Wednesday, June 29, 2011
ဟောပြောပွဲမှတ်တမ်းများ
အောက်ဖေါ်ပြပါလင့်မှာကလစ်ပြီး လေ့လာနိုင်ပါတယ်ခင်ဗျာ။
https://skydrive.live.com/?cid=4f525f1c338a8df7&sc=documents&id=4F525F1C338A8DF7!353
ဗိုလ်ချုပ်ဒေါသထွက်သောနေ့
မြန်မာ့လွပ်လပ်ရေးတပ်မတော် (BIA) အားဖျက်သိမ်းပြီးမြန်မ့ကာကွယ်ရေးတပ်မတော် (BDA) ကိုပြောင်းလဲဖွဲ့စည်းခဲ့သည့် ၁၉၄၂ ခုနှစ်ကဖြစ်သည်။တပ်အင်အားသုံးထောင်ကျော်ရှိသောမြန်မာ့လွပ်လပ်ရေးတပ်မတော်အား ဂျပန်အာဏာပိုင်တို့ကလက်တစ်ဆုပ်စာခန့်ရှိသော မြန်မာ့လွပ်လပ်ရေးတပ်မတော်ကိုပြန်လည်ဖွဲ့စည်းပေးပြီး မြန်မာ့ကာကွယ်ရေးတပ်မတော်ကိုဦးစီးရန် ဗိုလ်ချုပ်အောင်ဆန်းအားဗိုလ်မှုးကြီး (ကာနယ်) အဆင့်သို့လျှော့ချလိုက်သည့်အချိန်မှစပြီး အရာရှိ၊အရာခံ၊အကြပ်၊တပ်သားအားလုံး စိတ်ထိခိုက်ကာစိတ်ဓာတ်ကျနေကြသည် ။
ဘင်လာဒင်ကို ဘယ်လိုသတ်ခဲ့သလဲ ?
by Ye Thurein Min on Monday, May 2, 2011 at 9:29pm
မှောင်မိုက်နေတဲ့ညမှာ အမေရိကန် ရဟတ်ယာဉ်တွေဟာ နံရံမြင့်ကြီးတွေ ကာရံထားတဲ့နေရာတခုကို ချဉ်းကပ်ခဲ့ပါတယ်။ အကြောင်းကတော့ ကမ္ဘာ.အစိုးရွားဆုံး အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို ဖမ်းဖို့ (၀ါ) သတ်ဖို့ပါ။ ထိုသို့ချဉ်းကပ်ပြီး မိနစ် ၄၀ မပြည့်ခင်မှာပဲ ဘင်လာဒင်ဟာ အပေါင်းအပါ ၄ ဦးနဲ့အတူ သေဆုံးခဲ့ရပါတယ်။ 2001 စက်တင်ဘာ 11 အမေရိကန် ကုန်သွယ်ရေးအဆောက်အအုံ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း လိုက်လံနိမ်နှင်းနေတဲ့ အယ်ကေးဒါးခေါင်းဆောင် ဘင်လာဒင်ကို သယ်ဆောင်လာနိင်ခဲ့ပါတယ်။
စက္ကူကြေ
by Hsaung Theway on Monday, June 27, 2011 at 2:52pm
ခရီးရှည်ကြီးမျောနေ၏
မျက်နှာမပါသောလူတို့၏ ။ နေရာ၊ မိုးတိမ်တွင်ပွင့်သောပန်းများ၊ ချိုးချိုးချွတ်ချွတ်ကြည်ပြာရောင်များ၊ ကားများအုံ့ဆိုင်နေသောတိုက်တာများ၊ ဟန်ဆောင်နေသောမဏ္ဌိုင်များ၊ လမ်းလျှောက်နေသော င်္အကျီများ၊ ဟင်းလင်းပြင်ရှိမွှေ့ယာများ၊ နီနီရဲရဲ နှုတ်ခမ်းများ၊ ထိုနေရာသည်အုပ်စုဖြစ်သည်။
မိုးညို့ဧ။် ။ ဖက်လုံးတစ်ခုဧ။် အိမ်မက်ကို အနက်ကောက်ကြည့်သည်။ စမ်းချောင်းများသည် မီးခိုးထွက်၍၊ ကျောက်တောင်များသည် ရိုင်းစိုင်းဧ။်ခြေရာသည်ဖိနပ်စီး၍ ခရမ်းတောတွင်လမ်းလျှောက်နေသည်။ ဆူးဒဏ်ရာသည် ရင်ဘတ်၌သာပေါက်ရောက်လေတော့ဧ။် ။
မျက်စိ(သို့ )သိသင့်မည်ထင်သော မျက်လုံးအကြောင်းသိကောင်းစရာ
လူသားများအားလုံး မိမိတို့မျက်စိထိန်းသိမ်းကြရန်နှင့် မိမိတို့အရှက်အင်္ဂါများကို ထိန်းသိမ်းကြရန် အလွန်အရေးကြီးသည်။မိမိတို့ ထိန်းသိမ်းသင့်သည်များကို ထိန်းသိမ်းခြင်းသည် လူသားများအဖို့
အစင်ကြယ်ဆုံးဖြစ်သည်။ထို့အပြင် မိမိတို့မျက်စိများကို နိမ့်ချထားရန်နှင့် မိမိတို့၏ အရှက်အင်္ဂါတို့
ကိုထိန်းသိမ်းကြရန် ပေါ်လွင်နေတတ်သော အလှတရားအချို့မှ လွှဲပြီး ကျန်အလှပတို့မပေါ်ကြရန်
အမျိုးသမီးများတွင်သာမကပဲ အမျိုးသားများလည်း သိထားသင့်ပေသည်။
မြန်မာပြည်အတွက် အပြောင်းအလဲလေပြေလား
ဂျိုးဆက်ဖ် ဘောလ် (Joseph Ball) | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၁၂ မိနစ်
Jတူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား အာရပ်နိုင်ငံများတွင် တနိုင်ငံပြီးတနိုင်ငံ နွေဦးပေါက်သစ်က ရှင်သန်ပေါက်ဖွားလာခဲ့ရာ နိုင်ငံရေး အုံကြွမှုဆိုင်ရာ ဒိုမီနိုသီအိုရီ အသစ်တရပ်သဖွယ် ပေါ်ထွက်လာသည်။ ယခု မငြိမ်မသက်မှုများနှင့် တော်လှန်ရေးများက အာရပ်ကမ္ဘာ သက်သက်မျှသာလောဟု မေးခွန်းထုတ်စရာ ရှိနေသည်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မကြာသေးမီက မြန်မာပြည်ခရီးစဉ်အတွင်း ပြောခဲ့သလို "အပြောင်းအလဲ လေပြေ" က မြန်မာနိုင်ငံ တောင်တန်းနှင့် မြေပြန့်ဒေသများသို့ တိုက်ခတ်လာလေမည်လောဟုလည်း စောကြောဖွယ် ရှိနေသည်။
တာဝန်ကျေစေချင်ပါသည်
စားသုံးသူတွေဟာ၊ အရေးပါအရာရောက်တယ်။ ကိုယ့်ရဲ့အလုပ်အကိုင်တည်မြဲဖို့၊ ပုံမှန်ဝင်ငွေရရှိရေးအတွက် ကျေးဇူးရှင်တွေ ဖြစ်တယ်ဆိုတဲ့အကြောင်းကို၊ ကျွန်တော်တို့တတွေ အနှစ်(၂၀)လောက် ပြောဆိုဆွေးနွေးခဲ့ကြပေမယ့်၊ သိပ်ပြီးအရာမရောက်လှပါဘူး။
တစ်နေ့ကပဲ၊ ကုမ္ပဏီတွေရဲ့၊ လူမှုရေးတာဝန်ကျေပြွန်မှု (Corporate Social Responsibility) နဲ့ ပတ်သက်လို့ တနေကုန်ကျင်းပတဲ့၊ ဆွေးနွေးပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ ပြည်တွင်းက ပညာရှင်တစ်ယောက်နဲ့၊ မလေးရှား၊ စင်္ကာပူ စတဲ့ နိုင်ငံတွေက ပညာရှင်တွေ ၀ိုင်းဝန်းဆွေးနွေးခဲ့ကြတာပါ။ သူတို့တတွေက၊ ကျွန်တော်တို့ရှေ့ရောက်၊ အတွေ့အကြေုံတွေ ရသင့်သလောက်ရထားကြတဲ့ နိုင်ငံတွေဖြစ်လို့၊ သူတို့ဆီက အတုယူစရာတွေ အများကြီးရှိပေမယ့်၊ ကိုယ့်အခြေအနေနဲ့ကိုယ် လုပ်စရာတွေကလဲ အများကြီးပါ။
`ငွေသော်တာရောင်ခြည်´
တခါက ငွေသော်တာရောင်ခြည်များသို့.......စင်္ကာပူနှင့်တကွ အတိုင်းတိုင်းအပြည်ပြည်မှ ချစ်သူငယ်ချင်း လဒမများသို့ )
       ဟိုးရှေးရှေးတုန်းက ဗိုလ်အောင်ဆန်းဆိုတဲ့ စစ်သားလေးတစ်ယောက်ဟာ ဆေးရုံသွားတက်ရင်း မခင်ကြည်ဆိုတဲ့ သူနာပြုဆရာမကလေးနဲ့ ဆုံမိကြပြီး နဖူးစာရွာလည်သွားသတဲ့။ ပုံပြင်မဟုတ်ဘူးနော်။ တကယ့်အဖြစ်အပြက်။ လူတိုင်းသိပြီးသား။ ထူးဆန်းသလားဆိုရင် မထူးဆန်းပါဘူး။ သူသူကိုယ်ကိုယ် အဖေတွေအမေတွေ အဖိုးတွေ အဖွားတွေ ဒီလိုပဲ ဖူးစာဆုံတတ်ကြသားပဲ။ ဒါပေမယ့် ထူးခြားတာတစ်ခုတော့ ပြောပြရဦးမယ်။ အဲဒီအချိန်တုန်းက မြန်မာတမျိုးသားလုံး သူ့ကျွန်ဘ၀ရောက်နေလို့ တိုင်းပြည်ကြီးကို ကယ်တင်ပေးမယ့် သားကောင်းရတနာတွေကို မြှော်လင့်နေကြတဲ့အချိန်ဆိုတော့  မြန်မာ့တပ်မတော်သားတစ်ယောက်ကို ဘယ်လောက်အထင်ကြီး အားကိုးလိမ့်မယ်ထင်သလဲ။ 
Tuesday, June 28, 2011
နင်းပြားပုံပြင်
အိပ်မပျော်သူအတွက် ညတာဟာ ရှည်လျားလှတယ်လို့ ဓမ္မပဒက ဆိုပါတယ်။ အိပ်မပျော်နိုင်တာမို့ ကျနော် စာ ထရေးဖြစ်ပါတယ်။
ကျနော်ဒီစာကိုရေးနေချိန်ဟာ ညတနာရီထိုးပြီးပါပြီ။ တနှစ်မှာသုံးလလောက်တခေါက်တကျင်း ကျနော်ရှိရာ ဖူးခက်မြို့ကို ရောက်,ရောက်လာတတ်တဲ့ ဇနီးသည်ဟာ ကျနော့်မနီးမဝေးမှာ အိပ်ပျော်နေရှာပါတယ်။ အောက်ထပ်က ကားဂိုဒေါင်မှာတော့ တပည့်ကျော် ကျော်ဝင်းဌေးလည်း အိပ်ပျော်နေလောက်ပြီ ထင်ပါတယ်။ ကျနော့်အိမ်ရှိနေတဲ့ အမ်မခန်ဝန်းကျင်တခုလုံး ငြိမ်သက်တိတ်ဆိတ်နေပါပြီ။ တခါတခါမှာတော့ ခပ်လှမ်းလှမ်း ကားလမ်းပေါ်က ကားတွေဖြတ်မောင်းနေတဲ့ အသံတွေကို ကြားနေရပါတယ်။
"အမေရိကန် ကလေးပညာရေးအစ"
ကျနော်နေထိုင်သော မြို့ကလေးတွင် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုး စုစုပေါင်း ၁၈၀၀နီးပါးခန့်နေထိုင်ကြ သည်။ မြန်မာပြည၊် ထိုင်း၊ မလေးရှားနိုင်ငံတို့မှ လာရောက်ခါ အမေရိကန်တွင် အခြေချနေထိုင်နေကြသည်၊ သူတို့နှင့်အတူပါလာကြသူများ မှာ ကလေးအများစုဖြစ်သည်။ရောက်လာကြပြီဆို...ရင် နေထိုင်ဖို့စီစဉ်ရသည်မှ အရေးအကြီးဆုံးဖြစ်သည်။ နောက်မှစီစဉ်စရာရှိတာစီစဉ်။
ပွင့်လန်းလာတဲ့ပြောရေးဆိုခွင့်
by cherrymyodaw on Wednesday, June 29, 2011 at 2:51am
(၂၀၁၁ ခုနှစ် ဇွန်လ(၂၃) ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်က ဆရာမောင်ဝံသရဲ့ဆောင်းပါး ဖြစ်ပါတယ်။ မြန်မာသတင်းလောကမှာ ပွင့်လင်းမှုမရှိဘူး၊ အရင်အတိုင်းပဲလို့ ပြောနေသူများအတွက် အခြေအနေကို သိစေဖို့ မျှဝေပေးလိုက်ပါတယ်။ )
နိုင်ငံရေးခေါင်းဆောင်
-မောင်ကြည်သစ်
နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေး ခေါင်းဆောင်မှု (Leadership) ရဲ့အခန်း ကဏ္ဍဟာ အဲဒီနိုင်ငံ လူလိုသူလို အဆင့်မီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်မတန် အရေးကြီးပြီး အခရာကျတယ် ဆိုတာ ငြင်းစရာမလိုတဲ့ ကိစ္စဖြစ်ပါတယ်။
မြင့်မြတ်ထက်မြက်ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ ခေါင်းဆောင်ကောင်းတွေ (Good Leader) ရှိတဲ့နိုင်ငံတွေက ဒီအချက်ကိုသက်သေခံလျက်ရှိပါတယ်။
ဥာဏ်စမ်း ပုစ္ဆာ >>>> Funny
ဘာမြို့လဲ(၁)
တခါက လူတစ်ယောက် အထက်မြန်မာပြည်ကို ခရီးသွားတော့ မြို့တမြို့ကို ရောတ်လာတယ်။ ဒါပေမယ့် အဲဒီမြို့နာမည်ကို သူမသိဘူး။ ဒါနဲ့ လမ်းသွားရင်း အဲဒီက ဒေသခံတစ်ယောက်နဲ့တွေ့တော့ ဒီမြို့နာမည် ဘယ်လိုခေါ်သလဲလို့ မေးလိုက်တယ်။ အဲဒါနဲ့ ဟိုလူက ပိုက်ဆံအစိတ် (၂၅ကျပ်) ထုတ်ပြတယ်။ အဲဒါမြို့နာမည်တဲ့။ ဘာမြို့ပါလိမ့်??
