက်တဲ့ တွေးခေါ်မျှော်မြင်မှုမျိုးများနှင့် လုပ်ကိုင်နေကြသည်။ ဥာဏ်မကစား တတ်ကြတော့။ ဝှက်ဖဲနှင့်သာ ကစားတတ်ကြတော့သည်။ ထို အကျင့်ဗီဇများနှင့် နှစ်ကာလ ကြာမြင့်စွာ ရပ်တည်နေ ခဲ့ကြသည်။ ထိုသူတို့ ပတ်ဝန်းကျင်များကလည်း ထိုအကျင့်ကို ရှင်သန်ခွင့်ပေးသည်။ ရှက်ဖွယ်ကောင်း လှသည်။
လက် ၁၂ ချောင်း၊ ခြေ ၁၄ ချောင်းနှင့် မြန်မာကလေး ကမ္ဘာကျော်ပြီ
by Aung Lat on Sunday, October 30, 2011 at 9:11pm
                                                             မိုးမခအထောက်တော် အမှတ် ၈
စင်္ကာပူရောက် ဖေဖေကို ဖုန်းဆက်နေသလား။
ခြေချောင်းလက်ချောင်း အများအပြားရှိသည့် မြန်မာကလေးသတင်း ကို နိုင်ငံတကာရှိ သတင်းဌာနပေါင်း ၁၀၀ ကျော်က ရေးသား ထုတ်လွှင့်နေကြသည်။
ထိုကလေးမှာ ရန်ကုန်မြို့တွင် နေထိုင်သူ ၁ နှစ် ၄ လအရွယ် လဲ့ရတီမင်း ဖြစ်သည်။
လက် ၁၂ ချောင်းနှင့် သမီးလေးက အရာဝတ္ထုများကို ဆုပ်ကိုင်ရာတွင် “ပိုတောင် မြဲနေသေးတယ်” ဟု အသက် ၂၆ နှစ်အရွယ် မိခင် မမင်းမင်းစိုးက AP သတင်းဌာနကို ပြောသည်။
ကလေးဖခင် ကိုညီညီထွန်းသည် စင်္ကာပူရှိ သင်္ဘောကျင်းတခုတွင် ရှိနေပြီး အလုပ်အကိုင် စာချုပ် သက်တမ်း ကုန်ဆုံးမည့် ၂၀၁၂ ဧပြီလ ကျော်မှ အိမ်ပြန်မည်ဟု AP သတင်းက ဆိုသည်။
ကန့်ကွက်မူများကြောင့် ဘီဘီစီမှတင်ထားသော မြန်မာမြေပုံကို အပြောင်းအလဲလုပ်
BBC-Inaccuate-Map ဘီဘီစီ အင်္ဂလိပ်ဆိုက်တွင် ယခင်ဖော်ပြခဲ့သည့် ပုံ
မောင်အေး
-----------
ဘီဘီစီ (အင်္ဂလိပ်ပိုင်း) သတင်း ၀က်ဆိုက်ဘ်ဆိုက်တွင် အန်နာဂျုံး ( Anna Jones) ဆိုသူ သတင်းသမား တစ်ယောက်ရေးသားသော သတင်း တပုဒ်ကို မြန်မာ နိုင်ငံ မြေပုံနှင့် တကွ ပူးတွဲ ဖေါ်ပြရာတွင် ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သော ရခိုင်လူမျိုးကို ထည့်သွင်း ဖေါ်ပြခြင်း မရှိဘဲ ရိုဟင်ဂျာပုံကို ထည့်သွင်း ဖေါ်ပြထားသဖြင့် မြန်မာနိုင်ငံသား အများအပြားက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။
အဆိုပါ ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ အဆိုပါ မြေပုံကို ဖြုတ်ချလိုက်ပြီး အသစ်တဖန် ရခိုင်လူမျိုး ဓါတ်ပုံ တစ်ပုံကို ထည့်သွင်းကာ ယခင် မြေပုံ အတိုင်း ပြန်လည်ဖေါ်ပြခဲ့သည်။
သောတရှင်နှင့် ပရိသတ်ကိုဂရုမစိုက်ပဲ လျစ်လျူရှုရင်တော့ သတင်းဌာနနဲ.သတင်းထောက်တွေကို ဆုံးမဖိုကလွယ်ပါသည်။
by Udp Myanmar on Sunday, October 30, 2011 at 7:57am
သောတရှင်တွေ ပရိသတ်အသံ Audience/Reader  ကို ဂရုမစိုက်ပဲ ထင်ရာဆိုင်းချင်တဲ့ သတင်းသမား အထူးသဖြင့် ပြည်ပသတင်းဌာနတွေကို ဆုံးမနိုင်သည့်နည်းလမ်းတွေ အများအပြားရှိပါသည်။ အထူးသဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်သေးတဲ့ ပြည်ပသတင်းဌာနတွေအနေဖြင့် နောက်ကနေ ငွေပေးပြီး အားပေးထောက်ခံနေသည့် အရှင်တွေ Master တွေသိအောင် တရားဝင်စာရေးပြီး ဆုံးမလို.ရပါသည်။ အချက်အလက်တွေ မမှန်မကန်ရေးသားပြီး Factually wrong, Misleading and Misinformation တွေ ဖြန်.ချီရင် ဆုံးမရမည် ဖြစ်ပါသည်။
လူနဲ့ အခွန်
Cloud Cuckoo Land created a doc.
အခွန်အခ ဆိုတာ တိုင်းပြည် တစ်ပြည်ရဲ့ ဘဏ္ဍာ တိုက်ကို စီးဝင်နေတဲ့ အဓိကရေစီး ကြောင်းကြီးပါ။ အဲဒီ ရေစီးကြောင်း ကြီးမှာ ကြည်လင် သန့်ရှင်းတဲ့ ရေကောင်း တွေ အလျဉ်မပြတ် စီးဆင်းနေမှ တိုင်းပြည်ရဲ့ ဝမ်းစာ ဖူလုံပါလိမ့်မယ်။ ရေဆိုးတွေ အမှိုက်တွေနဲ့ ပိတ်နေရင် ဒုက္ခရောက်တတ်တယ်။ အခွန်အခတွေထဲမှာ အဓိက ရေစီးကြောင်းက ဝင် ငွေခွန်ဖြစ် ပါတယ်။ ဆိုရှယ်လစ်စနစ် မှာတော့ ထုတ်လုပ် ရေး၊ ဖြန့်ဖြူးရေးနဲ့ ရောင်းချရေး ကိစ္စမှန်သမျှ...ကို အစိုးရ က ကိုင်ထားပြီး ပြည်သူတွေက အခစား ဝန်ထမ်းအလုပ် ကိုပဲ လုပ်ကြ ရတယ်။ အစိုးရရဲ့ ဝန်ထမ်းဖြစ်နေရပြီး လစာကလည်း (စားဝတ်နေရေး ဖူလုံပေမယ့်) သိပ်ပြီး မြင့်ကြတာမဟုတ်တော့ ဝင်ငွေခွန်က သိပ်ပြီးအဓိကမကျခဲ့ဘူး။ ပုဂ္ဂလိက လုပ်ငန်းတွေအပေါ်မှာ တရား သဖြင့်(ဥပဒေ စည်းမျဉ်းနဲ့ အညီ) စည်းကြပ်လို့ရတဲ့အခွန် အနည်း အကျဉ်းပဲရှိမယ်။
Civil Society ဆိုင်ရာအယူအဆ၊ ရှုထောင့်အမြင် (၆) ရပ်
                Civil Society ဆိုင်ရာအယူအဆ၊  အတွေးအမြင်များ၏ မျက်မှောက်ခေတ် ရေစီးကြောင်း (contemporary trends) များနှင့် ပတ်သက်လာလျှင် အယ်လီဆင်ဗန်းရွိုင်း (Alison Van Rooy) ရေးသားထားသော Civil Society and Industry ( ပြည့်သူ့လူ့အဖွဲ့အစည်းများနှင့် အကူအညီပေးရေး လုပ်ငန်းများ) စာအုပ်တွင် သူမက  Civil Society ဆိုင်ရာ အတွေးအမြင်များကို လိုက်စု၍ အမျိုးအစား ခွဲခြားသတ်မှတ်ထားသည်မှာ အသုံးဝင်သည်ဟု ကျွန်ုပ်အနေနဲ့တွေ့ရှိရပါသည်။ ရွိုင်းက ယခုလက်ရှိကာလတွင် ဆွေးနွေးနေကြသော Civil Society ဆိုင်ရာ အတွေးအမြင်များကို အမြင်ရှုထောင့် (၆) ရပ်အဖြစ် အမျိုးအစား ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့မှာ Civil Society ကို …
၁။ လူမှုတန်ဖိုးနှင့်စံနှုန်းဖြင့် မြင်သောအမြင် (Civil Society as  values and norms)
၂။ အစုပြနာမ်၊ သဗ္ဗဟနာမ်အဖြစ်မြင်သောအမြင် (Civil Society as collective noun)
၃။ လှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်ရန် နယ်ပယ်တစ်ခုအဖြစ်မြင်သောအမြင် (Civil Society as a space for action)
၎။ သမိုင်းကြောင်း၏ သီးသန့်ကာလတစ်ရပ်အဖြစ် မြင်သောအမြင် (Civil Society as a historical moment)
၅။ လွှမ်းမိုးချုပ်ကိုင်မှုများကို ဆန့်ကျင်ရေးအဖြစ်မြင်သောအမြင် (Civil Society as an anti-hegemony) နှင့်
၆။ နိုင်ငံတော်အစိုးရနှင့် ဖီလာအဖြစ်မြင်သောအမြင် (Civil Society as an antidote to the State) တို့ဖြစ်ကြသည်။
ရှေးဟောင်းအောက်မေ့ဖွယ် ဘဘရယ်၊ စိပ်ပုတီးရယ်၊ ကာရာအိုကေရယ်
ဘဘ
          ဘဘရယ်၊ စိပ်ပုတီးရယ်၊ ကာရာအိုကေရယ်ဆိုတော့ ဘဘကစိပ်ပုတီးကြီး လည်ပင်းမှာဆွဲပြီး ကိုယ့်မြေးအရွယ်မိန်းကလေး ချောချောလေးတွေကို ပန်းကုန်းလိုက်စွပ်နေတယ်လို့များ မျက်စိထဲမှာ ဖော်ကြည့်မလား မသိဘူး။ အဲဒီလိုဆိုရင်တော်တော် ရယ်ရ၊ အမြင်ကတ်စရာကောင်းတဲ့ မြင်ကွင်းဘဲ့ ပေါ့နော်။ ဒီလိုမဟုတ်ပါဘူး လူငယ်တို့ ရယ်။
ဘဘကလူကြီးတို့ရဲ့အမူအကျင့် အတိုင်း၊ လူကြီးတို့လုပ်ကြတဲ့ပုံစံအတိုင်း ပြည်မြို့ကို ဟိုအရင် အပတ်က ဘုရားဖူးသွားခဲ့တာပါ။ စီးတဲ့ကားကြီးက မှန်လုံလေအေးစက်နှင့် အဆင့်မြင့်မြင့်စီးပြီး ၆ နာရီ ကျော်လောက် မောင်းကြ ရတယ်။  လမ်းမှာယာဉ်မောင်းတဲ့ကလေးနဲ့အကူလိုက်တဲ့ကလေးတို့က ခရီးသည်တွေပျင်းမှာစိုးလို့ ကာရာအိုကေသီချင်းတွေဖွင့်ပေးပြီးအရှေ့မှာလည်း တီဗွီကြီးတတ်ထားတော့ ဘဘကအသွား ၆နာရီ၊ အပြန် ၆နာရီ အဲဒါတွေ ကြည့်ခဲ့ကြားခဲ့ရတာပါ။