"ကလီယိုပါထရာ စုဖုရားလတ်နဲ့ မလိုတမာ မဟာပုရိသများ "
De Nay created the doc:
၂ဝ၁၁ ခုနှစ်၊ ဇွန်လထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ အတွဲ ၂၇၊ အမှတ် -၆၊ စာ-၁၁၁ မှာ ဆရာမ ဒေါ်တင်တင်ဦးရေးတဲ့ ဟိုးလီးဝုဒ် ရွှေခေတ်၏ ဂန္ထဝင် မင်းသမီးချော အယ်လီဇဘက်တေလာ ကွယ်လွန်ရှာပြီ ဆောင်းပါးဖတ်နေတဲ့ လေဒီထူးက Cleopatra has gone လို့ အာမေဍိတ်လိုလိုနဲ့ ငမောင့်ကိုပြောတော့ ငမောင်ခေတ္တ ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ တစ်လံပြမှ တစ်လက်မ မြင်နိုင်တဲ့ ငမောင်က ဘီစီ ၆၉ မှာ  Cleopatra ဘုရင်မက ခုမှ ဆုံးရှာတယ်တဲ့လား ဝိုးဝါးကြောင်စီ ဖြစ်ပုံကို ကောင်းကောင်းရိပ်မိတဲ့ လေဒီထူးက Liz taylor လို့ ထပ်ပြောပါတယ်။ တည့်တည့်ကြီးပြောတော့ ငမောင်ချက်ချင်း သိသွားပါတယ်။
စာပေဟောပြောပွဲများ
 မင်္ဂလာဒုံ စာပေဟောပြောပွဲ
မင်္ဂလာဒုံ မှာပြုလုပ်ခဲ့တဲ့ စာပေဟောပြောပွဲ ပါ။ ဆရာ လယ်တွင်းသား စောချစ် မှ ဘဝမှစာ၊ စာမှဘဝ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) မှ သုတရသစာပေ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာမ သန်းမြင့်အောင်မှ မျက်ကြည်လွှာ ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ပါတယ်။ အားလုံးနားဆင်ရင်း သုတ/ရသ ဗဟုသုတ တွေရနိုင်ကြပါစေ။
စကားဝါမြေ
ရယ်စရာ နောက်ကွယ်မှာ မျက်ရည်တွေရှိတယ်ဆိုတဲ့ ဆရာချစ်ဦးညို
[By Mizzima မဇ္ဈိမ] 
မျိုးသန့်| အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၅၈ မိနစ်
ပြည်တွင်း၊ ပြည်ပတွင် စာပေဟောပြောပွဲများ လိုက်လံ ဟောပြောနေသည့် စာရေးဆရာနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌ ဆရာချစ်ဦးညိုသည် စာပေဟောပြောပွဲများ လိုက်လံ ဟောပြောရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်များတွင်း ချွတ်ချော်မှားယွင်းမှုများကို ဟာသအဖြစ် ပြောင်းလဲ ပြောဆိုတတ်ပြီး ထိုဟာသများ၏နောက်ကွယ်တွင် မျက်ရည်တွေရှိသည်ဟု ဆိုသည်။
လောကကိုစာင့်ရှောက်သောတရား တရားကိုစာင့်ရှောက်သောပြည်သူ
by cherrymyodaw on Monday, June 27, 2011 at 11:14pm
(၂၀၁၁ခုနှစ် ဇွန်လ (၉)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ အယ်ဒီတာ့ အာဘော် ဖြစ်ပါတယ်။)
တရားမျှတသော လွတ်လပ်ခြင်းနှင့် မသွေ၊ တို့ပြေ တို့မြေ ဟူသည်မှာ တိှု့ဗမာ အစည်းအရုံး စတင် ထူထောင်စဉ်က တို့ဗမာ သီချင်း၏ အစပိုဒ် ဖြစ်သည်။ ခုတော့ နိုင်ငံတော် သီချင်း ဖြစ်လာပြီ။ တရား မျှတခြင်း၊ လွတ်လပ်ခြင်းသည် လူသားတိုင်း၏ ဘဝမှာ အလိုချင်ဆုံး အတောင့်တဆုံး အရာ ဖြစ်ပါသည်။ တရားမမျှတခြင်း၊ ချုပ်ချယ်ခြင်းသည် လူတို့ အမုန်းတီးဆုံး မလိုချင်ဆုံး အရာ ဖြစ်ပါလိမ့်မည်။
"ကလေးများ၏ လက်ဦးဆရာ"
လူမှုစီးပွားအဆင်ပြေ၍ ချမ်းသာကြွယ်ဝကြသူများ၏ သားသမီးများမှာ ဉာဏ်ရည် ပိုမို ထက်မြက်ကြသည်၊ ကျောင်းပညာရေးတွင် ပိုတော်ကြသည် ဟူသော အယူအဆမှာ ဆွေးမြေ့ ဟောင်းနွမ်းခဲ့ပြီးဖြစ်ပါ၏။
မိဘများ၏ လစဉ်၊ နှစ်စဉ် ၀င်ငွေ၊ ချမ်းသာ ကြွယ်ဝမှု ပမာဏ၊ နေထိုင်ရာမြို့နယ်၊ ရပ်ကွက် စသည့် လူမှုစီးပွား နောက်ခံအခြေအနေများနှင့် ကျောင်းပညာရေး အောင်မြင်မှု ဆက်နွယ်နေမှု ဆိုသည်မှာ အတိတ် ကာလများတွင် ပြောဆို ဆွေးနွေးခဲ့သောပုံစံများလောက် ရိုးစင်းလှသည်တော့မဟုတ်ပါ။
အိုင်တီ၊ ပညာနဲ့ စိန်ခေါ်မှုများ (ဆရာကျော်ဝင်း)
De Nay 4:09pm Jun 2
စကားဝါမြေ - Thursday, 26 May 2011
လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ Myanmar Network ရဲ့ (၂) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အသင်းဝင်များ တွေ့ဆုံပွဲကို မေလ ၂၁ ရက်နေ့ နေ့လည် (၁၂) ကနေ ညနေ (၅)နာရီခွဲ ထိ ရန်ကုန်မြို့ရှိ ကမ်းနား ဟိုတယ်ခန်းမ မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဆရာကျော်ဝင်း ပြောသွားတဲ့ "အိုင်တီ၊ ပညာနဲ့ စိန်ခေါ်မှုများ" ပြောကြားချက်တွေထဲမှာ အယူအဆသစ်တွေ ပါလာတဲ့ အတွက် သဘောကျ ပါတယ်။ ဖမ်းထားတဲ့ အသံဖိုင်ကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေလည်း နားထောင်နိုင်အောင် တင်ပေးထားပါတယ်။
ယခု အသံဖိုင်ကို ဒီနေရာ ကနေ ရယူပါတယ် ခင်ဗျာ။ ကျွန်တော့်ရဲ့ မေးလ်ထဲကို ပို့လာပေးတဲ့ ZawNaingOo ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါအပြင် သူညွှန်းလိုက်တဲ့ Facebook စာမျက်နှာပေါ်မှာ မူရင်း တင်ပေးတဲ့ ကို Aung Myo Htun ကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အိုင်တီ၊ ပညာနဲ့ စိန်ခေါ်မှုများ (ဆရာကျော်ဝင်း)
www.sagarwarmyae.info
မြန်မာစာအုပ်များကို အခမဲ့ တင်ဆက်နေသော Website တစ်ခုဖြစ်ပါသည်။
Monday, June 27, 2011
လူငယ်ရသစာပေနှင့် ပေါင်းကူးတံတား
အနာဂါတ်ကိုလူငယ်ကသာဆောင်ကျဉ်းသည်။လူငယ်သည်ခေတ်ကိုထမ်းပိုးသည်။ခေတ်တစ်ခေတ်၏တိုးတက်ပြောင်းလဲသောဖြစ်စဉ်တွင်
လူငယ်သည်ပင်မအသက်သွေးကြောတစ်ခုဖြစ်သည်ဟုပြောရမလောက်ပင်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်လေသည်။လူငယ်တွေ  အပေါ်သည်လိုမြင်တက်လာရာမှထိုကဲ့ သို့ အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိနေသောလူငယ်သည်စာပေဗဟုသုများစွာရှိရန်လိုအပ်ကြောင်း
အမျိုးသမီးနဲ့ ပညာရေး
ဒေါ်အေးအေးခိုင်
အမျိုးသားများ အုပ်ချုပ်သည့် ခေတ်ကာလ မပေါ်မီ နှစ်ပေါင်း များစွာကတည်းကပင် အမျိုးသမီးများ စာပေသင်ကြားခွင့် မရခဲ့ကြပေ။ အမျိုးသမီးများ စာပေသင်ကြားခွင့်မှာ မစားကောင်းသည့် အရာ တစ်ခုကဲ့သို့ ပိတ်ပင် တားမြစ်ခံခဲ့ကြရသည်။ သို့သော်လည်း အမျိုးသမီးတို့၏ စွမ်းပကားသည်ကား ပိတ်ပင်တားဆီးများ အကြားမှပင် စွမ်းဆောင်နိုင်သူ များစွာ ပေါ်ထွက်လာခဲ့သည်မှာ ထူးခြားလှသော ဖြစ်ရပ်များ ဖြစ်ပေသည်။ ကမ္ဘာ့စာပေတွင် ၁၁ ရာစုအတွင်း ပထမဆုံး ၀တ္ထုရေးသားခဲ့သူမှာ ဂျပန်အမျိုးသမီး မူရာဇကီ ဖြစ်ပေသည်။
"အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏ မှာတမ်း"
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဖန်တီးတည်ထောင်သည့် ဗိသုကာလည်းဖြစ်၊ လွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်သူလည်းဖြစ်၊ နယ်ချဲ့ဆန့်ကျင်ရေး သူရဲကောင်းကြီးလည်း ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခု၊ ဇူလိုင် ၁၉ ရက်နေ့ တွင် ကျဆုံးသွားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးတိုက်ပွဲ၏ လမ်းခုလတ်၌ ကျဆုံးရစဉ်အခိုက်အတန့်တွင် အသက် ( ၃၂ ) နှစ်သာရှိသေးသည်။ လူ့ဘ၀၏ ငယ်ရွယ်သေးသော ပျိုမျစ်သေးသော အရွယ်ဖြစ်သည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခု၊ ဖေဖော်ဝါရီလအတွင်း ပြန်လည်ဖွဲ့စည်းလိုက်သော ကြားဖြတ်ယာယီအစိုးရအဖွဲ့၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကာကွယ်ရေးနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနများကိုလည်းကောင်း ဦးစီးတာဝန်ယူလျက် ရှိလေသည်။
“လူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့အစည်းများအတွက် အခြေခံသဘောတရားများ”
by Sein Khat Soe on Tuesday, June 28, 2011 at 2:41am
ကျွန်တော်တို့နိုင်ငံတွင် အခြားအခြားသော ဖွဲ့ဖြိုးဆဲ၊ ဖွံ့ဖြိုးမှုနှေးကွေးဆဲ၊ ဆုတ်ယုတ်ဆဲနိုင်ငံများနည်းတူ “လူထုအခြေပြုအသင်းအဖွဲ့များ” ဟုခေါ်ဆိုသော အသင်းအဖွဲ့များ မရေမတွက်နိုင်လောက်အောင် ၁၀စုနှစ်တစ် ခုအတွင်းပေါ်ပေါက်ခဲ့သည်။ သို့သော် ထိုအသင်းအဖွဲ့များကို တိကျသေခြာသောနည်းများဖြင့် မည်သို့ဦးဆောင်ကြမည်။ မည်ကဲ့သို့ အကျိုးဖြစ်ထွန်းအောင်ပြု လုပ်မည်ဆိုသည်ကတော့ စိန်ခေါ်ချက်တစ်ခုလို၊ အိပ်မက်ဆိုးတစ်ခုလိုကို ဖြစ်နေသေးသည်။
မီးပြတိုက်ရဲ့ လက်ဆောင်
1AKyiTaw - AKyiTaw 20110529 LaMinPhanPwe NorthOkkalapa56:27Download
2AKyiTaw - DoteKhaSoTar YeeSayar 3:35Download