စွမ်းအားရှင်တို့၏ ပညာစစ်ပွဲ
စိုးအုပ်
ပညာသည်တန်ခိုး။ ပညာသည်စီးပွားရေးတန်ခိုးစွမ်းအား။ အဲဒီတန်ခိုးစွမ်းအားအတွက် ကျားကုတ်ကျားခဲ ပြိုင်ပွဲ ကြီးတစ်ခု ကမ္ဘာတစ်လွှာမှာ ပေါ်ပေါက်နေပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ တရုတ်လို ထွန်းသစ် စ အင်အားကြီး နိုင်ငံတွေမှာ အဆင့်မြင့် နည်းပညာလုပ်ငန်းနဲ့ တီထွင်ဆန်းသစ်မှုလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံဖို့ ဖွံ့ဖြိုး တိုးတတ်မှုလုပ်ငန်းကို ဆာလောင်မွတ်သိပ်တဲ့ တွန်းအားတစ်ခု ပေါ်ပေါက်နေပါတယ်။
          သူတို့က ‘ဂူးဂဲ’ တို့လို ပါဝင်ပစ္စည်းအစိတ်အပိုင်းတွေက တက္ကသိုလ်စီမံချက်တစ်ခုကို ကော်ပိုရေး ရှင်းတခုအဖြစ်သို့ ပြောင်းလဲပစ်နိုင်မလားဆိုတာ ရှာဖွေစူးစမ်းနေကြပါတယ်။ သူတို့ ဘဏ္ဍာရေးအကျပ် ဆိုက်ကာလ အတွင်း ပျောက်ဆုံးသွားတဲ့ အလုပ်အကိုင်တွေ နေရာမှာ အစားထိုးနိုင်မယ့် အလုပ်အကိုင် တွေကို ရှာဖွေနေကြ ပါတယ်။
သည်းခြေအိတ်ကျောက်တည်ရောဂါပျောက်ဆေးနည်း အခမဲ့ပေးသည် ။
 ဦးသန်းဝင်း ဖုန်း ၀၉၅၀၇၀၁၅၇ ။
လက်ဆင့်ကမ်းမျှဝေပေးပါ
ဤစာတမ်းကိုယခင်က သင်လက်ခံရရှိပြီး ဖြစ်ချင်ဖြစ်မည် ။ ဤဆေးနည်းသည် အမှန်တကယ်စွမ်းပါသည်။ Dr . Lai Chiu-Nan ၏ အကြောင်းနှင့် ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူများ၏ ကိုယ်တွေ့ တင်ပြချက် များကို အင်တာနက်ပေါ်တွင်ရှုာနိုင်ပါသည် ။ “ ကောင်းသောအရာများကို အမြဲလက်ဆင့်ကမ်းပါ ” ။
သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနည်း ။ (Dr . Lai Chiu-Nan နည်းပေးသည် )
ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူ များပါသည် ။ အကယ်၍ သင်ကိုယ်တိုင် သုံးစွဲ၍ ပျောက်ကင်းလျှင်လည်း ဤဆေးနည်း ကို အခြားသူများသို့  လက်ဆင့်ကမ်းပေးပါ ။
Dr . Lai Chiu-Nan သည် ဤဆေးနည်းကို အခမဲ့ မျှဝေသည်ဖြစ်ရာ သင်သည်လည်း လူအများကို အခမဲ့ မျှဝေပါ ။တစ်စုံတစ်ယောက်သည် သင့်ထံမှတဆင့်ကြားပြီး ဤဆေးနည်းကြောင့် ရောဂါပျောက်ကင်းခဲ့ခြင်းပင်လျှ
် သင်ရရှိသောဆုလာဘ်ဟုမှတ်ယူပါ ။
ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် ၄ ကြိမ်မြောက်တွေ့ဆုံ
by Thet Soe Lwin on Sunday, October 30, 2011 at 6:17pm
ပြည်ထောင်စုသမ်္မတ မြန်မာနိုင်တော်အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့်
ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် တို့သည် စိမ်းလဲကန်သာ အစိုးရ ဧည့်ဂေဟာတွင်
အောင်တို့ဘာ ၃၀ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့သည် မွန်းလွဲတစ်နာရီမှ ၁နာရီ ၅၅ ထိ တွေဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် ယခင်ဆွေးနွေးခဲ့မှုများအပေါ် နိုင်ငံတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပြီး လုပ်ပေးနေသည့် အခြေအနေ၊ တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လွတ်လပ်စွာကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့်ရရှိရေးနှင့် လွတ်လပ်စွာငွေကြေး လည်ပတ်သုံးစွဲခွင့်ရရှိရေးတို့ အရေးကြီးမှုနှင့် ပတ်သက်ပြီး အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
မြည်းနှင့် ခွေးကလေး (ပုံပြင်ထဲမှာ လမ်းလျှောက်ခြင်း)
by သစ္စာနီ on Sunday, October 30, 2011 at 12:38pm
တစ်နေ့တော့ ကျွန်ုပ်ဟာ ပုံပြင်ထဲမှာ လမ်းလျှောက်သွားရင်း ယာတောတစ်ခုကို ရောက်သွားတယ်။ ယာတောအိမ်ကလေးက တော်တော် တင့်တင့်တယ်တယ်မို့ ယာတောပိုင်ရှင်ဟာ လူချမ်းသာတစ်ယောက်မှန်း သိနေတယ်။ ယာတောထဲက မြည်းတစ်ကောင်က အိမ်ထဲကို ပြတင်းပေါက်က တစ်ဆင့် ငေးကြည့်နေတာကို တွေ့လို့ ကျွန်ုပ်လည်း ငေးကြည့်လိုက်တော့ ယာတဲရှင် သူတို့သခင်ဟာ အိမ်မှာမွေးထားတဲ့ ခွေးကလေးနဲ့ ကစားနေတာ တွေ့ရတယ်။ ခွေးကလေးဟာ သူ့သခင်ကို လှည့်ပတ်ပြေး၊ ပွတ်သီးပွတ်သပ်လုပ်၊  သူ့သခင်ထိုင်နေရင် သူ့သခင်ပေါ်ခုန်တက် အဲဒါကို သူ့သခင်က သဘောကျ ရယ်မောပြီး သူစားတဲ့ ဘီစကွတ်တွေ ချကျွေးနေတယ်။
ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ရွေးကောက်ပွဲဝင်ရေး ဒေါ်အောင်ဆန်းစုကြည်အား ညီနောင် (၅) ပါတီ တိုက်တွန်း
by Moenge Aung on Sunday, October 30, 2011 at 12:01pm
Hot News Weekly Journal
ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ပြီး ရွေးကောက်ပွဲ  ဝင်ကြရန် ဒေါ်အောင်ဆန်းစုကြည်နှင့် မှတ်ပုံ မတင်ရသေးသော NLD ပါတီတို့ကို တိုက်တွန်းလိုက်သည့်  ကြေညာချက်တစ်စောင် ညီနောင်တိုင်းရင်းသား ငါးပါတီက အောက်တိုဘာလ (၁၅)ရက်တွင် ထုတ်ပြန်လိုက်သည်။ ညီနောင် တိုင်းရင်းသား ငါးပါတီ၏ ယင်း ထုတ်ပြန် ကြေညာချက်ထဲတွင် အခြားအချက်(၄) ချက်လည်း ပါဝင်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံနေရသူ တချို့ကို ပြန်လွှတ်ပေးခဲ့သည့် အတွက် ကြိုဆိုသော်လည်း နှစ်ရှည်လများ အပြစ်ဒဏ် ကျခံနေရသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ အားလုံးကို ပြန်လွှတ်ပေးရေး၊ တိုင်းရင်းသားများနှင့် ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဖြေရှင်းပေးရန် ပညာရှင်များနှင့် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သော အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရေး၊ ညီနောင် တိုင်းရင်းသား (၅) ပါတီမှ ကိုယ်စားလှယ်များ နိုင်ငံတကာ ဒီမိုကရေစီ ပါတီများနှင့် တွေ့ဆုံခွင့် ရရေးနှင့် ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ် ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းခံရသည့် အပေါ် စိတ်မကောင်း ဖြစ်ကြောင်းတို့ ဖြစ်သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထုတ်ပြန်ပြီးလျှင် NLD ပါတီ မှတ်ပုံတင်ရေး စဉ်းစားမည်ဟုဆို
by The Voice Weekly on Sunday, October 30, 2011 at 5:13pm
ရန်ကုန် အောက်တိုဘာ ၃၀
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင် အတည်ပြုပြီးလျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထပ်မံ မှတ်ပုံတင်ရေး ကိစ္စကို ဆုံးဖြတ်ချက် ချမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အိုင်စတိုင်း မှားယွင်းခဲ့လေသလား
by Lu Cifer on Sunday, October 30, 2011 at 6:08pm
ဥရောပ နျူကလီးယား သုတေသန အဖွဲ့ချုပ် CERN မှ သိပ္ပံပညာရှင်များက အလင်း၏ အမြန်နှုန်းမှာ ကမ္ဘာကျော် သိပ္ပံပညာရှင် အဲလဗတ်အိုင်စတိုင်း ခန့်မှန်း တွက်ချက်ထားခဲ့သည်ထက် ပိုမို၍ မြန်ဆန်နေသည်ဟု ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက်ပိုင်း ဝေဖန်ခံနေရမှုများ ရှိခဲ့ပါသည်။
ထို့အတွက် ယင်းအဖွဲ့ချုပ်က စစ်ဆေး စမ်းသပ်မှုများကို ထပ်မံပြုလုပ်လျက်ရှိနေသည်။
အိုင်စတိုင်း အဆိုအရ အလင်းအလျင်နှုန်းမှာ တစက္ကန့်လျင် 186,282 မိုင်နှုန်း ဖြစ်သည်။ သို့ရာတွင် cern သိပ္ပံအကျော်အမော်များကမူ နျူထရီနို Nutrino အမှုန့်များ၏ အလျင်နှုန်းများ ပိုမို မြန်ဆန်နေကြောင်းကို တိုင်းတာ တွေ့ရှိထားသည်။
အစွမ်းထက်တဲ့ ဒန့်သလွန်ရွက်
နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။
ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။
ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်ကို
နေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေတယ်။
REE ရှားပါးတွင်းထွက်များ
by Lu Cifer on Sunday, October 30, 2011 at 3:33pm
ဓာတ်ပုံ AP
Редкоземельные минералы
၂၀၁၀ထဲမှာ ထူးထူးခြားခြားပဲ Rare Earth Elements ဒါမှမဟုတ် Rare Earth Minerals လို့ခေါ်တဲ့  ရှားပါးတွင်းထွက် သတ္တုတွေကို လူတွေ စိတ်ဝင်တစားဖြစ်လာခဲ့ကြပါတယ်။ ဒါကလည်း ဒီတွင်းထွက်တွေကို အဓိကထုတ်လုပ်ပြီး ကမ္ဘာ့တင်ပို့မှု အားလုံးရဲ့ ၉၇%လောက်ကို နေရာယူထားတဲ့ တရုတ်နိုင်ငံက မကြာခင်နှစ်တွေ အတွင်းမှာ သူ့ရဲ့ တင်ပို့မှုကို  လျှော့ချတာ တွေနဲ့ အတူ နိုင်ငံရေး ကစားတာတွေပါလုပ်လာခဲ့တာမို့  ဂျပန်နိုင်ငံလို REE ၆၀%လောက်ကို တရုတ်ဆီက ပုံမှန်ရယူ သုံးစွဲနေရသူတွေအဖို့ အခက်တွေ့ လာကြပါတယ်။
Saturday, October 29, 2011
အမျိုးသမီးအခွင့်အရေးနှင့် ဥပဒေ
ချိုးလင်းပြာ
မြန်မာပြည်မှာ အမျိုးသမီးတွေအတွက် ကာကွယ်ပေးထားတဲ့ ဥပဒေတွေ ဘယ်လောက်ရှိပါသလဲ၊ ဘယ်လို အကာအကွယ် ပေးထားပါသလဲ။
ဒေါ်မိုးမိုး- မြန်မာပြည်မှာ အမျိုးသမီးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဥပဒေဆိုတာ သိပ်မရှိပါဘူး။ အထူးသဖြင့် အမျိုးသမီး လိင်အလုပ်သမတွေဟာ အဓိက လိင်ကိစ္စနဲ့ ပတ်သက်ပြီး အများဆုံး အနိုင်ကျင့်ခံနေရပါတယ်၊ အဓိက မြန်မာပြည်ရဲ့ အမျိုးသမီးတွေအတွက် လိင်ကိစ္စနဲ့ပတ်သက်ပြီး ထိရောက်တဲ့ ကာကွယ်ပေးမှုပေးဖို့ ထုတ်ထားတဲ့ ဥပဒေကတော့ ရာဇသတ်ကြီး ဥပဒေမှာဆိုရင်..
၁။ အမျိုးသမီးများအား အနိုင်အထက် မုဒိမ်းကျင့်ရန် အကြံနှင့် လက်ရောက်ခြင်းနှင့် ကာမရာဂစိတ်ကို ဓမ္မတာအတိုင်း မဟုတ်ပဲ ရောင့်ရဲအောင် ပြုရန်အကြံနှင့် လက်ရောက်ခြင်းတို့ကို ကျူးလွန်သူအား သေသည်အထိ ခုခံကာကွယ်ပိုင်ခွင့်။
သင်ဘာတွေ ဆုံးရှုံးဖူးလဲ
by Moenge Aung on Sunday, October 30, 2011 at 9:41am
၂၅ နှစ်မှာ သူ့ခင်ပွန်းကိုမေးတယ် ဘာဆုံးရှုံးဖူးလဲ။ ခင်ပွန်းက ငါအခွင့်အရေးကောင်းတဲ့အလုပ်ကို လက်လွတ်ဆုံးရှုံးသွားတယ်။
၃၅ နှစ်မှာ သူ့ခင်ပွန်းကိုမေးတယ် ဘာဆုံးရှုံးဖူးလဲ။ ခင်ပွန်းက စိတ်ဆိုးစွာနဲ့ပြန်ဖြေတယ် ငါနောက်ဆုံးကားကိုစီးဖို့ ငါမမီခဲ့ဘူး။
၄၅ နှစ်မှာ သူ့ခင်ပွန်း ၀မ်းနည်းစွာပြောတယ် ငါ့ရဲ့အရင်းနှီးဆုံးသူတွေရဲ့ နောက်ဆုံးအချိန်ကို ငါမမီဘူး။
ကန်စွန်းဥနှင့် ကျန်းမာရေး
by Moenge Aung on Sunday, October 30, 2011 at 10:30am
ကျွန်တော်ဆည်းဆာရိပ် ကျန်းမာရေးဘလော့မတင်ဖြစ်တာကြာပါပြီ။ ဟိုနေ့က မြ၀တီရုပ်သံမဂ္ဂဇင်းကဏ္ဍမှာ ကန်စွန်းဥရဲ့အကြောင်းတွေကြည့်လိုက်ရတာရယ် Health Digest မဂ္ဂဇင်းမှာဖတ်လိုက်ရတာရယ်တို့ကို ပူးပေါင်းပြီးပြောပြပေးသွားမှာပါ။
ကန်စွန်းဥဟာလူလတ်ပိုင်းများအတွက်အကောင်းဆုံးအစားစာပဲဖြစ်ပါတယ်။ ကန်စွန်းဥဟာ အရောင်မျိုးစုံရှိပြီး သူ့အရောက်အလိုက်ဆေးဖက်ဝင်ပါတယ်။
ခရမ်းရောင်ရှိသောကန်စွန်းဥ - အသည်းကိုကောင်းမွန်စေပါတယ်။ သွေးလည်ပတ်မှုအတွက်နဲ့ ဆီးချိုအတွက်လည်း စားသုံးရန်သင့်တော်ပါတယ်။
သတို့သမီးလောင်း အများကြီး အလိုရှိသည်
by Lu Cifer on Friday, October 28, 2011 at 8:49pm
ကမ္ဘာ့လူဦးရေဟာ သန်း ၇ ထောင်ကို ရောက်လုရောက်ခင်ပါ။ လိင် အချိုးအစား မမျှတဘဲ ရှိနေရတဲ့ အနေအထားဟာ အလားအလာ မကောင်းလှတဲ့ - လူပျိုကြီးတို့ရဲ့ နိုင်ငံတော်များ - ပေါ်ထွန်းလာနေပြီး သတို့သမီးလောင်းအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မယ့်ခေတ်ကို ရောက်ပါတော့မယ်။