3AttaKyaw - AttaKyaw TanPhoeShiDeLu MawLaMyaing 2010
နတ်သမီးပုံပြင်
သူ့အတွက် သူအိမ်တစ်လုံးဆောက်တယ်
သူ့အုတ်မြစ်များ၊
သူ့ကျောက်တုံးများ၊
သူ့နံရံများ၊
သူ့ခေါင်းပေါ်က အမိုးများ၊
သူ့ခေါင်းတိုင် သူ့မီးခိုးများ၊
သူ့ပြတင်းပေါက်က မြင်ကွင်း။
ဆရာနဲ့ကျောင်းသား
ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီးအတော်စဉ်းစားယူရတဲ့ သင်္ချာဥာဏ်စမ်းတွေပါ။ ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊ "ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက်မေးတာပဲ၊ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်...ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်".... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်းမဖြေနိုင်တော့ပါဘူး... နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ် "ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ့ဖြေလို.ရတဲ့မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ 
ကြိုးစင်ပေါ်မှ စကားများ
Human Right
ကြိုးစင်။
ဒီစကားလုံးကို ကြားရသည့်အခါတိုင်း ရုရှားသူရဲကောင်းမလေး ဇိုယာက ကျွန်မရဲ့ အတွေးအိမ်ထဲသို့ ၀င်ရောက်လာတတ်သည်။ ခုနစ်တန်း ကျောင်းသူဘ၀၊ ပြင်ပစာပေများ၊ ဗဟုသုတများကို သဲသဲမတ်မတ် လိုက်ရှာနေချိန်မှာ ဇိုယာက ကျွန်မနှလုံးသားထဲသို့ ရုတ်ခြည်း ၀င်ရောက်လာခဲ့တာဖြစ်သည်။ လည်ပင်းမှာ ကြိုးကွင်းစွပ်ခံထားရချိန်တွင် ဇိုယာ ပြောကြားလိုက်သော စကားလုံးများက ကျွန်မသွေးကြောများအတွင်းသို့ တစုံတရာ အင်အားတို့ကို စီးဝင်သွားစေခဲ့သည်။
Sunday, June 26, 2011
ချစ်ခြင်းနှင့် မကင်းကြသူများ
[By Nyi Thit ]
“ချစ်ခြင်းမေတ္တာ”
တစ်ခါတုန်းက ပင်လယ်ထဲမှာ ကျွန်းတစ်ကျွန်း ရှိတယ်။ အဲဒီကျွန်းမှာ ခံစားမှုတွေ အကုန်လုံး နေထိုင်ကြသတဲ့။ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှု၊ ကြွေကွဲမှု၊ အမြော်အမြင်ရှိမှု၊ ချမ်းသာမှု၊ ဆင်းရဲမှု စသည်ဖြင့်ပေါ့လေ။
... တစ်နေ့မှာ အဲဒီကျွန်းကြီး ပင်လယ်အောက်မြုပ်တော့မယ်လို့လည်း သတင်းကြားရော အားလုံးက ကျွန်းကနေခွာဖို့ ပြင်ကြဆင်ကြတာပေါ့လေ။
လောကီနဲ့ လောကုတ္တရာ
by Wai Maw on Monday, June 27, 2011 at 10:06am
(၂၀-၆-၁၉၄၆) နေ့မှာကျင်းပတဲ့ ပထမအကြိမ် ဖဆပလညီလာခံမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက နိုင်ငံရေးနဲ့ ဘာသာရေး မတူကွဲပြားပုံကို အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်-
“ကိုးကွယ်သည့်ဘာသာရေးဆိုသည်မှာ လူအသီးသီးတို့၏ သက်ဝင်ယုံကြည်မှုဖြစ်သည်။ နိုင်ငံရေးမှာကား လူအသီးသီးတို့၏ ပေါင်းသင်းဆက်ဆံမှုသိပ္ပံအတတ်သာလျှင်ဖြစ်၏။ သိပ္ပံအတတ်အနေအားဖြင့် နိုင်ငံရေးသည် လူအသီးသီးတို့၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရပေလိမ့်မည်။ အခွင့်အရေးများတွင် လွတ်လပ်စွာ ဘာသာကိုးကွယ်မှုလည်း ပါသည်။ ဤအခွင့်အရေးပေးရာ၌ပင် ကျွန်ုပ်တို့သည် နိုင်ငံရေးနှင့် ဘာသာရေး နှစ်ဌာန စပ်ကြားတွင် စည်းထားရပေလိမ့်မည်။
ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား
(မောင်သစ်ဆင်း)
by Aungmyo Tun on Monday, June 27, 2011 at 11:49am
    ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး
တစ်ခုကို အမြဲ သတိရနေမိပါတယ်။
    မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက “မင်းတုန်းမင်းနှင့် ငါးခြောက်ပြား”
ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော်
ဆီမှာ ပညာသင်ကြားခဲ့ရတယ်။
ဆရာအော်ပီကျယ်ရဲ့ အဓိပါယ်များစွာဖြင့် ပြောင်မြောက်လွန်းပြီး တွေးစရာတွေများတဲ့ ကာတွန်း
by Moe Ye on Saturday, June 25, 2011 at 5:30pm
ကျနော် ကွန်ဆာဗေးတစ်
ကျောင်းတုန်းက ကျနော်တို့ အဆောင်ကို လာလည်တတ်တဲ့ သူငယ်ချင်းတယောက်က "မင်းတို့ တဆောင်လုံးမှာ (သူငယ်ချင်း ၈ ယောက်နေပါတယ်) မင်းတယောက်ပဲ လစ်ဘရယ်ကျတယ်"
လို့ပြောပါတယ်။ အမှန်အတိုင်းပြောရင် လစ်ဘရယ်ဆိုတာကို အဲဒီတုန်းက ကျနော်သေချာမသိပါဘူး။ (အခုလည်း သေချာမသိပါဘူး)။
တန်ပြန်တိုက်စစ်
by ရီ တိုး on Monday, June 27, 2011 at 10:38am
                                              ၁။
“ဟာ…မိုက်လိုက်တာဗျာ….ဒီလိုမျိုးလေး တွေနဲ့
အပန်းမဖြေရတာကြာပြီ…လွှတ်မိုက်တယ်ဗျာ….အဲ့ဒါဘယ်ဝက်ဆိုက်ကလဲ”….ဟုပြောပြောဆိုဆိုနှင့်
ပြေး၍ ဝက်ဆိုက်နာမည်ကို ကူးယူဟန်ပြလိုက်သည်။
”ကျနော့်သမီးကို သံလွင်မှာ မျှောခဲ့ရသော်လည်း...”
၂၀၁၁ ခုနှစ် မေလထဲတွင် ကျနော့ သူငယ်ချင်း သိန်းထိုက်ဦး (VOA)နှင့် ဇနီးသည် မသီရိတို့ရှိရာ ၀ါရှင်တန်ဒီစီ သို့ အလည်ရောက်ဖြစ်ခဲ့ရင်း၊ ၁၉၈၈ ကာလ ပြည်တွင်းတွင် ဖြတ်သန်းခဲ့မှုများနှင့် မိမိတို့ မတွေ့တော့သည့် အချိန်ကာလများအတွင်း မိမိတို့ ဖြတ်သန်း ဖြစ်ပျက်ခဲ့သည်များကို နောက်ကြောင်းပြန်ဖြစ်ခဲ့သည်၊။
“အသုတ်စားသူများ”
by Sein Khat Soe on Monday, June 27, 2011 at 10:40am
ဒီနေ့အဆောင်မှာ အလုပ်ပိတ်ရက်မို့ လုပ်ဖော်ကိုင်ဖက် ညီညီမတွေ မုန့်ဖတ်သုတ်နဲ့ ကြာဇံသုတ် လုပ်စား ကြ တယ်။ အဆောင်ရဲ့မီးဖို ချောင်ထဲက ထမင်းစားခန်း ကျဉ်းကျဉ်းလေးထဲမှာ မတ်တတ်ရပ်သူရပ်၊ စားပွဲမှာ ထိုင် သူထိုင် ချဉ်ငံစပ်စိတ်ကြိုက်လုပ်ပြီး ချွေးတလုံးလုံး၊ ရှုးရှုးရှဲရှဲစားနေကြတဲ့အထဲ ကိုယ်လည်းတစ်ယောက် အပါအ ဝင်ပေါ့..။ ကိုယ်က အသုတ်စားရင် ဂေါ်ဖီတို့၊ နံနံပင်တို့ထည့်တာမကြိုက်ဖူး မုန့်ဖက်သုတ်ကို ကြက်သွန်ဖြူဆီ ချက် အဖတ်ရွှဲရွှဲ မွှေးမွှေးလေးနဲ့ ငံပြာရည်လေးလေးရောသုတ်ပြီး၊ မုန့်ဟင်းရည်လေးက အရည် သောက်အဖြစ် ပါလိုက်လို့ကတော့ လွှတ်ကြိုက်တာပေါ့..။
ကျွန်တော့် ရောဂါ (ကျနော့်သူငယ်ချင်းရဲ့ရော ဂါနဲ့ တူသူများရှိမလားလို့ ..................)
by MoMo Aung on Sunday, June 26, 2011 at 8:27pm
ကွန်ပြူတာရှေ့မှာ ထိုင်မိလို့အားအားယားယားလေးများဖြစ်နေရင် ဒီလက်က မောဇီလာပဲ သွားသွားနှိပ်မိနေလို့ပါ  ။ ပီးရင် ဘာရယ်မသိဘူး ကီးဘုတ်ပေါ်လက်တင်စဉ်းစားလိုက်ရင် ဂျီမေးလ် ပဲ ဖွင့် မိပြန်ရော…..လက်ကပဲ အကျင့်ပါနေလို့ လားမသိ ctrl+ t လေးနှိပ်လိုက်ပီး www.facebook.com ဆိုရိုက်မိပြန်ရော….လူ့စိတ်များပြောပါတယ်……
ကောင်လေးတစ်ယောက်ရဲ့ ရာဇဝင်
by Han Thit Nyeim on Sunday, June 26, 2011 at 10:45pm
 ရာဇဝင်တွေထဲမှာ စကားလုံးတွေ အများကြီးမရှိဘူး။ ဇာတ်ကောင်တွေ အများကြီးမပါဘူး။ ခံယူချက်တွေ အများကြီး ရောထွေးမနေပါဘူး။
မိုးမီးလောင်ခြင်း(ပုံပြင်)
လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)ကျော်လောက်က ဟိမ၀န္တာတောင်ခြေမှာရှိတဲ့ တောအုပ်ကြီးတစ်ခုထဲမှာ ဆင်၊ ကျား၊ ခြင်္သေ့၊ ကျားသစ်၊ ကြံ့၊သမင်၊ ဒရယ်၊ ရေမြင်း၊ ၀ံပုလွေ၊ မြေခွေး၊ ၀က်ဝံနဲ့ အခြား တိရစ္ဆာန်ငယ် ပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြတယ်။ ကျားဟိန်းသံ၊ ခြင်္သေ့ဟောက်သံ၊ သမင်တောက်သံ၊ ဒေါင်းတွန်သံနဲ့ ကျေးငှက်သာရကာသံတွေကို အခါမလပ် ကြားနေကြရတယ်။
ဝါးလုံးခေါင်းထဲ လသာခဲ့တဲ့ မြန်မာ့ရာဇဝင်
by Zaw Myo Lwin on Thursday, April 28, 2011 at 1:34am
မိမိဟာ ထိုင်းနိုင်ငံမှာ ပညာသင်ကြားခဲ့စဉ်က မသင်မနေရ ဘာသာအဖြစ် ထိုင်းနိုင်ငံရဲ့သမိုင်းကို သင်ကြားခဲ့ရပါတယ်။ အဲသည်လိုဘဲ ရန်ကုန်မြို့မှာကျောင်းနေခဲ့စဉ်ကလည်း မြန်မာ့သမိုင်းကို သင်ကြားခဲ့ရပါတယ်။ ရှေးက သမိုင်းကြောင်းကို ကျောင်းတွေမှာသင်တဲ့အခါ ကိုယ့်လူမျိုးက ကိုယ့်သမိုင်းကို အကောင်းဘဲ ရေးကြတယ်ဆိုတာ တွေ့လာရပါတယ်။ သို့သော် သမိုင်းကြောင်းရဲ့ ဇာတ်လမ်းတွေကို အခြားလူမျိုးခြားတွေရဲ့ သမိုင်းတွေနဲ့ပါတွဲပြီး နှိုင်းယှဉ်လေ့လာရတဲ့ အခါမှာတော့ သမိုင်းကပြောတဲ့ ဇာတ်လမ်းတွေကို ကိုယ်တိုင်ချင့်ချိန် ကြည့်မြင်လာနိုင်ပါတော့တယ်။
ရိုးသားခြင်းသည်သာ...