ပြင်သစ် လူဦးရေဆိုင်ရာ ကျွမ်းကျင်သူ Christophe Guilmoto ကတော့ ဒီအကျိုးဆက်ဟာ အိန္ဒိယ၊ တရုတ်နိုင်ငံတို့ရဲ့ လိင်ရွေးချယ်ပြီး ကလေးယူခြင်း၊ ကိုယ်ဝန် ဖျက်ချခြင်းကြောင့်များ ဖြစ်နိုင်သလားလို့ မေးခွန်းထုတ်ပါတယ်။ သူက - ဒေသအလိုက် (ပုလ္လိင်) ပုရိသများ အလွန်အမင်း ပေါများနေခြင်း - လို့ ကင်ပွန်းတပ်တယ်။
မိခင်တစ်ဦးရဲ့မေတ္တာ (သို့) မအေးစိန်
by Nine Nine Sanay @ နိုင်းနိုင်းစနေ on Sunday, October 30, 2011 at 5:06am
မအေးစိန်
မအေးစိန်က နာမည်နဲ့လိုက်အောင် အနေရိုးတဲ့ ရှမ်းအမျိုးသမီးတစ်ဦးဖြစ်တဲ့အပြင် သူရဲ့အလုပ်က လူတွေကို ကယ်တင်ကုသပေးတဲ့ နပ်စ်မအလုပ်ဖြစ်တယ်။ အရပ်မြင့်မြင့်နဲ့ မအေးစိန်ရဲ့ ဝိုင်းစက်တဲ့မျက်နှာက သူ့ပင်ကိုယ် စိတ်နေသဘောထားကို ဖော်ညွှန်းထားတဲ့အလား အမြဲပြုံးရွှင်လို့နေတယ်။ အော်ငေါက်ပြီး တစ်ခါမှမပြောဖူးတဲ့ မပီကလာသူ့စကားသံမှာ ကိုယ်ချင်းစာတရား၊ ကြင်နာမှုတွေ အမြဲပြည့်လို့နေတယ်။
မအေးစိန်မှာ သားသမီးငါးယောက်ရှိတယ်။ သူတို့လေးတွေက အမေတူပါပဲ။ သူတို့ရဲ့လိမ္မာရေးခြားရှိပုံက မိခင်ကောင်းတစ်ဦးရဲ့ ပြုစုပျိုးထောင်မှုအောက်က ကြီးပြင်းလာကြောင်းကို သက်သေပြလို့နေတယ်။ အဲဒီထဲမှာ ဒုတိယသမီးလေး နန်းရွှေအိက မအေးစိန်ကို နားအလည်ပေးဆုံး၊ အသိတတ်ဆုံး သမီးလေးဖြစ်တယ်။
“ ဘုန်းဘုန်းတို့ကတော့ အာဃာတ မထားပါဘူး။ ပြုသူအသစ် ခံသူ အဟောင်း ” တဲ့ ဦးကောဝိဒနှင့် အင်တာဗျူး
by Min Kyaw Khine on Sunday, October 30, 2011 at 9:33am
(ဓာတ်ပုံ - သောကြာနေ့၊ အောက်တိုဘာ ၂၁၊ ၂၀၁၀၊ အင်န်အယ်ဒီရုံးချုပ် နိုင်/ကျဉ်း တွေ့ဆုံပွဲတွင် တွေ့ရသော ဆရာတော်နှင့် ဒေါ်အောင်ဆန်းစုကြည်)
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒဂုံမြို့သစ် (အရှေ့ပိုင်း ) တက္ကသီလာ မဟာဇေယျ သိဒ္ဓိပဋ္ဌာန်းကျောင်းတိုက်မှ ဆရာတော် ဦးကောဝိဒ ဟာ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းကာလ တုန်းက ကျောင်းမှ သံဃာငယ်တွေ စီတန်းလှည့်လည် ပရိတ်ရွတ် တဲ့ကိစ္စမှာ ကျောင်းထိုင် ဆရာတော် တဦးအနေနဲ့ ရော မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ တဦးအနေနဲ့ပါ တာဝန်ရှိတယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပါတယ်။
အင်းစိန်ထောင်တွင် ၁၃ လတာ နေရပြီး နောက ၅၀၅ (ခ) (သာသနာညှိုးနွမ်းမှု၊ နိုင်ငံတော် အကြည်ငြိုပျက်စေမှု) နဲ့်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် သရက်ထောင်သို့ ပြောင်းရွှေ့ခံရပြီး ၄ နှစ်တာကာလ အကျဉ်းကျခံခဲ့ရာမှ လွတ်ရန်ရက်ပိုင်းအလို ယခုလ ၁၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။
အမေစုရဲ့ အဓိက သော့ချက်
by Tun Wai on Saturday, October 29, 2011 at 7:03am
ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်းသည် အဓိကသော့ချက်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အကြောက်တရားမှ ကင်းလွတ်ခြင်း (Freedom from Fear) သည် အခြားလွတ်လပ်ခြင်းများအတွက် လမ်းဖွင့်ပေးမည့် အဓိကသော့ချက် (master key) ဖြစ်ကြောင်း နိုဘယ်လ်ဆုရှင်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့နှောင်းပိုင်းတွင် မီချီဂန်တက္ကသိုလ်က သူမ အား ဂုဏ်ပြုပွဲတွင် ပြောကြားခဲ့သည်။
အီးသျှစ်တုံးနှင့် ယုန်သူငယ်
တစ်ခါတုန်းက ဖြစ်သည်။ ယုန်ငယ်တစ်ကောင် သစ်ပင်အောက်တွင် အိပ်နေသည်။