by Hlaing Win Tun on Wednesday, January 12, 2011 at 4:55pm
အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဟာ အသက်အရွယ်ကြီးရင့်လာတော့ သူ့နေရာမှာဆက်ခံမယ့်သူတစ်ယောက်ကို ရွေးချယ်ဖို့ စဉ်းစားမိပါတယ်။ သူ့ရဲ့ သား သမီးများနဲ့ လက်ရှိသူ့လုပ်ငန်းက ဒါရိုက်တာများထဲက ရွေးချယ်ဖို့ထက် တခြားနည်းလမ်းတစ်မျိုးနဲ့ ရွေးချယ်ဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်။
တန်ဖိုးထားမှုလေး တစ်ခု
by Hlaing Win Tun on Wednesday, January 12, 2011 at 4:59pm
တန်ဖိုးထားမှုလေးတစ်ခု တိုးတက်ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်ရဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုမှာ အရေးကြီးဆုံးအရာတစ်ခု ဖြစ်လာတာက အလေးအနက်တန်ဖိုးထားတဲ့အသိအမှတ်ပြုမှုလေး တစ်ခု (Appreciation) ပါ။ လောလောလတ်လတ် ကျောင်းပြီးခါစ လူငယ်တစ်ယောက်က သူ့ဘဝ တလျှောက်လုံးမှာ လေ့လာမှုတိုင်းကို ထူးထူးချွန်ချွန် ဖြတ်သန်းခဲ့သူဖြစ်တယ် ။
"အမျိုးသား ညီညွတ်ရေး"
Way Min Way Min created the doc:
ဇန်န၀ါရီလ ၁၇ ရက်နေ့က စတင်ကျင်းပသော ( ဖ-ဆ-ပ-လ ) ပြည်လုံးကျွတ် ညီလာခံသဘင်ကြီးသို့ မြန်မာတပြည်လုံးမှ လူထုကိုယ်စာလှယ်များနှင့် ပရိသတ်ပေါင်း နှစ်သိန်းကျော်တက်ရောက်ကြ၏ ။ ယင်းလူထုညီလာခံတွင် ၂၃-၁-၄၆ နေ့၌ ဗိုလ်ချုပ်အောင်ဆန်းက ညီညွတ်ရေးအဆိုကို အကျယ်တ၀င့် ရှင်းလင်းတင်သွင်းခဲ့လေသည် ။ အဆိုတင်သွင်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်း ပြောသွားခဲ့သည်။
အိုဘယ့်ဒုက္ခသည်
by Zaw Myo Lwin on Friday, May 20, 2011 at 1:53am
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မြန်မာလူမျိုးတွေ တိုးတက်တဲ့ တတိယနိုင်ငံတွေမှာ ရောက်သွားကြရင် အတွေးအခေါ်တွေ မြင့်မားလာမယ်။ အတက်ပညာ၊ နည်းပညာတွေ ရရှိလာမယ်။ အဲဒီ လူ့အရင်းအမြစ်တွေဟာ မြန်မာပြည်ကြီးအတွက် အကောင်းဆုံးသော သံယံဇာတတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ယူဆမိတယ်။
ဘဝမှာ မရှိမဖြစ်တဲ့ သူငယ်ချင်းများ ..?
by Hlaing Win Tun on Tuesday, June 7, 2011 at 12:13am
သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။
"သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။
:-) ( ဟာသတိုများ)
by Zaw Myo Lwin on Sunday, June 26, 2011 at 8:32pm
“ငါးဟင်းစားရင် ဦးနှောက်ကောင်းတယ်ဆိုပဲကွ”
“အေးလေ ဒါကြောင့် ငါနေ့တိုင်း ငါးဟင်းစားနေတာ”
“ဟင်း-ဒါဆို ဒီသီအိုရီ မှားနေပြီ”
အောင်မြင်မှုဆိုတာ
အောင်မြင်မှုဆိုတာ
by Hlaing Win Tun on Thursday, June 9, 2011 at 12:44pm
         လူတိုင်းအောင်မြင်မှုရချင်ကြတယ်။ ဆရာဝန်က အောင်မြင်တဲ့ဆရာဝန်
ဖြစ်ချင်တယ်။ ဆင်ခြေဖုံးက ဆေးခန်းလေထဲမှာ လူနာမျှော်ရင်းဝတ္တုစာအုပ်တွေ
တစ်အုပ်ပြီးတစ်အုပ်ထိုင်ဖတ်နေရတဲ့ ဆရာဝန်မျိုးမဖြစ်ချင်ဘူး။
မုန့်ဟင်းခါးရောင်းတဲ့သူကလည်း ရပ်ကွက်တကာလှည့်ပြီး
အထမ်းနဲ့သယ်ပြီးရောင်းတဲ့ အသည်မဖြစ်ချင်ဘူး။
မိုးလင်းတာနဲ့မော်တော်ကားတွေ တသီကြီးတန်းစီလာစားကြတဲ့
ဆိုင်ကြီးနဲ့ရောင်းတဲ့ မုန့်ဟင်းခါးသည် ဖြစ်ချင်တယ်။
၉၀ - ၁၀ နိယာမ
by Hlaing Win Tun on Sunday, June 26, 2011 at 8:32pm
    ၉ဝ-၁ဝ နိယာမက သင့်ဘဝကို ပြောင်းလဲလိမ့်မယ်။ (အနည်းဆုံးတော့ သင့်ရဲ့တုံ့ပြန်မှုကို ပြောင်းလဲလိမ့်မယ်) ၉ဝ-၁ဝ နိယာမဆိုတာ ဘာလဲ? ဘဝရဲ့၁ဝ%က သင့်ရဲ့ကံကြမ္မာကြောင့်ဖြစ်တယ်။ ကျန်တဲ့ ၉ဝ%က သင့်ရဲ့တုံ့ပြန်ချက်အပေါ် မူတည်တယ်။
"တစ်ခါတုန်းက မိသားစုတစ်စုနေတဲ့ တိုက်ခန်းတစ်ခန်းတံခါးမှာ"
Rozoner King created the doc:
[By Nyi Thit]
ညီသစ်
ကလေးမလေးရဲ့ရှေ့မှာ လူငယ်တစ်ယောက် ရပ်နေတယ်။ စင်္ကြံမီးအလင်းရောင်မှာတော့ အဲဒီလူငယ်ဟာ အလွန် နာမကျန်းဖြစ်နေပုံရတယ်။ ပြီးတော့ အလွန့်အလွန်ကို သိမ်မွေ့နူးညံ့ပြီး အရောင်တာက်ပနေတဲ့ ပန်းနုရောင် အသားအရေလည်း ရှိတယ်။ အရေးပေါ် ကျရောက်လာမယ့် အန္တရာယ်အတွက် ဒီမိသားစုကို သူ လာပြီး သတိပေးတာဖြစ်ကြောင်း ရှင်းပြတယ်။ မြို့ထဲမှာ ကူးစက်ရောဂါ ကပ်ဆိုး ဆိုက်ရောက်နေပြီ ဖြစ်ကြောင်းနဲ့ အဲဒီရောဂါပိုးဟာ သုံးရက်အတွင်း သေဆုံးစေကြောင်းကိုလည်း ပြောပြတယ်။
ရောမလိုကျင့်ခြင်းနှင့် ၄င်း၏အစာမကြေမှုများ (localization and its discontents)
by Pandora Pandori on Sunday, June 26, 2011 at 4:49pm
အော့ချတ်မြောင်းထဲမှာ ရေလျှံနေပေါ့ ရေများရာမိုးရွာ
လူတန်းရှည်ဟာ စိတ်မရှည်ကြတော့ဘူး
ကယာစူးယဉ်ကျေးမှုနဲ့ ဒီ ဂါးမန်း နဲ့တော့ တွေ့နေကြပြီ
ဒစ်စကောင့်တွေဟာ တန်းစီအမှိုက်ပုံးတွေထဲ စနစ်တကျ နေရာယူနေကြတယ်
မနက်ဖြန်ဟာတနင်္လာ တယ်လီဖုန်းကဒ်တစ်ကဒ် ပန်နင်ဆူလာက ပဲပြုတ်နှစ်ကျပ်ဖိုး
Saturday, June 25, 2011
ဦးနှောက်ယိုစီးခြင်းလော စီးဝင်ခြင်းလော
by Khin Maung Nyo on Sunday, June 26, 2011 at 12:15pm
          ဆင်းရဲသည့်နိုင်ငံများတွင် အတော်ဆုံးနိုင်ငံသားများ ပြင်ပသို့ ရွှေ့ပြောင်းထွက်ခွာသည့်အခါ နောက်ဆုံး၌ ၄င်းတို့ အကျိုးရှိတတ်ကြသည်။ ချမ်းသာသည့်နိုင်ငံများမှ လူများက ရွှေ့ပြောင်းဝင်ရောက်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြသည်။ ၄င်းတို့က ဆောက်လုပ်ရေးလုပ်သားများ၊ ပန်းကန်ဆေးသူများ၊ လယ်ယာလုပ်သားများ  ၄င်းတို့၏ အလုပ်အကိုင်များကို ပြိုင်ဆိုင်လုယက်မည့် လစာနည်းသူများအဖြစ် ရှုမြင်ကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများက လူဦးရေ ပြင်ပသို့ ရွှေ့ပြောင်းမှုနှင့်ပတ်သက်၍ စိုးရိမ်ကြသည့်အခါ၌ ၄င်းတို့နိုင်ငံများမှ အကောင်းဆုံး၊ အတော်ဆုံးသူများ၊ ဆီလီကွန်ဗဲလီး သို့မဟုတ် ချမ်းသာသည့် နိုင်ငံများရှိ ဆေးရုံများ၊ တက္ကသိုလ်များသို့ ရောက်သွားသည့်ကိစ္စများအတွက် စိုးရိမ်ကြခြင်းဖြစ်သည်။ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျကဲ့သို့နိုင်ငံများသည် တက္ကသိုလ်ဘွဲ့ရများအတွက် လူဝင်မှုစည်းမျဉ်းစည်းကမ်းများကို လျှော့ပေးကာ အတတ်နိုင်ဆုံး ဆွဲဆောင်နေကြသည်ကို တွေ့ရသည်။
အဖြူဆင်းခြင်း (White discharge)
by ဆေးလောက on Saturday, June 25, 2011 at 9:49pm
Public Health in Myanmar
လူ့လောက လူ့သဘာဝမှာ အမျိုးသမီးလေးတွေကို ပန်းကလေးတွေအဖြစ် တင်စားပြောဆိုကြပါတယ် ။ ပန်း ကလေးတွေ ဆိုတာ ငယ်ရွယ်နုပျိုစဉ်မှာ အစွမ်းကုန် ပွင့်ဖူးလှပလေ့ရှိပြီး ကြီးရင့်လာတဲ့အခါမှာတော့ ညှိုးနွမ်း ခြောက်သွေ့ သွားလေ့ရှိတယ် ။ ဒီလိုအချိန်လေးအတွင်း အမျိုးသမီးတွေအနေနဲ့ မီးယပ်နဲ့ပတ်သတ်တဲ့ ပြဿနာ မျိုးစုံ ကြုံတွေ့ရလေ့ရှိပါတယ် ။ အခုတင်ဆက်ပေးမှာကတော့ မီးယပ်ပြဿနာမျိုးစုံထဲကမှ White discharge လို့ခေါ်တဲ့ အဖြူဆင်းခြင်း ပြဿနာပဲဖြစ်ပါတယ် ။
စည်းကမ်း ဥပဒေနှင့် တာဝန်
ဒီမိုကရေစီ ဝါဒသည် ဝါဒ အသီးသီးတွင် အလွန် ကောင်းလှစွာသော ဝါဒတစ်ခု ဖြစ်သည်ကား မှန်၏။ သို့သော် ဤဝါဒ အတိုင်း အကျိုးရှိအောင် ဆောင်ရွက်ရန်ကား မလွယ်။ စည်းကမ်း ဥပဒေကို ရိုသေတတ်၍ မိမိတို့၏ တာဝန်ကို မိမိတို့ သိတတ်သူများ သာလျှင် ဤဝါဒကို နည်းလမ်းတကျ အသုံးပြုနိုင်ကြ ပေလိမ့်မည်။
"ဆရာဆိုတာ ..."
Htet Aung created the doc:
(၁)
"Excuse me, are you Mr. xxx from xxx Secondary School?"
"Yes, I am. You are xxx! Right? You have not changed much."
တနေ့သောစနေမနက်ခင်းမှာ အိမ်နားဈေးဝယ်ထွက်တုန်း အလယ်တန်းကျောင်း နောက်ဆုံးနှစ်နှစ်မှာ အတန်းပိုင်ဆရာဖြစ်ခဲ့သူနဲ့ ပြန်ဆုံလိုက်ရတော့ အတိုင်းထက်အလွန် ၀မ်းသာသွားမိတယ် ။ သူ နဲ့ အဆက်အသွယ်အပြတ်နေခဲ့တာ ကျွန်မ ဘွဲ့ ရပြီးတည်းကဆိုတော့ နှစ်တွေကြာနေပြီပေါ့ ။ ဒါနဲ့ပဲ သူနဲ့အတူပါလာတဲ့ သူ့ ဇနီးကလည်း မြန်မာကျောင်းသူတယောက်တည်းဖြစ်ခဲ့တဲ့ ကျွန်မကို အမှတ်တရနဲ့ စကားတွေဆက်ပြောဖြစ်ခဲ့ကြတယ် ။
အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ဟာ ပြီးပြည့်စုံတဲ့ ဥပဒေ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အားလုံး လက်ခံထားပြီး ဖြစ်ပါတယ်။ စစ်တပ် ဘက်ကလည်း ဒီဥပဒေမှာ အားနည်းချက် တစ်ချို့ ရှိတယ်။ သို့သော် သမိုင်း သင်ခန်းစာနဲ့ လက်ရှိ ပကတိ အရှိတရားများ အရ ဒီလောက်ပဲ ရနိုင်မယ်။ ဒီအခြေခံကနေပဲ အားလုံး ပေါင်းလုပ်ရင်း သူတို့အဆို ဒီမိုကရေစီ အတွေ့အကြုံများ ရင့်ကျက်လာရင် ပြောင်းကြတာပေါ့ ဆိုတဲ့ သဘောထားကို ဂမ်ဘာရီကို ပြောတဲ့ ရှင်းလင်းချက်တွေ၊ သတင်းစာ ဆောင်းပါးတွေမှာ မကြာခဏ ရည်ညွှန်းပြောတာ သတိထားမိပါတယ်။
မှန်တာပြောသစ္စာ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးဖိအား
၂၀၁၁ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် ဆိုရင် မြန်မာ့ လွတ်လပ်ရေး သက်တမ်း ၆၃ နှစ် ရှိပါပြီ။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို လွတ်လပ်ရေး ဗိသုကာကြီးလို့ ခေါ်ဆိုကြတာဟာ မည်ကာမတ္တ မဟုတ်ပါဘူး။ ထိုက်ထိုက်တန်တန် ခေါ်ဆိုကြတာ ဖြစ်ပါတယ်။
ပြီးခဲ...့တဲ့ အပတ်က ' ဗိုလ်ချုပ်အောင်ဆန်း ဉာဏ်အသုံးရဆုံး ကာလ ' ခေါင်းစဉ်နဲ့ ကျွန်တော် ရေးခဲ့ရာမှာ ၁၉၄၅ မှ ၁၉၄၇ အကြား လွတ်လပ်ရေး လက်တစ်ကမ်း အချိန် ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးဆောင်ရွက်မှုတွေကို ဘက်ပေါင်းစုံက ဝိုင်းဝန်း ထိုးနှက် တိုက်ခိုက်ခဲ့ကြတဲ့ အကြောင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။
"လမ်းပေါ်က တယောသံ "
created the doc: "လမ်းပေါ်က တယောသံ "
Yarzar Yeni created the doc:
http://www.shwepyithu.com/search/label/%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%85%E1%80%AC%E1%80%85%E1%80%AF%E1%80%99%E1%80%BA%E1%80%AC%E1%80%B8
ဝါရှင်တန်ဒီစီရဲ့ မြေအောက်မီးရထားဘူတာ တစ်ခုထဲမှာ လူတစ်ယောက် ထိုင်ပြီး တယောကို စတီးပါတယ်။ အေးမြတဲ့ ဇန်န၀ါရီမနက်ခင်းတစ်ခုမှာပေါ့...
အူအတက်ရောင် ရောဂါ
[By Sin Myanmar Guy]
ဗိုက်နာတာ၊ ဗိုက်အောင့်တာ ဗိုက်ရဲ့ညာဘက်အောက်ပိုင်း Right Iliacfossaဆိုတဲ့နေရာမှာ ဗိုက်နာရင်၊ အောင့်ရင်တော့ ယေဘုယျ အားဖြင့် Acute Appendicitis အူအတက်ရောင်ရောဂါလို့ ခေါ်ပါတယ်။ လူအများခေါ်ဝေါ်ကြတာကတော့ အူအတက်ပေါက်ရောဂါလို့ အများက ခေါ်ကြပါ...တယ်။
အင်္ဂလိပ် ဥပဒေပြုစနစ် အခြေခံမိတ်ဆက်၊ Common Law System နှင့် တရားမျှတမှု
by Lu Cifer on Saturday, June 25, 2011 at 5:21pm
တည်ဆဲ ကမ္ဘာ့ဥပဒေပြုစနစ်များ (Legal Systems) တွင် အဓိကအားဖြင့်
၁။ ရောမ ဥပဒေပြုစနစ် (Civil Law System)
၂။ အင်္ဂလိပ် ဥပဒေပြုစနစ် (Common Law System)
၃။ ဘာသာရေးဥပဒေများ (ဥပမာ - Islamic Law)
၎။ မိရိုးဖလာဥပဒေများ (Customary Laws)
၅။ ဥပဒေစနစ် နှစ်မျိုးကို ပေါင်းစပ်ထားခြင်း (Bijudicial) (ဥပမာ - ရောမ စနစ်နှင့် အင်္ဂလိပ် စနစ် (သို့) မိရိုးဖလာနှင့် ဘာသာရေး ဥပဒေများ) ဟုရှိသည်။
မီဒီယာနဲ့ဂျင်ဒါ (ဒုတိယပိုင်း) ရေးသူ- ဂျူး
 ရှေးခေတ်က ယေဘူယျ မိန်းမတို့သည် စာမတတ်တာများသဖြင့် လက်ရေးကလည်း မလှဘူးဟု အဆိုရှိသည်။ မေရှင်၏ ပျို့မှာတမ်း သီချင်းတွင် မိန်းကလေးလက်ရေးသီရင် ခွင့်လွှတ်စေချင်ဟု ဖော်ပြထားသဖြင့် ကျွန်မ ကရုဏာ သက်မိရသည်။ သို့သော် ထိုအချိန်မျိုးမှာပင် ရှေးခေတ်က အမျိုးသမီးကဗျာဆရာမတွေထဲမှာ အလွန်နာမည်ကျော်ကြားသူတွေ ရှိခဲ့သည်။ ကျွန်မနှစ်သက်သဖြင့် ခဏခဏ ရွတ်မိသော ကဗျာတော်တော် များများသည် အမျိုးသမီးစာဆိုတော်တွေ၏ လက်ရာဖြစ်သည်။
မီဒီယာနှင့်ဂျင်ဒါ(ရေးသူ- ဂျူး)
အမျိုးသမီးနှင့်မီဒီယာဟူသော စကားလုံးတွဲကို စဉ်းစားတိုင်း ကျွန်မအာရုံတွင် ပေါ်လာသော ကြော်ငြာလေးတခု ရှိသည်။ အဲဒါက နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာ့ရုပ်မြင်သံကြား ကြော်ငြာတခု ဖြစ်သည်။ ပန်းကန်အိုးခွက်ဆေးသည့် ဆပ်ပြာရည်တခုကို ကြော်ငြာခြင်းဖြစ်သည်။ ခိုင်သင်းကြည်က ပန်းကန်ဆေးပြသည်။ ခိုင်သင်းကြည် လှပါသည်။ ချစ်စရာ လည်းကောင်းပါသည်။ ပန်းကန်ကို ထိုဆပ်ပြာရည်ဖြင့် ဆေးပြသည့်အခါ တောက်ပပြောင်လက်သွားသည်ကို ပြသည်။
သူခိုးကလေး
ရန်ကုန်တက္ကသိုလ်အနီး အင်းလျားလမ်းတဘက်တွင် ဒေါ်တီတီ၏မိဘမဲ့ကျောင်းတည်ရှိ၏။ ထိုကျောင်းမှာ မိဘမဲ့ကျောင်း  ဟုခေါ်ဆိုသော်လည်း ရိုးသားစွာ မိတဆိုး ဖတဆိုးဖြစ်ရသော တကောင် ကြွက်ကလေးများ ခိုလှုံ ရာအရပ်ဟုကား မဆိုသာချေ။ ရန်ကုန်မြို့တော်ကြီး၏ လမ်းကြိုလမ်းကြား များတွင်ေ...လလွင့်နေကြသော တေလေ ကြမ်းပိုးကလေးများကို စေတနာရှင် ဒေါ်တီတီကိုယ်တိုင် ပုလိပ်မင်းကြီး၏ အကူအညီဖြင့် ထရပ်ကားကြီးတစီးနှင့် ညအခါ လှည့်လည်ကာ လမ်းဘေးပလက်ဖောင်းပေါ်တွင် အိပ်နေကြရာမှလည်းကောင်း၊ အချုပ်ခန်းများမှ လည်းကောင်း ကယ်တင်စုဆောင်း တည်ထောင်ခဲ့သောကျောင်း ဖြစ်လေသည်။
Friday, June 24, 2011
တန်ဖိုး … ကိစ္စ
by Lu Cifer on Saturday, June 25, 2011 at 12:53pm
ဂုဏ်သိက္ခာတဲ့
ငွေကြေးနဲ့ ၀ယ်ထားကြသူများ
အာဏာနဲ့ တည်ဆောက်ထားသူများ
ခန့်ညားထည်ဝါ ဥစ္စာဓနပစ္စည်းများ
သူတောင်းစားရဲ့
ခွက်စုတ်တလုံးလောက်တောင် မရိုးသားခဲ့မှုများ
ငါ့ရှေ့မှာ မော်ကြွားနေကြတယ် …။
History repeats itself.
by Bo K Nyein on Saturday, June 25, 2011 at 1:15pm
အင်္ဂလိပ်စကား မှာ History repeats itself ဆိုတာရှိတယ်။ ဆိုလိုတာက ရာဇ၀င်အဖြစ်အပျက်က သင်္ခန်းစာ မယူရင် ထပ်မှားလိမ့်မယ်လို့ ဆိုလိုတာ။ ထို့နည်းတူစွာ ရာဇ၀င် ဆရာကြီးဦးသန်းထွန်းကလည်း ရာဇ၀င် ကိုလေ့လာတာ (မ အ) ရအောင်လို့ ဆိုခဲ့တယ် မဟုတ်လား? ရာဇ၀င်ကိုသိမှ ရာဇ၀င်ထဲက အမှားတွေကို (ရှောင်) နိုင်သလို အောင်မြင်မှု တွေထဲ က (ဆောင်) ရန်တွေကို ရှာဖွေ အတု ယူနိုင် မယ် မဟုတ်ပါလား?
(မ အ) ချင်ရင် ဖက်စုံ ကိုနားထောင် ဖတ်ရှု လေ့လာပြီှးမှ လောဂျစ်နဲ့ ဒါကတော့ ဖြစ်နိုင်စရာရှိတယ်။ ဒါကိုတော့ လက်မခံနိုင်ဖူးဗျာဆိုပြီး အကျိုးနဲ့အကြာင်းနဲ့ ရှင်းပြနိုင်ရမှာပေါ့။
What's "the Revolution"?
by Zay Ya on Sunday, June 19, 2011 at 2:35pm
နှစ်ငါးဆယ်ကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့ထက်တိုင် လိုအပ်နေဆဲ ဖြစ်သော အချို့ အကြောင်းအရာများ ( သို့မဟုတ် ) အားလုံးသော အကြောင်းအရာ များကို ရည်စူး၍ ၁၉၅၅ ခုနှစ်က မြဝတီမဂ္ဂဇင်းတွင် ဆရာမောင်ထင် ရေးသားခဲ့သော “တော်လှန်ရေး” အမည်ရှိ ဆောင်းပါးကို တင်ရှိပါသည်။
 “သတင်းမီဒီယာသည် စတုတ္ထမဏ္ဍိုင် ဖြစ်သည်” ဟု ဆိုကာ - လေမတိုးပဲနှင့်ပင် ယိုင်ယိုင် နေကြသည်ဖြစ်၍ ကြိုးစားထိန်းမတ်နေရသော ကာလကြား၌ လူထု၏ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များ၊ ပြည်တွင်း/ ပြည်ပ မီဒီယာများ ၏ လှုံ့ဆော်မှုများ ၊ ပြည်သူတို့၏ အသံများ၊ စသည်တို့တွင် အချို့သည် လိုသည်ထက် ပိုနိုင်ပြီး၊ အချို့သည် မပိုနိုင်ဘဲ လိုနေလိမ့်မည်။ ( လိုနေသည်က များသည် )
သောက်တလွဲ စနေ.....
by Youn Myat Thwe on Saturday, June 25, 2011 at 12:38pm
မနက်အစောကြီး ဗိုက်ကစအောင့်တယ် ဆေးထသောက်ရင် သက်သာမယ်ဆိုတာ သိပေမယ့် ထသောက်ရင် အိပ်ရေးပျက်မှာ ဘယ်ရမလဲ....
ဟိုဘက်စောင်းပီး စောင်ကလေးနဲ့ဖိအိပ်တယ်......အားးးးး မရတော့ဝူး....တောက်..စိတ်ကြီးညစ်ပါတယ်....