ဖုန်း
တစုံတခု သစ်ရွက်ခြောက်ပေါ် ပြုတ်ကျသောအသံဖြစ်သည်။ ကျယ်လောင်သော အသံကြောင့် ယုန်ငယ်လည်း အိပ်နေရာမှ လန့်နိုးသွားတော့သည်။
“မဟုတ်မှလွဲရော၊ ဒါ မိုးပြိုတာပဲ ဖြစ်မယ်”
တစ်ကိုယ်တည်း ပြောပြီး ကြောက်အားလန့်အားနှင့် ထပြေးတော့ရာ တောတခွင် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းပင် သူသိပုံမပေါ်။
“ကိုရွှေယုန်၊ ဘာဖြစ်တာလဲဗျ”
VOA အင်္ဂလိပ်စာ အီဒီယမ် သင်ခန်းစာ
30.10.2011 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Sunday, October 30, 2011 at 5:41am
ကွန်တက်စ် လေကြောင်းလိုင်း အားလုံး ရပ်နား
တကမ္ဘာလုံးမှာရှိတဲ့ ကွန်တက်စ်လေယာဉ်တွေ အကုန်လုံး ရပ်နားထားပါတယ်
သြစတြေးလျ နိုင်ငံ ကွန်တက်စ် လေကြောင်း လိုင်း နဲ့ အလုပ်သမား သမဂ္ဂတို့ အကြား အငြင်းပွားမှုတခု ဖြစ်ရာကနေ ကွန်တက်စ် လေကြောင်း လိုင်းက သူတို့ရဲ့ လေယာဉ်ခရီးစဉ် အားလုံးကို ရပ်ဆိုင်း ထားလိုက်ပြီး၊ လေယာဉ်ပျံ အားလုံးကိုလည်း ပျံသန်းမှု မလုပ်ဘဲ ရပ်နား ထားလိုက်ပါတယ်။
အလုပ်သမားသမဂ္ဂ နဲ့ သဘောတူညီမှု မရသေး သရွေ့ အလုပ်သမား ဝန်ထမ်းတွေကို အလုပ် ပေးဆင်းမှာ မဟုတ်ဘူးလို့လည်း ကွန်တက်စ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အချိန်ပေးကြပါ
by Save Irrawaddy on Sunday, October 30, 2011 at 12:18am
ရဲဘော်မျိုးထွဋ်
(ကိုးကိုးကျွန်ပြန်)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်နဲ့ အမျိုးသား ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေး စေ့စပ်ရေးပွဲဟာ ခရီးအတော်ပေါက်နေပါပြီဆိုတာ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောကြားမှုများနဲ့ နောက်ဆုံးအကြိမ်အစိုးရသစ် ကိုယ်စားလှယ် ဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲကြေညာချက်၊ ပူးတွဲသတင်းစာရှင်းပွဲ၊ သတင်းမီဒီယာတွေ အမေးပြန်လည်ဖြေကြားချက်များအရ သိရှိနားလည်နိုင်ပါတယ်။
တရုတ်နားရွက် တံတွေးစွတ်လိုက်တဲ့ ဗီယက်နမ်
by UZa Wana on Saturday, October 29, 2011 at 9:15pm
တရုတ်အစိုးရပိုင် Global Times သတင်းစာက ဗီယက်နမ်နဲ့ အိန္ဒိယ အစိုးရပိုင် ရေနံကုမ္ပဏီ (ONGC) တို့ မကြာခင်က စာချုပ်ချုပ်တဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ တရုတ်က သူ့ရေပိုင်နက်လို့ ကြေငြာထားတဲ့ တောင်တရုတ်ပင်လယ်က နေရာအချို့မှာ ဗီယက်နမ်နဲ့ အိန္ဒိယက သဘာဝဓာတ်ငွေ့ တူးဖော်ဖို့ စာချုပ်ချုပ်လိုက်တဲ့အတွက် ဒေါသထွက်နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဒီနှစ်နိုင်ငံစာချုပ်က တရုတ်ရဲ့ ပင်လယ်ပြင် အချုပ်အခြာကို ကန့်သတ်လိုက်တဲ့ သဘောပင်။ တရုတ်အစိုးရ ဒေါသထွက်မယ်ဆိုလည်း ထွက်စရာ။ ဒီလအစောပိုင်းမှာ ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်း ငုယင်ဖူကျောင်း ပေကျင်းမြို့ကို အလည်သွားရောက်ပြီး တရုတ်ခေါင်းဆောင်တွေနဲ့ ပင်လယ်ပြင်ပိုင်နက် အချင်းများမှုကို အဖြေရှာဖို့ ဆွေးနွေးစကားတွေ ပြောခဲ့သည်။
ကျန်းမာခြင်းနှင့်တရားအားထုတ်ခြင်း
by Thaung Hein on Saturday, October 29, 2011 at 10:42pm
by အနှိုင်းမဲ. စာတိုပေစများ
on Friday, 28 October 2011 at 14:40