ရော် ဆေးဘယ်မှာလဲ...ဟာကွာ မီးမြန်မြန်ဖွင့်ပါဟ...ဟိုက်....ညကလုပ်ထားသမျှတွေ တခုမှ မသိမ်းမိဝူး
တအားအိပ်ချင်နေတာနဲ့ ခုလဲ မျက်စိက သိပ်ပွင့်မဟုတ်ဝူး
ငါတို့တွေလုပ်ရမယ့် နိုင်ငံရေး
- ကမ္ဘာစိုးမင်း
by Ye Myint Thu on Monday, June 20, 2011 at 12:43pm
“ငါတို့တွေလုပ်ရမယ့် နိုင်ငံရေး” ဆိုတဲ့ ပေးစာလေးကို သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ (၃) ၊ အမှတ် (၃) အထူးထုတ်မှာ ဒလက်တောပုံပြင် ဝတ္ထုတိုနဲ့အတူ ဖော်ပြပေးခဲ့ပါတယ်။ အဲဒီရက်ပိုင်းက သူငယ်ချင်းတစ်ယောက်က သူတို့လုပ်ထားတဲ့ forum မှာ ဝင်ပြောပေးပါဆိုလို့ သူတို့ Web Portal ကို ရောက်သွားခဲ့တာမှာ အခုစာလေး ရေးဖြစ်တာပါ။ Forward Email တွေမှာလည်း ဖတ်ပြီးကောင်း ဖတ်ပြီးမှာပါ။ တချို့ကလည်း အကောင်းမြင်သလို တချို့ကလည်း ပြည်တွင်းက လူတွေရဲ့ risk ကို မသိလို့ လျှောက်ရေးနေတာလို့ ပြောကြပါတယ်။ ကျွန်တော်ကတော့ လိပ်ပြာသန့်သန့်နဲ့ ရေးခဲ့တာပါ။ မင်းလောင်းမျှော်နေမယ့်အစား ကိုယ်လုပ်နိုင်တာလေးတွေ တနိုင်တပိုင်ဆိုသလို လုပ်ထားစေချင်တာပါဗျာ။
ဗဆွေ (သို့) လှို့ဝှက်သောအပြုံး
http://kotoegyi.multiply.com/journal/item/26 မှ ကူးယူဖေါ်ပြပါသည်။
Oct 10, '08 1:50 PM
                                                              ( ၁ )
တလောက ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုဗဆွေနှင့်ကုန်သည်လမ်းရှိ ပြည်သူ့စာပေ စာအုပ်ဆိုင်တွင် မတော်တဆ သွား၍တွေ့လေသည်။
ကွဲကွာနေသည်မှာ ကြာပြီဖြစ်သဖြင့် ရှေးဟောင်းနှောင်းဖြစ် ထွေရာလေးပါး လျှောက်၍ ပြောကြရင်းက တာရာတွင်ပါသော လူကိုလေ့လာခြင်း ဆောင်းပါးများအကြောင်းရောက်သွားရာ ကိုဗဆွေက `ကိုယ့် အကြောင်းရေးရင်တော့ ဗဆွေ သို့မဟုတ် ဂျပိုး လို့ ရေးပေါ့ ကွာ၊ မဟုတ်ဘူးလား။ ကိုယ်က စင်စစ် ဂျပိုး ပဲကွ …´ဟု ပြောကာ သူ့ဘာသာသူ သဘောကျပြီး ရယ်မောလျက် ရှိလေသည်။
ပညာတတ်တိုင်း ပညာတတ် အသိရှိသူ မဟုတ်ကြပါ။
ပညာတတ် တိုင်း ပညာတတ် အသိ ရှိသူ မဟုတ်ကြပါ။   ကျနော်တို့ဗမာတွေရောထွေးနားလည်မှားနေသည့် အဓိပ္ပါယ် ဖေါ်ဆောင်ချက် တခုမှာ (ပညာတတ်) ဟူသော ဝေါဟာရဟုထင်မိသည်။   ကျနော်တို့အများက (ဘွဲ့) ကလေးတခု ရပြီဆို လျှင် (ပညာတတ်) ဟုလွယ်လွယ် သတ်မှတ် လိုက် ကြသည်။ အမှန်က (ဘွဲ့) ဆိုသည်က အခြေခံ ကိုသာသင်ပေး လိုက်ခြင်းဖြစ်သည်။ ထို့ ကြောင့် တချို့ ဘာသာရပ်များတွင် အလုပ်သင် Internship ဆင်းရသည်။  ဆရာဝန်ပညာရပ်ကို ၇ နှစ်သင်ကြားအပြီး အလုပ်သင် တနှစ်ထပ်ဆင်းပြီးမှ ဗမာနိုင်ငံတွင် ဆေးကုခွင့် လိုင်စင် (ဆမ) လျှောက်ခွင့်ရှိသည်။ 
ဒီမိုကရေစီ တတိယလှိုင်း ပါရာဒိုင်း
by cherrymyodaw on Friday, June 24, 2011 at 3:07am
(၂၀၁၁ ခုနှစ် ဇွန်လ (၃) ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာ့ အဆိုအရဆိုရင် မြန်မာနိုင်ငံ ကတော့ အာဏာရှင် အဆင့်ကနေ Hybrid regimes ဒီမိုကရေစီ ကပြားအဆင့် ကို ကူးပြောင်းနေဆဲပဲ ရှိသေးတယ်လို့ ဆိုရမယ် ထင်ပါတယ်။)
ကမ္ဘာ့အလှဆုံး ပန်းခင်းများရဲ့ ဥယျာဉ်
သိပ်ကိုလှပ ခမ်းနားတဲ့ ပန်းခြံကြီးတစ်ခုထဲ အလည်သွားကြည့်ကြပါစို့လားရှင်။ အဲဒီ ပန်းဥယျာဉ်ကြီးကတော့ ကန္တာရထဲက အိုအေစစ်လို့ ပြောလို့ရလောက်အောင်ဘဲ ပူပြင်းခြောက်သွေ့လှတဲ့ UAE နိုင်ငံရဲ့ ရာသီဥတုကို အံတုပြီး ပန်းမျိုးစုံလင်စွာ လန်းဆန်းပွင့်ဝေနေအောင် အထူးပြင်ဆင်ထားတဲ့ Al Ain Paradise အမည်ရ ပန်းဥယျာဉ်ကြီးပါ။ Akar မြေယာရှုခင်း ပြုပြင်အလှဆင်ရေးလုပ်ငန်းက တာဝန်ယူကာ အလှဆင်နေခဲ့တာဖြစ်ပြီး ယခင်ကတော့ စတုရန်းပေ ၇၀၀၀ခန့်သာ ကျယ်ဝန်းသော်လည်း ခုချိန်မှာတော့ စတုရန်းမီတာ ၂၁၀၀၀ အထိ ကျယ်ဝန်း လာပြီ ဖြစ်ပါတယ်။ ပန်းဥယျာဉ်ကြီးထဲမှာ လျှောက်လမ်းများ၊ ကော်ရစ်ဒါများဟာ အရှည် စုစုပေါင်း ၂၄၀၀ မီတာခန့် လှပခမ်းနားစွာ ရှိနေပါတယ်။
Al-Ain-Paradise-gateway
စတင်ပြုလုပ်စဉ်က
ကျောက်ဂူထဲက အနုပညာ
by Han Thit Nyeim on Friday, June 24, 2011 at 12:24pm
ရာသီဥတုက စိမ့်နေအောင်အေးသည်။ အပြင်မှာ မိုးလေတွေ သည်းနေသည်။ လှမ်းကြည့်လျှင် ဘယ်ကိုမှ မမြင်ရ။ အရိုးကွဲမတတ် တိုက်နေသည့် လေနှင့် လျှပ်နွယ်တဝင်းဝင်း မိုးထစ်ချုန်းသံတို့က ကမ္ဘာပျက်နေသလား မှတ်ထင်ရသည်။
ချစ်ခြင်းအစ...
by Thet Wai on Friday, June 24, 2011 at 2:41pm
 ချစ်ခြင်းအစ သိပ္ပံကော်ပြားက ဖြစ်ပါသည်။
ဆယ်တန်းနှစ်က ဓါတုဗေဒအချိန်မှာ ဆရာမက ကျောက်သင်ပုန်းပေါ်တွင် နိုက်ထရိုဂျင်ဓါတ်ငွေ့ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ရေးဆွဲသင်ပြနေသည်။ ဆရာမက ပုံရော စာတွေပါ လိုက်ကူးရေးကြဟု ဆိုလာသောအခါ အတန်းသား အားလုံးက သိပ္ပံကော်ပြား ကိုယ်စီဖြင့် ပုံဆွဲကြပါတော့သည်။ နေရာတကာမှာ ရှပ်ပြာ ရှပ်ပြာနှင့် ဟိုမေ့ ဒီမေ့ မေ့လျော့တတ်သော ကျွန်မ… ထိုနေ့က ပုံဆွဲစရာ သိပ္ပံကော်ပြား ပါမလာပါ။ ဒီဆရာမက သူ့စာသင်ချိန်မှာ ကျောင်းစာအုပ်တွေ ကျန်ခဲ့လျှင်၊ ပစ္စည်းကိရိယာ စုံစုံလင်လင် ပါမလာလျှင် နည်းနည်းမှ ဆင်ခြေပေး၍မရ၊ လုံးဝ ခွင့်မလွှတ်တတ်ပဲ အတန်းရှေ့တွင် တချိန်လုံး မတ်တပ်ရပ်ခိုင်းပြီး ဒါဏ်ပေးတတ်သည်။ ထို့ကြောင့် ဉာဏ်နီ ဉာဏ်နက်တွေထုတ်ကာ ဘေးဘီဝဲယာကို (ဆရာမ မသိအောင်) တိတ်တိတ်ကလေး မျက်စိကစားလိုက်သည်။
Thursday, June 23, 2011
ထို့ကြောင့် ယောက်ျားဟုခေါ်သည်
သျှင်နေမင်း: ထို့ ကြောင့် ယောက်ျားဟုခေါ်သည်...: "ဒီမတော်တဆဖြစ်လာတဲ့ ရောဂါပေါ်မှာကျွန်တော်တရက်မှစိတ်ဓာတ်မကျပါဘူး..ဒီအဟန့် အတားတွေကိုလက်တွေ့ မပါ မပါပဲစိတ်ကူးယဉ်လို့ မရပါဘူး ..ဒီလိုမှမဟုတ်ရင်ေ..."
သျှင်နေမင်း: ကွက်လပ်
သျှင်နေမင်း: ကွပ်လပ်: "မတော်တဆမှုနဲ့ ကျွန်တော့်ဇနီး ကျွန်တော့်အပါးက ထာဝရထွက်ခွါသွားတာ အခုဆိုရင် (၄)နှစ်ရှိခဲ့ပါပြီ။ အိမ်မှုကိစ္စဘာမှ မလုပ်တတ်တဲ့ကျွန်တော်နဲ့ လူမမယ..."
" ငါ "
by Myo Chit Myanmar on Thursday, June 23, 2011 at 9:10am
ငါဟာ
ရဟန္တာ မဟုတ်ဘူး
ဒါပေမယ့်
အရမ်းညှာ တတ်တယ်
ပညာတတ်တိုင်း ပညာတတ်အသိရှိသူ မဟုတ်ကြပါ။
by Bo K Nyein on Thursday, June 23, 2011 at 6:43am
Part II
အသိ မရှိကြတဲ့အပြင် ပိုဆိုးတာက (မနာလိုစိတ်)
တပ်ဦး ကျောင်းသားဟောင်း ဒေါက်တာညီညီနဲ့ စစ်တပ်အစိုးရ အဆက်ဆက်ဖျက်စီးခဲ့ကြတာကြာင့် ဗမာနိုင်ငံရဲ့ ပညာရေးဟာ စံမမှီဖြစ်ခဲ့ရပြီ။ ဒေါ်စုနေရာကကြည့်ရင် အင်အာလ်ဒီ လူငယ်တွေကိုမျက်စိ ဖွင့်ပေးရမယ်။ capacity အသိစွမ်းအား မြှင့်တင်ပေးရမယ်။ လူမရှိတော့ ရှိတဲ့သူကို ပဲအားကိုးရတော့မှာပေါ့။ ပြည်ပရောက် အတိုက်ခံအချို့ဟာ ဒေါ်စု ရွေးချယ်သူကို မကြေနပ်တာနဲ့ ဝေဖန်သံတွေ ဆူညံလာကြပါတော့တယ်။ (လူ) ကို မုန်းတာအပြင် မနာလိုစိတ်တွေလည်း အများကြီးပါပါတယ်။ ဒါက ကျနော်တို့ ဗမာတွေရဲ့ အကျင့်ပဲလေ။ ကိုယ်ကတော့ မကြိုးစားချင်ကြဖူး။ ဝေဖန်ဖို့ ကဲ့ရဲ့ဖို့ ဆိုရင် ရှေ့တန်းက …
"Facebook ၏ တန်ဖိုး ဒေါ်လာ ၁၀၀ဘီလျံထိ မြင့်တက်လာဖွယ်ရှိ "
ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်ဖြစ်သော Facebook၏ တန်ဖိုးသည် လာမည့်နွေဦးပေါက်တွင် ဒေါ်လာ (၁၀၀)ဘီလျံကျော်ထိ မြင့်တက်လာဖွယ်ရှိကြောင်း ဈေးကွက်လေ့လာရေး ကုမ္ပဏီတစ်ခုက ဟောကိန်းထုတ်လိုက်သည်။ ကုမ္ပဏီတစ်ခုအဖြစ် ထူထောင်လိုက်သော Facebookသည် (၂၀၁၁)ခုနှစ်တွင် ဒေါ်လာ(၂)ဘီလျံမျှ ဝင်ငွေရရှိမည်ဟု ယမန်နှစ်က ခန့်မှန်းဖော်ပြထားသည်။ အချက် အလက် မှတ်တမ်းများစွာကို အခြေခံပြီးနောက် ကယ်လီဖိုးနီးယား အခြေစိုက်ကုမ္ပဏီ Facebook လာမည့်နှစ်  အတွင်း ဒေါ်လာ (၁၀၀)ဘီလျံထိ တန်ဖိုးရှိလာမည်ဟု Wall Streetဂျာနယ် က ဖော်ပြလိုက်သည်။
"ဘဝဇတ်ခုံပေါ်မှ ဆေးစက်ကျရာ ကပြ အသုံးတော်ခံ အရုပ်ကလေးများ"
နတ်သမီးတလောက ပစ္စည်းတစ်ခုဝယ်စရာရှိလို့ ဗိုလ်ချုပ်ဈေးဘက်ခဏရောက်ဖြစ်ပါတယ်..ဈေးရောက်ရောက်ချင်းပဲ
နတ်သမီးအမောဆို့စရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်…
"ဗိုက်နာခြင်း ပါမောက္ခနေဝင်း (ဆေးပညာ)"
[By Ko Ko Htay]
ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း သည် လူနာများ အဖြစ် အများဆုံးနှင့် ဆရာဝန်ထံ လာရောက် ပြသသည့် အများဆုံး ရောဂါ လက္ခဏာဖြစ်သည်။ ပုံစံစုံ၊ ဝမ်းဗိုက်နေရာအနှံ့ နာလေ့ရှိ သည်။ မျှဉ်းမျှဉ်း နာသကဲ့သို့ ပြင်း ပြင်းလည်း နာတတ်သည်...။ အများစု မှာ သာမန်နာ၊ ခဏနာလေ့ရှိသော် လည်း တစ်ခါတစ်ရံ ဆိုးဆိုးရွားရွား၊ အချိန်ကြာကြာ နာတတ်သည်။ ထို အခါ လူနာများက စိုးရိမ်ပူပန်လာကြ သည်။ ဘာကြောင့် နာသနည်းဟု သိလိုကြသည်။
Wednesday, June 22, 2011
အမေရိကန်အထူးတပ်ဖွဲ့ SEAL(Sea,Air,Land ) 6
by Bo K Nyein on Tuesday, May 17, 2011 at 8:31am
http://www.mizzimaburmese.com/edop/songpa/7551--seal-6-.html
ဘိုဘိုကျော်ငြိမ်း | သောကြာနေ့၊ မေလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၂ မိနစ်
(ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ တပ်)
လောကကြီးမှာအဟောင်းကြွေပြီး အသစ်ပေါက်လာတာတွေ ရှိသလို၊ အရှုံးကနေ အမြတ်ထွက် ဘ၀သစ်ပေါက်ဖွားလာတာတွေလည်း ရှိတတ်ပါတယ်။
မြန်မာနိုင်ငံကရတယ်ဆိုတဲ့ နိုင်ငံခြားအကူအညီ စစ်ဒဏ်မခံရတဲ့ နိုင်ငံတွေက ပိုရ
ယနေ့ ကမ္ဘာမှာ မဖွံ့ဖြိုး မတိုးတက်သေးတဲ့ နိုင်ငံများ အနေနဲ့ လက်ဝဲ- လက်ယာ အုပ်စုများရဲ့ အကူအညီ ယူကြပုံမှာ အမြင် အသီးသီး ဝေဖန်နည်း အဖုံဖုံ ရှိကြ ပေလိမ့်မယ်။ မြန်မာပြည်က ဘာ အကူအညီတွေ အစစ်အမှန် ရကြပြီး ဘယ်နိုင်ငံတွေက ဘယ်လောက် ဖြည့်တင်းခဲ့တယ် ဆိုတာ အတိအကျ ဂဏန်းဇယားတွေ ရှိရပါလိမ့်မယ်။ လက်ယာအုပ်စုက အကူအညီတွေ ဟာ အမြတ်အစွန်း ပဓာနထား၍ လက်ဝဲအုပ်စုရဲ့ အကူအညီကတော့ ပြည်သူတွေရဲ့ အကျိုးအမြတ် ဖြစ်စေတယ်ဆိုတဲ့ ခံယူချက်တွေ ဘယ်အထိ မှန်ကန်တယ်ဆိုတာလဲ ဆန်းစစ်လေ့လာ နိုင်ကြဖို့ပါပဲ။
နိုင်ငံရေးတွင် ပါတီနှင့် ပြည်သူများ အခန်းကဏ္ဍ
နိုင်ငံရေးစနစ် တစ်ခုကို တည်ဆောက်ရာတွင် အထင်ရှားဆုံးနှင့် အပေါ်လွင်ဆုံးမှာ နိုင်ငံရေး ပါတီများဖြစ်သည်။ စနစ်အတွက် ပါတီသည် အသက်ဟူ၍ပင် ဆိုနိုင်သည်။ ပြည်သူတိုင်း ပါတီကို စိတ်ဝင်စားသည် ဟူ၍တော့ မပြောနိုင်ပေ။ တစ်ခုခု မကျေနပ်ချက်များ ပေါ်လာလျှင်၊ အခြေအနေကို အခွင့်ကောင်း ယူပြီး ဟိုအော် သည်အော် ပါတီတွေက၀င်လုပ် ပေးလာလျှင်၊ မျှော်လင့်ချက်များပေးနိုင် လျှင်၊ ပေးနိုင်ကြောင်း အပြောကောင်းလျှင်၊ ပါတီအပေါ် စိတ်ဝင်စားချင်ချင် ဖြစ်လာကြလိမ့်မည်။ မဲပေးပြီး လုပ်ချင်တာ လုပ်ကြတာပဲ၊ ခုတော့ နားငြီး သက်သာအောင် မဲပေးလိုက်ကြ ဆိုသည့် လူတန်းစားက အများစု ဖြစ်နေတတ်သည်ကိုလည်း သတိပြုကြရမည်။
ရန်သူမရှိ
'ရန်သူမရှိ မိတ်ဆွေသာရှိ'၊ 'နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်တာ' ဤစကား များကို ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ စဉ်ဆက်မပြတ် ပြောနေခဲ့တာ ကြာပါပြီ။
ဆရာ ဒဂုန်တာရာ ဆိုတာ သက်ရှိ စာပေပညာရှင်များ ထဲမှာ ကျွန်တော်တို့ အလေးအမြတ် အပြုရဆုံး ဆရာ တစ်ဆူပါ။ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်နု၊ သခင်သန်းထွန်း၊ ဦးဗဆွေတို့နဲ့ ရင်းနှီးခင်မင် ခဲ့သူ။ မြန်မာ့ နိုင်ငံရေး တစ်ခေတ်ကို ဦးဆောင်ခဲ့တဲ့ ထိုပုဂ္ဂိုလ်များကို ရုပ်ပုံလွှာ အရေးအသားနဲ့ စာပန်းချီ ခြယ်ခဲ့သူ။ အလွန် အစဉ်အလာ ကြီးမားတဲ့ ဆရာ ဒဂုန်တာရာပါ။
အိုမင်းမှု ရွှေရတု
ဆရာမြသန်းစံ 
[ By De Nay ]                            
“ ဘယ်သူလဲ ”
“ ငါပါကွ ဇရာပါ ”
“ ဘာကိစ္စလဲ ”
“ မင်း အသက်ငါးဆယ်ပြည့်တဲ့ အကြောင်း လာပြောတာ ”
“ သိပါတယ် ”
“ သိပါတယ် လုပ်မနေနဲ့ ။ တံခါးဖွင့်ပါဦး ”
တံခါးဖွင့်ကြည့်လိုက်တော့ ဇရာတစ်ယောက်တည်းမဟုတ်ဘူး ။ သူ့နောက်မှာ ပြုံးစိစိနဲ့ လှမ်းကြည့်နေသူနှစ်ယောက် ။ ဗျာဓိနဲ့ မရဏ ။
ဇရာက နောက်ကိုတစ်ချက်လှည့်ကြည့်ပြီး ပြောနေပြန်တယ် ။
ကျွန်မ၊ သမိုင်းနဲ့ ထော်လော်ကန့်လန့်ပညာရေး
သမိုင်းကိုသင်တာ မအ အောင်လို့လို့ သမိုင်းပါရဂူ ဒေါက်တာသန်းထွန်းက ပြောခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံ မှာ ကျွန်မတို့ တွေ သမိုင်း ဆိုတာကို တတိယတန်း ကျောင်းသူ ဘ၀ကစပြီး သင်ကြားခဲ့ကြရပါတယ်။ ကျွန်မတို့တွေ သမိုင်းကို မှန်မှန်ကန်ကန် သင်ကြားခံခဲ့ကြရရဲ့လား။ ကျောင်းများမှာ သမိုင်းကိုဖတ်ပြီး ကျောင်းသားများ ကိုယ့်အမြင်ကို ဆွေးနွေးတင်ပြ အတွေးဖလှယ်ခဲ့ကြရရဲ့လား။ စတုတ္တတန်း ဆရာမကလွဲလို့ တခြားဆရာများထံက တခါမှမရခဲ့ ဖူးပါဘူး။ ဆရာမ ကျောက်သင်ပုန်းမှာ ရေးပေးတဲ့ မေး၊ ဖြေ သင်ခန်းစာများကိုလိုက်ကူးပြီး သမိုင်းကို သမိုင်းကြောင်းလို မလေ့လာခဲ့ရဘဲ ကြောက်စရာ ကျက်စာတစ်ရပ်အနေနဲ့ အလွတ်ကျက်ပြီး ဖြေခဲ့ကြရတဲ့ ကျောင်းသားတွေ ဒုနဲ့ဒေးပါ။
Objective Burma: ဂျပန်ခေတ် ရှားပါး မြန်မာပြည် စစ်တွင်း ရောင်စုံ မှ...
မင်္ဂလာစု စာအုပ်
အိမ်ထောင်ကျပြီးသူရော၊ မကျသေးသူတွေအတွက် ငွေစုစာအုပ်လေးတစ်အုပ် လက်ဆောင်ပေးလိုက်ပါတယ်။ အဲဒီ စာအုပ်က ငွေကြေးစုဖို့ မဟုတ်ပါဘူး။ ကိုယ်ရဲ့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ အမှတ်တရတွေ စုဖို့အတွက်ဖြစ်တယ်။ ဖတ်မိတဲ့ စာလေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။   ကျွန်မ မင်္ဂလာဆောင်တဲ့ေ...န့က မင်္ဂလာလက်ဖွဲ့အဖြင့် ငွေစုစာအုပ်တစ်အုပ်ကို အမေက လက်ဆောင်ပေးခဲ့တယ်။ ကျွန်မအတွက် အမွေများလားပေါ့။ စာအုပ်ကိုဖွင့်ကြည့်တော့ စုထားတဲ့ငွေက ကျပ် ၁ဝဝဝ ပဲရှိတယ်။ 
ယူတတ်ရင် ပညာ
Aung San Oo 12:04pm Jun 22
တစ်ခါတုန်းက အိမ်တစ်အိမ်မှာ အပင်တွေစိုက်ထားတဲ့ခြံထဲမှာ
ကျောက်တုံးကြီးတစ်တုံးရှိတယ် အကျယ်အားဖြင့်ဆိုရင်တော့ ၄၀ လက်မ
အမြင့်ကတော့ ၁၀ လက်မပေါ့။ ခြံကိုလာတဲ့သူအားလုံး
ကျောက်တုံးကြီးကိုခလုတ်တိုက်ြ
ကတယ်။
သားက “ဖေဖေ အဲဒီ ကျောက်တုံးကြီးကို ဖယ်လိုက်ရအောင်လား”
ဖေဖေက “ကျောက်တုံးကြီးကိုလား အဖိုးခေတ်ကတည်းက ဒီမှာထားထားတာ
အဲလောက်ကြီးတာ ဘယ်အချိန်ထိတူးနေရအုန်းမလဲ လမ်းလျှောက်တာ
ဂရုစိုက်လိုက်ရင်ပြီးရော မလား” ဒီလိုနဲ့ သားက အဖေဖြစ်ချိန်ရောက်သွားတယ်။
စီးပွားရေး လုပ်ငန်းတွေရဲ့ လူ့အဖွဲ့အစည်းအပေါ် တာဝန်သိတတ်မှု ဆိုတာဘာလဲ (Corporate Social Responsibility)
Aung San Oo
By HR Journal
စီးပွားရေး (Business) လုပ်ငန်းများရဲ့ မူလ ရည်ရွယ်ချက်မှာ အမြတ် ရရှိရေး (Profit) နှင့် လုပ်ငန်းကျယ်ပြန့် ကြီးထွားမှု (Growth) ဖြစ်သော်လည်း ယနေ့ခေတ်တွင် Customer များနှင့် သက်ဆိုင်ရာ အစိုးရများ၏ ဖိအားပေး တောင်းဆိုမှုများကြောင့် စီးပွားရေး လုပ်ငန်းများ အနေဖြင့် လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် နည်းလမ်း အမျိုးမျိုးဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက် လာကြရသည်။ ယခင်က Customer များ အနေဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဝယ်ယူ သုံးစွဲကြရာ၌ အရည်အသွေး (Quality) နှင့် ဈေးနှုန်း (Price) တို့ အပေါ်၌သာ မူတည်စဉ်းစား ခဲ့ကြရာမှ ယနေ့ခေတ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ Environmental Issue ကဲ့သို့သော Social Responsibility အချက်အလက် များကိုပါ ထည့်သွင်းစဉ်းစား လာကြသည်။