         လောကရှိ သက်ရှိလူသားတိုင်း အတောင့်တဆုံး၊ အလိုချင်ဆုံးသော အရာသည် ကျန်းမာခြင်း ရလာဒ်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ကျန်းမာ၍ အသက်ရှည်စေရန် ဆေးဝါးအမျိုးမျိုးကို မှီဝဲကြသည်။ ဆေးပညာရှင်များထံ ကုသမှုအမျိုးမျိုးကို ခံယူကြသည်။ ကျန်းမာရာ ကျန်းမာကြောင်း၊ အသက်ရှည်ရာ အသက်ရှည်ကြောင်း နည်းလမ်းကောင်းကို ရှာဖွေကြံဆ ပြုကျင့်ကြသည်။ ယနေ့ ကမ္ဘာ့ဆေး ပညာရှင်များက ကျန်းမာ၍ အသက်ရှည် အောင်ပြုရာတွင် တရားအားထုတ်ခြင်းသည် အလွန်အရေးပါ၍ ထိရောက်ကြောင်း ထုတ်ဖော်ပြောဆို နေကြသည်။ ၀ိပဿနာ တရားအားထုတ်ခြင်းဖြင့် သူသူငါငါ ကြုံတွေ့နေ ကြရသောဖိစီးမှုဒဏ်တို့ကို  လျော့ပါးပျောက်ကင်းစေနိုင်ကြောင်း၊ ရောဂါများကိုလည်း သက်သာရာရစေ၍ ပျောက်ကင်းစေနိုင်ကြောင်း ဖွင့်ဆိုကြေငြာထားကြသည်။
ဆီမီးရောင်ရှိန်လင်းပါစေ
ကျော်စောမင်း
(၁) ယခင်အပတ်ကခေါင်းစဉ်မှာ ဆီမီးရောင်ရှိန်ထိန်ထိန်လင်းတဲ့ သီတင်းကျွတ်ခဲ့ပြီဖြစ်သောကြောင့် သီတင်းကျွတ်ပွဲတော် ပြီးသွားသည်ပင်ဆိုစေ အားလုံးလင်းလင်းထိန်ထိန်ရှိကြပါစေဟူသော  စေတနာ အရင်းခံပြီးဆီမီး ရောင်ရှိန်လင်းပါစေဟု ခေါင်းစဉ်တပ်လိုက်ပါသည်။
(၂) ယနေ့ကို ကမ္ဘာ့ဆရာများနေ့ဟုသတ်မှတ်ထားကြောင်းသတင်းစာလှန်မှသိရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် လွန်ခဲ့သော သုံးရက်လောက်က  ‘ရွှေအိုးနှင်တူသောပညာ’ အမည်ရှိဆောင်းပါး တစ်စောင်ရေးဖြစ်ခဲ့သည်။  အတန်းပိုင်ဆရာမထံမှ မဖြစ်မနေကျူရှင်ယူနေရသော မူလတန်းကျောင်းသား လေးများ၏ ဖြစ်ရပ်မှန်ဇာတ်လမ်း။ ပညာရေးလောကအတွက် အမည်းကွက်ကြီးတစ်ခုကို ရေးချလိုက်ရ၍ ရင်ထဲပေါ့သွားသည်မှန်သော်လည်း ‘ဆရာ’ဟူသည့်ဂုဏ်ပုဒ်အတွက် စိတ်မကောင်း။ထို့ကြောင့်ပင် ‘ပို့ရန်မဟုတ်’ဆိုသောဖိုင်တွင် သွင်းလိုက်ရသည်။
ဒီမိုကရေစီသို့ ခြေလှမ်း ၉၀
အီဂျစ်မှာ လူထုအုံကြွမှုနဲ့ အာဏာရှင် မူဘာရတ်ကို ဖြတ်ချနိုင်ခဲ့ပြီးတဲ့ နောက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကြောင်း ရေးထားတဲ့ ဆောင်းပါးတပုဒ် ဖတ်ရပါတယ်။ ဆောင်းပါးရှင်က အီဂျစ်နိုင်ငံ၊ ကိုင်ရိုလေဆိပ်ကနေ မြို့ထဲကို ကားမောင်းသွားရင်း မြင်သမျှ အဆောက်အအုံတွေ၊ စီးပွားရေး လုပ်ငန်းတွေကို စစ်တပ်အသိုင်းအ၀ိုင်းက ပိုင်တာချည်းမို့ အီဂျစ်မှာ ဒီမိုကရေစီ အမြစ်တွယ်ဖို့ မလွယ်သေးဘူးလို့ ကောက်ချက်ဆွဲပါတယ်။
 အင်ဒိုနီးရှားမှာတော့ လေဆိပ်ကနေ ဂျာကာတာမြို့ထဲကို သွားတဲ့ တလမ်းလုံးမှာ စစ်တပ်ယူနီဖောင်းတွေကို လုံးဝမတွေ့ရလို့ အင်ဒိုနီးရှားမှာ ဒီမိုကရေစီ အတော်လေးကို အခြေကျနေပြီပဲလို့ အမှတ်ပေးမိပါတယ်။
Healthy Journalism : Osho
by Zay Ya on Saturday, October 29, 2011 at 10:10pm
မေး။      ။ကြံ့ခိုင်တဲ့ သတင်းစာပညာဆိုတာ ဘာကို ဆိုလိုတာပါလဲ။ သတင်းစာ ပညာ၊ သတင်းစာ လောကဟာ အပြုသဘောဆောင် သတင်းတွေနဲ့ ချည်းသာ မှီတွယ် ရပ်တည်နိုင် ပါသလား။ သတင်း မီဒီယာရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အမြင်ကို ပြောစေချင်ပါတယ်။
အိုရှိုး။    ။Healthy Journalism လို့ ကျနော် ပြောတာက - သတင်းစာ ပညာဟာ လူရဲ့ ပုဂ္ဂလိက ဆိုင်ရာ တစ်ခုလုံးကို အလုပ်အကျွေးပြု တယ်လို့ ဆိုချင်တာပါ။ လူတစ်ယောက်ရဲ့ ကိုယ်၊ စိတ်၊ တွေးခေါ်မှု သဘောထား ဒါတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ သတင်းစာ ပညာဟာ ဖွံ့ဖြိုး တိုးတက် လာမယ့် လူဘောင်အဖွဲ့အစည်းကို ဖန်တီးတယ်။ ဘာတွေဖြစ်နေတယ်လို့ ဖော်ပြပေးရုံသက်သက်၊ Report တင်ပြီး ခင်းပြရုံ သက်သက်ဟာ သတင်းစာပညာ မဟုတ်ဘူး။ ဂျာနယ်လစ်ဇင် ဟာ သတင်းတွေ ဖော်ပြပေးမယ့် သတင်းကြားခံနယ်  သက်သက် မဖြစ်သင့်ဘူး။ ကြီးကျယ် တဲ့ စာပေ အဖြစ် တည်ရှိနေရမယ်။ ဒါကိုသာ ဖွံ့ဖြိုးတယ် လို့ ဆိုနိုင်ပါမယ်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...