အိပ်မက်ပုံဆောင် အတိတ်တွေ
   http://nyeinsoeoo.multiply.com/journal/item/365/365        
               အချိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံးနေကြသကဲ့သို့ အတိတ်၏ အရိပ်တို့သည်လည်း တရွေ့ရွေ့ မှုန်ဝါးခဲ့ကြပါသည် ။ အိပ်မက် မက်သောအခါ ပြန်လည်တွေးဆကြည့်လျှင် မှုန်ဝါးဝါးသာ ပြန်လည်သတိရနိုင်သကဲ့သို့ ဖြစ်ပါသည် ။    သို့သော် ထို အတိတ်များ ၊
အိပ်မက်များတွင် ပြုံးပျော် ကြည်နူးစရာ ၊ လွမ်းမော တမ်းတစရာ ၊ ကြေကွဲ ရင်နင့်စရာ ၊ မျှော်လင့်မှန်းဆစရာ ၊ ပေါ့ပါး ရယ်ရွှင်စရာ စသည်တို့က အဖုံဖုံအလီလီ ရှိနေမည်မှာ သေချာပါသည် ။ဤသည်တို့ကို မှတ်မိနိုင်သမျှ ပြန်လည် စုစည်းကြည့်သောအခါမိမိတို့၏ မိတ်ဆွေ အပေါင်းအဖေါ်များကို မျှဝေခံစားကြည့်စေလိုသော ဆန္ဒကလည်း ဖြစ်လာရပြန်ပါသည် ။ ဤမှ တစ်ဆင့်အိပ်မက်ပုံဆောင် အတိတ်တို့က စီးဆင်းလာရပါတော့သည် ။
အကောင်းမြင်စိတ်နှင့် ရိုးစင်းသောဘဝ
[By Shwe Yee]
လူတိုင်းတွင် ဘ၀တစ်ခုစီကို ပိုင်ဆိုင်ရသည်၊၊ လူများစွာရှိသည့်အလျောက် ဘ၀တို့သည်လည်း များစွာပင် ဖြစ်သည်၊၊ ဘ၀တစ်ခုစီကိုသာ ပိုင်ဆိုင်ထားကြသောလူသားတို့ခြင်းတူသော်လည်း ဘ၀ကိုမြင်ပုံခြင်း၊ သုံးသပ်ပုံခြင်းကား မတူညီကြပေ၊၊
ဘ၀တစ်ခုကို တည်ဆောက်ပုံခြင်းနှင့် ဘ၀ဖြတ်သန်းပုံခြင်းလည်း များစွာပင်ကွာခြားကြသည်၊၊ ဘ၀သည် ပြုလုပ်တတ်သည့်သတ္တိ မရှိသည့်အရာဖြစ်သည်၊ လူသားသည်သာ ဘ၀ကိုစိတ်ကြိုက်ပြုသူ ဖြစ်လေသည်၊၊
ပိုက်ဆံ နဲ့ ဘာသာ
[By Kyaw Swa Hein]
ငွေဟာ လူတွေရဲ့ သည်းခြေကြိုက် တစ်မျိုးဖြစ်ပါတယ်။
လူတွေရဲ့ သည်းခြေကြိုက်ဖြစ်သည့်အတွက် လူတိုင်းဟာ ငွေကို မက်မောကြပါတယ်။
ငွေကြောင့် လူတွေချမ်းသာသုခရကြသလို
ငွေကြောင့်လည်း သောကပင်လည်ဝေနေကြရတဲ့ လူတွေလဲ အများကြီး ရှိပါတယ်။
ငွေကို လူတွေ ဘာကြောက်မက်နေကြတာလဲလို့ဆိုရင်
အဓိကအကြောင်းရင်းကတော့
စားဝတ်နေရေး ကျန်းမာရေးတွေကြောင့်ပဲဖြစ်ပါတယ်။
Tuesday, June 21, 2011
ပြောက်ကျားတိုက်ပွဲများ
  Friday, March 25, 2011
  တိုက်ပွဲ(၁)- ပြက္ခဒိန် ပိုစတာ  
အချိန်ကား- ၂၀၁၁ ခုနှစ် နေရာကား- မန္တလေးတိုင်း   "ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ။ ငါတို့ ဒီအတိုင်း ငြိမ်ခံနေလို့ မဖြစ်တော့ဘူး။ တခုခုတော့ လုပ်ရမယ်" "ငါလဲ မင်းလိုပဲ စဉ်းစားမိတယ်။ ဘယ်နဲ့ကွာ။ စစ်မတိုက်ချင်လို့ စစ်တက္ကသိုလ်မတက်ပဲ ရိုးရိုးတက္ကသိုလ်တက်တာပေါ့။ ဘွဲ့ရပြီးကာမှ ငါတို့က စစ်သားဝင်လုပ်ရမှာလား" "အေးကွာ။ တတိယကမ္ဘာစစ်ဖြစ်နေတာလဲ မဟုတ်ဘူး" "တတိယကမ္ဘာစစ်ဖြစ်နေတာ မဟုတ်ဘူးဟေ့။ လူသတ်ပွဲဖြစ်နေတာ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးတွေ၊သီလရှင်တွေကို ပစ်သတ်တာ၊ ရိုက်သတ်တာ မတွေ့ဘူးလား။ ငါတို့ကို စစ်မိန့်နဲ့ အဲလို သတ်ခိုင်းဖို့ ကြံစည်နေတာ" "မိုက်ရိုင်းတယ်ကွာ။
ပါရမီအချစ် ဆိုတာကတော့ သူတစ်ပါး အကျိုးကိုပဲ ငဲ့ပါတယ်။ မိမိအကျိုးကို မငဲ့ပါဘူး။ သူ့ဆီကတော့ ဘာတုန့်ပြန်မှုမှ မမျှော်လင့်ပါဘူး
by Kyaw Win Khine on Wednesday, June 15, 2011 at 12:58pm
ပါရမီအချစ်နဲ့ချစ်တတ်ဖို့အတွက်ဖတ်ကြည့်လိုက်ပါအုံး
ချစ်တတ်ကြစေ....ချစ်တတ်မှ ဖြစ်မယ်…
From this link : http://www.myanmarfamily.org/
လူတိုင်းလူတိုင်း အချစ်နဲ့ကင်းသူရယ်လို့ သိပ်မရှိနိုင်ဘူး ထင်ပါတယ်။ ရှိခဲ့ရင်လည်း အနည်းအကျဉ်းပေါ့..။ လူတစ်ဦးနဲ့ တစ်ဦး ချစ်ကြတယ်.. ကြိုက်ကြတယ်။ ဒါဟာ သိပ်တော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ချစ်နေကြတဲ့ အထဲမှာ ချစ်တတ်ဖို့တော့ လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တာတော့ အမျိုးမျိုး ရှိတာပေါ့။ တချို့ ကျလည်း ချစ်ချင်လို့ကို ချစ်တယ်၊ တစ်ချို့ကျလည်း မျှော်လင့်ချက်နဲ့ ချစ်ကြတယ်၊ တစ်ချို့ ကျလည်း တဏှာကို အရင်းခံ ပြီးတော့ ချစ်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ချစ်ချစ်ပေါ့.. ချစ်တတ်ဖို့ အဓိက ကျပါတယ်..။ အချစ် သုံးမျိုး ရှိပါတယ်။ (၁) ချစ်သူအချစ် (၂) မိသားစုအချစ် (၃) ပါရမီအချစ်ပါ။
အချစ်ဆိုတာ......
"ငါတို့ လမ်းခွဲကြရအောင်"
 ကောင်မလေးက စိတ်ကိုတင်းပြီးပြောတယ်။
"ဘာဖြစ်လို့လဲ?" ကောင်လေးက နားမလည်စွာနဲ့မေးတယ်။
"ပင်ပန်းပြီ.. မောပြီဆိုမှတော့ အကြောင်းပြချက် မလိုတော့ဘူးထင်တယ်"
 ကောင်မလေးစကားကို ကောင်လေးက ဘာမှပြန်မပြောဘဲ ဆေးလိပ်ကို တဖွာပြီးတဖွာ ဖွာနေတယ်။
အဆင့်အတန်းနှင့် ခေတ်သစ်ပေါရိဿာဒ
by Moe Tar on Sunday, January 16, 2011 at 7:15pm
     လွန်ခဲ့သော ဆယ်နှစ်ခန့်က သတ္တဗေဒပါမောက္ခ ဆရာမကြီးက တက္ကသိုလ်မော်ကွန်းထိမ်းနှင့်အတူ သြ၀ါဒ စကားမွတ်ကြားပေးခဲ့ပါသည်။ ထိုစကား ထိုသြ၀ါဒတို့သည်မိမိဘ၀ တခုလုံးအတွက် လိုက်နာကျင့်သုံး ဆောက်တည်ရမည့် တန်ဘိုးကြိး ဆုံးမစကားများ ဖြစ်သည်ဟု ခံယူမိပါသည်။
ဆေးရုံမှ လက်ဖက်ရည်ကြိုက်သူများ
by cherrymyodaw on Tuesday, June 21, 2011 at 6:59am
(၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ နောက်ထပ် ဝေဖန်ရေးဆောင်းပါး တစ်ပုဒ်ပါ။ အရင်တုန်းက ဖော်ပြခွင့်မရတဲ့ ဆောင်းပါးမျိုး ဖြစ်ပါတယ်။)
အောက်ဖော်ပြပါ အချက်များသည် ယခင် တပ်မတော် အစိုးရ လက်ထက် ၂၀၁၁ မတ်လက သတင်းထောက် ပိုင်စိုးဦး ကြုံခဲ့ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက် ဖြစ်ပါတယ်။ ယခု အစိုးရ အဖွဲ့သစ် လက်ထက်မှာ နိုင်ငံတော် သမ္မတ ကိုယ်တိုင် သန့်ရှင်းသော အစိုးရဖြစ်ရေး ဆော်သြနေချိန် ဖြစ်တာနဲ့အညီ ယခင် အဖြစ်အပျက်များမှ ပြုပြင်စရာများ ပြုပြင်နိုင်စေရန် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။
(အယ်ဒီတာ)
ဒီမိုကရေစီနဲ့ မအပ်စပ်တဲ့ လူတန်းစား
by cherrymyodaw on Tuesday, June 21, 2011 at 6:59pm
အထက်အညာ အင်းတော်ကြီးဒေသ မာန်လည်မြို့ကလေးက လူငယ်တစ်ယောက် ဂျာနယ်တိုက်တွေကို စုံစမ်းမေးမြန်းပြီး ရောက်လာတယ်။ ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့အတိုင်း ရောက်ရောက်ချင်း ဦးချကန်တော့ပြီးမှ သူ့ကိုယ်သူ မိတ်ဆက်တယ်။ နောက်တော့ သူ့ရင်ထဲမှာ မျိုသိပ်ထားရတာတွေ များလွန်းလို့ ဘယ်လိုမှ အောင့်အီး မနေနိုင်တော့လို့ လာပြီး ရင်ဖွင့်တာပါလို့ နတ်သံမနှောဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။
ဘယ်မအေရိုးမှ မကောင်းဘူး။
 ရေးသူ -သခင်ဘမောင်
by Lu Maw on Tuesday, June 21, 2011 at 3:29pm
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၂၄၇ ခုနှစ်မတိုင်မီ မြန်မာဘုရင် သီပေါမင်း လက်ထက် ပဒေသရာဇ်ခေတ်မှ ဗြိတိသျှနယ်ချဲ့ ခေတ်၊ ဂျပန်ဖက်ဆစ်ခေတ်၊ အင်္ဂလိပ် လွတ်လပ်ရေး ကျေညာပေးသော ခေတ်ထိ နှစ်ပေါင်းကိုးဆယ်မျှအတွင်း တိုင်းပြည် အုပ်ချုပ်သူ မင်း အစိုးရအမျိုးမျိုးတို့၏ အုပ်ချုပ်စိုးမိုးပုံတို့ကို ဖြတ်သန်းတွေ့သိခဲ့ ရသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ထို့ကြောင့် ကျွန်တော်တို့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် တွေ့ဆုံကြသည့်အခါ စပ်မိစပ်ရာ နိုင်ငံရေး၊ လူမှုရေး၊ စာပေရေးစသည်များကို ပြောကြရင်း ခေတ်အဆက်ဆက်တွင် ဆရာကြီး ဖြတ်သန်းတွေ့သိခဲ့ရသော မင်း အစိုးရများအနက် ပြည်သူတို့၏ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး စသည့်အကျိုးစီးပွါးများနှင့် ပတ်သက်၍ စီမံအုပ်ချုပ်ပုံတို့သည် မည်သည့်အစိုးရ ခေတ်၊ မည်သည့်အစိုးရလက်ထက်တွင် ကောင်းမွန်၍ မည်သည့်အစိုးရခေတ် မည်သည့်အစိုးရ လက်ထက်တွင် ဆိုးဆိုးဝါးဝါး ဖြစ်ပါသလဲဟု မေးမြန်းကြပါသည်။
လေ့လာမှတ်သား စာအုပ်များ
Aung San Oo 12:10pm Jun 21
လေ့လာမှတ်သား အချစ်နှင့် အိမ်ထောင်ရေး စာအုပ်များ
စာအုပ်အမည် = အပျိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း-၁
ရေးသားသူ = ကံချွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.facebook.com/l/33feceR46FnI6gUfoS_CVnksTsQ/www.mediafire.com/?n9mg0mszkev
စာအုပ်အမည် = အပျိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း-၂
ရေးသားသူ = ကံချွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလွတ် http://www.facebook.com/l/33fecALpR70bkMNUE9ZJxAZ1n7g/www.mediafire.com/?xujdhezjzwt
စာအုပ်အမည် = အပျိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း-၃
ရေးသားသူ = ကံချွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.facebook.com/l/33fec4wSHt8eDwZC30EM3JukScw/www.mediafire.com/?31mmlsz293m
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...